Triple Synergy Travels & Tours
Triple Synergy Travels & Tours We provide services with our best!
+95 9 252 268 793,+95 9 252 268 794,+95 9 252 268 795,+95 9 252 268 796
[email protected]
21/08/2017
09/02/2017
အပန်းဖြေ ခရီးထွက်ရန် အတွက် ယခု တလော လူပြောများနေတဲ့ ပင်လယ်ကမ်းခြေလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ တချို့ လဲ ရောက်တောင်ရောက်ပြီးလောက်ရောပေါ့။ထိုပင်လယ် ကမ်းခြေလေးက သူငယ်ချင်းတို့ရဲ့ အလုပ်နားရက်၊ကျောင်းနားရက် များတွင် လက်ဆတ်တဲ့ ပင်လယ်လေ ကို ရှူရှိုက်ရင်း သဘာဝ အလှအပတွေကို ကြည့်ရှု ခံစားလို့ ရတဲ့ နေရာလေး ပေါ့၊
လက်ဆတ်တဲ့ ပင်လယ်လေ ကို ရှူရှိုက်ရင်း အနားယူ အပန်းဖြေလို့ ရတဲ့ နေရာလေး ကတော့ လူတော်တော်များများသိပြီးသား ဖြစ်တဲ့ ဂေါ်ရင်ဂျီ(ဂေါ်ရီဂျီ)ကျွန်းလေးပါဘဲ၊
သူငယ်ချင်းတို့ရေ ကျွန်းလို့ပြောလို့ ငယ်ငယ်တုန်းက သင်ရသလို ရေပတ်လည်ဝိုင်းနေတယ် မထင်နဲ့နော်၊ကျွန်းလေးကို မြေနုတွေနဲ့ ဆက်ပေးထားတော့ မြေပြင်နဲ့ တဆက်တည်း လို့ ထင်နေရတယ်။ဂေါ်ရင်ဂျီကျွန်း စဖွင့်တုန်းက ကားလမ်းမပေါက်တော့ သွားလာရ နည်းနည်း ခက်တာပေါ့၊ခုတော့ ကားလမ်းပေါက်တော့ သွားရလာရ လွယ်ကူသွားပြီနော်၊ကိုယ်ပိုင်ကားနဲ့ ဖြစ်ဖြစ်၊ ခရီးသွား ကားတွေနဲ့လည်း သွားလို့ရနေပြီနော်။လမ်းခရီးမှာ ပင်ပန်းလာသမျှ ကမ်းခြေလေတွေ မြင်လိုက်ရတာနဲ့ အမောပြေသွားတာဘဲ၊မြို့ပြ လူနေမှုတွေနဲ့ ဆန့်ကျင်ဘက်နေရာလေးကို ရောက်သွားသလို ခံစားမှာ မယုံမရှိနဲ့ သူငယ်ချင်းတို့ရေ။
သဘာဝ ကျောက်ဆောင်များ၊ပစောက်ပုံ ကမ်းခြေအလှအပများ(ထိုဒေသ အခေါ် ချိုင်)၊ပင်လယ်ကမ်းခြေနဲ့ လိုက်ဖက်ညီတဲ့ အုန်းပင်များရဲ့ အလှအပကို အားရပါးရ ခံစားရမှာ သူငယ်ချင်း၊ကျွန်းရဲ့ အထွတ်အမြတ် ဖြစ်တဲ့ မြဝတီ စေတီကို လှေခါး အထစ် ၄၀၀ ကျော်တတ်ပြီး ဖူးမြော် သပ္ပါယ်နိုင်သေးတယ်နော်၊တောင်ပေါ်မှ နေပြီး တကျွန်းလုံး ရဲ့ အလှအပ ကို ခံစားကြည့်ရှုလို့ ရသေးတယ် သူငယ်ချင်း၊ဓာတ်ပုံရိုက်တာ ဝါသနာ ပါတဲ့သူတွေ အတွက်တော့ နေရာကောင်းလေးပေါ့၊ တောင်ပေါ် ကဆင်းပြီး ကမ်းခြေရဲ့ အလှအပတွေကို စက်လှေ စီးပြီး လေ့လာလို့ရသေးတယ်နော်၊စက်လှေလေးနဲ့ ထိုဒေသရဲ့ နာမည်ကြီး ချိုင်တွေ ဖြစ်တဲ့ ဘုရားချိုင်၊ဟသာင်္ချိုင်၊ကုလားမချိုင်၊ကြွေချိုင်၊ပလ္လင်ချိုင်၊လိပ်ချိုင် စသည့် ချိုင်တွေကို သွားလေ့လာလို့ရသေးတယ်။ချိုင်တွေ တော်တော်များများမှာ ဟော်တယ်၊တည်းခိုးခန်းတွေရှိကြတယ် ၊ကိုယ်နေတဲ့ နေရာကို ဗဟိုပြုပြီး လည်ပတ်စရာတွေ တော်တော်များများရှိသေးတယ်၊နောက်ပြီး လိပ်ချိုင် နဲ့ ပန်းကန်တိုက် ရှုခင်းတွေက အရမ်းလှ၊ကမ်းခြေလေး က ထိုဒေသ အခေါ် ဂုံးကြမ်း ကျွန်တော်တို့အမြင်ကတော့ ခရုခွံ အကြေလေးတွေပြည့်နှက်နေတဲ့ ကမ်းခြေတနေရာပေါ့၊နောက်ရှိသေးတယ် ရေကတော့ ကြည်ချက်က 9 လောက်ရှိတယ် ၊ လူ ဘယ်လောက် ဆင်းဆင်း ရေမနောက်ဘူး၊
သွားကြည့်မှ ကျွန်တော်ပြောတာ လိုသေးတယ် ထင်ရမယ်၊စက်လှေနဲ့ သွားလို့ရသေးတယ်၊ဝါသနာပါ ရင် ရေဆင်းကူးလို့ ရသေးတယ်ဗျာ၊ကဲ ဘာလိုသေးလဲ ၊နာမည်လေးလဲ မေ့အုံးမယ်နော် လိပ်ချိုင် နဲ့ ပန်းကန်းတိုက် နော် သူငယ်ချင်း။
လေ့လာလို့ ပြီးလို့ ဗိုက်ဆာလာရင်လဲ ကျွန်းပေါ် က အစားအသောက်တွေ က ဈေးသက်သာပြီးကောင်းနေရော၊အစားအသောက်က လတ်လတ်စပ်စပ် ဘဲ၊အမောပြေ အုန်းရေကတော့ နေရာတိုင်းနီးပါးရှိတယ်၊ကမ်းခြေတွေထုံးတမ်းစဉ်လာအတိုင်း ဟော်တယ်၊တည်းခိုခန်းတွေက မီးကို ၆း၀၀ မှ ၁၁း၀၀ ထိ ပေးသေးတယ်နော်၊နောက် ကမ်းခြေမှာ ညဘက် သူငယ်ချင်း တွေ စုပြီး မီးပုံပွဲလေးတွေ လုပ်လို့ရသေးတယ်နော်၊ညဘက် ကြယ်လေးတွေကြည့်ရင်း ပင်လယ်ရဲ့ လက်ဆတ်တဲ့ ပင်လယ်လေ ကို ရှုရှိုက်ရင်း အပန်းဖြေနားလို့လဲ ကောင်းသေးတယ်နော်။ကျွန်တော်ဖြင့် နေရပ်ပြန်ရောက်တာတောင် နောက်တစ်ခါ လောက် သွားလိုက်ချင်သေးတာ သူငယ်ချင်း ၊ သူငယ်ချင်းတို့လဲ သွားကြည့်လိုက်အုံးနော်။ ။
Address
Rm#A4, No. 63, Ayeyarwaddy Street, Ahlone Township
Yangon
Opening Hours
Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Telephone
+95 9 252 268 793
Website
Alerts
Be the first to know and let us send you an email when Triple Synergy Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Triple Synergy Travels & Tours:
Share