AVON Travels And Tours

Call Directions Website Contact the business

AVON Travels And Tours We offer you custom, private guided tours and activities to explore Myanmar.

💦 🌼မြန်မာ့နှစ်ကူးအခါသမယ နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ 🌼💦 မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် နှစ်ကူးအခါသမယမှာ မိတ်ဟောင်း မိတ်သစ်များ...
13/04/2026

💦 🌼မြန်မာ့နှစ်ကူးအခါသမယ နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ 🌼💦
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် နှစ်ကူးအခါသမယမှာ မိတ်ဟောင်း မိတ်သစ်များနှင့်တကွ အားလုံးပဲ ကျန်းမာရွှင်လန်း ပျော်ရွှင်ကြပါစေကြောင်း
AVON Travels and Tours မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🏻

[𝐔𝐃𝐏𝐀𝐓𝐄𝐃 𝐓𝐑𝐀𝐕𝐄𝐋 𝐀𝐃𝐕𝐈𝐒𝐎𝐑𝐘]𝐓𝐡𝐚𝐧𝐤 𝐘𝐨𝐮 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐓𝐫𝐮𝐬𝐭, 𝐖𝐞’𝐫𝐞 𝐑𝐞𝐬𝐮𝐦𝐢𝐧𝐠 𝐍𝐨𝐫𝐦𝐚𝐥 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်အပ...
26/03/2026

[𝐔𝐃𝐏𝐀𝐓𝐄𝐃 𝐓𝐑𝐀𝐕𝐄𝐋 𝐀𝐃𝐕𝐈𝐒𝐎𝐑𝐘]
𝐓𝐡𝐚𝐧𝐤 𝐘𝐨𝐮 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐓𝐫𝐮𝐬𝐭, 𝐖𝐞’𝐫𝐞 𝐑𝐞𝐬𝐮𝐦𝐢𝐧𝐠 𝐍𝐨𝐫𝐦𝐚𝐥 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬
ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI အနေဖြင့် မကြာသေးမီအချိန်ကာလအတွင်း ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို ၂၆ရက်နေ့၊ မတ်လ ၂၀၂၆ မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပါသည်။

MAI မှ ပြေးဆွဲနေသည့်နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များမှာ အောက်ပါအတိုင်း
• Economy Class အတွက် 30KG အထိ
• Business Class အတွက် 40KG အထိ ပြန်လည်သယ်ဆောင်နိုင်ပြီဖြစ်ပါသည်။
• 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖွဲ့ဝင်များအနေဖြင့်လဲ အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်၍ပေးအပ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် MAI မှ operational အခြေအနေများကြောင့် ယခင်ကရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်ရှင်။

၂၀၂၆၊ မတ်လ ၂၂ရက် မှ ၂၅ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်လိုက်သောခရီးဆောင်အိတ်သယ်ယူခွင့် ယာယီကန့်သတ်ချက်များကြောင့် KG ဆုံးရှုံးနစ်နာခဲ့ရသည့်ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ်ဆောင်ခွင့်အလေးချိန် 10KG နှင့်
တန်ဖိုးညီမျှသည့် Travel Voucher တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

ထို Travel Voucher ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူအားလွှဲပြောင်းခြင်း သို့မဟုတ် refund ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍ ရနိုင်မည်မဟုတ်ပါရှင်။ Travel Voucher ရယူရန်အောက်ဖော်ပြပါ Google Link အားဖြည့်ပေးရန်လိုအပ်ပါသည်။

🖇️ 𝐋𝐢𝐧𝐤: https://docs.google.com/forms/d/e/1FAIpQLSe2qqdFwhFLmiHDof_7fxiD9cV5gOFFwtotexIPflEgWMUysg/viewform?usp=header

ယခုအခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့သော အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအား အနူးညွှတ်တောင်းပန်ပါကြောင်း နှင့် မည်သည့်အခြေအနေမျိုးတွင်မဆို ခရီးသည်များ အဆင်ပြေပြေချောမွေ့စွာ ခရီးသွားနိုင်ရေးအတွက် MAI မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါသည်။

ယခုကဲ့သို့သော ကာလအတွင်းတွင် ခရီးသွားပြည်သူတို့၏ စိတ်ရှည်နားလည်ပံ့ပိုးပေးမှုများ နှင့် MAI အား အစဉ်တစိုက်အားပေးမှုအတွက်အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။
Credit : MAI

[𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐓𝐑𝐀𝐕𝐄𝐋 𝐀𝐃𝐕𝐈𝐒𝐎𝐑𝐘]𝐖𝐞’𝐫𝐞 𝐒𝐨𝐫𝐫𝐲 & 𝐑𝐞𝐦𝐚𝐢𝐧 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐝 𝐭𝐨 𝐒𝐞𝐫𝐯𝐢𝐧𝐠 𝐘𝐨𝐮 𝐃𝐮𝐫𝐢𝐧𝐠 𝐓𝐡𝐢𝐬 𝐓𝐢𝐦e ချစ်ခင်လေးစားရပါသော ခရီးသည်မျာ...
22/03/2026

[𝐈𝐌𝐏𝐎𝐑𝐓𝐀𝐍𝐓 𝐓𝐑𝐀𝐕𝐄𝐋 𝐀𝐃𝐕𝐈𝐒𝐎𝐑𝐘]

𝐖𝐞’𝐫𝐞 𝐒𝐨𝐫𝐫𝐲 & 𝐑𝐞𝐦𝐚𝐢𝐧 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐝 𝐭𝐨 𝐒𝐞𝐫𝐯𝐢𝐧𝐠 𝐘𝐨𝐮 𝐃𝐮𝐫𝐢𝐧𝐠 𝐓𝐡𝐢𝐬 𝐓𝐢𝐦e
ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်

မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်း ဖြစ်ပါသည်။ ယခုဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။

ထို့ကြောင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အလေးချိန် ပြင်ဆင်ချက်ကို အောက်ပါအတိုင်း ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်ပြီး နောက်ထပ်ကြေညာချက်အသစ် မထုတ်ပြန်သည်အထိ အကျုံးဝင်ကာ အသုံးပြုသွားမည် ဖြစ်ပါသည်။
• Economy Class: 20KG (တစ်အိတ်သာ ခွင့်ပြု)
• Business Class: 30KG (တစ်အိတ်သာခွင့်ပြု)
• Hand-carry: 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု)
• Excess Baggage: အများဆုံး ၅ ကီလိုဂရမ်
• မှတ်ချက် - အပိုခရီးဆောင်အိတ်များကို လက်ခံခြင်းသည် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။

ထို့အပြင် MAI သည်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

MAI အနေဖြင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာခရီးသွားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေ လို ပါသည်။ ယခုအခြေအနေသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိပါတော့သည်။ ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

ယခုကဲ့သို ခက်ခဲလှသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအားအထူးတောင်းပန်အပ်ပါသည်။ယခုကဲ့သို့ခက်ခဲသောကာလအတွင်း ခရီးသည်များ၏ နားလည်ပံ့ပိုးပေးမှုကို လေးစားစွာ ဖြင့် ကျေးဇူးတင်ရှိပါသည်။

Credit - MAI

Address

Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00

Telephone

+959898557619

Alerts

Be the first to know and let us send you an email when AVON Travels And Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AVON Travels And Tours:

Shortcuts

Share

Category