Ayeindamar Travels & Tours

Ayeindamar Travels & Tours Equestrian Tour is Special of Ayeindamar and Pioneer in Myanmar Tourism Industries what we can arrange proudly for you..........

16/12/2022
11/04/2022

💢မြင်း(မ)များအား သားစပ်ခြင်းနှင့် မြင်းများ၏
စိတ်ပိုင်းဆိုင်ရာ တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်း ပြောင်းလည်းမှုများ💢

🐴🐴🐴🐴🐴🐴🐴🐴🐴🐴🐴 🐴🐴🐴🐴 🐴🐴

ကျွန်တော် မြန်မာ့မြင်းလောက၌ ကြင်လည်လာသည့်သက်တမ်းတလျှောက် မြင်းမများကိုသားစပ်ကြရာမှာ ပထမသားကျပြီး ၇ရက်မှ ၉ရက်အတွင်း သားစပ်ကြသည်ကို မကြာခဏဆိုသလို တွေ့ခဲ့ရတယ်။ မြင်းမတစ်ကောင်ဟာ ၁နှစ်တစ်သားကျမယ်ဆိုရင် သားဖောက်ရောင်းချသူ ပိုင်ရှင်အတွက် တွက်ချေကိုက်သည်တော့အမှန်ပင်..သို့သော် အရည်အသွေးပြည့်ဝသော မြင်းတစ်ကောင် ယူမှာလား အရည်အတွက်နဲ့ပဲတင်းတိမ်နေမှာလားလို့ ကျွန်တော့်ကိုမေးခဲ့ရင် အရည်အသွေးပြည့်ဝတဲ့မြင်းကိုပဲ ကျွန်တော်မက်မောမိမှာပါ။ အရည်အသွေးလို့ဆိုရာမှာ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကျွန်တော့်လိုပဲ မြင်းဝါသနာရှင်အားလုံးကလည်း အရည်အသွေးပြည့်ဝတဲ့ မြင်းကိုပဲ လိုချင်ကြမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် အရည်အသွေးပြည့်ဝတဲ့မြင်းတစ်ကောင်ဖြစ်လာအောင် ဘယ်လို ထိန်းသိမ်းမွေးမြူကြမှာလဲဆိုတာ အရေးကြီးလာပါပြီ။ ဒါကြောင့်လည်း အင်္ဂလန်၊ သြစတေးလျ၊ ဂျာမနီလိုနိုင်ငံကြီးတွေမှာရှိတဲ့ မွေးမြူရေးမြင်းဇောင်း(Breeding farm)ကြီးတွေရဲ့ မွေးမြူသားဖောက်မှုစနစ်ကို လေ့လာပြီး မြင်းဝါသနာရှင်များအတွက်ပြန်လည်မျှဝေခြင်းမျှသာဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသား မြင်းမတစ်ကောင်ကို သားစပ်မယ်ဆိုရင် ကနဦးအနေနဲ့ မြင်းမဟာ ကျန်းမာပြီးကိုယ်ဝန်ဆောင်နိုင်တဲ့အင်အားရှိဖို့လိုသလို သားအိမ်ဟာလည်း ကိုယ်ဝန်ဆောင်နိုင်တဲ့ သားအိမ်ဖြစ်ဖို့အရေးကြီးပါတယ်။ မြင်းသိုးနဲ့သားစပ်ပေးလိုက်ပါပြီ..ဒီနေရာမှာ သတိထားစရာနဲ့ ကျွန်တော်တို့ လုပ်လေ့လုပ်ထရှိတဲ့အချက်တစ်ခုကိုသတိရလို့ ကြားဖြတ်ပြောပါရစေ။ မြင်းမကိုယ်ဝန်သေချာဖို့အတွက် မြင်းသိုးနဲ့သားစပ်ရာမှာ တစ်ကြိမ်သားစပ်ရင် အနည်းဆုံး ၃ခါလောက်မြင်းသိုးကို မြင်းမအပေါ်တက်စေပါတယ်။ ဒါဟာလည်း လွဲမှားတဲ့ အယူအဆတစ်ခုပါပဲ။ အခုလို အကြိမ်များစွာ သားလိုက်စေခြင်းအားဖြင့် မြင်းမ သားအိမ်ထဲမှာ မြင်းသိုးရဲ့သုတ်ရည်တွေပြည့်လျှံပြီး သားအိမ်ရောင်ရမ်းသွားတတ်ပါတယ်။ သုတ်ရည်လျှံပြီးသားအိမ်​ရောင်တာထက် မြင်းသိုးရဲ့ ဖိုအင်္ဂါက မြင်းမရဲ့ မအင်္ဂါထဲကိုထိုးသွင်းတဲ့
(pe*******on) အကြိမ်အ​ရေအတွက်များတဲ့အခါ မြင်းမအင်္ဂါ(vagina)နံရံမှာ ပွတ်တိုက်မှု(torn)ကြောင့် သားအိမ်နံရံများနီရဲဖူးရောင်ခြင်း (inflammation)ဖြစ်ပေါ်ပြီး သားအိမ်တစ်ခုလုံးပါရောဂါပိုးကူးဆက်(infection) ရလာတတ်ပါတယ်။ သားအိမ်ရောင်သွားရင် (သို့မဟုတ်)ရောဂါပိုးကူးဆက်ခြင်းခံရရင် ကိုယ်ဝန်မရတော့တဲ့အပြင် နောက်ဆက်တွဲအခက်အခဲများနဲ့ရင်ဆိုင်ရနိုင်ပါတယ်။အနည်းဆုံးတော့ ၁နှစ်ပတ်လုံးမှာ ကိုယ်ဝန်ရှိသကဲ့သို့ ရက်ပြည့်ချိန်သားမတောင်းတော့ခြင်း၊ မြင်းသိုးကိုလုံးဝလက်မခံတော့ခြင်းများအပြင် ဝမ်းဗိုက်ဟာလည်း သားအိမ်ရောင်ရမ်းလာတဲ့အရှိန်နဲ့ ပြည့်ဖောင်းလာတတ်ပါတယ်....ဒါကို ပိုင်ရှင်က ကိုယ်ဝန်ရပြီအထင်နဲ့ ၁နှစ်ပတ်လုံး စောင့်ကြည့်နေရပေမယ့် မီးဖွားချိန်ရောက်သည်အထိ ကလေးမွေးမလာတော့မှသာ တက်တစ်ခေါက်ခေါက်နဲ့ ကုန်လွန်သွားခဲ့ရတဲ့အချိန်တွေအတွက် နှမြောတမ်းတဖြစ်နေရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့အရည်အသွေးပြည့်ဝတဲ့မြင်းမတစ်ကောင်အတွက် (သုတ်ပိုးအရေအတွက်လုံလောက်စွာနဲ့အရည်အချင်းပြည့်မီတဲ့)မြင်းသိုးနဲ့သာ သားစပ်ပေးခဲ့ရရင် တစ်ကြိမ်တစ်ခါနဲ့လည်း သန္ဓေတည်ပါတယ်။ ကြားဖြတ်တင်ပြခြင်းဖြစ်တဲ့အတွက် အကျယ်မရေးတော့ပါဘူး....အခွင့်အရေးရခဲ့ရင် ဖော်ပြပါအကြောင်းအရာကိုသီးသန့် ရေးပါဦးမယ်။

သားစပ်ဖို့ပြည့်စုံတဲ့မြင်းမနဲ့မြင်းထီးကိုသားစပ်ပေးလိုက်ပြီးဆိုပါစို့။ မြင်းမရဲ့ကိုယ်ဝန်ဆောင်ချိန်ဟာ အကြမ်းမျဥ်းပြောရရင် ၁၁လနဲ့ ၁၁ရက်ကြာမြင့်ပါတယ်။ ရက်အားဖြင့် ၃၄၁ရက်ကြာမြင့်မှာဖြစ်တယ်။ ၃၄၁ရက်ထဲမှာမှ စောပြီးမွေးခဲ့ရင် ၁၀ရက်လျှော့ရမှာ(341-10=331) ဖြစ်ပြီး နောက်ကျပြီးမှမွေးခဲ့ရင် ၁၀ရက်ပေါင်း(341+10=351)ဖြစ်ပါတယ်။ ဒါကြောင့် အခုပြောခဲ့တဲ့ရက်အတွင်းကိုရောက်လာရင် မြင်းမကို ဂရုတစိုက်စောင့်ကြည့်ဖို့လိုပါပြီ။

​မြင်းမမှ သားသားလေး(သို့)မီးမီးလေး မွေးဖွားလိုက်ပြီဆိုပါစို့ မွေးဖွားပြီး ၇က်မှ ၁၄ရက်အတွင်းနောက်ထပ် သားတောင်းနိုင်ပါတယ်..သားတောင်းတာနဲ့တပြိုင်နက် အထက်မှာရေးခဲ့သလို နောက်ထပ်သားစပ်လိုက်ဦးမယ်ဆိုရင် ၁နှစ်နီးပါး ကိုယ်ဝန်ဆောင်ထားရတဲ့အရှိန်နဲ့ ပင်ပန်းထားတဲ့သားအိမ်ဟာ နောက်ထပ်သန္ဓေသားကိုလွယ်ဖို့အတွက် အလွန်အားနည်းနေပါပြီ။ ဒါ့အပြင် လတ်တလောမွေးထုတ်ထားတဲ့ကလေးကိုနို့တိုက်စောင့်ရှောက်ရဦးမှာဆိုရင်......နောက်ထပ်လွယ်ထားရတဲ့သန္ဓေအတွက် ပင်ပန်းထားတဲ့သားအိမ်ရဲ့စောင့်ရှောက်မှုဟာမပြည့်စုံသလို မွေးထုတ်ထားတဲ့ ကလေးကိုစောင့်ရှောက်ရာမှာလည်း အပြည့်အဝနို့တိုက်စောင့်ရှောက်မှုမပေးနိုင်တော့တာကိုတွေ့ရပါတယ်။ ဒါကြောင့် ​မွေးထုတ်ပြီးသားမြင်းကလေးရော ဗိုက်ထဲကသန္ဓေသားပါ အရည်အသွေးပြည့်ဝတဲ့မြင်းကောင်းတွေဖြစ်လာဖို့ ခက်ခဲသွားပါပြီ။

ကောင်းပါပြီ....မြင်းကောင်းလေးတွေပေါ်ထွက်လာဖို့အတွက် ဘယ်လိုအချိန်ယူပြီး သားစပ်ရမှာလဲ။

ပထမသားမွေးပြီး ၃လအချိန်ယူရပါမယ်။ ပထမကလေး ၃လပြည့်တဲ့အချိန်မှာ မိခင်မြင်းမကြီးကို နောက်ထပ်သန္ဓေအတွက် သားစပ်ပေးလိုရပါပြီ....တပြိုင်နက်တည်းမှာပဲ ပထမကလေးနဲ့မိခင်ကို စတင်သားခွဲရတော့မှာပါ။ သားခွဲတယ်ဆိုတာ အပြီးတိုင်ခွဲထားခြင်းမဟုတ်ဘဲ တစ်ခြံထဲမှာတစ်နေရာဆီထားပြီးခွဲခိုင်းတာဖြစ်ပါတယ်။ အခုလိုခွဲထားပြီးရင် တစ်ရက်မှာ မနက်၊နေ့လည်၊ည သုံးကြိမ် မိခင်နဲ့ပေးတွေ့ပြီး နို့တိုက်စေရမှာဖြစ်တယ်။ အခုလို တစ်ရက်မှာ သုံးကြိမ် သားအမိပေးတွေ့ခြင်းက ၁လဖြစ်ပြီး..တစ်ရက် ၂ကြိမ်ပေးတွေ့ရမှာက ၁လနဲ့ တစ်ရက် ၁ကြိမ်ပေးတွေ့ရမှာက ၁လ....စုစုပေါင်း ၃လကြာမြင့်မှာဖြစ်ပါတယ်။ မူလကအမေနဲ့အတူနေချိန် ၃လနဲ့ပေါင်းရင် ပထမကလေးရဲ့အသက်ဟာ စုစုပေါင်း ၆လအရွယ်ရောက်ပါပြီ....၆လပြည့်ပြီးတာနဲ့တပြိုင်နက် အမေနဲ့ကလေးတို့ကိုအပြီးတိုင်ခွဲလိုက်ရတော့မှာဖြစ်ပါတယ်။ မြင်းမကြီးရဲ့ဗိုက်ထဲက သန္ဓေသားလေးဟာလည်း ၃လဖြစ်နေပါပြီ။ အခုလိုစနစ်တကျ မွေးမြူခြင်းဖြင့် အရည်အသွေးပြည့်မီတဲ့ မြင်းကောင်းတွေပေါ်ထွက်လာမှာ အသေအချာပါပဲ။

မြင်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုနဲ့ပတ်သက်ရင် သတိထားရမှာက မိခင်မြင်းမကြီးနဲ့ အချိန်ကြာကြာ(၆လနှင့်အထက်)အတူနေရတဲ့မြင်းကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါမှာ သခင်ဖြစ်သူထံက သင်ယူမှုအားနည်းတတ်ပါတယ်..တစ်နည်းပြောရရင် ဆိုးတတ် အမိန့်နာခံမှုအားနည်းတတ်တယ်ဆိုတဲ့အကြောင်းလည်း မြင်းချစ်သူများအတွက်မျှဝေလိုက်ရပါတယ်ခင်ဗျာ။

ကျန်းမာချမ်းသာကြပါစေ။


ဝင်းအောင် Noble
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်




01/03/2022

✨ မြင်းရဲ့အမူအကျင့်ကောင်းများ၊ သင့်ရဲ့မြင်းစစ်ဆေးမှုကိုအောင်မြင်ပါ့မလား ✨

မြင်းပိုင်ရှင်တစ်ယောက်အတွက် မြင်းဟာသူရဲ့ပုံရိပ်ပါဘဲ။ မြင်းဟာ မြင်းဇောင်းဝန်းကျင်မှာ ခလေးဆိုး
တစ်ယောက်လိုပြုမူနေသလား၊ ပြိုင်ပွဲမှာကိုယ့်မြင်းတလွဲတချော်လုပ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ စိုးရိမ်ပူပန်နေသလား ဒီမေးခွန်းတွေအတွက် အဖြေကဟုတ်ပါတယ်ဆိုရင်တော့ သင့်ရဲ့မြင်းကို အမူအကျင့်ကောင်းတွေသင် ကြား လေ့ကျင့်ပေးရတော့မှာပါ။

သင့်ရဲ့မြင်း ယုံကြည်စိတ်ချစွာ ပြုမူလုပ်ဆောင်စေဖို့ အပြုအမူဆိုင်ရာ အမူအကျင့်တွေကို အောက်မှာဖော် ပြထားပါသည်။

၁။ အလွယ်တကူအဖမ်းခံပြီး ဦးခက်ကြိုးကိုအသာတကြည်လက်ခံခြင်း

မြင်းကိုဘာမှမလုပ်ခင် မြင်းဟာသင့်ဆီကို အသာတကြည် လာရောက်ရမယ် မြင်းကို ခြံအတွင်းဒါမှမဟုတ်စားကျက်အတွင်း ဖမ်းဆီးနေရတာနဲ့ အချိန်တွေကုန်နေရင် သူ့ကို လေ့ကျင့်ပေးဖို့လိုပါမယ်။

ပထမအချက်က အဖမ်းမခံချင်တဲ့မြင်းရဲ့ အမြင်ကိုနားလည်နိုင်ရမှာ ဖြစ်တယ်။ သဘာ၀အခြေခံ နည်းစနစ် တစ်ခုရဲ့အဆိုအရ မြင်းအများစုဟာ အားကစားသ မားနှင့် မြင်းအကြား စစ်မှန်တဲ့ယုံကြည်မှုရရှိအောင် လေ့ကျင့်မှု အပြည့်အ၀မရှိပဲ ကုန်းနှီးဆင်တာခံခဲ့ကြရတယ်။ ဒုန်းပွဲကျ ပြိုင်မြင်းတွေမှာလည်းဒီအတိုင်းပါဘဲ။ နောက်တစ်ချက်က အတူခုန်ပေါက်မြူးတူးနေတဲ့မြင်းအုပ်နဲ့ သူတို့မက်မောတဲ့ မြက်ခင်းစိမ်းတွေကို စွန့် ခွာလာဖို့ အတော်ဝန်လေးမှာပါ။ မြင်းရဲ့ကိုယ်ပေါ် မှာ အထိုင်မကျတဲ့ ကုန်းနှီးဆင်ထားတာ ဒါမှမဟုတ် ငြီးငွေ့ ဖွယ်ကောင်းတဲ့ လေ့ကျင့်ခြင်းကို အဖန် တလဲလဲလုပ်နေရတာမျိုးလဲဖြစ်နိုင်ပါတယ်။

အဖမ်းခံဖို့ ငြင်းဆန်တဲ့မြင်းရဲ့အပြုအမူဟာက ကောင်းတဲ့အကျင့်စရိုက်မဟုတ်ပါဘူး၊မြင်းနဲ့ကိုယ့်အကြား ရင်းနှီးမှုတည်ဆောက်ရမယ် ဒါဆို မြင်းက ကိုယ်နဲ့အတူရှိနေတာကို နှစ်သက်လာမှာပါ။ မြင်းအတွက်အခက်အခဲဖြစ်နေတာတွေကို ဖယ်ရှားလိုက်ပြီးတာနဲ့မြင်း က သင်နဲ့အတူလက်တွဲ လုပ်လာမှာဖြစ်တယ်။ ဒါကဘာကိုဆိုလိုချင်တာလဲဆိုရင် မြင်းကို စားကျက်ကခေါ်လာတိုင်း အလုပ်လုပ်ခိုင်းဖို့အတွက်ချည်း မဟုတ်ပဲ၊ မြင်းနဲ့အတူ ပျော်စရာကစားနည်းတွေ ကစား တာ၊ အစားအစာပြုစုကျွေးမွေးတာ ဒါမှမဟုတ် နှိပ်နယ်ပေးတာမျိုးဖြစ်တယ်။ ပြီးရင်မြင်းကို ဘာမှထပ်မ လုပ်ခိုင်းဘဲ ပြန်လွှတ်ပေးလိုက်ပါ။ ဒါမျိုးမကြာခဏလုပ်ပေးခဲ့ရင် မြင်းဟာ စားကျက်ကို စွန့်ခွာဖို့ ဝန်မလေးတော့ပဲ သင်ခေါ် လိုက်တိုင်း နှစ်သက်မြူးတူးစွာ အသာတကြည်ရောက်လာမှာ ဖြစ်ပါတယ်။ မြင်းဟာ ပျော်ရွှင်စရာ ဆော့ကစားရမလား အလုပ်လုပ်ရမှာလား အသေအချာမသိပေမယ့် တစ်ခါတစ်ရံမှာ ပျော် ရွှင်စရာလေးတွေ ကြုံရမှာဖြစ်တဲ့အတွက် အကောင်းဆုံးကို မျှော်လင့်နေမှာဖြစ်ပါတယ်....

ဒါအပြင် မြင်းက ဦးခက်ကြိုးတပ်ထားတာကို လုပ်ရိုးလုပ်စဉ်အဖြစ် အလွယ်တကူလက်ခံရမယ်….. တကယ်လို့ မြင်းဟာ ဦးခက်ကို လန့်ပြီးရန်လုပ်နေတယ်ဆိုရင် ဆေးဘက်ဆိုင်ရာအကြောင်း တစ်စုံတစ်ရာရှိမရှိ သေချာအောင်စစ်ဆေးရမယ် ပြီးတော့ မြင်းလေ့ကျင့်သူ ဒါမဟုတ် ကျွမ်းကျင်တဲ့မြင်းထိန်းနဲ့အခြေအနေတိုးတက်အောင် လေ့ကျင့်ပေးရမယ်။

၂။ ကြိုးနဲ့အိနြေရရလမ်းလျှောက်ခြင်း

မြင်းကိုဖမ်းမိတာနဲ့ ကြိုးနဲ့ဆွဲတဲ့အခါမှာအိနြေရရ လမ်းလျှောက်ရမယ်။

မြင်းက ရုန်းနေရင် တွန့်ဆုတ်နေတာမျိုးဆိုရင် မဖြစ် ဘူး ဒါမှမဟုတ်မြင်းက ကိုယ့်ကိုခလုတ်တိုက်တာခြေလှမ်း သုံးလေးလှမ်း လှမ်းပြီးတိုင်း မြက်ဆွဲစားတာမျိုးလဲ လက်ခံလို့မရဘူး။ မြင်းရဲ့ရင်အုံကို လက်နဲ့တွန်း လိုက်တာနဲ့ ရေပေါ်ကလှေလေးလို ပေါ့ပေါ့ပါးပါး အလွယ်တကူ နောက်ဆုတ်သွားရမယ် သဲအိတ်ကြီးလို လေးလံမနေရဘူး။

ကြိုးဆွဲရာမှာ ပြသာနာတွေရှိနေရင်တော့ လေ့ကျင့်တဲ့ဆီပြန်သွားရမယ်။ ကုန်းနှီးနဲ့မြင်းစီးမယ့် ကိစ္စတွေ ခ ဏ မေ့ထားပြီးတော့ မြင်းရဲ့အမူအကျင့်တွေ တိုးတက်လာတဲ့အထိ လေ့ကျင့်ရမှာပါ။

၃။ ကြိုးချည်ထားရင်းမတ်တပ်ရပ်ခြင်း

မြင်းဟာ ပြပွဲတွေမှာ စောင့်နေတဲ့အခါ၊ ဆေးစစ်နေတဲ့အခါ၊ခွာလှီးခွာရိုက်လုပ်တဲ့အခါ၊ သန့်ရှင်းရေးလုပ်တဲ့ အခါ၊ပါးချပ်တပ်တဲ့အခါ၊ကုန်းနှီးဆင်တဲ့အခါနဲ့ရေချိုးပေးတဲ့အခါ စတဲ့အခြေအနေတွေမှာ လိုလိုလားလားနဲ့ ငြိမ်ငြိမ် သက်သက် ရပ်နေဖို့လိုမယ်၊ မြင်းတွေ ကြိုးချည်ထားရင်းရပ်နေရတာကိုမကြိုက်တဲ့အကြောင်းအရင်း အတော်များများရှိတယ်….
-ထိခိုက်ဒဏ်ရာရဖူးတာ ဒါမှမဟုတ် လန့်နေတာ
-ဂနာမငြိမ်ဖြစ်နေတာ(အနားကလှုပ်ရှားမှုတစ်ခုခုကို အာရုံနောက်လွယ်တာ၊ စိတ်လှုပ်ရှားလွယ်တာ)
-တခြားတစ်ခုခုလုပ်ချင်နေတာ
-နေရထိုင်ရအဆင်မပြေတာ(လည်ပင်းနာနေတာ မဟုတ်ရင် မှက်ခြင်ယင်ကိုက်တာ)
-ဇောင်းနဲ့အဆင်မပြေတာ ဒါမှမဟုတ် ဇောင်းကိုပြန်ချင်တာ

မြင်းဟာမတ်တတ်ရပ်ရင်းအငြိမ်မနေတာကို မြင်းပိုင်ရှင်အများစုကလျော့တွက်ကြတယ်။ လူအတော် များများက မြင်းမတ်တတ်ရပ်ရင်း အငြိမ်မနေတာကို စိတ်အနှောင့်အယှက်ဖြစ်တာလောက်ပဲရှိမယ်။ ဒါပေမယ့် မြင်းထိန်းတွေ၊ ခွာလှီးခွာရိုက်တွေ၊ တိ/ကုဆရာဝန်တွေအတွက်ကတော့ ဂနာမငြိမ်တဲ့မြင်းတွေဟာ အန္တရာယ်တွေပါဘဲ။ ဒီမြင်းတွေက ကန်မယ်၊ ခြေဆောင့်မယ်၊ နောက်ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေဖြစ်အောင် လုပ်နိုင်ပါတယ်။

မြင်းပိုင်ရှင်တွေဟာ သူတို့မြင်းတွေပေါ်မလိုလားအပ် တဲ့ အပြုအမူတွေမတော်တဆ လုပ်တက်ကြပါတယ်။ မြင်းရဲ့လည်ပင်းကို ကိုင်တဲ့အခါ မြင်းကလန့်လို့ဖြစ် စေ၊ နာကျင်လို့ဖြစ်စေ လက်ကိုပြန်ရုပ်ဖို့အတွက် နောက်ပြန်ရုန်းတတ်ကြတယ်။ ဒါဟာမြင်းကို သူမကြိုက် တာလုပ်တဲ့အခါတိုင်း ရုန်းထွက်အောင် သင်ပေးသလိုဖြစ်နေတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီအကျင့်ကပိုခိုင်မာလာပြီး အလွန်အန္တရာယ်ကြီးတဲ့ ခေါင်းနောက် လှန်ခြင်း ပတပ်ရပ်ခြင်းတွေဖြစ်လာပါတယ်။

မြင်းဟာ ငြိမ်ငြိမ်သက်သက် မတ်တပ်ရပ်ပြီး လည်ပင်းကိုထိကိုင်တာ လက်ခံစေချင်ရင်တော့ အစာတစ်ခုခုကျွေးပြီး အသံပေးပါ၊ အစာနဲ့ယှဉ်တွဲတဲ့အသံကို ယဉ်ပါးလာပြီး အမှန်ကိုလုပ်ဆောင်လာမှာပါ။ မြင်းကို လုံးဝငြိမ်သက်တဲ့အထိ လေ့ကျင့်ပေးဖို့လိုပါမယ်။ အကယ်၍ မြင်းဟာလည်ပင်းထိကိုင်တာကို ထိတ်လန့် နေတယ်ဆိုရင် မြင်းကို ပုခုံး ဒါမှမဟုတ် ကဦး ကနေစကိုင်တွယ်ပါ နောက်မှတဖြည်းဖြည်း မြင်းဇီဇာကြောင်တဲ့နေရာကို ရွှေ့သွားပါ၊ မြင်းဟာ အစာစားနေရင်း သူ့ကိုဆုချတာ ကိုပိုနှစ်သက်လာပြီး အစာကျွေးတာကို သိပ်အာရုံစိုက်တော့မှာမဟုတ်ပါဘူး။

မြင်းအများစုအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ဒီနည်းစနစ်တွေကို ကျင့်သုံးပြီးရင်တော့ မြင်းတွေဟာ ပါးချပ် ကြိုးဆင်တာ ကုန်းနှီးဆင်တာ ဆေးထိုးတာ စတဲ့ မြင်းနဲ့လူအတူ မိတ်ဖက်လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေကို ပျော်ရွှင်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၄။ ခန္ဓာကိုယ်တစ်ခုလုံးကိုအထိအကိုင်ခံခြင်း

“ငါ့မြင်းတော့ သူ့ခြေထောက်ကိုကိုင်တာ မကြိုက်ဖူး” …လို့ မြင်းထိန်တွေပြောတက်တဲ့ စကားကိုကြား ဘူးကြမှာပါ၊ ဒါမျိုးက အဆင်မပြေပါဘူး။မြင်းဟာသူ့ခြေထောက်အပါအဝင် တစ်ကိုယ်လုံး ကိုအထိအကိုင်ခံဖို့ အလွယ် တကူရှိရမှာပါ။ ဒီလိုမှမဟုတ်ရင် မြင်း ကို သန့်ရှင့်းရေး လုပ်တဲ့အခါ၊ ခွာရိုက်ခွာလှီး လုပ်တဲ့အခါနဲ့ ဆေးစစ်တဲ့အခါ ကမ္ဘာပျက်သလိုဖြစ်နေမှာပေါ့ ဒီအတွက်နဲ့ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့မြင်းဇောင်း အလုပ်သမားတွေပါ အန္တရာယ်ကျရောက်နိုင်ပါတယ်။

ကြိုးချည်ထားရင်း မတ်တပ်မရပ်ချင်တဲ့မြင်းမှာလိုဘဲ တစ်ချို့စူးစမ်းချက်တွေက စနစ်တကျရှိပါတယ်။ အရမ်း ငယ်တဲ့မြင်းပေါက်လေးတွေနဲ့ အတွေ့အကြုံမရှိတဲ့မြင်းတွေဟာ ထိတွေ့ကိုင်တွယ်တာ တွေကိုပိုပြီး နေသားတကျ ရှိတာတွေ့ရပါတယ်။

ထိတွေ့တာကိုငြင်းဆန်တဲ့မြင်းကြီးတွေမှာတော့ နာကျင်တာ၊ထိခိုက်ဒဏ်ရာရဖူးတာ ဒါမှမဟုတ် နိုင်ထက် စီးနင်းပြုကျင့်ခံရတာ စတဲ့ အကြောင်းပြချက်တစ်စုံတစ်ခုတော့ ရှိမှာဖြစ်ပါတယ်။ ထိတွေ့ခြင်းကို နှစ်သက် လာအောင်လုပ်ပေးဖို့လိုပါမယ် ဒါမှမြင်းကသာယာတဲ့အထိအတွေ့ကို တုံ့ပြန်လာမှာပါ။ပုံမှန်နှိပ်နယ်ပေးခြင်းက ဒီအခက်အခဲကိုကျော်လွှားနိုင်ပါလိမ့်မယ်။

၅။ ရန်မူခြင်းမရှိပဲ ပါးစပ်စစ်ဆေးတာလက်ခံခြင်း

တစ်ချို့မြင်းတွေဟာ သူတို့ပါးစပ်ထဲကို လက်ထည့် တာ တခြားပစ္စည်းတစ်ခုခုရှိနေတာကိုမကြိုက်ဘူး
ဒါပေမယ့် ဒါဟာမြင်းကျန်းမာရေးစောင့်ရှောက်မှုအတွက်အခက်အခဲဖြစ်စေတဲ့ လက္ခဏတွေဖြစ်တယ်။ မြင်းဟာ သွားနဲ့ ပတ်သတ်တဲ့စစ်ဆေးကုသမှုလိုအပ်လိမ့်မယ်။

မြင်းဟာ သံချဆေး ဒါမှမဟုတ် တခြားဆေးဝါးတိုက်ကျွေးတာတွေအတွက် ပါးစပ်ကိုင်တွယ်တာကို ခွင့် ပြု ရမယ်။တကယ်လို့ ပြိုင်ပွဲမှာရောက်နေရင် သင့် ရဲ့မြင်းဟာ ပြိုင်ကွင်းကနေ အဝင်အထွက်တွေမှာ အာ ဒေါက် စစ်ဆေးခြင်း ကိုခံယူရမှာဖြစ်တယ်။

မြင်းရဲ့ခြေထောက်နဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုမြင်းဟာသူရဲ့ပါးစပ်ဝန်းကျင်ထိကိုင်တာကိုလည်း အပြု သဘောနဲ့လက်ခံရမှာဖြစ်တယ်။

မြင်းဟာထိန်းမရသိမ်းမရဖြစ်နေရင်တော့ သကြားလုံးတို့ ထန်းလျက်ခဲတို့ ဒါမှမဟုတ် တခြားစားစရာတစ်ခုခု ကျွေး လိုက်ရင် လွယ်ကူချောမောသွားနိုင်ပါတယ်။မြင်းကဒီအမူအကျင့်ပျောက်သွားပြီဆိုရင်တော့အစား အစာနဲ့မျှားတာကို တဖြည်းဖြည်းချင်းဖြတ်ရမှာဖြစ်ပါတယ်။

မြင်းပိုင်ရှင်တစ်ယောက်အနေနဲ့ လုပ်ရမှာကကိုယ့်မြင်းဟာ ဘာအဆင်မပြေဖြစ်နေသလဲဆိုတာကိုသိအောင် ဖော်ထုတ်ပြီး ဒါကိုပြေပျောက်သွားအောင် သွန်သင် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

၆။ အစားအစာအပေါ်အာရုံစိုက်ခြင်း

အစာကျွေးမွေးတဲ့အကြောင်းပြောမယ်ဆိုရင် သင့်ရဲ့မြင်းဟာသိပ်တကိုယ်ကောင်းဆန်သလားကြည့်ရမှာဖြစ်တယ်။ ဒီအချက်ဟာ အပြုအမူကောင်းရှိရမယ့်အခြေခံအချက်တချက်ဖြစ်တယ်။ မြင်းဟာအစာအတွက် စောင့်ဆိုင်းနိုင်ရမှာ ဖြစ်သလို အစာစားတဲ့အခါမှာ ညင်ညင်သာသာစားတတ်ရမယ်။ စားချင်တဲ့အစာရဘို့အတွက် ခေါင်းတမော့မော့ ခေါင်းတညိမ့်ညိမ့်နဲ့အစာတောင်းနေတာမျိုး မလုပ်ရဘူး။

အကောင်းဆုံးကတော့ အစာကျွေးတဲ့အခါ မြင်းဟာကောင်းကောင်းမွန်မွန်နေတတ်အောင် လေ့ကျင့်ပေးရမှာဖြစ်တယ်။ ဒါပေမယ့်မြင်းဟာ အစားအစာနဲ့ပတ်သတ်ပြီး အပြုအမူဆိုးဝါးနေရင်တော့ အစာကို အချိန်နဲ့ကျွေးပြီးတခြားသူတွေ ကိုလည်း မြင်းက အစာတောင်းတိုင်းမကျွေးဖို့ စာကပ်ထားရမှာဖြစ်တယ်။

၇။အလုပ်လုပ်နေချိန် တခြားမြင်းတွေကိုအာရုံမစိုက် ခြင်း

အလုပ်လုပ်နေတဲ့အခါမှာ မြင်းဟာ သင့်ကိုဘဲ အာရုံစိုက်နေရမယ်၊ အနီးအနားက တခြားမြင်းတွေကို မဟုတ်ဖူး။ မြင်းကို တခြားမြင်းတွေဆီသွားဖို့ခွင့်မပြုပါနဲ့ ဒီလိုမဟုတ်ရင်မြင်းဟာ မြင်းစီးနေတာကို အာရုံစူးစိုက်မှာ မဟုတ်တော့ ဘူး။ ဒီအလေ့အကျင့်ကတော့ မြင်းနဲ့နားလည်မှုရှိလာရင် သင်ကြားလို့ရလာမှာပါ။ မလိုလားအပ်တဲ့ဆန့်ကျင်မှုတွေကို လျော့ချနိုင်မယ့်အခြားနည်းလမ်းတွေကတော့…….
တခြားမြင်းတွေနဲ့မတွေ့ခင် မြင်းဇောင်းအတွင်းအေးချမ်းငြိမ်သက်တဲ့နေရာမှာမြင်းကိုရေချိုးတာသန့်စင်ပေးတာ၊ ကုန်းနှီးဆင်တာ ၊ ပါးချပ်တပ်တာ တို့ကိုလုပ်ရမှာဖြစ်ပါတယ်။လေ့ကျင့်ရေးကွင်းအတွင်း တိတ် ဆိတ်ပြီး တခြား မြင်းတွေအနီးအနားဝန်းကျင်မှာရှိမနေတဲ့အချိန်မျိုးမှာအထိတ်တလန့်ဖြစ်စေနိုင်တဲ့လုပ်ငန်းအသစ်တွေနဲ့ယဉ်ပါးအောင် လေ့ကျင့်ပေးရပါမယ်။ မြင်းကို သွေးကြွစေမယ့် တခြားမြင်းတွေနဲ့အတူတကွလေ့ကျင့်ခြင်းကို ရှောင်ရှားရမှာပါ။ တပြိုင်နက်တည်းစိတ်လှုပ်ရှားတတ်ကြွစေမယ့် မြင်းတွေတပုံကြီးနဲ့လေ့ကျင့်တာကို မလုပ်ပဲ မြင်းအကောင်ရေကို တဖြည်းဖြည်းချင်းတိုးသွားမယ့် နည်းလမ်းကိုအသုံးပြုရမှာဖြစ်ပါတယ်။

မြင်းပြပွဲမှာမြင်းကို တစ်ကိုယ်တော်ပြပွဲလိုအမူအကျင့်ကောင်းတွေ ပြသရမှာဖြစ်ပြီး ယှဉ်ပြိုင်ခြင်းကိုအဓိ က မထားဖို့ လိုပါတယ်။

ကိုယ့်မြင်းကို ဘာလုပ်လုပ်အိန္ဒြေရရ လုပ်တတ်တဲ့အေးဆေးငြိမ်သက်တဲ့မြင်းနဲ့ အတူယှဉ်တွဲချိတ်ဆက်ထားရမှာ ဖြစ်တယ်။

စိတ်ကြွလွယ်တဲ့မြင်း၊ မြင်းသိုး ၊ သားတောင်းနေတဲ့မြင်းမ စတဲ့မြင်းတွေကို ခွဲခြားသိနိုင်ဖို့ မြင်းမြီးမှာဖဲကြိုးတွေ ချီနှောင်ထားနိုင်ပါတယ်။

အရာဝတ္ထုအသစ်တွေနဲ့ယဉ်ပါးအောင် ဖြည်းဖြည်းချင်းမိတ်ဆက်ပေးချင်းက မြင်းရဲ့မိမိကိုယ်မိမိယုံကြည် မှုကို မြှင့်တင်ပေးနိုင်ပြီး (တန်းခုန်တဲ့အခါ ၊ အထိတ် တလန့်ဖြစ်စေတဲ့အကွေ့အဝိုက်တွေကို) တည်တည်ငြိမ်ငြိမ်နဲ့ စူးစမ်းတတ်တဲ့အလေ့အကျင့်ရလာမှာဖြစ်ပါတယ်

၈။ မြင်းကိုအလွယ်တကူသယ်ယူရွေ့ပြောင်းနိုင်ခြင်း

အထက်ကဖော်ပြခဲ့တဲ့ မြင်းရဲ့အမူအကျင့်ကောင်းတွေကို အခြေခံကျကျလေ့ကျင့်နိုင်ပြီဆိုရင် မြင်းကို သယ် ယူမယ့် (မြင်းတင်ယာဉ် ၊ နောက်တွဲယာဉ်) အတွင်းယဉ်ပါးစွာထည့်နိုင်အောင်လေ့ကျင့်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါမှလည်း မြင်းပြိုင်ပွဲ ပြပွဲသွားတဲ့အခါ စိတ်အနှောက်အယှက် ကင်းကင်းနဲ့သွားနိုင်မှာဖြစ်ပြီး သင်ကိုယ်တိုင်မြင်းကို ရွေ့ပြောင်းတဲ့ အခါ ဒါမှမဟုတ် မြင်းဆေးကုဖို့သွားတဲ့အခါမှာ မဖြစ်မနေ လိုအပ်တဲ့အခြေခံလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့
ဒီအချက်တွေကို အသေအချာစွဲကိုင်ထားပါ။ တစ်စိုက်မတ်မတ်လိုက်နာဖို့အရေးကြီးပါတယ်။

မြင်းရဲ့အပြုအမူတွေဟာ သင်ကျေနပ်တဲ့အဆင့်ကိုမရောက်ဘူးဆိုရင် အမှားပြင်တာကိုချက်ချင်းလုပ်ပါ။
အပြန်အလှန်အနေနဲ့ သင့်မြင်းအမှန်လုပ်တဲ့အခါတိုင်း အသိအမှတ်ပြုတဲ့အနေနဲ့ လက်နဲ့ပုတ်ပေးပါ၊ကလေး နဲ့ခွေးလေးတွေလို မြင်းကိုယဉ်ကျေးလိမ္မာအောင် သင် ကြားလေ့ကျင့်တာဟာ ဘယ်တော့မှစောတယ် ရယ်လို့ မရှိပါဘူး

မြင်းနဲ့သင့်အကြား စစ်မှန်တဲ့နားလည်မှုတိုးတက်လေလေ မြင်းဟာ သင်ယူချင်စိတ်ပိုလာလေလေဖြစ်ပြီး သင့်အတွက် ကြည်နူးမှုကိုပေးစွမ်းမှာဖြစ်ပါတယ်။

တင်ပြသူ - ဌေးကျော်
FEI Facebook စာမျက်နှာမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်တွင်ဖော်ပြထားသော Patricia Salem ၏ Equine Good Manners: Would Your Horse Pass The Test ကို ဆီလျော်အောင်မြန်မာမှုပြုပါသည်။




Tourism မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ...ကျွန်​တော်တို့ရဲ့ တတိယ​ခြေလှမ်း..အား​ပေးကြပါဦးခင်ဗျာ့..🙏🙏🙏
14/08/2021

Tourism မှာ ဆက်လက်ရပ်တည်နိုင်ဖို့ ...
ကျွန်​တော်တို့ရဲ့ တတိယ​ခြေလှမ်း..
အား​ပေးကြပါဦးခင်ဗျာ့..🙏🙏🙏

01/01/2021





Covid ​ကြောင့် ကျွန်​တော်တို့​တွေရပ်တည်ဖို့ကြိုးစားရင်းထွက်လာတဲ့ product ​လေး...လာအား​ပေးရင်း...Ayeindamar Fun ​တွေ ..အဲ...
27/12/2020

Covid ​ကြောင့် ကျွန်​တော်တို့​တွေရပ်တည်ဖို့ကြိုးစားရင်းထွက်လာတဲ့ product ​လေး...လာအား​ပေးရင်း...Ayeindamar Fun ​တွေ ..အဲဒီမှာလဲ မြင်းလာစီးရင်း..
သဘာ၀နဲ့ ​တွေ့ထိကြည့်ပါ...ကျွန်​တော်တို့​တော့ ...သဘာ၀​တော​တောင်ကြား
​​ေပျာ်​နေကြပြီခင်ဗျာ့.

ဒီအချိန် ကျွန်​တော်တို့​တွေ အရင်က ဧည့်သည်​တွေနဲ့ အရမ်းအလုပ်ရှုပ်.ပင်ပမ်းကြ​ပေမဲ့ အပြုံးမပျက် ၀န်​ဆောင်မှု​ပေးခဲ့သလို..Co...
26/12/2020

ဒီအချိန် ကျွန်​တော်တို့​တွေ အရင်က ဧည့်သည်​တွေနဲ့ အရမ်းအလုပ်ရှုပ်.ပင်ပမ်းကြ​ပေမဲ့ အပြုံးမပျက် ၀န်​ဆောင်မှု​ပေးခဲ့သလို..Covid ​ကြောင့် ကျွန်​တော်တို့ အလုပ်​တွေ ရပ်နားထား​ပေမဲ့ လဲ...ကျွန်​တော်တို့ အပြုံးမပျက်အားတင်းရင်း..ဧည်သည်​တွေကို အ​ကောင်းဆုံး၀န်​ဆောင်မှု​ပေးဖို့...အဆင်သင့်ပြင်ဆင်လျက်...
Tourism ကြီး ကျန်းမာပါ​စေ..
ဧည်သည်များလဲ..ကျန်းမာပါ​စေ..

Ayeindamar
Mo Riding Club


Merry Christmas to you all!!Ayeindamar Travels &Tours Co.,Ltd& Mo Riding Club
25/12/2020

Merry Christmas to you all!!

Ayeindamar Travels &Tours Co.,Ltd
& Mo Riding Club


23/12/2020
မြန်မာပြည်ရဲ့ ပထမဆုံး Non Landing Sightseeing Flight Tour နဲ့ ခရီးသွားခြင်းစတင်ဖို့  Ayeindamar နဲ့ဆက်သွယ်နိုင်ပါတယ်္္္္...
16/12/2020

မြန်မာပြည်ရဲ့ ပထမဆုံး Non Landing Sightseeing Flight Tour နဲ့ ခရီးသွားခြင်းစတင်ဖို့ Ayeindamar နဲ့ဆကျသှယျနိုငျပါတယ်ျ်

Address

No. 53, 3rd Floor, West Race Course, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595095414

Alerts

Be the first to know and let us send you an email when Ayeindamar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeindamar Travels & Tours:

Share

Category