Golden Moments Travels & Tours

Golden Moments Travels & Tours No.582 (B),Thantu Mar Rd, South Okkalapa Township, Yangon, Myanmar. Contact - +959 9700 26 508

13/11/2021
17/12/2020

15/12/2020

📣 ပြည်တွင်းခရီးသွားများအတွက် ခရီးသွားအသိပေးချက်

✈️ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေးဆွဲသွားမည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံ လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေကြောင်းလိုင်းများတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များ၊ လေကြောင်းလိုင်းဝန်ထမ်းများနှင့် လေဆိပ်ဝန်ထမ်းများအားလုံး လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တရားဝင်ထုတ်ပြန်ပေးသည်နှင့်တပြိုင်နက် လေဆိပ်အသုံးပြုသူများ အချိန်နှင့်တပြေးညီ သိရှိ နိုင်ပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တရားဝင်စာမျက်နှာများတွင် ပြန်လည်ဖော်ပြသွားပါမည်။

လေယာဉ်စီးနင်းမည့်ခရီးသည်များအနေဖြင့် MoHS မှ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို အစဉ် လိုက်နာပြီး မိမိတို့၏ခရီးစဉ်ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါ ရန် အကြုံပြုလိုပါသည်။

✅ တရားဝင်လေယာဉ်လက်မှတ်၊ ✅ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ✅ ၃၆ နာရီအတွင်း စစ်ဆေးထားသော Covid ကင်းရှင်းကြောင်း ဆေးစစ်ချက်တို့ကို လက်ဝယ်ကိုင်ဆောင်ထားသော ခရီးသည်များကိုသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး ဖော်ပြပါစာရွက်စာတမ်းများ ပြည့်စုံခိုင်လုံမှုမရှိသည့် ခရီးသည်များကို လေဆိပ်အဆောက် အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ပါ။

ခရီးသည်များအနေဖြင့် ပြည်တွင်းလေဆိပ်အဆောက်အအုံသို့ဝင်ရောက်ရန် ဂိတ်အမှတ် - ၄ ကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လိုအပ်သော လုံခြုံရေးစစ်ဆေးမှုများခံယူရပါမည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေဆိပ်အသုံးပြုသူများအတွက် လုံခြုံစိတ်ချမှုရှိပြီး သန့်ရှင်းသည့် ဝန်းကျင်တစ်ခု ဖြစ်စေရန် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလိုအပ်ချက်နှင့်လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်သွားပါမည်။

လေဆိပ်အသုံးပြုသူခရီးသည်များအနေဖြင့် ဖော်ပြပါအချက်အလက်များကို သိရှိလိုက်နာပြီး ဘေးကင်းလုံခြုံစိတ်ချမှုရှိသော ခရီးစဉ်များဖြစ်စေရန် ဆက်လက်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

************************************************

📣 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲

✈️ 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐫𝐞𝐬𝐮𝐦𝐞 𝐟𝐫𝐨𝐦 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 16

According to the notification issued by The National-Level Committee on Prevention, Control and Treatment of Coronavirus Disease 2019 (COVID-19), domestic Flights operations will recommence following the standard operating procedures starting from December 16, 2020.


Required health and safety procedures for passengers, airlines personnel and airport staffs will be issued by Ministry of Health and Sports and DCA, and YACL will release update information in a timely manner to airport users.

Domestic travellers are advised to follow the health and safety protocols from MoHS and contact with your respective airlines for the required travel arrangements.

The Terminal will be ONLY open to Passengers with all 3 documents: ✅ valid ticket, ✅ Identification, and ✅ 36 Hour Covid Test Result. Passengers will not be allowed in the Terminal if required documents are incomplete.

All Passengers are to enter Terminal 3 and proceed with security check via Gate 4.

Yangon International Airport will implement all necessary public health requirements and procedures, to provide a safe and clean environment for our airport users.

Thank you for your understanding, and we look forward to serving you again!

13/12/2020

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲

မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့် ရက်များကိုပုံတွင် ဇယားနှင့်ဖော်ပြပေးထားပြီး မိမိသွားလိုသော ခရီးစဉ်​၏ အချိန်ဇယားများကို (https://www.flymna.com/plan-a-trip/flight-schedule) တွင်အချိန်နှင့်တပြေးညီဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင်။

Booking: www.flymna.com

အသေးစိတ်အချက်အလက်များကို ☎️MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

[English]

We are happy to announce that our domestic flights will resume on 16 December 2020!

The routes, in accordance with their dates, are listed in the image below, and you may find available flight time here: https://www.flymna.com/plan-a-trip/flight-schedule

Booking: www.flymna.com

For detailed information, please contact ☎️MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42

𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑤𝑖𝑡ℎ 𝑢𝑠! ✈️🇲🇲

16/11/2020

[English Below]

ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလအား နိုဝင်ဘာလ (၃၀) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ပြည်တွင်းကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်း Terminal - 3 ရှိ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှု ရပ်ဆိုင်းကာလကို (၁၅-၁၁-၂၀၂၀) မှ (၃၀-၁၁-၂၀၂၀) အထိ တိုးမြှင့် သတ်မှတ်ထားကြောင်း အသိပေးအပ်ပါသည်။

သို့ဖြစ်ပါ၍ ခရီးသည်များအနေဖြင့် မိမိတို့၏ ပြည်တွင်းလေကြောင်းခရီးစဉ်ပြောင်းလဲမှုများနှင့် အသေးစိတ် ကိစ္စရပ်များအတွက် ဖော်ပြပါ သက်ဆိုင်ရာလေကြောင်းလိုင်းအသီးသီး၏ တရားဝင် Facebook စာမျက်နှာ နှင့် Website များမှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါရန် အကြုံပြုအပ်ပါသည်။

မိဘပြည်သူများအားလုံး COVID-19 ရောဂါ ဘေးအန္တရာယ်မှ ကင်းရှင်းကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။

Suspension of Domestic Flights Operation extended till 30 November 2020

In order to continue to contain the local transmission of COVID-19 in Myanmar effectively, the scheduled flights’ operation of all domestic carriers operating at the Domestic Terminal - 3, Yangon International Airport, has further been suspended from 15 November 2020 to 30 November 2020.

YIA advises our airport users to contact with respective airlines or agents for your travel schedule and updates.

“Stay Safe”

01/10/2020

[English Below]



ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုများရပ်ဆိုင်းမှု အောက်တိုဘာလ (၃၁) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်နှင့် ချမှတ်ထားသောကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို ထိထိရောက်ရောက် လိုက်နာနိုင်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်တွင်း Terminal-3 တွင် ပျံသန်းပြေးဆွဲနေသော ပြည်တွင်းလေကြောင်းလိုင်းများအားလုံး၏ ပုံမှန်လေကြောင်းခရီးစဉ်များအား (၂-၁၀-၂၀၂၀) မှ (၃၁-၁၀-၂၀၂၀) အထိ ထပ်မံ၍တိုးမြှင့် ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။

ခရီးသည်များအနေဖြင့် မိမိတို့၏ ပြည်တွင်းခရီးစဥ်ပြောင်းလဲမှုများနှင့် အသေးစိတ်အကြောင်းအရာများအတွက် ဖော်ပြပါ သက်ဆိုင်ရာလေကြောင်းလိုင်းများ၏ တရားဝင် Facebook စာမျက်နှာ နှင့် website များတွင် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါရန် အကြုံပြုအပ်ပါသည်။

မိဘပြည်သူများအားလုံး တတ်နိုင်သမျှ မိမိနေအိမ်တွင်သာနေထိုင်ခြင်းဖြင့် COVID – 19 ကို အတူတကွ တိုက်ထုတ်ကြပါစို့။



(1) Air Thanlwin
www.airthanlwin.com
Air Thanlwin

(2) Air KBZ
www.airkbz.com
AIR KBZ

(3) Golden Myanmar Airlines
www.gmairlines.com
Golden Myanmar Airlines

(4) Mann Yadanarpon Airlines
www.airmyp.com
Mann Yadanarpon Airlines

(5) Myanmar National Airlines
www.flymna.com
Myanmar National Airlines



Suspension of Domestic Flights Operation extended till 31 October 2020

To comply strictly with COVID – 19 prevention guidelines and contain the spread of the disease in Myanmar, the scheduled flights’ operation of all domestic carriers operating at the Domestic Terminal - 3, Yangon International Airport, has further been suspended from 2 October 2020 to 31 October 2020.

YIA advises our airport users to contact with respective airlines or agents for your travel schedule and updates.

“Stay Home and Be Safe all”

24/09/2020

[English Below]


#ခရီးသွားများအတွက် အသိပေးကြေညာချက်

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် ကန့်သတ်ချက်များ အောက်တိုဘာလ၊ ၃၁ ရက်နေ့အထိထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ( ၂၄ )ရက်နေ့ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်သည်။
#ထပ်မံ၍တိုးမြှင့်

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ( ၃၁ )ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ပါသည်။

#ပြည်တွင်းခရီးစဉ်များ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 3 တွင် ပျံသန်းပြေးဆွဲနေသော ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များကို အောက်တိုဘာလ (၁) ရက်နေ့ အထိ ယာယီရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ခရီးသည်များအနေဖြင့် မိမိတို့၏ လေကြောင်းခရီးစဉ်များအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Ref: https://bit.ly/2RVntDY

မိဘပြည်သူများအားလုံး COVID – 19 ကူးစက်ပျံ့နှံ့မှုကို ထိထိရောက်ရောက်ကာကွယ်တားဆီးနိုင်ရန် ချမှတ်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက https://bit.ly/2G0i8Zj တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



[English Below]

According to the notice from the Department of Civil Aviation issued on 24 September 2020, the restriction for all airlines operating international air services to and from Yangon International Airport (YIA) has been extended up to 31 October 2020



In order to continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has decided to further extend the suspension of international air services up to 31 October 2020, 23:59 Hours MST.



All domestic carriers operating at Domestic Terminal have been suspended till 1 October 2020, and travelers are advised to check with respective airlines for their flight changes.

Ref: https://bit.ly/2RVntDY

YIA advises all to observe the precautionary health measures issued by MOHS at all times to contain the spread of COVID-19 effectively.

For more details, please check at https://bit.ly/2G0i8Zj

Stay Safe!

26/08/2020

[English Below]



လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် ကန့်သတ်ချက်များ ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၂၆ )ရက်တွင် ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ( ၃၀ )ရက်နေ့ အထိ ထပ်မံတိုးမြှင့်လိုက်သည်။

#ထပ်မံ၍တိုးမြှင့်

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ( ၃၀ )ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၂၆ )ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

#ပြည်တွင်းခရီးစဉ်များ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal3 ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များ ပြေးဆွဲပျံသန်းမှုများကိုမူ ပုံမှန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ထပ်မံ၍ ခရီးသည်များအနေဖြင့် COVID – 19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လေဆိပ်အတွင်း ချမှတ်ထားသော ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက https://bit.ly/31uFrmf တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

- Updated 26 August 2020

Further Extension of Effective Period of Temporary Measures to Prevent Importation of COVID-19 to Myanmar Through Air Travel

According to the notice from the Department of Civil Aviation, the restriction for all airlines operating international air services to and from Yangon International Airport (YIA) has been extended up to 30 September 2020.



In order to continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has decided to further extend the suspension of international air services up to 30 September 2020, 23:59 Hours MST by the notification issued on 26 August 2020.



However, Terminal3 remains operational for all domestic flights at Yangon International Airport.

YIA advises travelers to observe the precautionary measures at all times in the airport to protect the spread of COVID-19.

For more details, please check at https://bit.ly/31uFrmf .

Stay Safe!

21/08/2020

Address

No. 582(B), Thanthuma Road, 7 Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

959970026508

Alerts

Be the first to know and let us send you an email when Golden Moments Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Moments Travels & Tours:

Share

Category