Great Harmony Travel Services

Great Harmony Travel Services LET US ENSURE YOUR DREAM

မိဘပြည်သူများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
13/04/2024

မိဘပြည်သူများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

https://www.facebook.com/100079802252548/posts/158344123502329/
03/10/2022

https://www.facebook.com/100079802252548/posts/158344123502329/

ထိုင်းနိုင်ငံသို့ လာသော မြန်မာများအတွက် visa free၄၅ ရက်ရတော့မည်

အောက်တိုဘာလ က စပြီး ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများရဲ့ visa free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့် ကာလကို ၃၀ ရက်ကနေ ၄၅ ရက်ထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံ သားများလည်း ၄၅ရက် visa free သက်တမ်း ရရှိကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ဌာန ရဲ့ ထုတ်ပြန်ချက် တစ်ခုအရသိရသည်။

နှစ်နိုင်ငံ သဘောတူညီချက်အရ Visa freeအတွက် ၄၅ ရက်ထိ တိုးမြှင့် ဝင်ရောက်နေထိုင်နိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပတ်စပို့ကိုင်ဆောင်သူ မည်သူမဆို ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိပါသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် ယခင်က အခြားနိုင်ငံများအား Visa free ရက်၃၀ ပေးချိန်တွင် မြန်မာ နိုင်ငံ အတွက် ၁၄ ရက်သာ ပးခဲ့ပြီး , Tourist visa ရက် ၆၀ နှင့် ဝင်ရောက်နေကြရတာပါ။

အဲ့ဒီထုတ်ပြန်ချက်ဟာ စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကနေဒါနိုင်ငံ Ottawa မြို့ရှိ တော်ဝင်ထိုင်းသံရုံးက ထုတ်ပြန်ထားတာပါ။မြန်မာနိုင်ငံရန်ကုန်မြို့ရှိတော်ဝင်ထိုင်းသံရုံးမှာတော့ အဲ့ဒီလိုထုတ်ပြန်ချက် မထုတ်ပြန်ရသေးပါဘူး
Ref:Embassy of Thailand
ကိုစိုင်း

03/01/2021

✈️✈️✈️တပတ်ကို လေးရက် ပျံသန်းပြေးဆွဲပေးမယ့် မန်းရတနာပုံရဲ့ စစ်တွေမြို့အတွက် အထူးဈေးနှုန်းလေးပါ ခင်ဗျာ.....

ခရီးသွားရန် လိုအပ်ချက်များ....ကတော့ Covid test ဆေးစစ်ချက်ကလေးပါပဲ ခင်ဗျာ..

ရန်ကုန်မှာ ဆိုရင်တော့ ..

👉👉👉Tourist Burma building (near Sule) နဲ့ Pan Hlaing ဆေးရုံတို့မှာ ခရီးသွားရက် မတိုင်ခင် ၃၆ နာရီအတွင်း စစ်ဆေးပေးရပါမယ်..👌👌👌

📱📱📱09 97111 8606 သို့ "ဟဲလို..."လေးသာ လုပ်လိုက်ပါနော်

Happy New Year to you all.. 🎆🎊🎉🎆🎆
31/12/2020

Happy New Year to you all.. 🎆🎊🎉🎆🎆

Merry Christmas to you ☃️☃️☃️🎄🎄🎄
24/12/2020

Merry Christmas to you ☃️☃️☃️🎄🎄🎄


ပြည်တွင်းလေယာဉ်ခရီးသည်များလိုက်နာရမည့်အချက်များ
14/12/2020

ပြည်တွင်းလေယာဉ်ခရီးသည်များလိုက်နာရမည့်အချက်များ

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲 မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇ...
13/12/2020

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲

မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့် ရက်များကိုပုံတွင် ဇယားနှင့်ဖော်ပြပေးထားပါတယ်

12/12/2020

လေယာဥ်လတ်မှတ် ဝယ်ပြီး ဆေးစစ်ချက်
အောင်မြင်မှသာ လေယာဥ် စီးနင်းခွင့် ရရှိမည်

journal

မကြာခင်ပြည်တွင်းလေကြောင်းလိုင်းများပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်သော်လည်း လေယာဥ် လတ်မှတ်ဝယ်ယူပြီး ဆေးစစ်ချက် အောင်မြင်ပြီးမှသာ လေယာဥ် စီးနင်းခွင့်ကို ရရှိမည်ဖြစ်သည်ဟု လေကြောင်းလိုင်း
အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ
ဒီဇင်ဘာ ၁၂ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ချက်တွင်
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဥ်များပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်းများ (SOP)နှင့်အညီ ဒီဇင်ဘာ ၁၆ရက်မှစ၍ စတင်ဆောင်ရွက်သွားရန် COVID 19
ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ၏ လမ်းညွန်မှုအရ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးလာပြီး ပြည်တွင်းလေကြောင်းလိုင်းများသိရှိရန် ဆက်လက်အသိပေးရန် အကြောင်းကြားစာထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

" လတ်မှတ်ဝယ်ပြီးရင် သူတို့သတ်မှတ်ထားတဲ့စင်တာ မှာ သွားစစ်ရင် ဦးစားပေးစစ်ပေးမယ်။ ကျသင့်တဲ့အခကိုတော့ ပေးရမယ်။ စစ်ဆေးချက်အောင်ရင် လေယာဥ် စီးခွင့်ပြုမယ်။လတ်မှတ်ကကြိုဝယ်ရမယ်။ သွားမယ့် ရက်ထက် အဲဒါမှ လတ်မှတ် ပြပြီး ဆေးစစ်ရမှာ။ လောလော ဆယ် Stay at Home ဒေသတွေကနေ Stay at Home မဟုတ်တဲ့ ဒေသကို သွားရင် သက်ဆိုင်ရာ မြို့ရောက်တဲ့အချိန်ကျရင် Q ဝင်ရမယ်။ သုံးရက် သို့မဟုတ် ၇ ရက် ဝင်ရမယ်။ဒါပေမယ့် အဲဒါကိုလည်း ဖြေလျော့ပေးဖို့အတွက်ပြန်ညှိနှိုင်းနေတယ်"ဟု လေကြောင်းလိုင်းတစ်ခုမှ
အရောင်းကိုယ်စားလှယ် တစ်ဦးကလည်း Travelling journal သို့ပြောသည်။

ထို့ပြင်လေကြောင်းလိုင်းများကလည်းမြို့အားလုံးသို့
ခရီးစဥ်မဆွဲပဲ ခွဲပြီးဆွဲသွားရန်အတွက် ညှိနှိုင်းနေကြောင်းသိရသည်။

"ပြုံဆွဲရင်တော့ သူလည်းခရီးသည်မရ ကိုယ်လည်းခရီးသည်မရ ဖြစ်မှာစိုးတယ်။ ခရီးသည် ရရှိမှုပေါ်ကိုမူတည်​ပြီး ဆွဲသွားမှာပါ။ အဲဒီအတွက် ကြေညာချက်ထွက်လာပါအုံးမယ်။အခုတော့ လေကြောင်းလိုင်းတွေ ညှိနေကြပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ဒီဇင်ဘာ ၁၅ရက်နေ့ထိ ခရီး စဥ်များ ပျံသန်းပြေးဆွဲခွင့်ကို ရပ်ဆိုင်းထားကြောင်း သိရသည်။

journal

Scheduled Flights

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မြန်မာစံတ...
30/11/2020

အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံ၍တိုးမြှင့် သတ်မှတ်
======================================
ရန်ကုန် ၊ နိုဝင်ဘာ ၂

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် လေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်‌၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံ၍တိုးမြှင့်လိုက်ပြီ ဖြစ် ကြောင်း လေကြောင်းညွန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရသိရပါသည်။
ပြည်တွင်း‌ လေကြောင်း ခရီးစဉ်များ လည်းယခုအချိန်တွင် ပျံသန်းပြေးဆွဲခြင်း ရပ်နားထားကြောင်းသိရပါသည်။

ယခင်ထုတ်ပြန်ခဲ့သော ကြေငြာချက်များအား သိရှိလိုပါက -

၁. (၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့ ထုတ်ပြန် ကြေငြာချက်)
https://m.facebook.com/story.php?story_fbid=880769735677672&id=557029814718334
၂. (၂၀၂၀ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
https://m.facebook.com/story.php?story_fbid=890304524724193&id=557029814718334
၃. (၂၀၂၀ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
https://m.facebook.com/story.php?story_fbid=899363850484927&id=557029814718334
၄. (၂၀၂၀ ခုနှစ် မေလ ၁၄ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
https://m.facebook.com/story.php?story_fbid=913274912427154&id=557029814718334
၅.(၂၀၂၀ ခုနှစ် မေလ ၂၉ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
၆..(၂၀၂၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
https://m.facebook.com/story.php?story_fbid=945206025900709&id=557029814718334
၇. (၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
https://m.facebook.com/story.php?story_fbid=966286347126010&id=557029814718334
၈. ( ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
https://m.facebook.com/story.php?story_fbid=988189591602352&id=557029814718334
၉. ( ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
https://m.facebook.com/story.php?story_fbid=1010191142735530&id=557029814718334

Address

259(A), 4th Floor, Kyaikkasan Road, Kyaukmyaung, Tamwe T/S
Yangon
11211

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 13:00

Telephone

09 765999620

Website

Alerts

Be the first to know and let us send you an email when Great Harmony Travel Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category