05/05/2021
ပြည်ပခရီးအကြောင်း တစ်စေ့တစ်စောင်း ( အပိုင်း-၁ )
ထိုင်းနိုင်ငံ ( Thailand)
———————————
Q: ထိုင်းနိုင်ငံကို သွားလျှင် အရင်ကလို Visa Free ရသေးလား ?
A: ထိုင်းနိုင်ငံဘက်မှ လက်ရှိချမှတ်ထားသော COVID-19 နှင့်ပတ်သက်သည့်မူများအရ ပြည်ဝင်ခွင့် Visa ရယူရန်လိုအပ်ပါသည်။ နေထိုင်မည့်ကြာချိန်ပေါ်မူတည်ပြီး ဗီဇာ ၂မျိုး ရှိပါသည်။
Q: ထိုင်းဗီဇာတွင် ၂ မျိုး ဆိုတာ ဘာ တွေ ကွာလဲ ?
A : နေထိုင်မည့်ကြာချိန်ပေါ်မူတည်ပြီး ဗီဇာ ၂မျိုး ရှိပါသည်။
i. Tourist Visa (60 Days + 30 Days Extension at Thailand)
ii. Special Tourist Visa (90 Days + 90 Days Extension at Thailand)
Q: Visa လျှောက်ရန် ဘာတွေ လိုအပ်ပါလဲ ?
A: လျှောက်မည့် ဗီဇာပေါ်မူတည်ပြီး လိုအပ်ချက်တွေ ပြောင်းလဲ မှု ရှိပါသည်။ သို့ပေမည့် အဓိက ပါဝင်ရမည့် လိုအပ်ချက်များက တော့
- ပက်စ်ပို့မူရင်း (သက်တမ်းအနည်းဆုံး(၆-၁၂)လ ကျန်ရှိရမည်)
- Quarantine ဝင်ရမည့် Hotel Booking Confirmation
- လေယာဉ်ဘွတ်ကင်
- ဘဏ်စာအုပ်မူရင်း နှင့် မိတ္တူ (သို့) Bank Statement မူရင်း
- COVID-19 ဖြစ်လျှင် အကြုံးဝင်မည့် USD 100,000 ကို Cover ဖြစ်သော Health Insurance
Q: Quarantine ဝင်မည့် Hotel က ကိုယ်ကြိုက်တယ့် ဟိုတယ်မှာ တည်းလို့ရလား ?
A: Quarantine ဝင်ရန်အတွက် သတ်မှတ်ထားသော ဟိုတယ်များတွင်သာ နေထိုင်ရပါမည်။ Hotel List များကို ကိုယ်တိုင်(သို့) မိမိတို့မှတစ်ဆင့်booking ရယူနိုင်ပါသည်။ သတ်မှတ်ထားသော Hotel ဈေးနှုန်းများမှာ လေဆိပ်မှဟိုတယ်သို့ ကားတကြောင်းစာ၊ Covid swab test ၂ကြိမ်စစ်ဆေးခြင်းနှင့် မနက် နေ့လည် ညစာများ ပါဝင်ပြီးဖြစ်ပါသည်။ Quarantine ဝင်ရမည့်ရက်ကို May 1 မှ စတင်၍ ၁၄ ရက် ပြောင်းလဲသတ်မှတ်ထားပါသည်။ (COVID-19 ကာကွယ်ဆေးထိုးထားသူများလဲ Quarantine ဝင်ရန်လိုအပ်ပါသည်။)
Q: Thai ကို လေယဉ် က နေ့တိုင်းရှိတာလား?
A : လေယဉ်က နေ့တိုင်းမရှိပါဘူး။ မိမိသွားလိုသော ရက်များကို CHAT BOX မှ တစ်ဆင့် မေးမြန်းနိုင်ပါသည်။
Q: COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ရသေးလား ?
A : RT-PCR Test ကို စစ်ရပါတယ်။ စစ်ဆေးရမည့် နေရာများမှာ
1. N Health Laboratory (ဆူးလေဘုရားအနီး၊ ရန်ကုန်)
မနက် ၀၈းဝ၀ နာရီမှ ၁ဝးဝ၀ နာရီ အတွင်း
https://www.facebook.com/NHealthMyanmarFanpage
2. Cargo Warehouse (အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်လမ်း၊ ထန်းပင်ကုန်းမှတ်တိုင်အနီး၊ ရန်ကုန်)
မနက် ၀၉းဝ၀ နာရီမှ ၁၁းဝ၀ နာရီ အတွင်း
ဖုန်း - ၀၉၄၄၄၀၉၉၉၄၁ ~ ၄၂
3. Pun Hlaing Hospital (လှိုင်သာယာ၊ ရန်ကုန်)
https://www.facebook.com/punhlainghospitals/photos/a.679412435535552/2237916749685105
4. Samitivej Clinic Yangon (ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်း၊ ရန်ကုန်)
https://www.facebook.com/Samitivej-Yangon-Clinic-109896767049206
Q: လေဆိပ်တွင် Visa နှင့်အတူတကွ တွဲပြရန်လိုအပ်သည့်စာရွက်စာတမ်းများမှာ
a. COE form
b. T8 form
Q: ဗီဇာနဲ့ ပတ်သတ်ပြီး မေမြန်းစုံးစမ်းချင်ရင် ဘယ်ကို ဆက်သွယ်ရမလဲ ?
A : MRSI Travels – 095107621, 09777432190 ကို ဆက်သွယ် နိုင်ပါသည်။