FAM TOURS

FAM TOURS Business Tour & Tailor Made Tour avaiable

ရန်ကုန်ဗားကရာချောက်ရဲ့ လူမသိကြသေးသောသမိုင်းကြောင်း (သို့)နှစ်ပေါင်း ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်သော ဗားကရာ ချောက်ဗားကရာ ...
17/11/2025

ရန်ကုန်ဗားကရာချောက်ရဲ့ လူမသိကြသေးသောသမိုင်းကြောင်း (သို့)နှစ်ပေါင်း ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်သော ဗားကရာ ချောက်

ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတော ဆူးခြုံတောပေါက်ရာ ချောက် ဟု အဓိပ္ပါယ် ရပါတယ်။ ကြည့်မြင်တိုင် နဲ့ စမ်းချောင်း မြို့နယ် အစပ် ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ ဒီရောက်ပင်တွေ ပေါက်ရောက်ရာ ဒီရေအတက်အကျရှိခဲ့တဲ့ နေရာကြီးပါ။

ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်စဉ်ကအထိ တကယ့် စိမ့်ကြီးမြိုင်ကြီးတွေနဲ့။ ခံတပ်မြို့တောင် လုပ်ခဲ့သေးဆိုပဲ။ အဲ့ဒီတုန်းကတော့ အလောင်းမင်းတရား အုပ်ချုပ်နယ်အဖြစ် ရွှေတိဂုံကို မူတည်သတ်မှတ်ရာမှာ “အနောက်တောရကြီး” လို့ သတ်မှတ်ခဲ့တဲ့အရပ်ပေါ့။

အနောက်တောရကြီးဆိုတာ ဗားကရာကို အဓိကထား သတ်မှတ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အခုတော့ အလယ်တောရနဲ့ ကြားတောရလောက်ပဲ အသုံးရှိတော့တယ်။ ကျန်တောရတွေ ပျောက်သွားခဲ့ပါပြီ။ ဗားကရာချောက်ဟာ သဘာဝအလျောက် ဖြစ်ပေါ်လာခဲ့တဲ့ ချောက်တခုပါ။ လူလုပ်တဲ့ချောက်တော့ မဟုတ်ဘူး။

ဒါကလည်း တချိန်တုန်းက သိင်္ဂုတ္တရကုန်းရဲ့ တောင်စွယ်က စမ်းချောင်း မြေနီကုန်းအထိ ရောက်ခဲ့တာကိုး။
မြေနီကုန်းဆိုတာ ဟိုအရင်က တောင်ကမူတခုပဲ။
ရန်ကုန်မြို့သစ်တည်ခဲ့တဲ့အချိန် ရန်ကုန်မြို့တွင်း
အင်းတွေ အိုင်တွေ ချောက်တွေ ဖို့ဖို့ မြေနီကုန်းက
မြေတွေ သယ်ထုတ်ရာက ကမူတွေ ကုန်းတွေ
ပျောက်ပြီး အခုအခြေနေမျိုးအထိ ဖြစ်လာခဲ့တာ။

မြေနီကုန်းကမြေတွေကို သယ်ဖို့ အရင်ဆုံး ဟုမ်းလမ်း အထိ မီးရထားလမ်းကို အရင်ဖောက်ရတယ်လို့ ဆိုကြတယ်။ မြေနီကုန်းအရပ်ကနေ လှည်းတွေနဲ့ မြေနီတွေသယ်ပြီး ရထားရှိရာ ဟုမ်းလမ်းကို ပို့ရတယ်။
ဟုမ်းလမ်းကတဆင့် ရထားတွဲတွေနဲ့ သယ်ယူတယ်
လို့ ဆိုပါတယ်။

“ဟုမ်းလမ်း” ဆိုတာ အဲဒီ ရထားလမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာ Hume ရဲ့အမည်ပါ။ နောက်အင်ဂျင်နီယာက Innis ဖြစ်တယ်။ ဒါကြောင့် ရထားလမ်းရဲ့ အနောက်ဘက်ပိုင်းကို အင်းနစ်လမ်းလို့ခေါ်ပြီး အရှေ့ဘက်လမ်းပိုင်းကို ဟုမ်းလမ်းလို့ ခေါ်ခဲ့ကြတာ။ အခုတော့ အဲဒီလမ်းနှစ်ခုကိုပေါင်းပြီး ပန်းလှိုင်လမ်းရယ်လို့ ဖြစ်သွားရော။ သူတို့နှစ်ယောက်လုံးက ရထားလမ်းတည်ဆောက်ခွင့် ကန်ထရိုက်ရတဲ့ The Irrawady Velley State Railway Co. ရဲ့ ဦးဆောင်အင်ဂျင်နီယာပေါ့။

ရန်ကုန်ကနေ ပြည်မြို့အထိ ရထားလမ်းတည်ဆောက်ရာမှာ အခက်အခဲဆုံးကတော့ နာမည်ကျော်“ဗားကရာချောက်” ကြီးပဲလို့ ဆိုသတဲ့။ သူတို့ပြောမယ်ဆိုလည်း ပြောချင်စရာ။ ဘာလို့လဲဆိုတော့ ဗားကရာချောက်ရဲ့ အနက်က လှိုင်မြစ်ရေ မျက်နှာပြင်ထက် အနိမ့်ပိုင်းမှာ
ရှိနေတာ။

ဒါ့အပြင် လှိုင်မြစ်ရဲ့ ဒီရေ အတက်အကျကလည်း သေသေချာချာ လေ့လာရသေးတယ်။ ပြီးတော့ မြစ်ရေအတက်အကျ။ နွေမိုးဆောင်း မြစ်ရေမျက်နှာပြင် အခြေအနေတွေကိုပါ ကြည့်ရ၊ တွက်ချက်ရတာ မဟုတ်လား။ ဗားကရာပတ်ဝန်းကျင်ရဲ့ မြေအမျိုးအစား
မြေမျက်နှာသွင်ပြင်ပါမကျန် လေ့လာပြီးမှ ဒီချောက်ကို ဘယ်လိုတီထွင် ဖန်တီးမလဲဆိုတဲ့ အဆင့်ကို ရောက်တာ။မြေထိန်းနံရံတည်တဲ့ အပိုင်းကလည်း အရေးကြီးတဲ့ အစိတ်ပိုင်းတခု ဖြစ်လာပြန်တယ်။

ဒါတွေစုံပြီဆိုတော့မှ Drainage System Design ကို စဉ်းစားရပြီ။ ရထားလမ်းတည်တာက သိပ်မခက်ခဲ။ ချောက်ကို တံတားထိုးလိုက်ရင် ရပြီ။ ရန်ကုန်မှာ မီးရထားသံလမ်း တံတားအောက်က သွားတဲ့တံတား
နှစ်စင်းပဲရှိတယ်။ သန်လျင်နဲ့ သာကေတ တံတား။ နောက်တံတားက အခု ဗားကရာပဲ။ ရထားလမ်းအောက်က ကားလမ်းဖောက်ထားတာ။

ဗားကရာချောက်ကနေ ရေဆင်းပေါက်၊ ရေထုတ်ပေါက်။ လှိုင်မြစ်ထဲ ဘယ်လိုပို့မလဲ။ ရေမဝပ်အောင် ဘာတွေ စီမံပေးဖို့လိုမလဲ ဆိုတာတွေဟာ လမ်းတံတားအင်ဂျင်နီယာရဲ့ ကျွမ်းကျင်မှုနဲ့ ဦးနှောက်အသုံးချနိုင်စွမ်းပေါ် မူတည်နေပါတယ်။ သူတို့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။

အရင်ဆုံး ခရာဆူးခြုံတွေ ရှင်းလင်းရမယ်။ ပြီးတာနဲ့ မြေမျက်နှာပြင် အနေအထားအရ ရေဆင်းကို ဘယ်နှစ်လက်မအဆိုင်းထိ ထားမလဲ။ ချောက်ကနေ လှိုင်မြစ်ဝအထိ ရေဆင်းလိုင်း ပေဘယ်လောက်ရှိလဲ။

ရေဆင်းကိုတော့ ကားလမ်းအောက်မှာ လိုဏ်ခေါင်းတူးထားတာ တွေ့နိုင်တယ်။ လိုဏ်အရှည်ဟာ ချောက်ကနေ မြစ်ဝအထိ ၁၂ဝဝ ပေ အရှည်ရှိတယ်။ လိုဏ်ကိုတော့ အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန် စီထားတယ်။

လိုဏ်ရဲ့ အဝအကျယ်ဟာ အချင်းဝက် ၅ ပေရှိတယ်။

တူးထား စီထားတဲ့ လိုဏ်ခေါင်းဟာ မြစ်ဝရောက်တဲ့အချိန်မှာ အဖွင့်အပိတ် လုပ်လို့ရတဲ့ ရေထိန်းသံတံခါးကြီးတချပ် ရှိပါတယ်။

လှိုင်မြစ်ရေတက်တဲ့ မိုးရာသီလို အချိန်မျိုးမှာ ရေထိန်းတံခါးကို ပိတ်ထားရင် လိုဏ်ထဲ ရေမဝင်နိုင်အောင် စီမံထားတာပါ။

ဒါတွေပြီးတော့ မြေထိန်းနံရံတွေ တည်ဆောက်တဲ့အပိုင်း ရောက်တာ။

ဗားကရာမီးပွိုင့်ရဲ့ ထောင့်လေးခုမှာ ရေဆင်းပေါက်တခုစီ ရှိတယ်။ လမ်းဘေးမြောင်းရဲ့အနက်က တပေနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့်အလယ်ခေါင်မှာ လိုဏ်ထဲဆင်းတဲ့ လူဆင်းပေါက်တခု ရှိတယ်။

နောက်တပေါက်ကတော့ ဘောဂရပ်ကွက်ဘေးမှာ ရှိခဲ့ဖူးတယ်။ သံလှေကားနဲ့ ဆင်းရတာပါ။

အခုတော့ အဲဒီသံလှေကားလည်း ရောင်းစားခံရတာပဲလား၊ ဆွေးသွားလေသလာမသိ။ အနိစ္စသဘောနဲ့ ကိစ္စချောသွားပြီ။

မြေအောက်ရေဆင်းလိုဏ်တွေဟာ ဗားကရာမှမဟုတ်ဘူး။ ရန်ကုန်မြို့ တည်ချိန်ကတည်းက မြို့တွင်းပိုင်းရှိ အားလုံးသော ရေဆင်းတွေဟာ လိုဏ်တူးပြီး စီမံတည်ဆောက်ခဲ့တာ။

အဲဒီ အုတ်နံရံရဲ့ မျက်နှာကျက်တွေမှာ ကြေးမီးဆိုင်းကြီးတွေ တပ်ဆင်ပြီး ၂၄ နာရီ မီးပေးထားတယ်လို့ အဆိုရှိတယ်။

နွေနှောင်းရာသီ ရောက်ပြီဆိုရင် မြူနီစပယ်လူကြီးက မြို့တွင်းရှိ အုတ်လိုဏ်ဂူတလျှောက် ဂျစ်ကားစီးပြီး လျောက်ကြည့်ရ၊ ကြီးကြပ်ရတယ်လို့ တဆင့်စကား ကြားခဲ့ဖူးတယ်။

နောက်ပိုင်းတော့ ကြေးမီးဆိုင်းကြီးတွေဟာ ကြေးစျေးကောင်းတော့ လူတွေခိုးရောင်းတာနဲ့ မရှိတော့ဘူး။

လိုဏ်ထဲ ဆင်းပြီး စစ်ဆေးတဲ့သူတွေလည်း မရှိတော့ဖူး ထင်ပါတယ်။ ဒီမှာ အရေးကြီးဆုံးနဲ့ ရေဆင်းလိုဏ်တို့ရဲ့ လျှို့ဝှက်ချက်ကတော့ လိုဏ်တွင်းမှာ ရေစုကန် တည်ဆောက်ပေးခြင်းပါပဲ။

ဗားကရာချောက်အတွက် ရေစုကန်ကတော့ အလျား ၁ဝ ပေ၊ အနံ ၈ ပေနဲ့ အနက် ၆ ပေခန့်ရှိတယ်။ အဲ့ဒီ ရေစုကန်ထဲကို စီးလာသမျှရေတွေ ဝင်မယ်။

ရေစုကန်ကနေ ပိုလျှံတဲ့ရေတွေက ရေဆင်းလိုဏ်အတိုင်း စီးသွားတယ်။ ဒါမှ လမ်းပေါ် ရေဘယ်လောက်ရှိရှိ ပိုလျှံသမျှကို ရေစုကန်က ထိန်းပေးနေမှာပဲ ဖြစ်တယ်။

တကယ်တော့ ရေစုကန်ဟာ ရေဆင်းရေထုတ်အတွက် အရေးပါတဲ့ တည်ဆောက်ချက်တခုပါပဲ။

ဒါကြောင့်လည်း ရန်ကုန်မြို့ လမ်းထောင့်စုံတွေရဲ့ မြေအောက်ရေဆင်းလိုင်းတွေမှာ လူတကိုယ်အနက်ရှိတဲ့ ရေစုကန်တွေကို အင်္ဂလိပ်တွေက တည်ဆောက်ခဲ့တာပါ။

လေ့လာသူတွေရဲ့ တွေ့ရှိချက်အရတော့ ဗားကရာ ချောက် ရေနုတ်မြောင်း စနစ်ကို ၁၈၆၉ လောက်က တည်ဆောက်ခံတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

ဗားကရာချောက်ကို မွမ်းမံတည်ဆောက်ချိန်က ကိုးထပ်ကြီးဘုရားလို့ခေါ်တဲ့ အတုလာဓိပတိ မဟာမုနိသကျဘုရားကြီးတောင် မတည်ရသေးပါဘူး။

ကိုးထပ်ကြီးဘုရားက ၁၉ဝ၅ ခုနှစ်မှ တည်တာ။ နောက်တခုက ရန်ကုန်မြို့ပတ်ရထား မရှိသေးဘူး။ ရန်ကုန်မြို့ပတ်ရထားက ၁၈၇၇ ခုနှစ်လောက်မှ စတာကိုး။

ဒါပေမယ့် ဗားကရာရထားလမ်းက နှစ်ခုဖြစ်နေသလို ရထားအတွက် တံတားကလည်း နှစ်ခုတည်ထားတာ။ ကြည့်မြင်တိုင်-ရန်ကုန် ဓာတ်ရထားလိုင်း ပြေးဆွဲနေပြီ။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ရထားပြေးဆွဲတာက ၁၈၆၉ ရန်ကုန်-ပြည် မီးရထားလမ်း ဆွဲနေပြီး ဒါကြောင့် ဗားကရာတည်ဆောက်ချိန်ဟာ ဒါထက်စောမယ်လို့ ယူဆနိုင်ပါတယ်။

ဗားကရာချောက်ရဲ့ မိုးဘယ်လောက်ရွာရွာ မိုးရွာပြီးတာနဲ့ ရေတင်ကျန်မနေခဲ့ခြင်း အကြောင်းကိုတော့ အချိန်အတော်ကြာ လူပြောသူပြော များနေကြတာ ယနေ့တိုင်ပါပဲ။

အင်္ဂလိပ်တွေတည်ဆောက်သွားခဲ့တဲ့ ဗားကရာ ချောက် အောက်က ရေစုကန်၊ လှိုင်မြစ်ထဲ စီးဆင်းတဲ့ လခြမ်းပုံ အုတ်စီမြောင်း၊ ရေအဝင် အထွက် ထိန်းတဲ့ လှိုင်မြစ်ဝက ရေတံခါးပေါက် တို့ကို ဆက်လက်ထိန်းသိမ်း ပြုပြင် ဖို့ကတော့ လိုအပ်နေတုံးပါပဲ။

နှစ် ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ ဒီ ဗားကရာချောက် က ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း အမွေအနှစ်တခုလို့ မြင်မိပါတယ်။

Credit: Original Writer

သန့်ရှင်းလှပ အေးချမ်းတဲ့ဘူးလယ်အင်း 🥰💥😍
22/05/2025

သန့်ရှင်းလှပ အေးချမ်းတဲ့ဘူးလယ်အင်း 🥰💥😍

ဂဠုန်ဆရာစံ●●●●●●●●■ ဆရာစံသည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကန်အရှေ့ရွာဇာတိ တောင်သူ လယ်သမားကြီး ဦးကျေးနှင့် ဒေါ်ဖက်တ...
18/01/2025

ဂဠုန်ဆရာစံ

●●●●●●●●

■ ဆရာစံသည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကန်အရှေ့ရွာဇာတိ တောင်သူ လယ်သမားကြီး ဦးကျေးနှင့် ဒေါ်ဖက်တို့မှ မွေးဖွားသော သားသမီး ငါးယောက်အနက် အငယ်ဆုံးဖြစ်သည်။

■ ဦးကျေးနှင့် ဒေါ်ဖက်တို့၏ သားသမီးငါးယောက်မှာ (၁) ဦးရာကြူး၊ (၂) ဦးရာဒန်၊ (၃) ဒေါ်အေးမြင့်၊ (၄)
ဒေါ်အေးဆင့်နှင့် (၅) ဦးရာကျော် ခေါ် ဆရာစံ ဖြစ်သည်။

■ ဆရာစံသည် ဖြူးမြို့နယ် ငါးခေါင်းအင်းရွာသို့ ရောက်ရှိ၍ မကြာမြင့်မီ မိမိကဲ့သို့ပင် မိမိဇာတိဒေသ၏ မိုးခေါင်
ရေရှားသော ဒဏ်ကို မခံနိုင်သဖြင့် ယာဉ်ခြင်းရွာမှ ငါးခေါင်းအင်း ကျေးရွာသို့ ရောက်ရှိလာသော ဒေါ်ကေနှင့် တွေ့ဆုံ အကြောင်းပါကြပြီး နောက် မစိန်နှင့် ကိုဘိုးသင်း အမည်ရှိသော သားသမီး နှစ်ယောက်ကို ဖွားမြင်ခဲ့လေသည်။

၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဖြစ်ပွားခဲ့သော ဂဠုန်ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံသည် နယ်ချဲ့အင်္ဂလိပ်တို့၏ အပြင်းအထန် နှိမ်နင်းမှုကြောင့် ရှုံးနိမ့်ခဲ့ရပြီး အရေးတော်ပုံအား ဦးဆောင်ခဲ့သူ ဂဠုန်ဆရာစံ မှာလည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဂဠုန်ဆရာစံနှင့် ထိုခေတ်ကာလ သတင်းလောက အကြောင်းကို အောက်ပါအတိုင်း စိတ်၀င်စားဖွယ် တွေ့ရှိရသည်။

အေပီသတင်းဌာနမှ ထုတ်ပြန်ချက်

●●●●●●●●●●●●●●●●●●
အေပီသတင်းဌာန (Associated Press, A P) ၏ (၁၀-၇-၁၉၃၁) ရက်စွဲပါ သတင်းထုတ်ပြန်ချက်တွင်
“ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင် တည်ရှိသော သာယာ၀တီမြို့၏ အရှေ့တောင်ဘက်တွင် ရှိသည့်
ကျေးရွာများတွင် (၂၂-၁၂- ၁၉၃၀) ညတွင် ပထမဆုံး ပုန်ကန်ပေါက်ကွဲမှု ဖြစ်ခဲ့ပါသည်။ သူပုန်ထမှုတွင် အမှန်တကယ် ခေါင်းဆောင်သူမှာ ဆရာစံဖြစ်ပါသည်။ ၎င်းမှာ မြန်မာမင်းများ တပ်ဖွဲ့တွင် စစ်သား အများအပြား စုဆောင်းရရှိရာ၊ မင်းလောင်းများ ပေါ်ထွက်ရာ၊ သူပုန်ခေါင်းဆောင်များ ပေါက်ဖွားရာ ရွှေဘိုခရိုင် ဇာတိဖြစ်ပြီး ဆရာစံက ၁၉၂၈ ခုနှစ်မှစ၍ သူပုန်ထရန် ရည်ရွယ်ချက် ရှိခဲ့သည်ဟု သဘောရရှိသော်လည်း ၁၉၃၀ ပြည့်နှစ်ကျမှ ၎င်းက သာယာ၀တီတွင် အခြေချနေထိုင်ခဲ့သည်” စသည်ဖြင့် ရေးသားဖော်ပြထားသည်။

အစိုးရ၏ သဘောထားကိုလည်း အေပီသတင်းက “သဿမေဓခွန် ကောက်ခံခြင်းကို မုန်းတီးခြင်းအပေါ်
ဆရာစံက အမြတ်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း သူပုန်ထကြွခြင်းသည် အစိုးရကို ဖြုတ်ချရန် တိတိကျကျ ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံရေး အခြေခံကြောင်း အစိုးရက သတ်မှတ်ပါသည်” ဟူ၍ ဖော်ပြခဲ့သည်။

သတင်းထောက်များ
●●●●●●●●●●●●
ဂဠုန်ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ပွားစဉ် ရန်ကုန်မြို့မှ သတင်းထောက်အချို့ သာယာ၀တီသို့ နေ့စဉ်သွားရောက် သတင်းယူ ခဲ့ကြရသည်။ ထိုအထဲတွင် ထင်ရှားသော သတင်းထောက် အချို့မှာ ဦးပုကလေး၊ ဦးစိန်၊ မစ္စတာ ဂျက်တာဂျီတို့ ဖြစ်ကြသည်။ သာယာ၀တီတွင် သတင်းများကို လိုက်လံ စုံစမ်းကြရပြီး နေ့လယ်၌ ရာဇ၀တ်မင်းကြီး ဝဲလ်ဘုန်းထံမှ သတင်းယူရ၏။ ဝဲလ်ဘုန်းက သတင်းများကို အင်္ဂလိပ်လို ပြောပြရာ သတင်းထောက်များက လိုက်လံမှတ်သား ကြရသည်။ ဤတွင် သူရိယသတင်းထောက် ဦးပုကလေးမှာ အင်္ဂလိပ်စကား မတတ်သော်လည်း အကင်းပါးသူ ဖြစ်သဖြင့် ရိပ်ဖမ်းသံဖမ်း နားလည်သလောက် နားလည်၏။

သတင်းစာမှသတင်း
●●●●●●●●●●●●
တစ်နေ့တွင် တောင်သူလယ်သမားများ တစ်ပွဲထိုး ကွမ်းယာမန်းစားလျက် တစ်ရှိန်ထိုး တက်လာကြရာ စစ်ပုလိပ်များ ပစ်ခတ်သော်လည်း သေနတ်ထိမှန်ခြင်း မရှိခဲ့ကြပေ။
သို့ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြရာ စစ်ပုလိပ် တပ်ခွဲ တစ်ခုလုံးနီးပါး ပြုတ်သွားပြီး သေနတ်များပင် မယူနိုင်တော့ဘဲ ထွက်ပြေးကြရသည်။ ရာဇ၀တ်မင်းကြီး ဝဲလ်ဘုန်းက
ထိုအကြောင်းကို သတင်းထောက်များအား ပြောပြကာထည့် မရေးဖို့ဆိုသည်။ ဦးပုကလေးက တောင်သူလယ်သမားများ စက်သေနတ်ပင် ပြီးသည့် အကြောင်းထည့်ရေးသည်။
သို့ဖြင့် အာမခံ ငွေတစ်သောင်း တင်လိုက်ရသည်။

ထိုအတောအတွင်း၌ပင် ပြည်ခရိုင် ရာဇ၀တ်၀န်
ဇေဗီးယားက တိုက်ပွဲတွင် ကျသွားသော တောင်သူလယ်သမား ၁၆ ဦး၏ ဦးခေါင်းများ ဖြတ်ကာ
သူ့ရုံးရှေ့စားပွဲထက်တွင် လူအများ မြင်အောင် ပြသထားပုံကို ဦးပုကလေးက ဦးကံကြီးအား ဓာတ်ပုံရိုက်စေပြီး အင်္ဂလိပ်တို့၏ ရက်စက်ပုံ အကြောင်းဆိုကာ သတင်းစာထဲ ထည့်ဖြစ်အောင် ထပ်ထည့်သည်။

ရိုက်တာ သတင်းထောက်၏ ပြောပြချက်

●●●●●●●●●●●●●●●●●●●●●●

တောင်သူလယ်သမား အရေးတော်ပုံ ကာလအတွင်း ရိုက်တာကြေးနန်း သတင်းထောက် မစ္စတာချက်တာဂျီ ( မြန်မာအခေါ် ချက်ကြီး) သည် သာယာ၀တီသို့ နေ့စဉ် သွားရောက် သတင်းယူခဲ့ရသည်။ နောက်ပိုင်း လမ်းပန်း ဆက်သွယ်ရေး မကောင်းတော့ သဖြင့် ထို၌သွားရောက် နေထိုင်ခဲ့ရသည်။ မစ္စတာ
ချက်တာဂျီက ဗြိတိသျှတို့ သတ္တိနည်းပုံကို ပြောပြရာတွင် မြို့ထဲသို့ သူပုန်များ လာတိုက်မည် သတင်းကြားသည်နှင့် သူပုန်နှိမ်နင်းရေး မင်းကြီးရော ပုလိပ်အရာရှိများပါ အိန္ဒိယစစ်တပ် စခန်းချရာ နေရာသို့ ပြောင်းရွှေ့ သွားကြတော့ကြောင်း ဆိုပါသည်။ သတင်းထောက် နှစ်ဦးသာ ဗိုလ်တဲတွင် ကျန်ရစ်ခဲ့သည်ဆို၏။

ထို့နောက် မစ္စတာ ချက်တာဂျီက “ဆရာစံနေတဲ့ အလံတောင်ထိပ်က သူပုန်စခန်းကို စစ်တပ်ကတိုက်တော့ အဲဒီမှာ တိုင်ကပ်နာရီ မျိုးစုံ၊ ကော်ဇောတွေ၊ ငွေဖလားတွေ အများကြီး တွေ့တယ်တဲ့။ ဒါပေမဲ့ စစ်သားတွေက စခန်းတစ်ခုလုံးကို မီးရှို့ပြီး မြန်မြန် ပြန်လာကြတာဆိုတော့ အားလုံး ပြာဖြစ်ကုန်တာပဲ။ သူပုန်အလံ တစ်ခုပဲ သူတို့နဲ့ ပါလာတယ်” ဟု
ပြောပြသည်။

ဆရာစံကို ဖမ်းမိခြင်း
●●●●●●●●●●●●
ဂဠုန်ဆရာစံသည် ဖားရွှေကျော်တိုက်ပွဲ နောက်ပိုင်း ရှမ်းပြည်နယ်ဘက်သို့ တိမ်းရှောင် ခဲ့ရပြီးနောက် ၂ သြဂုတ် ၁၉၃၁ တွင် လမ်းပြ ဦးဖိုးကာ၏ သစ္စာဖောက်မှုကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဆရာစံအား နောင်ချို အချုပ်ထောင်သို့ ပို့ထားခဲ့သည်။ ဆရာစံအား ဖမ်းဆီး
ရမိသည့် သတင်းကို (၄-၈- ၁၉၃၁) ရက်စွဲပါ သူရိယ သတင်းစာတွင် သတင်း ဖော်ပြခဲ့သည်။

ရတနာသီဟ သတင်းစာမှ တွေ့ဆုံမှု
●●●●●●●●●●●●●●●●●●●●
ဆရာစံကို နောင်ချိုမှတစ်ဆင့် သြဂုတ် ၄ ရက်တွင် သီပေါအချုပ် ထောင်သို့ အစောင့်အရှောက်နှင့် ပေးပို့ခဲ့သည်။ ထိုစဉ် သီပေါမြို့တွင် ငါးရက်တစ်ကြိမ်ကျ ထုတ်ဝေနေသော ရတနာသီဟ သတင်းစာမှ အုပ်ချုပ်မှု အယ်ဒီတာ ဆရာမြင့်က သီပေါစော်ဘွားမှ တစ်ဆင့် ခွင့်ပန်ကာ ဆရာစံအား ၀င်ရောက်တွေ့ဆုံ ဖြစ်ခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် ဆရာစံက မိမိသည် မတရားသဖြင့် အခွန်အတုတ်များ ကောက်ခံပြီး တိုင်းသူ ပြည်သားများအား ဖိနှိပ် ချုပ်ချယ်နေသော အင်္ဂလိပ် အစိုးရကို မြန်မာပြည်မှ တိုက်ထုတ်ရန် ဂဠုန်တပ်ဖွဲ့များကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ သတ်မှတ်ထားသော အချိန်တွင် မြန်မာတစ်ပြည်လုံး အမြို့မြို့ အနယ်နယ်မှ တစ်ချိန်တည်း ထကြွတော်လှန် ပုန်ကန်ကြရန် အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် လက်အောက် ငယ်သားများက အချိန်မရောက်မီ ထကြွ ပုန်ကန်ခဲ့သည့် အပြင် အချို့နေရာများတွင် မတရားခိုးယူ လုယက် ဓားပြတိုက်မှုနှင့် အမျိုးသမီးများကိုပါ ဖျက်ဆီးကြသည့် အတွက် ပြည်သူလူထုက မေတ္တာပျက်၍ သစ္စာဖောက်ဖျက်သူများ၏ ဒဏ်ကို မိမိခံရမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဂဠုန်ဆရာစံ၏ ဆုတောင်း
●●●●●●●●●●●●●●
ဂဠုန်ဆရာစံက သူ့အနေဖြင့် “အခုဘ၀မှာ လူမျိုးခြား လက်အောက်မှ မလွတ်မြောက်ပေမယ့် နောက်ဘ၀မှာ လွတ်မြောက်ရမယ်။ ကျုပ်က ဘုရားရှိခိုးပြီး ဆုတောင်းတဲ့ အခါမှာတောင် လူမျိုးခြား လက်အောက်မှ လွတ်မြောက်ရပါလို၏ လို့သာ ဆုတောင်းတယ်” ဟူ၍ ရတနာသီဟ သတင်းစာ အုပ်ချုပ်မှု အယ်ဒီတာ ဆရာမြင့်အား ပြောပြခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့က ဂဠုန်ဆရာစံကို သီပေါတွင် ကြာရှည်
မထားဘဲ ၁၄ သြဂုတ် ၁၉၃၁ ညတွင် ရန်ကုန်မှတစ်ဆင့် မီးရထားဖြင့် စစ်ပုလိပ်များ အထပ်ထပ် စောင့်ကြပ်လျက် သာယာ၀တီထောင် သို့ ပို့ခဲ့သည်။

ကြိုးပေးခံရပုံ သတင်း
●●●●●●●●●●●●
ဂဠုန်ဆရာစံအား သာယာ၀တီ အကျဉ်းထောင် အတွင်း ကြိုးပေးခဲ့ပုံကို (၂၉-၁၁-၁၉၃၁) ရက်စွဲပါ သူရိယ သတင်းစာတွင် “သူပုန်ခေါင်းဆောင် ဆရာစံအား ယခု
နို၀င်ဘာလ ၂၈ ရက်နေ့ကပင် သာယာ၀တီ ထောင်ကြီးအတွင်း၌ ကြိုးပေး၍ သတ်လိုက်ပြီ ဖြစ်ကြောင်း၊ ဆရာစံ ကယ်ဆယ်ရေး အတွက် ရန်ပုံငွေ ကောက်ခဲ့သော်လည်း
ငွေလုံလောက်စွာ ရသဖြင့် ဘိလပ်သို့ အယူခံ မ၀င်နိုင်ဟု ကြားသိရကြောင်း၊ သို့ရာတွင် ကယ်ဆယ်ရေးအဖွဲ့၏ လုံ့လကြောင့် ဆရာစံမှာ ပထမ ကန့်သတ်ထားသော ရက်တွင် အသတ်မခံရဘဲ ရတနာသုံးပါးကို ဦးထိပ်ထား၍ ရက်အတော်ကြာ လူ့ပြည်လောကတွင် နေသွားရသေးသည်မှာ ဆရာစံအတွက် အမြတ်ဟု ဆိုရမည်ပင် ဖြစ်ကြောင်း” ဟူ၍ ရေးသား ဖော်ပြထားသည်။

ဂဠုန်ဆရာစံ၏ နောက်ဆုံးနေ့များ
●●●●●●●●●●●●●●●●●●
ဆရာစံ သာယာ၀တီထောင်သို့ ရောက်ရှိ လာခဲ့ပုံကို
သူ၏တပည့်ဖြစ်သူ နှစ်ရှည်လများ ထောင်ဒဏ်ကျခံခဲ့ရသူ ဂဠုန်တပ်သားဟောင်းကြီး တစ်ဦးက ပြန်လည် ပြောပြခဲ့ပုံကို ဆရာကျော်မြသန်းက မှတ်တမ်းတင်ခဲ့သည်။
ယင်းတပ်သားဟောင်းကြီးက ဆရာစံ ထောင်တွင်းသို့ ရောက်ရှိလာစဉ် ထောင်အရာရှိ၊ ဝါဒါများက အော်လား ဟစ်လား လုပ်ကြသော်လည်း ဆရာစံက မည်သို့မျှ မတုံ့ ပြန်ခဲ့ကြောင်း၊ အရေးလည်း မစိုက်ကြောင်း၊ တပည့်များနှင့် တွေ့စဉ်၌မူ ရင်းနှီးသော လုပ်ဖော် ကိုင်ဘက်များ အကြောင်းကို မေးမြန်းခဲ့ကြောင်း၊ မည်သူမည်ဝါ ကျဆုံးသွားကြောင်း ပြောပြသောအခါ ဆရာစံ မျက်စိမျက်နှာ ပျက်သွားကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။

ထို့နောက် “နောက်ဆုံး အလံတောင်တိုက်ပွဲ အကြောင်းမေးလို့ ပြန်ပြောတဲ့အခါ ဆရာစံဟာ မျက်ရည်တောင် ကျရှာတယ်။ လယ်သမား သူပုန်ကြီးမှာ ပါ၀င်သူတွေရဲ့ သေဆုံးပုံတွေ အညှဉ်းဆဲခံရလို့ အတိဒုက္ခ ရောက်ပုံတွေ ပြန်ပြောတဲ့အခါ တောင်ညိုဘက်ကို မျှော်မှန်းကြည့်နေတဲ့ ကြေကွဲ၀မ်းနည်းမှု အရိပ်အယောင်တွေဟာ ဘယ်လိုမှ ဖုံးကွယ်လို့မရဘူး” ဟူ၍ ပြောကြားခဲ့ကြောင်း ဆရာမြသန်းတင့်က သူ၏ “ ကြိုးတိုက်ထဲမှ ဆရာစံဘ၀နှင့် ထောင်မှတ်တမ်းများ ” ဆောင်းပါးတွင် ဖော်ပြထားသည်။

ကျမ်းကိုး

၁။ ကျွန်တော်သတင်းထောက် (လူထုဦးလှ)

၂။ နယ်ချဲ့တော်လှန်ဆရာစံ (ဝိဇ္ဇာဘွဲ့ရ ရဲထွဋ်လှ)

[ ပုံ (၂) ဂဠုန်ဆရာစံအား ဖမ်းဆီးရမိကြောင်း သူရိယသတင်းစာပါ သတင်း]

[၂၀၁၄ ခုနှစ် မတ် ၂ ရက်က The Daily Eleven တွင် ပါရှိခဲ့သော တင်နိုင်တိုး)၏ ဆောင်းပါးကို ပြန်လည်ဖော်ပြအပ်ပါသည်။]

03/01/2025
အခုလိုအေးချမ်းတဲ့ရာသီလေးမှာ နားနေအပန်းဖြေနိုင်ပြီးရန်ကုန်နဲ့လဲမဝေးတဲ့ နေရာလေး*ဘူးလယ်အင်း*မှာအပန်းဖြေချင်ရင်ရင်တော့ အရောက...
10/11/2024

အခုလိုအေးချမ်းတဲ့ရာသီလေးမှာ နားနေအပန်းဖြေနိုင်ပြီးရန်ကုန်နဲ့လဲမဝေးတဲ့ နေရာလေး*ဘူးလယ်အင်း*မှာအပန်းဖြေချင်ရင်ရင်တော့ အရောက်သာလှမ်းလာခဲ့ပါလို့

အေးချမ်းသာယာတဲ့ သဘာဝအရသာခံစားချင်သူများအတွက် 😍🌳🌴
"Bulaeinn Villas Resort"

Address
1137(A),ဓမ္မဒူတ ဗုဒ္ဓတက္ကသိုလ်လမ်း, ဘူးလယ်အင်း ကျေးရွာ, အင်းတကော်အနီး ပဲခူးဆယ်မိုင်ကုန်း
09781900009/09761300009

အခန်းပုံလေးတွေနဲ့စျေးနှုန်း အသေးစိတ်လေးကို အောက်ပါwebsiteထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်😍
https://www.bulaeinnvillas.com/








မြန်မာပြည်သူများကျန်းမာချမ်းသာဘေးကင်းပါစေ🙏
26/08/2024

မြန်မာပြည်သူများကျန်းမာချမ်းသာဘေးကင်းပါစေ🙏

🙏🙏🙏🙏🙏
20/07/2024

🙏🙏🙏🙏🙏

ဖတ်လို့ပြီးသွားမှာ နှမြောရလောက်အောင်ကောင်းတဲ့လယ်တွင်းသားစောချစ်ရဲ့ပိုစ့်စာမူဖြစ်ပါတယ်။ ဖတ်စေချင်လို့ကော်ပီယူလာတာစစ်သားတွ...
20/07/2024

ဖတ်လို့ပြီးသွားမှာ နှမြောရလောက်အောင်
ကောင်းတဲ့လယ်တွင်းသားစောချစ်ရဲ့ပိုစ့်စာမူ
ဖြစ်ပါတယ်။ ဖတ်စေချင်လို့ကော်ပီယူလာတာ

စစ်သားတွေ ငိုသတဲ့
- - - - - - - --- - - ;----
လယ်တွင်းသား စောချစ်

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ခင်းပိုင်းတွင်
ရွာလယ်ပိုင်းမှ လှရွှေ ကျွန်တော်တို့အိမ်ရှေ့မှ
ညောင်ပင်ကြီးအောက်ရောက်လာသည်။

'' ဟေ့ကောင်တွေ... ရွာလယ်တိုက်ပျက်ကြီး ထဲမှာ
နေတဲ့စစ်သားတွေ...ငိုနေကြတယ်ကွ...''

သတင်းထူး၊ သတင်းဦးကို အမောတကော
ပြေးလာပြောခြင်း ဖြစ်သည်။

''ဘာဖြစ်လို့ငိုတာလဲကွ...''

တအံံ့တသြ မေးမိကြသောစကား။

'' မသိဘူးကွ...၊ တချို့က တိုက်နံရံခေါင်းနဲ့ ဆောင့်ပြီး ငိုတာကွ...။ တချို့ကတော့ တိုက်နံရံ ကို လကျသီးနဲ့ထိုးပွီိး ငိုတာကွ...''

''လာကွာ... သွားကြည့်ရအောင်...''

လှရွှေပြောသည်မှာ စိတ်ဝင်စားစရာ
မို့ကျွန်တော်တို့သွားကြည့်ကြသည်။ ဟုတ်ပါ သည်။ တိုက်ပျက်ကြီးထဲမှာ စခန်းချနေကြသော စစ်သားတိုင်း ငိုနေကြသည်။ မငိုသူတစ်ယောက် မျှမရှိ။ ဘာကြောင့်ငိုသည်ကို ဘယ်သူမျှမသိ။ ဘယ်သူ့မှလည်းမေး၍မရ ကျွန်တော်အိမ်ပြန် လာသည်။ အမေ့ကို မေးမည်။

'' အမေ...အမေ...''

အိမ်ထဲဝင်သွားတော့ အမေဝမ်းပန်းတနည်း ငိုနေသည်။ ဆွေထဲ၊ မျိုးထဲမှ ချစ်ခင်သူ တစ်ယောက်သေဆုံး၍ ဝမ်းပန်းတနည်း ငိုကြွေး နေသောပုံ။

'' အမေ...ဘာဖြစ်လို့ငိုတာလဲ...ဘယ်သူသေ လို့ငိုတာလဲ...''

''ဗိုလ်ချုပ်အောင်ဆန်းသေပြီ ငါ့သားရဲ့ ''

'' ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ အမေ...''

ထိုနေ့ညမှစပြီး အမေက ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပုံပြင်သဖွယ် ပြောပြသည်။

အမေက မြင်းခြံမြို့ နော်မန်ကျောင်းမှာ ၉ တန်းအထိ နေဖူးသည်။ ဗိုလ်ချုပ်ကို ချစ်ခင် လေးစား၍ ဗိုလ်ချုပ်အကြောင်း ကောင်းစွာ ပြောနိုင်ပါသည်။

နောင်ကြီးလာသောအခါ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်များမှာ ဖတ်၍ ပိုသိရသည်။

ဗိုလ်ချုပ်ကွယ်လွန်သောအခါ တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဝမ်းနည်းပူဆွေး ငိုကြွေးကြသည်ဟု ဖတ်ရသော အခါ...

'' ဟုတ်တယ်ဗျ... အညာကျေးက ကျွန်တော် တို့ရွာကလေးမှာလည်း ငိုကြတယ်ဗျ...''ဟု ထောက်ခံမိပါသည်။

ဗိုလ်ချုပ်ကို တစ်နိုင်ငံလုံး ချစ်ကြသည်။ လေးစားကြသည်။ အမြတ်တနိုးတန်ဖိုးထား ကြည်ညိုကြသည်။

ဘာကြောင့်ပါနည်း။

ဗိုလ်ချုပ်သည် တိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ် နိုးသည်။ သူ့ကိုယ်ကျိုးထက် တိုင်းပြည်နှင့် လူမျိုး အကျိုးကို ပိုပြီးအလေးအမြတ်ထားသည်။ ဂျပန် ခေတ် ဂျပန်နိုင်ငံမှာ စစ်ပညာသင်ကြားစဉ် ဂျပန်များက နေ့စဉ်ပါးကိုရိုက်လွန်း၍ တစ်ယောက် က မခံနိုင်တော့ကြောင်း ပြောသည်။

ဗိုလ်ချုပ် က သူတို့ကို ပြန်တော်လှန်မည်ဆိုလျှင် သူတို့ထံမှ စစ်ပညာကို တတ်မြောက်ရန်လိုကြောင်း ပါး တစ်ချက်အရိုက်ခံရတိုင်း လွတ်လပ်ရေးရဖို့ တစ်ရက်ပိုနီးသွားပြီဟု မှတ်ယူရန် ပြောဆို သည်။ ထိုအချိန်က ဗိုလ်ချုပ်သည် အသက်ငယ် သေးသော်လည်း စိတ်ထားကြီးပေစွ။ တိုင်းပြည် လွတ်လပ်ရေးအပေါ်ထားသော စိတ်ဓာတ် ကြီးမြတ်ပေစွ။

ဗိုလ်ချုပ်သည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်သော်လည်း ဗိုလ်ချုပ်မှာ ဘာမျှမရှိ။ တစ်ညနေမှာ အစည်း အဝေးမရှိ။ ချိန်းဆိုထားတာမရှိ၍ ပလေဒီယံ ရုပ်ရှင်ရုံမှာပြနေသော အင်္ဂလိပ်ဟာသကားကို ကြည့်ချင်သည်။

သူ၏ကိုယ်ရံတော်အပါးတော်မြဲ ဗိုလ်ထွန်းလှ ကို ပိုက်ဆံမည်မျှရှိသနည်းမေးသည်။ ဗိုလ်ထွန်း လှက နှစ်ကျပ်ရှိကြောင်း ပြောသည်။ ဗိုလ်ချုပ် က နှစ်ကျပ်ရှိလျှင် တစ်ကျပ်ကို ငါးမူးတန်းမှ နှစ်ယောက်ကြည့်၍ရကြောင်းပြောပြီး ဆရာ တပည့်ရုပ်ရှင်သွားကြည့်ကြသည်။ ဆင်းရဲသား များ ကြည့်သောအတန်းဖြစ်သည်။ သူတို့ရှေ့မှာ တစ်မတ်တန်းသာရှိသည်။ သူတို့နောက်မှာ တစ်ကျပ်တန်း၊ နှစ်ကျပ်တန်း၊ အထူးတန်းများ ရှိသည်။

ငါးမူးတန်းရှေ့ဆုံးအတန်းမှာ ရုပ်ရှင်ထိုင် ကြည့်နေသော ဗိုလ်ချုပ်ကို တစ်မတ်တန်းမှ လူ များတွေ့သွားကြသည်။ ဗိုလ်ချုပ်ရှိရာ နောက်သို့ လည်ပြန်လှည့်ကြည့်ရင်း စိတ်မကောင်းဖြစ်ကြ သည်။ ရုပ်ရှင်မကြည့်နိုင်။ နောက်တန်းများမှ လူများမှာလည်း တစ်မတ်တန်းက လူများ၏ ထူးခြားမှုကြောင့် ဗိုလ်ချုပ်ကိုတွေ့သွားကြသည်။ စိတ်မကောင်းဖြစ်ကြသည်။

''သြော်...ဗိုလ်ချုပ်ရယ်...''

ခံစားကြရသောစိတ်ကြောင့် ဟာသကားမှာ လည်း မရယ်ရတော့ကြောင်း ဗိုလ်ထွန်းလှက ပြောပြသည်။

''ကြီးကျယ်ခမ်းနားလိုက်တာ ဗိုလ်ချုပ်ရယ်...
လွမ်းစရာကောင်းလိုက်တာ'' ဟု ခံစားမိရပါ၏။

လွတ်လပ်ရေးအတွက် ဘိလပ်ကို ဗိုလ်ချုပ် သွားသောအခါ ဝတ်စရာ အနွေးထည်မပါ။ လွတ်လပ်ရေးအတွက် ပြည့်စုံစွာ ပြောဆိုရန် ပြင်ဆင်သွားသော်လည်း ကိုယ့်အတွက်ဘာမျှ ပြင်ဆင်ခြင်းမရှိ။

အိန္ဒိယနိုင်ငံတွင် ခရီးတစ်ထောက်နားမှ မိတ်ဆွေကောင်း မစ္စတာနေရူးက ဘိလပ်မှာ အလွန်အေးနေကြောင်း သတိပေးပြောဆိုပြီး အနွေးထည်ချုပ်ပေးလိုက်ရသည်။

ထိုလောင်းကုတ်အင်္ကျီကြီးမှာ ဗိုလ်ချုပ်နှင့် ခန့်ညားစွာ လိုက်ဖက်လှပါ၏။ လောင်းကုတ် အင်္ကျီအိတ်ထောင်များတွင် လက်နှစ်ဖက် နှိုက်၍ ရိုက်ထားသောဓာတ်ပုံမှာ ကြည့်၍ကောင်းလေစွ။

''ဘိလပ်ကိုသွားတာ ဘာပါလဲမေးကြတယ်၊ လောင်းကုတ်အင်္ကျီတစ်ထည်ပါတယ်'' ဗိုလ်ချုပ် က ဟာသစကားကြွားကြွားဝါဝါ ပြောခြင်းဖြစ်၏။

နွေရာသီအစည်းအဝေးတစ်ခုမှာ ဗိုလ်ချုပ်က လောင်းကုတ်အင်္ကျီကြီးဝတ်ထားသည်။ လူများ က ပြုံးစိစိ။

နွေရာသီမှာပူ၍ လောင်းကုတ်အင်္ကျီကြီး ချွတ်ထားရန် အစည်းအဝေးမှ မိတ်ဆွေများက ပြောကြသည်။

''ကျုပ်နေမကောင်းလို့ဗျ...''

ရင်းနှီးသူတစ်ယောက်က ဗိုလ်ချုပ်နောက် ဘက်သို့သွားပြီး ...

''ဗိုလ်ချုပ်က နေမကောင်းဘူးသာဆိုတာ ချွေးတွေကလည်းရွှဲလို့... ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်နေပါဦးမယ်...''

ပြောပြောဆိုဆိုအင်္ကျီကို နောက်မှဆွဲချွတ် လိုက်သည်။ အင်္ကျီလက်ထဲပါလာသည်။ သို့သော် ချွတ်သူက ဆက်မချွတ်နိုင်။

ဗိုလ်ချုပ်ကျောမှာ အင်္ကျီကပြဲနေသည်။ ကျန်လူများလည်းလှမ်းမြင်၍ စိတ်မကောင်း ဖြစ်ကြသည်။

''ကဲဗျာ...ခုမှတော့ စိတ်မကောင်းဖြစ်မနေ ကြပါနဲ့ ဆက်ပြီးသာချွတ်လိုက်ပါ...''

ဗိုလ်ချုပ်က ဘာမျှမဖြစ်။ အစည်းအဝေး ဆက်ပြီး ဆွေးနွေးသည်။

''သြော် ဂုဏ်တင့်လိုက်တာ ဗိုလ်ချုပ်ရယ်...ကြည်ညိုစရာလေးစားစရာကောင်းလိုက်တာ...'' မရှိ၍ ရှိခြင်းဖြစ်ပါ၏။ ၁၉၆၅ ခုနှစ်တွင် ကျွန်တော် တို့တက္ကသိုလ် လူရည်ချွန်ကျောင်းသားဘဝက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သွားလေ့လာရ သည်။ လူမှု အသုံးအဆောင်ပစ္စည်းဆို၍ ခမ်းခမ်း နားနား ဘာမျှ မရှိပါ။ ဗိုလ်ချုပ်၏ အဝတ်ဗီရိုထဲမှာ ဝတ်စုံလေး သုံး၊ လေးစုံသာရှိပါသည်။ ပြတိုက်မှ ရှင်းပြသူက-

''ဒီရွှေတောင်ပိုးလုံချည်လေးက ဗိုလ်ချုပ် အလွန်ကြိုက်ပါတယ်။ အခမ်းအနားသွားစရာ ရှိရင်... ဒီရွှေတောင်ပိုးလုံချည်လေးကိုပဲ ဝတ် လေ့ရှိပါတယ်...'' ဟုပြောပြသည်။

''ဒီပိုးလုံချည် မဝတ်ရင်ရော... တခြားဝတ် စရာ လုံချည်ကောင်းကောင်းရှိသေးလို့လား...''

လူရည်ချွန် ကျောင်းသားတစ်ယောက်၏ မေးခွန်းဖြစ်သည်။

''မရှိပါဘူး...''

ရှင်းပြသူက ဖြေသည်။

မရှိသော ဗိုလ်ချုပ်ကို ချစ်ခင်လေးစားစွာ ဂုဏ်ယူကြရသည်။

လွန်ခဲ့သည့် ခြောက်နှစ်က ဗီယက်နမ်စာပေ အသင်းဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ဗီယက်နမ် နိုင်ငံသို့ ရောက်သည်။ နှစ်နိုင်ငံ စာရေးဆရာ အသင်းများချစ်ကြည်ရေးစာချုပ် လက်မှတ်ထိုး ကြသည်။

ဗီယက်နမ်သမ္မတကြီး ဟိုချီမင်းအကြောင်း စာအုပ်များစွာ ဖတ်ထား၍ သမ္မတကြီးဟိုချီမင်း ကို လေးစားသည်။ သမ္မတအိမ်ကို လိုက်ပြပါရန် ကျွန်တော်က တောင်းဆိုသည်။ ဗီယက်နမ် စာရေးဆရာများ လိုက်ပို့ကြပါသည်။ သမ္မတအိမ် ကို လူအများထူးခြားစွာ စိတ်ဝင်စားကြသည်။ နိုင်ငံခြားသားများစွာ လာချင်ကြသည်။

မိုးနှင်းများ တဖွဲဖွဲရွာနေစဉ်မှာ ထီးဆောင်း ထားသော လူတန်းကြီး တန်းစီနေကြသည်။

သစ်သားနှစ်ထပ်အိမ် မကြီးမသေးဖြစ်သည်။ လူတစ်ယောက် သင့်လျော်စွာ နေထိုင်နိုင်သော အိမ်ဖြစ်ပါသည်။ သမ္မတကြီး ဟိုချီမင်းမှာ လူပျို ကြီးဖြစ်သည်။

ခမ်းနားကြီးကျယ်သော လူ့အသုံးအဆောင် ပစ္စည်းဟူ၍ ဘာမျှမရှိပါ။

လူအများစိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ နေကြသည်မှာ သမ္မတကြီး ဟိုချီမင်း၏ ဘာမျှမရှိ ခြင်းဖြစ်သည်။

ဗီယက်နမ်စာပေအသင်း ဥက္ကဋ္ဌက ကျွန်တော့်ကို ကြွားဝါပြောဆိုနေသည်မှာလည်း သမ္မတကြီးမှာဘာမျှမရှိခြင်းအကြောင်းဖြစ်သည်။

ကျွန်တော်က ဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌကို မြန်မာနိုင်ငံသို့ ပြန်လည်ဖိတ်ကြားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံရောက်လျှင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို ပြန်လည်ပြသမည်ဖြစ် ကြောင်း ပြောပါသည်။

ဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌက ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကို သိပါကြောင်း၊ လေးစားပါကြောင်းပြန်ပြောသည်။

ကျွန်တော့်စိတ်ထဲမှာ ဝမ်းသာအားတက်နေ သည်။ ဗီယက်နမ်စာပေဥက္ကဋ္ဌနှင့်အဖွဲ့လာလျှင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လိုက်ပြပြီး ပြန်ကြွားလိုက်ချင်သည်။

ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မရှိ၍ ရှိသူဖြစ်၏။

ထိုသို့မရှိ၍ ရှိသောကြောင့်ပင် ကျွန်တော်တို့ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း
မြင်းဇောင်း မကျန် ဗိုလ်ချုပ်ကို
ချစ်ကြ၊ ကြည်ညိုကြ၊ မြတ်နိုး လေးစားဂုဏ်ယူ
နေကြရခြင်းဖြစ်ပါ၏။ ။

ဇူလိုင်၁၉


လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
Via-ပြူံးတော်မူ
🪶

04/04/2024

ရာဇဝင်ထဲမှဘုရင်ညံ့သုံးပါး(စ/ဆုံး)
——————————————
မြန်မာ့ပဒေသရာဇ် သမိုင်းမှာရွံစရာကောင်းတဲ့ဘုရင်ညံ့ သုံးပါးဟာ ခေတ်သုံးခေတ်မှာ ပေါ်ခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။
ဒီလို(ထူးထူးခြားခြား)ညံ့ဖျင်းတဲ့ဘုရင်တွေ ရဲ့လက်ထက်မှာ တိုင်းပြည် ပျက်လေ့ ရှိတယ်လို့လည်း ပြောကြပါတယ်။
သူတို့ကတော့-
(၁) ပုဂံခေတ် နရသီဟ ပတေ့မင်း
(၂) အင်းဝခေတ် ဟံသာဝတီပါမင်းနဲ့
(၃) ကုန်းဘောင်ခေတ် သီပေါမင်းတို့ ပါတဲ့။
ပထမဆုံးဘုရင်ညံ့ဖြစ်သူကတော့နရသီဟပတေ့မင်းဖြစ်ပါတယ်…
သူက လေးမည်ရမင်းဖြစ်ပြီးနရ သီဟပတေ့၊ မင်းခွေးချေး၊ တရုတ်ပြေးမင်း၊ သားမြွာဘဆိုတဲ့ အမည်လေးမျိုးနဲ့ ရာဇ ဝင်မှာ လူသိများတယ်။ ”စလေငခွေး၊ မင်း ခွေးချေး၊ လူရေးပျက်တော့သည်” လို့ ပက် ပက်စက်စက် အပြောခံရတဲ့မင်း ဖြစ်ပါတယ်။
မြန်မာရာဇဝင်မှာ သြဇာရှိသူ နန်းတွင်း အမတ်ကြီး၊ သို့မဟုတ် ဆွေတော် မျိုးတော် တစ်ပါးပါးက သူ့သြဇာခိုင်စေဖို့ ရုပ်ပြ ဘုရင် တစ်ပါးပါးကို နန်းတင်တော့မယ် ဆိုရင် ငယ် ရွယ်နုနယ်သူ မင်းသားငယ် များကို စိတ် ကြိုက်ရွေးချယ် တင်မြှောက်လေ့ ရှိပါတယ်။
ပုဂံခေတ် နေဝင်ချိန်မှာ တန်ခိုးထွားတဲ့ အ မတ်ကြီး ရာဇသင်္ကြန်က ဝါရင့်မင်းသားကြီး သီဟသူကို ဘုရင်အဖြစ် မထောက်ခံဘဲ အသက် ၁၉ နှစ် သာရှိသေးတဲ့သူကို ထောက်ခံရာက မင်းခွေးချေး တစ်ယောက် ရာဇပလ္လင်ပေါ်ရောက်လာတယ်။
ဘုရင်လည်းဖြစ် ကရော၊ ဘုန်းကြီးဝတ် နေတဲ့ သူ့ဦးလေးကို လူထွက်ခိုင်းပြီး သိမ္မ စည်းဆိုတဲ့ ဘွဲ့နဲ့ အမတ်ကြီးခန့်တယ်။
ဘုန်း ကြီး လူထွက် သိမ္မစည်းဟာ တဖြည်းဖြည်း ဘုန်းကြီးလာလိုက်တာ နောက်ဆုံး သူ တွန်းလို့ ပုလ္လင်ပေါ် ထမ်းတင်ပေးခဲ့တဲ့ ရာဇ င်္သကြန်ကိုပင်မင်းခွေးချေးက စည်းစိမ်ရုပ် သိမ်းပြီး ဒလကို နယ်နှင်ခဲ့ပါတယ်….
တစ်ပြည်လုံးမှာ ရှိတဲ့ စိုက်ပျိုးမြေဧက များစွာကို ဘုရင်ကရော၊ မင်းညီမင်းသား တွေကရော၊ သူဌေးသူကြွယ်တွေကရော ဂုဏ်တု ဂုဏ်ပြိုင် လုပ်ပြီး သာသနာ့မြေအ ဖြစ် ပေးလှူကြတယ်။
သာဓုခေါ်မလို့ စဉ်း စားနေတုန်း သာသနာ့မြေဟာအခွန်လွတ်တဲ့အတွက် သူတို့လှူထားတဲ့ မြေဧက သောင်းပေါင်း များစွာအတွက်အခွန်မရတော့ပါဘူး။
ကြံရာမရတဲ့အခါကျတော့ ပြည်သူပြည် သားတွေထံက အခွန်အကောက်တွေ ရသ လောက် တိုးမြှင့်ကောက်ခံတယ်။ သက်လူ မျိုးတို့နေ ထိုင်ရာ မစ္ဆဂီရိ အရပ်မှာ ထုံးစံထက် အများကြီပိုပြီး အခွန်တော်ကောက်လို့ ပုန် ကန်ထကြွမှု စတင်လာတယ်။
ပုဂံကိုလာပြီး ရောင်း ဝယ်ဖောက်ကားတဲ့ တရုတ်ကုန် သည်တွေရဲ့ လား ဝန်တင်ပစ္စည်းတွေကို အခွန်မတရားကောက်လို့ စကားများ ရန် ဖြစ်ကြတယ်။
တရုတ်က ဝင်တိုက်လို့ စစ်ရှုံးပြီး ထီးနန်း ကိုရော၊ တိုင်းပြည်ကိုပါ စွန့်လွှတ်ထွက်ပြေး ပါတယ်။ သူ့အမှားတွေကို မိဖုရားစောက ပြောဆို ဆုံးမဖျောင်းဖျတော့ နောင်တရခဲ့ ရှာတယ်။ ဒါပေမယ့် အချိန်သိပ်နှောင်းခဲ့ပြီ။
ထွက်ပြေးတိမ်းရှောင်လာတာ ပုသိမ် ကနေ သားတော်ရှိတဲ့ ပြည်ကို အရောက် သားတော်က အဆိပ်ပါတဲ့ စားပွဲတော်ကို ဆက်သတယ်။
အဆိပ်ပါမှန်း သိသိကြီးနဲ့ စားရရှာတယ်။ ”ငါသည် နောင်ဘဝများ၌ သားယောကျ်ားဖခင် မဖြစ်ရပါစေနှင့်”လို့ မျက်ရည်လည်ရွဲ ဆုတောင်းသွားပြီး ဘုန်း ကြီးစဉ်အခါ က ဟင်းခွက်သုံးရာနဲ့ နေ့စဉ် ပွဲတော်တည်တယ် လို့ နာမည်ကြီးခဲ့တဲ့ နရ သီဟပတေ့ဟာ အစားကြောင့်ပဲ နတ်ရွာ စံခဲ့ရရှာပါတယ်။
သူနဲ့အတူ ပုဂံခေတ်ကို လည်း တစ်ခါတည်းပျက်စီးစေခဲ့ တယ်လေ။
ဒုတိယမြောက် ဘုရင်ညံ့အဖြစ် မှတ် တမ်းဝင်သူကတော့ ဟံသာဝတီပါ မင်းပါ တဲ့။
မွန်တို့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရပြီး ဟံသာဝတီ ပဲခူးကို ဓားစာခံအဖြစ် ပါသွားခဲ့လို့ ဒီအမည်တွင်ပါတယ်။
သူ့ရဲ့ ညံ့ကွက်များကတော့-
တရုတ်ပြေးမင်းလို အဖြစ်မျိုး သမိုင်း တစ်ပတ်လည်ပြီး သူ့မှာ ကြုံခဲ့ရတာပါ။
ခမည်းတော် တနင်္ဂနွေမင်း နတ်ရွာစံတော့ ညီတော် ဗဒုံမြို့စား နန်းရနိုင်ပါလျက်နဲ့ နန်းတွင်းမှာ သြဇာလွှမ်းတဲ့ ဝန်ကြီးဦးပုက ဇွတ်အတင်းအဓမ္မ နန်းတင်ရာက အသက်(၁၉ )နှစ်မှာပဲ မင်းပျိုမင်းလွင်လေး ဘဝနဲ့ ဘုရင်ဖြစ်လာခဲ့တယ်။
ထုံးစံအတိုင်း ဘုရင်လည်း ဖြစ်ကရော ငယ်ဆရာမောင်ဖြိုးကို (ရာဇနန္ဒ)ဘွဲ့ချီးမြှင့်ပြီး အတွင်းဝန်ခန့်တယ်။
အထိန်းတော်နဲ့ ပေး စားပြီး ဘုရင့်နောင် ဘွဲ့တပ် မြှောက်စားခဲ့ တယ်။ အမြှောက်စားခံရတဲ့ မောင်ဖြိုးက မာန်တွေတက်ပြီး ကုန်းချောတော့လည်း လွယ်လွယ်ကူကူ ယုံစား ပြီး ကျေးဇူးရှင် ဝန် ကြီး ဦးပုကိုရော၊ သံဃရာဇာကိုပါ ကွပ်မျက် စေခဲ့တယ်။
တောင်သူ လယ်သမားတွေရဲ့ စပါးကို ထွက်သမျှရဲ့ လေးစုတစ်စု (၂၅ ရာခိုင်နှုန်း) အခွန်ကောက်ယူခြင်းကြောင့် လယ်မစိုက် ကြတော့တဲ့အတွက် ဆန်ရေစပါး ရှားပါးမှု ကြီး ဖြစ်ပေါ်လာတယ်။
ဆက်ဖတ်ရန်
https://audiopcandmobile.fun/operations-and-conditions-to-use-digital-for-you-business-model/

Address

Tamwe
Yangon
11211

Website

Alerts

Be the first to know and let us send you an email when FAM TOURS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category