29/01/2023
✈ Real Treasure Travel လေယာဥ်လက်မှတ်နှင့်ခရီးစဥ်အရောင်းဌာန
မင်္ဂလာပါ 🙏🙏🙏
လေယာဉ်လက်မှတ်ဝယ်တဲ့အခါ
- အမရေ လက်မှတ်အတွက်ဘိုကင်(booking )ယူထားလို့ရလား?ညီမ ရေ လက်မှတ်အတွက် နောက်နေ့မှငွေပေးချေလို့မရဘူးလား ခုဝယ်ခုပေးချေရတာလား? စသည်ဖြင့် မေးလေ့ရှိကြပါတယ်💬
ယခုအခါ ခရီးစဉ်ကို များသောအားဖြင့် ကားလမ်းကြောင်းအသုံးမပြုလိုတာကြောင့်လေကြောင်းလိုင်းဖြင့်သွားရောက်မှာ အမျိုးမျိုးမျိုးသော အရေးကိတ်စအကြောင်းအရာတွေကြောင့်လေကြောင်းခရီးစဉ်အသုံးပြုလိုတာ
တွေကြောင့် ✈️ လေယာဉ်လက်မှတ်ဝယ်ယူကြတဲ့ခရီးသည် အသစ်တွေ တော်တော်များများမေးတဲ့မေးခွန်းပါလေးပါ😅😅
ဒီမေးခွန်းလေးရှင်းပြပြီး ပြောပြပါရစေ🙏
-----------------------------------
✈ MAI airline
(Myanmar Airways International )
Booking တင်တဲ့အခါ ဒီလေကြောင်းလိုင်းမှာ ရက်ဝေးရင် ငွေပေးချေဖို့ (1/2ရက်) အချိန်ရပါတယ်
✈ MNA airline
( Myanmar National Airline )
✈ AirKBZ airline
( Air Kanbawza Airline )
✈ AirThanlwin Airline
✈ MYP airline
( MANYADANARPON Airline )
စသည့်.... ပြည်တွင်းလေကြောင်းလိုင်းအများစုပြည်တွင်းခရီးစဉ်လက်မှတ်
ဖြတ်တဲ့အခါ
ရက်နီးရင်နာရီဝက်နဲ့ ရက်ဝေးတဲ့အခါ နာရီပိုင်းပဲ အချိန်ပေးတာပါ ပြည်ပခရီးစဉ်ဆို အလွန်ဆုံး 1 ရက်နီးပါးပဲ အချိန် ပေးပါတယ်ရှင့်
Booking တင်တဲ့အခါ
▪️ရက်မသေချာသေးရင် မဝယ်ဘဲ ထပ်၍ booking တင်လို့ရပါတယ်
ဈေးကတော့အရင်တင်ထားတဲ့ဈေးနဲ့ ထပ်တင်တဲ့အခါ ထိုစျေးနှုန်းရမရကိုတော့ ပြန်check ရမှာမို့ အခုတင် အခုပေးချေပြီးဝယ်တာတော့ အသေချာဆုံးပါ
(ဒီနေရာမှာ booking တင်ထားကြောင်း screenshot သိူ့မဟုတ် ဘယ်လေကြောင်းလိုင်းတင်ထားကြောင်းကိုလဲ ပြန်လည်တောင်းဆိုလို့
ရပါတယ်/ယုံကြည်မှုနဲ့အလုပ်လုပ်ရတာတော့ အကောင်းဆုံးပါ)✅
▪️ရက်မသေချာပဲ လက်မှတ်ထုတ်မိရင် ရက်ချိန်းရင်ရက်ချိန်းခ ထပ်ကုန်ပါတယ် ကိုယ်ချိန်းမဲ့ရက်ကလဲ ပထမဝယ်ထားတဲ့ရက်ထက် ပိုများတဲ့အခါ အလိုက်ထပ်ပေးပြီး ဝယ်ရတာမျိုးတွေပါ ရှိပါတယ် ဒါကြောင့် Booking အဆင့်မှာ လက်မှတ်ဖိုးငွေမ ပေးရသေးပါဘူး သို့သော် booking တင်ပြီးလေကြောင်းလိုင်းမှ သတ်မှတ်ပေးထားတဲ့ အချိန်ရှိတာမို့သေချာရင်သတ်မှတ်အချိန်အတွင်း ငွေချေတာ လက်မှတ်ဖြတ်တာအကောင်းဆုံးပါဘဲရှင့်✅
ခုက online ဖြင့် E ticket ဝယ်ယူမှုများ
လာတာမို့Online ဖြင့် ဝယ်ယူပါက
အချိန်ကုန်လူပင်ပန်းခြင်းကင်းဝေး၍လျှင်မြန်စွာလက်မှတ်ရရှိနိုင်ပါတယ် mobile banking, Viber ရှိရင်ပိုအဆင်ပြေပါတယ်
နေက် ပြည်ပ လေယာဉ်လက်မှတ်ဝယ်ယူသူများ အနေ နဲ့ ကျပ် နှင့် ငွေချေမည် ဆိုရင် သက်ဆိုင်ရာ airline ကသတ်မှတ်ထားတဲ့ ပေါက်ဈေး အတိုင်းပေးချေရပါတယ် ။ အရေးကြီးတာက လက်မှတ် မဖြတ်မခြင်း ဈေးနှုန်း တွေအပြောင်း အလဲရှိနိုင်ပါတယ် ။ နောက်ပြီးCovid 19 ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသား လက်မှတ် ရယ် , Notary ပြန်ထားတဲ့စာရွက်ရယ် , အနည်းဆုံး ၆ လ သက်တမ်း ကျန် တဲ့ passport ဖြစ်ရပါမယ်ရှင့်။
ကဲ ဒါဆိုရင်တော့ တော်တော်လေးပြည့်စုံစွာ သိလိမ့်မယ်လို့ ယူဆပါတယ်။
ခရီးစဉ်အတွက် အသေးစိတ်စုံစမ်းလိုပါက Real Treasure ရဲ့ လေယာဥ်လက်မှတ်နှင့်ခရီးစဥ်အရောင်းဌာနကို တစ်ပါတ်လုံး ပိတ်ရက်မရှိ စုံစမ်းမေးမြန်း နိုင်ပါပြီ။
အားပေးသော မိတ်ဆွေ များ အားလုံး ကျန်းမာ, ချမ်းသာ ပြီး အေးချမ်းပျော်ရွှင်ကြပါစေ
☎️ 📞 09-7854 10219,
09-979 655595
သို့ ဆက်သွယ် မေးမြန်း၍✳️
CB , AYA Mobile Banking ဖြင့်လည်းကောင်း , CB pay, Kpay များနှင့် လည်း%ထပ်ပေးချေစရာမလို လက်ခံပေးတာမို့ အဆင်ပြေစွာဝယ်ယူရရှိနိုင်ပါပြီ။
# လေယာဉ်လက်မှတ်