မင်္ဂလာပါ မြန်မာ

မင်္ဂလာပါ မြန်မာ http://myanmar.mingalarbar.com/
Myanmar Travel & Tourism Information မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာသတင်းအချက်အလက် Web Portal

29/03/2019

ရေးသားသူ - Simon Htoo Thant (ဓာတ်ပုံများအတွက် မူရင်းတင်ထားသူအားလုံးကို ကျေးဇူးတင်ပါတယ်) "မြန်မာမှန်လျှင် ပုဂံကိုရောက်ဖ...

16/02/2017
05/02/2017
27/01/2017

နှင်းမှုန်တွေကြားမှာ Mighty တို့နဲ့အတူ ပလောင်တောင်တက်ရင်း သဘာဝအလှတွေကြား စိတ်အပန်းဖြေကြစို့လား….
=======================================
🍂🍃 ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ခရီးစဉ်လေးကတော့ ကလော-အင်းလေး-ရွာငံ ခရီးစဉ်လေးပါ။ ဒီခရီးစဉ်လေးမှာ (၃)နာရီကြာစီစဉ်ထားတဲ့ ကလော Trekking၊ အင်းလေးမှာ ဖောင်တော်ဦးဘုရားဖူးမယ့်အစီအစဉ်၊ ရွာငံရဲ့ နာမည်ကြီးဒေသထွက်ကော်ဖီ မြည်းစမ်းရမယ့် အခွင့်အရေးတွေအပြင် ထူးထူးခြားခြား ရထားစီးမယ့် အစီအစဉ်တွေလဲ ထည့်သွင်းတာမို့ အရမ်းအမှတ်ရစရာခရီးလေး ဖြစ်နေမှာ အသေအချာပဲနော်…

🐾 ကလောလို့ဆိုလိုက်တာနဲ့ အားလုံးသိတဲ့အတိုင်း ချမ်းစိမ့်စိမ့်ရာသီဥတု၊ ထင်းရှူးပင်တန်းတွေ၊ လိမ္မော်ခြံတွေက နာမည်ကြီးသလို Trekking ကလည်း မပါမဖြစ်ပါပဲ…

🐾 Trekking ဆိုတာ တကယ့်သဘာဝကို ကိုယ်တိုင်ခံစားနိုင်စေဖို့အတွက် စီစဉ်ပေးထားတဲ့ အစီအစဉ်တစ်ခုလို့လဲ ဆိုနိုင်ပါတယ်.. ဒါပေမဲ့ အပြင်မှာ အလေ့အကျင့်မရှိသူတွေ၊ လူကြီးပိုင်းတွေ အနေနဲ့ကတော့ အချိန်ကြာမြင့်တဲ့ Trekking ဆိုတာ အလွန်ပင်ပန်းစေတယ်ဆိုတာလဲ မမှားပါဘူး….

🐾အခု ခရီးစဉ်လေးမှာ Mighty တို့အနေနဲ့ကတော့ အသက်အရွယ်မရွေး အဆင်ပြေအောင်၊ သဘာဝရဲ့အလှတွေကိုလည်း မျက်ဝါးထင်ထင် ခံစားနိုင်ဖို့အတွက် Trekking Plan လေးကို ၃ နာရီကြာသာ စီစဉ်ထားပါတယ်…..

🐾 ပလောင်တောင်တက်ရင်း View Point မှာ သဘာဝအလှတွေကြား နေ့လည်စာ စားကြမယ်…. ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တယ်ဆိုလဲ Mighty တို့က ကူညီပေးဦးမှာနော်…..

🏡 နောက်ထပ်အမှတ်တရဖြစ်အောင် သာယာတဲ့ ကျေးငှက်အသံလေးတွေ၊ အေးမြတဲ့ နံနက်ခင်းလေနုအေးတို့နဲ့အတူ နိုးထရတဲ့ လန်းဆန်းတဲ့အရသာကို ခံစားနိုင်စေဖို့ ဓနုရွာလေးမှာ တစ်ညတာ ညအိပ်တည်းခိုဖို့လည်း စီစဉ်ထားပါတယ်…

🏡 မြို့ပြနဲ့မတူတဲ့ ကျေးလက်အရသာစစ်စစ်ကို ခံစားရင်း ဓနုလူမျိုးတို့ရဲ့ ရိုးရာဓလေ့ကိုပါ လေ့လာနိုင်မယ့် အစီအစဉ်ဆိုလဲ မမှားပါဘူးနော်….

🚤 ပြီးရင်တော့ ညောင်ရွှေမြို့မှာရှိတဲ့ အင်းလေးကန်ကို သွားရောက်ပြီး ဖောင်တော်ဦးဘုရားကို သွားရောက်ဖူးမြော်ကြမယ်၊ ရိုးရာလုပ်ငန်းတွေကို သွားရောက်လေ့လာကြမယ်….

🚉 နောက်ထပ် အမှတ်တရဖြစ်အောင် ကလောကနေ ညောင်ရွှေကို ကားနဲ့မဟုတ်ဘဲ ရထားနဲု့သွားဖို့ စီစဉ်ထားပါတယ်….. တစ်ချိန်လုံးကားနဲ့ပဲ ခရီးသွားရတာ ရိုးလွန်းပါတယ်… သဘာဝအလှတွေကို ရထားစီးရင်း ခံစားကြည့်ရှုရတဲ့ အရသာကို အရမ်းကြိုက်သွားမှာ အသေအချာပါပဲ….

🚌 အင်းလေးကနေ ခရီးဆက်မယ်ဆိုရင်တော့ ရွာငံကို သွားရောက်လည်ပတ်ကြမှာပါ။
မိန်းမရဲသခင်မ တောင်တော်၊ တောကျယ်ရေတံခွန်၊ မြသပိတ်ရေပြာအိုင်၊ အလည်ချောင်းရေတံခွန် စတာတွေကတော့ ခရီးစဉ်မှာ မပါမဖြစ်ပဲပေါ့…..

🎁 အိမ်ပြန်လက်ဆောင်ဝယ်ချင်တယ်ဆိုရင်တော့ ရွာငံရဲ့ နာမည်ကျော် ဒေသထွက်ကော်ဖီက ကော်ဖီချစ်သူတွေအတွက် အကောင်းဆုံးလက်ဆောင်ပဲလို့ပြောချင်ပါတယ်….

🍂🍃 Mighty တို့ရဲ့ ကလော-အင်းလေး-ရွာငံ ခရီးစဉ်လေးကို ဖေဖော်ဝါရီ ၃ ရက်နေ့ စတင်မှာဖြစ်ပြီး ရန်ကုန်ကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်..

🍂🍃 ခရီးစဉ်တစ်ခုလုံးအနေနဲ့ (၅) ရက်တာ ကြာမြင့်မှာ ဖြစ်ပြီး ခရီးစဉ်တစ်ခုလုံး အပြီးအစီးကို (ရထားလက်မှတ်၊ စက်လှေခ၊ အစားအသောက်၊ ဝင်ကြေးများ ပါဝင်ပြီး) တစ်ဦး 150,000 ကျပ်သာ ကျသင့်မှာမို့ အရမ်းတန်ပါတယ်လို့…..

🍂🍃 ကဲ ခရီးစဉ်လေးက ရက်ကပ်နေပြီမို့ Mighty တို့နဲ့အတူတူ အမှတ်တရတွေ ဖန်တီးချင်တယ်ဆိုရင် ဖုန်းနံပါတ် ☎ 09774899920 , 09795329190 ကို အခုပဲဆက်သွယ်လိုက်ပါနော်။

06/01/2017
28/12/2016
11/12/2016

http://www.tachileik.net/2016/12/EEMCBW.html
**********


အဆိုပါ တွေ့ဆုံပွဲကို ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဒီဇင်ဘာလ(၁၁)ရက်နေ့ နေ့ခင်းပိုင်းတွင်း အပျော်တမ်းပြိုင်ပွဲမျိုးစုံကို ကျင်းပပြီး ညပိုင်းတွင် ထိုင်းအဆိုတော်များဖြင့် သီဆိုဖျော်ဖြေခြင်းအပြင် မိဘမဲ့ကလေးများအတွက် ရန်ပုံငွေလှူဒါန်းပွဲကိုလည်း ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ - #ဇောင်းညီ

***********

တာချီလိတ်မြို့အခြေစိုက် Eastern Eagle Motorcycle Club မှ ကြီးမှူးပြီး တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပနေသည့်အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲ၏ ဖွင့်ပွဲကို ဒီဇင်ဘာလ(၁၀)ရက်နေ့ ည(၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ တွေ့ဆုံပွဲကို ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဒီဇင်ဘာလ(၁၁)ရက်နေ့ နေ့ခင်းပိုင်းတွင်း အပျော်တမ်းပြိုင်ပွဲမျိုးစုံကို ကျင်းပပြီး ညပိုင်းတွင် ထိုင်းအဆိုတော်များဖြင့် သီဆိုဖျော်ဖြခြေင်းအပြင် မိဘမဲ့ကလေးများအတွက် ရန်ပုံငွေလှူဒါန်းပွဲကိုလည်း ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

ယခု ဖော်ပြထားရှိသည့် ပုံများသည် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲ၏ ဖွင့်ပွဲမြင်ကွင်း ပုံရိပ်များ ဖြစ်ပါသည်။

ဓာတ်ပုံ - #ဇောင်းညီ

www.tachileik.net

ကဗျာဆန်အောင်လှတဲ့  #ကဗျာဝကမ်းခြေ
30/11/2016

ကဗျာဆန်အောင်လှတဲ့ #ကဗျာဝကမ်းခြေ

ဒီးဒုတ်ရေပြာအိုင်နှင့် လှိုင်ဂူ
30/11/2016

ဒီးဒုတ်ရေပြာအိုင်နှင့် လှိုင်ဂူ

Happy Shan New Year 2111... Mai Soong Pi Mai Tai !မင်္ဂလာရှိ​သော ရှမ်းနှစ်​သစ်​ကူးမှာ တိုင်းရင်းသားအားလုံး​ပျော်​ရွှင်​န...
30/11/2016

Happy Shan New Year 2111... Mai Soong Pi Mai Tai !
မင်္ဂလာရှိ​သော ရှမ်းနှစ်​သစ်​ကူးမှာ တိုင်းရင်းသားအားလုံး​ပျော်​ရွှင်​နိုင်​ကြပါ​စေလို့ဆု​တောင်း​ပေးပါတယ်

27/11/2016

လက်ရှိဘဝမှာ အောင်မြင်နေသူတွေ ဘာလုပ်လေ့ ရှိကြလဲ ဆိုတဲ့ အကြောင်းအရာဟာ အမြဲတမ်း ဆွေးနွေးလို့ မကုန်နိုင်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို လူတိုင်းမရနိုင်ဘူး ဆိုတာတော့ သေချာလှပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မင်္ဂလာပါ မြန်မာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category