Kyayzue Myanmar

Kyayzue Myanmar Professional Burmese hospitality provided for travellers both inbound and outbound.Memorable and v

Thank You Myanmar can organize both budget and luxury tour, discounted hotels and transport, buses and train as well as car rental in Myanmar. Thank You Myanmar is operating tour programs and all travel activities. Thank You Myanmar is supporting free education for those poor youths for hotel and restaurants industry too.

WOW Beautiful Hotel.
24/04/2025

WOW Beautiful Hotel.

My mental health after booking a lakeside hotel stay 📈📈📈📍Kempinski Hotel Ishtar Dead Sea, Jordan

24/04/2025

စစ်ကိုင်း မန်းလေး နေပြီတော်ကို အဓိက ထိခိုက်စေခဲ့တဲ့ ငလျင်ကြီးအတွက် တပိုင်တနိုင်မှအစ Company အစုအဝေးလိုက် လှုဒါန်းကြသော ပြည်တွင်း ပြည်ပ မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာ ဘေးဘရာ ဝေးကွာပြီး ထာဝရ ချမ်မြေ့ကြပါစေ

Kyayzue Myanmar.

တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)ဒီနှစ်ပွဲတော်ရက် စောပါတယ်Nov9ရက်ကနေ 15ရက်အထိ(1) ...
01/11/2024

တောင်ကြီးတန်ဆောင်တိုင်လည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)

ဒီနှစ်ပွဲတော်ရက် စောပါတယ်
Nov9ရက်ကနေ 15ရက်အထိ

(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။

(2)ပွဲတော်ထဲတွင်း ရောင်းသောဆိုင်များတွင်ဖြစ်နိုင်ရင် မဝယ်စားပါနဲစျေးအရမ်းကြီးလွန်းပါတယ် ဆိုင်ခန်းခ စျေးကြီးသောကြောင့်ဖြစ်ပါတယ် ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလိုက်ပါညလုံးပေါက်ဖွင့်ပါတယ်

(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိူက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမြိုးအစားတှကေ ညလွှတ်များဖြစ်သည်။

(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။အဖိတ်နေ့နဲလပြည့်နေ့ကားနဲသွားမယ်ဆို နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။

(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။သွားမှရသည်။

(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။

(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။

(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။ ( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)

(8) တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။

(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။

(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။(အရိုက်ခံရမယ်)

(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။

(13)သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန် က တာတို့ စောင့်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ ပျားအုပ်ကို တုတ်နဲထိုးသလိုဖြစ်ပြီး ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့်က ဧည့်သည်များအတွက် အန္တရယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရိမ်ပါနှင့်။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။

credit to original uploader

25/10/2024

မြန်မာ့လေကြောင်း
ရန်ကုန်-ပုသိမ် Sun 1130
ပုသိမ်-ရန်ကုန် Mon 1710

ချောင်းသာ ငွေဆောင်သွားမည့်သူများ
Starting from 27th Oct

04/02/2024

Are you ready for Summer?

19/03/2022
25/02/2022
16/02/2022

ဘန်ကောက်
V
ကရုန်းထေမဟာနမ်ခွန်

15/02/2022

NLD အစိုးရ လက်ထက် စတင်ခဲ့တဲ့ ရထားလက်မှတ်ကို eTicket စနစ်ဖြင့် ရောင်းချနိုင်ရေး အခုပြန်လုပ်ဖို့ စီစဉ်နေ.....................
ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီးမှအခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ပြေးဆွဲနေသော အမြန်ရထားလက်မှတ်များကို eTicket စနစ်ဖြင့် ရောင်းချနိုင်ရန်လိုအပ်သော စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

eTicket စနစ်ဖြင့် ရထားလက်မှတ်များရောင်းချနိုင်ရေးကို NLD အစိုးရလက်ထက်ကတည်းက လျာထားလုပ်ဆောင်နေခြင်းဖြစ်ပြီး ကိုဗစ်နှင့်နိုင်ငံရေးအခြေအနေများကြောင့်ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/57883.html
https://t.me/myanmaplatform

Address

33, Kan Street Hlaing Township
Yangon
11111

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00

Telephone

09 9777279533

Website

Alerts

Be the first to know and let us send you an email when Kyayzue Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyayzue Myanmar:

Shortcuts

Share

Category