28/04/2021
"ကုဝေရနတ်မင်းကြီးပေါ်လာပြီလား"
ရခိုင်ပြည်ဓညဝတီနယ်နိမိတ်မှာ တန်ခူးလပြည့်အခါတော်နေ့၌ ကုဝေရနတ်မင်းကြီးပေါ်လာတယ်လို့ သိကြားရပါတယ်။အင်မတန် မင်္ဂလာရှိတဲ့ သတင်းပါ။
ကုဝေရနတ်မင်း သို့မဟုတ် ဝေဿဝဏ်နတ်မင်းကို ထေရဝါဒ၌ အာဋာနာဋိယသုတ်ပါဠိတော်၊ပါထိကဝဂ္ဂပါဠိတော်၊ဒီဃနိကာယ တို့တွင်တွေ့ရပါသည်။ထိုနတ်မင်းသည် လောကကြီး၏မြောက်အရပ်ကို စောင့်ရှောက်ရသော နတ်မင်းကြီးဖြစ်သည်။ ယက္ခဂုမ္မာန်တို့၏ ဘုရင်ဖြစ်ပြီး သာသာနာကို စောင့်ရှောက်သော နတ်မင်းကြီး။ တူတော်သူမှာ ပုဏ္ဏကနတ်ဘီလူးဖြစ်သည်။
အာဋာနာဋိယသုတ်၊ပါထိကဝဂ္ဂပါဠိတော်
‘‘ကုဝေရဿ ခေါ ပန, မာရိသ, မဟာရာဇဿ ဝိသာဏာ နာမ ရာဇဓာနီ၊
တသမှာ ကုဝေရာ မဟာရာဇာ,ဝေ‘ဿဝေဏာ’တိ ပဝုစစှတိ။
ကုဝေရနတ်မင်းကြီးဟာ ထေရဝါဒဗုဒ္ဓဘာသာ မဟာယာနဗုဒ္ဓဘာသာ ဝဇီရယာနဗုဒ္ဓဘာသာ ဟိန္ဒူ ဘာသာ ဂျိန်းဘာသာတွေမှာ ထင်ရှားကျော်ကြားတဲ့ နတ်မင်းကြီးပါပဲ။ ကုဝေရနတ်မင်းကြီးဟာ မြောက်အရပ်ကို အစိုးရတဲ့ နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ နတ်ဘီလူးမင်းကြီးပါ။ ရှေးဟောင်းဟိန္ဒူ ကျမ်းဂန်တွေမှာ कुबेर Kubera လို့ ဖော်ပြပါတယ်။ yaksha यक्ष ယက္ခမျိုးနွယ်နတ်မင်းကြီးဖြစ်ပါတယ်။ ကုဝေရ ဆိုတာက ရုပ်သွင်ကြမ်းတမ်းတယ်လို့ အဓိပ္ပာယ်ရသလို ကမ္ဘာမြေကြီးကိုစောင့်ရှောက်သော အရှင်သခင်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ကုဝေရနတ်မင်းကြီးကို ဝေဿဝဏနတ်မင်း vaishravana वॆश्रवण လို့လည်း ခေါ်ပါတယ်။ မိုးရွာသွန်းစေနိုင်သောနတ်မင်း မိုးလေဝသကိုပိုင်စိုးသောနတ်မင်း အောင်မြင်ကျော်ကြားမှုရဲ့အရှင်သခင်နတ်မင်းလို့ အဓိပ္ပာယ်ရပါတယ်။
ကုဝေရနတ်မင်းကြီးဟာ နတ်ပြည်ရဲ့ ငွေတိုက်စိုး နတ်မင်းလည်းဖြစ်ပါတယ်။ နတ်ပြည်ရဲ့ ငွေတိုက်နဲ့ ရတနာတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ နတ်သူဌေးကြီးပါ။ ဒါ့အပြင် လူ့ပြည်မှာရှိတဲ့ အဖိုးတန်ရတနာတွေနဲ့ ဂမ္ဘီရပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့နတ်မင်းကြီးလည်း ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာကို ပေးစွမ်းနိုင်သော နတ်မင်းဖြစ်လို့ ဓနဒ धनद Dhanada ဓနပတိ धनपति Dhanapati လို့လည်း ခေါ်ပါသေးတယ်။
ဒါ့အပြင် ကုဝေရနတ်မင်းဟာ နတ်ဘီလူးမင်းတွေရဲ့ အကြီးအမှူးဖြစ်ပြီး တစ္ဆေ စုန်း ကဝေတွေ ပရလောကသားအားလုံးကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
Credit Ashin Kumara နှင့် ဝဿန်မိုး
Photo credit
1.Splendours of Arakan
2.AM
တကယ်လို့သာ မနေ့က မဟာမုနိကုန်းတော် မြောက်အရပ်က ပေါ်ထွက်လာခဲ့တဲ့ ဒီရုပ်ထုဟာ ကုဝေရနတ်မင်းကြီးဆိုရင် နိမိတ်အရ ရခိုင်ပြည်မှာ အင်ပါယာထောင်နိုင်တဲ့ စစ်ဘုရင်တစ်ပါး ပေါ်လာပါလိမ့်မယ်။
ပထမရုပ်ထုကတော့ ပန်မီလာဂတ်မင်ကိုယ်တိုင် ဓညဝတီခေတ်မှာထုလုပ်ခဲ့တာကို အတည်ပြုထားပါတယ်။ အဲဒီလိုရုပ်ထု ၄ ခုရှိရမယ်လို့ သူမကပြောခဲ့ပါတယ်။ ယခင်က ရုပ်ထု ၂ ခုသာ ပေါ်ခဲ့ပါတယ်။ အခုတစ်ခုသာ ယခင်ရုပ်ထု ၂ ခုနဲ့တူခဲ့ရင် ရခိုင်တွေအတွက် အလွန်အားတက်ဖို့ကောင်းတဲ့ နိမိတ်လက္ခဏာဖြစ်ပါတယ်။ မနေ့က တန်ခူးလပြည့်နေ့။ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ ကုဝေရနတ်မင်းကြီးပေါ်ပေါက်လာပြီဆိုရင် အဲဒီဒေသမှာ ဘုန်းတန်ခိုးကြီးတဲ့ စစ်ဘုရင်ပေါ်တတ်တယ်လို့ ရှေးကျမ်းဂန်တွေက ပြောပါတယ်။
တိုင်းပြည်သာယာဝဖြိုးပါ့မယ်။သာသာနာတိုးတက်ထွန်းကားပါ့မယ်။ မထင်မှတ်ထားတဲ့ အကူအညီတွေရပြီး တိုင်းပြည်ကြီးမားတိုးတက်စေပါတယ်။