Golden Fly Travel Agency & General Service

Golden Fly Travel Agency & General Service ခရီးသွားဝန်ဆောင်မှုနှင့်အထွေထွေအက?

30/10/2020

ရန်ကုန်မြို့ရဲ့ခရီးသွားခရီးစဉ်သစ်
*********************************
Aug 12,2020

ရန်ကုန်မြို့ဟာ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် လည်ပတ်လေ့လာစရာနေရာတွေ အများအပြားရှိနေပါတယ်။ ရွှေတိဂုံစေတီအပါအဝင် အထင်ကရ စေတီပုထိုးတွေ၊ ရှေးဟောင်း အဆောက်အအုံတွေ၊ မြို့ပြရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ပန်းဥယျာဉ်နဲ့ အခြားစိတ်ဝင် စားစရာနေရာတွေ တည်ရှိနေပါတယ်။ ဒီနေရာတွေဟာ သမိုင်းတန်ဖိုးကြီးမားတဲ့ ထိန်းသိမ်း စောင့်ရှောက်မှုတွေလည်း အမြဲပြုလုပ်နေရတဲ့ အမွေအနှစ်တွေ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် ဆွဲဆောင်မှုရှိနိုင်တဲ့ ခရီးစဉ်တွေ ဖော်ဆောင်ဖို့လည်း ကြိုးစားနေပါတယ်။ အခုဆိုရင် ခရီးသွားခရီးစဉ်သစ်တစ်ခုကို ဖော်ဆောင်နိုင်ရေး လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်နေတဲ့အပြင် အကောင်အထည် ဖော်နိုင်ရေးလည်း ကြိုးစားနေပြီဖြစ် ပါတယ်။

ဒီခရီးစဉ်သစ်ကတော့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းမှာရှိတဲ့ ရေလယ် ကျောက်တန်း ဘုရားကနေပြီး ကျောက်တန်း တစ်ဖက်ကမ်းက ရွာတွေကို လေ့လာနိုင်ဖို့ စီစဉ် နေတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်သစ် ဖြစ်မြောက်နိုင်ရေးအတွက်လည်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်ကလည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၀ ရက်က အဲဒီနေရာတွေ ကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

ဒီခရီးစဉ်ကို သွားရောက်တဲ့အခါမှာ ကျောက်တန်း မြို့နယ် မီးပြကျေးရွာမှာရှိတဲ့ အဘိသေက ဘောဂသေနမင်း တည်ထားခဲ့တဲ့ ဉာဏ်တော် ၃၆ တောင်ခန့်မြင့်တဲ့ ဓာတ်ပေါင်းစု ဆုတောင်းပြည့် ရွှေဘုံသာစေတီ၊ သံတဲကျေးရွာ ကျောက်တိုင်ကမ်းခြေမှာ အပန်းဖြေနိုင်သလို ၁၉၂၂ ခုနှစ်မှာ တည်ဆောက်ဖွင့်လှစ်ခဲ့တဲ့ မီးပြတိုက် ဟောင်း စတဲ့နေရာတွေကို ရောက်ရှိလေ့လာနိုင်ပါတယ်။ ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရေးနဲ့ လူထုအခြေပြု ခရီးသွားခရီးစဉ် ဖြစ်ပေါ်နိုင်ရေးတွေကို စတင်နိုင်တဲ့ အခြေအနေတွေ ရှိနေပြီဖြစ်ပါတယ်။

ရှေးဟောင်းသမိုင်းဝင် ရွှေဂူကြီးစေတီကို ဖူးမြော်နိုင်

ကျောက်တန်းမြို့က ငါးမိုင်အကွာမှာရှိတဲ့ ဥယျာဉ်ရွာမှာလည်း ရှေးဟောင်းသမိုင်းဝင် ရွှေဂူကြီး စေတီကို ဖူးမြော်နိုင်ပါတယ်။ ဒီလိုရွာများရှိ ခရီးစဉ်နေရာတွေ၊ ကမ်းခြေတစ်လျှောက်ကျေးရွာတွေ လည်ပတ်တာ၊ ကျေးရွာတွေရဲ့ လူမှုဘဝနေထိုင်မှုတွေနဲ့ စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ကိုင် နေမှုတွေကို မြို့ပြနဲ့ တစ်ဆက်တစ်စပ်တည်း သွားရောက်လေ့လာလို့ရမှာ ဖြစ်ပါတယ်။ ဒီနေရာ တွေကို ခရီးစဉ်သစ်အနေနဲ့ ဖော်ဆောင်ရင် လိုအပ်ချက်တွေ ထပ်ပြီးဖြည့်ဆည်းပေးဖို့လည်း ရှိနေ ပါတယ်။

ကျောက်တန်းရေလယ်ဘုရားဟာ ထူးခြားစွာ တည်ရှိနေပြီး ထိုင်းနဲ့ တရုတ်နိုင်ငံသား အများစုက လာရောက်ဖူးမြော်လေ့ရှိကြပါတယ်။ ဒီလို လာရောက် ဖူးမြော်ရင်းနဲ့ အနီးဝန်းကျင်မှာရှိတဲ့ အဲဒီ နေရာတွေကို နေ့ချင်းပြန် လေ့လာရေးခရီးသွား ခရီးစဉ်အနေနဲ့ ဖော်ဆောင်နိုင်တဲ့ အခွင့်အလမ်း ရှိနေပါတယ်။ ဒါ့အပြင် ပီလခတ်ကျေးရွာမှာရှိတဲ့ ပီလခတ် စရီအန်ဂါလဲ အိစ်စရီ-စရီ မဟာမူနီ(စ်) ဝရရ် ဟိန္ဒူဘုရား ကျောင်းကလည်း စိတ်ဝင်စားစရာ လေ့လာနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ပတ်ဝန်းကျင်တွေကို ပိုမိုလေ့လာလို

ဒီနေ့ ကမ္ဘာလှည့်ခရီးသွားအများစုဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပြည်သူတွေ၊ အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေနဲ့ သဘာဝအတိုင်း တည်ရှိနေတဲ့ ပတ်ဝန်းကျင် တွေကို ပိုမိုလေ့လာလိုကြတဲ့ ဆန္ဒရှိနေပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အလှမ်းကွာဝေးတဲ့ သို့မဟုတ် မလှမ်းမကမ်းခရီးမှာရှိတဲ့ ကျေးလက်ဒေသခံတွေရဲ့ ဘဝနေထိုင်မှုတွေကို ပိုပြီး စိတ်ဝင် စားကြပါတယ်။

လူထုအခြေပြုခရီးသွားလုပ်ငန်း

ဒီလို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုရှိနေတဲ့ ခရီးစဉ်ကို အကောင်းဆုံးပေါင်းကူး ဆက်သွယ်ပေးနိုင် တာကတော့ လူထုအခြေပြုခရီးသွားလုပ်ငန်းပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းကာ အကောင်အထည်ဖော် နိုင်ရင်တော့ ဒေသခံတွေအတွက် အသက်မွေးဝမ်းကျောင်း အလုပ်တွေ၊ အခွင့်အလမ်းတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

အောင်မြင်တဲ့ လူထု အခြေပြုခရီးသွား လုပ်ငန်း စီမံကိန်းတွေဆိုတာ ဒေသခံ လူမှုအသိုက် အဝန်းနဲ့ ခရီးသွား လုပ်ငန်းကျွမ်းကျင်သူတွေ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ထွက်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ တကယ်တော့ လူထုအခြေပြု ခရီးသွား လုပ်ငန်းဆိုတာ ကလည်း လူမှုအသိုက် အဝန်းတစ်ရပ်အတွင်း နေထိုင်ကြတဲ့ ဒေသခံတွေကိုယ်တိုင် သူတို့ရဲ့ လူမှုအသိုက်အဝန်းဆီကို ခရီးသွား ဧည့်သည်တွေကို ဖိတ်ခေါ်တဲ့ ခရီးသွားလုပ်ငန်းအမျိုးအစား ဖြစ်ပါတယ်။

ခရီးစဉ်သစ်တွေကို ဖော်ဆောင်နိုင်ရေး ကြိုးစား

ဒီလို အကြောင်းအချက်တွေကြောင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူထုအခြေပြု ခရီးသွား ခရီးစဉ်သစ်တွေကို ဖော်ဆောင်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လှည်းကူးမြို့နယ် ရေကျော်ကျေးရွာမှာရှိတဲ့ Mother Earth Organic Farm မှာ Eco Tourism နဲ့ Farm Tourism ခရီးစဉ်သစ်တွေ ဖော်ဆောင်နိုင်ရေးကိုလည်းအခြေနေတွေ လေ့လာနေတာရှိပါ တယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကလည်း ဟိုတယ်တွေ၊ ခမ်းနားတဲ့ ပြယုဂ်ကြီးတွေ ရှိတဲ့ နေရာတွေမှာပဲ တိုးတက်နိုင်တာ မဟုတ်ပါဘူး။ နေရာတိုင်း၊ ဒေသတိုင်းမှာ ကြီးကျယ် ခမ်းနားတဲ့ ဟိုတယ်ကြီးတွေ ရှိနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ရပ်ရွာအခြေပြုတဲ့ ခရီးသွားလုပ်ငန်းတွေ ပိုမိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်

ဖော်ဆောင်ပေးနေတာ တွေ့ရပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာမှာလည်း လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားပြီး ဖြစ်ပါတယ်။ အခု ကျောက်တန်းမြို့နယ်မှာ ဖော်ဆောင်နိုင်ရင်တော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူထု အခြေပြု ခရီးသွားလုပ်ငန်း ခရီးစဉ်သစ်တစ်ခု ထပ်မံထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

စနစ်တကျ ဆောင်ရွက်တတ်ကြဖို့

မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှာရှိတဲ့ ကျေးရွာဒေသ ၁၂ ခုကျော်မှာ လူထု အခြေပြု ခရီးသွားလုပ်ငန်းခရီးစဉ်သစ်တွေ ဖော်ဆောင်ထားပြီး ဖြစ်ပါတယ်။ ဒီလို ဖော်ဆောင်တဲ့ ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေက ဧည့်ခံကျွေးမွေးတာကအစ အားလုံး သဘာဝကျကျနဲ့ သန့်သန့်ရှင်းရှင်းဖြစ်ပြီး အဆင့်မြင့်မြင့် ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လေ့ကျင့်သင်ကြားပေး နေသလို ကျေးရွာနဲ့ သဘာဝအရင်းအမြစ်တွေကိုလည်း စနစ်တကျ ဆောင်ရွက်တတ်ကြဖို့လည်း သင်ကြား ပေးနေတာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ လူထုအခြေပြုခရီးသွား လုပ်ငန်းဟာ ပထမဆုံးအနေနဲ့ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်း က ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်အနီး ဆော်ယောင်းကျေးရွာမှာ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ် ဖွင့်ပွဲကိုတော့ ဆော်ယောင်းကျေးရွာမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကိုဗစ်-၁၉ အလွန်ကာလ အတွက် ကြိုတင်ပြင်ဆင် စီစဉ်မှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်တဲ့နေရာမှာ ခရီးသွားခရီးစဉ်သစ်အဖြစ် ကျောက်တန်းမြို့နယ်က ကျေးရွာတွေကို ရွေးချယ်ကာ ဖော်ဆောင် နိုင်ရေး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခြင်းဖြစ်ပါတယ်။ အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ ရန်ကုန် မြို့မှာ ခရီးသွားခရီးစဉ်သစ်တစ်ခု ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ။

ဇင်လင်းမြင့်

Source From: Myanmar Alin

30/10/2020
30/10/2020

Dear friend! Is your Visa getting expired soon?
No Worries... staff from Golden Fly will provide the most professional and quick service for your Visa extension at a reasonable price.
Just call us at 09440108179, and your Visa problem will be solved.
Thank you 🙏

大家好,Golden Fly 旅行社将竭诚为您提供签证申请、签证延期以及申请和延期暂住证等方面的服务。收费合理、快速高效、服务周到是我们 Golden Fly 的服务宗旨。
如果您有关于签证方面的任何需求欢迎致电 09440108179。谢谢 🙏

🤗Visa ကိစ္စအတွက် လူကြီးမင်း ခေါင်းရှုပ်မခံပါနှင့်...🤗
🤝လက်ရှိ အခြေအနေတွေအရ...
ရုံးကဏ္ဍားသွားဖို့ရာ အခက်အခဲတွေ ရှိနိုင်ပါတယ်....
✈️Flight တွေ မပျံသန်းသေးလို့.. Visa သက်တမ်းတိုးဖို့ လိုအပ်နေသော လူကြီးမင်တို့ရဲ့ အရေးကြီးပုဂ္ဂိုလ်များအတွက်
Visa ကိစ္စအ၀၀ကို ဝန်ဆောင်မှုပေးနိုင်ဖို့ ဖုန်းတစ်ချက်သာ ခေါ်လိုက်ပါ....
👍Golden Fly မှ ကျွမ်းကျင်ဝန်ထမ်းများမှ လိုအပ်သောစာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်အသေးစိတ်ကို
လူကြီးမင်း၏ ရုံးခန်းအထိ လာရောက်ရှင်းပြပြီး ဝန်ဆောင်မှုပေးနေပါပြီ။

🎯အသေးစိတ်သိရှိလိုပါက...
Hot Line : 09 898330008, 09 767028621 နှင့် C-Box တွင်လည်း မေးမြန်စုံစမ်းနိုင်ပါသည်။

30/10/2020

🙏မင်္ဂလာပါ🙏
🚗Stay at Home ကာလအလွန် ခရီးသွားချင်သူ မိတ်ဆေွများအတွက်သတင်းကောင်းလေးပါးချင်ပါတယ်
👉 စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လူကြီးမင်းတို့သွား‌ေရာက်လည်ပတ်လို‌ေသာခရီးစဥ် များအတွက် ဝန်ဆောင်မှုကောင်းပြီးလမ်းခရီးကျွမ်းကျင်သောယာဥ်မောင်းများဖြင့်စျေးနှုန်းသင့်တော်သော မော်တော်ယာဥ်မျိုးစံုကို ဌားရမ်းချင်တယ်ဆိုရင်တော့ Golden Fly ကိုသာအမြန်ဆက်သွယ်လိုက်နော်
Chat box, viber များမှာလည်းအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်
Viber 09898330008
📲09898330008 ,09445080173

01/09/2020

[MM Unicode Below]

Before you travel, we would like to inform you about a few changes given the rapidly evolving COVID-19 positive case surges in Rakhine State.

Following the directives from Ministry of Hotels and Tourism of Hpa-An notified on 26 August 2020, all domestic and international tourists travelling to and within Myanmar wherein staying at hotels in Hpa-An are now required to comply the following requirements accordingly and the following documents to be prepared and presented prior to arrival at the hotel:

• A recommendation letter signed by your ward administrator stating your residency, free from COVID-19 approved medical certificate/result
And
• A written document of previously visited destinations (e.g., city, state or country).

All our hotels and businesses are operating and following Ministry of Health & Sports’ COVID-19 prevention guidelines such as employees always wearing masks, frequently cleaning high touchpoint areas, keeping sufficient sanitization products supplies, and practising physical distancing of 6 meters apart. We are committed to Memories CleanPledge standards and you may read more about Memories Clean Pledge here: https://memoriesgroup.com/cleanpledge.

Please wear masks at all time and give personal hygiene as a priority when you are travelling.

ရခိုင်ပြည်နယ်တွင် လျှင်မြန်စွာဖြစ်ပွားလျက်ရှိသည့် COVID-19 အခြေအနေများအရ ခရီးသွားချစ်သူများ ခရီးမထွက်မီ လိုအပ်သည်များကို အနည်းငယ်အသိပေးအကြောင်းကြားလိုပါသည်။

၂၀၂၀ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ဘားအံဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၀န်ကြီးဌာန၏ ညွှန်ကြားချက်များအရ ဘားအံရှိဟိုတယ်များတွင် တည်းခိုမည့် မြန်မာနိုင်ငံတွင်းနှင့် ပြည်တွင်းခရီးသွားနှင့် နိုင်ငံတကာခရီးသွားဧည့်သည်များသည် အောက်ပါလိုအပ်ချက်များနှင့် စာရွက်စာတမ်းများကို ဟိုတယ်သို့မရောက်မီ ကြိုတင်ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် -

• ခရီးသွားသူတို့နေထိုင်မှုအကြောင်းဖော်ပြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါဝင်သည့် ထောက်ခံစာ (သို့) COVID-19 ကင်းရှင်းမှုရလဒ် အတည်ပြု ဆေးဘက်ဆိုင်ရာလက်မှတ် နှင့်
• ယခင်ကသွားရောက်ခဲ့သောနေရာများ (ဥပမာ - မြို့၊ ပြည်နယ် သို့မဟုတ် တိုင်းပြည်) ကို မှတ်တမ်းပြုစုထားသည့် စာရွက်စာတမ်း။

Memories Group ၏ ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းများအားလုံးသည် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ၏ COVID-19 ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များကို အစဉ်မပြတ် လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ၀န်ထမ်းများသည် နှာခေါင်းစည်းများကိုအမြဲဝတ်ဆင်ခြင်း၊ ထိတွေ့မှုမြင့်မားသောနေရာများကို မကြာခဏသန့်ရှင်းပေးခြင်း၊ သန့်ရှင်းလုံခြုံမှုဆိုင်ရာအထောက်အကူပြုပစ္စည်းများအလုံအလောက်ထားရှိခြင်း၊ လူတစ်ဦးနှင့်တစ်ဦးအကြား ၆ပေ အကွာအဝေးထားရှိသည့်နေထိုင်မှုပုံစံကို ကျင့်သုံးခြင်း နှင့် Memories Group ၏ သန့်ရှင်းမှုလှုံခြုံမှုဆိုင်ရာကတိကဝတ်ဖြစ်သည့် Memories CleanPledge စံနှုန်းများကို အစဉ်အမြဲလိုက်နာလျက်ရှိပါသည်။ Memories Clean Pledge အကြောင်းပိုမို သိရှိလိုပါက ဖော်ပြပါလင့်ခ်ကတဆင့် လေ့လာနိုင်ပါသည်။ https://memoriesgroup.com/cleanpledge.

လူမှုပတ်ဝန်းကျင်မှာ သန့်ရှင်းလုံခြုံမှု အပြည့်အဝရှိစေဖို့အတွက် နှာခေါင်းစည်းကိုအမြဲဝတ်ဆင်ကြပါစို့။ ခရီးသွားလာနေစဉ်မှာလည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးအလေးပေးဆောင်ရွက်ကြဖို့ Memories Group က လှုံ့ဆော်အသိပေးအပ်ပါတယ်။

  Tickets Service  #✈️ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဝယ်လို့ရပြီနော်✅••••••••••••••••••••••••••••••••••••••••••••••• ⚠️ c...
24/07/2020

Tickets Service #

✈️ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဝယ်လို့ရပြီနော်✅
•••••••••••••••••••••••••••••••••••••••••••••••
⚠️ covid ကာလမှာ 24/7 ဝန်ဆောင်မှုပေးတယ့် Ticketing Company ရှာနေပါသလား
⚠️ ခရီးစဉ်တွေ အပြောင်းအလဲဖြစ်ရင် အကြောင်းကြားပါ့မလား
⚠️ ခရီးစဉ်တွေ cancel ဖြစ်ရင်ရော ဝန်ဆောင်မှုပေးပါ့မလား
⚠️ ရုံးချိန်ပြင်ပရော ဆက်သွယ်လို့ရပါ့မလား
⚠️ တာဝန်ယူမှုရော အပြည့်ရှိရဲ့လား
⚠️ စျေးနှုန်းရောမှန်ရဲ့လား
⚠️ review ရော ကောင်းရဲ့လား

✅ စိတ်သာချပြီး အခုပဲ စုံစမ်းကြည့်လိုက်တော့

Local Flight ✈️ ပြည်တွင်းလေကြောင်းနှင့် ခရီးသွားကြမည့် မိဘပြည်သူများအတွက် / / / မှ ခရီးစဉ်များကို ပြန်လည်ပြေးဆွဲ ပေးနေပါပြီ။ ရန်ကုန် တိုင်းဒေသကြီးမှလွဲ၍ Q ဝင်ရန် သတ်မှတ်ချက်များသည် သက်ဆိုင်ရာ တိုင်းဒေသကြီးများ၏ နယ်‌မြေ သတ်မှတ်ချက်များအတိုင်းပြောင်းလဲနိုင်ပါသည် ။

✅ အသက်သာဆုံးစျေးနှုန်း
✅ အလျင်မြန်ဆုံးဝန်ဆောင်မှု
✅ ၂၄နာရီပတ်လုံး ပိတ်ရက်မရှိ ဝန်ဆောင်မှု
✅ တာဝန်ယူမှုအပြည့်နှင့် စိတ်ချယုံကြည်ရမှု
✅ အစုံလင်ဆုံး ငွေပေးချေမှုနည်းလမ်းများ

ရုံးသို့ ကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ဖို့ အဆင်မပြေသော Customer များအနေဖြင့် AYA Bank , CB Bank , KBZ Bank, Wave Money , KBZ Pay တို့ကနေ တစ်ဆင့် ငွေလွှဲ၍ ဝယ်ယူရရှိနိုင် ပြီး လက်မှတ်များကို Email , Viber , တို့မှ တစ်ဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ် ခင်ဗျ။
[ 🗺 Our Services ]
✅ Domestic & International Air Ticketing
✅ Worldwide Hotel Bookings
✅ Car Rental Service
✅ Hot Air Balloon Booking Service
✅ Free & Easy Tour Packages
✅ Exclusive & Incentive Tour Packages
✅ Corporate Travel Services

[ 📬 Contact Us ]
☎️ 09767028621
☎️ 09898330008 (24hrs & Viber)
🏡အမှတ် (68-A)၊ ရာကျော်လမ်း၊အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

Address

Yangon
100000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959767028621

Website

Alerts

Be the first to know and let us send you an email when Golden Fly Travel Agency & General Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Fly Travel Agency & General Service:

Share

Category