Marcopolo Travels & Tours

Marcopolo Travels & Tours A locally- owned excellent travel agency and tour operator in Myanmar that excels in providing sustainable unique travel services for our travellers .

Services Available:
* Package/FIT Tours
* Special Interest Tours
* Eco & Trekking Tours
* Wild Bird Watching Tours
* Bike Tours
* Hotel Reservation
* Air Ticketing (Domestic & International)
* Boat & Cruise Tickets
* Car Rental Service
* Tour Guide Service

08/03/2016

Happy Women's Day..

ကရင်ပြည်နယ်ရှိ ဆဒ္ဒန်ဂူသို့ အလည်တစ်ခေါက်
08/03/2016

ကရင်ပြည်နယ်ရှိ ဆဒ္ဒန်ဂူသို့ အလည်တစ်ခေါက်

03/03/2016

Greetings from Marco Polo Travels and Tours!!
Being selected among the tour operators in Myanmar in the frame of the Netherlands government supported CBI program, we will be presenting “ecological tour programs and community-based tour programs.”
Come and visit us at ITB Berlin Trade Fair to explore more about Myanmar!
We will be at ***Hall 26.B, stand 230 ***from March 9-13.
Feel Free To Call!! “0049-173-8454-794”

Khin Ni Ni Soe @ Flora
Managing Director
MARCOPOLO TRAVELS & TOURS
Ph: +95-9-975550539
Fax: +951532467
Email: [email protected]
[email protected]
www.marcopolotoursmyanmar.com

ပျော်ရွှင်ဖွယ်ကော့သောင်းခရီးစဉ် (၃ည၊၄ရက်)Day 1) Yangon-Kawthaungရန်ကုန်မှမနက် ၇း၃၀လေယာဉ်ဖြင့် ထွက်ခွာပြီး ကော့သောင်းမြို့...
14/01/2016

ပျော်ရွှင်ဖွယ်ကော့သောင်းခရီးစဉ် (၃ည၊၄ရက်)

Day 1) Yangon-Kawthaung

ရန်ကုန်မှမနက် ၇း၃၀လေယာဉ်ဖြင့် ထွက်ခွာပြီး ကော့သောင်းမြို့သို့ မနက် ၁၀း၄၀တွင် ရောက်ရှိပါမည်။4*အဆင့်ရှိ Victoria Cliff Hotel တွင် Check in ၀င်ပါမည်။ကော့သောင်းမြို့ရှိ မလိဝမ်းရေတံခွန်တွင် နေ့လည်စာသုံးဆောင်ပြီး ပျော်ရွှင်စွာရေကစားကြပါမည်။ထို့နောက် Sightseeingအနေဖြင့် (ရေပူစမ်း၊ရွှေတောင်ဦးမိဘမဲ့ကျောင်း၊ရှမ်းကျောင်း၊နှီးဘုရားကြီး၊၅၅၅လုံးတောင်၊ဘုရင့်နောင်ကုန်းမြေ၊ပြည်တော်အေးစေတီတော်၊၀ီတိုရိယပွိုင့်၊ဆိပ်ကမ်းသာပန်းခြံ)စသည်ဖြင့် လည်ပတ်ပါမည်။Hotelတွင် ညစာသုံးဆောင်ပြီး တစ်ညတာအိပ်စက်အနားယူပါမည်။

Day 2) Nyaun Oo Phee Island

Hotelတွင် မနက်စာသုံးဆောင်ပြီးနောက် ညောင်ဦးဖီကျောင်းသို့ Sစeed boat ဖြင့် သွားရောက်ပါမည်။ပင်လယ်ရေအောက်ရှိ သဘာဝအလှအပများကို ခံစားနိုင်ရန် Snorkeling လုပ်ပါမည်။ညောင်ဦးဖီးကျောင်းပေါ်တွင် ပင်လယ်၏သဘာဝရှုခင်းများကို ခံစားရင်း နေ့လည်စာသုံးဆောင်ကြပါမည်။ညနေတွင် Hotelသို့ပြန်ကာ ညစာသုံးဆောင်ပြီးနောက် အိပ်စက်အနားယူပါမည်။

Day 3) Yadana -Salone-Rich Man Island

Hotelတွင် မနက်စာသုံးဆောင်ပြီးနောက် ရတနာကျွန်း၊ဆလုံကျွန်း၊သူဌေးကျွန်းများသို့ Speed boatများဖြင့် သွားရောက်လည်ပတ်ပါမည်။ကျွန်းပေါ်ရှိ တောတောင်ရေမြေသဘာဝလှအပ ရှုခင်းများကို တောလမ်းများအတိုင်း ကြည့်ရှုခံစားပါမည်။ထိုနောက် သူဌေးကျွန်းရှိ Grand Andaman Club Hotelတွင် လှည့်လည်ကြည့်ရှုပြီးနောက် ညစာသုံးဆောင်ကြပါမည်။ထို့နောက် Victoria Cliff Hotelသို့ပြန်ကာ အိပ်စက်အနားယူပါမည်။
Day 4) Ranaung-Kawthaung-Yangon
Hotelတွင် မနက်စာသုံးဆောင်ပြီးနောက် ရနောင်းမြို့သို့ထွက်ခွာပါမည်။ရနောင်းမြို့တွင် Sightseeingအနေဖြင့် (ရေပူစမ်း၊မီးမလောင်ကျောင်း၊ဘုရင့်နန်းတော်ဟောင်း၊ဘေးမဲ့ငါးကန်)သို့ လည်ပတ်ကြပါမည်။နေ့လည်စာကို ရနောင်းမြို့ရှိ ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Tesco Shopping Mallတွင် ဈေးဝယ်ထွက်ပါမည်။ညနေတွင်ကော့သောင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ညနေ၄း၅၅တွင် ကော့သောင်းမြို့မှ လေယာဉ်ဖြင့် ထွက်ခွာပြီး ရန်ကုန်သို့ ည၇း၃၀တွင် ရောက်ရှိကာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

18/09/2015
အောက်တိုဘာ အထူး ခရီးစဉ်
15/09/2015

အောက်တိုဘာ အထူး ခရီးစဉ်

Japan for October beautiful holiday!!!
09/09/2015

Japan for October beautiful holiday!!!

"Yoke-Sone-Kyaung" (Salay Monastery) : A cultural heritage site in Salay
07/09/2015

"Yoke-Sone-Kyaung" (Salay Monastery) : A cultural heritage site in Salay

Cambodia Trip (3N/4D)Day  1 ) Yangon Interneational Airport မှတဆင့် Cambodiaနိုင်ငံ Siem Reap လေဆိပ်သို့ ထွက်ခွါ      ပါ...
29/08/2015

Cambodia Trip (3N/4D)

Day 1 ) Yangon Interneational Airport မှတဆင့် Cambodiaနိုင်ငံ Siem Reap လေဆိပ်သို့ ထွက်ခွါ ပါမည်။Airport တွင် ဒေသခံဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီးHotel သို့ပို့ဆောင်ပေးကာhotel တွင် တစ်ညတာအိပ်စက်အနားယူပါမည်။

Day 2) Siem Reap – Angkor Thom – Ta Prohm – Angkor Wat (B,L,D)
Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သော AngkorThom သို့သွားရောက်ကာထင်ရှားကျော်ကြားသည့်နေရာ များဖြစ်သောSouth Gate of Angkor Thom ၊ Bayon Temple Complex ၊ Terraces of Elephants ၊ Terrace of L***r King and Former Royal Palace စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။နေ့လည်ပိုင်းတွင် Ta Prohm Temple သို့ဆက် လက်ထွက်ခွါပါ မည်။ထိုမှတဆင့်Angkor Wat Temple နှင့်Angkor Wat Area အတွင်းရှိBakeng Hall သို့သွားရောက်ကာနေဝင်ချိန် Angkor Wat အလှကို ကြည့်ရှုခံစားနိုင်ပါသည်။ညစာသုံးဆောင်ပြီးနောက် Cambodia ၏ ယဉ်ကျေးမှုပဒေသာ အကပြပကိုကြည့်ရှု ပါမည်။Hotel တွင်အိပ်စက်အနားယူပါမည်။



Day3) Siem Reap (B,L,D)
Hotel တွင်နံနက်စာသုံးဆောင်ပြီးနောက် Siem Reap ၏တောင်ပိုင်း 12km ခန့်ဝေးသော ရေပေါ်ရွာသို့ သွားရောက်လည်ပတ်ကြပါမည်။ထို့နောက်Cambodia ၏လှပသာယာသော Tonle Sap Lake တွင်လှေစီးကာ သဘာဝရှုခင်းများကို ကြည့်ရှုခံစားကြပါမည်။ထို့နောက် မြို့လယ်ခေါင်ရှိ Artisans Dangkor သို့ဆက်လက် လည်ပတ်ပါမည်။နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တစ်ခုတွင်သုံးဆောင်ပါမည်။ပြီးလျှင်Cabodia Culture Village သို့သွားရေက်လည်ပတ်ပါမည်။ညစာကိုဒေသခံစားသောက်ဆိုင်တစ်ခုတွင်သုံးဆောင်ပြီး hotel တွင် အိပ်စက်အနားယူပါမည်။

Day 4)Siem Reap Departure (B)
Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် မိမိတို့စိတ်ကြိုက်ကိုယ်ပိုင်ချိန်ဈေးဝယ်ထွက်နိုင်ပါမည်။ထို့နောက် Flight Time ပေါ်မူတည်၍ Airport သို့ပို့ဆောင်ကာYangon သို့ပြန်လည်ထွက်ခွါပါမည်။

ပျော်ရွှင်ဖွယ် အီတလီ - ပြင်သစ်အထူးခရီးစဉ်(၁၁ည/၁၂ရက်)Day 1 )  Departure From Yangon                ရန်ကုန်မြို့ မင်္ဂလာဒုံအြ...
22/08/2015

ပျော်ရွှင်ဖွယ် အီတလီ - ပြင်သစ်အထူးခရီးစဉ်(၁၁ည/၁၂ရက်)

Day 1 ) Departure From Yangon ရန်ကုန်မြို့ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွါပြီး ပျော်ရွှင်ဖွယ် အီတလီအထူးခရီးစဉ်ကို အစပြုပါမည်။
Day 2) Milan (Half day Visit)
နံနက်အချိန်တွင်ကမ္ဘာ့Fashion မြို့တော်များတွင်တစ်ခုအပါအဝင် ဖြစ်သော Milanဖက်ရှင်မြို့တော်ကို ရောက်ရှိမည်ဖြစ်ပါသည်။Hotel တွင် Check in ပြုလုပ်ပြီးခဏတာအနားယူပါမည်။နေ့လည်ပိုင်းတွင် လှပသောမီလန်မြို့၏ အထင်ကရနေရာများသို့လှည့်လည်ကြည့်ရှုကြရင်း ဥရောပတွင်စတုတ္ထ အကြီးဆုံးဖြစ်သော Milan မီလန်မြို့၏ ကျက်သရေဆောင် Duomo Cathedral ဘုရားကျောင်းကြီး ကို လေ့လာ ရှုစားရင်း ၁၂ရာစု အတွင်းအလွန်ခေတ်စားကျော်ကြားခဲ့သောGothic Architecture (Gothic ဗိသုကာ လက်ရာများ) ကိုပါ လေ့လာနိုင်ကြ ပါမည်။ လှည့်လည်ကြည့်ရှူပြီးလျင် ဟိုတယ်သို့ ပြန်ကာအနားယူကြပါမည် ။

Day 3) Milan – Bologna
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Bologna မြို့ သို့သွားရောက် လည်ပတ်ကြပါမည်။ Bologna မြို့ရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးများ၊ Piazza Maggiore ၊ Piazza del Nettuno ရှိ Neptune Fountain ၊ San Petronio , Santo Stefano စသည့် သမိုင်းဝင်ခရစ်ယာန် ဘုရာကျောင်းများ၊ Archeological Museum နှင့် Due Torri (မျှော်စင်ညီနောင်) စသည့် စိတ်ဝင်စားဖွယ် နေရာများကို လေ့လာကြပါမည်။ညနေပိုင်းတွင်Milan မြို့သို့ပြန်လာပါမည်။ညစာစားပြီး ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 4) Milan – Verona – Milan
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာကျော်အချစ်သူရဲကောင်း ရိုမီရို နှင့် ဂျူးလီးယက် တို့၏ အထင်ကရမြို့တော် Verona သို့သွားရောက် လည်ပတ်ကြပါမည်။ထို့နောက်ဆက်လက်ထွက်ခွါကာဂျူးလီးယက်၏ သချိုင်္င်း နှင့် ရိုမီယို၏နေအိမ် သို့ သွားရောက်လည်ပတ်ပါမည်။ ပြီးလျင်ပြဇာတ် အဆောက်အအုံသို့ ဝင်ရောက် ကြည့်ရှုပြီး Milan သို့ပြန်ကာ Hotel တွင်အနားယူ အိပ်စက်ပါမည်။

Day 5 ) Milan – Venice – Florance
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဥရောပတို့ ၏ အလှတကာ ထွတ်ခေါင်ဟုတင်စားခြင်းခံရသောဗင်းနစ်မြို့ သို့ပျော်ပျော်ပါးပါးလည်ပတ် ကြပါမည်။ဗင်းနစ်မြို့၏ Gondola ဟု ခေါ်သောအီတလီရိုးရာလှေဖြင့် ဗင်းနစ်တူးမြောင်းထဲတွင်လှည့်ပတ်စီးနင်းပြီး ဗင်းနစ်မြို့ အလှကိုခံစား ကြည့်ရှူကြပါမည်။ထို့နောက်အလယ်ခေတ်ဥရောပတိုက်၏ကုန်သွယ်ရေး နှင့်ကူသန်းရောင်းဝယ်ရေး၏အချက်အချာဒေသတစ်ခုသာမကစီးပွားရေးအရ ထိုခေတ်အချိန်အခါကချမ်းသာကြွယ်ဝဆုံးသော ထင်ရှား ကျော်ကြား လှသည့် Florance မြို့သို့ သွားရောက်လည်ပတ်ကြပါမည်။Florance မြို့၏အလှအပများကိုလှည့်လည်ရှုစားကြပြီးနောက် Florance ရှိ ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

Day 6) Florance – San Marino – Perugia – Roma

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်Florance မြို့မှ ခရီးဆက်လက် ထွက်ခွါလာပြီး အီတလီကျွန်းဆွယ်ရှိSan Marino ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံ လေးသို့ရောက်ရှိပါမည်။San Marino ရှိထင်ရှားလှပသောသမိုင်းဝင်ခရစ်ယာန် ဘုရားကျောင်းများနှင့်အခြားသမိုင်းဝင်နေရာများသို့သွားရောက်လည်ပတ်ြက ပြီးထိုမှတဆင့် အီတလီနိုင်ငံအလယ်ပိုင်းရှိ Perugia တောင်ပေါ်မြို့သို့ ခရီးဆက်ကြပါမည်။ Perugia တောင်ပေါ်မြို့ရှိ ၁၃၀၈ ခုနှစ်တွင်စတင် တည်ထောင်ထားသည့် နာမည်ကျော်ကြားလှသော University of Perugia နှင့် ရှေးဟောင်းသမိုင်ဝင် အဆောက်


အဦးများ၊ ၄င်းတို့၏ စိတ်ဝင်စားဖွယ် ဗိသုကာလက်ရာများကို လေ့လာကြပါမည်။ထို့နောက်Rome မြို့သို့ခရီးဆက်ကာ Hotel တွင် Check in ပြုလုပ်ပြီးအိပ်စက်အနားယူပါမည်။

Day 7) Rome
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ရှူမဆုံးသောရောမမြို့ အနှံ့ လည်ပတ်ကြပါမည်။
ရောမမြို့၏အထင်ကရနေရာများဖြစ်သော Rome မြိှု့၌ အကြီးဆုံးဖြစ်ရုံသာမက ကမ္ဘာပေါ်ရှိ အထင်ပေါ် ကျော်ကြားဆုံးရေပန်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်သောTreviFountain ( Fontana di Trevi) ၊ ရောမမြို့လယ်ရှိ Colosseum ရှေးဟောင်းလူသတ်ကွင်း ၊ ရေပန်းများ၊ ရှေးဟောင်းအီဂျစ်ကျောက်တိုင်ကြီးများ နှင့် တန်ဆာဆင်ထားပြီး ကမ္ဘာလှည့်ခရီးသွားများ၏ အသည်းစွဲရာPiazza Navona ၊Trinità dei Monti ရှိ သမိုင်း ဝင် ခရစ်ယာန် ဘုရားကျောင်းများနှင့် Spanish Steps ကိုလေ့လာရင်း ဥရောပ၏အနုပညာ လက်ရာ များကို ရင်သပ်ရှူမောစရာတွေ့ မြင်ကြရမှာဖြစ်ပါတယ်။ညနေစောင်းအချိန်တွင်ရောမမြို ၏လွမ်းမောစရာနေဝင်ချိန်အလှကိုခံစားရင်းဈေးဝယ်ထွက်ကြပါမည်။
ပြီးလျှင်ဟိုတယ်သို့ ပြန်ကာအိပ်စက်အနားယူပါမည် ။

Day 8) Vatican City ( General Audience of Pope)
နံနက်စောစောဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျင်မာကိုပိုလိုခရီးသွားချစ်သူများခရစ်ယာန်သာသနာ၏ အထွဋ်အခေါင် ဖြစ်သော ပုပ်ရဟန်းမင်းကြီး နေထိုင်ရာ ဥရောပ၏ အသေးဆုံးနိုင်ငံဖြစ်သောဗာတီကန်မြို့တော်သို့ သွားရောက်လည်ပတ်ကြပါမည် ။ ဥရောပ၏အကျော်ကြားဆုံးပန်းပုပညာရှင်များဧ။်အနုပညာလက်ရာများကို ကြည့် ရှူပြီး စိန့် ပီတာရင်ပြင်သို့ သွားရောက် လေ့လာကာ ပုပ်ရဟန်းမင်းကြီး၏ သြဝါဒ မိန့်ခွန်း မြွက်ကြားသည့် General Audience of Pope ကိုပါဝင်ဆင်နွှဲကြပါမည်။ ပြီးလျှင်ဟိုတယ်သို့ပြန်ကာ ခေတ္တခဏအနားယူပြီး ပြင်သစ်နိုင်ငံ Paris မြို့သို့ခရီးဆက်ရန်ပြင်ဆင်ကြပါမည်။ Romeမြို့ တော်ကြီးမှ ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ် သို့ တဆင့် ထွက်ခွာမည်ဖြစ်သည် ။


Day 9 ) Paris Arrival & Half Day Visit

ကမ္ဘာ့နာမည်ကြီးFashion မြို့တော်တစ်ခုဖြစ်သော ပြင်သစ်နိုင်ငံ Paris မြို့သို့ ရောက်ရှိပါမည်။Hotel တွင် Check in လုပ်ကာ ခေတ္တ ခဏ အနားယူကြပါမည်။ ညနေပိုင်းတွင် Fashionမြို့တော်Paris မြို့၏ အလှအပများကို လှည့်လည်ကြည့်ရှု ကြပါမည်။ ဟိုတယ်သို့ ပြန်ကာအိပ်စက်အနားယူပါမည် ။

Day 10 ) Paris
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ရှူမဆုံးပဲရစ်မြို့ အနှံ့ သွားရောက် လည်ပတ်ပါမည်။ပဲရစ်မြို့တော်၏ကမ္ဘာကျော်ပြတိုက်တခုဖြစ်သောLouvre ပြတိုက်သို့သွား ရောက်လည်ပတ်ပါမည် ။ ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူ ပါမည် ။

Day 11 ) Paris – Yangon ( Departure )
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မြန်မာပြည်သို့ ပြန်ရန် ပြင်ဆင်ကြပါမည်။

Day 12) Yangon ခရီးသွားချစ်သူများရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိပြီးပျော်ရွှင်ဖွယ် အီတလီ - ပြင်သစ် အထူးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးမည်ဖြစ်ပါသည်။။

Address

No (87) , Insein Road , Sanyeiknyein, Kamaryut Township
Yangon
11040

Alerts

Be the first to know and let us send you an email when Marcopolo Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marcopolo Travels & Tours:

Share

Category