Myanmar Travel Ticket Tours

Myanmar Travel Ticket Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Travel Ticket Tours, Cruise Agency, Yangon.

07/04/2013

Opps!!! Mermaid!!! - Ngapali Beach, Myanmar

07/04/2013

The Maungmagan Beach located in Dawei District (Photo-EMG)

Maungmagan is a village and beach located approximately 12 kilometers north-west of Dawei, the capital of Thaninthayi region. It is the second oldest beach established in Myanmar after Ngapali.

It is approximately 45-minutes drive away from Dawei. It was a popular beach destination in Myanmar until the establishment of Chaungtha which is much closer to Yangon.

“Starting last year, the beach has been packed with visitors around the country. Last week, visitors from Kachin State came with three buses. Some were from Yangon.

Not only local group tours or families but also foreign travelers visit the beach very often now as Yangon- Dawei road is improved. I think more people will be visiting the beach in the future,” a shopkeeper said.

Though the number of visitors has increased in Maungmagan, there are not many places to accommodate the visitors.
“The main problem is not enough rooms for the visitors especially during holidays. There are only ten bungalows on the beach. It will be much more convenient
(for the visitors) if there are enough hotels on the beach. Many restaurants are located along the beach” a local shop owner said.

Dawei Development Public Company is planning to build more hotels on the beach. Investors have also expressed their interest in hotel business at Maungmagan beach area.

Credit to EMG

07/04/2013

ခရီးသွားလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များသို့
လာမည့် မြန်မာနှစ်ကူး မဟာသင်္ကြန်အခါ(၁၃.၄.၁၃ မှ ၁၇.၄.၁၃ရက်နေ့အထိ)တွင် ကားငှားရမ်းခများနည်းတူ အင်းဝမြင်းလှည်းခများလည်း ၁ ဆ ခွဲ(၉၀၀၀ကျပ်)သတ်မှတ်ယူမည်ဖြစ်ကြောင်းသတင်းရပါသည်။
နှစ်စဉ် မဟာသင်္ကြန်ကာလတွင် အများအလုပ်ပိတ်အနားယူသည့်နည်းတူ တိုးကားများ၊ စားသောက်ဆိုင်များ ၊မြင်းလှည်းများ အားလပ်ရက်ယူကြသော်လည်း အချို့ ကားများ၊စားသောက်ဆိုင်များ၊ ဆိုင်များ၊ မြင်းလှည်းများ၊လှေများ၊ဟိုတယ်များ က သင်္ကြန်ဈေး ၁ ဆ ခွဲယူပြီး လုပ်ကိုင်ကြပါသည်။
သို့သော် ဧည့်လမ်းညွှန် ၀န်ဆောင်ခနှုန်းထားများကတော့ ယခင်နှစ်များနည်းတူ ဈေးတိုးမယူဘဲ မူရင်းဈေးနှုန်းနှင့်သာ ဆောင်ရွက်လျှက်ရှိမည့် အကြောင်းကြားသိရပါသည်။
သင်္ကြန်အခါသမယတွင် မန္တလေးမြို့ ရှိ ဖွင့်မည့်စားသောက်ဆိုင်များ နှင့် ပြောင်းလဲမည့်ဈေးနှုန်းများကို စုဆောင်း အကြောင်းကြားပေးပါမည်။
ဝင်းဇော်ဦး

ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်သည့် အဆင့်အထိ မြင့်မည်.........................................................
07/04/2013

ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်သည့် အဆင့်အထိ မြင့်မည်..................................................................

အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်လျက် ရှိရာတွင် မြန်မာနိုင်ငံပေါ်သို့ အလွန်ပြင်းထန်သော အဆင့် နထအမနာနူနလနူ ၁၂ ဒသမ ၈ အထိ ယခုအပတ်အတွင်း ကျရောက်မည် ဖြစ်ကြောင်း www.uvawareness.com သတင်းစာမျက်နှာတွင် ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၆ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ကျရောက်မည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ သည် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အညွှန်းကိန်း ၆ ဒသမ ၇ မှ ၁၂ ဒသမ ၈ အထိ ရှိနိုင်ကြောင်း၊ အညွှန်းကိန်းသည် ၁၁ အထက် ကျော်လွန်ပါက Extreme အဆင့် သတ်မှတ်ထားပြီး ကာကွယ်မှုမဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း ယင်း website စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါရောင်ခြည် မြန်မာနိုင်ငံအပေါ် ကျရောက်ခြင်းကို တိုင်းတာချက်များအရ ပြီးခဲ့သည့် နှစ်များတွင် ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း အနေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသ တို့တွင် အညွှန်းကိန်း ၈ မှ ၁၀ အထိ သာရှိခဲ့သော်လည်း၊ ဖေဖော်ဝါရီလဆန်းမှ လက်ရှိအထိ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများဖြစ်သော တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အညွှန်းကိန်းပြင်းအား ၁၂ အထိ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ထပ်မံ၍လည်း မြောက်ပိုင်းဒေသများပါ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကလည်း ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန ကလည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမိုကျရောက်နိုင်ခြင်းကြောင့် ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် မီဒီယာများကတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ခရမ်းလွန်ရောင်ခြည်သည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ဖြစ်ပြီး ထိတွေ့မှုများပြားပါက မျက်စိတိမ်စွဲခြင်း အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြား ကင်ဆာရောဂါဖြစ်ခြင်းတို့ စသည့်ရောဂါများ ဖြစ်ပွားနိုင်ခြင်းကြောင့် ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အချိန်ခန့်အတွင်း အလုပ်လုပ်ကိုင်သူများ နေရောင်ခြည်အောက်တွင် သွားလာ လှုပ်ရှားသူများ၊ သင်္ကြန်တွင်း ရေကစားသူများနှင့် ကလေးငယ်များသည် သတိပြုကာကွယ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

07/04/2013

သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့် အစီအစဉ် အသိပေးကြေညာ

မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတို့တွင် သင်္ကြန်အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်၊ အမှတ်(၈)အစုန် အမြန်ရထားနှစ်စင်းအပြင် အထူးရထား နှစ်စင်းကို ဧပြီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ အစုန်အထူးရထား(၂)သည် နေပြည်တော်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ သင်္ကြန်အကြိုကာလအတွက် ဧပြီ ၁၂ နှင့် ၁၃ ရက်တို့တွင် အထူးရထား တစ်စင်းစီကို ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့ ပြေးဆွဲမည်ဖြစ်သည်။ သင်္ကြန်အလွန် ကာလအတွက် ဧပြီ ၁၇ ရက်တွင် သင်္ကြန်အထူးရထား(၁)စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း၊ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အထူးရထားနှစ်စင်းသည် ရန်ကုန် ဘူတာနှင့် မန္တလေးဘူတာမှ လည်းကောင်း၊ ဧပြီ ၂ဝ ရက်တွင် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း ပြေးဆွဲသွားမည် ဖြစ်သည်။ ရန်ကုန်-မန္တလေးအဆန် အထူးရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ မိနစ် ၄ဝ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။ ရန်ကုန်မှ နေပြည်တော် ခရီးစဉ်အပြင် လက်ရှိ အမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထား နှစ်စင်း အဖြစ် နောက်ထပ် အထူးရထား နှစ်စင်းကို ဧပြီ ၂၁ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန် အထူးရထား(၁) သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင် လည်းကောင်း၊ အဆန်အထူးရထား(၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင် လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ အထက်ပါ နေပြည်တော်-ရန်ကုန် အထူး(အစုန်/အဆန်) ရထားများကို ပျဉ်းမနား၊ တောင်ငူ၊ ပဲခူးနှင့် တိုးကြောင်ကလေး ဘူတာများတွင် ရပ်တန့်သွားမည် ဖြစ်ပြီး ရန်ကုန်-မန္တလေး အထူး(အစုန်/အဆန်) ရထားများကို တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာများတွင် ရပ်တန့်သွားမည်ဖြစ်သည်။ သင်္ကြန်ကာလ အတွင်း ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ အဆိုပါ အထူးရထား ပြေးဆွဲခြင်းကို ရပ်နားထားမည်ဖြစ်ရာ ခရီးသွားပြည်သူများ အချိန်မီသိရှိစေရန် မြန်မာ့မီးရထားမှ ကြိုတင်အသိပေး ကြေညာထားကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From > ၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

07/04/2013

တောင်ပြုံးပွဲ နှင့် အနွယ်တော်များ

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

ရွှေဖျဉ်းညီနောင်
တောင်ပြုံးပွဲဟာ ဗုဒ္ဓဘာသာနဲ့တော့ များစွာပတ်သက်မှုမရှိဘဲ “နတ်” တနည်းအားဖြင့် ၀ိဥာဉ် တို့ကို ကိုးကွယ်ပူဇော်တဲ့ “နတ်ပူဇော်ပွဲ” “နတ်ပွဲ”လို့ခေါ်ရမှာဖြစ်ပါတယ်။ (သို့သော်လည်း ပွဲတော်နောက် ဆုံးရက်မှာတော့ သံဃာတော်များအား ဆွမ်းဆန်စသည်တို့ကို လောင်းလှူတာမျိုးတော့ ရှိပါတယ်)။ နတ်ဝိဥာဉ်တို့ကို ငှက်ပျော၊ အုန်းစတဲ့ကတော့ပွဲများ၊ ပိုက်ဆံ၊ အရက်စတဲ့ ပစ္စည်းများဖြင့် ပူဇော်ပသကြပြီး၊ မြန်မာ့ဆိုင်းဝိုင်း တေးဂီတနှင့်အတူ နတ်နှင့်လက်ထပ်ထားတဲ့မိန်းမ (နတ်ရဲ့ဇနီးအဖြစ် ကောက်ယူထားတဲ့ နတ်ကတော်)၊ နတ်ဝင်သည် စသည်တို့ဟာ ဆိုလိုက်၊ ကလိုက်ဖြင့် ပူဇော်ပသကျင်းပတဲ့နတ်ပွဲ ဖြစ် ပါတယ်။
မြန်မာပြည်မှာတော့ ၄င်းနတ်အမျိုးအစားတွေဟာ အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်းနဲ့၊ တခြားသော ကြီးငယ်ရွယ်စုံ နတ်အပေါင်းကတော့ မရေမတွက်နိုင်အောင် များစွာရှိပါတယ်။ ဒီတော့ကား မြန်မာတစ်နိုင်ငံလုံးက နတ်မျိုးနတ်နွယ်တွေ လာရောက်ကြရတဲ့ အကြောင်းကိစ္စဖြစ်လေတော့ ဘုရားဝန်း ကျင်မှာ နတ်ကွန်း၊ နတ်နန်းတွေ ပြည့်လို့လျှံလို့ ချိမ့်ချိမ့်သဲလို့ နေပါတော့တယ်။
(၁၁) ရာစုခေတ်တုန်းက ဇာတ်ကြောင်းလေး တစ်ခုပါ။ မွန်လူမျိုးများ နေထိုင်ကြတဲ့ “သုဝဏ္ဏဘူမိ သထုံမြို့” ကို “မနူဟာမင်း” က အုပ်ချုပ်နေပြီး၊ ဗမာလူမျိုးများနေထိုင်ကြတဲ့ “ပုဂံမြို့ တော်”ကို “အနော်ရထာမင်း”က အုပ်ချုပ်နေပါတယ်။ သထုံမြို့ မနူဟာမင်းက အမြဲကိုးကွယ်နေတဲ့ ဘုန်းတော်ကြီးကျောင်းမှာ “ဗျတ်ဝိ၊ ဗျတ္တ”လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက် နေထိုင်နေကြပြီး၊ တစ်နေ့မှာ တော့ အဲဒီဘုန်းတော်ကြီးကျောင်းကဘုန်းကြီးဟာ တောထဲမှာသစ်သီးဝလံတို့ကို ရှာဖွေနေစဉ် “ဇော်ဂျီဖိုလ်ဝင်သား”ကို တွေ့ရှိခဲ့တယ်။ (ဇော်ဂျီဖိုလ်ဝင်သားဆိုတာ သိဒ္ဓိတန်ခိုးတို့ရရှိဖို့ ကျင့်ကြံအား ထုတ်နေတဲ့ပုဂ္ဂိုလ်ဟာ ဇော်ဂျီ (သို့) ၀ိဇ္ဇာမဖြစ်ခင် တစ်ဝက်တစ်ပျက်နဲ့ မအောင်မြင်ဘဲ သေလွန်ပြီး၊ သေးငယ်သွားတဲ့အရာဖြစ်တယ်။ သို့ပေမဲ့လည်း သိဒ္ဓီတန်ခိုးတွေ စွဲကျန်ရစ်နေသေးတယ်လို့ ဆိုပါတယ်။) ဘုန်းတော်ကြီးဟာ အဲဒါကို ကျောင်းသို့ဆောင်ယူလာပြီး၊ စားဖို့ရာအတွက် မီးကင်ထားခဲ့ပါတယ်။ အဲဒီနောက် ဒီကိစ္စကို ရှင်ဘုရင်ထံအကြောင်းကြားဖို့ နန်းတော်သို့ ထွက်လာခဲ့တယ်လို့ဆိုပါတယ်။
ကျောင်းမှာကျန်ရစ်ခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အသားကင်နံ့ရပြီး မစားရမနေနိုင်ဖြစ်ကာ ယူစားပစ်လိုက်ကြပြီး၊ ကျန်နေတဲ့အရိုးတွေကိုတော့ ဖိုးသူတော်ကစားပစ်လိုက်တယ်လို့ဆိုပါတယ်။ ဒီတော့ ကား သူတို့နှစ်ယောက်ဟာ သိဒ္ဓိတန်ခိုးတွေရသွားကြပြီး၊ ဘုန်းကြီးပြန်လာတဲ့အခါ အဆူခံရမှာစိုးလို့ ညီအစ် ကိုနှစ်ယောက်က ကျောက်ဖျာအောက်မှာ၊ ဖိုးသူတော်ကတော့ ၀ါးလုံးခေါင်းထဲမှာ ပုန်းနေကြတယ်လို့ ဆိုပါတယ်။ ဘုန်းကြီး ပြန်ရောက်လာတဲ့အခါမှာတော့ ဒေါသအမျက်ချောင်းချောင်းထွက်ရုံကလွဲပြီး ဘာမှမ တတ်နိုင်တော့ပါဘူး။ ဘုရင်လည်းပဲ ဒီအကြောင်းကိုကြားပြီး “ဒီညီအစ်ကိုနှစ်ယောက်ဟာ သိဒ္ဓိတန်ခိုး တွေရနေပြီဆိုတော့ တနေ့နေ့မှာ ငါ့ရဲ့အာဏာစက်ကို ထိပါးလားမှာ စိုးရိမ်ရတယ်။ ကောင်းကောင်းကိုင် တွယ်မှ ဖြစ်တော့မယ်” လို့ကြံတွေးခဲ့တယ်။ အဲဒီနောက် ညီအစ်ကိုနှစ်ယောက်ဟာ သထုံမြို့တော်ဒေသတ ခွင်မှာ လူစွမ်းကောင်းများအဖြစ်နဲ့ ကျော်ကြားလျှက်ရှိနေပါတယ်။
တနေ့မှာ အကိုဖြစ်သူ ဗျတ်ဝိနဲ့ မြို့အုပ်မင်းဦးကြောင်ဖားရဲ့သမီး မအိုဇာတို့ဟာ ချစ်ကြိုးသွယ် ခဲ့ကြတယ်။ ကံမကောင်းချင်တော့ မြို့အုပ်မင်းဟာ သူ့ရဲ့သမီးကို ရှင်ဘုရင်အားဆက်သဖို့ ရည်ရွယ်ထား တာပါပဲ။ တခုသောအချိန်မှာ အစ်ကိုဗျတ်ဝိနဲ့ မအိုဇာတို့နှစ်ယောက်အကြောင်း ဖခင်မြို့အုပ်မင်းနဲ့ ဘု ရင်ကြီးတို့ ကြားသိသွားကြတဲ့အခါမှာတော့ အလွန်ဒေါသထွက်ကာ ချိန်းဆိုတွေ့ဆုံနေစဉ်မှာပဲ ၀ိုင်းဝန်းဖမ်း ဆီးပြီး ကွပ်မျက်ပစ်လိုက်ကြတယ်။ သူ့ရဲ့အသွေးများဖြင့် မြို့တော်ကိုစည်းချကာ စောင့်ရှောက်စေခဲ့တယ်လို့ ဆိုပါတယ်။
ပုဂံမြို့တော်က အနော်ရထာမင်းဟာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး စတဲ့ သူရဲကောင်းလေးဦးစစ်သည်တို့နှင့် ညီဖြစ်သူဗျတ္တ၏ အကူအညီကိုပါရယူလျှက် သထုံမြို့မှာရှိတဲ့ မြတ်စွာ ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံကို ရယူဖို့ရည်ရွယ်ပြီး သထုံမြို့အထိ စစ်ချီတိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်မှု မအောင်မမြင်ဖြစ်နေစဉ် အစ်ကိုဗျတ်ဝိက ညီတော်အား သူ၏သွေးများမှလွတ်ရာ ကြက်မတစ်ဝပ်စာ လွတ်တဲ့နေရာမှ ဝင်၍တိုက်ရန်ညွှန်ကြားသဖြင့် ထိုနေရာမှပင် ဝင်ရောက်တိုက်ခိုက်တော့မှ သထုံမြို့ ကျရှုံးပါတော့တယ်။ စစ်နိုင်ပြီးတဲ့နောက် ပိဋကတ်သုံးပုံကိုလည်း ပင့်ဆောင်ခဲ့ပြီး၊ စစ်သုံ့ပန်းအဖြစ်နဲ့ မနူဟာမင်းကိုလည်း ဖမ်းဆီးလာခဲ့တယ်။ ညီဖြစ်သူ ဗျတ္တလည်းပဲ ပုဂံမြို့တော်သို့ အတူလိုက်ပါစေခဲ့တယ်။
အနော်ရထာမင်းဟာ ဗျတ္တလည်းပဲ အစွမ်းရှိသူဖြစ်လို့ တခုခုကိုင်တွယ်ဖို့ စဉ်းစားတဲ့အခါ “ဗျတ္တ၊ သင် မနက်တိုင်း ပုပ္ပါးတောင်ကပန်းကိုခူးပြီး ပုဂံနန်းတော်အရောက် ဆက်သရမည်။ အကယ်၍ ပန်းတော် ဆက်နောက်ကျခဲ့လျှင် သေဒဏ်ပေးခံရမည်” လို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီတော့ ဗျတ္တဟာ နံနက်တိုင်း ပုပ္ပါးတောင်ကပန်းကိုခူးပြီး နေ့ချင်းပြန် ပုဂံနန်းတော်ထိ ပန်းတော်ဆက်သနေရပါတော့တယ်။
အဲဒီလိုပန်းတော်ဆက်သနေရင်းနဲ့ပင် ဗျတ္တဟာ ပုပ္ပါးတောင်အရပ်မှာ နေထိုင်နေတဲ့ “မယ်ဝဏ္ဏ”လို့ခေါ်တဲ့ အမျိုးသမီးငယ်နဲ့ ရေစက်ဆုံချစ်ကျွမ်းဝင်ခဲ့ကြတယ်။ (မယ်ဝဏ္ဏကိုတော့ ပုပ္ပါးတောင်ကိုအုပ်ချုပ် နေတဲ့ ပန်းစားဘီလူးမလို့လဲ အများကသိနေကြပါတယ်။) နှစ်တွေလတွေကြာလာတော့ အမွှာပူး သား ယောင်္ကျားလေးနှစ်ဦးတို့ရလာပြီး ဒီကလေးနှစ်ယောက်လည်းပဲ သိဒ္ဓိတန်ခိုးတွေပါလာကြတယ်။ အဲဒီ နောက် ရှင်ဘုရင်က ညီအစ်ကိုနှစ်ယောက်အား “ရွှေဖျဉ်းအိုး” တစ်လုံးစီ လက်ဆောင်ပေးခဲ့လို့ သူတို့ကို “ရွှေဖျဉ်းညီနောင်” လို့ အမည်တွင်ပါတယ်။ အစ်ကိုကြီးကို “ရွှေဖျဉ်းကြီး”၊ ညီငယ်ကို “ရွှေဖျဉ်းငယ်”လို့လည်း ခေါ်ကြတယ်။ (အစွမ်းတန်ခိုးရှိသူများဖြစ်ပြီး စေလိုရာသုံးနိုင်တဲ့ နတ်ကျားတစ်ကောင်လည်း ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။) နှစ်ယောက်စလုံးအရွယ်ရောက်လာတဲ့အခါ ဘုရင့်တပ်မတော်မှာ စစ်မှုထမ်း နေကြပြီး အမြဲတမ်း ရှင်ဘုရင်ရဲ့ မြှောက်စားချီးမြှင့်မှုကို ခံကြရတယ်။ ဒါပေမဲ့ ဒီကိစ္စကို မနာလို၊ ၀န်တို၊ မနှစ်မျို့တဲ့ မှူးမတ်အချို့လည်း ရှိခဲ့ကြတယ်။ တစ်နေ့မှာ ဖခင်ဖြစ်တဲ့ ဗျတ္တဟာ မယ်ဝဏ္ဏနဲ့ ဆုံတွေ့ချိန်ကြာ သွားခဲ့လို့ ပန်းတော်ဆက်ချိန် နောက်ကျသွားခဲ့တယ်။ ဒီတော့ ဖခင်ဖြစ်သူဗျတ္တဟာ ပန်းတော်ဆက်နောက် ကျတဲ့အမှုနဲ့ပဲ သေဒဏ်ပေးခံလိုက်ရတယ်။
(၁၆.၁၂.၁၀၅၇) ရက်နေ့မှာ အနော်ရထာဘုရင်ဟာ သူရဲကောင်းလေးဦး၊ ရွှေဖျဉ်းညီနောင် တို့နှင့်အတူ စစ်သည်အလုံးအရင်းဖြင့် တရုတ်ပြည်၊ ယူနန်ပြည်နယ်(နန်ချိုပြည်နယ်)ကို ချီတက်ပြီး မြတ်စွာ ဘုရားရှင်ရဲ့ စွယ်တော်မြတ်ကိုရယူဖို့ ပုဂံမြို့တော်ကနေ ဖောင်တော်ဖြင့် ဧရာဝတီမြစ်အတိုင်း အထက် အညာသို့ ဆန်တက်ခဲ့ကာ၊ မန္တလေးမြို့ရဲ့မြောက်ဘက် တောင်ပြုံးရွာအနီးမှာ တပ်စခန်းချနေတယ်။ တရုတ်ပြည်ကိုစစ်ထိုးတဲ့အခါ ရွှေဖျဉ်းညီနောင်တို့က ဦးဆောင်ခဲ့ပြီး၊ (၁၀၅၈) ခုနှစ် စစ်ပြီး လို့ပြန်လာတဲ့အခါ အနော်ရထာဘုရင်ဟာ စစ်အောင်ပွဲအထိမ်းအမှတ်အနေနဲ့ တောင်ပြုံးအရပ်မှာ ဘုရားတည်ပါတယ်။ ယနေ့ “တောင်ပြုံးဘုရား”လို့ဘွဲ့အမည်တွင်ပါတယ်။
ကံမကောင်းစွာပါပဲ တစ်နေ့မှာ ဒီတောင်ပြုံးဘုရားပြီးမြောက်လို့ ဖူးမျှော်ဖို့ကြွလာတဲ့ အနော်ရထာ မင်းဟာ စေတီတော်ရဲ့တစ်နေရာမှာ အုတ်နှစ်ချပ်စာ လစ်လပ်နေတဲ့နေရာကို တွေ့မြင်လိုက်ရတယ်။ ဒီကိစ္စကို မေးမြန်းစုံစမ်းကြည့်တဲ့အခါ ယခင်ကတည်းက မလိုလားဖြစ်နေတဲ့ မှူးမတ်တွေက “ရွှေဖျဉ်းညီ နောင်ဟာ အရှင်မင်းကြီးကို အန်တုပုန်ကန်လိုတဲ့ဆန္ဒနဲ့ အုတ်နှစ်ချပ်လှပ်ထားတာဖြစ်ပါတယ်”လို့ ဂုန်းချော စကားပြောဆိုခဲ့တယ်။ ဒီစကားကို ကြားလိုက်ရတဲ့ အနော်ရထာဘုရင်ဟာ “ငါ့စကားကို နားမထောင်ရင် ဒီရွှေဖျဉ်းညီနောင်နှစ်ယောက်ကို ဆုံးမလိုက်ကြ” ဆိုတဲ့ အမိန့်သာလျှင် ပေးခဲ့ပေမဲ့ မလိုလားနေတဲ့ မှူးမတ် တွေက ကွပ်မျက်ပစ်လိုက်ကြတယ်။
ရွှေဖျဉ်းညီနောင်တို့ဟာ အသတ်ခံရပြီးနောက် နတ်စိမ်းများဖြစ်သွားကြပြီး တောင်ပြုံးဒေသမှာ နေထိုင်ခွင့်ပြုပါရန် အနော်ရထာမင်းထံတောင်းခံခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဘုရင်ဟာ ရွှေဖျဉ်း ညီနောင်တို့ကို တောင်ပြုံးမှာနေထိုင်ခွင့်ပြုခဲ့ပြီး၊ ဒီဒေသတစ်ခွင်လုံးရဲ့ ပူဇော်ပသမှုတို့ကိုခံယူစေဖို့ အမိန့် ထုတ်ပြီးကာ ပုဂံမြို့တော်သို့ ပြန်သွားခဲ့တယ်။
“တောင်ပြုံးဘုရားပွဲတော်ရက်များ”
စစ်ထွက်ပွဲ နှစ်စဉ် နတ်တော်လဆန်း ၁၄၊ ၁၅ ရက် (ဒီဇင်ဘာ)
စစ်ပြန်ပွဲ နှစ်စဉ် တပေါင်းလဆန်း ၁၄၊ ၁၅ ရက် (မတ်လ)
ဘုရားပွဲ နှစ်စဉ် ၀ါခေါင်လဆန်း ၈ ရက် မှ ၁၅ ရက်ထိ (သြဂုတ်လ)
တောင်ပြုံးဘုရားဟာ မန္တလေးမြို့ရဲ့မြောက်ဘက်သို့ မန္တလေးမတ္တရာကားလမ်းအတိုင်း (၈) မိုင် သွားပြီး၊ တောင်ပြုံးလမ်းခွဲမှ (၂) မိုင် (၅) ဖာလုံ ထပ်သွားရမှာဖြစ်ပါတယ်။ မန္တလေးမှ စုစုပေါင်း (၁၀) မိုင် (၅) ဖာလုံ အကွာမှာ တည်ရှိပါတယ်။

မန္တလေးဘိုးဘိုးကြီး
အနော်ရထာမင်းဟာ ဖခင်ကွယ်လွန်သွားပြီဖြစ်တဲ့ ရွှေဖျဉ်းညီနောင်အား အထိန်းတော်ဖြစ်တဲ့ ပုဏ္ဏားသား အမတ်ကြီးတစ်ဦးကို ထိန်းသိမ်းစောင့်ရှောက်စေခဲ့တယ်လို့ဆိုပါတယ်။ ရွှေဖျဉ်းညီနောင်တို့ဟာ တိုက်ရည်ခိုက်ရည် အလွန်ကောင်းပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူများ ဖြစ်ကြပါတယ်။ အဲဒါကြောင့် ရှင်ဘုရင်ရဲ့ အရေးပေးမြှောက်စားခြင်းကို ကောင်းစွာခံရသူများ ဖြစ်ခဲ့တယ်။
တရုတ်ပြည်စွယ်တော်ပင့်ပြီးအပြန် တောင်ပြုံးအရပ်မှာ ဘုရားတည်နေချိန်မှာ အထိန်းတော် အမတ်ကြီးကို မန္တလေးတောင်အရပ်မှာ တပ်စခန်းချထားစေခဲ့ပါတယ်။ ဒါပေမဲ့ မနာလိုဝန်တိုသူများကြောင့် ရွှေဖျဉ်းညီနောင်ဟာ အုတ်နှစ်ချပ်လပ်နေတဲ့အမှုနဲ့ ကွပ်မျက်ခံရတဲ့အခါ၊ ဒီအရေးအခင်းမှာ အထိန်းတော် အမတ်ကြီးလည်း အခါတော်ပေးသည် (အားပေးအားမြှောက်ပြုသည်) လို့ ဂုန်းတိုက်ခံရပြီး ကွပ်မျက်ဖို့ စေလွှတ်ခဲ့တယ်။ မန္တလေးတောင်စခန်းမှာ တပ်စခန်းချနေတဲ့ အထိန်းတော်အမတ်ကြီးဟာ ကြီးမားလှတဲ့ ကျောက်တုံးကြီးကို “ဆင်”အသွင်သို့ ဖန်ဆင်းပြီး ထွက်ပြေးဖို့ကြံစည်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဖမ်းမိ သွားခဲ့ပြီး ကွပ်မျက်ခံလိုက်ရတယ်။
ပုဏ္ဏားသားအထိန်းတော်ကြီးလည်း ကွပ်မျက်ခံရပြီးတဲ့နောက် နတ်စိမ်းဖြစ်သွားကာ မန္တလေး တောင်အရပ်မှာပဲ နေထိုင်ပြီး၊ “မန္တလေးတောင်ဘိုးဘိုးကြီး”(သို့) “မန္တလေးဘိုးဘိုးကြီး”လို့ အမည်တွင် ပါတယ်။ မန္တလေးတောင်ခြေ အရှေ့တောင်ဒေါင့်မှာ “ဘိုးတော်နတ်ဂူ”ဆိုပြီး “ဘိုးဘိုးကြီးနတ်နန်း”တည်ရှိပါတယ်။ ၄င်းဂူရဲ့အနီးမှာ အမတ်ကြီးဖန်ဆင်းခဲ့တဲ့ ဆင်ရုပ်သဏ္ဍာန်ကျောင်တုံးကြီးပေါ်မှာ စေတီ တည်ထားပါတယ်။ ယခင်က မန္တလေးတောင်ဘိုးဘိုးကြီးပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် ပွဲတော်မကျင်းပနိုင်တာ ကြာခဲ့ပါပြီ။
မယ်တော်မယ်ဝဏ္ဏ
ပုပ္ပါးမှာနေထိုင်တဲ့ ရွှေဖျဉ်းညီနောင်တို့ရဲ့ မယ်တော်ဖြစ်တဲ့ မယ်ဝဏ္ဏဟာ သားတော်နှစ်ပါး အသတ်ခံရတဲ့သတင်းကြားပြီး၊ ပူဆွေးဝမ်းနည်းကာ တောင်ပြုံးဘုရားထိ လိုက်လာခဲ့တယ်။ အပြန်လမ်းမှာ တော့ ယခုအမရပူရမြို့တော်ရဲ့ “ရတနာ့ဂူဘုရား”မှာ မယ်တော် မယ်ဝဏ္ဏဟာ သားတော်နှစ်ပါးကိုလွမ်း ဆွတ်တဲ့စိတ်နဲ့ပဲ ရင်ကွဲနာကျပြီး သေပွဲဝင်ခဲ့ရတယ်လို့ဆိုပါတယ်။ မယ်တော်မယ်ဝဏ္ဏလည်းပဲ နတ်စိမ်းဖြစ် ကာ “ရတနာ့ဂူဘုရား” မှာနေထိုင်တယ်လို့ ဆိုပါတယ်။
“ရတနာ့ဂူဘုရားပွဲတော်ရက်”
ရတနာ့ဂူဘုရားပွဲတော် (မယ်တော်မယ်ဝဏ္ဏပွဲ) ဟာ “တောင်ပြုံးပွဲ”အပြီး တစ်ပတ်ခန့်အကြာမှာ ကျင်းပပါတယ်။ ရတနာ့ဂူဘုရားဟာ မန္တလေးမှတောင်ဘက် (၁၁) ကီလိုမီတာအကွာ၊ အမရပူရမြို့ စစ်ကိုင်းလမ်းခွဲတွင် တည်ရှိပါတယ်။

သခင်မစောမွန်လှ
အနော်ရထာဘုရင်ဟာ တရုတ်ပြည်သို့ ဗုဒ္ဓမြတ်စွယ်တော် ပင့်ရန်သွားခဲ့စဉ် ဗန်းမော်လမ်း ကြောင်းမှသွားခဲ့ပြီး၊ ထိုမှ မိုင်းမောဝ်ပြည်နယ်သို့အရောက်မှာ ဆယ်လန့်ဒေသမှ မိုင်းမောဝ်စော်ဘွားကြီး စဝ်လုံဟုံ၏သမီးတော် မိုင်းမောဧကရီ စောမွန်လှ(စဝ်မွမ်းလ)နှင့် တွေ့ဆုံခဲ့တယ်။ တရုတ်ပြည်ကအပြန်မှာ တော့ စောမွန်လှအား လက်ဆက်ဆောင်နှင်း၍လာခဲ့ရာ၊ မင်းခံ(ယခုမင်းဂံ)အရပ်၌ စခန်းချပြီး ဆင်ဝပ်သော နေရာတွင် ဘုရားစေတီတစ်ဆူတည်ထားရန် ဆောင်ရွက်ခဲ့ကြတယ်။ သို့ဖြင့် ဆင်ဝပ်သောတောင်ပြုံး အရပ်၌ “တောင်ပြုံးဘုရား”တည်ရာတွင် သခင်မစောမွန်လှသည်လည်း ကုသိုလ်များစွာ ပါဝင်ဆောင်ရွက် ခဲ့တယ်။

သရဖီသစ္စာရှင် သခင်မမရွှေဥ
အလွန်ချောမောလှပတဲ့ အင်ကျယ်ရွာ (ယခုကြာနီကန်ရွာအရှေ့ဘက်)သူ မရွှေဥဟာ ကိုရင်မောင်နှင့် လူကြီးများသဘောတူစေ့စပ်ပြီး၍၊ တစ်အိုးတစ်အိမ်တည်ဆောက်ရန်၊ ကိုရင်မောင်အား အထက်အညာသို့ သစ်ဖောင်ချရန် စေလွှတ်ခဲ့သည်ဟုဆိုပါတယ်။ ထိုစဉ် တောင်ပြုံးအရပ်၌ ဘုရားတည် နေချိန်၊ ရွှေဖျဉ်းညီနောင်တို့ဟာ ယခု အိမ်ရှေ့မင်းထန်းတော (အင်ကျယ်ရွာ၏ အရှေ့မြောက်ဘက် သခင်မတောင်၏ အရှေ့ဘက်) သို့ နေ့စဉ် ထန်းရေသောက်လာရင်း မရွှေဥကိုမြင်တွေ့ကာ၊ ရွှေဖျဉ်းငယ်က ချစ်ကြိုက်သွားသည်ဟု ဆိုပါတယ်။ (မရွှေဥက စေ့စပ်ထားသူဖြစ်ကြောင်းဆိုသဖြင့် သစ်ဖောင်ချသွား နေသော ကိုရင်မောင်ကို လေမုန်တိုင်းဆင်၍ အနိစ္စရောက်စေသည်ဟုလည်းဆိုသည်။)
တစ်နေ့မှာ တောင်ပြုံးဘုရားပြီးမြောက်၍ ဘုရားပွဲတော်ကျင်းပနေဆဲမှာ၊ မရွှေဥဟာ ဘုရားပွဲလာ ရင်း သစ်ဖောင်ချပြန်လာမည့် ကိုရင်မောင်ကို စောင့်ကြိုရန် မြစ်ဆိပ်သို့ဆင်းလာစဉ် ရွှေဖျဉ်းညီနောင်တို့နှင့် ဆုံကြတယ်။ ချစ်ရေးဆိုသည်ကို လက်မခံသဖြင့် နတ်ကျားကိုခေါ်ပြီး ခြောက်လှမ့်ရာ နတ်ကျားက မရွှေဥ ကို ကိုက်ချီပြီးထွက်ပြေးသွားတော့တယ်လို့ ဆိုပါတယ်။ မရွှေဥကို ကျားချီသွားရာလမ်းတစ်လျှောက်မှာ ခါးစည်းကြိုးကျကျန်ခဲ့သောနေရာကို ယခုအခါ ဘုရားတည်ထားပါတယ်။ ကျားကိုက်သဖြင့် အသားတစ် များထွက်ကျတဲ့နေရာကိုလည်း ယခုအခါ နတ်စင်တစ်ခု တည်ထားပါတယ်။ နတ်ကျားဟာ တောင်ကျော တစ်နေရာ (ယခုအခါ သခင်မတောင်) အရောက်တွင် ပစ်ချထားခဲ့သည့်အချိန်မှာတော့ မရွှေဥဟာ အသက်ငွေ့ငွေပဲ ကျန်ပါတော့တယ်။ မရွှေဥဟာ နောက်ဆုံး ရှိသမျှအားကိုယူလျှက် လက်အုပ်ချီမိုးကာ မြတ်စွာဘုရားရှင်အားရှိခိုး၍ “ဘုရားတပည့်တော်သည် ကိုရင်မောင်ကလွဲ၍ အခြားမည်သူ့ကိုမျှ မချစ်ခဲ့ပါဘုရား။ ကိုရင်မောင်ကလွဲလျှင် အခြားသောယောင်္ကျားများသည် ဖွဲဆန်ကွဲဟုထင်ပါသည်ဘုရား။ ဤသစ္စာမှန်ကန်ပါက တပည့်တော်၏ ဦးထိပ်မှာ ပန်ဆင်ထားသော သရဖီပန်းတို့မှ သရဖီပင်များ ပေါက်ပါစေသား”ဟု သစ္စာဆိုပြီး အနိစ္စရောက်သွားပါတော့တယ်။ မရွှေဥရဲ့ ဆံထိပ်ဦးမှာ ပန်ဆင်ထားတဲ့ သရဖီပန်းတွေဟာ မြေမှာပြန့်ကျဲကုန်ပြီး ကြီးမားလှသောသရဖီပင်များစွာပေါက်နေတာဟာ သစ္စာအရှင် သခင် မရွှေဥဝိဥာဉ်သရဖီပင် လို့ဆိုရမလားပါပဲ။ မရွှေဥဟာ နတ်စိမ်းဖြစ်ပြီး ထိုတောင်မှာပင်နေထိုင်လို့ တင်စားခေါ်သောအားဖြင့် “သခင်မတောင်”(သခင်မ မရွှေဥတောင်) လို့ခေါ်လာခဲ့ကြပါတယ်။ မရွှေဥ အနိစ္စရောက်သွားတဲ့နေရာကို “ကျားတွင်း”လို့ ခေါ်ပြီး၊ နတ်နန်းလည်း တည်ရှိပါတယ်။ နှစ်စဉ် “ပန်း ကောက်ပွဲ” (သရဖီပန်းကောက်ပွဲ) (သို့မဟုတ်) “သခင်မတောင်ပွဲတော်”ကိုကျင်းပပြီး၊ ပွဲတော်ရက်က တော့ နှစ်သစ်ကူးသင်္ကြန်မတိုင်မီ တန်ခူးလဆန်း(၄)ရက်မှ(၈)ရက်ထိ ဖြစ်ပါတယ်။ ပွဲတော်ရက်မတိုင်မီ အတွင်း သရဖီပန်းကောက်ယူခွင့်မရှိဘူးလို့လည်း ဆိုကြပါတယ်။
မရွှေဥဟာ လူ့ဘဝကနေထိုင်သွားတဲ့ အင်ကျယ်ရွာကအိမ်တည်ရှိရာနေရာကို မှတ်သားသော အားဖြင့် တောင်ပေါ်ကနေ အလွန်ကြီးမားလှတဲ့ ကျောက်တုံးကြီးကို လှိမ့်ချပြီးမှတ်သားထားခဲ့လို့ ယနေ့ထိ တိုင် မရွှေဥရဲ့ အိမ်ပေါက်ဝမှာ ကျောက်တုံးကြီးတည်ရှိနေပါတယ်။ ဒေါ်သီးသနပ်ခါးက မရွှေဥ အိမ်တော်နတ်နန်းကိုလည်းကောင်း၊ ယက်ကန်းစင်ကိုလည်းကောင်း ဆောက်လုပ်လှုဒါန်းထားပါတယ်။ ယခုအခါ အုတ်တံတိုင်းခတ်လျှက်တည်ရှိပြီး အဓိဌာန်အောင်မြင်လို့ လာရောက်ပူဇော်ပသသူများဖြင့် စည်ကားလျှက်ရှိသည်ဟုဆိုပါတယ်။

07/04/2013

မန်းရွှေစက်တော် ဘုရားပွဲတော်

သောင်းနိုင်ဦး (ဧည့်လမ်းညွှန်)

ယခုနှစ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၈.၁.၂၀၁၂ (၁၃၇၃ ခုနှစ် တပို့တွဲလဆန်း ၅ ရက်နေ့) မှစတင်၍ ခြေတော်ရာဖွင့်ပွဲများဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ၁၇.၄.၂၀၁၂ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) တွင် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲပြုလုပ်ကာ ခြေတော်ရာပိတ်ပြီး ပွဲတော် ပြီးဆုံးမည်ဖြစ်ကြောင်းသိရပါသည်။
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ချထားပေးတော်မူခဲ့သော ခြေတော်ရာများကို ဌာပနာပြု၍ တည်ထားကိုယ်းကွယ်လာခဲ့သော မန်းရွှေစက်တော်ဘုရားများသည် ယနေ့ထက်တိုင် တည်ရှိနေလျှက် ဗုဒ္ဓဘာသာမြန်မာတို့၏ အထွဋ်အမြတ်ထားရာ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုပင် ဖြစ်ပါသည်။ မြန်မာပြည်တွင် ရက်ပေါင်းအများဆုံးကျင်းပသော အညာဒေသပွဲတော်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ပြည်သူအများ ကြည်ညိုသဒ္ဓါပွားနိုင်ရန်အလို့ငှာ မန်းရွှေစက်တော်ဘုရားသမိုင်းကို ထပ်မံတင်ပြလိုက် ပါသည်။
(မှတ်ချက်။ ။အောက်ပါဆောင်းပါးသည် လစဉ်ဘာသာပြန်ရေးသားပေးပို့နေသော တိုကျိုမြို့ရှိ Mingala Network မဂ္ဂဇင်း၊ Apr. 2011 Vol. 34 တွင် ဖေါ်ပြပြီးသော ဆောင်းပါးမူရင်းအတိုင်း ထပ်မံ ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။ ဂျပန်စာလေ့လာလိုသူများအတွက် လေ့လာမှတ်သားနိုင်ရန် ဂျပန်ဘာသာ ပြန်ပါ ထဲ့ပေးလိုက်ပါသည်။)

အခန်း(၁)
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ၊ သာဝတ္ထိမြို့၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်း သုံးနေတော်မူပါတယ်။
ထိုအချိန်မှာ သုနာပရန္တတိုင်း၊ ၀ါဏိစ္စဂါမရွာ(ယခု မြန်မာနိုင်ငံ၊ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့) တွင် မဟာပုဏ္ဏနဲ့ စူဠပုဏ္ဏဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ ၎င်းညီ အစ်ကိုနှစ်ယောက်ဟာ ကုန်သည်များဖြစ်ကြပြီး၊ တစ်လှည့်စီ လှည်းငါးရာနှင့်အတူ အိန္ဒိယနိုင်ငံသို့ ကူးသန်းရောင်းဝယ်နေကြပါတယ်။
အကိုဖြစ်သူ မဟာပုဏ္ဏဟာ ကူးသန်းရောင်းဝယ်သွားရင်း သာဝတ္ထိမြို့၊ ဇေတ၀န်ကျောင်းတော် အနီးမှာ ခေတ္တရပ်နားတည်းခိုနေစဉ်၊ မြို့သူမြို့သားများဟာ လှူဘွယ်ပစ္စည်းများနှင့်အတူ နေ့စဉ်နံနက် တစ်ကြိမ် ညနေတစ်ကြိမ် ဖြတ်သွားနေကြတာကို မဟာပုဏ္ဏကမြင်တွေ့နေရလို့ မေးမြန်းကြည့်တော့ “မြတ်စွာဘုရားရှင်ပွင့်တော်မူနေပြီဖြစ်ကြောင်း၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပြီး၊ တရားဒေသနာတော်များ ဟောကြားနေကြောင်း၊ ယခု မြတ်စွာဘုရားရှင်အား လှူဒါန်းရင်းနဲ့တရားနာရန် သွားရောက်မည်ဖြစ်ကြောင်း”ဖြေကြားသဖြင့် မဟာပုဏ္ဏလည်း စိတ်ဝင်စားကာ အတူလိုက်ပါသွားခဲ့ ပါတယ်။
မဟာပုဏ္ဏဟာ ဘုရားရှင်ရဲ့ တရားတော်ကိုနာယူပြီးတဲ့နောက် ဗုဒ္ဓဘာသာဝင်ဖြစ်ကာ၊ နောက်တစ်နေ့မှာ ဘုရားရှင်နှင့် နောက်ပါသံဃာငါးရာတို့ကို ပင့်ဖိတ်ပြီး ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်ပြီးလို့ တရားတော်များကိုနာယူပြီးနောက် မဟာပုဏ္ဏဟာ ရဟန်းပြုခွင့်ပေးပါရန် ခွင့်ပန်သဖြင့် ဇေတ၀န်ကျောင်း သို့ခေါ်ပြီး ရဟန်းပြုပေးလိုက်ပါတယ်။ ရဟန်းဖြစ်လာတဲ့ မဟာပုဏ္ဏဟာ အတူလိုက်ပါလာတဲ့ ကုန်သည်များ ကို ဌာနေသို့ပြန်လွှတ်ပြီး ကုန်ပစ္စည်းအားလုံးကိုလည်း ညီငယ်အားအပ်နှံကာ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေ၍ တရားဘာဝနာများ အားထုတ်နေပါတော့တယ်။ တစ်နေ့မှာ မဟာပုဏ္ဏရဟန်းဟာ သာဝတ္ထိမြို့ရဲ့ ချမ်းအေးလှတဲ့ ရာသီဥတုဒဏ်ကြောင့် ကောင်းစွာတရားအားမထုတ်နိုင်ဖြစ်သဖြင့် ဌာနေ ဖြစ်တဲ့ ၀ါဏိစ္စဂါမရွာသို့ပြန်၍ တရားအားထုတ်ခွင့်ပြုပါရန် ဘုရားရှင်ထံခွင့်တောင်းပါတယ်။ မဟာပုဏ္ဏ ရဟန်းဟာ မြတ်စွာဘုရားရှင်ထံမှ တရားတော်များကို နာယူပြီး၊ ၀ါဏိစ္စဂါမရွာသို့ပြန်ကာ ကောင်းစွာ တရားအားထုတ်နိုင်သဖြင့် ထိုနှစ်ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။ (မြန်မာပြည်ရဲ့ ပထမဦးဆုံးရဟန္တာဖြစ်ပါတယ်။)

အခန်း (၂)
ညီဖြစ်သူ စူဠပုဏ္ဏဟာ ကုန်သည်လုပ်ငန်းတွေကို ဆက်လက်တာဝန်ယူရပါတယ်။ တစ်နေ့မှာ ကုန်ရောင်းဝယ်အတွက် ခရီးမထွက်မီ အကိုကြီးမဟာပုဏ္ဏရဟန္တာအား ဆွမ်းကပ်လှူခြင်း၊ သီလခံယူ ဆောက်တည်ခြင်းကိုပြုပြီး၊ ယခုထွက်ခွာမည့် ရေလမ်းခရီးကိုစောင့်ရှောက်ပေးပါရန်ပြောကာ သင်္ဘော ခရီးစဉ် စတင်ခဲ့ပါတယ်။
စူဠပုဏ္ဏတို့ ကုန်သည်အဖွဲ့ဟာ ရေလမ်းခရီးသွားနေစဉ်လမ်းမှာ မာလာယုကျွန်းသို့ရောက်ရှိကြပြီး ကျွန်းပေါ်တက်ခဲ့ကြပါတယ်။ စားသောက်ရန် ချက်ပြုတ်ဖို့အတွက် ထင်းရှာထွက်ခဲ့ကြပြီး၊ သစ်ပင်များကို ခုတ်လှဲမီးရှို့ကြတဲ့အခါ အလွန်မွှေးကြိုင်လှတဲ့ ရနံ့များရရှိကြသဖြင့် သေချာစစ်ဆေးကြည့်ရှုလိုက်တော့ အလွန်တန်ဖိုးကြီးလှတဲ့ စန္ဒကူး (နံ့သာဖြူ) ပင်တွေဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် ပါလာတဲ့ ကုန်ပစ္စည်းအားလုံးကို စွန့်ပစ်ပြီး စန္ဒကူးပင်တွေကို ရသလောက်ခုတ်ကာ သင်္ဘောပေါ်တင်ကြတယ်။ အဲဒီအခါ စန္ဒကူးတောဟာ ကုန်လုနီးပါးအထိဖြစ်သွားတော့ အဲဒီစန္ဒကူးတောမှာ နေထိုင်တဲ့ဘီလူးတွေဟာ ဒေါသအမျက်ချောင်းချောင်းထွက်နေကြတယ်။ “ဒီလူသားတွေကို ဒီကျွန်းပေါ်မှာ သတ်ပစ်လိုက်ရင် ပုတ်စော်နံကုန်မှာစိုးလို့ သင်္ဘောထွက်ပြီးမှ နောက်ကနေလိုက်သတ်ပစ်မယ်” လို့လဲ ကြံစည်ကြိမ်းဝါး ထားကြတယ်။
သဘောင်္ထွက်ပြီး မကြာမီမှာပင် မုန်တိုင်းကြီး ရုတ်တရက် စတင်လာပြီး၊ အဲဒီနောက် လေကြမ်း၊ မိုးကြမ်းကျလာကာ ဧရာမလှိုင်းလုံးကြီးတွေ ထောင်တက်လာလိုက်တာ မိုးသက်မုန်တိုင်းကြားမှာ သင်္ဘော ဟာ နစ်တော့မလိုဖြစ်လို့ သဘောင်္သားအားလုံး “ကယ်တော်မူပါ၊ ကယ်တော်မူပါ”လို့ အော်ဟစ်ပြီး ဟိုပြေးဒီလွှာနဲ့ ပြာယာခတ်ကုန်ကြတယ်။ ဘီလူများ စတင်တိုက်ခိုက်နေကြပြီ။ စူဠပုဏ္ဏဟာ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံးမှာ သဘောင်္ဦးမှာမတ်တက်ရပ်ပြီး “နောင်တော်ကြီးကယ်တော်မူပါ” လို့ သုံးကြိမ်အော် ၍ အကူအညီတောင်းလိုက်တယ်။ နောင်တော် မဟာပုဏ္ဏရဟန္တာလည်း ကြားရသည့်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံမှ ကြွလာကာ သဘောင်္ဦးမှာရပ်တော်မူပြီး မိုးသက်မုန်တိုင်းကို တန်ခိုးတော်ဖြင့် ရပ်စဲပစ်လိုက်ပါတယ်။ ဒီလိုနဲ့ မဟာပုဏ္ဏရဟန္တာရဲ့ ကျေးဇူးတော်ကြောင့် သင်္ဘောဟာ ၀ါဏိစ္စဂါမရွာကို အန္တရာယ်ကင်းဘေးရှင်းစွာ ပြန်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် စန္ဒကူးအချို့ကို လှူဒါန်းလာသဖြင့် ၎င်းတို့ကိုကျောင်းတော်ကြီးဆောက်လုပ်ကာ၊ ၎င်းစန္ဒကူးကျောင်းတော်ကြီးကို ဆက်၍လှူဒါန်းမယ်လို့ စိတ်ကူးကာ မဟာပုဏ္ဏရဟန္တာကြီးဟာ မြတ်စွာ ဘုရားရှင်ကို ပင့်ဆောင်ဖို့ သာဝတ္ထိပြည်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားပါတယ်။
မြတ်စွာဘုရားရှင်ဟာ မဟာပုဏ္ဏရဲ့အလှူကိုလက်ခံတော်မူပြီး၊ ရှင်အာနန္ဒာအပါအ၀င် အတူ လိုက်ပါမည့် ရဟန္တာ (၄၉၉) တို့ကို စီစဉ်နေတော်မူချိန်မှာ၊ တာဝတိ`ံသာနတ်ပြည်က သိကြားမင်းရဲ့ (ပန္တုကဗလာမြကျောက်ဖျာ) ကလှုပ်တော်မူတယ်။ အကြောင်းရင်းကို သိကြားမင်းကြည့်လေသော်၊ မြတ်စွာဘုရားရှင် ၀ါဏိစ္စဂါမရွာကို ကြွချီဖို့အတွက် ရထားပျံလိုအပ်နေကြောင်း သိရသဖြင့်၊ ရထားပျံ (၅၀၀) ကိုစီမံပြင်ဆင်ပေးတော်မူပါတယ်။ ဘုရားရှင်ဟာ ရဟန္တာ (၄၉၉) ပါးကိုရထားပျံ (၅၀၀)ဖြင့် နောက်ဆုံး ရထားပျံတွင် ရဟန္တာမပါပဲ သုနာမရန္တတိုင်းသို့ ကြွတော်မူပါတယ်။ သုနာပရန္တတိုင်း (မကွေး) သို့မရောက်မီ လမ်းခုလပ် သစ္စာဗန္ဓတောင် အရောက်မှာ ဘုရားရှင်ဟာ ရထားပျံများကို ကောင်းကင်ယံထက်ရပ်တန့်စေ
ပြီး ထိုတောင်ပေါ်သို့ တစ်ပါးတည်းကြွတော် မူပါတယ်။

အခန်း (၃)
သစ္စာဗန္ဓတောင်မှာတော့ ယခင်က သစ္စာဗန္ဓမုဆိုးအဖြစ် နေခဲ့ရာမှ ကျွတ်တမ်းဝင်ပြီး ရသေ့ဝတ် ကာ ယခု သစ္စာဗန္ဓရသေ့တစ်ပါးနေထိုင်နေပါတယ်။
သစ္စာဗန္ဓမုဆိုးဟာ အရင်ဘ၀က ရွာတစ်ရွာမှာအလွန်ဆိုးသွမ်းတဲ့ နွားလားဥဿဖကြီးဖြစ်ခဲ့ဖူးပြီး၊ ရွာသူရွာသားတွေ ၀ိုင်းသတ်ကြလို့ သေဆုံးကာ ယခုဘ၀မှာ “မကုလ”လို့ခေါ်တဲ့ တောင်မှာ ခွန်အားဗလ နဲ့ပြည့်ဝတဲ့ မုဆိုးကြီးဘ၀ရခဲ့တယ်။ အရင်ဘ၀က နွားလားဥဿဖကြီးကို သတ်ခဲ့တဲ့ ရွာသူရွာသားတွေ ကတော့ ယခုဘ၀မှာ သမင်၊ ဒရယ်စတဲ့ အဲဒီမုဆိုးကြီးရဲ့ သားကောင်များဖြစ်လို့ နေပါတယ်။
အမဲလိုက်ခြင်းနဲ့အသက်မွေးနေတဲ့ မုဆိုးကြီးဟာ အကုသိုလ်တွေများလွန်းနေတာကို သိလိုက် ရတဲ့ သိကြားမင်းက ဒီဘ၀ကနေကယ်ချွတ်ဖို့ မုဆိုးအသွင်ဖန်ဆင်းပြီး မုဆိုးကြီးလာမည့် လမ်းကနေ စောင့်နေပါတယ်။ မုဆိုးနှစ်ယောက်တွေ့ကြတော့ ဒေသခံမုဆိုးက “ဟေ့ မုဆိုး၊ င့ါပိုင်နက်တောထဲကို ဘာလာလုပ်တာလဲ၊ ခုထွက်သွားစမ်း”လို့ပြောတော့၊ သိကြားမင်းမုဆိုးက “အေနီ ဆိုတဲ့သားကောင် တစ်ကောင်ပျောက်သွားလို့ လိုက်ရှာရင်းနဲ့ ဒီတောထဲထိရောက်လာခဲ့တာ၊ မင်းတွေ့အောင်ရှာပေးရမယ်။ မတွေ့ရင် လျော်ကြေးပေးရမယ်။ မပေးနိုင်ရင် ဒီတောထဲက ထွက်ပေးရမယ်”လို့ပြောပြီး လေးနှင့်မြှား အစုံပေးကာ တောင်ကုန်းတစ်နေရာမှာ ပုန်းကွယ်ပြီး စောင့်ကြည့်နေတယ်။ ၎င်းတောင်ကို “သိကြားပုန်း တောင်” လို့ ယနေ့တိုင် အမည်တွင်ပါတယ်။
ဒေသခံ မုဆိုးဟာ ခွန်အားဗလကြီးမားသော်လည်း လေးနှင့်မြှားကို အကြိမ်ကြိမ်တင်ပါ သော်လည်း ဘယ်လိုမှ တင်မရဖြစ်နေတယ်။ အဲဒီလို ဒုက္ခရောက်နေစဉ်မှာပဲ သိကြားမင်းက ပုန်းကွယ်ရာမှ ထွက်လာပြီး“သင်ဒီဒုက္ခက လွတ်ချင်သလား၊ လွတ်ချင်ရင်ငါ့ရဲ့သစ္စာစကားကို ခံယူရလိမ့်မယ်”“သင်က ဘာမို့လို့ သစ္စာစကားခံယူရမှာလဲ” လို့မေးတော့
“ငါဟာ သိကြားမင်းပဲ”ဟု သိကြားမင်းဟာ မူလပုံသဏ္ဍာန်ကို ပြန်ပြောင်းပြီး ပြောလိုက်တယ်။
“ဘာသစ္စာခံယူရမလဲ”
“ခုအချိန်ကစပြီး တောလိုက်ထွက်ရင် အထီးသတ္တ၀ါကိုသာ ပစ်ပါမယ်လို့သစ္စာဆိုပြီး ထွက်ပါ။ အဲဒီနေ့မှာ အထီးသတ္တ၀ါကိုသာ ပစ်ရမယ်။ နောက်တစ်ရက်ကျရင် အမသတ္တ၀ါတွေကိုသာ ပစ်ပါ့မယ်လို့ သစ္စာဆိုပြီးထွက်ပါ။ အဲဒီနေ့မှာ အမသတ္တ၀ါကိုသာပစ်ရမယ်။ လွဲမှားခဲ့ရင် သင်သစ္စာပျက်ပြီ” လို့ သိကြားမင်းကပြောတော့-
“ကောင်းပါပြီ”
လို့ မုဆိုးကြီးက သစ္စာပြုလိုက်တယ်။ ဒါကြောင့် သိကြားမင်းက မုဆိုးကြီး အကုသိုလ်တွေမလုပ်ဖြစ်အောင် သစ္စာပြုခဲ့လို့ သစ္စာဗန္ဓမုဆိုးလို့အမည် တွင်ပါတယ်။ “သစ္စာ” ဆိုတာ ကတိသစ္စာ၊ “ဗန္ဓ” ဆိုတာကတော့ နှောင်ဖွဲ့ခြင်း၊ တုတ်နှောင်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အဲဒီ သစ္စာဗန္ဓမုဆိုးကြီးနေတဲ့ တောင်ကိုလည်း “သစ္စာဗန္ဓတောင်” လို့ခေါ်ကြတယ်။
အဲဒီလိုနဲ့ မုဆိုးကြီးဟာ တောလိုက်ထွက်တဲ့အခါ အထီးတွေချည်းပစ်မယ်ဆိုတဲ့နေ့မှာ အမတွေချည်းသာတွေ့ရပြီး၊ အမတွေချည်း ပစ်မယ်ဆိုတဲ့နေ့မှာ အထီးတွေနဲ့ချည်းတွေ့ရတယ်။ အဲဒီရက်တွေမှာ မုဆိုးကြီးဟာ သတ်သတ်လွတ်စားပြီး အချိန်တွေကုန်ခဲ့ရတယ်။ (ဒီလိုဖြစ်အောင်လည်း သိကြားမင်းက တမင်တကာဖန်တီးထားတာလို့ ဆိုပါတယ်) အဲဒီနောက် သစ္စာဗန္ဓမုဆိုးကြီးဟာ စိတ်ပျက်လာပြီး လေးမြှားတွေကို တောင်ပေါ်ကပစ်ချစွန့်ပစ်ကာ အဲဒီတောင်ပေါ်မှာပဲ ရသေ့ဝတ်နေ လိုက်တယ်။ သစ္စာဗန္ဓရသေ့လို့ အမည်တွင်ပါတယ်။ အဲဒီ သစ္စာဗန္ဓရသေ့ကြီးကို တရားဟောဖို့ ဘုရားရှင် ဟာ ခေတ္တခဏ သစ္စာဗန္ဓတောင်ပေါ်ကို ကြွရောက်ဆင်းသက်တော် မူလာခြင်းဖြစ်ပါတယ်။

အခန်း(၄)
မြတ်စွာဘုရားရှင်က သစ္စာလေးပါးတရားကို ဟောကြားတော်မူပြီးသည့်အဆုံးမှာတော့ သစ္စာဗန္ဓရသေ့ကြီးဟာ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။ (သစ္စာဗန္ဓရဟန္တာဟာ မြန်မာပြည်ရဲ့ ဒုတိယမြောက်ရဟန္တာဖြစ်ပါတယ်။ ) အဲဒီနောက် ဘုရားရှင်ဟာ ရထားပျံ (၅၀၀) အနက် လွတ်နေတဲ့ နောက်ဆုံး ရထားပျံမှာ သစ္စာဗန္ဓရဟန္တာကို စီးစေပြီး ၀ါဏိစ္စဂါမရွာသို့ ဆက်လက်ကြွမြန်းတော်မူပါတယ်။
ဘုရားရှင်ဟာ မဟာပုဏ္ဏရဟန္တာလှူဒါန်းတဲ့ စန္ဒကူးနံ့သာကျောင်းတော်မှာ (၇)ရက်တိုင် သီတင်း သုံးပြီး နေ့ညမပြတ် တရားဒေသနာများ ဟောကြားတော်မူရာ တစ်ရက်လျှင် လူပေါင်းရှစ်သောင်း လေးထောင် ကျွတ်တန်းဝင်ကြပါတယ်။
ဘုရားရှင်ဟာ (၇)ရက်ပြည့်ပြီးနောက် မဟာပုဏ္ဏရဟန္တာအား ဒီစန္ဒကူးနံ့သာကျောင်းမှာနေ၍ သာသနာပြုပါဟု တာဝန်ပေးကာ သာဝတ္ထိပြည်သို့ ပြန်ကြွပါတယ်။ ယခုအခါ စန္ဒကူးနံ့သာကျောင်းဟာ မီးလောင်သွားပြီးဖြစ်လို့ ၎င်းကျောင်းတော်နေရာမှာ စေတီတည်ထားပါတယ်။ ၀ါဆိုလ ၄င်းဘုရားပွဲကာ လမှာဆိုလျှင် များစွာသောငါးတွေ ဘုရားဖူးလာကြလို့ ကုသိုလ်ရေးအတွက် ငါးစာကျွေးရတာဟာ စိတ်ဝင်စားစရာတစ်ခုပါ။ (အဲဒီငါးတွေဟာ မာလာယုကျွန်းရဲ့ စန္ဒကူးနံ့သာတောက ဘီလူးတွေကနေ ဖြစ်လာတာလို့ ဆိုကြပါတယ်။)

အခန်း (၅)
မြတ်စွာဘုရားရှင်ဟာ ၀ါဏိစ္စဂါမရွာမှအပြန်တွင် နမ္ပဒါမြစ် (ယခုမန်းချောင်း)မှ ဖြတ်သွားရာ နဂါးမင်းကထွက်၍ ပင့်ဆောင်သဖြင့် နဂါးပြည်ထိကြွကာ တရားဒေသနာဟောကြားတော်မူခဲ့ပါတယ်။ နဂါးမင်းက နောင်အခါ ကိုးကွယ်ပူဇော်ရန် ဘုရားရှင်၏ကိုယ်စား တစ်ခုခုပေးခဲ့ပါရန် တောင်းပန်သဖြင့် မြစ်ကမ်းစပ်တွင် ခြေတော်ရာတစ်ဆူကို ချထားပေးတော်မူခဲ့ပါတယ်။ ၎င်းပါဒစေတီဟာ ယခုအခါ “အောက်စက်တော်ရာဘုရား”လို့ အမည်တွင်ပြီး၊ မန်းချောင်းအနီးတွင်တည်ရှိသောကြောင့် “မန်းစက်တော်ရာဘုရား”“မန်းရွှေစက်တော်ဘုရား”လို့လည်း ခေါ်ဆိုကြပါတယ်။
အဲဒီနောက် ဘုရားရှင်ဟာ သစ္စာဗန္ဓတောင်ဘက်ဆီသို့ ဆက်၍ကြွသွားပြီ သစ္စာဗန္ဓရ သေ့ကြီးအား ဒီတောင်မှာနေရစ်ပြီး သာသနာပြုရန်တာဝန်ပေးတော်မူပါတယ်။ သစ္စာဗန္ဓရသေ့ကြီးဟာ လည်း ၀တ်ပြုကိုးကွယ်ရန် ဘုရားရှင်၏ကိုယ်စား တစ်ခုခုပေးသနားတော်မူပါရန်တောင်းပန်သဖြင့် ဘုရားရှင်ဟာ တောင်ပေါ်မှာ ခြေတော်ရာတစ်ဆူကို ချထားပေးပြီး သာဝတ္ထိပြည်သို့ ပြန်လည်ကြွသွားတော် မူပါတယ်။ ၎င်းပါဒစေတီကို ယခုအခါ “အထက်စက်တော်ရာဘုရား”လို့ အမည်တွင်ပါတယ်။

စက်တော်ရာတည်ရှိရာဒေသများမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှ မော်တော်ကားဖြင့် မိုင် (၃၀) ကျော် အကွာတွင်တည်ရှိသည်။ ရန်ကုန်နှင့်မန္တလေးတို့မှ ရွှေစက်တော်ဘုရားအထိ မော်တော်ကား ဖြင့်သွားလျှင် (၁၀)နာရီကျော် ကြာပါမည်။ ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၅)ရက်မှ တန်ခူးလနှစ်ဆန်း တစ်ရက်နေ့အထိ (၂)လကျော်ကြာစည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဒီနှစ် ပွဲတော်ရက်ကတော့ ( ၄.၂.၂၀၁၁ ) မှ ( ၁၇.၄.၂၀၁၁ ) ထိဖြစ်ပါတယ်။

07/04/2013

2013 Happy Thingyan Myanmar New Year Gift from MAI!

07/04/2013

ခရီးသွားလုပ်ငန်းဆိုတာ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းပါ။ ၀န်ဆောင်မှုမှာ အပြုံး၊ ဖော်ရွေမှု၊ စေတနာပါမှု ဒါတွေပါမှ ၀န်ဆောင်မှုဟာ နွေးထွေးမှာပါ။ လုပ်ငန်းတစ်ခုမှာ ထိပ်ပိုင်းက အုပ်ချုပ်သူတွေကအစ၊ အတွင်းကျကျလုပ်ကိုင်နေတဲ့ အော်ပရေတာတွေကအစ၊ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံနေတဲ့ Front Desk officers တွေကအစ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းရဲ့ အသေးစိတ်ကို သိထားရမှာဖြစ်သလို၊ မိမိဆိုင်ရာအလုပ်ကို တာဝန်ယူရဲတဲ့ စိတ်လည်းရှိရမှာပါ။ မြန်မာနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးလာသလို၊ ခရီးသွားလုပ်ငန်းဟာလည်း ဖွံ့ဖြိုးလာတယ်။ Hospitality မှာ နာမည်ကြီးပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေနေထိုင်တဲ့မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေရဲ့ ၀န်ဆောင်မှုတွေ ဒီထက်တိုးတက်လာပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ရာသီဥတုကြောင့် အပူရှောင်လိုသူများပင် လာရောက်မှု နည်းပါးလာသည့် ပြင်ဦးလွင်ကောင်းမြတ်ဖြိုး ( မြစ်မခ )by Myit Makha Mediagro...
07/04/2013

ရာသီဥတုကြောင့် အပူရှောင်လိုသူများပင် လာရောက်မှု နည်းပါးလာသည့် ပြင်ဦးလွင်

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 3 Apr, 2013

ပြင်ဦးလွင်မြို့တွင် နွေရာသီ၌ ငွေကြေးတတ်နိုင်သူများ လာရောက် အပူရှောင်လေ့ရှိသော်လည်း ယခုနှစ် အတွင်း အိမ်ငှားရမ်းမှုမှာ နည်းပါးလျက်ရှိကြောင်း အိမ်၊ခြံ၊မြေအကျိုးဆောင်များထံက သိရှိရသည်။



ထိုကဲ့သို့ အပူရှောင်ရန်အိမ်ငှားရမ်းမှုနည်းပါးရခြင်းမှာ ပြင်ဦးလွင်မြို့တွင်လည်း ရာသီဥတုပူနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြင်ဦးလွင်အိမ်၊ခြံ၊မြေအကျိုးဆောင်ဦးခင်မောင်ဝင်းက ပြောသည်။



“ဘယ်လိုကြောင့် ရယ်တော့မသိဘူးဗျ၊ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ ပြင်ဦးလွင်မြို့မှာလည်း တော်တော်ပူနေပြီ၊ ပန်ကာဖွင့်ပြီး နေနေရတယ်။” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။



၂၀၁၂ ခုနှစ်၌ အပူရှောင်ရန် အိမ်ငှားရမ်းသူများ ယခုနှစ်ထက် ပိုမိုများပြားပြီး ယခုနှစ်တွင်မူ မေးမြန်းစုံစမ်းဆဲ အဆင့်သာရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။



အိမ်ငှားရမ်းမှုနှင့်အိမ်ခြံရောင်းဝယ်မှု နည်းပါးလာခြင်းမှာ အိမ်၊ခြ၊ံမြေ၀ယ်ယူသူများက အစိုးရအား အခွန်(၃၅) ရာခိုင်နှုန်း ပေးဆောင်ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ရွှေညီကို အိမ်၊ခြံ၊မြေအကျိုးဆောင်က ပြောပြသည်။



“အရင်တုန်းက အစိုးရကို (၁၀)ရာခိုင်နှုန်းပဲ ပေးရတာ၊ အခုတော့ ၃၅ ရာခိုင်နှုန်း ၀ယ်သူက ပေးရတာဆိုတော့အရောင်းအ၀ယ် သိပ်မဖြစ်တော့ဘူး အမေးအမြန်းတွေပဲ ရှိတယ်” ဟု ရွှေညီကိုအိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောသည်။



ပြင်ဦးလွင်မြို့တွင် အိမ်အငှားဈေးနှုန်းမှာ ရပ်ကွက်၊ အကျယ်အ၀န်းတို့ အပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။ပြင်ဦးလွင်၌ အိမ်ငှားခဈေးနှုန်းများမှာ တစ်လလျှင် ကျပ် လေးသောင်း မှ ဆယ်သိန်းအထိဈေးရှိကြောင်း သိရသည်။ ပြင်ဦးလွင်မြို့တွင် အငှားအသွက်ဆုံးအရပ်မှာ မြို့သစ်ဘက်၌ ဖြစ်ကြောင်း သိရသည်။



“အများဆုံးငှားဖြစ်တာကတော့ မြို့သစ်ဘက်မှာပဲ အဲဒီမှာက အိမ်အလွတ်တွေ အများကြီးရှိတယ်။” ဟုဒေသခံတစ်ဦးက ပြောသည်။



၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် ပြင်ဦးလွင်မြို့၌ အိမ်ခြံမြေများ အ၀ယ်လိုက်ခဲ့ရာမှ ၂၀၁၂ ခုနှစ် နှစ်လယ်ခန့်တွင် မတန်တဆဈေးများ တက်ခဲ့ပြီးနောက် အရောင်းအ၀ယ်အေးခဲ့သည်မှာ ယခုအချိန်အထိဖြစ်ကြောင်း ပွဲစားတို့က ဆိုသည်။



ငွေကြေးတတ်နိုင်သူများအနေဖြင့် ပြင်ဦးလွင်မြို့ရှိကျေးရွာများတွင် ခြံမြေအလွတ်များ ၀ယ်ယူ၍ အိမ်ဆောက်ပြီး နွေရာသီတွင်လာရောက် အပန်းဖြေလျက်ရှိကြသည်။



ပြင်ဦးလွင်မြို့မှာ မန္တလေးတိုင်းအတွင်းရှိသော်လည်း တောင်ပေါ်မြို့ဖြစ်သဖြင့် နွေရာသီတွင် အပူချိန် မမြင့်မားခြင်းကြောင့် ငွေကြေးတတ်နိုင်သူများ အပူရှောင်ရန် စိတ်ဝင်စားသောမြို့တစ်မြို့လည်းဖြစ်သည်။



ပြင်ဦးလွင်မြို့သို့ အပူရှောင်ရန်အများဆုံးလာရောက်ကြသူများမှာ မန္တလေးမြို့၊ မိတ္ထီလာမြို့နှင့် မုံရွာမြို့တို့မှအများဆုံးဖြစ်ကြောင်းသိရသည်။



ပြင်ဦးလွင်မြို့၌ အပူချိန်တဖြည်းဖြည်းမြင့်တက်လာခြင်းမှာ သစ်တောများပြုန်းတီးမှုကြောင့်ဖြစ်နိုင်ကြောင်း ဒေသခံအချိုက သုံးသပ်ပြောဆိုကြသည်။



ထိုကဲ့သို့ သစ်တောပြုန်းတီးရခြင်းအကြောင်းရင်းမှာ ဘော်ဒါဆောင်များ၊ စစ်တပ်များအနေဖြင့်အစားအသောက်ချက်ပြုတ်ရာတွင် ထင်းကိုအသုံးပြုခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု ဒေသခံအချို့ကဆိုသည်။



ထို့အပြင် ပြင်ဦးလွင်မြို့တွင် ထုံးဖုတ်လုပ်ငန်းများပြုလုပ်လျက်ရှိရာ ထုံးဖုတ်ရာတွင် ထင်းများကိုအသုံးပြုခြင်းကြောင့် လည်းဖြစ်နိုင်ကြောင်း အချို့ကပြောကြသည်။



“ဒီမှာ တဖြည်းဖြည်းပူလာတာလည်းမပြောနဲ့ ဘော်ဒါဆောင်တွေ၊ စစ်တပ်တွေ ရှိနေတော့ ချက်ရေးပြုတ်ရေး အတွက် ထင်းခုတ်ကြတယ်လေ၊ ထုံးဖုတ်ရင်လည်း အမြစ်ပါမကျန် ထုံးဖိုထဲ ထည့်လို့ရတော့ ခုတ်လို့ရသမျှ အမြစ်ပါမချန် အကုန်ခုတ်နေကြတယ်။” ဟု ပြင်ဦးလွင်မြို့ရှိ နောင်ခမ်းကြီးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Myanmar Travel Ticket Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category