12/05/2024
ပေးကမ်းလှုဒါးန်ကပစ္စည်းဥစ္စါတိုးပွါး၏
အပြစ်တွေကိုပပျောက်စေ၏
အကျိုးထူးပိုင်ဆိုင်ရပေ၏
မြတ်နဗီصلى الله عليه وسلم မိန့်တော်မူလေသည်။
1/ဆင်းရဲကြပ်တည်းသူကိုပေးကမ်းလှူဒါန်းခြင်းကအလှူဒါနတခုသာလျင်ဖြစ်ပြီး၊(ဆင်းရဲကြပ်တည်းတဲ့ဆွေမျိုးသားချင်းကို)ပေးကမ်းလှူဒါးန်ခြင်းက အလှူဒါနဖြစ်ရုံမက၊ဆွေမျိုးအဆက်အသွယ်ထားခြင်း၏အကျိုးစဝါးဗ်ပါရရှိမှာဖြစ်ပါတယ်။
အို မိတ်ဆွေ။ နွမ်းပါးသူေတွ၊ချို့တဲ့နေတဲ့ဆွေမျိုးသားချင်းများကိုမပစ်ပယ်ထားလေနှင့်။
2/စွံပလွံသီးတလုံးပင်ဖြစ်ပါစေအသင့်တို့အနေဖြင့်အလှူဒါနပြုကြလေကုန်၊(ယင်းအလှူဒါနက)ဆာလောင်သူကို
ဆာလောင်မွတ်သိပ်ခြင်းမှဖယ်ရှားပေးလေ၏။အပြစ်များကိုရေကမီးကိုငြိမ်းသက်စေသလိုဖယ်ရှား၊ပလပ်စေ၏။
3/လျှို့ဝှက်စွာပေးကမ်းလှူဒါးန်ခြင်းက
ရဗ်အရှင်သခင်၏ဒေါသကိုငြိမ်းစေ၏။
4/မနက်ခင်းရောက်တိုင်းကောင်းကင်တမန်၂ပါးကဆော်ဩလေသည်မှာ။ ။ အိုاللهအရှင်(ကောင်းမွန်တဲ့နေရာမှာ၊အလ္လာအရှင့်လမ်းတော်မှာ၊မွန်မြတ်တဲ့လုပ်ငန်းတွေမှာ၊အရှင့်အမိန့်ကိုနာခံတဲ့နေရာတွေမှာ)ပေးကမ်းစွန့်ကြဲသူကိုအစားပြန်ချီးမြင့်တော်မူပါ၊(ပေးကမ်းစွန့်ကြဲရမည့်နေရာ၊တာဝန်ထိုက်သည့်ကိစ္စရပ်များမှာစေးနဲတွန့်တို၊ကုတ်စီးထားသူ)မပေးကမ်းပဲချုပ်တည်းထားသူကို(သူနှင့်သူ၏ဥစ္စါပစ္စည်းကို)ပျက်စီးစေတော်မူပါ။
အို ညီနောင်အပေါင်းတို့။
ချို့တဲ့၊ဒုက္ခတွင်းထဲေရာက်နေတဲအစ္စလာမ့်ညီနောင်အပေါင်းကိုမပစ်ပယ်ထားပါနဲ့၊(အထူးသဖြစ့်ဆွေမျိုးသားချင်းများကို)။
ပေးကမ်းခြင်းဖြင့်အသင့်၏ပစ္စည်းဥစ္စါမှာတိုးပွါးမှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရပေလိမ့်မည်။
အထူးသတိပြုရမည်မှာ မကောင်းတဲ့နေရာမှာ၊မကောင်းမှုကိုအားပေး၊အားမြှောက်လုပ်တဲ့နေရာမှာသုံးစွဲတာမဖြစ်လေနှင့်(အဆိပ်ပင်ရေလောင်းတာမဖြစ်လေနှင့်)။
အသင်ဟာတက်နိုင်ပါလျက်၊လှူဒါးန်နိုင်ပါလျက်မလှူပဲကုတ်စီးထားမည်ဆိုပါကအသင့်ပိုင်ဆိုင်မှုတွေမှာပျက်ဆီး၊ဆုံးရှုံးမှုေတွကိုရင်ဆိုင်ကြုံတွေရမည်ဖြစ်ကြောင်း
အထက်ေဖါ်ပြပါဩဝါဒတော်များကသတိပေးနှိုးဆော်ထားလေသည်။
الله အရှင်
ကျွန်တော်တို့တသွေအားအမြဲတစေကောင်းမွန်တဲ့အလုပ်၊နေရာတွေမှာအလှူရေစက်လက်နဲ့မကွာဆိုသလိုလှူဒါးန်၊ပေးကမ်းနိုင်စွမ်းချီးမြင့်တော်မူပါစေ။
မဟုတ်မမှန်တဲ့အလုပ်၊နေရာတွေမှာအားပေးသူများမဖြစ်ရန်ထိန်းသိမ်းတော်မူပါစေ။
စေးနဲ၊တွန့်တိုစိတ်ကိုကျွန်တော်တို့၏စိတ်နှလုံးများထဲမှဖယ်ရှားပေးတော်မူပါစေ။အာမီးန်