01/05/2026
ဂျပန် ရောက်ရှိပြီး လူငယ်များသို့
- - - - - - - - - - - - - - - - - - -
ကျွန်တော်လည်း သက်ဆိုင်ရာ အသိများကို ထပ်မံမေးပါမည်
သိသူများ ဖြည့်စွက်ပေးစေလိုပါသည်။
တိုင်ပင်သူကလည်း ဂျပန်စကား မကျွမ်းကျင်၍ တိတိကျကျ မပြောတတ်ရဲပါ။
နားလည် သလောက် ပြန်ရေးပေးပါသည်။
၁) အလုပ်သင် ၃ နှစ်ပြည့်အောင် လုပ်ပါတယ်။
အလုပ်က သဘောကျလို့ လုပ်ငန်းတူ၊ တိုကုတေး ဂီနော်ကို ပြောင်းဖို့ လုပ်ပေးပါတယ်။ ဗီဇာပြောင်းနေချိန် တိုကုတေး ကတ္ဆုဒိုး ဗီဇာ ကို ချပေးပါတယ်။
၂) တိုကုကေး ကတ္ဆုဒိုးနဲ့ ၂ လလောက် လုပ်ပြီးတော့ အခြား တိုကုတေး ဂီနော် လက်မှတ်တွေ လည်း ရှိလို့ အလုပ်က ထွက်လိုက်ပါတယ်။
တိုကုတေး ဂီနော် အလုပ်ကို ရှာရင်းနဲ့
ဗီဇာသက်တမ်းကလည်း ရှိနေတာမို့
စားသောက်ဆိုင်တွေမှာ အချိန်ပိုင်း ဝင်လုပ်ခဲ့ပါတယ်။
၃) တိုကုတေးဂီနော် စားသောက်ဆိုင်နဲ့အလုပ်ပေးမဲ့ အလုပ်ရလို့၊ ရှိအန်းကီကန်(အများမှားယွင်းးအခေါ် ကုမိအအိ) က လူနဲ့ ဗီဇာ သွားလျှောက်ပါတယ်။
၄) လဝက ဝန်ထမ်းက အလုပ်ရှာနေတုံး ဘာလုပ်ခဲ့ သလဲ မေးတော့ အချိန်ပိုင်းအလုပ် လုပ်ခဲ့တာကို ပြောခဲ့ပါတယ်။
၅) မြန်မာကတ္ဆုဒိုးကို
၆ လ ၂၈ နာရီ ချပေးပါတယ်
တိုကုတေး ဂီနော်ကို ချမပေးပါ
ဘယ်တိုကုတေးမှလည်း လျှောက်မရပါ
လျှောက်ချင်ရင် မြန်မာ ပြည်ပြန်လို့ ပြောပါတယ်။
အားလုံးကို
ကျွန်တော်သိသလောက်ကလေး
ခြုံကြည့်ရရင်
က) ဗီဇာ ကာလ ရှိပေမဲ့၊
တစ်ခုခု လွဲသွားရင်၊ တရားမဝင်တော့ဘူး ဆိုတာဟာ နိုင်ငံတစ်ကာ ဥပဒေ ဖြစ်ပါလျက်နဲ့ နိုင်ငံခြားသား တော်တော် များများဟာ လွဲမှားစွာ အသုံးပြုနေကြပါတယ်
ခ) အခြားနိုင်ငံသားဆိုရင် လဝက ဉပဒေ ချိုးဖေါက်လို့ ပြန်ရုံသာ ရှိပါသည်။
မြန်မာတွေသာ....
ဂ) ဗီဇာ ချမပေးတာက စားသောက်ဆိုင်ဗီဇာ ကန့်သက်လူဦးရေပြည့်သွားလို့ လည်း ဖြစ်နိုင်ပေမဲ့၊ (သူ့အပြောအရ) ဘာတိုကုတေးဂီနော်မှ လျှောက်မရဘူးဆိုတာ လဝက ဉပဒေကို ချိုးဖောက်လို့ ဘောင်ထဲကနေ ညစ်နည်း တစ်မျိုးလို့လည်း ဖြစ်နိုင်ပါတယ်။
ဒါဆိုရင်တော့ သတိထားကြပါ။
အလားတူ ကိစ္စ မျိုးကို
လွန်ခဲ့တဲ့ အနှစ်၄၀ကျော်က ကျွန်တော်လည်း ဖြစ်ခဲ့ ဘူးပါသည်။
မြန်မာပြည်ပြန်ပြီး COEအသစ် နဲ့ ပြန်ဝင်ရပါသည်။
ဤစည်းကမ်းချက်က ရှိနေတုံး ဖြစ်ပါမည်။
ကျွန်တော်တို့ တုံးက
အိမ်ပြန်ရတာ လွယ်သလို
ရီးစားနဲ့ ပြန်တွေ့ရလို့ ထီပေါက်သလို
ခံစားရပါသည်။
အခုအခါ ခေတ်က ပြောင်းနေပါပြီ။
မြန်မာပြည် ပြန်ဖို့ရာက
ကျားဖင်နိုက်ရတာထက် ခက်နေပါပြီ
ဒါ့ကြောင့်
စိတ်လိုက်မာန်ပါ
သို့မဟုတ်
တာဝန်ယူမှု တာဝန်ခံမှု မရှိသူစကားကို
ယုံပြီး၊
လွယ်လွယ်တွေး
ပေါ့ပေါ့မလုပ်ကြပါနဲ့
ဂျပန်မူလီကက ရှည်သလို
တစ်ရစ်ခြင်း ကြတ်တတ်ပါသည်။
သုခ(သား)
၂၀၂၆/၅/၁