EasyTicket

EasyTicket Selling intercity express bus ticket throughout Myanmar from various operators since 2009.

Call To Buy Ticket : 09-554 5454, 09-964 543354, 09-694 543354,
09-752 453354, 01-543354

ဝါဆိုလပြည့်🌕🌖🌝ဓမ္မစကြာနေ့ (သောကြာနေ့)(၂၃-၇-၂၀၂၁)ဖြစ်ပါသည်၊၊ဝါဆိုလပြည့်နေ့သည်...... ၁။ ဂေါတမဘုရားလောင်း     တောထွက်တော် မ...
23/07/2021

ဝါဆိုလပြည့်🌕🌖🌝
ဓမ္မစကြာနေ့ (သောကြာနေ့)

(၂၃-၇-၂၀၂၁)ဖြစ်ပါသည်၊၊

ဝါဆိုလပြည့်နေ့သည်......

၁။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်ခြင်း။

၂။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ တရားစတင်ဟောတော်မူသောနေ့ဖြစ်ခြင်း။

၃။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုပြတော်မူသောနေ့ဖြစ်ခြင်း။

၄။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်ခြင်း။

၅။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်ခြင်း။

၆။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်ခြင်း။

ရ။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်ခြင်း
ဟူ၍ဖြစ်ပါသည် …။

ဓမ္မစကြာ တရားတော်ကို လေ့လာကြည့်လျှင်......

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး

မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ

🙏 လောက၌
ဆင်းရဲဒုက္ခသည်အမှန်တကယ်ရှိ၏

🙏 ထိုဆင်းရဲဒုက္ခဖြစ်စေသည့်အကြောင်းရင်းမှန်မှာ စွဲလန်းတွယ်တာမှုကြောင့်ဖြစ်ပေ၏

🙏 ထိုဆင်းရဲဒုက္ခမှ လွတ်မြောက်ရာနိဗ္ဗာန်သည် အမှန်ရှိ၏

🙏 ထိုဆင်းရဲဒုက္ခမှလွတ်မြောက်ရာသို့ရောက်လိုလျှင် နည်းလမ်းအမှန်လည်းရှိ၏
ထိုနည်းလမ်းသည် မဂ္ဂင်(၈)ပါးအကျင့်ပေတည်း။

ဤသို့ လောက၌မှန်ကန်သော (သစ္စာလေးပါး) တရားကို သိမြင်စေရန်

ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ရဟန္တာစတင်ပေါ်ထွန်းသောနေ့ဖြစ်၍ ထိုနေ့ကို ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစင်္ကြာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစင်္ကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

၂၀၂၁ နှစ်သစ်အခါသမယမှာတစ်ကမ္ဘာလုံး ကပ်ရောဂါဘေးက ကင်းဝေးပြီး၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ။မြန်မာနိုင်ငံသ...
01/01/2021

၂၀၂၁ နှစ်သစ်အခါသမယမှာ
တစ်ကမ္ဘာလုံး ကပ်ရောဂါဘေးက ကင်းဝေးပြီး၊
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်ချမ်းသာ၊
ကိုယ်ကျန်းမာခြင်းရှိကြပါစေလို့ EasyTicket မှ
ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်ရှင်။

🪔သီတင်းကျွတ်ကာလ အခါသမယမှစ၍🪔ကျန်းမာရွှင်လန်း စိတ်အေးချမ်းကြပါစေ။ ရောဂါဘယတွေဖြစ်ပွါးနေတဲ့ ကာလကနေ ကူးစက်ခံရမှုမရှိဘဲ အမြန်ဆ...
31/10/2020

🪔သီတင်းကျွတ်ကာလ အခါသမယမှစ၍🪔
ကျန်းမာရွှင်လန်း စိတ်အေးချမ်းကြပါစေ။
ရောဂါဘယတွေဖြစ်ပွါးနေတဲ့ ကာလကနေ
ကူးစက်ခံရမှုမရှိဘဲ အမြန်ဆုံးကျော်လွှားနိုင်ပြီး
မိသားစုအားလုံးနှင့်အတူ စိတ်ကြည်နူးချမ်းမြေ့စရာ
သီတင်းကျွတ်ကာလလေးကို ဖြတ်သန်းနိုင်ပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်‌‌ရှင်...
ဒါန သီလ သမတ္ထ ဝိပဿနာများကို
မပျက်မကွက်ကြိုးစားအားထုတ်နိုင်ပြီး
အိုခြင်း ၊နာခြင်း ၊ သေခြင်းကင်းဝေးသော
မဂ် ဖိုလ် နိဗ္ဗာန်သို့
ဤဘဝ ဤခန္ဓာ ဤသာသနာအတွင်းမှာပင်
ရလွယ်ရောက်လွယ်နိုင်သောသူများ ဖြစ်ကြပါစေရှင်...
🙏🏻🙏🏻🙏🏻
EasyTicket

🙏🏻 ပုဂံမှာ ဘုရားဖူးလို့ လည်ပတ်လို့ရတဲ့ နေရာလေးတွေ    #ပုဂံ
30/07/2020

🙏🏻 ပုဂံမှာ ဘုရားဖူးလို့ လည်ပတ်လို့ရတဲ့ နေရာလေးတွေ #ပုဂံ

သက်ရှည်ကျန်းမာ နှစ်သစ်မှာရောဂါကပ်ဘေး ကင်းစင်ဝေးငြိမ်းအေးချမ်းသာ မြဲပါစေ 🙏
17/04/2020

သက်ရှည်ကျန်းမာ နှစ်သစ်မှာ
ရောဂါကပ်ဘေး ကင်းစင်ဝေး
ငြိမ်းအေးချမ်းသာ မြဲပါစေ 🙏


On this special day, celebrate life. Take a break from your busy schedule.Let your hair down, have fun and do what your ...
08/03/2020

On this special day, celebrate life.
Take a break from your busy schedule.
Let your hair down, have fun and do what your heart says.
Because today is your day.
Have a great Women's Day!

EasyTicket

EasyTicketရဲ့ဝန်ဆောင်မှု့ကို ဆယ့်တစ်နှစ်တိတိ ယုံကြည်စွာအားပေးခဲ့ကြတဲ့ မိတ်ဆွေများကပေးတဲ့ ခြောက်ကြိမ်မြောက် ခွန်အားများပါ...
29/02/2020

EasyTicketရဲ့ဝန်ဆောင်မှု့ကို ဆယ့်တစ်နှစ်တိတိ
ယုံကြည်စွာအားပေးခဲ့ကြတဲ့ မိတ်ဆွေများကပေးတဲ့
ခြောက်ကြိမ်မြောက် ခွန်အားများပါရှင့်
ကျေးဇူးတင်ပါတယ်ရှင်..

EasyTicket
29th February 2020

We are very happy to have clients like you.You are warm and a pleasure to deal with.We wish you a HAPPY NEW YEAR 2020 as...
01/01/2020

We are very happy to have clients like you.
You are warm and a pleasure to deal with.
We wish you a HAPPY NEW YEAR 2020 as cheerful as you.
#2020

၁၃၈၁ခုနှစ် မြန်မာနှစ်သစ်ကူးအချိန်အခါသမယမှစ၍ မိတ်ဆွေများအားလုံး ဘေးဘယာဝေးကွာပြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်နေ့ရက်တို...
17/04/2019

၁၃၈၁ခုနှစ် မြန်မာနှစ်သစ်ကူးအချိန်အခါသမယမှစ၍
မိတ်ဆွေများအားလုံး ဘေးဘယာဝေးကွာပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
နေ့ရက်တိုင်းမှာပြုံးပျော်ရွှင်လန်းမှုရရှိပီး
ဘဝခရီးလမ်းဖြောင့်ဖြူးသာယာကြပါစေလို့
EasyTicket မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မြန်မာ့ရိုးရာအတာသင်္ကြန်ရေနှင့်အတူရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းEasyTicket မှဆုမွန်ကောင်းပို့သပါတယ်ရှင့်..
11/04/2019

မြန်မာ့ရိုးရာအတာသင်္ကြန်ရေနှင့်အတူ
ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
EasyTicket မှ
ဆုမွန်ကောင်းပို့သပါတယ်ရှင့်..

ရွှေမန်းသူမှ ၂၀၁၉ ခု့နှစ် သင်္ကြန်ရုံးပိတ်ရက်အတွက် ကားလက်​မှတ်​​ရောင်းချမည့်​အစီအစဉ်ပါရှင့်      #ကားလက်မှတ်  #နေပြည်တော်
29/03/2019

ရွှေမန်းသူမှ ၂၀၁၉ ခု့နှစ် သင်္ကြန်ရုံးပိတ်ရက်အတွက် ကားလက်​မှတ်​​ရောင်းချမည့်​အစီအစဉ်ပါရှင့်

#ကားလက်မှတ် #နေပြည်တော်

ဒီတစ်​နှစ်​ဆုရတာနဲ့ဆို ၅ ကြိမ်​​မြောက်​ရှိခဲ့ပါပြီ။ ခရီးသည်​​တွေက အခွင့်အရေးနဲ့ခွန်အား​တွေပေးခဲ့လို့သာ ဒီလို ပထမဆုနဲ့ပီတ...
28/02/2019

ဒီတစ်​နှစ်​ဆုရတာနဲ့ဆို ၅ ကြိမ်​​မြောက်​ရှိခဲ့ပါပြီ။
ခရီးသည်​​တွေက အခွင့်အရေးနဲ့ခွန်အား​တွေပေးခဲ့လို့သာ ဒီလို ပထမဆုနဲ့ပီတိဖြစ်​ခွင့်ရတာပါ။
EasyTicket အဖွဲ့သား​တွေရင်​ထဲမှာ​တော့ ခရီးသည်​​တွေက ဘုရင်​တစ်​ဆူ( Customer is KING ) ပါ...
ပြည်​တွင်းပြည်​ပ​ လေယာဉ်​လက်​မှတ်​များ ဝယ်​ယူဖို့အတွက်​လည်း EasyTicket ကို
သတိရလိုက်​ပါနော်...

Address

Deliver Tickets To All Townships Of Yangon(1178, 4th Floor, Thamadi Street, Myittanyunt Qtr. Tamwe)
Yangon

Alerts

Be the first to know and let us send you an email when EasyTicket posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category