Charming Smile Travels & Tours

ရန်ကုန်မြို့ရှိလမ်းများ၏ ယခင်အမည်များပြန်ရှာပြိး တင်ပေးလိုက်ပါတယ်.🚍🚌🚍၁။ ဒါလဟိုဇီလမ်း (Dalhousie Road) = မဟာဗန္ဓုလလမ်း၂။ ...
29/05/2022

ရန်ကုန်မြို့ရှိလမ်းများ၏ ယခင်အမည်များပြန်ရှာပြိး တင်ပေးလိုက်ပါတယ်.🚍🚌🚍

၁။ ဒါလဟိုဇီလမ်း (Dalhousie Road) = မဟာဗန္ဓုလလမ်း
၂။ ဘားလမ်း (Barr Street ) = မဟာဗန္ဓုလပန်းခြံလမ်း
၃။ လွစ္စလမ်း (Lewis Street) = ဆိပ်ကမ်းသာလမ်း
၄။ ဖယ်ရာလမ်း (Phayre Road) = ပန်းဆိုးတန်းလမ်း
၅။ မဂိုလမ်း (Mogul Road) = ရွှေဘုံသာလမ်း
၆။ ကာနယ်လမ်း (Canal Street) = အနော်ရထာလမ်း (လမ်းမတော် ကျုံကြီးနား)
၇။ ဖရေဇာလမ်း (Fraser Road) = အနော်ရထာလမ်း (ကျောက်တံတား၊ ပန်းဘဲတန်းအနီး မြို့လယ်ခေါင်)
၈။ စထရန်းလမ်း (Strand Road) = ကမ်းနားလမ်း
၉။ စပတ်လမ်း (Sparks Road) = ဗိုလ်အောင်ကျော်လမ်း
၁၀။ သော်မဆင်လမ်း (Thompson Road) = ဗိုလ်တထောင်ဘုရားလမ်း
၁၁။ မောင်ထော်လေးလမ်း (Maung Htaw Lay Street) = ဗိုလ်ဆွန်ပက်လမ်း
၁၂။ ကော်မရှင်နာလမ်း (Commissioner's Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရန်ကုန်ဆေးရုံကြီးရှေ့လမ်း)
၁၃။ မောင့်ဂိုမာရီလမ်း (Montgomery Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း
၁၄။ ဘဂိုးဒါးလမ်း (Pagoda Road) = ရွှေတိဂုံဘုရားလမ်း
၁၅။ အက်ဒွပ်လမ်း (Edward Street) = ကုန်စျေးတန်းလမ်း
၁၆။ ဂေါ်ဒွင်လမ်း (Godwin Road) = လမ်းမတော်လမ်း
၁၇။ ခရစ်လမ်း (Christ Street) = ဗိုလ်မြတ်ထွန်းလမ်း
၁၈။ ယောက်လမ်း (York Street) = ယောမင်းကြီးလမ်း
၁၉။ စတော့ကိတ်လမ်း (Stockade Road) နှင့် ဂျူဒါအီစကယ်လမ်း (Judah Ezekiel Road) = သိမ်ဖြူလမ်း
၂၀။ မောင်ခိုင်လမ်း (Maung Khaing Street) = ဗိုလ်ရွဲလမ်း
၂၁။ ဟယ်လ်ပင်လမ်း (Halpin Road) = ပြည်ထောင်စုရိပ်သာလမ်း
၂၂။ ကင်းဘဲလ်လမ်း (Campbell Road) = ငါးထပ်ကြီးဘုရားလမ်း
၂၃။ ဒတ်ဖရင်လမ်း (Dufferin Road) = စန္ဒကူးလမ်း
၂၄။ ကုတ်ကိုင်းလမ်း (Kokine Road) = ကမ္ဘာအေးဘုရားလမ်း
၂၅။ မဂျစ်လမ်း (Masjid Road) = သမိန်ဗရမ်းလမ်း
၂၆။ လန်ကက်စတာလမ်း (Lancaster Road) = နဝဒေးလမ်း
၂၇။ မစ်ရှင်လမ်း (Mission Road) = အလုံလမ်း
၂၈။ ပရုမ်းလမ်း (Prome Road) = ပြည်လမ်း
၂၉။ စတီဗင်ဆန်လမ်း (Stevenson Road) = လှည်းတန်းလမ်း
၃၀။ ဗိုးလ်လမ်း (Voyle Road) = ဦးဝိစာရလမ်း
၃၁။ ၀င်ဒါမီယာလမ်း (Windermere Road) = သံလွင်လမ်း
၃၂။ ၀င်ဆာလမ်း (Windsor Road) = ရှင်စောပုလမ်း
၃၃။ ကီလီလမ်း = ဝါးတန်းလမ်း (လမ်းမတော်)
၃၄။ မော်တင်လမ်း = လမ်းသစ်လမ်း (လမ်းမတော်)
၃၅။ စိန်ဂျွန်းလမ်း = မင်းရဲကျော်စွာလမ်း (လမ်းမတော်)
၃၆။ အောလီဖင်းလမ်း = ရွှေတောင်တန်းလမ်း (လမ်းမတော်)
၃၇။ စတီဘင်ဆင်လမ်း = လှည်းတန်းလမ်း (လမ်းမတော်)
၃၈။ လတ္တာလမ်း = လသာလမ်း (လသာ)
၃၉။ ကရစ္စလမ်း = စဉ့်အိုးတန်းလမ်း (လသာ)
၄၀။ ဂွတ္တလစ်လမ်း = ဆရာစံလမ်း (ဗဟန်း)
၄၁။ လင့်ခ်လမ်း = ရွှေဂုံတိုင်လမ်း (ဗဟန်း)
၄၂။ လောင်း၀စ်လမ်း = အင်းယားမြိုင်လမ်း (ဗဟန်း)
၄၃။ ဂွတ္တလစ်ရိပ်သာလမ်း = သာယာ၀တီလမ်း (ဗဟန်း)
၄၄။ ဝိတိုရိယအဲဗင်းနယူးလမ်း = ဂျိုးဖြူလမ်း (ဗဟန်း)
၄၅။ ကင်းဂျော့အဲဗင်းနယူးလမ်း = ကွမ်းခြံလမ်း (ဗဟန်း)
၄၆။ ချင်းချောင်းအဲဗင်းနယူးလမ်း = ကမ္ဘောဇလမ်း (ဗဟန်း)
၄၇။ ရဲဒီယာအဲဇင်းနယူးလမ်း = ၀င်္ကာဘာလမ်း (ဗဟန်း)
၄၈။ ဟာမစ်တစ်လမ်း = သာသနာ့ရိပ်သာလမ်း (ဗဟန်း)
၄၉။ တာဝါလိမ်းလမ်း = ဗိုလ်ချုပ်ပြတိုက်လမ်း (ဗဟန်း)
၅၀။ မောင့်ပုလဲဆင့်လမ်း = ပုလဲလမ်း (ဗဟန်း)
၅၁။ ပတ်လိန်းလမ်း = နတ်မောက်လမ်းသွယ် ၁ လမ်း (ဗဟန်း)
၅၂။ ပတ်အဲဗင်းနယူးလမ်း = နတ်မောက်လမ်းသွယ် ၂ လမ်း (ဗဟန်း)
၅၃။ ကွန်ဘိုကေးရှင်းလမ်း = ဘွဲ့နှင်းသဘင်လမ်း (ကမာရွတ်)
၅၄။ ချန်စလာလမ်း = အဓိပတိလမ်း (ကမာရွတ်)
၅၅။ စိန်ဗင်ဆင့်လမ်း = ဇောတိကလမ်း (ကမာရွတ်)
၅၆။ မာတင်အဲဗင်နယူးလမ်း = ခပေါင်းလမ်း (ကမာရွတ်)
၅၇။ နစ်ကလပ်အဲဗင်းနယူး = နှင်းပန်းလမ်း (ကမာရွတ်)
၅၈။ ပီတာလမ်း = ကြယ်ပြာလမ်း (ကမာရွတ်)
၅၉။ အာတီးယားလမ်း = သီရိမင်္ဂလာလမ်း (ကမာရွတ်)
၆၀။ ကော်ပိုရေးရှင်းလမ်း = စည်ပင်လမ်း (ကျောက်တံတား)
၆၁။ ရှပ်ဇရပ်ဇ်လမ်း = ဘဏ်လမ်း (ကျောက်တံတား)
၆၂။ စိန်မိုက်ကယ်လမ်းကျယ် = မဏိမေခလာလမ်း (ကြည့်မြင်တိုင်)
၆၃။ စိန်မိုက်ကယ် ၁ လမ်း = ရေတွင်းကုန်း ၁ လမ်း (ကြည့်မြင်တိုင်)
၆၄။ စိန်မိုက်ကယ် ၂ လမ်း = ရေတွင်းကုန်း ၂ လမ်း (ကြည့်မြင်တိုင်)
၆၅။ ဝိုင်းလမ်း = သိန္နီလမ်း (ကြည့်မြင်တိုင်)
၆၆။ ဘလုတ်လမ်း = ဗာဒံပင်လမ်း (ကြည့်မြင်တိုင်)
၆၇။ ဟာဂျီ အေ နှင့် ဘီ လမ်း = သရက်တော ၁ လမ်း (ကြည့်မြင်တိုင်)
၆၈။ ဟာဂျီ ၂ လမ်း = သရက်တော ၂ လမ်း (ကြည့်မြင်တိုင်)
၆၉။ ဟာဂျီ ၃ လမ်း = သရက်တော ၃ လမ်း (ကြည့်မြင်တိုင်)
၇၀။ ဟာဂျီ ၄ လမ်း = သရက်တော ၄ လမ်း (ကြည့်မြင်တိုင်)
၇၁။ ကိုတင်းလမ်း = သစ်ခွပန်းလမ်း (ကြည့်မြင်တိုင်)
၇၂။ ချင်းချောင်း ၁ လမ်း = ဒေါန ၁ လမ်း (ကြည့်မြင်တိုင်)
၇၃။ ချင်းချောင်း ၂ လမ်း = ဒေါန ၂ လမ်း (ကြည့်မြင်တိုင်)
၇၄။ ချင်းချောင်း ၃ လမ်း = ဒေါန ၃ လမ်း (ကြည့်မြင်တိုင်)
၇၅။ ချင်းချောင်း ၄ လမ်း = ဒေါန ၄ လမ်း (ကြည့်မြင်တိုင်)
၇၆။ ချင်းချောင်း ၅ လမ်း = ဒေါန ၅ လမ်း (ကြည့်မြင်တိုင်)
၇၇။ ဘောဂါတန်းလမ်း = ဘောဂလမ်း (ကြည့်မြင်တိုင်)
၇၈။ ဝင်ဆာလမ်း = ရှင်စောပုလမ်း (စမ်းချောင်း)
၇၉။ ဟုမ်းလမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၀။ အင်းနစ်လမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၁။ ကာလီမာလမ်း = မဟာဘောဂလမ်း (စမ်းချောင်း)
၈၂။ ခရစ်ရှနာလမ်း = ရန်ကင်းလမ်း (စမ်းချောင်း)
၈၃။ ဂုရုလမ်း = သုခမိန်လမ်း (စမ်းချောင်း)
၈၄။ စုပရာမန်းနီးလမ်း = ရတနာလမ်း (စမ်းချောင်း)
၈၅။ စူရတီပန်းခြံလမ်း = ပန်းခြံလမ်း (စမ်းချောင်း)
၈၆။ ဒူဗလီလမ်း = မြေနီကုန်းဈေးလမ်း (စမ်းချောင်း)
၈၇။ နာသာလမ်း = မြဝတီလမ်း (စမ်းချောင်း)
၈၈။ မော်ဂင်ဝတ်လမ်း = ဓမ္မာရုံလမ်း (စမ်းချောင်း)
၈၉။ မူဆာကြီးလမ်း = အောင်တော်မူလမ်း (စမ်းချောင်း)
၉၀။ မဟာမက်ပတေးလမ်း = စေတနာလမ်း (စမ်းချောင်း)
၉၁။ မူလာအီစမန်လမ်း = ပဒေသာလမ်း (စမ်းချောင်း)
၉၂။ မဒရာစာလမ်း = ဗိုလ်မိုးလမ်း (စမ်းချောင်း)
၉၃။ ယူနီယံလမ်း = ပြည်ထောင်စုလမ်း (စမ်းချောင်း)
၉၄။ ရှောလမ်း = ခတ္တာလမ်း (စမ်းချောင်း)
၉၅။ ရစ်ရှီလမ်း = သပြေညိုလမ်း (စမ်းချောင်း)
၉၆။ လက်ချမီးလမ်း = သုခလမ်း (စမ်းချောင်း)
၉၇။ အင်ဂလန်မင်လမ်း = သီရိမင်္ဂလာလမ်း (စမ်းချောင်း)
၉၈။ အလဝါလမ်း = သော်တာလမ်း (စမ်းချောင်း)
၉၉။ ဂျိုးဇက်လမ်း = မြန်မာ့ဂုဏ်ရောင်လမ်း (တာမွေ)
၁၀၀။ ဂေါ်ဒွင်လမ်း = မြို့မကျောင်းလမ်း (ဒဂုံ)
၁၀၁။ စင်ဂနယ်ပဂိုးဒါးလမ်း = အလံပြဘုရားလမ်း (ဒဂုံ)
၁၀၂။ ဘောင်ဒရီလမ်း = ဓမ္မစေတီလမ်း (ဒဂုံ)
၁၀၃။ စတီးဝပ်လမ်း = မော်ကွန်းတိုက်လမ်း (ဒဂုံ)
၁၀၄။ ဆင်းဒဝစ်လမ်း = နတ်သျှင်နောင်လမ်း (ဒဂုံ)
၁၀၅။ ဆင်မဆင်လမ်း = ပန်တျာလမ်း (ဒဂုံ)
၁၀၆။ လင့်ခ်လမ်း = သံတမန်လမ်း (ဒဂုံ)
၁၀၇။ ထရန်စပို့လမ်း = အာဇာနည်လမ်း (ဒဂုံ)
၁၀၈။ နယူးလင့်လမ်း = စကားဝါလမ်း (ဒဂုံ)
၁၀၉။ လင်တက်စတာလမ်း = နဝဒေးလမ်း (ဒဂုံ)
၁၁၀။ လီဒီစလမ်း = ခရေပင်လမ်း (ဒဂုံ)
၁၁၁။ ဝင်ဒါမီယာအောက်လမ်း = ချင်းတွင်းလမ်း (ဒဂုံ)
၁၁၂။ ဝင်ဒါမီယာကုတ် = ရွှေလီလမ်း (ဒဂုံ)
၁၁၃။ ဝင်ဒါမီယာဂါးဒင်း = ဥယျာဉ်လမ်း (ဒဂုံ)
၁၁၄။ ဝင်ဒါမီယာပတ်ခ် = ဇော်ဂျီလမ်း (ဒဂုံ)
၁၁၅။ ဝင်ဒါမီယာကရဲဆင့်လမ်း = ပန်းဝါလမ်း (ဒဂုံ)
၁၁၆။ ကဲင့်လမ်း = စမုံလမ်း (ဒဂုံ)
၁၁၇။ ချပ်ခ်ျလမ်း = အိမ်တော်ရာလမ်း (ဒဂုံ)
၁၁၈။ ဇဖါးရှားလမ်း = ဇီဝကလမ်း (ဒဂုံ)
၁၁၉။ ဖရေဇာလမ်း = တော်ဝင်လမ်း (ဒဂုံ)
၁၂၀။ ဖော်ဆိုက်လမ်း = ကင်းဝန်မင်းကြီးလမ်း (ဒဂုံ)
၁၂၁။ ဘဒ်လမ်း = ပဒုမ္မာလမ်း (ဒဂုံ)
၁၂၂။ လှိုက်လမ်း = မင်းကျောင်းလမ်း (ဒဂုံ)
၁၂၃။ လော့ဖို့ဒ်လမ်း = စွယ်တော်လမ်း (ဒဂုံ)
၁၂၄။ အီဒင်လမ်း = ဗိုလ်တထောင်ဈေးလမ်း (ပုဇွန်တောင်)
၁၂၅။ ကေလမ်း = ကရမက်လမ်း (ပုဇွန်တောင်)
၁၂၆။ ကိတ်လမ်း = ကြာညိုလမ်း (ပုဇွန်တောင်)
၁၂၇။ ဂျေလမ်း = နံသာဖြူလမ်း (ပုဇွန်တောင်)
၁၂၈။ နေကရွန်းလမ်း = နေကြာလမ်း (ပုဇွန်တောင်)
၁၂၉။ ပို့ကော်မရှင်နာလမ်း = ရေဝန်လမ်း (ပုဇွန်တောင်)
၁၃၀။ ဟိဝ်လမ်း = စိန်ခြယ်လမ်း (ပုဇွန်တောင်)
၁၃၁။ လင်းစဒေါင်းလမ်း = ရာဇဓိရာဇ်လမ်း (ဗိုလ်တထောင်)
၁၃၂။ ကလပ်လမ်း = ၅၅ လမ်း (ဗိုလ်တထောင်)
၁၃၃။ တင်းပယ်လ်လမ်း = ဝတ်ကျောင်းလမ်း (ဗိုလ်တထောင်)
၁၃၄။ ဒပ်ဖရင်လမ်း = စန္ဒကူးလမ်း (ဗိုလ်တထောင်)
၁၃၅။ မေရိုးလမ်း = မေယုလမ်း (ဗိုလ်တထောင်)
၁၃၆။ သွန်မဆင် ပထမရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၁ လမ်း (ဗိုလ်တထောင်)
၁၃၇။ သွန်မဆင် ဒုတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၂ လမ်း (ဗိုလ်တထောင်)
၁၃၈။ သွန်မဆင် တတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၃ လမ်း (ဗိုလ်တထောင်)
၁၃၉။ သွန်မဆင် စတုတ္ထရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၄ လမ်း (ဗိုလ်တထောင်)
၁၄၀။ ဟိဇယ်ဝတ်လမ်း = ဧရာမြိုင်လမ်း (ဗိုလ်တထောင်)
၁၄၁။ အဒမိမ်ဆင်လမ်း = ၅၄ လမ်း (ဗိုလ်တထောင်)
၁၄၂။ ဂရန့်လမ်း = ကြာဖြူလမ်း (ဗိုလ်တထောင်)
၁၄၃။ ဘက်ထရီလမ်း = ဝရစိန်လမ်း (ဗိုလ်တထောင်)
၁၄၄။ လစ်ဖိလမ်း = မီးပြလမ်း (ဗိုလ်တထောင်)
၁၄၅။ အယ်လ်ဂျင်လမ်း = ဧကရာဇ်လမ်း (ဗိုလ်တထောင်)
၁၄၆။ ဘရွတ်ကင်းလမ်း = ဗိုလ်ကလေးဈေးလမ်း (ဗိုလ်တထောင်)
၁၄၇။ စပတ်လမ်း = ဗိုလ်အောင်ကျော်လမ်း (ဗိုလ်တထောင်)
၁၄၈။ ကနေဒီလမ်း = ဦးအောင်မြတ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၄၉။ ကင်းအက်ဒွပ်အဲဗင်းနယူး = ဗိုလ်မင်းခေါင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၀။ လစ်ကင်းလံစစ်စတားလမ်း = ဒေါ်သိန်းတင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၁။ အီဗင်ဆင်လမ်း = မြယာကုန်းလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၂။ ဘိုးလိန်းလမ်း = ဗညားဒလလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၃။ စိန်အန်ထော်နီလမ်း = ဦးဖိုးကျားလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၄။ နီကိုလ်းလမ်း = ငမိုးရိပ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၅။ မတ္တရီကာလမ်း = သစ္စာလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၆။ အဲရိုးလိန်းလမ်း = နောင်ရိုးလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၇။ သမိုင်းလင့်ခ်လမ်း = ကျိုက်ဝိုင်းဘုရားလမ်း (မရမ်းကုန်း)
၁၅၈။ ဒူးဘန်းလမ်း = မေလိခလမ်း (မရမ်းကုန်း)
၁၅၉။ ယာဒီလမ်း = သလ္လာဝတီလမ်း (မရမ်းကုန်း)
၁၆၀။ ကိုဟင်းလမ်း = ရွက်လှလမ်း (မရမ်းကုန်း)
၁၆၁။ ကရ်စ်ခ်လမ်း = သိင်္ဂီလမ်း (သင်္ဃန်းကျွန်း)
၁၆၂။ ချန်စဖို့လမ်း = အောင်သီရိလမ်း (သင်္ဃန်းကျွန်း)
၁၆၃။ စော်လမွန်လမ်း = ဥယျာဉ်လမ်း (သင်္ဃန်းကျွန်း)
၁၆၄။ တင်းပယ်လ်လမ်း = ဘောဂလမ်း (သင်္ဃန်းကျွန်း)
၁၆၅။ ကာပင်တိုင်လမ်း = ယုဇနလမ်း (သင်္ဃန်းကျွန်း)
၁၆၆။ ပနဒီယာလမ်း = သော်ကလမ်း (သင်္ဃန်းကျွန်း)
၁၆၇။ ဘာတာဖီလ်းလမ်း = နှင်းဆီကုန်းလမ်း (သင်္ဃန်းကျွန်း)
၁၆၈။ ဘတ်စ်လမ်း = မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၆၉။ မဟူရာဂျာလမ်း = မဟာမြိုင်လမ်း (သင်္ဃန်းကျွန်း)
၁၇၀။ ရှီမူရမ်လမ်း = အောင်မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၇၁။ ရမ်းမင်းလမ်း = ယုဝလမ်း (သင်္ဃန်းကျွန်း)
၁၇၂။ ဝိတိုရိယလမ်း = ရတနာလမ်း (သင်္ဃန်းကျွန်း)
၁၇၃။ ဝီလျံလမ်း = သီတာအေးလမ်း (သင်္ဃန်းကျွန်း)
၁၇၄။ ဟာဒင်လမ်း = အောင်သုခလမ်း (သင်္ဃန်းကျွန်း)
၁၇၅။ ဟာမစ်ရှင်လမ်း = ဟင်္သာတလမ်း (သင်္ဃန်းကျွန်း)
၁၇၆။ အဗူးကေတဘာလမ်း = ကြိုးစက်ရုံလမ်း (သင်္ဃန်းကျွန်း)
၁၇၇။ အားနိုလ်းလမ်း = ပြည်တော်သာလမ်း (သင်္ဃန်းကျွန်း)
၁၇၈။ ကောလိပ်လမ်း = သခင်မြပန်းခြံလမ်း (အလုံ)
၁၇၉။ ကူရှင်လမ်း နှင့် အနောက်လမ်း = အောင်ရတနာလမ်း (အလုံ)
၁၈၀။ ဆူပါပင်လမ်း = ငုဝါလမ်း (အလုံ)
၁၈၁။ ဖူးကားလမ်း = စကားစိမ်းလမ်း (အလုံ)
၁၈၂။ ဖိုက်ခ်ျလမ်း = ရှမ်းလမ်း (အလုံ)
၁၈၃။ ချန်းမာဖီလမ်း = နှင်းဆီလမ်း (အလုံ)
၁၈၄။ စတားရက်လမ်း = နွယ်သာကီလမ်း (အလုံ)
၁၈၅။ နော်မန်ကျောင်းလမ်း = နံ့သာလမ်း (အလုံ)
၁၈၆။ ဖွိုင်လမ်း = ရန်ပိုင်လမ်း (အလုံ)
၁၈၇။ ဘင်တန်လမ်း = သီတာလမ်း (အလုံ)
၁၈၈။ ဆရာမတ်ကြီးလမ်း = ဝေဘာဂီလမ်း (အလုံ)
၁၈၉။ ပိုင်းလမ်းဖြတ်လမ်း ၁ = သိန္နီဖြတ်လမ်း ၁ လမ်း (အလုံ)
၁၉၀။ ပိုင်းလမ်းဖြတ်လမ်း ၂ = သိန္နီဖြတ်လမ်း ၂ လမ်း (အလုံ)
၁၉၁။ ၃ = သိန္နီဖြတ်လမ်း ၃ လမ်းပိုင်းလမ်းဖြတ်လမ်း

Credit to Original Writer

20/04/2022

ရုတ်တရက်ကလစ်တွေနည်းသွားတော့ ကျွန်တော်တို့တွေ သတိမေ့နေတဲ့သူတွေကိုပြန်လှုံ့ဆော်ကြရအောင်ပါခင်ဗျာ။

ကလစ်လုပ်တာဟာ လက်ရှိမှာ လုပ်ပေးနေကြသူ 27000 နဲ့ 30000 ကြားမှာရှိနေပြီးတော့ တစ်လကို သိန်းပေါင်းခြောက်ထောင်ကျော် ရရှိနေပါတယ်ခင်ဗျာ။

တကယ်လို့သာ လူပေါင်းတစ်သိန်းလောက်ဟာ တစ်ရက်ကို ဆယ်ငါးမိနစ်နဲ့ နာရီဝက်ကြားအချိန်ပေးပြီး နေ့စဉ်မပျက်မကွက်ပါဝင်ပေးကြမယ်ဆိုရင် တစ်လကို သိန်းပေါင်း တစ်သောင်းခွဲနဲ့ အထက်ကိုရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

လူပေါင်းတစ်သိန်းဆိုတာ တကယ်တော့ PDF တွေတောင်မှပဲ တစ်သိန်းဝန်းကျင်ရှိနေတာ သူတို့ကိုထောက်ပံ့မယ့်သူတွေက တစ်သိန်းထက်တော့ နည်းလို့မရပါဘူးခင်ဗျာ။ သူတို့မှာ ကျွန်တော်တို့ပဲရှိတာပါ
သူတို့က အသက်ပေးပြီးကြိုစားနေတဲ့အချိန်မှာ
ကျွန်တော်တို့က အချိန်နဲ့ လုပ်အားလေး တစ်နေ့ နာရီဝက်တော့ ပေးနိုင်အောင် ပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။
သူတို့တွေဟာလဲ daily mission တွေကိုကြည့်ပြိး ဒီလတော့ ငါတို့အထောက်အပံ့တွေဘယ်လောက်တောင်ရမယ်ဆိုပြီး အားယူနေရတာပါခင်ဗျာ ဒီလောက်လေးတော့ လုပ်ပေးလိုက်ကြရအောင်ပါခင်ဗျာ။

ကလစ်မလုပ်တတ်တဲ့သူတွေအတွက် ကျွန်တော်တို့ အောက်က လင့်နှစ်ခုမှာ လုပ်နည်းတွေရှင်းလင်းပေးထားသလို live လွှင့်ပြီးလဲမကြာမကြာ ကလစ်ပြနေပါတယ်ခင်ဗျာ။

APP click နည်း >>>> https://www.facebook.com/click2donatemm/videos/306252311447866/

website click နည်း>>>>
https://www.facebook.com/click2donatemm/posts/282980380706959

ဒီနေ့ကစပြီး ကလစ်လုပ်တဲ့လူဦးရေ ပြန်တိုးလာအောင် ကြိုးစားကြရအောင်ပါခင်ဗျာ။တိုက်ပွဲတွေများ အောင်ပွဲတွေများလာတာ ထောက်ပံ့မှုတွေများလာလို့ပါ နည်းသွားရင်တော့မကောင်းပါဘူးခင်ဗျာ

(influencer အစ်ကိုအစ်မများ follower များတဲ့ page ပိုင်ရှင်များ ခင်ဗျာ ဒီစာလေးကို ကူးယူပြီးဖြစ်ဖြစ် ပြန်ရေးပြီးပဲဲဖြစ်ဖြစ် ကူညီပြီး လှူံ့ဆော်ပေးကြပါဦးခင်ဗျာ။ )

08/04/2022

ကမ္ဘာ့ဒုတိယ အကြီးဆုံးနိုင်ငံ ကနေဒါ 🇨🇦

ကနေဒါနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သလို အချိန် ၆ မျိုးရှိတဲ့နိုင်ငံ၊ ကမ္ဘာ့စံချိန်တင်တဲ့နိုင်ငံ၊ စိမ်းပြာရောင် ရေကန်ကြီးတွေအပါအဝင် ရေကန်ပေါင်း၂သန်းရှိတဲ့နိုင်ငံ၊ ဧရာမဥယျာဉ်ကြီးတွေရှိတဲ့နိုင်ငံ၊ လေထုသန့်ရှင်းတဲ့နိုင်ငံ၊ ရော့ကီးတောင်တန်းတွေရှိတဲ့နိုင်ငံ၊ ရွှေအိုရောင် Maple ပင်တွေ အများကြီးရှိတဲ့နိုင်ငံ တစ်ခုလည်းပဲဖြစ်ပါတယ်။ ကနေဒါက ဘယ်လိုတွေ ထူးခြားမှုရှိ်နေလဲဆိုတာ ဖတ်ကြည့်ကြပါနော်။

🌎 ကမ္ဘာ့ ဒုတိယအကြီးဆုံးနိုင်ငံ

ကနေဒါနိုင်ငံဟာ ရုရှားနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံကြီးပါ။ တတိယအကြီးဆုံးနိုင်ငံကတော့ အမေရိကန်နိုင်ငံပါ။ ကနေဒါနိုင်ငံကြီးက ဘယ်လောက်တောင်ကျယ်လဲဆိုရင် စတုရန်းကီလိုမီတာပေါင်း ၉.၉၈သန်း (စတုရန်းမိုင်၃.၈၅သန်း) နီးပါးကျယ်၀န်းပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၅ဆလောက်ကိုကြီးပါတယ်။ မြန်မာနိုင်ငံကတော့ ကမ္ဘာပေါ်မှာ ၃၉ နိုင်ငံမြောက်အကြီးဆုံးနိုင်ငံပါတဲ့။

⏰ အချိန် ၆ မျိုးရှိတဲ့ နိုင်ငံ

ဧရိယာ ကျယ်လွန်းအားကြီးလွန်းလို့ တစ်နိုင်ငံထဲမှာတင် Time Zone ၆ခုတောင် ရှိနေပါတယ်။ တစ်နယ်နဲ့ တစ်နယ် အချိန်တွေ မတူကြပါဘူး။ အနောက်ဘက်မှာရှိတဲ့ Vancouver မြို့နဲ့ အရှေ့ဘက်မှာရှိတဲ့ St.John’s မြို့ဆို အချိန် လေးနာရီခွဲတောင်ကွာပါတယ်။ Time Zone အကြောင်းပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာ Time Zone အများဆုံးနိုင်ငံက ပြင်သစ်ပါတဲ့။ နိုင်ငံ သိပ်မကြီးပေမဲ့ နေရာအနှံ့က ကျွန်းတွေကို ပိုင်ထားတော့ Time Zone 13 ခုတောင်ရှိတာတဲ့လေ။ အကြီိးဆုံးနိုင်ငံ Russia နဲ့ တတိယ အကြီးဆုံးနိုင်ငံ USA ကတော့ Time Zone ၁၁ခုရှိတယ်။ စတုတ္ထအကြီးဆုံးနိုင်ငံ တရုတ်ကတော့ ထူးထူးခြားခြား Time Zone တစ်ခုပဲ သတ်မှတ်တယ်တဲ့။ ဧရိယာဘယ်လောက်ပဲကျယ်ကျယ် စံတော်ချိန်တစ်ခုထဲ သတ်မှတ်ထားတာပါ။

📰 ကမ္ဘာ့စံချိန်တင်တဲ့နိုင်ငံ

ကနေဒါနိုင်ငံမှာ ကမ္ဘာ့စံချိန်တင်တဲ့အရာတွေလည်း များစွာရှိလို့နေပါတယ်။ ကမ္ဘာပေါ်မှာအရှည်ဆုံးလမ်းဟာ ကနေဒါနိုင်ငံ Ontarioပြည်နယ်မှာရှိတဲ့ Yonge လမ်းဖြစ်ပြီး မိုင်ပေါင်း၁၀၀၀ကျော် ရှည်လျားပါတယ်။ ဒါ့အပြင် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်းလည်း ရှိလို့နေပါတယ်။ ကမ်းရိုးတန်းအရှည်က မိုင်ပေါင်း ၁သိန်းခွဲကျော်ထိရှိပြီး အတ္တလန္တိတ်၊ အာတိတ်နဲ့ ပစိဖစ်သမုဒ္ဒရာ ၃ခုနဲ့တောင် ထိစပ်နေတာပါတဲ့။

ကမ္ဘာ့အကြီးဆုံးကျွန်း ၁၀ ခုအနက် ၃ ခုကိုလည်း ကနေဒါနိုင်ငံက ပိုင်ဆိုင်ထားပါတယ်။ အကြီးဆုံးကျွန်းဆိုရင် Great Britain ထက် ၂ဆလောက်ကြီးပြီး နောက်၂ ကျွန်းဆို အင်္ဂလန်နိုင်ငံ အရွယ်အစားလောက်ထိ ရှိပါတယ်။

🏞 ရေကန်ပေါင်း ၂ သန်းရှိတဲ့ နိုင်ငံ

သဘာ၀အလှတွေပေါကြွယ်၀တဲ့ ကနေဒါဟာ ကမ္ဘာပေါ်မှာ သဘာဝရေကန် အများဆုံးလည်း ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာပေါ်ရှိ သဘာဝရေကန်ပမာဏရဲ့ တစ်၀က်ကျော်က ကနေဒါမှာရှိပါတယ်။ တစ်နိုင်ငံလုံးမှာရေကန်ပေါင်း ၂သန်းနီးပါး ရှိပြီး အွန်တာရီယိုပြည်နယ်တစ်ခုထဲမှာတင် ရေကန်ပေါင်း ၂သိန်းခွဲရှိကာ ကမ္ဘာ့ရေချိုပေါင်းရဲ့ ၃ပုံတစ်ပုံကိုပိုင်ဆိုင်ထားတာတဲ့လေ။ ကမ္ဘာ့အကြီးဆုံးရေကန်ကြီးတွေထဲက ရေကန်၂ခုလည်းပိုင်ဆိုင်ထားပါတယ်။ တောတောင်တွေ ၀န်းရံထားပြီး ကြည်လင်လွန်းလှတဲ့ စိမ်းပြာရောင်ရေကန်ကြီးတွေက ကမ္ဘာကျော်ပါတယ်။

🌳 ဧရာမဥယျာဉ်ကြီးတွေရှိတဲ့ နိုင်ငံ

သဘာ၀ရှုခင်းတွေအရမ်းလှတဲ့ ကနေဒါမှာ ကမ္ဘာကျော်ရုပ်ရှင်တွေအများကြီး လည်းလာရိုက်လေ့ရှိကြပါတယ်။ ကမ္ဘာ့သစ်တောတွေရဲ့ ၂၀ရာခိုင်နှုန်းက ကနေဒါနိုင်ငံမှာရှိတာပါ။ သစ်တောအကျယ်အ၀န်းပေါင်း ၃၉၆.၉သန်း ဟက်တာရှိတဲ့ ကနေဒါရဲ့ အမျိုးသားဥယျာဉ်ကြီးတွေဟာ နိုင်ငံအတော်များများထက်တောင် ပိုကြီးနေတာကိုတွေ့ရပါတယ်။

🏕 လေထုသန့်ရှင်းတဲ့ နိုင်ငံ

သစ်တောတွေ သစ်ပင်တွေ အများကြီးရှိလို့လည်း ကနေဒါမှာ လေကောင်းလေသန့်ရှူရှိုက်နိုင်ပြီး ကမ္ဘာပေါ် စတုတ္ထမြောက်လေထုအသန့်စင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာပါ။

⛷ နှင်းလျှောစီးနိုင်ငံ

ကနေဒါရဲ့ ရာသီဥတုကလည်း အမြဲလိုလိုအေးနေတတ်ပါတယ်။ ကျွန်မတို့မိသားစုအလည်အပတ်သွားခဲ့တဲ့ နွေဦးအစ ဧပြီလထဲမှာတောင် အတော်အေးတာကို တွေ့ခဲ့ရတယ်။ တောင်ထိပ်မှာ နှင်းတွေ အမြဲမပြတ်ဖုံးနေတဲ့ ရော့(ခ်)ကီးတောင်တန်းတွေရှိလို့ နှင်းလျှောစီးတဲ့နိုင်ငံအဖြစ်လည်း နာမည်ကြီးပါတယ်။

🇨🇦 မေပယ်လ်ရွက်နိုင်ငံ

ကနေဒါအလံကို မြင်ဖူးကြမယ်ထင်ပါတယ်။ ထူးထူးခြားခြားသစ်ရွက်ပုံပါတဲ့ အလံလေးပေါ့။ အဖြူရောင်အောက်ခံမှာ အနီရောင် မေပယ်လ်ရွက်လေးထင်းနေတာ။ Maple ပင်တွေကို ကနေဒါက သိပ်တန်ဖိုးထားတာ။ နိုင်ငံရဲ့ National Tree အဖြစ်လည်း သတ်မှတ်ထားကြတယ်။ ကနေဒါမေပယ်လ်ပင်ကရတဲ့ သကြားရည် Maple syrup ဆိုလည်း အရသာအရမ်းရှိလို့ နာမည်သိပ်ကြီးပါတယ်။

🏙 လည်ပတ်စရာမြို့(10) မြို့

ကနေဒါနိုင်ငံမှာ လူဦးရေက စုစုပေါင်း ၃၆သန်းကျော် ရှိပြီး ၁.၄ သန်းကပဲ ဒေသခံလူမျိုးတွေ ဖြစ်ပါတယ်။ လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းနီးပါးက အမေရိကန်နဲ့ ကနေဒါ နယ်စပ်နား၀န်းကျင်မှာနေကြပါတယ်။ လည်ပတ်ရတဲ့ မြို့အတော်များများကလည်း နယ်စပ်နားမှာ ရှိတာများပါတယ်။ အဲ့ထဲကမှ လည်စရာကောင်းတဲ့ မြို့ ၁၀မြို့ အကြောင်း ပြောပြချင်ပါတယ်။

🌇 East Coast (၅) မြို့

(1) Toronto

ကနေဒါရဲ့ အကြီးဆုံးမြို့ကတော့ တော်ရန်တိုမြို့ (Toronto)ပါ။ အမေရိကန်နိုင်ငံနဲ့ နယ်စပ်မှာရှိနေပြီး ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ၂ခုကြားမှာ နိုင်အာဂရာရေတံခွန်ကြီး (Niagara Falls) ခြားထားပါတယ်။ ဒီရေတံခွန်ကြီးက အရမ်းကြီးပြီးလှလွန်းလို့ ကမ္ဘာကျော်လှပါတယ်။ အမေရိကန်ရောက်တုန်းက အမေရိကန်ဘက်အခြမ်းကနေ ရေတံခွန်ကြီးကို သွားကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ကနေဒါဘက်ကနေ မြင်ရတာပိုလှပါတယ်။ ရေတံခွန်ကြီးတစ်ခုလုံးကို အပေါ်စီးက မြင်ရအောင် Tower ပါဆောက်ပေးထားတော့ အရမ်းမိုက်ပေါ့။ ရေတံခွန်တစ်ဖက်ခြမ်းက အမေရိကန်နိုင်ငံကို ကနေဒါကနေ လှမ်းမြင်နေရတယ်။ တံတားနဲ့ဖြတ်ကူးလိုက်ရုံပဲ။ နီးနီးလေးပါ။

ပြီးတော့တစ်ချိန်တုန်းက ကမ္ဘာ့အမြင့်ဆုံး Tower ဖြစ်ခဲ့ဖူးတဲ့ CN Tower လည်း Toronto မြို့မှာရှိတယ်။ သူက ခုချိန်မှာတော့ Tower ထဲမှာ တတိယအမြင့်ဆုံး Tower ပေါ့။ ပေ ၁၈၀၀ ကျော် အမြင့်ရှိတဲ့ အထပ်ရဲ့ အပြင်ဘက် အစွန်းကနေ လျှောက်ရတဲ့ Edge Walk ဆိုတာ ရင်တထိပ်ထိပ်နဲ့ အကြမ်းစားကြီးသိလား။

(2) Montreal

ကနေဒါရဲ့ ဒုတိယအကြီးဆုံးမြို့ မွန်ထရီယယ် (Montreal) မြို့က ပြင်သစ်နိုင်ငံက ပဲရစ်မြို့ပြီးရင် ကမ္ဘာပေါ်မှာ ပြင်သစ်စကားပြောလူဦးရေအများဆုံးမြို့ပဲဖြစ်ပါတယ်။ သူက ပြင်သစ်ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ဖူးတယ်ဆိုတော့ တော်တော်များများက ပြင်သစ်လိုပြောတတ်ကြတာပါ။

(3) Quebec City

Canada အရှေ့ပိုင်းမြို့လေး ကွေးဘက်စီးတီး (Quebec City )ကလည်း ပြင်သစ်မြို့လေးလိုပဲ။ အိမ်လေးတွေ လမ်းလေးတွေကတကယ် ဥရောပစတိုင်။ ပြင်သစ်လက်အောက်ခံ နယ်မြေဖြစ်ခဲ့ဖူးတော့ အဲ့ကလူတွေအကုန်လုံးလိုလို ပြင်သစ်လိုပြောတတ်တယ်တဲ့။ အဲ့မြို့လေးက မြောက်အမေရိကတိုက်မှာ မြို့ရိုးရှိခဲ့ဖူးတဲ့ တစ်ခုတည်းသောရှေးဟောင်းမြို့ဖြစ်ပြီး UNESCO World Heritage site အဖြစ် သတ်မှတ်ခံထားရပါတယ်။ ပြီးတော့ Korea Drama ကား Goblin ဇာတ်ကားလေး လာရိုက်ခဲ့တဲ့မြို့လေးလဲဖြစ်ပါတယ်။

(4) Ottawa

ကနေဒါနိုင်ငံရဲ့ မြို့တော်နဲ့ အစိုးရရုံးထိုင်ရာမြို့ကတော့ အော်တဝါ (Ottawa) မြို့ပါ။ ဒီက နေပြည်တော်လိုပေါ့။ အဲ့ရောက်လို့ရှိရင် ဗိသုကာလက်ရာမြောက်တဲ့ အစိုးရရုံးတွေ ပါလီမန်အဆောက်အအုံတွေကို လေ့လာခဲ့ဦးပေါ့။

(5) Kingston

ကနေဒါအရှေ့တောင်ပိုင်းက ဆိပ်ကမ်းမြို့လေး ကင်စတန် (Kingston) ကတော့ သာယာအေးချမ်းလွန်းလို့ သက်ကြီးရွယ်အိုပင်စင်စားတွေ အေးအေးဆေးဆေးအခြေချ နေထိုင်ကျတဲ့မြို့လေးပါတဲ့။

🌃 West Coast (5) မြို့

(6) Vancouver

ကနေဒါအနောက်ဘက် ကမ်းခြေမြို့ ဗန်ကူးဗား(Vancouver )ကတော့ ပင်လယ်တွေ၊ နှင်းတောင်တွေ ၀န်းရံထားလို့ လှပတဲ့ရှုခင်းတွေကြောင့် ကျော်ကြားတဲ့ မြို့ကြီးတစ်မြို့ပဲဖြစ်ပါတယ်။ Vancouver မြို့လေးက သိပ်သာယာတာပဲ။ နှင်းဖုံးနေတဲ့ ရေခဲတောင်လေးတွေကိုတောင် မြို့ထဲလမ်းတွေကနေ လှမ်းမြင်ရတယ်။ သမုဒ္ဒရာထဲရေဆင်းကူးမလား၊ နှင်းတောင်ပေါ်မှာ နှင်းလျှောစီးမလား၊ ပန်းခြံထဲလမ်းလျှောက်မလား။ ဒါတွေအားလုံးကို တစ်နေ့ထဲအပြီးလုပ်လို့ရတဲ့ မြို့လေးပေါ့။

ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ နေပျော်စရာအကောင်းဆုံးမြို့လို့ သတ်မှတ်ခံထားရတာနေမယ်။
Vacouver တစ်မြို့လုံးကို လှမ်းမြင်ရတဲ့ Stanley Park ကလည်း ရေလည်သာယာတယ်နော်။ ရာသီဥတုအေးစိမ့်စိမ့်လေးမှာ ကောင်းကင်ပြာပြာကြီးရယ် တိုက်အမြင့်ကြီးတွေ ထိုးထောင်နေတဲ့မြို့ရှုခင်းရယ် နောက်ခံထားပြီး ပင်လယ်ကမ်းစပ်တလျှောက် လမ်းလျှောက်ကြသူတွေ၊ ပြေးကြသူတွေ၊ စက်ဘီးစီးကြသူတွေ အများကြီးပဲ။ အဲ့မှာသာဆို ကိုယ်လည်း နေ့တိုင်းစက်ဘီးတွေ စီးဖြစ်မယ်ထင်တယ်။ သာယာလွန်းလို့ သိပ်သဘောကျတာပဲ။
မြို့ထဲကနေ နာရီ၀က်လောက်မောင်းရတဲ့ Capilano ကြိုးတံတားပေါ် သည်းထိပ်ရင်ဖိုဖြတ်ချင်လည်းရတယ်။ ကြိုးတံတားကအမြင့်ကြီးပဲ။ အောက်မှာ ချောက်ကြီးအနက်ကြီး။ စမ်းချောင်းလေးကလည်း တသွင်သွင်စီးနေတာ။ ချောက်ကမ်းပါးနံရံကြီးတွေနားကနေဖြတ်လျှောက်ရတဲ့ Cliff Walk လည်း လုပ်ခဲ့သေးတယ်။ သစ်ပင်ကြီးတွေကိုဆက်ထားတဲ့ ကြိုးတံတားလည်း လျှောက်ခဲ့သေးတယ်။

Vancouver International လေဆိပ်နားက Richmond မြို့မှာ ရှိတဲ့ Factory Outlet မှာလည်း Shopping ထွက်လို့ရသေးတယ်။ Coach, MK, Kate Spade, Nike စတဲ့ ကမ္ဘာကျော် Brand တွေကို တော်တော် သက်သာတဲ့စျေးနဲ့၀ယ်နိုင်တဲ့နေရာပေါ့။

(7) Victoria

ကနေဒါနောက်ပိုင်းရဲ့ ရှေးအကျဆုံးမြို့ဟောင်း ဗစ်တိုးရီးယား (Victoria) မြို့ကို ဗန်ကူဗါးကနေ နေ့ချင်းပြန်သွားလို့ရတယ်။ ဗန်ကူးဗါးကနေ Victoria မြို့ကို ဘယ်လိုသွားခဲ့လည်းသိလား။ ပင်လယ်ကူးဇက်ကြီးနဲ့ပေါ့။ ဇက်ဆိုလို့ အထင်မသေးနဲ့ဆရာရေ။ Cruise လိုတောင်ထင်ရတယ် မိုက်မှမိုက်။ BC Ferry ဇက်သင်္ဘောကြီးက ၆ထပ်တောင်ရှိတာ။ အဲ့မှာမလည်မဖြစ်ကတော့ Hatley ရဲတိုက်ကြီးပေါ့။ လှလွန်းလို့ Batman ကား X Man ကားနဲ့ Hollywood ဇာတ်ကားအတော်များများ လာရိုက်ခဲ့တာတဲ့လေ။ အရင်က Sir တွေနေခဲ့တာဖြစ်ပြီး အခုတော့ University တစ်ခုကို လှူထားပါတယ်တဲ့။ ရဲတိုက်ကြီးရယ် မြက်ခင်းပြင်ကြီးရယ် ချယ်ရီပင်လေးရယ် ရေကန်ကျယ်ကြီးရယ် ရာသီဥတုအေးအေးလေးရယ် နေခြည်နွေးနွေးလေးရယ်နဲ့ ညနေခင်းလေးက တကယ်ကို Perfect ပါပဲ။

(8) Whistler

Vancouver ကနေ ၂နာရီလောက်မောင်းရင် ရောက်တဲ့ ဝှစ်စလာ (Whistler) မြို့လေးမှာ ပေ ၆၀၀၀ မြင့်တဲ့ Blackcomb ရေခဲတောင်ရှိတယ်။ ၂၀၁၀ ခုနှစ်တုန်းက Winter Olympic ကျင်းပခဲ့တဲ့ရေခဲတောင်တဲ့လေ။ တောင်ခြေကနေ တောင်ပေါ်ကို မိနစ်၂၀လောက် Gondola Ride နဲ့ တက်ရတယ်။ တောင်ခြေမှာကတည်းက Temperature က 2 ံC ဖြစ်နေပါပြီ။ ရေခဲတောင်ဆိုတော့ Ski စီးတဲ့သူတွေလည်း အများကြီးပါပဲ။

(9) Kelowna

ဗန်ကူးဗားကနေ Banff မြို့သွားတဲ့ လမ်းမှာရှိတဲ့ ကီလိုးနားမြို့(Kelowna) Okanagan ရေအိုင်ကြီးကလည်း ထူးဆန်းတဲ့ရေသတ္တဝါကြီးတွေ့ခဲ့ဖူးတယ်ဆိုပြီး နာမည်ကြီးပါတယ်။ Ogopogo လို့အမည်ပေးထားတဲ့ ဧရာမရေသတ္တဝါကြီးရုပ်တုကို ရေအိုင်စပ်မှာ ထုဆစ်ထားတာကိုလည်းတွေ့ရမှာပါ။ မြို့မှာရှိတဲ့ ဝိုင်ပြခန်းသွားပြီး ကနေဒါဝိုင်ကိုလည်း သွားရောက်မြည်းစမ်း၀ယ်ယူနိုင်ပါတယ်။

(10) Banff

နှင်းတောင်တွေ ၀န်းရံနေတဲ့ ကနေဒါနောက်ပိုင်း ဘန့်ဖ် (Banff) မြို့လေးကတော့ အနီးအနားမှာရှိတဲ့ စိမ်းပြာရောင်ရေကန်တွေနဲ့ တောင်တွေကြောင့် သဘာ၀နှစ်သက်သူ၊ စွန့်စားခရီးသွားတွေ အလာများတဲ့မြို့လေးပေါ့။ အဲ့မြို့လေးမှာ Hot Spring စိမ်ခဲ့သေးတယ်။ 0°C အေးစက်နေတဲ့ရာသီဥတုမှာ ရေခဲတောင်ကိုကြည့်ပြီး ၄၀ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေပူစမ်းထဲက ရေနွေးနွေးလေးစိမ်ရတာ အရမ်းကိုနေလို့ကောင်းတာပါပဲ။

Canada နိုင်ငံရဲ့နာမည်ကျော် Lake Louise ကန်ဘေးက Fairmont Hotel ကလည်း ရေကန်ကြီးရယ် ရေခဲတောင်တွေရယ်လှမ်းမြင်ရတဲ့ ဒဏ္ဏာရီဆန်တဲ့ ရှုခင်းတွေကြောင့် ကျော်ကြားလှပါတယ်။ Lake Louise ရေကန်ကြီးက ရေလေးတွေစိမ်းပြာလဲ့နေလို့ နာမည်ကြီးတဲ့ ရေကန်ကြီးပေါ့။ ကိုယ်တွေရောက်တဲ့အချိန်မှာတော့ ရေတွေခဲပြီး ရေခဲပြင်ကြီးဖြစ်လို့နေပါတယ်။ ရေခဲတွေ၊ နှင်းတွေပေါ် လျှောက်သွားခဲ့တာ ရေကန်အလယ်လောက်ထိတောင်ရောက်သွားပါတယ်။ Lake Louise Ski Resort ရေခဲတောင်ပေါ်က နှင်းလျှောစီးစခန်းလည်းသွားခဲ့သေးတယ်။ ရေကန်ကြီးကိုလှမ်းမြင်ရပြီး တောင်ပေါ်မှာ နှင်းလျှောစီးသမားတွေနဲ့ ပြည့်နေတာပေါ့။

အစားအစာ

ကနေဒါအစားအစာတွေက ထွေထွေထူးထူးတော့ သိပ်မရှိပါဘူး။ Maple ပင်တွေတန်ဖိုးထားတဲ့ နိုင်ငံဖြစ်တော့ ပေါင်မုန့်တွေ Waffle တွေမှာ သုတ်စားတဲ့ သကြားရည် Maple Syrup ကို Souvenir အဖြစ်ရောင်းကြတယ်။ Maple Tea လဘက်ခြောက်တွေလည်း ၀ယ်လာခဲ့သေးတယ်။ ဒေသစာအနေနဲ့ Poutine ဆိုတာ နာမည်ကြီးတယ်။ အာလူးချောင်းကြော်နဲ့ ချိစ်တွေကို အညိုရောင်အနှစ်စမ်းထားတာ။ အီတာတော့ အရမ်းအီတာပေါ့။ Salmonငါးပေါတဲ့နိုင်ငံဖြစ်လို့ Smoked Salmon လည်းနာမည်ကြီးတယ်။ ကော်ဖီကြိုက်သူတွေ ကနေဒါရောက်ရင် မသောက်မဖြစ်ကတော့ Tim Hortons ကော်ဖီပေါ့။ ကနေဒါမှာ Starbucks ထက်ပိုနာမည်ကြီးတယ်။ ဆိုင်ခွဲတွေလည်း နေရာအနှံ့မှာရှိတယ်။

ပိုက်ဆံ

ကနေဒါမှာ Canadian Dollar သုံးပါတယ်။ မြန်မာငွေနဲ့တွက်ကြည့်ရင် 1$ ကို ၁၀၀၀ ကျော်ကျော်ပဲဆိုတော့ တွက်ရအရမ်းလွယ်ပါတယ်။

🏔 ဘယ်အချိန်သွားသင့်လဲ

Canada မှာ အလှဆုံးကာလကတော့ မေလအစကနေ ဇွန်လကုန်ထိပါ။ နွေရာသီဖြစ်တဲ့ မေလနဲ့ဇွန်လမှာ ရေကန်က ရေတွေ အရည်ပျော်နေတာမို့လို့ စိမ်းပြာရောင် ရေကန်တွေနဲ့အရမ်းလှတဲ့ ရှုခင်းကို မြင်ရမှာပါ။ ဆောင်းဦးဖြစ်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလမှာလည်း ရွှေအိုရောင်မေပယ်လ်ပင်တွေက အရမ်းကိုလှပါတယ်တဲ့။

| by nu myat

17/08/2020

ကားပေါ်က USDPလံလေးတွေနဲ့ခလေးတွေ🤪

#အော်သံလေးတွေက အသက်😃😀🤣

ခလေးတွေက ရိုးသားဖြူစင်ပါတယ်

ရန်ကုန်နဲ့ အနီးနားက အပန်းဖြေစခန်းတွေ [ unicode ]မြို့ပြရဲ့ စိတ်ရှုပ်ထွေးစရာ 😩🥴အငွေ့အသက်တွေ၊ ကားကျပ်ကျပ်ဒဏ်တွေကနေ ခဏတာလွတ...
27/04/2020

ရန်ကုန်နဲ့ အနီးနားက အပန်းဖြေစခန်းတွေ [ unicode ]

မြို့ပြရဲ့ စိတ်ရှုပ်ထွေးစရာ 😩🥴အငွေ့အသက်တွေ၊ ကားကျပ်ကျပ်ဒဏ်တွေကနေ ခဏတာလွတ်မြောက်ဖို့လိုအပ်နေတဲ့သူတွေ ၊ ခရီးဝေးထွက်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် ရန်ကုန်နဲ့ နီးနီးနားနား အပန်းဖြေစခန်းတွေကို စုစည်းပေးလိုက်ပါတယ်...သုံးရက်ဆက်တိုက်ပိတ်ရက်တွေကလည်း လာပြီလေ 😃

Bago Yoma Eco Resort
စိမ်းလန်းတဲ့ သစ်တောကြိုးဝိုင်းကြီးထဲက ကျွန်းသစ်ပင်တွေ၊ လတ်ဆတ်သန့်ရှင်းတဲ့ လေထုနဲ့အတူ Bogo Yoma Eco Resort က အားလပ်ရက်မှာ အေးအေးဆေးဆေး အနားယူနိုင်မယ့် resort တစ်ခုပါ။ ရန်ကုန်က အနည်းဆုံး ၆ နာရီလောက်မောင်းရမှာပါ။ ရန်ကုန်-ပြည် လမ်း၊ ပြည်-ပေါက်ခေါင်းကနေ အုတ်တွင်းရိုးမဖြတ်လမ်းပေါ်ကိုဆက်သွားရမှာပါ။ ဆူဆူညံညံတွေမရှိတဲ့ သစ်တောကြိုးဝိုင်းကြီးထဲက ကျွန်းအိမ်ကြီးတွေမှာ အိပ်စက်အနားယူရင်း မပျင်းအောင် trekking ၊ biking စတဲ့ activity တွေလည်း လုပ်လို့ရသေးတယ်
☎️+95-9) 254546491,
5165223, (+95-1) 400636
Resort Tel : (+95-9 ) 33-445566 ,
44-5566000 , 77-8800088

Din Gyi Camping Site
ငွေကုန်ကြေးကျသိပ်မများဘဲ ရန်ကုန်နဲ့ နီးနီးနားနားသွားချင်တဲ့သူတွေအတွက် ပဲခူးရွှေပြည် resort အကျော်က Din Gyi ကလည်း ရွေးချယ်စရာတစ်ခုပါ၊ ရန်ကုန်ကနေ တစ်နာရီကျော်လောက်ပဲ မောင်းရတာမို့ လူလည်း သိပ်မပင်ပန်းပါဘူး၊ ဝင်ကြေး တစ်ယောက် ၉၀၀၀၊ tent တစ်လုံးငှားခ ၁၀၀၀၀ ပဲ ပေးရမယ်။
မှတ်ချက် ။ ။ မိုးတွင်းဆိုရင်တော့ ပိတ်တတ်တယ်။ ဘွတ်ကင်ကြိုတင်ရတယ်၊ သူ့ပေချ့် မက်ဆင်ဂျာကနေပဲ ပြောရတယ်။စိတ်တော့ရှည်နော်


ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့ အပန်းဖြေစခန်းတစ်ခုကတော့ ငလိုက်ကန်သာ resort ပဲဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (215 မိုင် 5 ဖာလုံ) မှာရှီတဲ့အတွက် ရန်ကုန်ကနေဆို လေးနာရီလောက်သာ မောင်းရမှာပါ။ သာယာတဲ့ ကန်ရေပြင်ကြီးထဲမှာ လှေစီးအပန်းဖြေနိုင်သလို ဆင်စခန်းကိုလည်း လည်ပတ်နိုင်ပါသေးတယ်နော်။
☎️01-667024, 01-661577, 09-964-667024, 09-964-66157

Bulaeinn Villas Resort
ဘူးလယ်အင်း resort ကတော့ ရန်ကုန်နဲ့အနီးဆုံး နောက်ထပ်အပန်းဖြေ စခန်းတစ်ခုပါ။ ပဲခူး ၁၀ မိုင်၊ ဟံသာဂေါက်ကွင်းအနီးက ဘူးလယ်အင်းကျွေးရွာမှာ ရှိတာမို့ ရန်ကုန်ကနေဆို အကြာကြီးမောင်းစရာမလိုပါဘူး။ ဧက ၃၀ ကျယ်ဝန်းပြီး ဘယ်နေရာကြည့်ကြည့် စိမ်းစိုနေတဲ့ အပန်းဖြေစခန်းကြီးထဲမှာ နားနားနေနေအနားယူရင်း စိတ်ပင်ပန်းမှုဖြေဖျောက်နိုင်မယ့် နေရာပါ 😍
☎️ 09781900009 09761300009

Swiss-Myanmar Orchards
ရန်ကုန်နဲ့ သိပ်မဝေးတဲ့နေရာမှာ camping ထွက်ချင်တယ်ဆိုရင် အမြန်လမ်း ၃၄ မိုင်နားက Swiss Myanmar Orchards ကိုသွားနိုင်ပါတယ်။ camping ဆိုပေမယ့် tent တွေက Mattress ပါတာရယ်၊ ဝါးဘန်ဂလိုတွေရောရှိတာဆိုတော့ camping ထွက်ရင် အနေအထိုင်ဆင်းရဲမှာ ကြောက်တဲ့သူတွေအတွက် အဆင်ပြေမယ့်နေရာပါ။
☎️09457193446

Thuwanabumi Mountain View Hotel
ရန်ကုန်နဲ့ သုံးနာရီခွဲလောက်ပဲမောင်းရပြီး အားလပ်ရက်မှာ အပန်းဖြေအနားယူလို့ကောင်းမယ့် နောက်တစ်နေရာကတော့ ကျိုက်ထိုနားက သုဝဏ္ဏဘူမိအပန်းဖြေစခန်းပါ။ သာယာလွန်းတဲ့ တောင်တန်းရှုခင်းတွေ၊ ရေကုးကန်နဲ့ စိုက်ခင်းတွေက တစ်ပတ်တာလုံး ထမ်းပိုးထားတဲ့ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေမှာ သေချာပါတယ် 😃
☎️ 098620722, 0949818688, 0949819640

အားလုံးပဲ နားအေးပါအေးနဲ့ ပျော်စရာ ပိတ်ရက်တွေ ပိုင်ဆိုင်ကြပါစေ

မှတ်ချက် ။ ။ information ပဲ share ပေးတာပါ၊ ဘွတ်ကင်မလုပ်ပေးပါဘူး၊ စေ◌ျးတွေလည်း မသိဘူးရယ် 😜

[ Zawgyi ]

ရန်ကုန်နဲ့ အနီးနားက အပန်းဖြေစခန်းတွေ

မြို့ပြရဲ့ စိတ်ရှုပ်ထွေးစရာ 😩🥴အငွေ့အသက်တွေ၊ ကားကျပ်ကျပ်ဒဏ်တွေကနေ ခဏတာလွတ်မြောက်ဖို့လိုအပ်နေတဲ့သူတွေ ၊ ခရီးဝေးထွက်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် ရန်ကုန်နဲ့ နီးနီးနားနား အပန်းဖြေစခန်းတွေကို စုစည်းပေးလိုက်ပါတယ်...သုံးရက်ဆက်တိုက်ပိတ်ရက်တွေကလည်း လာပြီလေ 😃

Bago Yoma Eco Resort
စိမ်းလန်းတဲ့ သစ်တောကြိုးဝိုင်းကြီးထဲက ကျွန်းသစ်ပင်တွေ၊ လတ်ဆတ်သန့်ရှင်းတဲ့ လေထုနဲ့အတူ Bogo Yoma Eco Resort က အားလပ်ရက်မှာ အေးအေးဆေးဆေး အနားယူနိုင်မယ့် resort တစ်ခုပါ။ ရန်ကုန်က အနည်းဆုံး ၆ နာရီလောက်မောင်းရမှာပါ။ ရန်ကုန်-ပြည် လမ်း၊ ပြည်-ပေါက်ခေါင်းကနေ အုတ်တွင်းရိုးမဖြတ်လမ်းပေါ်ကိုဆက်သွားရမှာပါ။ ဆူဆူညံညံတွေမရှိတဲ့ သစ်တောကြိုးဝိုင်းကြီးထဲက ကျွန်းအိမ်ကြီးတွေမှာ အိပ်စက်အနားယူရင်း မပျင်းအောင် trekking ၊ biking စတဲ့ activity တွေလည်း လုပ်လို့ရသေးတယ်
☎️+95-9) 254546491,
5165223, (+95-1) 400636
Resort Tel : (+95-9 ) 33-445566 ,
44-5566000 , 77-8800088

Din Gyi Camping Site
ငွေကုန်ကြေးကျသိပ်မများဘဲ ရန်ကုန်နဲ့ နီးနီးနားနားသွားချင်တဲ့သူတွေအတွက် ပဲခူးရွှေပြည် resort အကျော်က Din Gyi ကလည်း ရွေးချယ်စရာတစ်ခုပါ၊ ရန်ကုန်ကနေ တစ်နာရီကျော်လောက်ပဲ မောင်းရတာမို့ လူလည်း သိပ်မပင်ပန်းပါဘူး၊ ဝင်ကြေး တစ်ယောက် ၉၀၀၀၊ tent တစ်လုံးငှားခ ၁၀၀၀၀ ပဲ ပေးရမယ်။
မှတ်ချက် ။ ။ မိုးတွင်းဆိုရင်တော့ ပိတ်တတ်တယ်။ ဘွတ်ကင်ကြိုတင်ရတယ်၊ သူ့ပေချ့် မက်ဆင်ဂျာကနေပဲ ပြောရတယ်။စိတ်တော့ရှည်နော်


ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့ အပန်းဖြေစခန်းတစ်ခုကတော့ ငလိုက်ကန်သာ resort ပဲဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (215 မိုင် 5 ဖာလုံ) မှာရှီတဲ့အတွက် ရန်ကုန်ကနေဆို လေးနာရီလောက်သာ မောင်းရမှာပါ။ သာယာတဲ့ ကန်ရေပြင်ကြီးထဲမှာ လှေစီးအပန်းဖြေနိုင်သလို ဆင်စခန်းကိုလည်း လည်ပတ်နိုင်ပါသေးတယ်နော်။
☎️01-667024, 01-661577, 09-964-667024, 09-964-66157

Bulaeinn Villas Resort
ဘူးလယ်အင်း resort ကတော့ ရန်ကုန်နဲ့အနီးဆုံး နောက်ထပ်အပန်းဖြေ စခန်းတစ်ခုပါ။ ပဲခူး ၁၀ မိုင်၊ ဟံသာဂေါက်ကွင်းအနီးက ဘူးလယ်အင်းကျွေးရွာမှာ ရှိတာမို့ ရန်ကုန်ကနေဆို အကြာကြီးမောင်းစရာမလိုပါဘူး။ ဧက ၃၀ ကျယ်ဝန်းပြီး ဘယ်နေရာကြည့်ကြည့် စိမ်းစိုနေတဲ့ အပန်းဖြေစခန်းကြီးထဲမှာ နားနားနေနေအနားယူရင်း စိတ်ပင်ပန်းမှုဖြေဖျောက်နိုင်မယ့် နေရာပါ 😍
☎️ 09781900009 09761300009

Swiss-Myanmar Orchards
ရန်ကုန်နဲ့ သိပ်မဝေးတဲ့နေရာမှာ camping ထွက်ချင်တယ်ဆိုရင် အမြန်လမ်း ၃၄ မိုင်နားက Swiss Myanmar Orchards ကိုသွားနိုင်ပါတယ်။ camping ဆိုပေမယ့် tent တွေက Mattress ပါတာရယ်၊ ဝါးဘန်ဂလိုတွေရောရှိတာဆိုတော့ camping ထွက်ရင် အနေအထိုင်ဆင်းရဲမှာ ကြောက်တဲ့သူတွေအတွက် အဆင်ပြေမယ့်နေရာပါ။
☎️09457193446

Thuwanabumi Mountain View Hotel
ရန်ကုန်နဲ့ သုံးနာရီခွဲလောက်ပဲမောင်းရပြီး အားလပ်ရက်မှာ အပန်းဖြေအနားယူလို့ကောင်းမယ့် နောက်တစ်နေရာကတော့ ကျိုက်ထိုနားက သုဝဏ္ဏဘူမိအပန်းဖြေစခန်းပါ။ သာယာလွန်းတဲ့ တောင်တန်းရှုခင်းတွေ၊ ရေကုးကန်နဲ့ စိုက်ခင်းတွေက တစ်ပတ်တာလုံး ထမ်းပိုးထားတဲ့ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေမှာ သေချာပါတယ် 😃
☎️ 098620722, 0949818688, 0949819640

အားလုံးပဲ နားအေးပါအေးနဲ့ ပျော်စရာ ပိတ်ရက်တွေ ပိုင်ဆိုင်ကြပါစေ

25/03/2020

Address

Yangon
11112

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00

Telephone

+951220550

Alerts

Be the first to know and let us send you an email when Charming Smile Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Charming Smile Travels & Tours:

Share

Category