Forever Memory Travels

Call Directions Contact the business

Forever Memory Travels WE SERVE YOU PROUDLY

🇹🇭✈️ ဒွန်မောင်းလေဆိပ်ရောက်ရင် ဘန်ကောက်မြို့ထဲ ဘယ်ကားစီးရမလဲ?မြန်မာနိုင်ငံကနေ ဘန်ကောက်ကို လာတဲ့အခါ Don Mueang Airport (DM...
19/09/2026

🇹🇭✈️ ဒွန်မောင်းလေဆိပ်ရောက်ရင် ဘန်ကောက်မြို့ထဲ ဘယ်ကားစီးရမလဲ?

မြန်မာနိုင်ငံကနေ ဘန်ကောက်ကို လာတဲ့အခါ Don Mueang Airport (DMK) မှာ လေယာဉ်ဆိုက်ရင် မြို့ထဲဝင်ဖို့ Taxi/Grab သုံးလို့ရသလို A1–A4 Airport Bus တွေကိုလည်း စီးလို့ရပါတယ်။ 🚌

အထူးသဖြင့် ပထမဆုံး ဘန်ကောက်လာမယ့်သူတွေအတွက် ဘယ်ကားက ဘယ်နေရာရောက်လဲ သိထားရင် တော်တော်အဆင်ပြေပါတယ်။ 👇

🚌 A1 — 30 ဘတ်

📍 Don Mueang → Chatuchak/BTS Mo Chit → Mo Chit 2 Bus Terminal

Mo Chit ဘက်သွားမယ့်သူတွေ၊ Chatuchak အနီးကို သွားမယ့်သူတွေအတွက် အဆင်ပြေပါတယ်။

🚌 A2 — 30 ဘတ်

📍 Don Mueang → Chatuchak → Victory Monument (အနုစဝရီ)

အနုစဝရီဘက် သွားမယ့်သူဆိုရင် A2 ကို မှတ်ထားပါ။ 🇹🇭

🚌 A3 — 50 ဘတ်

📍 Don Mueang → Pratunam → Ratchaprasong → Lumpini Park

မြန်မာတွေ အများကြီးနေထိုင်/သွားလာကြတဲ့ Pratunam ဘက်ကို သွားချင်ရင် A3 က အသုံးဝင်ပါတယ်။

🚌 A4 — 50 ဘတ်

📍 Don Mueang → Democracy Monument → Khaosan Road → Sanam Luang

Khaosan Road၊ Sanam Luang နဲ့ အဲဒီဘက်အနီးအနားတွေ သွားမယ်ဆို A4 ကို စီးနိုင်ပါတယ်။

📌 လွယ်လွယ်မှတ်မယ်ဆိုရင် —

A1 → Mo Chit
A2 → Victory Monument
A3 → Pratunam / Lumpini
A4 → Khaosan / Sanam Luang

A1/A2 က 30 ဘတ်၊ A3/A4 က 50 ဘတ် ဖြစ်ပါတယ်။ လက်ရှိ Don Mueang Airport ရဲ့ official information အရ ဝန်ဆောင်မှုအချိန်တွေက Route တစ်ခုနဲ့တစ်ခု မတူတာကြောင့် ခရီးမထွက်ခင် နောက်ဆုံးအချိန်ဇယားကို စစ်ထားတာ ပိုကောင်းပါတယ်။

📱 ဘယ်ကားစီးရမလဲ မသိရင် ဒီ App နဲ့ Route ရှာကြည့်ပါ

ကိုယ်သွားချင်တဲ့နေရာကို ရိုက်ထည့်ပြီး Bus Route၊ လမ်းကြောင်းနဲ့ သွားလာရမယ့်ပုံစံ တွေကို ကြိုတင်စစ်ကြည့်နိုင်ပါတယ်။

👇 App ဒေါင်းရန် — ဗားရှင်းသစ်

👉 https://clk.bz/uhyHP

MAI Update Flight Schedule Forever Memory Travel မှာ ဝယ်ယူလို့ရ‌  နေပြီနော်။🌎လက်မှတ်များကို Email / Viber / Messenger မှ...
13/08/2026

MAI Update Flight Schedule

Forever Memory Travel မှာ ဝယ်ယူလို့ရ‌ နေပြီနော်။

🌎လက်မှတ်များကို
Email / Viber / Messenger
မှတဆင့်ပြန် လည်ပေးပို့ သွားပါမယ်

✨ငွေပေးချေမှု့ ကို
▫️Mobile Banking
▫️K Pay
▫️Wave Pay တို့မှ
% ပေးစရာ မလို ဘဲ ပေးချေ နိုငိပါတယ် ရှင်။

✨09454477360
ကို ဆက်သွယ် ဝယ်ယူ နိုင်ပါကြောင်း။

Forever Memory Travels
We Serve You Proudly

❤️🙏❤️

သုဝဏ္ဏဘူမိလေဆိပ်ကို စောင့်ရှောက်နေတဲ့ ဒဏ္ဍာရီလာ ဘီလူးကြီး ၁၂ ပါးဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်တွေကို ကြိုဆို...
12/08/2026

သုဝဏ္ဏဘူမိလေဆိပ်ကို စောင့်ရှောက်နေတဲ့ ဒဏ္ဍာရီလာ ဘီလူးကြီး ၁၂ ပါး

ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်တွေကို ကြိုဆိုနေတာကတော့ ခေတ်မီလေဆိပ်အဆောက်အအုံတင်မကဘဲ ရွှေရောင်ချပ်ဝတ်တန်ဆာတွေ ဆင်ယင်ထားတဲ့ ဧရာမ ဘီလူးကြီး ၁၂ ပါးပဲ ဖြစ်ပါတယ်။ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ ဒဏ္ဍာရီတွေကနေ ဆင်းသက်လာတဲ့ ဒီဘီလူးကြီးတွေ (Yaksha သို့မဟုတ် Yak) ဟာ နေ့စဉ် ဖြတ်သန်းသွားလာနေကြတဲ့ သန်းနဲ့ချီတဲ့ ခရီးသည်တွေရဲ့ ခရီးစဉ်တွေ ဘေးကင်းလုံခြုံစေဖို့ စောင့်ရှောက်ပေးဖို့ဆိုတဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်နေကြတာပါ။

ဒီရုပ်တုတွေဟာ အိန္ဒိယရဲ့ ရာမယဏ ဇာတ်တော်ကို မှီငြမ်းထားတဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားမော်ကွန်းဝင် ရာမကီယန် (Ramakien) ဇာတ်တော်ထဲက ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ ဘန်ကောက်မြို့က နာမည်ကျော် မြဘုရားကျောင်း (Wat Phra Kaew) ရဲ့ တံခါးဝတွေမှာ စောင့်ကြပ်နေတဲ့ ဒဏ္ဍာရီလာ ရုပ်တုတွေကို တိုက်ရိုက်ပုံတူကူးယူထားတာပါ။

လေဆိပ်မှာ တွေ့ရမယ့် ဘီလူးကြီး ၁၂ ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ Tosakan - လင်္ကာဒီပက မျက်နှာစိမ်း၊ ခေါင်းတွေ အများကြီးနဲ့ ဘီလူးဘုရင် ဒဿဂီရိ၊ ဇာတ်တော်ရဲ့ အဓိက ဗီလိန်။
၂။ Sahatsadecha - တပ်မကြီးကို ကွပ်ကဲတဲ့ မျက်နှာဖြူ ဘီလူးကြီး။
၃။ Indrachit - မှော်ပညာနဲ့ ကိုယ်ပျောက်အတတ်မှာ ကျွမ်းကျင်တဲ့ Tosakan ရဲ့ သား။
၄။ Maiyarap - မြေအောက်ကမ္ဘာမှာ နေထိုင်တဲ့ မှော်ဆရာ ဘီလူးကြီး။
၅။ Suriyaphop - နေမင်းလို တောက်ပတဲ့ လက်နက်ကို ကိုင်ဆောင်ထားတဲ့ သစ္စာရှိ တပ်မှူး။
၆။ Mangkhonkan - ဇာတ်တော်ရဲ့ နောက်ပိုင်းမှာ စစ်ပွဲထဲ ဝင်ပါလာတဲ့ စစ်ဘုရင်။
၇။ Chakkrawatti - စစ်ပွဲထဲ ဆွဲသွင်းခံရတဲ့ အင်အားကြီး အိမ်နီးချင်း မင်း။
၈။ Asakanmala - ပြတ်တောက်သွားတဲ့ ခြေလက်တွေ ပြန်လည်ဆက်စပ်နိုင်တဲ့ ပြင်းထန်တဲ့ ဘီလူးကြီး။
၉။ Virunjambang - ရေပိုးကောင်လေးအဖြစ် သေးငယ်သွားအောင် ဖန်ဆင်းနိုင်တဲ့ မှော်အတတ်တွေကြောင့် လူသိများသူ။
၁၀။ Virulhok - တောင်ပိုင်းဒေသတွေကို စောင့်ကြပ်တဲ့ ဘုရင်။
၁၁။ Tosakirithon - ဆင်နှာမောင်းလို နှာခေါင်းပါရှိပြီး အရောင်ကွဲပြားတဲ့ အမွှာညီအစ်ကိုထဲက တစ်ဦး။
၁၂။ Tosakirivan - ဆင်နှာမောင်းလို နှာခေါင်းပါရှိပြီး အရောင်ကွဲပြားတဲ့ အမွှာညီအစ်ကိုထဲက နောက်တစ်ဦး။

အဲဒီ ဒဏ္ဍာရီလာ ကာကွယ်စောင့်ရှောက်သူတွေကို အရှေ့တောင်အာရှရဲ့ အစည်ကားဆုံး လေကြောင်းအချက်အချာကျတဲ့ နေရာမှာ ထားရှိခြင်းအားဖြင့် သုဝဏ္ဏဘူမိလေဆိပ်ဟာ ထိုင်းနိုင်ငံရဲ့ နက်ရှိုင်းတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ခေတ်သစ် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုတို့ကို ချောမွေ့စွာ ပေါင်းစပ်ထားပါတယ်။ ခရီးသည်တွေအနေနဲ့ လေယာဉ်မစီးခင်မှာ ရှေးဟောင်းအစဉ်အလာအရ ကောင်းချီးပေးခြင်းနဲ့ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ခံစားရစေမှာ ဖြစ်ပါတယ်။

(ပုံကတော့ 2022 ကိုဗစ်လှိုင်း ရှိနေတုန်းက ပုံဖြစ်ပါတယ်)။

Ref : Nation Thailand

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း #ဘန်ကောက် #သုဝဏ္ဏဘူမိလေဆိပ် #ဒဏ္ဍာရီလာဘီလူးကြီး၁၂ပါး

06/08/2026

Forever Memory Travels မှ
ထိုင်း နိုင် ငံ သို့ဝင်ရောက်ရန်အတွက်
E Visa များအား
အထောက်အထား မှန်ကန်စွာဖြင့်
လျှောက် ထား ရယူ ပေးနေပါပြီ
၁၅ နှစ်ကျော် အတွေ့အကြုံ ဖြင့်
အကောင်းဆုံး ဝန်ဆောင်မှု ပေး နေပါပြီ

စာရွက်စာတမ်း အတွက် စိတ်ပူစရာမလို

ဘဏ် Statement အတွက် လည်း စိတ်ပူ စရာ မလို

လူကိုယ် တိုင် လည်းလိုက်စရာ မလို ပါ ဘူးနော်။

⚜️TR Visa
⚜️TR Multiple Visa
⚜️Ed & ED Plus Visa
⚜️DTV
⚜️Retirement
⚜️Non-B
⚜️Non -O
Visa များ စိတ်ကြိုက် ရွေးချယ် ‌ရယူလိုက်ပါရှင်

စိတ်ချရတဲ့

Forever Memory Travels ပါ
We Serve You Proudly

99454477360
09799852640

📢 ပိုမိုပြည့်စုံသွားတဲ့ ရန်ကုန်-ပြည် (စပိန် DEMU) ရထားခရီးစဉ်သစ် အားလုံးပဲ မင်္ဂလာပါ... ခရီးသွားမိဘပြည်သူများ ပိုမို အဆင...
05/08/2026

📢 ပိုမိုပြည့်စုံသွားတဲ့ ရန်ကုန်-ပြည် (စပိန် DEMU) ရထားခရီးစဉ်သစ်

အားလုံးပဲ မင်္ဂလာပါ...
ခရီးသွားမိဘပြည်သူများ ပိုမို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် ရန်ကုန်-ပြည် လမ်းပိုင်း ပြေးဆွဲနေသော DEMU ရထားခရီးစဉ်မှာ အောက်ပါဘူတာများကို ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမည် ဖြစ်ပါတယ်နော်။

📍 ရန်ကုန် | 📍 တညင်းကုန်း | 📍 တိုက်ကြီး | 📍 သာယာဝတီ | 📍 လက်ပံတန်း | 📍 မင်းလှ | 📍 အုတ်ဖို | 📍 ကြို့ပင်ကောက် | 📍 ဇီးကုန်း | 📍 နတ္တလင်း | 📍 ပေါင်းတည် | 📍 သဲကုန်း | 📍 ပြည်

🗓 လက်မှတ်စတင် ဝယ်ယူနိုင်မည့် အချိန်
အဆိုပါ ထပ်တိုးဘူတာများအတွက် ရထားလက်မှတ်များကို လာမည့် (၅) ရက်နေ့ မနက် ၀၀း၀၁ နာရီ မှ စတင်၍ 👉 ဩဂုတ်လ (၉) ရက်နေ့ ခရီးစဉ်များအတွက် ကြိုတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

လက်မှတ်ဈေးနူန်း -
ပထမတန်း -15,000/-
အထက်တန်းတွဲ -20,000/-

ယခုပဲ လက်မှတ်ဝယ်ယူရန် - 🌐 ortp.railways.gov.mm
📞 စုံစမ်းမေးမြန်းရန် Hotline - 1188


ထိုင်းနိုင်ငံကို သွားဖို့ စိတ်ကူးရှိပေမယ့် ဗီဇာလျှောက်ဖို့ စာရွက်စာတမ်းကိစ္စ‌တွေကြောင့် စိတ်ညစ်နေတာလား❓ဒီပြဿနာတွေကို ဖြေ...
16/07/2026

ထိုင်းနိုင်ငံကို သွားဖို့ စိတ်ကူးရှိပေမယ့် ဗီဇာလျှောက်ဖို့ စာရွက်စာတမ်းကိစ္စ‌တွေကြောင့် စိတ်ညစ်နေတာလား❓

ဒီပြဿနာတွေကို ဖြေရှင်းပေးမယ့် Forever Memory Travels ရှိနေပါပြီရှင်။

Forever Memory Travels မှာ လျှောက်ထားနိုင်တဲ့ Visa အမျိုးအစားများ

✅Tourist Visa (60 Day)
✅Student/Education Visa
✅Non-Immigrant Visa
✅Retirement Visa
✅Guardian Visa
✅Dependent Visa
✅DTV Visa

လူကြီးမင်းတို့ရဲ့ သွားရောက်မယ့် ရည်ရွယ်ချက်အလိုက် ဗီဇာအမျိုးအစား စုံစုံလင်လင်ကို One Stop Service ဖြင့် တာဝန်ယူဆောင်ရွက်ပေးနေပါတယ်ရှင်။

Forever Memory Travels မှာဆိုရင်

📌စာရွက်စာတမ်းတွေကို အမှားအယွင်းမရှိအောင် သေချာစိစစ်ပေးပြီး

📌အတွေ့အကြုံရှိ ကျွမ်းကျင်သူများကိုယ်တိုင် ဆောင်ရွက်ပေးပါတယ်ရှင်။

Visa အမျိုးအစားအလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ဝန်ဆောင်ခတွေကို အသေးစိတ် သိရှိလိုပါက Page Chat Box ကနေဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များမှ အခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

☎️ 09 454477360
☎️ 09 266662274










🍀 We Serve you proudly 🍀

💠MOFA ( Ministry of foreign Affair)အတွေ့အကြုံ💠MOFA ကတော့ နိုင်ငံခြားနဲ့ပတ်သက်တဲ့ အလည်၊ ဗီဇာ၊ ကျောင်း၊ နိုင်ငံခြားသားနဲ့ ...
18/06/2026

💠MOFA ( Ministry of foreign Affair)အတွေ့အကြုံ

💠MOFA ကတော့ နိုင်ငံခြားနဲ့ပတ်သက်တဲ့ အလည်၊ ဗီဇာ၊ ကျောင်း၊ နိုင်ငံခြားသားနဲ့ လက်ထပ်မယ့်သူတွေ ကြုံကိုကြုံရမယ့် ကိစ္စပါ။

💠ကိုယ် MOFA ထုမယ့် စာရွက် စာတမ်းတွေကို နိုတြီ ကြိုပြန်ထားရပါမယ်။ နိုတြီသက်တမ်းက ၃ လပဲ ရတာမိူ့ အရမ်းလဲစော မပြန်ထားပါနဲ့နော်။ နိုတြီပြန်တဲ့အခါ ဆိုင်ကို MOFA အတွက်လို့ ပြောထားပါနော်။

💠MOFA ကို ဘယ်မှာ သွားလုပ်ရမလဲ
Ministry of Foreign Affairs ( MOFA) ရန်ကုန်ရုံးနဲ့ နေပြည်တော်ရုံးမှာ လုပ်ရပါတယ်။

📌နေပြည်တော်ရုံး - Office No.(9), Nay Pyi Taw
📌ရန်ကုန်ရုံး - https://maps.app.goo.gl/x5yvdrGTKTJVuPNM8?g_st=i&utm_campaign=ac-im
ပြည်လမ်းပေါ်က ပဲခူးကလပ် မှတ်တိုင်နားပါ။

💠ရန်ကုန်ရုံးမှာ လုပ်မယ်ဆို လက်ရှိ အချိန်အထိ QR scan ဖတ်ပြီး တုံကင်ယူရပါတယ်။ QR ကိုလဲ ပို့စ်မှာ တင်ပေးထားပါတယ်။

💠နေပြည်တော်ရုံးဆိုရင်တော့ တုံကင်ကြိုယူစရာ မလိုပဲ walk-in ရပါတယ်။ စောစောသွားတာ ကောင်းပါတယ်။

💠MOFA အတွက် ဘာစာရွက်စာတမ်းတွေ လိုမလဲ

💠ကိုယ် MOFA ထုချင်တဲ့ စာရွက်စာတမ်းကို နိုတြီပြန်ထားတာ လိုပါတယ်။ နိုတြီပြန်ထားတာအပြင် မူရင်းလဲ လိုပါတယ်

ဥပမာ - မွေးစာရင်းကို MOFA လုပ်မယ်ဆို မွေးစာရင်းကို နိုတြီပြန်ထားတာနဲ့ မွေးစာရင်း မူရင်းပါ လိုပါတယ်

💠MOFA ကို ကိုယ်တိုင်လာလုပ်သူရဲ့ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူလိုပါတယ်

💠ဒီနေရာမှာ ကိုယ်စားလာလုပ်ပေးမယ်ဆို MOFA လုပ်မယ့်သူရဲ့ သန်ခေါင်စာရင်းတူသူပဲ ရပါတယ် ။

💠ကိုယ်စားလုပ်ပေးသူရဲ့ မှတ်ပုံတင် မူရင် မိတ္တူလိုပါတယ်။ သန်ခေါင်စာရင်း မူရင်းနဲ့ မိတ္တူလိုပါတယ်။

💠MOFA စာရွက်အမျိုးအစားပေါ်မူတည်ပြီး လိုအပ်တာတွေ ထပ်ကွဲပါတယ်

✅ဥပမာ
✴️မွေးစာရင်း - မွေးစာရင်းနိုတြီနဲ့ မူရင်း၊ ✴️ကာယံကံရှင်ရဲ့ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ

အမြန်လိုချင်တယ်ဆို နေပြည်တော်ကို သွားလုပ်ရပါမယ်

ပုံမှန်အေးဆေး ကြို လုပ် သူများက ရန်ကုန် ရုံးမှာ QR နဲ့ ရက် ချိန်း ယူ ပြီး စောင့် ဆိုင်း ရယူ နိုင်ပါကြောင်း

စာသား တချို့ အား ဗဟုသုတ ရှာဖွေစုစည်း တင်ပြ ပေး ထား ပါ တယ်

internet
post writer

We Serve You Proudly
09/06/2026

We Serve You Proudly

𝐉𝐨𝐛 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 : 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐞𝐥𝐩𝐞𝐫Vacancy နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MNA ၏ Human Resources Department 01...
06/06/2026

𝐉𝐨𝐛 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 : 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐞𝐥𝐩𝐞𝐫

Vacancy နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MNA ၏ Human Resources Department 01-379471 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Address

Yangon
959

Telephone

959454477360

Website

Alerts

Be the first to know and let us send you an email when Forever Memory Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forever Memory Travels:

Shortcuts

Share

Category