06/08/2026
📢 Jetstar မှ Carry-on (လက်ဆွဲအိတ်) မူဝါဒအသစ်ကို ၂၀၂၇ ခုနှစ်မှ စတင်ကျင့်သုံးတော့ပါမယ် ..
Jetstar လေကြောင်းလိုင်းသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ Carry-on (လက်ဆွဲအိတ်) ဆိုင်ရာ မူဝါဒအသစ်ကို စတင်အသုံးပြုမည်ဖြစ်ကြောင်း ကြေညာထားပါသည်။
✈️ အခမဲ့ ယူဆောင်ခွင့်
✔️ ထိုင်ခုံအောက်တွင် ထည့်သွင်းနိုင်သော အိတ် (၁) လုံး
(Backpack / Handbag / Laptop Bag)
📏 အများဆုံးအရွယ်အစား – 40 × 30 × 20 cm
⚖️ အများဆုံးအလေးချိန် – 10 kg
💰 အပိုကြေး – မရှိ (Free)
🧳 Overhead Bin အသုံးပြုလိုသူများအတွက်
လေယာဉ်အပေါ်ဘက်ရှိ Overhead Bin တွင် အိတ်တင်လိုပါက Priority Carry-on ဝန်ဆောင်မှုကို သီးခြားဝယ်ယူရမည်ဖြစ်သည်။
📏 အများဆုံးအရွယ်အစား – 56 × 36 × 23 cm
💵 ဝန်ဆောင်ခ – AUD $25 – $52 (ခရီးစဉ်တစ်ကြောင်းလျှင်)
✅ ရရှိမည့်အကျိုးခံစားခွင့်
• Overhead Bin အသုံးပြုခွင့်
• Priority Boarding (ဦးစားပေး လေယာဉ်တက်ခွင့်)
📌 Jetstar က ဘာကြောင့် ပြောင်းလဲတာလဲ?
🔹 ဂိတ်ဝတွင် အိတ်စစ်ဆေးချိန်ကို လျှော့ချရန်
🔹 Overhead Bin နေရာမလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန်
🔹 လေယာဉ်များ အချိန်မှန်ထွက်ခွာနိုင်စေရန်
🔹 လက်ဆွဲအိတ်အသေးသာ ယူဆောင်မည့် ခရီးသည်များအတွက် လေယာဉ်လက်မှတ်ကို ပိုမိုသက်သာသောဈေးနှုန်းဖြင့် ရရှိစေရန်
📍 Jetstar ဖြင့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ နောက်ပိုင်း ခရီးသွားမည့်သူများအနေဖြင့် လက်မှတ်မဝယ်ယူမီ Carry-on စည်းမျဉ်းအသစ်များကို ကြိုတင်စစ်ဆေးထားရန် အကြံပြုအပ်ပါသည်။
📲 Travel Updates များကို မလွတ်တမ်း သိရှိနိုင်ရန် Flyogo Travel Agency Page ကို Follow & Like လုပ်ထားဖို့ မမေ့ပါနဲ့။