Rent a car

Rent a car Enjoy knowledges of automobiles.

22/10/2025

Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

22/01/2025

Sorry for the long time not active.

Today's fuel prices ⛽
15/09/2023

Today's fuel prices ⛽

ဆီဈေးတက်တယ်ဗျိုးToday's Fuel price ⛽(21-07-23)
21/07/2023

ဆီဈေးတက်တယ်ဗျိုး
Today's Fuel price ⛽
(21-07-23)

Today's fuel prices ⛽(13-5-23)
13/05/2023

Today's fuel prices ⛽
(13-5-23)

Today's fuel prices ⛽(5-5-23)
05/05/2023

Today's fuel prices ⛽
(5-5-23)

Fuel prices ⛽(30-4-23)
30/04/2023

Fuel prices ⛽
(30-4-23)

ဆီတိုင်ကီထဲက ဆီပန်.တွေ အပျက်အစီးနည်းအောင် ဘယ်လိုသုံးစွဲသင့်သလဲ ကျနော်တို. လက်ရှိကားလောကမှာ ဆီတိုင်ကီထဲက ဆီပန်. ပြဿနာကြော...
04/04/2023

ဆီတိုင်ကီထဲက ဆီပန်.တွေ အပျက်အစီးနည်းအောင် ဘယ်လိုသုံးစွဲသင့်သလဲ

ကျနော်တို. လက်ရှိကားလောကမှာ ဆီတိုင်ကီထဲက ဆီပန်. ပြဿနာကြောင့် နေ.စဉ်နေ.တိုင်း ကား၀ပ်ရှော့ပို. ပြုပြင်နေရတဲ့ ကားတွေမနည်းလှပါဘူး ။ ကားပိုင်ရှင်တွေလည်း ဒီဆီပန်. ပြဿနာကြောင့် ကားမောင်းရတာ စိတ်အနှောက်အယှက်ဖြစ်ရ ၊ ကားပြုပြင်ရတာ ငွေကုန်ကြေးကျ များလှနဲ. ဒုက္ခများလှပါတယ် ။ ဒါကြောင့် ဒီနေ. ဆီတိုင်ကီထဲက ဆီပန်.တွေကို ဘယ်လို သက်တမ်းကြာရှည်အောင် သုံးစွဲသင့်တယ်ဆိုတာနဲ. ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြချင်ပါတယ် ။

Electric Fuel Pump

အခုကျနော်တို. လက်ရှိ အသုံးပြုနေတဲ့ EFI (Electronic Fuel Injection ) နည်းပညာသုံး ကားတွေတိုင်းမှာ မရှိမဖြစ်အရေးပါတာက ဆီပန်.ပါ ။ ဒီဆီပန်.ကို အရပ်ထဲ ဆီပန်. ၊ တိုင်ကီပန်. အမျိုးမျိုးခေါ်ဝေါ်နေကြမယ့် ၊ ဒီကောင်လေးရဲ. နာမည်အစစ်က Electric Fuel Pump လို.ခေါ်ပြီး DC လျှပ်စစ်ဖြင့် မောင်းနှင်ထားတဲ့ ပန်.အမျိုးအစားဖြစ်ပါတယ် ။

ဒီ ဆီပန်.ရဲ. အဓိက တာ၀န်က ဆီတိုင်ကီထဲက ဆီတွေကို အင်ဂျင်မှာတပ်ဆင်ထားတဲ့ ဆီဖြန်းပေးတဲ့ Injector တွေဆီကို ဆီပို.ဆောင်ပေးတဲ့ တာ၀န်ကို ထမ်းဆောင်ပါတယ် ။ ဒီလို လောင်စာဆီတွေကို သယ်ယူပို.ဆောင်ရတဲ့ အခါမှာ ပုံမှန်ရိုးရိုးသယ်ယူပို.ဆောင်လို.မရပါဘူး ၊ ဘာဖြစ်လို.ဆိုရင် ယခု EFI နည်းစနစ်အရ အင်ဂျင်ခန်းထဲကို မီးလောင်ပေါက်ကွဲဖို. လိုအပ်တဲ့ လောင်စာဆီတွေကို Injectorတွေသုံး ဖြန်းသွင်းရတဲ့ အခါမှာ လောင်စာဆီတွေကို သေးငယ်တဲ့ ဆီအမှုန်အမွှားလေးတွေအဖြစ် ဖြန်းသွင်းပေးဖို.လို.လို.ပါပဲ ။ ဒါကြောင့် ဒီလောင်စာဆီတွေကို ဆီအမှုန်အမွှားလေးတွေဖြစ်အောင် ပန်းသွင်းပေးဖို. Pressure ဆိုတဲ့ အားပြင်းတဲ့ ဖိအားတခု လိုအပ်လာပါတယ် ။ ဒီလိုအပ်တဲ့ ဖိအားကို ရရှိအောင် ဒီဆီတိုင်ကီထဲက ဆီပန်.ကပဲ တွန်းပေးရတာပါ ။ ဒါကြောင့် ဒီဆီတိုင်ကီထဲက ဆီပန်.တွေဟာ သာမာန်ရိုးရိုး ပန်.တွေမဟုတ်ဘဲ အင်ဂျင်က လိုအပ်တဲ့ ဆီဖြန်းသွင်းစနစ်အတွက် ဖိအားတခုရရှိအောင် အလုပ်လုပ်ပေးတဲ့ ဆီပန်.တွေပါပဲ ။

ပုံမှန်အားဖြင့် ဒီဆီပန်.တွေရဲ. ဖိအား (Pressure) က အနိမ့်ဆုံး 30 ကနေ အမြင့်ဆုံး 100 Psi ကျော်ကျော်ထိရှိတတ်ပါတယ် (ကားအမျိုးအစား အင်ဂျင်အမျိုးအစားပေါ်လိုက်ပြီး အနည်းအများကွဲလွဲနိုင်ပါတယ် ) ။
ဒီဆီပန်.ကနေ ပို.လိုက် ဆီ Pressure က သတ်မှတ်ထားတဲ့ Pressure လိုအပ်ချက်အတွင်းမှာပဲ ရှိနေမယ်ဆိုရင် အင်ဂျင်ဟာ ပုံမှန်အတိုင်း ချောချောမွေ.မွေ. အဆင်ပြေပြေလည်ပတ်မှာဖြစ်ပါတယ် ။ အဲ့လိုမဟုတ်ဘဲ အကြောင်း အမျိုးမျိုးကြောင့် ဆီပန်. Pressure ကျသွားပြီဆိုတာနဲ. အင်ဂျင်တုန်တာ ခါတာ ၊ အင်ဂျင် အဆွဲအရုန်းကျတာ ၊ အင်ဂျင်နှိုးရခက်တာ ၊ နှိုးမရတော့တာ စတဲ့ ပြဿနာတွေနဲ. ကြုံတွေရမှာဖြစ်ပါတယ် ။

Electric Fuel Pump တခု ဘယ်လို အလုပ်လုပ်သလဲ

ကားမောင်းမယ့်သူက ကားသော့ကို On လိုက်တယ်ဆိုတာနဲ. ၊ PCM (Powertrain Control Module ) ကနေ Pump Relay တွေကို ကပ်စေပြီး Electric Fuel Pump တွေဆီကို လိုအပ်တဲ့ Power Supply Voltage ရောက်စေပါတယ် ၊ လိုအပ်တဲ့ ဗိုစ့်အားတွေ ပန်.ကို ရောက်ပြီဆိုတာနဲ. ပန်.က ထလည်ပြီး စက္ကန်.ပိုင်းလေးအတွင်းမှာ ဆီတွန်းပို.ဖို. လိုအပ်တဲ့ pressure တွေကို ဖြစ်ပေါ်စေပါတယ် ။ ဒီအချိန်မှာ ကားသော့ On ထားပြီး စက်မနှိုးမခြင်း ဆီတိုင်ကီထဲက ဆီပန်.တွေလည်ပတ်မနေအောင် PCM ကနေ အချိန်တိုင်ပင်တခုလုပ်ထားပြီး ထိန်းချုပ်ထားပါသေးတယ် ။

စက်စနှိုးလိုက်ပြီဆိုတာနဲ. ဆီတိုင်ကီထဲက ဆီတွေဟာ ဆီစစ်ဇကာ ( Filter) နဲ. Inlet Tube တွေကနေတဆင့် ဆီပန်.ထဲ စတင်၀င်ရောက်လာပါတယ် ။ အဲ့ဒီနောက်မှာတော့ One Way Check Valve ကိုဖြတ်ကျော်ပါတယ် ၊ One Way Check Valve ဆိုတာကတော့ ကျနော်တို. ရေဘုံဘိုင်တွေမှာသုံးတဲ့ ဘီလူးခေါင်းလိုပါပဲ ၊ ဒီကောင်လေးက ပန်.မလည်ဘဲ စက်သတ်ထားတဲ့ အချိန်မှာ ဒီပန်.ထဲမှာ သတ်မှတ်ထားတဲ့ ဆီဖိအားတခု ကျန်နေအောင် လုပ်ဆောင်ပေးတဲ့ ကောင်လေးပါပဲ ။

ဆီစစ်ဇကာ (Filter ) ကတော့ ဆီတိုင်ကီထဲမှာ ၀င်ရောက်နေတဲ့ အညစ်အကြေးတွေ ဆီပန်.ထဲကို ၀င်ရောက်ပြီး ဆီပန်.ပျက်စီးတာကို ကာကွယ်ဖို.ရယ် ၊ နောက် ဆီပန်.ကနေ တဆင့် ဆီဖြန်းပေးတဲ့ Fuel Injector တွေဆီရောက်ရှိပြီး Injector တွေ မပျက်စီးအောင်ကာကွယ်ပေးဖို.ရယ် လုပ်ဆောင်ပေးပါတယ် ။

ဒီ Electric Fuel Pump တွေဟာ အင်ဂျင်စက်စစနှိုးလိုက်တာနဲ. စတင်အလုပ်လုပ်ပြီး ၊ အင်ဂျင်လည်ပတ်နေသမျှ ကာလပတ်လုံး တောက်လျှောက်မရပ်မနား အလုပ်လုပ်ပါတယ် ။ Electric Fuel Pump တွေဟာ သတ်မှတ်ထားတဲ့ ပုံမှန် Speed နဲ. လည်ပတ်နေပြီး ၊ တခါတရံမှာတော့ အင်ဂျင်ရဲ. လည်ပတ်နှုန်းနဲ. သုံးစွဲတဲ့ ၀န်အားပေါ်မူတည်ပြီး အနှေးအမြန် ပြောင်းလဲ လည်ပတ်ပါတယ် ။

ဒီလိုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အင်ဂျင်ရုတ်တရက်ထိုးရပ်သွားတယ်ဆိုရင် PCM ကနေ PRM Loss Signal ကို ပေးပို.ပြီး Electric Fuel Pump ကို လှမ်းရပ်ထားလိုက်ပါတယ် ။
ဒါကတော့ ပုံမှန် EFI စနစ်ကားတွေမှာပါတဲ့ Electric Fuel Pump တလုံးရဲ. အလုပ်လုပ်ပုံ အကြမ်းမျဉ်းလေးပါ ။

Electric Fuel Pump တွေဘာကြောင့် ပျက်စီးရသလဲ

1 . ဆီတိုင်ကီထဲမှာ ဆီကို ကုန်ခါနီးအထိသုံးတာ
Electric Fuel Pump တွေဟာ Armature တွေရယ် Carbon Brush တွေရယ် ပွတ်တိုက်ပြီး လည်ပတ်ရတဲ့ Pump အမျိုးအစားတွေဖြစ်တာမို. Pump တွေလည်ပတ်တဲ့ အခါ အပူကို ထုတ်လွှတ်ပါတယ် ။ ဒီအပူကို ဘယ်လိုပျောက်စေလဲဆိုရင် ဒီဆီပန်.ထဲကို လောင်စာဆီတွေဖြတ်သန်းသွားလာခြင်းဖြင့်ရယ် ၊ နောက် ဆီတွေဖြတ်သန်းသွားခြင်းဖြင့် အတွင်းပိုင်း ပစ္စည်းတွေကို ချောချော မွတ်မွတ်ဖြစ်စေခြင်းတွေရယ်နဲ. ဆီပန်.တွေရဲ. အပူချိန်ကို လျော့ကျစေပါတယ် ။
ဒီလိုအခြေအနေမှာ ဆီတိုင်ကီထဲ ဆီလုံလုံလောက်လောက်မရှိဘူးဆိုရင် ဆီပန်.ကို ဖြတ်သန်းမယ့် ဆီအလုံအလောက်မရှိတာမို. လည်ပတ်နေတဲ့ ဆီပန်.တွေကို အအေးပေးတဲ့ စနစ်တွေ ၊ ချောဆီပေးတဲ့ စနစ်တွေကို လျော့ကျစေပြီး ဆီပန်.တွေကို မြန်မြန်ဆန်ဆန်ပျက်စီးစေပါတယ် ။ ဆီအကျွင်းအကျန် နည်းနည်းလေးနဲ. ဆီပန်.တွေကို မကြာခဏမောင်းမယ်ဆိုရင်တော့ ဆီပန်.တွေကို မကြာခင် ကြိမ်းသေပေါက် ပျက်စီးစေမှာဖြစ်ပါတယ် ။

ဆီတိုင်ကီရဲ. ဆီ၀င်ဆန်.နိုင်မှု ပမာဏ ၄ ပုံ ၁ ပုံအောက် ကျအောင် အမြဲသုံးစွဲတယ်ဆိုရင်တော့ ဆီတိုင်ကီထဲက ဆီပန်.တွေရဲ. သတ်မှတ်သတ်တမ်းပြည့်သည်အထိ သုံးစွဲနိုင်မှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဆီဂိတ်ဖင်ကပ်မှ ဆီဖြည့်တာ ၊ ဒိုင်ခွက်မှာ ဆီတိုင်ကီမီးလင်းလာတဲ့ အထိ ဆီကုန်အောင် သုံးတဲ့ အလေ့အထတွေက ဆီပန်. မြန်မြန် ကြွမယ့် အလေ့အထတွေပါပဲ ။

နောက်တချက် အပေါ်မှာရှင်းပြခဲ့သလိုပဲ ၊ ဆီတိုင်ကီထဲက ဆီပန်.တွေက သတ်မှတ် Pressure အတိုင်းမောင်းနှင်ရတဲ့အခါမှာ ၊ ဆီတိုင်ကီထဲမှာ ဆီကျန်နည်းနေမယ်ဆိုရင် ဆီထုရဲ. ဖိအားမရှိတဲ့အတွက် ဒီဆီပန်.တွေဟာ သတ်မှတ်ထားတဲ့ Pressure ရောက်အောင် ထိန်းထားဖို.ခက်ခဲပါတယ် ၊ ဒီလို သတ်မှတ် Pressure အလွယ်တကူမရတဲ့ အတွက် ဆီပန်.ဟာ နဂိုထက်ပိုပြီး အလုပ်လုပ်ရပါတယ် ။ ဒီတော့ ဒီ Electric Fuel Pump Overworked ဆိုတဲ့ အလွန်အကျွံအလုပ်လုပ်ရတာမို. သက်တမ်းမြန်မြန်တိုစေပါတော့တယ် ။

2. ဆီထဲမှာ ရေရောနှောပါလာတာ
လောင်စာဆီတွေထဲမှာ ရေရောနှောပါလာတာကလည်း Electric Fuel Pump တွေကို မြန်မြန်ပျက်စီးစေပါတယ် ။ ဒီလိုအခြေအနေမျိုးကို ဘယ်အချိန်မှာတွေ.ရတတ်သလဲဆိုရင် ၊ ကားတွေကို အသုံးမပြုဘဲ ရက်လများစွာရပ်ထားတတ်တဲ့ ကားတွေမှာ အဖြစ်များတတ်ပါတယ် ။ လောင်စာဆီတွေထဲမှာ ရောနှောပါလာတဲ့ ရေခိုးရေငွေ. (Moisture) က ဒီဆီပန်.ထဲမှာရှိတဲ့ သတ္တုအစိတ်အပိုင်းတွေကို ပျက်စီးစေတတ်ပြီး ၊ ပန်.တွေကို သုံးမရအောင်ဖြစ်စေတတ်ပါတယ် ။

နောက်တချက်က တချို.လောင်စာဆီတွေထဲမှာ ရောပါလာတတ်တဲ့ Ethanol (အရက်ပျံ) တွေကလည်း ရေခိုးရေငွေ.ပျံမှုတွေကို လွယ်လွယ်ကူကူဖြစ်စေတတ်ပြီး ဆီတိုင်ကီထဲမှာရှိတဲ့ သတ္တုအမျိုးမျိုးကို ပွန်းစားပျက်စီးစေပါတယ် ။ အထူးသဖြင့်ကတော့ ဆီထဲက ရေခိုးရေငွေ.ထဲက ဆီဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာပေးတဲ့ Fuel Level Sensor တွေ ပျက်စီးစေမှု အများဆုံးဖြစ်ပါတယ် ။ ဒါကြောင့် အခုဆိုရင် ဆီမသန်.တဲ့ ၊ ဆီအရောအနှောများတဲ့မြန်မာနိုင်ငံမှာ ဆီဂိတ်မမှန်လို. ပြုပြင်ရတဲ့ကားတွေ များပြားလှတာဖြစ်ပါတယ် ။

ကားတွေကို ရပ်ထားတာ ကြာပြီး ၊ ပြန်လည်အသုံးပြုတော့မယ်ဆိုရင် အကောင်းဆုံးကတော့ ဆီတိုင်ကီထဲက ဆီအဟောင်းတွေကိုဖောက်ချပြီး ၊ သန်.ရှင်းရေးလုပ် အသစ်ထည့်အသုံပြုတာကတော့ အကောင်းဆုံးပါပဲ ။

3. ဆီအရည်အသွေးမပြည့်မီတာ (ဝါ) ဆီမသန်.တာ
ဆီအရည်အသွေးမပြည့်မီတာ ၊ ဆီမသန်.တာကြောင့် ဆီတိုင်ကီထဲက Electric Fuel Pump တွေအပျက်များတာကိုတော့ လူတိုင်းသိကြပါတယ် ။ ဒါပေမယ့် နည်းနည်းလေးထပ်ရှင်းပြချင်ပါသေးတယ် ။ ဒီဆီတိုင်ကီထဲကို ဆီထည့်လိုက်တယ်ဆို ၊ ဒီဆီမှာပါ၀င်တဲ့ အရာတွေအားလုံးက ဆီတိုင်ကီကနေ ဆီပန်.ထဲကို ရောက်ပါတယ် ။ ဆီတိုင်ကီမှာ ပါလာတဲ့ အညစ်အကြေးတွေကို သန်.စင်ဖို. ဆီစစ်ဇကာ ( Fuel Filter ) ပါရှိပေမယ့် ၊ ကံမကောင်းစွာပဲ ဒီ ဆီစစ်ဇကာတွေဟာ 70 Microns အရွယ်အစားရှိတဲ့ အမှုန်အမွှားလေးတွေကိုပဲ စစ်ထုတ်နိုင်ပါတယ် ။ ဒီတော့ ဒီ 70 Microns အရွယ်ထက်ငယ်တဲ့ အမှုန်အမွှားတွေဟာ ဆီစစ်ဇကာနေဖြတ်ပြီး ဆီပန်.ထဲရောက်ပြီး အချိန်ကာလကြာလာတာနဲ.အမျှ ဆီပန်.တွေကို ပျက်စီးစေပါတော့တယ် ။
92 Ron , 95 Ron အစရှိတဲ့ အရည်အသွေးပြည့်မီတဲ့ ဆီတွေကို သုံးစွဲတာကလည်း သင့်ကားရဲ. ဆီပန်.တွေ အသက်ရှည်စေကြောင်း နည်းလမ်းကောင်းတခုဖြစ်ပါတယ် ။

ဆီပန်.တွေ မကောင်းတော့ဘူးဆိုရင် ဘယ်လို လက္ခဏာတွေပြလာမလဲ ?

1 . ဆီတိုင်ကီထဲက ဆီပန်.အသံကြမ်းလာတာ
ပုံမှန်အားဖြင့် ဆီတိုင်ကီထဲက Electric Fuel Pump တွေဟာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်နေမယ်ဆို အသံမကြားရသလောက် ငြင်သာပါတယ် ။ အဲ့လိုမဟုတ်ဘဲ ဆီတိုင်ကီထဲက ဆီပန်.တွေ ကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုရင် ဆီပန်.တွေရဲ. လည်ပတ်တဲ့ အသံကြမ်းလာတွေဖြစ်တတ်ပါတယ် ၊ အရပ်ထဲမှာတော့ ဆီပန်. ညီးသံလို.ခေါ်ဝေါ်ပါတယ် ။ ဒီအသံကြားရတယ်ဆို ဖြစ်နိုင်တာတွေက ဆီတိုင်ကီထဲမှာ ဆီမရှိတော့တာ ၊ ဆီပန်.ပျက်ချင်တာ ၊ ဆီစစ်ဇကာကြေးတွေပိတ်တာ အစရှိတဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ် ။

2 . Start ရှည်တာ ၊ အင်ဂျင်အနှိုးခက်တာ
ဒီပြဿနာလေးက အဖြစ်များတဲ့ ပြဿနာတခုပါပဲ ၊ ခုတလောလေးမှာတင်ကို ဒီလိုပြဿနာနဲ.လာတဲ့ ကားတွေမနည်းပါဘူး ၊ ကား၀ပ်ရှော့လောကမှာတော့ Start ရှည်တာ ၊ ဒါမှမဟုတ် အင်ဂျင်နှိုးခက်တာလို.ပြောကြတာများတယ် ။ ဒီလိုဖြစ်စေရတဲ့ ပြဿနာအကြောင်းအရင်းတခုက ဒီဆီပန်.နဲ.သက်ဆိုင်ပါတယ် ။ ဆီပန်.တွေက ပုံမှန်အားဖြင့် အပေါ်မှာပြောခဲ့သလိုပဲ ၊ သော့ဖွင့်လိုက်တယ် On လိုက်တယ်ဆိုတာနဲ. စအလုပ်လုပ်ပါတယ် ။ ဒါပေမယ့် ပန်.က သိပ်မကောင်းတော့ဘူးဆိုရင် စက္ကန်.ပိုင်းလေးအတွင်းမှာ လုံလောက်တဲ့ Pressure ရအောင် မစွမ်းဆောင်နိုင်တော့ပါဘူး ။ ဒီတော့ သော့ဖွင့်ပြီး စက်တန်းနှိုးလိုက်တယ်ဆို အင်ဂျင်က လည်တာ အရင်ကထက်ပိုကြာပြီး စက်ချက်ခြင်း မနှိုးဘဲ စက်အနှိုးရခက်တာတွေကြုံလာရတာပါပဲ ။

3 . အင်ဂျင်တုန်.ဆိုင်းသွားတာ
ဒီလို အင်ဂျင်တုန်.သွားတာက ပုံမှန်မောင်းနေချိန်အဖြစ်နည်းပြီး ၊ အရှိန်နဲ. မြန်မြန်ဆန်ဆန် မောင်းနေတဲ့အချိန်မှာ ဖြစ်တတ်ပါတယ် ။ ဘာကြောင့်ဖြစ်ရတာလဲဆိုရင်တော့ ဆီတိုင်ကီထဲက ဆီပန်.က အင်ဂျင်က လိုအပ်တဲ့ ဆီကို ပုံမှန်ပေးပို.နေရာကနေ ရုတ်တရက် ဆီပေးမှု ဆီတွန်းပို.မှု နှောင့်နှေးသွားလို.ဖြစ်ရတာပါပဲ ၊ ဒါဟာလည်း ဆီတိုင်ကီထဲက Electric Fuel Pump ချို.ယွင်းလာရင် ဖြစ်တတ်တဲ့ရောဂါတခုပါပဲ ။

4 . ၀န်ရုန်းတဲ့အခါမှာ အင်ဂျင်ရုန်းအားကျတာ
ဒီလိုရောဂါအဖြစ်များတာကတော့ တောင်ပ်ါတွေ ကုန်းတက်တွေကို တက်တဲ့အခါနဲ. ကားပေါ်ပစ္စည်းတွေ ကုန်တွေတင်ပြီး အရှိန်တင်မောင်းနှင်တဲ့အခါမှာ တွေ.ရပါတယ် ။ အဲလိုအခြေအနေမျိုးတွေ အင်ဂျင်ထိုးရပ်သွားတတ်ပါတယ် ၊ ဘာဖြစ်လို.လဲဆိုရင် ၀န်ရုန်းတဲ့အခါမှာ အင်ဂျင်ပိုမိုလည်ပတ်ဖို.အတွက် လိုအပ်တဲ့ လောင်စာဆီ Pressure ကို ဆီပန်.က တွန်းပို.မပေးနိုင်တော့လိုပဲဖြစ်ပါတယ် ။

5 . ဆီစားနှုန်း မမှန်တာ
ပျက်စီးယိုယွင်းလာတဲ့ ဆီပန်.တွေကြောင့် ကားရဲ. ဆီစားနှုန်းမမှန်တာတွေဖြစ်တတ်ပါတယ် ၊ ဘာကြောင့်ဆိုရင် ဆီပန်.တွေထဲမှာ အဖွင့်အပိတ် Valve တွေပါ၀င်ပြီး အဲ့ဒီကောင်တွေချို.ယွင်းလာတယ်ဆိုရင် ဖွင့်ချိန်ပိတ်ချိန်တွေ မမှန်တာကြောင့်ရယ် ၊ ဆီပန်.တွေရဲ. သတ်မှတ် Pressure တွေကို သေချာ မထိန်းချုပ်နိုင်တာတွေကြောင့်ရယ် ဆီပိုပို.တာ ၊ ဆီနည်းနည်းပဲပို.တာတွေဖြစ်စေပြီး ဆီးစားနှုန်းမညီမညာဖြစ်စေတတ်ပါတယ် ။

6 . အင်ဂျင်နှိုးမရတော့တာ
ဒါကတော့ ဆီတိုင်ကီထဲမှာရှိတဲ့ Electric Fuel Pump လုံး၀ ဂန်.သွားတဲ့အခါမှာဖြစ်တတ်တဲ့ ပြဿနာပါပဲ ။ သော့ဖွင့်မယ် ၊ စက်နှိုးမယ် ၊ အင်ဂျင်ကလည်း လည်မယ် ၊ ဒါပေမယ့် စက်လုံး၀ မနှိုးတော့ဘူးဆိုရင် အဖြစ်အများဆုံး ဖြစ်နိုင်ချေအရှိဆုံး ပြဿနာက ပန်.မလည်တော့တာ ၊ ပန်.လည်သည့်တိုင်အောင် လုံလောက်တဲ့ ဆီမပို.တော့တာကြောင့်ပဲ ဖြစ်ပါတယ် ။
ဒီအချက်တွေက ဆီတိုင်ကီထဲက Electric Fuel Pump တွေပျက်စီးယိုယွင်းလာရင် ဖြစ်လာတတ်တဲ့ ပြဿနာတွေပါပဲ ။ ဒီတော့ ဆီတိုင်ကီထဲက ဆီပန်.တွေကို ရေရှည်အသုံးပြုနိုင်အောင် သေချာဂရုစိုက် ထိန်းသိမ်းသင့်ပါတယ် ။ ဆီတိုင်ကီထဲက ဆီပန်.တွေဟာ ပုံမှန်အားဖြင့် ကီလို 160,000 ကီလိုနီးပါးလောက် အသုံးခံတတ်ပါတယ် ။

အပေါ်မှာပြောထားသလို ၊ ဆီတိုင်ကီထဲက ဆီ Level ကို 4 ပုံ 1 ပုံထက်ရောအောင် မသုံးတာ ၊ ဆီတိုင်ကီပန်.ကို ဖြုတ်ဆေးကြောတာ ၊ ဆီသန်.သန်.ရွေးချယ်၀ယ်ယူသုံးစွဲတာ အစရှိတဲ့ အမူအကျင့်ကောင်းတွေကို လုပ်မယ်ဆိုရင်တော့ ဆီတိုင်ကီထဲက Electric Fuel Pump တွေကို သက်တမ်းစေ့သုံးစွဲနိုင်မှာဖြစ်ပါတယ်ခမျာ ။ ဆီတိုင်ကီထဲက Electric Fuel Pump တွေဟာ ကားတစီးရဲ. အင်ဂျင်လည်ပတ်ဖို.အတွက် မရှိအဖြစ်အရာတခုဖြစ်ပါတယ် ။ ဒီဆီပန်.မကောင်းရင် ပြဿနာမျိုးစုံကြုံရပြီး ကားမောင်းသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် ဆီတိုင်ကီထဲက ဆီပန်.တွေ.ရဲ. ရောဂါလက္ခဏာတွေအကြောင်းသိပြီး ဘယ်လိုကြိုတင်ကာကွယ်ရမယ်ဆိုတာ တင်ပြဆွေးနွေး လိုက်ရပါတယ်ခမျာ ။

Credit #
Prime Auto Technology

Today's fuel prices ⛽(4-4-23)
03/04/2023

Today's fuel prices ⛽
(4-4-23)

Today's fuel prices ⛽( 2-4-23 )
02/04/2023

Today's fuel prices ⛽
( 2-4-23 )

Fuel prices ⛽(31-3-23)
31/03/2023

Fuel prices ⛽
(31-3-23)

Address

Yangon
009591

Telephone

+959799855180

Website

Alerts

Be the first to know and let us send you an email when Rent a car posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category