Myanmar Inbound & Outbound Tour Operator များ ဗဟုသုတ ဖလှယ်ရန်

  • Home
  • Myanmar
  • Yangon
  • Myanmar Inbound & Outbound Tour Operator များ ဗဟုသုတ ဖလှယ်ရန်

Myanmar Inbound & Outbound Tour Operator များ ဗဟုသုတ ဖလှယ်ရန် To share knowledge about tourism field . .

05/05/2020

ခရီးသွားလုပ်ငန်းတစ်ခုလုံး ပြိုလဲနေချိန်မှာ
ကုမ္ပဏီပိုင်ရှင်တွေ လုပ်ငန်းဆက်မလည်ပတ်နိုင်တော့လို့ အဆင်မပြေ
တာထက် နှစ်ရှည်လများ သစ္စာရှိရှိလုပ်ပေးခဲ့တဲ့ ၀န်ထမ်းတွေ ဘ၀က ပိုဆိုးတယ်
တစ်ချို့သော ကုမ္ပဏီတွေသာ အလုပ်မရှိပေမယ့် ၀န်းထမ်းတွေကို တစ်လ နှစ်လ စာလောက် ပေးထားနိုင်ကြတာတွေ့လို့ ၀မ်းသာရပေမယ့်
တော်တော်များများသော ခရီးသွားကုမ္ပဏီတွေက လုပ်ငန်းအခြေနေမကောင်းလို့ ဘယ်အချိန်ထိ ရပ်ဆိုင်းရမယ်ဆိုတာ မသိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ၀န်ထမ်းတွေကို တစ်လစာတောင် နစ်နာကြေးမပေးနိုင်ပဲ
အလုပ်ကနားခိုင်းတာတွေဟာ တရားမျှတမှုမရှိတဲ့အပြင်
အလုပ်က ပြန်ခေါ်နိုး ပြန်ခေါ်နိုး နဲ့ မျှော်လင့်ပြီး တခြားအလုပ်လည်း မလျှောက်နိုင် ပဲ
မိုးတွင်း ၅ လ လုံး ဘာဆက်လုပ်ရင်ကောင်းနိုးနဲ့ ရှေ့ဆက်မလည်းဆိုတာတွေးနေကြရင်း
ခရီးသွားကုမ္ပဏီမှာ လုပ်ခဲ့ပြီး အလုပ်လက်မဲ့ မျှော်လင့်ချက်မဲ့နေတဲ့
ဝန်ထမ်းတွေအတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်....

ဒီကိစ္စကို သင်္ခန်းစာယူပြီးတော့ ခရီးသွားလုပ်ငန်း အခြေနေ ပြန်ကောင်းလာတဲ့အခါ TOURISM မှာလုပ်နေကြတဲ့ ၀န်ထမ်းတွော တစ်နေရာတည်းမှာ ရပ်တန့်ပြီး မှီတွယ်မနေပါနဲ့
ကိုယ့်ရဲ့အရည်အသွေးကိုလည်း အမြဲတမ်းမြှင့်တင်ပါ...
ကိုယ့်အတွက် တက်လမ်းရှိမယ့် အာမခံချက်ရှိမယ့် ကိုယ်ကြိုးစားသလောက် အရာထင်မယ့် ကုမ္ပဏီတွေကို ရွေးချယ်ပြီးလုပ်ပါလို့ စေတနာနဲ့ တိုက်တွန်းပါတယ်...

ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည်ခေါင်းမော့လာနိုင်ပါစေ

၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး ကျောက်တော်ကြီးဘုရားဖူးလျှင် ၀င်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးကိုမြန်မာငွေ ၅...
20/12/2019

၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး
ကျောက်တော်ကြီးဘုရားဖူးလျှင်
ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးကို
မြန်မာငွေ ၅၀၀၀ ကျပ်... ကောက်ခံပါမယ်တဲ့..

အရမ်းဂုဏ်ယူစရာကောင်းတယ်နော်.. 😉😉😉

ဖျက်ဆီးခံရတာ ဂုတ်ထိပ်တံတား မဟုတ်ဘူးနော်ပုံထဲက မြင်ရတဲ့ တောင်နှစ်ခုကြား လျှိုကိုဖြတ်ပြီး ဆက်သွယ်ပေးထားတဲ့ ကွန်ကရစ်တံတားက ...
15/08/2019

ဖျက်ဆီးခံရတာ ဂုတ်ထိပ်တံတား မဟုတ်ဘူးနော်
ပုံထဲက မြင်ရတဲ့ တောင်နှစ်ခုကြား လျှိုကိုဖြတ်ပြီး ဆက်သွယ်ပေးထားတဲ့
ကွန်ကရစ်တံတားက ဂုတ်တွင်းတံတားပါ..

ဂုတ်ထိပ်တံတားကြီးကိုတော့ ထပ်ပြီး မဖျက်စီးလိုက်ပါနဲ့ ..

Photo credit

မရောက်ဖူးသေးသော tour guide များ သွားရောက် လေ့လာသင့်ပါတယ်..
06/08/2019

မရောက်ဖူးသေးသော tour guide များ သွားရောက် လေ့လာသင့်ပါတယ်..

ကဲ tourism website အသစ်တင်လိုက်ပါပြီတဲ့ https://tourisminmyanmar.com.mm/ Myanmar tourism နဲ့ ပတ်သတ်တဲ့ Information တွေ ၀...
01/08/2019

ကဲ tourism website အသစ်တင်လိုက်ပါပြီတဲ့

https://tourisminmyanmar.com.mm/

Myanmar tourism နဲ့ ပတ်သတ်တဲ့ Information တွေ ၀င်လေ့လာနိုင်သလို .. မိမိတို့ company တွေကိုလည်း အခမဲ့ဝင်ရောင် register လုပ်ပြီး ခရီးစဉ်တွေ ကြော်ငြာလို့ ရပါပြီတဲ့ .. သတင်းကောင်းပါ..

Main categories 3 ခု အနေနဲ့
Hotels, Tour Companies & Tour Guides ဆိုပြီး ၃ ခုရှိပါတယ်..
သက်ဆိုင်ရာ လုပ်ငန်းတွေမှာ ၀င်ရောက် register လုပ်နိုင်ပါတယ်..

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းကြီး အောင်မြင်ပါစေ _/\_

( ၇ ) လပိုင်း ၁ ရက်နေ့မှ စတင်ပြီး မန္တလေး မဟာမြတ်မုနိဘုရားကြီးဝင်ကြေး နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်  စတင်ကောက်ခံပါမ...
23/04/2019

( ၇ ) လပိုင်း ၁ ရက်နေ့မှ စတင်ပြီး မန္တလေး မဟာမြတ်မုနိဘုရားကြီးဝင်ကြေး
နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ် စတင်ကောက်ခံပါမည်တဲ့ ....
Photo Credit

Car Booking နှင့် ပတ်သတ်ပြီး သိသင့်တဲ့ ဗဟုသုတများ .. ကားအမျိုးအစား အနေနဲ့ 03 Seated Saloon ( Mark II တို့ Crown တို့ပေါ့...
25/03/2019

Car Booking နှင့် ပတ်သတ်ပြီး သိသင့်တဲ့ ဗဟုသုတများ ..
ကားအမျိုးအစား အနေနဲ့
03 Seated Saloon ( Mark II တို့ Crown တို့ပေါ့ ) - ဧည့်သည် နှစ်ယောက်အထိပဲ သုံးတယ် Guide မပါရင်တော့ ၃ ယောက်ထိရတယ်ပေါ့
05 Seated Super Custom 2018 လောက်က စပြီး မသုံးကြတော့ဘူး ..
05 Seated Alphard ( ဈေးမြင့်တယ် အံစာတုံးကားဈေးနှုန်းနဲ့ တူတယ် ) , Local ဆိုရင် ၇ ယောက် ၈ ယောက်အထိ စီးလို့ရပေမယ့် tour မှာတော့ ၄ယောက် လောက်အထိပဲ သုံးပါတယ်..
09 Seated Hi Ace / Grand Cabin G
13 Seated Hi Ace Commuter / Grand Hi Ace ( 2003~4 နောက်ပိုင်းမှာ Grand Cabin G ကို Upgrade မြှင့်ပြီး Grand Hi Ace ခေါ် Hi Ace Commuter ခေါ် အံစာတုံးကား ၁၃ ယောက်စီးတွေ ထွက်လာတာပါ )
18 Seated Mini Bus - 18 ယောက်စီး ဘတ်စ်
20/24 Seated Tour Bus - 20 ယောက်စီး ( သို့မဟုတ် ) 24 ယောက်စီး ဘတ်စ်
30/33 Seated Tour Bus - 30 ယောက်စီး ( သို့မဟုတ် ) 33 ယောက်စီး ဘတ်စ်
45 Seated Tour Bus - 45 ယောက်စီး ဘတ်စ်
49 Seated Tour Bus - 49 ယောက်စီး ဘတ်စ်
( ကားတွေရဲ့နံပါတ်ပြားက အပြာဆိုရင် Tour License ၀င်ထားတဲ့ ကားတွေပါ , ကိုယ်ငှားတဲ့ ကားက အနီ တို့ အနက်တို့ ဆိုရင်တော့ tour car မဟုတ်တဲ့အတွက် သုံးဖြစ်ရင်တောင် ဈေးဆစ်ပါ :D )

နိုင်ငံခြားသားတွေက Body ကြီးတော့ ဥပမာ ၅ ယောက်စီးကားဆိုပေမယ့်
လည်း ၄ ယောက်လောက်အထိသာ ပေးစီးတယ်.. သက်သက်သာသာ ထိုင်လို့ ရအောင်ပေါ့
လူဦးရေပေါ်မူတည်ပြီး အောက်ပါ ကားဈေးနှုန်းနဲ့ တွက်လို့ရပါတယ်
၁ ~ ၂ ယောက် ဆို Saloon
၃ ~ ၅ ယောက် ဆို 09 Seated Hi Ace , ဈေးကြီးတာ တတ်နိုင်ရင် Alphard
၆ ~ ၈ ယောက် ဆို 13 Seated Hi Ace Commuter / Grand Hi Ace
၈ ~ ၁၀ ယောက် ဆို 18 Seated Tour Bus
၁၀ ~ ၁၅ ယောက်ဆို 24 Seated Tour Bus
၁၅ ~ ၂၀ ယောက် ဆို 33 Seated Tour Bus
၂၀ ~ ၃၀ ကျော် ဆို 45 Seated Tour Bus / 49 Seated Tour Bus
ကားဈေးနှုန်းမှာ
- Airport Transfer
လေဆိပ် မှ ဟိုတယ် ( သို့ ) ဟိုတယ်မှ လေဆိပ် အကြို/အပို့ ဆိုရင်
အကြို ( သို့ ) အပို့ တစ်ကြောင်း ကို Airport Transfer ဈေးလို့ ပြောကြတယ်
အကြို + အပို့ နှစ်ကြောင်း ကို Round Trip Airport Transfer ဈေးလို့ ပြောကြတယ်
- Yangon Half Day
နေ့လည် ၁၂ နာရီ အရှေ့ပိုင်း ကားသုံးချိန် ၅ နာရီ (သို့ ) ၁၂ နာရီ အနောက်ပိုင်း ကားသုံးချိန် ၅ နာရီ သုံးမယ်ဆိုရင်
Yangon Half Day သို့ ပြောကြတယ်.. ( 7 - 12 ) OR ( 12 - 5 )
ကြားအချိန် သုံးရင်တော့ Full Day ဈေးနှုန်းနဲ့ ယူတယ်
- Yangon Full Day
ရန်ကုန်မြို့တွင်း တစ်နေကုန်သုံးတာကို Yangon Full day ဈေးလို့ ပြောတယ်
Tour ဆိုလျှင် ( 12 ) နာရီ သုံးခွင့်ရှိတယ် . Business tour ဆိုလျှင် ( 10 ) နာရီ သာ သုံးခွင့်ရှိတယ်
သတ်မှတ်ထားတဲ့ အချိန်ကျော်လျှင် အချိန်ပိုကြေး ကောက်တယ်
အချိန်ပို တစ်နာရီ နှုန်းသည် Full Day ဈေးနှုန်းရဲ့ ၁၀ ရာခိုင်နှုန်းကောက်တယ်
Visit Tour နဲ့ Business Tour ကားငှားသုံးရတာ ဘာကွာလည်းဆိုတော့ visit tour တွေက အလည်အပတ်အတွက်ပဲဆိုတော့ ခရီးစဉ်မှာပါတဲ့ မြို့တွင်းနေရာတွေပဲ လည်ပါတယ်… Business Tour တွေကတော့ အလုပ်ကိစ္စနဲ့ ပတ်သတ်တဲ့ စက်မှုဇုန် တို့ ဆိပ်ကမ်းတို့ စတဲ့ tour site အပြင်ဘက်ကိုသွားတတ်တယ် .. အဲလိုသွားပြီဆိုရင် Outside area ( Industrial zone ) ကြေးဆိုပြီး အပို ထပ်ကောက်တာ ရှိတယ်.. အသွားများတဲ့ စက်မှုဇုန်တွေ ဆိုရင် လှိုင်သာယာ ၊ ရွှေပြည်သာ ၊ သာကေတ ၊ သီလ၀ါ စတာတွေပါပဲ
ဥပမာ
Saloon မှ Hi Ace ဆိုလျှင် zone တခုသွားတိုင်း ၈၀၀၀ အပိုကောက်တယ်
24 Seated Bus ဆိုလျှင် zone တခုသွားတိုင်း ၂၀၀၀၀ အပိုကောက်တယ်
33 Seated Bus ဆိုလျှင် zone တခုသွားတိုင်း ၂၂၀၀၀ အပိုကောက်တယ်
45 Seated Bus ဆိုလျှင် zone တခုသွားတိုင်း ၂၇၀၀၀ အပိုကောက်တယ်
တခြားလမ်းကြောင်းတွေကတော့
1).Yangon - Thanlyin သန်လျှင် နေ့ချင်းပြန်ဈေး
2). Yangon - Bago ပဲခူး နေ့ချင်းပြန်ဈေး
3). Yangon - Golden Rock ရန်ကုန် ကျိုက်ထီးရိုး အသွားတစ်ကြောင်းဈေး
4). Yangon - Pyay
5). Yangon - Ngwe Saung Beach
6). Yangon - Chaung Tha Beach
7). Yangon - Nay Pyi Taw
သတိထားရမှာက နံပါတ် ၃ မှ စပြီး ခရီးစဉ်တွက်ရင် နေ့ချင်းပြန် သို့မဟုတ် တစ်ညအိပ် ဈေးက အတူတူပဲ အသွား+အပြန် နှစ်ကြောင်းစာ တွက်ယူရတယ်
ရန်ကုန်အတွက် ဘိုကင် တင်မယ်ဆိုရင် လိုအပ်တာ မှာဖို့အချက်တွေက
- ဘိုကင် ကုဒ် Booking Code
- လေယာဉ်အမျိုးအစားနှင့်ဆိုက်ရောက်ချိန် Arrival Flight Detail ( အချိန် မမှားဖို့ လိုတယ်နော်.. ဂရုမစိုက်မိလို့ အချိန်မှားေ၇းတာဖြစ်ဖြစ် အချိန်ပြောင်းသွားတာကို Car rental ကို အသိမပေးမိတာဖြစ်ဖြစ် ဧည့်သည်ကို ကြိုဖို့လွဲရင် အကြီးမားဆုံး အပြစ်ပဲ ... ရောက်ရောက်ခြင်းတည်းက လွဲနေပြီဆို ဧည့်သည်လည်း ကျေနပ်မှာ မဟုတ်ဘူးလေနော် / အပြန်အချိန်မှားပြောထားမိလို့ လေယာဉ်မမှီလိုက်ဘူးဆိုရင်လည်း လေယာဉ်လက်မှတ်ခ အစားအသောက်ခ တစ်ညထပ်အိပ်ရမယ်ဆို ဟိုတယ်ခ အဲဒါတွေကို လျော်ရပါတယ် )
- ပို့ပေးရမည့် ဟိုတယ် အမည် Hotel Name
- Guide နာမည်နှင့် ဖုန်းနံပါတ် Guide Information
- သွားမည့် ခရီးလမ်းကြောင်း ( တခါတလေ ဧည့်သည်က ပြောထားတာ Yangon Full Day ဆိုပြီး စက်မှုဇုန်သွားတာတို့ရှိခဲ့ပြီဆိုရင် Car rental က ကိုယ့်ဆီ ဘေလ်တင်တဲ့အခါ အပိုကြေးတွေ ကောက်မှာပေါ့ ဒါဆိုရင် ကိုယ်က ဧည့်သည်ကို Full Day ဈေးပဲ ယူထားတဲ့ အတွက် အပိုကြေးတွေ စိုက်ရတော့မယ်.. အဲလို မဖြစ်အောင် ဘိုကင်တင်ထဲက ဒီလမ်းကြောင်းအပြင် တခြား အပြင်နေရာတွေ သွားတဲ့အခါ ရုံးကို ဖုန်းဆက်ပေးဖို့နဲ့ ဧည့်သည်ဆီက အပိုကြေး ကောက်နိုင်ဖို့ မှာထားရမယ် ) .. ဒီလို အမှားတွေက ခနခန ဖြစ်တတ်လို့ သတိထားသင့်တယ်နော်..
ပုဂံ / အင်းလေး / မန္တလေး အတွက် ဘိုကင် တင်မယ်ဆိုရင်
-ဘိုကင် ကုဒ် Booking Code
- လေယာဉ် ဆိုက်ရောက်ချိန် ထွက်ခွါချိန် အတိအကျ
- ပို့ပေးရမည့် ဟိုတယ် အမည် Hotel Name
- Guide နာမည်နှင့် ဖုန်းနံပါတ် Guide Information
- သွားမည့် ခရီးလမ်းကြောင်း ( ဖြစ်နိုင်လျှင် ဧည်သည့်ကို ရောင်းထားတဲ့ ခရီးစဉ် အသေးစိတ်ကို ပို့ပေးလိုက်ပါ )
- ၀င်ကြေး စိုက်ပေးရန် လို/မလို Entrance Fee
- အစားအသောက် စီစဉ်ပေးရန် လို/မလို Meals ( Lunch & Dinner )
စီစဉ်ပေးဖို့ လိုတယ်ဆိုရင် တစ်ယောက် ဘယ်လောက်နှုန်းနဲ့ ကျွေးပေးဖို့ မှာပါ
ဥပမာ ( Meals Budget - 8000 ~ 10000 Kts ) ၈၀၀၀ မှ ၁၀၀၀၀ တန် အထိ ကျွေးပေးပါပေါ့
အဖွဲ့ကြီးဆိုရင် ကိုယ်တိုင် ဘိုကင်တင်ထားတဲ့ စားသောက်ဆိုင်ရဲ့ နာမည်တွေ ရေးထည့်ပါ
ပုဂံ ဘိုကင်မှာ လိုအပ်တဲ့ တခြား မှာစရာတွေကတော့
- ခရီးစဉ်ထဲမှာ မြင်းလှည်း သို့မဟုတ် လှေ စီးဖို့ ပါနေရင် မြင်းလှည်းခ လှေခ စိုက်ပေးဖို့ လို/မလို ရေးထဲ့ပါ
- ခရီးစဉ်ထဲမှာ Sunrise ( နေထွက်တာ ကြည့်ခြင်း ) ကြည့်ဖို့ပါရင်လည်း ရေးထည့်ပါ.. ဈေးတွက်တဲ့အခါ Sunrise အတွက် ကားခနှင့် Guide ခ အပိုထဲ့တွက်ရပါတယ်..
မန္တလေး ဘိုကင်မှာ လိုအပ်တဲ့ တခြား မှာစရာတွေကတော့
- မန္တလေးတောင်တက်ကားခ
- စစ်ကိုင်းသွားရင် စစ်ကိုင်း တောင်တက်ကားခ
- မင်းကွန်းသွားရင် လှေစီးခ
- အင်းဝ သွား၇င် လှေစီးခ နှင့် မြင်းလှည်းစီးခ
- ဂုတ်ထိပ် သွားရင် ရထားခ
- ပြင်ဦးလွင်သွား၇င် ပန်းခြံအတွင်း မြင်းလှည်းစီးခ ပါ/မပါ
အင်းလေး ဘိုကင်မှာ လိုအပ်တဲ့ တခြား မှာစရာတွေကတော
- အင်းလေးမှာက ဟဲဟိုးလေဆိပ်မှ ညောင်ရွှေအထိ ကားခ..
ညောင်ရွှေ လှေဆိပ်မှ အင်းထဲသွား လှေခ နှစ်မျိုး ပါပါတယ်..
လှေတစ်စီးကို အများဆုံး ၅ ယောက်အထိသာ စီးခိုင်းပါတယ်..
လူများရင် ခရီးဆောင်အိတ်တွေ တင်ဖို့အတွက် လှေတစ်စီး သို့မဟုတ် နှစ်စီးစာ ပိုတွက်ရပါတယ်..
အင်းထဲမှာ ညစာကို ဟိုတည်မှာပဲ စားရတယ်နော်.. ဟိုတယ် dinner ကတော့ ဈေးကြီးတယ်.. များသောအားဖြင့်
ညောင်ရွှေတစ်ဝိုက် ဟိုတယ်မှာ အိပ်ရင်တော့ စားသောက်ဆိုင်တွေမှာ ထွက်စားလို့၇တယ်..
Hotel Booking နဲ့ ပတ်သတ်ပြီး သိသင့်တဲ့ ဗဟုသုတများ
- ဘိုကင် တခုတင်တဲ့အခါ Reservation Department နှင့်ဆိုင်
- အခန်းဈေးနှုန်း ဈေးဆစ်တာဖြစ်ဖြစ် special request ရှိခဲ့ရင်ဖြစ်ဖြစ် Sale Department နှင့် ဆိုင်
- Reception Department ဒါကတော့ အခန်းဝင်တဲ့အခါ ဧည့်သည်နဲ့ တိုက်ရိုက်ထိတွေ့ရသော receptionist တွေရှိတဲ့ Check In Counter ပေါ့
အခန်းဖွဲ့စည်းပုံ
Single room - တစ်ယောက်အိပ်ခန်း
Twin room - တစ်ယောက်အိပ်ခုတင် နှစ်လုံး ပါ အခန်း
Double room - နှစ်ယောက်အိပ် ခုတင် အကြီး တစ်လုံးပါ အခန်း
Triple room - တစ်ယောက်အိပ်ခုတင် သုံးလုံးပါ အခန်း (သို့မဟုတ်) နှစ်ယောက်အိပ် ခုတင်အကြီး တစ်လုံး နှင့် တစ်ယောက်အိပ် ခုတင် တစ်လုံးပါ အခန်း
Family room - မိသားစု အခန်း ( ၃ ယောက်ခန်း သို့မဟုတ် ၄ ယောက်ခန်း )
Extra Bed - ခုတင် အပို
အချို့  ဟိုတယ်တွေမှာတော့Twin သို့မဟုတ် Double အခန်းတွေက Extra bed ထိုးလို့ ရတယ်.. တချို့ ဟိုတယ် အခန်းတွေကျတော့ အခန်းကျဉ်းလို့ Extra bed ထိုးလို့ မရတာ ရှိတယ် ..
Mattress - အလွယ်ပြောရရင် မွေ့ယာပေါ့ တချို့ ဟိုတယ်တွေမှာ Extra Bed ဆိုပြီး ခုတင်အပိုတစ်ခု မထည့်ပေးပဲ .. Mattress အထူ ပဲ ချပေးတာမျိုးလည်း ရှိတတ်တယ်..
Extra Bed နဲ့ Mattress က ဘာကွာလည်း ဆိုရင်
- Extra Bed - ခုတင်အပေါ်မှာ မွေ့ယာတင်ထားတာ
- Mattress - ခုတင်မပါပဲ ကြမ်းပြင်ပေါ်မှာ မွေ့ယာပဲ ချပေးထားတာ
Connection room - အတွင်းတံခါးပါသော ကပ်လျက် အခန်း
အခန်းနှစ်ခုရဲ့ အတွင်း နံရံ ကြားမှာ တံခါး တစ်ချပ်ရှိတယ်... တစ်ခန်းနဲ့ တစ်ခန်း အတွင်းထဲမှာ အ၀င်အထွက် လုပ်နိုင်တယ်..
မိသားစု သို့မဟုတ် သူငယ်ချင်း တွေ အဲလို အခန်းတွေ တောင်းဆိုတတ်တယ်..
Adjacent room / Attached room / Side by side room - အတွင်းတံခါး မပါသောကပ်လျက်အခန်း အခန်းနှစ်ခုက ဘေးချင်းကပ်လျက် သို့မဟုတ် မျက်နှာချင်းဆိုင် အခန်းပေါ့
ဧည့်သည်တွေရဲ့ request မှာ အဲလိုမျိုး အရေးအသားနဲ့ တောင်းဆိုတာ ရှိတတ်ပါတယ်..
Breakfast - 3 star အဆင့်ရှိ ဟိုတယ်တိုင်းကတော့ မနက်စာ ပါတယ်..
Buffet breakfast - ဘူဖေး မနက်စာ
European Buffet breakfast - ဥရောပစတိုင် ဘူဖေး မနက်စာ
Asian Buffet breakfast - အာရှစတိုင် ဘူဖေး မနက်စာ
အများအားဖြင့် အာ့လို ကျွေးကြတာပဲ ..
သတ်သတ်လွတ် စားတဲ့ ဧည့်သည်ဆိုရင် .. request လုပ်ထားသင့်တယ်
Eg : Please kindly arrange vegetarian breakfast for our guest...
သတ်သတ်လွတ် မနက်စာလေး စီစဉ်ပေးပါဆိုပြီးတော့ပေါ့ …
Dinner - ညစာ ( ဟိုတယ် တော်တော်များများရဲ့ Dinner menu ပုံစံ တွေပေါ့ )
A la carte menu ( ဧည့်သည် နည်းရင် Set menu နဲ့ စီစဉ်ဖို့က ဈေးကြီးတော့ A la carte – menu မှာပါတဲ့ အစားသောက်တွေကို မှားစားရတဲ့ ပုံစံ )
Set Menu ( ထမင်း၊ အသား တစ်မျိုး သို့ နှစ်မျိုး သုံးမျိုး ၊ အရွက်ကြော် တစ်မျိုး ၊ အသုပ်တစ်မျိုး ၊ ဟင်းရည် - အစုံလိုက်ပါသော ဟင်းတွဲ )
Asia Set Menu : $ --
Chinese Set Menu : $ --
Thai Set Menu : $ --
European Set Menu : $ --
Buffet Dinner ( Asian style/ European Style/ Sea food ) - $ --
Compulsory Dinner - မဖြစ်မနေစားကိုစားရမယ်... ဟိုတယ်ဘိုကင်တင်ပေမယ့်လည်း Christmas သို့မဟုတ် New Year ရက်တွေဆို၇င် အခန်းခ+ညစာ တွဲယူရတာပေါ့ ..
24 Dec မှာ ဆိုရင် Christmas ဆိုပြီး ဟိုတယ်ခ+Dinner ပေးရတယ် ( တစ်ချို့ ဟိုတယ်တွေက လုပ်တယ် တစ်ချို့ဟိုတယ်တွေက မလုပ်ဘူး)
31 Dec မှာ ဆိုရင် New Year ဆိုပြီး ဟိုတယ်ခ+Dinner ပေးရတယ်
Christmas Eve နဲ့ New Year Eve ဆိုတဲ့ အသုံးအနှုန်းကို တွေ့ဖူးလား မသိဘူး
Eve ရဲ့ အသုံးအနှုန်းက information ပေးတာပေါ့ တကယ်လို့များ Christmas သို့ New Year ညမှာ Dinner ရှိခဲ့ရင် တစ်ယောက်ကို ဘယ်လောက်နှုန်း ရှိတယ်ဆိုတာ ပြောပြပေးထားတာ ။ မလုပ်ဖြစ်ခဲ့ရင်တော့ ပေးစရာမလို
( Eve ရဲ့ အသုံးအနှုန်းကို ကျနော်လည်း အခုမှ စာရေးရင် ဟိုတယ်တခုရဲ့ sale person တစ်ယောက်ကို မေးလိုက်တာပါ )
Package tour ဈေးနှုန်းတွက်တဲ့အခါ အဲလိုရက်မျိုး ပါနေရင် ထဲ့တွက်ဖို့ မကျန်ခဲ့ဖို့ စစ်၇မယ်နော်..
Check In : 02:00 PM
Early Check In Request : ဟိုတယ်ရဲ့ ပုံမှန် check in time က နေ့လည် ၂ နာရီပေါ့ ... ဒါမယ့် ဧည့်သည်က စောဝင်ချင်ပါတယ်ဆိုရင် ဟိုတယ်ကို request လုပ်ထားသင့်တယ်..
Check Out : 12:00 noon
Late Check Out Request : ဟိုတယ်ရဲ့ ပုံမှန် check out time က နေ့လည် ၁၂ နာရီပေါ့ ... ဒါမယ့် ဧည့်သည်က နောက်ကျမှ ထွက်ချင်ပါတယ်ဆိုရင် ဟိုတယ်ကို request လုပ်ထားသင့်တယ်..
Breakfast Box : တချို့ ကားနဲ့ တောက်လျှောက်သွားတဲ့ ခရီးစဉ်တွေက ဟိုတယ်ကနေ မနက်အစောကြီးထွက်ရတာမျိုးရှိရင် မနက်စာကို ဘူးနဲ့ထည့်ပေးလိုက်ဖို့ ဟိုတယ်ကို စီစဉ်ခိုင်းစေချင်တဲ့အခါ .. breakfast box ကို မနက် ဘယ်နှစ်နာရီလောက် အမှီလုပ်ပေးဖို့ request လုပ်ရတယ်..
တခြား ဆိုင်တာတွေ အမှတ်ရခဲ့ရင် ထပ်ေ၇းတင်ပေးပါ့မယ်..
ကိုယ့်ရဲ့ customer အတွက် အသေးအမွှားကအစ ဂရုစိုက် စီစဉ်ပေးနိုင်ခြင်းဟာ ကိုယ့်ရဲ့ Image ပါပဲ..

Flight Booking နှင့် ပတ်သတ်ပြီး သိသင့်တဲ့ ဗဟုသုတများ
မြန်မာပြည်တွင်းမှာ ပြေးဆွဲနေသော လေကြောင်းလိုင်းတွေကတော့
Domestic Airlines ( ပြည်တွင်းလေကြောင်းလိုင်းများ )
Air Kanbawza ( သူ့ရဲ့ code က K7 )
Air Bagan ( သူ့ရဲ့ code က W9 ) , ခုတော့ air bagan မရှိတော့ပါဘူး
Air Mandalay ( သူ့ရဲ့ code က 6T )
Yangon Air Way ( သူ့ရဲ့ code က YH )
Asian Wings ( သူ့ရဲ့ code က YJ )
Mann Yadanarpon Air line ( သူ့ရဲ့ code က 7Y )
Golden Myanmar Air Line ( သူ့ရဲ့ code က Y5 )
Myanmar National Air Line ( သူ့ရဲ့ code က UB )
လေယာဉ်လက်မှတ် ဘိုကင်တင်ဖို့အတွက်
- Group Size ( အဖွဲ့ အရေတွက် )
- Name list with Gender & Passport Number
နာမည် ၊ ကျား/မ ဖော်ပြရန်နှင့် ပတ်စပို့စ် နံပါတ်
- DOB ( Date of Birth )
မွေးနေ့ ရက်စွဲက ဘာအတွက် လိုတာလဲဆိုရင်
၂ နှစ်အောက်ဆိုလျှင် Infant လို့ခေါ်တယ် လေယာဉ်စီးခ ကို Air line က သတ်မှတ်ထားတဲ့နှုန်း အနည်းငယ်သာပေးရတယ်..
၂ နှစ် နှင့် ၁၂ နှစ် အထိ ဆိုလျှင် Child ခလေး လို့ ခေါ်တယ် လူကြီး ဈေးနှုန်းထက် နည်းတယ်
၁၂ နှစ် အထက် ဆိုလျှင် Adult လူကြီး လို့ ခေါ်တယ်..
- သတ်သတ်လွတ်စားတဲ့ ဧည်သည့်ပါလျှင် သူ့အတွက် Request ရေးထဲ့ပေး
တခြား ပတ်သတ်တဲ့ အသုံးအနှုန်းလေးတွေကတော့
Departure Time - လေယာဉ်ထွက်ခွါချိန်
Arrival Time - လေယာဉ် ဆိုက်ရောက်ချိန်
Check In Counter :စာရင်းသွင်းရန် ကောင်တာ ၊
Check In Time : ပြည်တွင်းလေကြောင်းလိုင်းဆိုရင် ကောင်တာ သို့ လေယာဉ်မထွက်ခွါခင် တစ်နာရီခွဲအလို ရောက်ရှိရမယ် / ပြည်ပလေကြောင်းလိုင်းဆိုရင် ကောင်တာ သို့ လေယာဉ်မထွက်ခွါခင် နှစ်နာရီ အလို ရောက်ရှိရမယ်
Check Out Counter : လေယာဉ်ပေါ်မှ ဆင်းပြီး စစ်ဆေးခံ ကောင်တာ
ETD : Estimated Time of Departure ( မှ ထွက်ခွါချိန် )
ETA : Estimated Time of Arrival ( သို့ ဆိုက်ရောက်ချိန် )
One Way - အသွားတစ်ကြောင်း သို့မဟုတ် အပြန်တစ်ကြောင်း ဈေးနှုန်း
Round Trip - အသွား+အပြန် နှစ်ကြောင်းစာ ဈေးနှုန်း
Via - ဥပမာ Yangon - Heho via Mdy ဆိုရင် ရန်ကုန်မှ ဟဲဟိုးလေဆိပ်သို့ သွားသောလေယာဉ်မှာ လမ်းတွင် မန္တလေးမှာ တစ်ကြိမ်ရပ်နားပါမည် ...
Direct flight - လမ်းတွင် မည့်သည့်မြို့မှ မရပ်ပဲ တိုက်ရိုက်သွားမယ် ..
ပြည်ပ လေကြောင်းလိုင်းကတော့ System တွေနဲ့ သွားတာ ကျနော် အဲဒါတော့ သိပ်မသိဘူးဗျ ..

Email ပို့လို့မရတာ connection မကောင်းလို့ မဟုတ်ပါဘူး .. ကမ္ဘာတစ်ဝှမ်းလုံး error ဖြစ်နေတာပါတဲ့ :(  Gmail ကနေ တစ်ဆင့် mail ...
13/03/2019

Email ပို့လို့မရတာ connection မကောင်းလို့ မဟုတ်ပါဘူး .. ကမ္ဘာတစ်ဝှမ်းလုံး error ဖြစ်နေတာပါတဲ့ :(

Gmail ကနေ တစ်ဆင့် mail တွေ ပို့လို့ မရဘူးဖြစ်နေပါသလား ? သင်တစ်ယောက်တည်း မဟုတ်ပါဘူး…..
တစ်မ္ဘာတစ်ဝှမ်းလုံး မှာ Gmail က ပေးထားတဲ့ Service တွေ ပြတ်တောက်နေတာဖြစ်ပါတယ် ….

ဘယ်လို ဖြေရှင်းရမလဲ………ကျွန်တော်တို့လည်း မသိသေးပါဘူး …
Google ကလူတွေက တော့ ” ကျွန်တော်တို့ အခု ဖြစ်နေတဲ့ ပြသနာကို စစ်ဆေးနေပါတယ် ….အချန်တို အတွင်းမှာ သတင်းထုတ်ပြန်ပေးသွးပါ့မယ် ” လို့ တာဝန်ရှိသူတွေက ပြောကြားသွားခဲ့ပါတယ် …

Credit

Gmail ကနေ တစ်ဆင့် mail တွေ ပို့လို့ မရဘူးဖြစ်နေပါသလား ? သင်တစ်ယောက်တည်း မဟုတ်ပါဘူး.....😜😜😜😜တစ်မ္ဘာတစ်ဝှမ်းလုံး မှာ Gmail ...

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မဟာ ဂန္ဓာရုံကျောင်းတိုက်သို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်လေ့လာကြည်ညိ...
08/02/2019

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မဟာ ဂန္ဓာရုံကျောင်းတိုက်သို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်လေ့လာကြည်ညိုရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ
*******************************************************************
နေပြည်တော်၊ ဖေဖော်ဝါရီလ (၇) ရက်
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာကြည်ညိုရာတွင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်-
(က) ကျောင်းတိုက်အတွင်း သတ်မှတ်ထားသော နေရာများ တွင်သာ လေ့လာကြည်ညိုကြရန်၊
(ခ ) ဆွမ်းစားဆောင်၊ သံဃာတော်များနေထိုင်ရာ ကျောင်းဆောင် များ အတွင်းသို့ဝင်ရောက်ခြင်း မပြုရန်၊
(ဂ ) ကျောင်းတိုက်အတွင်း မည်သည့်နေရာတွင်မျှ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတင်ရိုက်ကူးခြင်း မပြုရန်၊
(ဃ) ကျောင်းတိုက်အတွင်း လှည့်လည်လေ့လာကြည်ညိုစဉ် ဆူညံစွာ ဟစ်အော်ပြောဆိုခြင်း မပြုရန်၊
(င ) သံဃာတော်များ ဆွမ်းဘုန်းပေးနေစဉ် ဆွမ်းစားဆောင် အတွင်းသို့ ၀င်ရောက်ခြင်း၊ လှူဒါန်းခြင်း မပြုရန်၊
(စ ) ဆွမ်းအစရှိသော လှူဖွယ်များလှူဒါန်းလိုပါက ဆွမ်းစားချိန် မတိုင်မီတွင်လည်းကောင်း၊ဆွမ်း စားပြီးချိန်တွင် လည်းကောင်း၊ သီးသန့်လှူဒါန်းနိုင်ရန် ကြိုတင်ဆက်သွယ်ဆောင်ရွက်ရန်၊
(ဆ) အခြားလှူဖွယ်ပစ္စည်းများ၊ ၀တ္ထုငွေများ လှူဒါန်းလိုပါက အလှူခံဌာနသို့ သွားရောက် လှူဒါန်းရန်၊
(ဇ ) ကျောင်းတိုက်အတွင်း မည့်သည့်နေရာတွင်မျှ ဆေးလိပ်သောက်ခြင်း၊ အရက်သေစာ သောက်စားခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်၊
စသည်ဖြင့် ပြည်တွင်းပြည်ပခရီးသွားများ လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များ ထုတ်ပြန်ထားပါ ကြောင်း သတင်းရရှိပါသည်။

Credit .. Ministry of Hotels and Tourism
Phot Credit - UMTA

Address

Yangon

Telephone

+959961519782

Website

Alerts

Be the first to know and let us send you an email when Myanmar Inbound & Outbound Tour Operator များ ဗဟုသုတ ဖလှယ်ရန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category