09/09/2020
မင်္ဂလာပါ🙏🙏🙏
ခုတင်ဆက်ပြချင်တဲ့နေရာသစ်လေးကတော့ “Blue Mountains” ဒေသ မှ “Scenic World “ အကြောင်းလေးဖြစ်ပါတယ်။ Blue Mountains ဒေသ မှာ လည်စရာတွေကတော့ အံမခန်းပါပဲ၊
Blue Mountains ၏ နာမည်ကြီး Tourist attraction တွေကတော့
⛰Scenic World
⛰Echo Point Look out
⛰Three Sisters တို့ ဖြစ်ပါတယ်။
🚨Scenic World ဟာဆိုရင်ဖြင့် Blue Mountains ၏ katommba မြို့ တွင်တည်ရှိပြီး Sydney မှ ကားနှင့် အလွန်ဆုံး ၁နာရီ ခွဲ ကြာမောင်းရင်ရောက်ပါပြီ။
🚨Scenic World မှာခရီးသွားများကိုဆွဲဆောင်နိုင်သော attraction ၄ခု ရှိပါတယ်။
🚋Scenic Rail Way , ရထားနှင့်စီးပြီးသဘာ၀ အလှကို ကြည့်ရူနိုင်ပါတယ်။
🚋Scenic Sky Way, Blue Mountains ၏ တောင်ထိပ်ပေါ် မှစီး နှုင်းလိုက်ပါပြီး တောင်၏ အလှကို မြင်ရမှာဖြစ်ပါတယ်။
🚋Scenic Cable Way, ကတော့တောင်အောက်ခြေမှအပေါ်သို့ တက်သွားသော cable ride ကို စီးရမှာဖြစ်ပါတယ်။
🚋Scenic Walk Way, ကတော့ တောတောင်ကြားထဲမှအလှများကို အေးအေးဆေးဆေး လမ်းလျှောက် ပြီး ဓာတ်ပုံများ ရိုက်နိုင်အောင်ဆောက်လုပ်ထားသောတံတားဖြစ်ပါတယ်။
📷Scenic World နှင့်အတူ ပျော်စရာပုံရိပ်များ📷