19/05/2026
BIM Trainings နဲ့အတူ ITIL (Version 3) ခေတ်အချိန်ကာလတည်းက ITIL ကျောင်းသားပေါင်းမြောက်များစွာကို အစဉ်အလာကြီးမားစွာဖြင့် မွေးထုတ်ခဲ့သော BIM Trainings မှ ဆရာ Phyo Pye Chan Thar ကိုယ်တိုင် သင်ကြားပို့ချပေးမဲ့ ITIL (Version 5) Foundation Class စတင်ဖွင့်လှစ်ပါပြီ✨
IT Service Management နယ်ပယ်မှာ တစ်ကမ္ဘာလုံး အသိအမှတ်ပြုထားတဲ့ ITIL က ယခုအခါ ပိုမိုခေတ်မီပြီး ထိရောက်တဲ့ Version 5 အဖြစ်သို့ ပြောင်းလဲလာပါပြီ။ ဒီ Version အသစ်မှာ အဓိကထူးခြားချက်အနေနဲ့ကတော့ AI Governance နဲ့ပတ်သက်တဲ့ အကြောင်းအရာများ ပိုမိုပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်တွေကို လူကိုယ်တိုင် လိုက်လုပ်နေရတဲ့ Value Co-Creation အဆင့်ကနေ စနစ်တွေက သူ့အလိုလို Real-time Optimize လုပ်ပေးနိုင်တဲ့ အလိုအလျောက်လည်ပတ်မှု Autonomous Value အဆင့်သို့ ကူးပြောင်းလာပြီး၊ Cyber ခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိစေဖို့ Built-in Security စနစ်ကိုပါ အခြေခံကစပြီး ထည့်သွင်းတည်ဆောက်ထားပါတယ်။
BIM Trainings ရဲ့ ITIL (Version 5) Foundation Class မှာ IT Service Management ကို အခြေခံမှစတင်ပြီး လုပ်ငန်းခွင်ထဲမှာ အမှန်တကယ်အသုံးချနိုင်သွားသည်အထိ ပြင်ဆင်သင်ကြားပေးမှာပါ။ ဒါ့အပြင် နည်းပညာအပြောင်းအလဲမြန်တဲ့ ဒီနေ့ခေတ်မှာ IT Services တွေကို AI နဲ့ ဘယ်လိုပေါင်းစပ်ပြီး စနစ်တကျ စီမံခန့်ခွဲရမလဲဆိုတာကိုပါ ITIL Master ဖြစ်တဲ့ BIM Trainings ရဲ့ Authentic Trainer ဆရာဖြိုးပြည်ချမ်းသာဆီကနေ လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်။
ဒီအတန်းမှာ ITIL 5 ရဲ့ အဓိက Framework အသစ်တွေဖြစ်တဲ့
🔹Key ITIL terms and definitions
🔹The ITIL Four Dimensions of Product and Service Management
🔹The ITIL Product and Service Lifecycle
🔹The ITIL Value System
🔹Value stream identification, mapping, and management
🔹ITIL and AI
🔹ITIL and other frameworks
စတာတွေကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။
ဒီအတန်းကို IT Service Management မှာ Level Up ချင်တဲ့သူတွေသာမက IT အခြေခံ Experience ရှိထားသူများ ၊ IT Project Manager များနှင့် Business Manager များလည်း တက်ရောက်နိုင်ပါတယ်။
သင်တန်းပို့ချပေးမဲ့ဆရာကတော့ BIM Trainings မှာ ဆယ်စုနှစ်ပေါင်းများစွာ IT ပညာရှင်များကို မွေးထုတ်ပေးနေပြီး ယခုလက်ရှိ Enterprise Software House တစ်ခုမှာ Director အနေနဲ့ လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ ဆရာ U Phyo Pye Chan Thar ဖြစ်ပါတယ်။ Peoplecert ITIL Ambassador တစ်ယောက်ဖြစ်တဲ့အပြင် ITIL4 Master , ITIL4 Practice Manager, ITIL4 Managing Professional, ITIL4 Strategic Leader, ITILV3 Expert, SIAM , VeriSM စတဲ့ ပညာရပ်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များစွာ ရရှိထားပါတယ်။ ထို့အပြင် ထိုင်းနိုင်ငံရှိ Thammasat Business School မှ Executive MBA ဘွဲ့ကိုလည်း ရရှိထားပြီး ပြည်တွင်းပြည်ပလုပ်ငန်းခွင်အတွေ့အကြုံများစွာရှိသောဆရာဖြစ်ပါတယ်။
သင်က နိုင်ငံတကာအဆင့်မီ IT Service Management စနစ်ကို တတ်မြောက်ပြီး Service Quality ကို မြှင့်တင်ချင်တယ်။ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေနဲ့ IT Services တွေကို ဟန်ချက်ညီညီ ချိတ်ဆက်နိုင်ချင်တယ် ဆိုရင် BIM Trainings ရဲ့ ITIL (Version 5) Foundation Class က မဖြစ်မနေ တက်ရောက်သင့်တဲ့ အတန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင်နိုင်ငံတကာအသိအမှတ်ပြု Certification ရရှိထားခြင်းက သင့်ရဲ့ Career လမ်းကြောင်းအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်စေမှာပါ။
🎁 Special Offers & Discounts
⭐️Early Bird Discount: ပထမဆုံး အပ်နှံသူ ၅ ဦးအတွက် 10% OFF
⭐️BIM Trainings ရဲ့ သင်တန်းသားဟောင်းများ နဲ့ သင်တန်းသားဟောင်းမှ Recommend ပေးသူများအတွက် 10% OFF ရရှိမှာဖြစ်ပါတယ်။
မိမိရဲ့ Career ကို ITIL (Version 5) Framework နဲ့အတူ အဆင့်မြှင့်တင်ဖို့ဆို
👉Chat Box - m.me/bimtrainings မှာအခုပဲ Register လုပ်လိုက်ပါ။
Class Details
------------------------
📅Class Starting On: June 2026
⏰ Time: 9:00AM to 5:00PM
🕒Duration: 16hours (2days)
💰Fees - 450,000 Ks