Travel Advisor to Myanmar

Travel Advisor to Myanmar Tourism is travel for pleasure; also the theory and practice of touring, the business of attracting, accommodating, and entertaining tourists.

15/04/2025
Myanmar 🇲🇲 : Golden Myanmar Airlines က လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပြီး ၎င်း၏ တစ်ခုတည်းသော လေယာဉ်ဖြစ်သော ATR ATR72-600 က...
09/04/2022

Myanmar 🇲🇲 : Golden Myanmar Airlines က လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပြီး ၎င်း၏ တစ်ခုတည်းသော လေယာဉ်ဖြစ်သော ATR ATR72-600 ကို lessor Avation PLC သို့ ပြန်လည်အပ်နှံ

https://www.facebook.com/112033451376382/posts/136602038919523/

Myanmar 🇲🇲 : Golden Myanmar Airlines has suspended all operations and returned its only aircraft, an ATR ATR72-600, to lessor Avation PLC

မြန်မာနိုင်ငံ သို့၀င်ရောက်မည့်ခရီးသွားများအတွက်ကျန်းမာရေးသတ်မှတ်ချက်****************************************************...
08/04/2022

မြန်မာနိုင်ငံ သို့၀င်ရောက်မည့်ခရီးသွားများအတွက်ကျန်းမာရေးသတ်မှတ်ချက်
*********************************************************************

👉🏻 COVID ကာကွယ်ဆေးကိုလွန်ခဲ့သော ၁၄ရက်က အကြိမ်ပြည့်ထိုးထါးကြောင်း သက်သေခံလက်မှတ်

👉🏻Arrival မတိုင်မီ 72 Hours အတွင်း စစ်ဆေးထါးသောRT- PCR Negative result

👉🏻နိုင်ငံခြားသားခရီးသွားများအတွက် မြန်မာ့အာမခံမှ၀ယ်ယူထါးသော Insurance

👉🏻လေယာဉ်ပေါ်မှာ လက်ခံရရှိပြီးပြည့်စုံစွာဖြညိ့စွက်ထါးသောHealth Declaration Form

က်ိုဗစ်လူနာတွေအတွက် ‘မှောက်’ ပီး နောက်ထပ်ထိရောက်တဲ့ အရာကတော့ ‘ပုတ်’ ပေးတာပါ။  ဒါကို ဆေးပညာအရ “Percussion” လို့ခေါ်ပါတယ်P...
31/07/2021

က်ိုဗစ်လူနာတွေအတွက် ‘မှောက်’ ပီး
နောက်ထပ်ထိရောက်တဲ့ အရာကတော့ ‘ပုတ်’ ပေးတာပါ။ ဒါကို ဆေးပညာအရ “Percussion” လို့ခေါ်ပါတယ်

Percussion ပုတ်တာဟာ Chest Physio Techniques တွေထဲက Manual technique တစ်ခုဖြစ်ပါတယ်။Airway Clearance Chest Physio Technique တွေထဲက ကိုဗစ်အတွက် လက်တွေ့မှာ အထိရောက်ဆုံးနဲ့ အလိုအပ်ဆုံးက Percussion နဲ့ vibration ပါ။ကိုဗစ်လူနာအများစုက ချောင်းခြောက်ဆိုးတာဖြစ်တဲ့အတွက် huffing တို့ coughing တို့ အဲ့လောက်မလိုအပ်ခဲ့ပါဘူး။ ချွဲသလိပ်တွေ ထွက်တာမရှိသလောက်ပါပဲ။ ချွဲပါခဲ့ရင်လည်း အခုပြောပြမယ့် ပုတ်တဲ့နည်းကို သုံးလို့ရပါတယ်။

ပုတ်ပေးရတဲ့ အဓိကရည်ရွယ်ချက်က မောလို့ကုတင်ပေါ်မှာ မလှုပ်မရှားဘဲ နေတာကြာတာဖြစ်စေ ချွဲသလိပ်တွေထွက်အောင်ဖြစ်စေ အဆုတ်ထဲက လေအိတ်တွေအောက်ဆီဂျင် အလုံအလောက်မရတော့လို့ လေအိတ်တွေကပ်ပီး အဆုတ်ရဲ့အစ်ိတ်အပိုင်းတချို့ခဲသွားတာဖြစ်စေ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ယောင်ရောဂါဝင်လာတာဖြစ်စေ ဒါမျိုး အခြေအနေတွေကိုကာကွယ်နိုင်အောင် “အဓိကက အဆုတ်မခဲသွားအောင် ဆရာမတို့ percussion ပုတ်တဲ့နေရာမှာ သုံးရတဲ့ လက်အနေအထားရှိပါတယ်။ လက်ဖဝါးကြီးနဲ့ လူနာကျောကို အဆုတ်ကွာအောင် တဖြန်းဖြန်း ရိုက်ပုတ်လို့မရပါဘူး

✅လက်အနေအထား
နည်းမှန် လမ်းမှန်နဲ့ Percussion ပုတ်တဲ့နေရာမှာ သုံးရမယ့်လက်အနေအထားကို အောက်ကပုံမှာပြပေးထားပါတယ်။
လက်မကိုလက်ညှိုးမှာ လာကပ်ပီး လက်ချောင်းတွေစိ လက်ဖမိုးခုံးထားတဲ့ cup hand လက်အခွက်လေးနဲ့ ပုတ်ပေးရတာပါ။

ပုတ်ရာမှာလည်း လက်တချောင်းလုံးအားလုံးသုံးပီးပုတ်တာမဟုတ်ဘဲ လက်ကောက်ဝတ်ရဲ့လှုပ်ရှားမှုကို အဓိကသုံးပီး ပုတ်ပေးရတာဖြစ်ပါတယ်။ ပုတ်တဲ့အားကလည်း steady beat အားညီရပါမယ် ပုတ်တဲ့အသံကလည်း hollow sound ဖြစ်ရပါမယ်။ တဖြန်းဖြန်း လက်ဖဝါးနဲ့ရိုက်တဲ့အသံဆို လူနာအသားပဲ နာပီး မထိရောက်ပါဘူး။အခုပြထားတဲ့ လက်cup hand ပုံစံအမှန်ဆို လူနာအသားမနာပါဘူး။

ပုံထဲကလို လက်၂ဖက် အတက်အကျပုတ်တာကတော့ ပညာရှင်တွေလို အတွေ့အကြုံရှိမှ ပုတ်ရတာ အဆင်ပြေမယ်လို့ထင်ပါတယ်။ ဒါကြောင့် အိမ်မှာ အချင်းချင်း ပုတ်ပေးတဲ့အခါမှာ လက်တဖက်ထဲပဲ အသုံးပြုပြီး ပုတ်ပေးလည်းရပါတယ်။ တကယ့်လက်တွေ့မှာလည်း လူနာရှင်တွေကို ဒီလိုနည်းနဲ့ သင်ပေးခဲ့တာ သူတို့အတွက်ပိုအဆင်ပြေတာကို တွေ့ခဲ့ရလို့ပါ။

✅ကြားခံ
ပုတ်ရမယ့် လက်အနေအထား သိပီဆိုရင်လည်း လူနာကျောက်ို တိုက်ရိုက်ပုတ်လို့မရပါဘူး။ ဆရာမတို့ကတော့ PPE နဲ့ ဝင်ရတာမို့ လက်အိိတ်တွေ ၂ထပ်လောက်ဝတ်ထားတဲ့အနေအထားပါ။ အခုလို မိမိတို့အိမ်မှာ အချင်းချင်း စောင့်ရှောက်ပေးရမယ့် အနေအထားမှာ လက်အိတ်မရနိုင်လည်း ကိစ္စမရှိပါဘူး။ အဓိကက ကိုယ်ပုတ်မယ့်နေရာပေါ်မှာ သဘတ်အပါးတထည်ကို ခေါက်ပီးမှ အဲ့ သဘက်ပေါ်ကနေ ပုတ်ပေးစေချင်ပါတယ်။

✅နေရာ
အဆုတ်ရဲ့ဘယ်နေရာတွေကို အဓိကထား ပုတ်ပေးရမလဲ?
အဆုတ်မှာ lobes တွေသူ့အပိုင်းနဲ့သူအသီးသီးရှိပါတယ်။ ကိုဗစ်ပိုးဟာ အဆုတ်ရဲ့ကျောဘက်အောက်ဘက်ပိုင်းကို အဓိကဝင်ရောက်တိုက်ခိုက်တာဖြစ်တဲ့အတွက် Percussion ပုတ်တဲ့နေရာမှာလည်း ဒီအပိုင်းကို အလေးပေးပုတ်လေ့ရှိပါတယ်။ ကိုဗစ်အတွက် လူနာတွေရော ဆရာမတို့အတွက်ရော လက်တွေ့မှာ အသုံးဝင်ပိီး အသုံးပြုခဲ့တဲ့ အနေအထားတွေကိုပဲ ပြောပြပေးပါ့မယ်။
အလွယ်မှတ်မယ်ဆိုရင်
၁)မှောက်ရက်အနေအထား အောက်ကျောဘက်
၂) ဘေးစောင်းအနေအထား နံရိုးအောက်ကျောဘက်
၃) ပက်လက်အနေအထား ရင်ဘတ်အပေါ်ပိုင်းပါ။
(အောက်ကပုံတွေမှာ ပြထားပါတယ်)
ဒီလိုအနေအထားနဲ့ လူနာက မှောက်နေတဲ့အချိန်ဖြစ်စေ စောင်းနေတဲ့အချိန်ဖြစ်စေမှာ ပုတ်ပေးရမှာဖြစ်ပါတယ်။ တနေ့ကို ၁၆နာရီစာမှောက်ဖို့ ဆရာမပထမpost မှာတိုက်တွန်းထားပါတယ်။

✅ကြာချိန်/အချိန်
အဆုတ်ဟာ ဘယ်ခြမ်းညာခြမ်းရှိတဲ့အတွက် ကိုယ်အနေအထားတခုစီမှာ ဘယ်ညာ၂ဖက်လုံးကိုမျှပီး ၃-၅မိနစ် ပုတ်ပေးရမှာဖြစ်ပါတယ်။တဖက်ထဲကိုပဲ အကြာကြီး ပုတ်နေလို့ မရပါဘူး။အစာမစားမီနဲ့ စားပီး ၁နာရီခွဲ၂နာရီကြာမှ ပုတ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် စားထားတာတွေ ပြန်အန်ထွက်လာပါလိမ့်မယ်။ ဒါကြောင့် တနေ့ ၂ကြိမ် မနက်စောစော ဖြစ်စေ ညအိပ်ခါနီးဖြစ်စေ မိမိနဲ့အဆင်ပြေသလို လုပ်စေချင်ပါတယ်။

✅Gravity Assist
Percussion ပုတ်မယ်ဆိုတိုင်း postural drainage နဲ့တွဲပီး physiotherapistတွေကစဉ်းစားကြပါတယ်။ Postural Drainage ဆိုတာဟာ လူနာရဲ့ ကိုယ်အနေအထားပုံစံပြောင်းပီး gravity assist နဲ့ အဆုတ်ထဲမှ ကြပ်နေခဲနေတဲ့ ချွဲအရည်များစီးဆင်းစေခြင်း က်ိုခေါ်တာပါ။ ဒါကြောင့် မိမိတို့အိမ်မှာ လူနာကိုပုတ်ပေးတဲ့အခါမှာလည်း gravity ကမ္ဘာ့ဆွဲအားအထောက်အကူဖြစ်စေအောင် မှောက်ရက်နေရင် ပုံထဲကလို ကိုယ်အောက်မှာ ခေါင်းအုံးခံပီး မြင့်ထားပေးတာမျိုး လုပ်ရင်း ပုတ်ပေးရင် ပိုထိရောက်ပါတယ်။

✅ဘယ်လို ကိုဗစ်လူနာတွေ လိုအပ်လဲ?
ကိုဗစ်ဖြစ်တိုင်း ပုတ်ပေးဖို့ မလိုပါဘူး။ မှောက်အိပ်တာတောင် အောက်ဆီဂျင်ရှူနေတာတောင် SpO2တက်မလာဘဲ ကြပ်နေတဲ့သူတွေ ချောင်းဆိုးချွဲကြပ်နေတဲ့သူတွေ ဒီလိုလူနာတွေဆို ပုတ်တာ လုပ်စေချင်ပါတယ်။

‼️‼️Percussion ပုတ်နေတဲ့အချိန်ကော ပုတ်ပီးချိန်ကော SpO2 level Heart Rate Respiratory Rate တို့ကို pulse oximeter နဲ့တောက်လျှောက်စောင့်ကြည့်ပေးဖို့လိုပါတယိ။ ဒီsigns တွေမငြိမ်ဘူးဆိုရင် လုပ်နေတာကို ချက်ချင်းရပ်ပစ်ရမှာပါ။ ပုတ်နေချိန် Vital Signs ငြိမ်မှ လုပ်ဖို့ အကြံပြုပါတယ်။

❌မှားပီး ယောင်လို့တောင် မပုတ်မိစေချင်တဲ့နေရာနဲ့ အခြေအနေတွေပါ
1. ကျောရိုးဆစ်
2. ရင်ညွှန့်ရိုး
3. ရင်သား breast
4. အစာအိမ်
5. အရိုးကျိုးထားတဲ့နေရာ
6. Bony prominent အရိုးအပေါ်
7. Tumor အကျိတ်ရှိတဲ့နေရာ
8. နှလုံးကြောင့်ရင်ခေါင်းစူးအောင့်နေသူ
9. အဆုတ်သွေးကြောခဲရှိသူ
ဒီလိုလူတွေဆို ပုတ် လို့ လုံးဝမရပါဘူး။


Dr Ei Mon Khine
လွတ်လပ်စွာ share နိုင်ပါသည်

🚨ကာကွယ်ဆေး ထိုးမယ်ဆိုတော့ဟိုဟာ ရှိတယ် ထိုးရမလား၊ ဒီဟာဖြစ်တယ် ထိုးလို့ရလားလာမေးကြပါတယ်။ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သတ်ပြီး သိသ...
31/07/2021

🚨ကာကွယ်ဆေး ထိုးမယ်ဆိုတော့

ဟိုဟာ ရှိတယ် ထိုးရမလား၊ ဒီဟာဖြစ်တယ် ထိုးလို့ရလား

လာမေးကြပါတယ်။

ကာကွယ်ဆေးထိုးတာနဲ့ ပတ်သတ်ပြီး သိသင့်တာလေးတွေပြောလိုပါတယ်။

🎯ပထမဆုံးက ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးဝန်ထမ်းဆီမှာ ထိုးပါ။

ဆေးဝါးဖြန့်ဖြူးတဲ့ အဖွဲ့အစည်းဟာ ထိုးနှံပေးမယ့် ကာကွယ်ဆေးနဲ့ပတ်သတ်ပြီး အသေးစိတ် သင်တန်းပေးပါတယ်။

ထိုးနှံရမယ့် အတိုင်းအတာ၊ ထားရှိရမယ့် အပူအချိန်

ထိုးခံမည့် ပြည်သူကို မေးမြန်းရမည့် မေးခွန်း စသည်ဖြင့် အသေးစိတ်

သင်ကြားထားပါတယ်။

ဒါကြောင့် ထိုးမယ်ဆိုရင် ထိုးမယ့် ကျန်းမာရေးဝန်ထမ်းကို

ကိုယ့် ကျန်းမာရေးနောက်ခံ၊ စိုးရိမ်တဲ့ အချက် တွေကို ပြောပြသင့်ပါတယ်။

သတိထားသင့်တာတွေက မိမိမှာ

- ကာကွယ်ဆေး၊ ဆေး တမျိုးမျိုးကို ဘေးထွက်ဆိုးကျိုး တုန့်ပြန်မှု ရှိတတ်တယ်၊

- any allergies တစ်ခုခုနဲ့ ဓါတ်မတည့် တတ်ဘူး

- pericarditis ,myocarditis နှလုံး ကြွက်သား ယောင်တာ၊

- သွေးထွက်လွန်တတ်တယ်၊ သွေးကျဲဆေးသောက်နေတယ်၊

- ကိုယ်ခံစွမ်းအားကို ကျစေတဲ့ ဆေးသောက်နေတယ်၊

- ကိုဗစ်ကာကွယ်ဆေး တခြား တမျိုးကို ထိုး နှံ ဖူးတယ်။

- အရင် က ဆေးထိုး ပြီး မေ့မျော သွားဖူတယ်၊

- အဖျားရှိနေတယ်၊

-ကိုဗစ် လက်ရှိအချိန် ကူးစက် ခံထားရတယ်၊

အဲ့ဒီလိုဆိုရင် ထိုးပေးမယ့် ကျန်းမာရေးဝန်ထမ်းကို ပြောပြပြီး

သူ့ရဲ့ အကြံပေးချက်ကိုလိုက်နာသင့်ပါတယ်။

ထိုးပြီး ၁၅ မိနစ်လောက်မှာ ကျန်းမာရေးဝန်ထမ်း

စောင့်ရှောက်သူတွေ နားမှာ နေသင့်ပါတယ်။

💊 ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေလဲ ဆွေးနွေးသင့်ပါတယ်။

အနောက်နိုင်ငံက ဆေးတွေ ကတော့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ပိုပြီးထိုးသင့်တယ်လို့ အကြံပြုကြပါတယ်။

တခြားအနေနဲ့ကတော့ ၁၂ နှစ် နဲ့ အထက် လူတိုင်း ထိုးသင့်ပါတယ်။

💊💊ကိုဗစ် ဖြစ်ဖူးတဲ့သူတွေ ထိုးဖို့ လိုလို့လား

လိုပါတယ်။ ကိုဗစ်ဟာ မျိုးကွဲပြောင်းလဲမှု များတဲ့ ရောဂါပိုးဖြစ်တဲ့အတွက် ကိုယ်ကူးစက်ခံထားရတဲ့ အမျိုးဟာ ဘယ်ဟာလဲ မသိပါဘူး။

နောက်မျိုးကွဲတွေမှာ ထပ်မံ ကူးစက်ခံကြရပါတယ်။

ဒါကြောင့် ကူးစက်ပြီးသူတွေလဲ ထိုးသင့်ပါတယ်။

ဆေးထိုးတဲ့အခါ ဘေးထွက်ဆိုးကျိုး ဘာတွေ ဖြစ်ပါသလဲ။

ပုံမှန်အားဖြင့် ပထမ အကြိမ်ထက် ဒုတိယ အကြိမ်မှာ ပိုပြီး ဘေးထွက်ဆိုးကျိုးဒဏ်ကို ခံရပါတယ်။

ဖြစ်တတ်တာတွေက

ထိုးတဲ့ လက်မောင်း နေရာမှာ

နာကျင်တာ၊ နီလာတာ ယောင်ယမ်းလာတာ ဖြစ်နိုင်ပါတယ်။

ထိုးပြီး နာရီပိုင်းနဲ့ ၂ ရက် - ၃ ရက်လောက်အထိ

ကိုယ်လက် အေးစက်ခြင်း၊

ပင်ပန်းခြင်း၊

အဆစ်အမြစ်ကိုက်ခဲခြင်း

ခေါင်းကိုက်ခြင်း

ဖျားနာခြင်း တို့ဖြစ်တတ်ပါတယ်။

ဒါတွေဟာ ယာယီပဲဖြစ်ပြီး ၃ရက်ကျော်ရင် လုံးဝ ပျောက်ကင်းသွားပါတယ်။

ကိုဗစ်ရောဂါဟာ အန္တရာယ် ကြီးတဲ့အတွက် ကာကွယ်ဆေးထိုးဖို့ အကြံပေးလိုပါတယ်။

အားလုံးကျန်းမာ ကြပါစေ။

ကိုးကား

https://www.fda.gov/emergency-preparedness-and-response/coronavirus-disease-2019-covid-19/covid-19-vaccines

https://www.fda.gov/media/144414/download

Myanmar is a country composed by the various geographical features such as snow-capped mountain to the North, high mount...
30/10/2018

Myanmar is a country composed by the various geographical features such as snow-capped mountain to the North, high mountains of Rakhine to West and Shan pleateau to the East, the beautiful blue-sea to the South and many a vast plains and central valley.
Among the remarkable places of Myanmar, Inlay Lake is the most famous for it's natural beauty and unspoiled nature, pleasant mountain scenery and enjoyable temperate weather,unique comformatoin of water and land-form, enriched of biodiversities, the ethnic-groups, legged rowing- style these are the striking symbols of the uphill lake.
Inlay is a natureal lake and located in Nyaung-Shwe
plain of Southern Shan State and about 2900' above sea- level. The lake is easily accessed from Taung-Gyi, capital of Shan-State to Nyaung-Shwe, the entrance to beautiful lake. It is a 19 mile motor-road. Inlay is the second largest lake in Myanmar and has an area of 14 miles length, 7 miles width (some variously mention to 17 miles length with 4 miles width and 12 miles length with 4 miles width).
The origin of Inlay lake is said that during the reign of king Alaungsithu in Bagan period, the king took a royal voyage over Myanmar and reached that beautiful lake. On seeing the lake, the followers of the king pledged to let them living on the lake by setting some villages. Those Dawei people built 4 villages at first with approval of the king thus the lake with the community was known as "Inle Ywa" in Myanmar pronunciation meaning 4 villages on the lake such as Wanh-Lon (Ywa-gyi-bant-pone), Namtpan, Naung Taung (Naung-Daw) and Hai-yar (He-Ya-Ywa-Ma). Actually, these words are belonged to shan language and meant as follow; Want = village, Lon = Large mean large- village, Namt = water, Pan = whirl mean the village by a great whirlpool, Naung = cut-lake, Taung = Seaweeds means the cut lake covered with seaweeds, Hai= cut, Ya = mallow - grave means the village founded by cutting of grass and mallow-grave. By the passing of time, the population is gradually increased to grow the villages about 40 in presence.

28/10/2018
MandalayMandalay, the last capital of Myanmar Kings, 668 Km north of Yangon. Built in 1857 by King Mindom; now the secon...
21/09/2018

Mandalay
Mandalay, the last capital of Myanmar Kings, 668 Km north of Yangon. Built in 1857 by King Mindom; now the second largest city, rich in cultural heritage.
How to get there
Just over an hour’s daily flight from Yangon to Mandalay International Airport. About 14 hours by train, 12 hours by express or by car.
Where to stay and where to dine
Hotel Queen, Mann Myanmar Inn, Mandalay City Hotel, Mandalay Royal Hotel, Sein Sein Hotel, Sliver Swan Hotel, Nadi Myanmar Hotel, Sedona Hotel, Myanmar Hill Resort and etc.,
Must Eat: Mandalay Mote-Te(A thick rice-noodle salad accompanied with chicken meat/fish ball etc.,)
Must Buy: Pickled-Tea, Hote Mode (A sweet treat made with sticky rice and other ingredients)
8 Places To Go In Mandalay…

SagaingA town 21km to the southwest of Mandalay, and on the west bank of the Ayeyarwady River; 30 minutes’ drive from Ma...
20/09/2018

Sagaing
A town 21km to the southwest of Mandalay, and on the west bank of the Ayeyarwady River; 30 minutes’ drive from Mandalay. The Sagaing Hills, a retreat for some 6000 monks and nuns, are dotted with white-washed pagodas and have more than 500 monasteries. Soon-U-Ponya Shin Pagoda, Kaungmudaw Pagoda and Y wah-taung Village (home of the silversmiths’ guilds) are there for sightseeing.

Must Eat: Refreshments on sagaing Hill, try flower-based salad
Must Buy: Sliver-wrought articles

https://www.youtube.com/watch?v=muqX3Bv-Dfs
19/09/2018

https://www.youtube.com/watch?v=muqX3Bv-Dfs

စလေရုပ်စုံကျောင်း (Salay Yoke Sone Kyaung) နာမည်ကျော်ရုပ်စုံကျောင်းသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းရှိ ယဉ်ကျေးမှုအမွေအနှစ်မ....

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

09797393939

Alerts

Be the first to know and let us send you an email when Travel Advisor to Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel Advisor to Myanmar:

Shortcuts

Share