MoM Airlines Ticketing Agency

MoM Airlines Ticketing Agency Myanmar National Airlines ticketing agency

25/09/2023

မြန်မာအမျိုးသားလေကြောင်း (MNA) နှင့် စီးနင်းလိုက်ပါမည့်ခရီးသည်များအနေဖြင့် မိမိတို့၏တန်ဖိုးကြီးပစ္စည်း များကို Check Baggage ထဲတွင် သယ်ဆောင်ခြင်းမပြုဘဲ (7) KG ရရှိသော Hand Carry ထဲတွင်ထည့်ပြီး မိမိနှင့် တစ်ပါတည်းယူဆောင်သွားရန် အသိပေးပါရစေရှင်။

[English]

We would like to remind you not to pack any fragile articles, perishable items, or valuable and important personal effects into your checked baggage

07/09/2023

✈️လေဆိပ်သွားရင် မျက်စိမလည်ဖို့ ✈️
^^^^^^^^^^^^^^^^^^^^^^^^^^
နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ
၁။ Check-in Counter သွားမယ်
အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ်
Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

၃။ Security စစ်မယ်
Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဥ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဥ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။

၄။ စီးရမယ့် Gate ရှာမယ်
ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။

၅။ လေယာဥ်ပေါ်တက်မယ်
Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဥ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဥ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။

၆။ Immigration ဖြတ်မယ်
Landing ဖြစ်ပြီး လေယာဥ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။

၇။ Baggage Claim မယ်
နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။
ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဥ်တွေ ဖြစ်ကြပါစေ။
Crd


07/09/2023

✈️လေယာဉ်စီးရင် ခရီးဆောင်အိတ်ထဲ ဘာတွေ မထည့်ရဘူးလဲ? 🧳🎒👜
…………………….
အကြမ်းဖျဉ်းပြောရရင်တော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ဥပဒေနဲ့ မညီတဲ့ပစ္စည်းတွေ မထည့်ရပါဘူး။

လေယာဉ်ပေါ်သယ်တဲ့အိတ်မှာ (၂)မျိုးခွဲပြောပေးပါမယ်။
၁)လက်ဆွဲအိတ်-
❌လက်ဆွဲအိတ်မှာ 100ml ထက်ပိုတဲ့ အရည် ထည့်လို့မရပါဘူး။ သွားတိုက်ဆေး၊ စည်သွပ်ဗူး တွေလဲပါတယ်။ ဗူးကြီးတွေမှန်သမျှ checkin အိတ်(ကောင်တာမှာ အပ်တဲ့အိတ်) ထဲ ထည့်ပါ။
❌ချွန်ထက်တဲ့ ပစ္စည်းတွေ၊ သူများကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေပေါ့ ဓါး၊ ကတ်ကြေး အစရှိသဖြင့်.
✅power bank၊ battery သတ်မှတ် အရွယ်အစားကို လက်ဆွဲအိတ်၊ ကိုယ်နဲ့တပါတည်းယူလို့ရပါတယ်။ (သတ်မှတ်ချက်ကို comment ပေးထားပါတယ်။ နံပါတ်၂ မှာကြည့်ပါ)
✅အိတ်ရဲ့အရွယ်အစားက သတ််မှတ်ထားတဲ့size ဖြစ်ကိုဖြစ်ရပါမယ်။ အထူးသဖြင့် အိတ်မာတွေ။ ဘာလို့ဆိုတော့ ခေါင်းပေါ်က စင်ထဲထည့်ရမှာဆိုတော့ အဲ့အရွယ်နဲ့ဆန့်မှ ဖြစ်မှာပါ။

၂)Checkin အိတ်-
❌သူက အဓိကက ပေါက်ကွဲစေတဲ့ ပစ္စည်းမထည့်ရပါဘူး။ ပါဝါဘဏ်၊ ဘထ္ထရီ၊ မီးခြစ်၊ Gas မရပါ။ သာမိုမီတာလို ပြဒါးပါတဲ့ ပစ္စည်းတွေဆို လုံအောင်သေချာ ထုတ်ပိုးရပါမယ်။

⚠️အပေါ်က (၂)မျိုးလုံးထဲ မထည့်ရတာက- ထွက်ခွါရော၊ ရောက်မယ့်နိုင်ငံရောက တားမြစ်ပစ္စည်းတွေပါ။ ဥပမာ- အစ္စလာမ်မစ်နိုင်ငံတွေကို ဝက်သား၊ အရက် သယ်လို့မရပါဘူး။ အိတ်ထဲမှာသာမက duty free ကနေလဲ ဝယ်လာလို့မရပါ။ အခန့်မသင့် ဂျေးအောင်းရနိုင်ပါတယ်။

✅တချို့ပစ္စည်းတွေက သယ်လာလို့ရပေမယ့် custom declare ရပါတယ်။ ဥပမာ- ရွှေငွေ ၊ ဒေါ်လာ ၁၀၀၀၀ အထက်ငွေ စသဖြင့်။

အမေးများတဲ့ ဆေးဝါးက - တကိုယ်ရည်စာ သယ်လို့ရပါတယ်။ ပြန်ရောင်းမယ့်အနေလောက် များလို့မရပါ။ တချို့ဆေးတွေအတွက် ဆရာဝန်ဆေးစာလိုပါတယ်။ ဥပမာ- စိတ်ငြိမ်ဆေး။
ရောက်မယ့်နိုင်ငံနဲ့ ပိုဆိုင်ပါတယ်။ မသွားခင် ကြိုပြီး လေ့လာသွားပေးပါ။

05/09/2023
28/02/2023

𝐂𝐡𝐞𝐜𝐤-𝐢𝐧 𝐓𝐢𝐦𝐞:

မြန်မာအမျိုးသားလေကြောင်းခရီးစဉ်များတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များအတွက် Check In အချိန်များကို မျှဝေပေးလိုက်ပါတယ်ရှင်။

▪ပြည်တွင်း ခရီးစဉ် (Domestic)
ပြည်တွင်းခရီးစဉ်များကို MNA နှင့် ပျံသန်းမည့်ခရီးသည်များအနေဖြင့် အဆင်ပြေချောမွေ့စွာ Check-in ပြုလုပ်နိင်ရန်အတွက် Check-in Counter ကို လေယာဉ်မထွက်မီ ၂နာရီ အလိုတွင် ဖွင့်လှစ်ပေးထား ပြီး လေယာဉ်မထွက်ခင် မိနစ် ၃၀ အလိုတွေ Check-in Counter ပိတ်သည့်အတွက် စောစီးစွာလာရောက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

▪ပြည်ပ ခရီးစဉ် (International)
ပြည်ပခရီးစဉ်များအတွက်ကိုတော့ လေယာဉ်မထွက်မှီ ၃နာရီအလိုတွင် Check-in Counter ကို ဖွင့်လှစ်ပေးထားပြီး ၄၅မိနစ်အလိုတွင် Check-in Counter ပိတ်ပါတယ်။

ဘန်ကောက်လေဆိပ်ရှိ Check-in Counter ကတော့ လေယာဉ်မထွက်ခင် မိနှစ် ၆၀ အလိုတွင် ပိတ်သည့်အတွက် ခရီးသည်များအနေနှင့် လေယာဉ်မထွက်ခင် ၂နာရီအတွင်းမှာ Check-in ပြုလုပ်ခြင်းများကို အပြီးပြုလုပ်ထားဖို့ အကြံပေးပါရစေရှင်။

သာယာပျော်ရွှင်ဖွယ်ကောင်းသော ခရီးစဉ်တစ်ခုဖြစ်ပါစေရှင်။

[English]

Travelers should arrive at the airport at least 2 hours prior to departure to allow sufficient time to check in and complete security processes.

Domestic flights open for check‐in 2 hours before departure, and close 30 min before flight departure.

International flights open check‐in 3 hours before departure, and close 45 min before flight departure.

NOTE: Bangkok (BKK) airport check-in counters close 60 minutes before flight departure and Hong Kong (HKG) airport check-in counters close 40 minutes before flight departure.

Starting from 1/8/22
30/07/2022

Starting from 1/8/22

03/07/2022
24/06/2022

𝐂𝐡𝐞𝐜𝐤-𝐢𝐧 𝐓𝐢𝐦𝐞:

မြန်မာအမျိုးသားလေကြောင်းခရီးစဉ်များတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များအတွက် Check In အချိန်များကို မျှဝေပေးလိုက်ပါတယ်ရှင်။

▪ပြည်တွင်း ခရီးစဉ် (Domestic)
ပြည်တွင်းခရီးစဉ်များကို MNA နှင့် ပျံသန်းမည့်ခရီးသည်များအနေဖြင့် အဆင်ပြေချောမွေ့စွာ Check-in ပြုလုပ်နိင်ရန်အတွက် Check-in Counter ကို လေယာဉ်မထွက်မီ ၂နာရီ အလိုတွင် ဖွင့်လှစ်ပေးထား ပြီး လေယာဉ်မထွက်ခင် မိနစ် ၃၀ အလိုတွေ Check-in Counter ပိတ်သည့်အတွက် စောစီးစွာလာရောက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

▪ပြည်ပ ခရီးစဉ် (International)
ပြည်ပခရီးစဉ်များအတွက်ကိုတော့ လေယာဉ်မထွက်မှီ ၃နာရီအလိုတွင် Check-in Counter ကို ဖွင့်လှစ်ပေးထားပြီး ၄၅မိနစ်အလိုတွင် Check-in Counter ပိတ်ပါတယ်။
ဘန်ကောက်လေဆိပ်ရှိ Check-in Counter ကတော့ လေယာဉ်မထွက်ခင် မိနှစ် ၆၀ အလိုတွင် ပိတ်သည့်အတွက် ခရီးသည်များအနေနှင့် လေယာဉ်မထွက်ခင် ၂နာရီအတွင်းမှာ Check-in ပြုလုပ်ခြင်းများကို အပြီးပြုလုပ်ထားဖို့ အကြံပေးပါရစေရှင်။

သာယာပျော်ရွှင်ဖွယ်ကောင်းသော ခရီးစဉ်တစ်ခုဖြစ်ပါစေရှင်။

[English]

Travelers should arrive at the airport at least 2 hours prior to departure to allow sufficient time to check in and complete security processes.

Domestic flights open for check‐in 2 hours before departure, and close 30 min before flight departure.

International flights open check‐in 3 hours before departure, and close 45 min before flight departure.

NOTE: Bangkok (BKK) airport check-in counters close 60 minutes before flight departure and Hong Kong (HKG) airport check-in counters close 40 minutes before flight departure.

Address

8 Marlamyaing Street Bauktaw Yankin
Yangon

Website

Alerts

Be the first to know and let us send you an email when MoM Airlines Ticketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category