Minn Kyaw Kyaw Travel

Minn Kyaw Kyaw Travel -Air ticketing ( Domestic and International )
-Tour package Service
-Car Rental Service
-Passport service

25/10/2024
4/3ည ကို 360 USD (or) 1026000 Ks ပါ ။ Jan 12 ​နေ့ ထွက်မှာပါ။ ကြိုတင်စာရင်း​ပေးနိုင်ပါပြီဈေးသက်သာတုန်း လိုက်ကြနော်။ ကုသို...
27/12/2022

4/3ည ကို 360 USD (or) 1026000 Ks ပါ ။

Jan 12 ​နေ့ ထွက်မှာပါ။ ကြိုတင်စာရင်း​ပေးနိုင်ပါပြီ

ဈေးသက်သာတုန်း လိုက်ကြနော်။ ကုသိုလ် တူတူ လုပ်ကြတာပေါ့။ ဘုရားပွင့်တိုင်း ဒီမြေမှာပွင့်တာနော်။အလွန်မြင့်မြတ်တဲ့မြေပါ။သွားကြပါစို့။

ခရီးသွား မိဘပြည်သူ အပေါင်းတို့ မင်္ဂလာပါရှင့်

ပွင့်လင်းရာသီရောက်လာပြီဖြစ်သဖြင့် ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်လေး ပြန်လာပါပြီနော်

ရန်ကုန်- ဗုဒ္ဓဂယာ - ရန်ကုန် ( ၉ ညအိပ် / ၁၀ ရက်ခရီး )

တစ်ဦးချင်းဈေးနှုန်း = USD 1200 ( အပြီးအစီး )

အသေးစိတ် ခရီးစဉ်များ

Day 01) ရန်ကုန် - ဗုဒ္ဓဂယာ
Day 02) ဗုဒ္ဓဂယာ - ဗာရာဏသီ
Day 03) ဗာရာဏသီ- နယူးဒေလီ -
Day 04) နယူးဒေလီ - အာဂရာ
Day 05) အာဂရာ - သင်္ကဿနဂိုရ် ပြည် သာဝတ္ထိ ပြည်
Day 06) သာဝတ္ထိ လုမ္ဗိနီ- ဆိုနောလီ
Day 07) ဆိုနောလီ - ကုသိနာရုံ
Day 08) ကုသိနာရုံ - ဝေသာလီ - ရာဇဂြိုလ်
Day 09) ရာဇဂြိုလ် - ဗုဒ္ဓဂယာ
Day 10) ဗုဒ္ဓဂယာ - - ရန်ကုန်

😊ပါဝင်မည့် ဝန်ဆောင်မှုများမှာ

· ✈️ ဂယာသို့ အသွား/အပြန် လေယာဉ် လက်မှတ်

· 🏜 အိန္ဒိယနိုင်ငံ နှင့် နီပေါနိုင်ငံတို့၏ ပြည်ဝင်ခွင့် ဗီဇာကြေး

· 🏘 3* အဆင့်ရှိ ဟိုတယ်တွင် တည်းခိုမှုများ

· 🍜🍲🍝နံနက်စာ ၊ နေ့လည်စာ ၊ ညနေစာ ( 3 Star Hotel )

· 🚍 Fully Aircon သယ်ယူပို့ဆောင်ရေးယာဉ်

· 💰💲 လည်ပတ်မည့်နေရာများ၏ ၀င်ကြေးများ

· 🖱🕗နေ့စဉ်ပေးသော ရေသန့်ဗူး၊ တစ်ရှူး ၊ စနိုးတာဝါများ

· 💵💲 Guide ငှားရမ်းခ

·😊😊 ဧည့်သည်တော်များနှင့်အတူ မြန်မာနိုင်ငံမှ Tour Leader တစ်ဦးမှ အစ/အဆုံး လိုက်ပါပါမည်။


😊 မပါဝင်သော ၀န်ဆောင်မှုများမှာ

·⚠️ ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ ၊ ကိုယ်ပိုင် အသုံးစရိတ်များ

· ⚠️ ဟိုတယ်တွင် သုံးစွဲသည့် ရေသန့် ၊ အအေး၊ အဖျော်ယမကာများ

·⚠️ လေယာဉ် ၀န်ပို သယ်ဆောင်မှုများ စသည်တို့ ဖြစ်ပါသည်။
အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ရှိပါသည်။ အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုံးနံပတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင့်။ 📞

☎️☎️☎️
Minn Kyaw Kyaw Travels & Tours
09 25400 3557, 09 76508 5012, 09 78508 5012.

ရန်ကုန်ရုံးတွင်Passportကိုယ်တိုင်လျှောက်ရန်ကြာချိန် - ၃ နာရီကုန်ကျငွေ - ၃၂၀၀၀ကျပ်💁‍♀️Online Booking ရယူရန်ပွဲစားတွေလည်းအ...
23/06/2022

ရန်ကုန်ရုံးတွင်Passportကိုယ်တိုင်လျှောက်ရန်

ကြာချိန် - ၃ နာရီ
ကုန်ကျငွေ - ၃၂၀၀၀ကျပ်

💁‍♀️Online Booking ရယူရန်

ပွဲစားတွေလည်းအရမ်းများတဲ့အတွက်
Booking အပြည့်မြန်ပါတယ်။
Today dateကနေ နောက်နှစ်ပတ်လောက်အထိ
Booking အမြဲပြည့်နေတတ်လို့ တတ်နိုင်သမျှ
ကြိုယူထားတာအကောင်းဆုံးပါ။

https://www.passport.gov.mm/

အချိန်၊ နေ့ရက် လိုအပ်တဲ့အချက်အလက်များမှန်ကန်အောင်ဖြည့်ပါ။

💁‍♀️ပြင်ဆင်ထားရမည့်စာရွက်စာတမ်းများ

✅သန်းခေါင်စာရင်း(အိမ်ထောင်စုစာရင်း) မူရင်း နဲ့ မိတ္တူ ၂ စုံ
✅မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ စုံ
✅Booking Appointment QR code
(ဖုန်းနဲ့ QRပုံရိုက်ထားလည်းရ၊ စာရွက်ထုတ်သွားလည်းရပါတယ်)
✅သက်တမ်းတိုး၊ အမျိုးအစားပြောင်းသူများက Passport အဟောင်း မူရင်း။
✅PJ passport လျှောက်ထားလိုသူများ Labor Card ပြင်ဆင်ထားရန်။

~~~~~

Passport ရုံးထဲရောက်ဖို့အတွက်
အဆင့်(၃)ဆင့်ဖြတ်ရပါမယ်။
▪️ Booking QR နှင့် မှတ်ပုံတင်မူရင်းပြ၍ ဝင်းအတွင်းဝင်ရန်။
▪️ အစစ်ဆေးခံရန်
▪️ QR Scan ဖတ်၍ ရုံအတွင်းဝင်ရန်။

🔺 စာရွက်စာတမ်း၊ဖုန်း၊ ပိုက်ဆံအိတ်အသေးကလွဲ၍
အခြားလွယ်အိတ်၊ ပိုက်ဆံအိတ်အကြီး၊ ထီး၊ ဦးထုပ်စတဲ့ ပစ္စည်းများ ဘာမှယူသွားလို့မရပါဘူး။
သွားတဲ့အချိန်ပေါ်မူတည်ပြီး ရုံအတွင်းရောက်ဖို့ အကြာကြီးတန်းစီရတတ်ပါတယ် ~~ ခန့်မှန်းခြေ (၁)နာရီ ဝန်းကျင်။ မိမိ Booking ရထားသောအချိန်၏ နာရီဝက်မတိုင်ခင်အရောက်သွားပါ။

~~~~~
ရုံအတွင်းရောက်လျှင်

🍀 လဝက စစ်ဆေးခြင်း

ကောင်တာတစ်ခုတွင်တန်းစီပြီး
ကိုယ့်အလှည့်ရောက်ပါက
ပါလာတဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်း၊ မိတ္တူကိုပေးပြီး ပြုံးပြပါ။ မေးတာဖြေပါ။

ရုံအနောက်ဘက်သို့သွားခွင့်ပြုပါကသွားပြီး
စစ်ဆေးပြီးကြောင်းတံဆိပ်ထုထားသောစာရွက်ယူပါ။
စစ်ဆေးခြင်းအတွက် ၂၀၀၀ကျပ် ပေးရပါမယ်။
~~~~~

Passport စတင်လျှောက်ထားရန်

အဆင့်(၁) ✔️ Form ဖြည့်ခြင်း
🔺 အခန်းထဲမဝင်ခင် ဝင်လာခဲ့တဲ့ဘက်ကို
ပြန်ထွက်လာပြီး ဝင်ဝင်ခြင်း ရုံအတွင်း TV အောက်တည့်တည့်ရှိစားပွဲတွင်ထိုင်နေသောတာဝန်ခံဆီမှ Form စာရွက်တစ်ရွက်တောင်းပါ။ (သူများတွေက ၁၀၀၀ ပေးရတယ်ပြောတယ် ကျွန်တော်က ဒီတိုင်းတောင်းလာခဲ့တယ်)။
လိုအပ်တဲ့အချက်အလက်များပြည့်စုံမှန်ကန်စွာဖြည့်ပါ။

အဆင့်(၂)✔️ ငွေသွင်းခြင်း။

လဝက က ပြန်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုကိုင်ပြီး ရုံအတွင်းရှိမြန်မာ့စီးပွါးရေးဘဏ်တွင် ငွေသွင်းပါ။ ၂၅၀၀၀ ကျပ်။
ဘဏ်ကနေ ငွေသွင်းပြီးကြောင်းစာရွက်ကို တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ပြန်ပေးပါတယ်။ စောင့်ရတာကြာပါတယ်။ ရေလေးသောက်ပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်နေပါ။

အဆင့်(၃) ✔️ ဓါတ်ပုံရိုက်ခြင်း၊ စာအုပ်ထုတ်ရန်slipရခြင်း။

နောက်ဆုံးအဆင့်ပါ။ အခြေအနေကြည့်ပြီး မြန်မြန်ပြီးမယ်ထင်ရတဲ့ အခန်း တစ်ခုခုအရှေ့မှာတန်းစီပါ။ ကိုယ့်အလှည့်ရောက်ပါက စာရွက်စာတမ်း မူရင်း၊ မိတ္တူများပြ၍ ဓါတ်ပုံအရိုက်ခံ၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုးပါ။ Slipတစ်ခါတည်းယူသွားမည်ဖြစ်ကြောင်းပြော၍ ထုတ်ယူပါ။ ပြုံးပြပါ။ ဓါတ်ပုံရိုက်ပြီးရင် ၅၀၀၀ပါတဲ့။

Slipရလျှင် နာမည်နှင့်အချက်အလက်များမှန်ကန်ကြောင်းစစ်ဆေးပြီး ယူခဲ့ပါ။

နောက်ဆယ်ရက်နေလျှင်စာအုပ်သွားထုတ်၍ရပါပြီ။

ပွဲစားနဲ့ဆိုလည်း အပေါ်ကအဆင့်တွေအကုန်လုံးက
ကိုယ်တိုင်းတန်းစီလုပ်ရတာပဲဆိုတော့ အတူတူပါပဲ~~ Booking appointment လေးပဲ ကြိုယူထားပါ။

ဘယ်သူမှမကြောက်နဲ့၊
လိုအပ်တာပြည့်ပြည့်စုံစုံယူသွားပြီး
မသိတာရှိရင်ပြုံးပြီးမေး။
အခြား၂၀၀၀ ၃၀၀၀အနည်းငယ်ထပ်ပေးရတာ
စျေးမတူတာလေးတွေရှိရင်လည်း ပေးလိုက်ပါနော်။

အဆင်ပြေကြပါစေ 😘

Credit

22/06/2022

FYI.

ဒီရကိပိုင်း အလုပ်ကိတ်စ..or မိသားစုစုံရန်..
Singapore သို့..Visit ဖြင့်သွားသောသူများ..အတွက်.

1.Air Ticket ( Two Way Ticket)
2.Covid Vaccine ထိုးပြီး စာရွကိ
( Original and Notary )
3. Arrival Card ဖြည့်ရန်...

အလုပိကိတ်စ ဖြင့်သွားလိုပါက. Notary ပြန်ရန်.
1.ဘွဲ့လက်မှတိ
2.မွေးစာရငိး
3.သန်းခေါငိစာရင်း
4.ဆယိတန်းအောင်လက်မှတိ
5.ဆယိတနိး အမှတိစာရင်း
6.မှတ်ပုံတငိ..
7.သင်တန်း.Certificate များ.

( Arrival card သည် မသွားမီ သုံးရက်အလို Online မှ ဖြည့်ရန်)

( Note. .သိသူများ ကျော်သွားပေးပါ.မသိသေးသောသူများ တစုံတရာ အသူံးဝင်စေရနိ ရည်ရွယ်ပါသည်)

ဇူလိုင်၁ရက်နေ့မှစပြီးထိုင်းနိုင်ငံသို့ဝင်ရောက်မည့်နိုင်ငံခြားခရီးသွားများThailnad Pass, Insurance မလိုအပ်တော့ပါဘူးရှင်
17/06/2022

ဇူလိုင်၁ရက်နေ့မှစပြီးထိုင်းနိုင်ငံသို့ဝင်ရောက်မည့်နိုင်ငံခြားခရီးသွားများThailnad Pass, Insurance
မလိုအပ်တော့ပါဘူးရှင်

🙏 မင်္ဂလာပါ ရှင့် 🙏  🙏 ဧည့်သည်တော်လူကြီးမင်းတို့ အားလုံး စီးပွားဥစ္စာများ ဒီရေအလားတိုးတက်အောင်မြင်ကြပြီး စိတ်ချမ်းသာ ကို...
17/06/2022

🙏 မင်္ဂလာပါ ရှင့် 🙏


🙏 ဧည့်သည်တော်လူကြီးမင်းတို့ အားလုံး စီးပွားဥစ္စာများ ဒီရေအလားတိုးတက်အောင်မြင်ကြပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများလဲ ဘဝနဲ့ထပ်တူကြပါစေ

Minn Kyaw Kyaw Travel မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင် 🙏

လူကြီးမင်းတို့အတွက် ဘာကားဘဲလိုလို ဝန်ဆောင်မှု ပေးလျက်ရှိသော ကားအမျိုးစားများမှာ

Hiace Brand New 14 Seater
Hiace 10 Seater & 14 Seater
Alphard - 7 Seater / Toyota Wish
Crown / Honda Insight / Ertiga / Belta နှင့်

အဆင့်မြင့် Brand New Express ကားကြီးများကိုလဲ စိတ်တိုင်းကျဌားရမ်း အသုံးပြုနိုင်ပါပြီ ရှင့်

ဝန်ဆောင်မှု ပေးလျက်ရှိသော ကားကြီးများ မှာ

Scania Marcopolo - 44 Seater
Scania Touring - 40 Seater
Scania SKS - 44 Seater
Scania Marcopolo & Touring & SKS - 2 + 1
Scania Marcopolo လိုက်တန်း - 46 Seater
Yutong-Higer-Sunlong- 33 / 45 / 49 / 51/ 55

စသည့် ကားကြီးများဖြင့် ခရီးစဥ်တိုင်းတွင်

သွားရောက်လည်ပတ်မည့် ခရီးစဥ်လမ်းကြောင်း များ ရေးဆွဲပေးခြင်း နှင့် Package များ စီစဥ်ပေးခြင်း

လမ်းကြောင်း ကျွမ်းကျင်၍ စိတ်ချယုံကြည်ရသော ယာဥ်မောင်း

ရေသန့် / စနိုးတာဝါ

ကျန်းမာရေးအတွက် ဆေးသေတ္တာ နှင့် ( Mask - Hand Gel. လိုအပ်သော ဆေးဝါးများ) စသည့် ဝန်ဆောင်မှုများပါရှိပါတယ် ရှင့်

မှတ်ချက် သွားရောက်လိုသည့် ခရီးစဥ်တိုင်းအတွက် ( ဆီဖိုး + လမ်းတံကြေး မပါ ) ကား + ယာဥ်မောင်းအပါဝင် အကျန် စျေးနှုန်းလေးများဖြင့်လဲ သက်သာစွာ ဌားရမ်းနိုင်ပါတယ်ရှင့်

ခရီးစဥ်တိုင်းအတွက် လိုအပ်သည့် လမ်းကြောင့်နှင့် စျေးနှုန်းလေးများကိုလဲ Page Messenger နှင့်

📲09 - 785085012 သို့ အားမနာတမ်းလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

လာမဲ့ ၁၃. ၆. ၂၀၂၂ တနင်္လါနေ့ဟာဗုဒ္ဓဘာသာနွယ်ဝင်တွေရဲ့ အလေးအနက်ထားရာ နယုန်လပြည့်နေ့ဖြစ်ပါတယ်နယုန်လပြည့်နေ့ကို ~~~မဟာသမယ အခ...
12/06/2022

လာမဲ့ ၁၃. ၆. ၂၀၂၂ တနင်္လါနေ့ဟာ
ဗုဒ္ဓဘာသာနွယ်ဝင်တွေရဲ့ အလေးအနက်ထားရာ နယုန်လပြည့်နေ့ဖြစ်ပါတယ်

နယုန်လပြည့်နေ့ကို ~~~
မဟာသမယ အခါတော်နေ့ / ငြိမ်းချမ်းရေးနေ့လို့လည်း
ခေါ်ဆိုကြကြောင်း မှတ်သားရပါတယ်

နယုန်လပြည့်နေ့ကိုရောက်ရင် ~~~
အနန္တောအနန္တ ငါးပါးနှင့်တကွ သိကြား ဒေဝါ နတ်ဗြဟ္မာ
အပေါင်းတို့ကို အလေးအမြတ်ထားလို့ပူဇော်လှူဒါန်းမှုအစုစု ပြုကြရပါတယ်

လူခင်နတ်ချစ် မဟာသမယသုတ်ကို အထူးရွတ်ဖတ် ပူဇော် နာကြားမှုတွေဆောင်ရွက်သင့်ပါတယ်

နယုန်လပြည့်နေ့ရောက်တဲ့အခါ ~~~

မိမိနေအိမ်ဘုရားစင်မှာ အနန္တငါးပါးတို့အားရည်မှန်း၍
~ သင်္ဘောသီးမှည့် ~ ၅. စိတ်
~ ဖယောင်းတိုင် ဖြူ ~ ၅. တိုင်
~ သောက်တော်ရေ ~ ၅. ခွက် ကပ်လှူပါ

သိကြားဒေဝါ နတ်ဗြဟ္မာ အပေါင်းတို့အားရည်မှန်း၍

~ နှင်းဆီပန်း ဝါ ~ ၁၀ ပွင့် ( ဖလားဖြင့် )
~ အမွေးတိုင် ~ ၅ တိုင် တို့ဖြင့်ပူဇော်ပြီး

မဟာသမယ သုတ်ကို

နံက် ••••••••••• ၆: ၀၀ နာရီ မှ ၇: ၃၀

နေ့လည် •••••• ၁၂:၀၀ နာရီမှ ၁: ၃၀

ညနေ ••••••••• ၆: ၀၀ နာရီမှ ၉: ၀၀ အချိန်များအတွင်း

ရွတ်ဖတ်ခြင်း နာယူခြင်းများဆောင်ရွက်ပါ

~ အောင်ခြင်းရှစ်ပါးဂါထာတော်ကြီးဖြင့်
နံက် / ည ပုတီး တစ်ပတ်စိတ်၍ ပူဇော်ပါ

~ သက်သတ်လွတ် စားပါ
~ ငါးပါးသီလ ခံယူပါ
~ ကြံပန်းခိုင်ပူဇော်ထားသူများ အသစ်လဲပါ
~ အခိုက်ချေ ယတြာပူဇော်ဆောင်ရွက်ပါ

ကိုယ်တိုင်လဲဆောင်ရွက်ပါ
နီးစပ်သူများအတွက်လဲ မျှဝေပါ

ဆောင်ရွက်သူတိုင်း ငြိမ်းချမ်း သာယာ အေးချမ်းမှုများ
ရရှိပိုင်ဆိုင်ကြပါစေ ~~~~~

ဆရာရွှေပြည်အေး
( မြန်မာ့အနုစိတ်ဗေဒင် )

Address

877, 6th Floor, Letwelmindin Street, Tamwe Township
Yangon
11212

Alerts

Be the first to know and let us send you an email when Minn Kyaw Kyaw Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Minn Kyaw Kyaw Travel:

Share

Category