21/09/2026
🎓✈️ ဂျာမဏီ နဲ့ ဆွစ်ဇာလန် ကဲ့သို့ ဥရောပနိုင်ငံ မှာ တက္ကသိုလ်တက်မယ့် ကျောင်းသား/သူများအတွက် Emirates ရဲ့ Student Fare ဖြင့် New Autumn Travels & Tours မှ စျေးနှုန်းသက်သာစွာ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
ဥရောပရဲ့ ထိပ်တန်းပညာရေးနိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံတွေဆီ ပညာသင်ခရီးစတင်ဖို့ ပြင်ဆင်နေပြီလား? လေယာဉ်လက်မှတ်ခနဲ့ Extra Bagguage တွေအတွက် စိတ်ပူနေရတဲ့ အမိမြန်မာပြည်က မောင်မယ်တို့အတွက် Emirates Airlines က အထူးသက်သာခွင့်တွေ ပေးအပ်ထားပါတယ်။
✨ ကျောင်းသားများအတွက် ရရှိမည့် သီးသန့် အကျိုးခံစားခွင့်များ (Student Benefits)
၁။ လေယာဉ်လက်မှတ်ခ အထူးလျှော့စျေး
• Economy Class လက်မှတ်များအတွက် ၁၀% အထိ လျှော့စျေး (Up to 10% OFF)
• Premium Economy နှင့် Business Class လက်မှတ်များအတွက် ၅% အထိ လျှော့စျေး (Up to 5% OFF)
၂။ အပိုဝန်စည်အလေးချိန် (Extra Baggage Allowance)
နိုင်ငံရပ်ခြားမှာ ရေရှည်နေထိုင်ရမှာဖြစ်လို့ အဝတ်အထည်နဲ့ စားသောက်ဖွယ်ရာတွေ စိတ်ကြိုက်သယ်ဆောင်နိုင်ဖို့ ပုံမှန်ရရှိတဲ့ ခရီးဆောင်အိတ်အပြင် အပိုဆောင်း ကီလို ၁၀ (Extra 10kg) သို့မဟုတ် နောက်ထပ် ခရီးဆောင်အိတ် ၁ လုံး (1 Extra Bag) ကို အခမဲ့ ပိုမိုသယ်ဆောင်ခွင့် ရရှိမှာဖြစ်ပါတယ်။
၃။ ရက်ချိန်းအခမဲ့ပြောင်းလဲနိုင်ခြင်း (Flexible Date Change)
Flex နှင့် Flex Plus အမျိုးအစား လက်မှတ်များအတွက် ခရီးစဉ်ရက်စွဲကို အခမဲ့ အပြောင်းအလဲလုပ်ခွင့် ပေးထားပါတယ်။ (Saver fare များအတွက်မူ ဒေါ်လာ ၅၀ ခန့် ကျသင့်နိုင်ပါသည်)။ ကျောင်းဖွင့်ရက် နောက်ကျတာမျိုး ဒါမှမဟုတ် ဗီဇာစောင့်ဆိုင်းရတာမျိုးတွေအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။
၄။ အခြား Perks များ
• လေယာဉ်ပေါ်တွင် အခမဲ့ Onboard Wi-Fi (Chat options) သုံးစွဲခွင့်
• Emirates Skywards မန်ဘာဝင်ပြီး ပထမဆုံးအကြိမ် ပျံသန်းမှုအပြီးမှာ Bonus Miles ၂,၀၀၀ အလကားရရှိဦးမှာပါ။
📋 မည်သူတွေ လျှောက်ထားနိုင်မလဲ။ (Eligibility)
• အသက် ၁၆ နှစ်မှ ၃၁ နှစ်အတွင်းရှိသည့် အချိန်ပြည့် (Full-time) ကျောင်းသား/သူများ ဖြစ်ရပါမည်။
• အပြည်ပြည်ဆိုင်ရာ ကျောင်းသားကတ် (Valid Student ID) သို့မဟုတ် သက်ဆိုင်ရာ ဂျာမဏီ/ဆွစ်ဇာလန် တက္ကသိုလ်မှ ကျောင်းဝင်ခွင့်လက်ခံလွှာ (University Acceptance Letter) ရှိရပါမည်။
မှတ်ချက်
လေဆိပ်တွင် Check-in လုပ်သည့်အခါ မိမိရဲ့ ကျောင်းသားကတ် သို့မဟုတ် University Acceptance Letter နှင့် member ID number ကို ပြသရန် လိုအပ်ပါသည်။
ဂျာမဏီနိုင်ငံရဲ့ မြို့ကြီးများဖြစ်တဲ့ Frankfurt, Munich, Dusseldorf, Hamburg နဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ Zurich, Geneva မြို့တွေဆီကို Emirates ရဲ့ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုတွေနဲ့အတူ သက်တောင့်သက်သာ ပျံသန်းလိုက်ပါ။
𝐅𝐨𝐫 𝐭𝐢𝐜𝐤𝐞𝐭 𝐛𝐨𝐨𝐤𝐢𝐧𝐠𝐬 𝐚𝐧𝐝 𝐝𝐞𝐭𝐚𝐢𝐥𝐞𝐝 𝐢𝐧𝐪𝐮𝐢𝐫𝐞𝐬
New Autumn Travels & Tours
09453440128
www.newautumntours.com