11/07/2017
Travels & Tours နယ်ပယ်က
သူတစ်ယောက်ကို ချစ်သူရွေးချယ်မယ်ဆိုရင် ဒါလေးတွေတော့နားလည်ထားပေးပါနော်😁
- ဖုန်းဆက်တိုင်းမကိုင်တာ ဘာသဘောလဲ ဆိုပြီး စိတ်တွေဆိုးမနေနဲ့..😔😔
- နံနက် ၉:၀၀ ကနေ ညနေ ၅-၆:၀၀ ဆိုတဲ့ အချိန်ဟာ Customer တွေပဲကိုယ့်ကိုပိုင်တယ်😁😁
- ရှင်တို့က ၂၄ နာရီ ဝန်ဆောင်မှု ပေးနေရအောင်..လစာတွေ ဘယ်လောက်ရနေလဲ လာမမေးပါနဲ့😏😏
-Service ကို responsibility နဲ့ ရောင်းနေရတဲ့ဒီလောကမှာ ကိုယ့်ဝန်ဆောင်မှုကြောင့် Customer မျက်နှာမှာ အပြုံးတစ်ပွင့်ရရင်ပဲ
၂၄နာရီတောင်ကိုယ့်အတွက်မလောက်ဘူး😊😊
-ခေါ်လိုက်ရင်လဲ ဖုန်းကမအားအောင် ဘယ်အကောင်နဲ့ Q နေလဲ မမေးနဲ့..😁😁
-လေယာဉ်လက်မှတ် Wrong Issue ဖြစ်တာတို့, ဟိုတယ်က Complaint တို့, Oversea မှာ ခရီးသည် အဆင်မပြေတာတို့ ကြောင့်ခေါင်းမီးတောက်အောင် ဖြေရှင်းနေရတာပါ😔😔
-ညသန်းခေါင်းယံကြီးဒင်းက FB မှာမီးစိမ်းနေတာဘာလား မပြောပါနဲ့😄😄
-
-အချိန်မတော် အရေးကြီးကိစ္စရှိတဲ့ VVIP တွေ, နာရီပိုင်းကပ်မှ ခရီးထသွားတတ်တဲ့ Valuable Customer တွေရှိနေတော့တစ်ခါတစ်ရံ Gmail ဖွင့်ပြီးလုပ်လိုက်ရတာတွေ ရှိသလို Messengerတွေ, FB Page တွေကနေဖြေရှင်းရတာတွေရှိတယ်😏😏
- ချိန်းထားတဲ့အချိန်ဘာလို့အတိအကျ
မရောက်ရတာလဲဆိုပြီးအရမ်းမဟောက်ပါနဲ့
- ရုံးဆင်းချိန်ထက်ကို ၃၀ မိနစ်- ၁ နာရီ မကပဲ နောက်ကျလိုက်ရတဲ့ Case တွေကို မင်းနားလည်အောင်ရှင်းပြလို့မရ
ဘူး😁😁
- နေ့လည်စာကို မှန်မှန်စားဆိုပြီး ဆုံးမချင် ဆုံးမနိုင်ပါတယ်..😄😄
- ဒါပေမဲ့ Lunch Box ကြီးကြည့်ပြီး
နေ့လည်စာငတ်ခဲ့ရတဲ့အချိန်တွေကို ငါတို့တွေပဲ အသိဆုံးပါ😢😢
သူများတွေခရီးထွက်ပြီးပျော်နေတဲ့လမှာ ကိုယ်တွေက ကိုယ့်ခရီးသည်တွေအဆင်ပြေဖို့ ဝန်ဆောင်မှုပေးနေရလို့ 24 hours တောင်မနားနိုင်တဲ့လတွေလည်းရှိခဲ့ရသေး
- နောက်ဆုံး Anniversary နေ့ရောက်တဲ့အချိန်တောင်မှ
Inquiry တွေတက်လာရင် Confirm ဖြစ်အောင်လုပ်မယ်ဆိုတာနဲ့ပဲ နင့်ကို အချိန်အပြည့်အဝ ပေးနိုင်မှာ မဟုတ်ဘူး
😂😂ဒါတွေကြောင့် Tourism Agent တစ်ယောက်ကို ချစ်သူအဖြစ် ရည်ရွယ်ထားခဲ့ရင် ဒါလေးတွေတော့ သိထားပေးဘာာ 😂
Credit : Thu Ya Aung (Fantastic Inle Travel and Tours)