TZN Tha Zin Ni Travel & Tour

TZN Tha Zin Ni Travel & Tour သဇင်နီ ဘုရားဖူး အပန်းဖြေ ခရီးသွားလုပ်ငန်း
Ph-09450087785.09453397259.09773054748,

•မိုးတွင်း ကာလနောက်ဆုံး တစ်လဖြစ်တဲ့ Augustတစ်လအတွင်း ဘားအံဘုရားများဖူမျော်ရင်း မွန် ပြည်နယ်ပေါင်မြို့မှာရှိတဲ  ဇင်းကျိုက...
31/07/2016

•မိုးတွင်း ကာလနောက်ဆုံး တစ်လဖြစ်တဲ့ Augustတစ်လ
အတွင်း ဘားအံဘုရားများဖူမျော်ရင်း မွန် ပြည်နယ်
ပေါင်မြို့မှာရှိတဲ ဇင်းကျိုက် ရေတံခွန်ခရီးစဉ်မှာ ဘဝ
အမောတွေကို ခဏတာ ဆေးကျောဖို့ ဖိတ်ခေါ်ပါရစေ
မိုးရာသီ အထူး ၅ဦးဝယ် ၁ဦး မေတ္တာလက်ဆောင်ရရှိ
မည့် အခွင့်အရေး. FOC 5+1
တစ်ဦးနှုန်း😎 ၃၅၀၀၀ကျပ်😎ခရီးစဉ် ထွက်ရှိမည့် ရက်များ August ၅.၁၃.၁၉.၂၇
ရက်များတွင် မြေနီကုန်း မဟာမြိုင်ကားဂိတ် အနီးအနား
ကနေ ည ၉နာရီ တွင် ထွက်ခွာပါမည်.

#လည်ပတ်မည့် နေရာများ
•ဘားအံ ရွှေရင်မျော်ဘုရား
•ဘားအံ ကရင်ပြည်နယ် ကန်သာယာ
•ဇွဲကပင်တောင်ခြေရှိ လုမ္မိနီဥယျာဉ်နှင့် ဗောဓီတစ်တောင်
ဘုရား
•ရေလည်ခေါင်ရှိ ကြောင်ကလပ်စေတီ
•ထူးလျက်တမူ ကော့ကသောင်းဂူ
•ရှေဟောင်အမွေအနှစ် ကောကွန်းဂူ
•ဘုရင်းညီနောင်ဂူနှင့် ရေပူစမ်း
•ဇင်းကျို က်ရေတံခွန်
•သထုံမြို့ကျက်သရေဆောင်ရွှေစာရံ စေတီတော်
•ဒေသထွက်လက်ဆောင်များ ဝယ်ယူနိုင်မည့်သစ်သီးဝလံတန်း

#ပါဝင်သောဝန်ဆောင်မှုများ

•မနတ်စာ နေ့လည်စာညစာနေ့လည်ကော်ဖီနဲ့မုန့်
•ရေသန့်.စနိုးတာဝါ.သွာတိုက်ဆေး.သွာတိုက်တံ ဆပ်ပြာတုံး
•စေတီပုထိုများတွင် ပူဇော်သက္ကာရာများ
•အခြာဝန်ဆောင်မူများ
•ကံစမ်းမဲ လက်ဆောင်နှင့် Game အစီအစဉ်
•ခရီးစဉ်တလျောက်လိုက်ပါဝန်ဆောင်မူပေးမည်.
Tour Leader
•ခရီးစဉ်တလျောက် သမိုင်းကြောင်းများ ရှင်းပြမည့်
Toure Guide
•Air Conditioned Bus
Door. To Door service. လက်မှတ် အိမ်အရောက်ပို့
ဝန်ဆောင်မူ
•အကောင်းဆုံးဝန်ဆောင်မူများကိုဆောင်ရွက်ပေးပြီး
ချိုသာသောဈေးနူန်းများဖြင့် တာဝန်ယူဆောင်ရွက်လျက်•

☎09.450087785.09.773054748
No.(1266)Bo hmu ba htoo Road.43.Quarter
North Dogon Township
Email.ghazinni [email protected]

09/07/2016

**အေးချမ်းလှတဲ့ အခုလိုမိုးရာသီလေးအတွင်းမှာ ကျွန်မတို့ရဲ့ သူငယ်ချင်းများ ခရီးသွားများအားလုံး အလုပ်အကိုင်များအဆင်ပြေပြီး စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့အတူ ရွှင်လန်းတက်ကြွကာ ပျော်ရွှင်နိုင်ကျပါစေရှင်**

🍀အပူပိုင်းဒေသရဲ့ဒဏ္ဏာရီမြို့လေးကိုအခုလိုမျိုးမိုးရာသီအချိန်လေးမှာ အေးအေးချမ်းချမ်းသွားကျရအောင်နော်🍀🍀ပုဂံ~ညောင်ဦး~ပုပ္ပါး ...
04/07/2016

🍀အပူပိုင်းဒေသရဲ့ဒဏ္ဏာရီမြို့လေးကိုအခုလိုမျိုးမိုးရာသီအချိန်လေးမှာ အေးအေးချမ်းချမ်းသွားကျရအောင်နော်🍀

🍀ပုဂံ~ညောင်ဦး~ပုပ္ပါး (၃)ညအိပ်(၄)ရက် ခရီးစဉ်---

🍀တဦးလျှင် ၁သိန်းကျပ်---July 21 ရက်နေ့ ည 7နာရီတွင်ထွက်ခွါပါမည်.

🚎လည်ပတ်မည့်နေရာများ🚎

✅ပုပ္ပါးတောင်ကလာပ်ပေါ်ရှိစေတီပုထိုးများဖူးမျှော်ရင်း သမိုင်းဝင်နတ်ကွန်းအကြောင်းလေ့လာခြင်း

✅ပုဂံရှိရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သော အာနန္ဒာ..ဓမ္မရံကြီး...သဗ္ဗေညုတ...အလိုတော်ပြည့် ဘုရားများအပြင် အခြားထင်ရှားသောစေတီပုထိုးများ

✅အညာမြေရဲ့ဂန္တဝင်ဆည်းဆာနေဝင်အလှကိုခံစားခြင်း

✅ရွှေစည်းခုံ-တုရင်းတောင်-လောကနန္ဒာ-တန့်ကြည်တောင် ဆွယ်တော်လေးဆူအား နေ့မကူးပဲ သွားရောက်ဖူးမျှော်ကာ လိုရာဆုတောင်းခြင်း

✅အညာရဲ့ဒေသထွက်လက်ဆောင်များကိုဝယ်ယူရင်း အညာထန်းရေချိုမြမြအရသာကိုခံစားခြင်း

💥ပါဝင်သောဝန်ဆောင်မှုများ💥

💧ကြယ်သုံးပွင့်အဆင့် ဟိုတယ်တွင် တည်းခိုခြင်း
💧မနက်စာ ၊နေ့လည်စာ၊ညစာများ
💧စေတီပုထိုးများတွင်ပူဇော်ရန် ပူဇော်သက္ကာရပစ္စည်းများ
💧Aircorn Express
💧တစ်ဆင့်သွား စက်လှေခများ တောင်တက်ကားခများ
💧စိတ်ရှည်သီးခံသောTour Leader
💧စနိုးတာဝါ-ရေသန့်-သွားတိုက်ဆေး-သွားတိုက်တံ အခြေခံဆေးဝါးများ
💧ပျော်ရွှင်စရာ Game အစီအစဉ်များ

----------------------------------------------

🎄လက်မှတ် အရောက်ပို့ပေးသည့် ဝန်ဆောင်မှုများလည် ပါရှိပါတယ် ..🎄
🎄အကောင်းဆုံး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး ချိုသာသောဈေးနှုန်းများဖြင့် တာဝန်ယူဆောင်ရွက်လျှက်🎄

🚎TZN THAZIN NI Travel & Tour
ဆက်သွယ်ရန်
No(1266) Bo Hmu Ba Htoo Road.43Quarter.
North Dagon Township
Emailး thazinni [email protected]

"ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း"၏လေ့လာရေးခရီးစဉ်ကို TZN Tha Zin Ni Tarvel & Tours မှ အခုလို ခရီးစဉ်သာယာေ...
29/06/2016

"ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း"၏လေ့လာရေးခရီးစဉ်ကို TZN Tha Zin Ni Tarvel & Tours မှ အခုလို ခရီးစဉ်သာယာဖြောင့်ဖြူးစွာနှင့်ပျော်ရွှင်စွာ ပို့ဆောင်ခွင့်ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှင့် နောက်နောင်ခရီးစဉ်များတွင်လဲ ပြန်လဲဆုံတွေ့ချင်ပါသေးတယ်ခင်ဗျာ-----

"နောင်တစ်ခေတ်ပရဟိတအသင်း"ရဲ့ဒီလိုမွန်မြတ်တဲ့ခရီးစဉ်လေးကို Tha Zin Ni Travel & Tours က အခုလိုပို့ဆောင်ခွင့် ရရှိတဲ့အတွက် ဂ...
19/06/2016

"နောင်တစ်ခေတ်ပရဟိတအသင်း"ရဲ့ဒီလိုမွန်မြတ်တဲ့ခရီးစဉ်လေးကို Tha Zin Ni Travel & Tours က အခုလိုပို့ဆောင်ခွင့် ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် "နောင်တခေတ်ပရဟိတအသင်း"လည်းဒီထက်မက အောင်မြင်ပါစေလို့ ဆုမွန်ကောင်းပြုအပ်ပါသည်၊၊နောက်နောင်ခရီစဉ်များတွင်လည်း ပြန်လည်ဆုံတွေ့ခွင့် ရရှိချင်ပါသေးကြောင်း------

```မေမြို့ခေါ် ပြင်ဦးလွင် ဖြစ်ပေါ်လာပုံ´´´*********************************မေမြို့ရဲ့အတိတ်တွေဆီ ပြန်မြင်ယောင်ကြည့်ရအောင်-...
16/06/2016

```မေမြို့ခေါ် ပြင်ဦးလွင် ဖြစ်ပေါ်လာပုံ´´´
*********************************
မေမြို့ရဲ့အတိတ်တွေဆီ ပြန်မြင်ယောင်ကြည့်ရအောင်
-------------------------------------------------------------
မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ဟူသောအမည်နာမများစွာ ပိုင်ဆိုင်သည့်မြို့ကလေးသည် မြန်မာနိုင်ငံသားတော်တော်များများရောက်ဖူး ကြသလို ကမ္ဘာလှည့်ခရီးသည်များနှစ်သက်သောမြို့လည်း ဖြစ်သည်။ ပြင်ဦးလွင်ကလူစိတ်ဝင်စား ရသည်ကို ညွှန်းရမည်ဆိုလျှင်ပြင်ဦးလွင် ပိုင်ဆိုင်သောဂုဏ်ပုဒ်များစွာရှိနေပါသည်။ မေမြို့ပန်းနှင့်ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊စံဂျူးမလိုင်မြို့၊ ဟင်းသီးဟင်းရွက်မြို့၊ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊ အလှဆုံးပန်းခြံရှိသောမြို့၊ဘော်ဒါကျောင်း၊ နွေရာသီတွင်လူတိုင်းတောင့်တ သောတောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့စသည်တို့ဖြစ်သည်။ ပြင်ဦးလွင်မည်သို့ဖြစ်ပေါ်လာပါသနည်း။
1850 ခုနှစ်တွင်မြန်မာနန်းတွင်းအရာရှိတို့ သည် ပြင်စာရွာနှင့်ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကိုရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟုခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင်တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက် ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည်ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ ပြင်ဦးလွင်၏ ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်းငယ်ဆင်တူသည်ဟု သတိထားမိလာပြီး မန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကိုအိန္ဒိယရှိ Darjeeling နှင့် Simla ကဲ့သို့တောင်စခန်းမြို့တည်ရန် အကြံပြုသည်။ ဝန်ရွှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service)မှ အင်္ဂလိပ်မြို့ ပုံပေါက်မြို့ငယ်တစ်မြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက် သည်။ 1896 တွင်ဗိုလ်မှူးကြီး May သည်မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေးဖိတ်ခဲ့ သည်။ ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင် သူဖြစ်သဖြင့် မေမြို့ဟုခေါ်ဆိုရန်အကြံပြုခဲ့ရာမှ မေမြို့ဟုအမည်တွင်သွားခဲ့သည်။ ထိုအချိန်၌ရွာတွင် အိမ်ခြေ-(23)အိမ်သာရှိခဲ့သည်။
အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်ခြင်း များဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိကအားဖြင့် ဘုရင်ခံအိမ်၊ ဘူတာ၊ ရုံးများ၊ စာတိုက်၊ဘဏ်၊ပန်းခြံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက်လုပ်သည်။ အိမ်တော်ကြီးများ ကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင်ပန်းမျိုးစုံ စိုက်ပျိုး၍အလှဆင် ကြသည်။ လမ်းများဖောက်လုပ်ပြီးချိန်လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ထင်းရှူးပင်နှင့် ငှက်ဖျားကာကွယ်သည်ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။ ယခုဈေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ်ကြသည်။ မြိုတွင်းသယ်ယူ ပို့ဆောင်ရေးအတွက် လန်ချားနှင့်မြင်းလှည်းများထားရှိသည်။ ရန်ကုန်မှလန်ချားများလာဆွဲရာတွင် အတက်အဆင်းများပြီးပင်ပန်းကြသဖြင့် ရန်ကုန်သို့ပြန်ပြေးကြသည်။ မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိကမောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုးရှိသည်။ ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာစီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များပြန်ကုန် သဖြင့် နဂိုသတ်မှတ်ချက်ကြောင့် စီးမည့်သူမရှိသဖြင့် ဒေါက်ကတ်မှာ ပျောက်ကွယ်သွား လေသည်။
ဘုရင်ခံအိမ်ကို 1900 ပြည့်တွင်ဆောက်လုပ် ပြီးစီးပြီးဂေါက်ကွင်းငယ် အပြင်1902တွင် အိမ်ပတ်ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှပန်းပညာရှင် Mr. Surup ကိုတာဝန်ပေးသည်။ Surup သည်နိုင်ငံခြားမှ ပန်းမျိုးစိတ် (300)ကျော်ကို ယူလာပြီး မေမြို့တွင်စိုက်ပျိုး ရာမှ ပန်းမြို့တော်ကိုအစပျိုးခဲ့သူ ဖြစ်သည်။ ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်လားဝန်တင်လမ်းကို ကတ္တရာလမ်းဖောက်လိုက်သည်။ ရှမ်းပြည်ထွက်ကုန်နှင့် မန္တလေးမှ ရေထွက်ပစ္စည်းများရောင်းဝယ်ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှုမြန်လာကာ ၅ ရက်တစ်ဈေးမှာ ပိုမိုစီကားလာခဲ့သည်။
တရုတ်၊ ကုလား၊ ဗမာတို့သည်ယခုမြို့လည် နေရာတွင်အခြေချပြီး ဘုန်းကြီးကျောင်း ၊ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများဆောက်လုပ်ကြသည်။ နိုင်ငံခြားသာသနာပြုနှင့်နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert's Missionary School, St.Joseph Convent School, American Baptist Girl School များပေါ်ထွက်လာခဲ့သည်။
ဒေသ၏အဓိကထွက်ကုန်များမှာ ပန်း၊ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ၊နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို ၊ယို တို့ဖြစ်သည်။ အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်း သည်။ တရုတ်က စားသောက်ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များဖွင့်လှစ်သည်။ (1904) တွင် အိန္ဒိယစစ်ဦးစီးချုပ် လော့ဒ်ကလစ်ခ်ျ ကမန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ပြောင်းရွှေ့ သည်။စစ်တပ်ဦးရေသည်မြို့နေလူဦးရေနှင့် အတူတူဖြစ်လာရာ တပ်မြေနှင့် အရပ်မြေပြန်ခွဲသည်။ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းကရှိခဲ့သည်။ သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခုဆောက်ကာ ရေပေးဝေရေးပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့တည်ခဲ့သော ဂေါက်ကွင်းသည် (18)ကြွင်းနှင့် ဧက (500)ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာ့အဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ် ခါနီးဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင်သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှပုဏ္ဏားများပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။
အင်္ဂလိပ်တို့သည်အင်္ဂလန်တွင်မွေးဖွားသူကိုသာ အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများမီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန် ကြရသည်။နောင်မေမြို့တွင် ဆေးရုံဖွင့်လှစ်ပြီးနိုင်ငံခြား ဆရာဝန်နှင့် Nurse များထားရှိပေးသဖြင့် မေမြို့မှာမွေးလျှင် အထက်တန်းလွှာ တွင်းထည့်ပေးလိုက်သည်။
Botanical Garden ကိုဧက (240) ပေါ်တွင် Sir Alex Roger မှဆောက်လုပ်ပေးခဲ့သည် ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကိုတူးဖော်ပေးခဲ့သည်။ ထိုအချိန်ဘုရာခံ ၏အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟုခေါ်သည်။ 1917မှစတင်တူးဖော်ရာ 1920တွင်ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကမ္ဗည်းကျောက်တိုင်ရေးထိုးထား သည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှဆောက် လုပ်ပေးခဲ့သည်။
မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကိုကို နိုင်ငံခြားသားများ တကူးတကဓာတ်ပုံရိုက် နားထောင်လေ့ရှိသည်။ ထိုနာရီကို မန္တလေးမြို့ (26×83)ထောင့်ရှိ ကာတစ်ဆေးတိုက်မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ငွေရတု နန်းတက်သောအထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ်သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများအခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြုပြင်ပေးခဲ့သည်။ 15 Min တိုင်းတစ်ကြိမ် တီးခတ်သည်။ ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟုခေါ်ခဲ့သည်။ 1950 တွင် BE တပ်ကထိုအနီးစခန်းချသဖြင့် BE Fall ဟုခေါ်ဆိုခဲ့သည်။ 1963 တွင်အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင်ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။

Ref - မေမြို့သို့မဟုတ်ပြင်ဦးလွင်
- The Pacification of Burma
Crosthwaite, Sir Charles

ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို ရောက်ပြီဆိုရင်ဖြင့် မဖြစ်မနေ သွားရောက်ဖူးမျှော်သင့်တဲ့ အဓိကဘုရားတစ်...
15/06/2016

ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို
ရောက်ပြီဆိုရင်ဖြင့် မဖြစ်မနေ သွားရောက်ဖူးမျှော်သင့်တဲ့
အဓိကဘုရားတစ်ဆူကတော့ “မြဘုရား” ပဲဖြစ်ပါတယ်။

ထူးဆန်းအံ့သြဘွယ်ရာ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့
မြဘုရားဟာ ကျောက်စိမ်းတုံးအစစ်မှ ထုလုပ်ထားသော
ဘုရားဆင်းတုတော်ဖြစ်ပြီး ဘယ်ခြေတော်ပေါ် ညာခြေတော်တင်လျှက်
တင်ပလ္လင်ခွေ ထိုင်လျှက် ပုံဖြစ်ပါတယ်။

တန်ခိုးကြီး မြဘုရားဆင်းတုတော် ကို မူလထုလုပ်ပူဇော်သူက
မသမာသူဘေးမှ ကာကွယ်နိုင်ရန်အတွက် အင်္ဂတေများဖြင့်
ထပ်မံအုပ်လောင်းပြီးချင်းမိုင်ခရိုင် အတွင်းရှိ စေတီတော်
တစ်ဆူတွင် ဌာပနာ အဖြစ်ထည့်သွင်းပူဇော်ခဲ့ပါတယ်။

အဆိုပါစေတီတော်ကို မိုးကြိုးထိမှန်ရာမှ ၄င်းစေတီတော်
အတွင်းမှ အင်္ဂတေများဖြင့် ဖုံးလွှမ်းလျှက်ရှိသော
မြဘုရားဆင်းတုတော်ကို စေတီအနီးရှိ ကျောင်းထိုင်ဆရာတော်မှ
တွေ့ရှိခဲ့ပြီးကျောင်းဆောင်သို့ ပင့်ဆောင်ကိုးကွယ်ထားခဲ့ခြင်း
ဖြစ်ပါတယ်။

ထိုမှ တစ်ဆင့် ဆင်းတုတော်၏ ကိုယ်တော်မှ
အင်္ဂတေသားများ အထပ်လိုက် ကွာကျလာရာမှ
ယခုအခါ ဖူးမျှော်နေရသည့် မြဘုရား ဆင်းတုတော်ကို
တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။

ထို့နောက် ရှင်ဘုရင်အဆက်ဆက် မြဘုရားကို
ပင့်ဆောင်ကိုးကွယ်ခဲ့ကြပြီး လန်းပန်း၊ချင်းမိုင်၊လာအိုနိုင်ငံ
လူအန်းဖရဘန်း၊ဗီယန်တိန်းမြို့တော်၊ထို့နောက်
ထိုင်းနိုင်ငံ သုန်ဘူရမြို့် စသည်ဖြင့်
နှစ်ပေါင်းရာချီ်၍ လှည့်လည်ပူဇော်ခံခဲ့ပြီး
ယခုအခါကိန်းဝပ် စံတော်မူရာ ဘန်ကောက် မြို့သို့
၁၇၈၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ရွှေ့ပြောင်း
ပင့်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ။

ထို့ကြောင့် မြဘုရား ဆင်းတုတော်ကို တစ်နှစ်လျှင် သုံးကြိမ်
သင်္ကန်းကပ်ပွဲကျင်းပလေ့ရှိပြီး မြဘုရား ဆင်းတုတော်များကို
ရောင်းချသည့် ဆိုင်များကလည်း နွေဘုရား၊မိုးဘုရား၊ဆောင်းဘုရားဟု
သုံးမျိုးသုံးစား ခွဲခြားကာ ရောင်းချနေကြခြင်း ဖြစ်ပါတယ်။

ရှေးခေတ်ဘုရင်များ လက်ထက်တွင် မြဘုရားကျောင်းတော်ရှိ
သိမ်တော်အတွင်း ကျင်းပသည့် ပွဲတော်များကို
တက်ရောက်ကြသည့် မှူးကြီးမတ်ရာများနှင့် ဘုရင့်သားတော်များ
ကိုသာ အန္တရာယ်ကင်း ပရိတ်ရေများ ပက်ဖျန်းပေးလေ့ ရှိခဲ့ရာမှ
ယခုအခါ ဖူးမျှော်ဘို့ရန်သော်၎င်း လှူဒါန်းဘို့ရန်သော်၎င်း
ရောက်လာကြကုန်သော ဒကာ ဒကာမများအား ဦးခေါင်းပေါ်သို့
ထိုင်းဘုန်းတော်ကြီးများမှ ပရိတ်ရေပက်ဖျန်းပေးခြင်း
ပြုလုပ်ပေးလေ့ရှိကြပါတယ်။ ။

မြဘုရားရဲ့ ထူးခြားချက်အဖြစ် ဘုရားကို ဖူးမျှော်ခွင့်ရရန်
အရမ်းနတ်ကြီးသည်လို့ ပြောစမှတ်ပြုကြပါတယ်။ ။

Wat Phra Kaew မြဘုရား ၏ဘွဲ့ တော်အပြည့် အစုံမှာ Wat Phra Si
Rattana Satsadaram ဖြစ်ပြီးဆင်းတုတော်၏ ရင်တော်မှာ
၄၈.၃ စင်တီမီတာရှိပြီး ၆၆ စင်တီမီတာ မြင့်ပါတယ်။ ။

ဘယ်ခြေတော်ပေါ် ညာခြေတော်တင်လျှက်
တင်ပလ္လင်ခွေ ထိုင်လျှက် ဆင်းတုတော် လက်ရာမှာ
ခေတ်ကာလ အပိုင်းအခြားအရ
ထိုင်းနိုင်ငံလက်ရာ ဘုရားဆင်းတုတော်များနဲ့
လက်ရာ အနေအထားအရ ကွာခြားလှပြီး
မူလမြဘုရား ဆင်းတုတော်ကို ထုလုပ်ပူဇော်သည့်
နိုင်ငံမှာ တောင်အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့၏
လက်ရာ ဆင်းတုတော် ဖြစ်ကောင်းဖြစ်နိုင်သည်လို့
သမိုင်းအထောက်ထားများက ဆိုပါတယ်။ ။

သတိထားရမယ့် အချက်တွေ အနေနဲ့
------------------------------------
မြဘုရားဆင်းတုတော် ကိန်းဝပ်စံပယ်ရာကျောင်းဆောင်ကို
နံနက် ( ၈း ၃၀ မှ ညနေ ၃း၃၀ ) အချိန်ထိ ဖွင့်လှစ်ပါ တယ်။

အမျိုးသမီးများအနေနဲ့ အကျီင်္အတို၊ဘောင်းဘီအတိုများ
ဝတ်ဆင်ခြင်းကို တားမြစ်ထားပြီး

အမျိုးသားများ အတွက်ကတော့  ဆေးမှင်ကြောင်
ထိုးထားသူများ လုံလုံခြုံခြုံ ဝတ်ဆင်ပြီးမှသာ
ဝင်ရောက်ခွင့်ပြုပါတယ်ရှင်.

✅အပါတ်စဉ် သောကြာနေ့တိုင်း ထွက်ရှိမည့်     မော်လမြိုင်~~ကျိုက္ခမီ~~စက်စဲ ခရီးစဉ် ✅▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄  ✅မိုးရာသီအထူး Pro...
07/06/2016

✅အပါတ်စဉ် သောကြာနေ့တိုင်း ထွက်ရှိမည့်
မော်လမြိုင်~~ကျိုက္ခမီ~~စက်စဲ ခရီးစဉ် ✅
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

✅မိုးရာသီအထူး Promotion✅

☀️တဦး (၃၅၀၀၀)ကျပ်နဲ့ ခရီးစဉ်တိုင်းအတွက်
(၉ဦး)ဝယ်ယူသူတိုင်း (၁ဦး)မေတ္တာလက်ဆောင်
ရရှိမည်ဖြစ်ပါသည်☀️

✌June လရဲ့အပါတ်စဉ်သောကြာနေ့(၁၀,၁၇,၂၄)
ရက်နေ့များတွင် ထွက်ခွါပါမည်✌️

❤️လည်ပတ် မည့်နေရာများမှာ❤️
--------------------------------------------

✅ကျိုက်ခမီရေလယ်ဘုရား
✅သေမင်းတမန်မီးရထားပြတိုက်
✅မဟာမိတ်စစ်သင်္ချိုင်း
✅လျှောင်းတော်မူဘုရားတည်ရှိရာ
ဝင်းစိန်တောရ ဆရာတော်ရုပ်ကလာပ် ✅မော်လမြိုင်မြို့ရဲ့အထင်ကရကျိုက်သလ္လံ
တောင်ပေါ်တန်းစေတီ
✅ဆံတော်ရှင် ဦးဇိန ✅စိန်တုံးမိဖုရားကျောင်းတိုက်တို့ကို
တနေ့တာ လည်ပတ် အပန်းဖြေရပါမည်
✅စက်စဲကမ်းခြေမှာ အမှတ်တရ
ဓါတ်ပုံတွေရိုက်ကြမယ်
✅အိမ်အပြန်ခရီးအတွက်လက်ဆောင်ဝယ်ယူရန်
သစ်သီးတန်း.........................................................................

ပါဝင်သောဝန်ဆောင်မှုများကတော့

♥️Air-corn Express
❤️မနက်စာ နေ့လည်စာ ညစာ
❤️စိတ်ရှည်သည်းခံအတွေ့အကြုံရှိTour leader
❤️ဘုရားသမိုင်းရှင်းပြမည် Tour guide
❤️စနိုးတာဝါ --ရေသန့်...သွားတိုက်တံ..
သွားတိုက်ဆေး---အခြေခံဆေးဝါးများ
❤️ပျော်ရွှင်စရာ Game အစီအစဉ်များ
.........................................................................

🎄လက်မှတ် အရောက်ပို့ပေးသည့် ဝန်ဆောင်မှုများလည် ပါရှိပါတယ် ..🎄
🎄အကောင်းဆုံး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပြီး ချိုသာသောဈေးနှုန်းများဖြင့် တာဝန်ယူဆောင်ရွက်လျှက်🎄

🚎TZN THAZIN NI Travel & Tour
ဆက်သွယ်ရန်
No(1266) Bo Hmu Ba Htoo Road.43Quarter.
North Dagon Township
Emailး thazinni [email protected]

Address

No(1266)Bo Hmu Ba Htoo Road/43 Quarter North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when TZN Tha Zin Ni Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category