ပန်းခင်းလမ်း ကားအငှား နှင့် ခရီးသွားဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • ပန်းခင်းလမ်း ကားအငှား နှင့် ခရီးသွားဝန်ဆောင်မှု

ပန်းခင်းလမ်း ကားအငှား နှင့် ခရီးသွားဝန်ဆောင်မှု ကားငှားမယ် ခရီးသွားမယ်

21/05/2025

ဒီကားနံပါတ်တွေကို အုံနာဘုတ်မိတ္တူနဲ့ လာရောင်းရင် (လုံးဝ) (လုံးဝ) မဝယ်မိပါစေနဲ့။

6C/2541

6C/8115

6D/7881

9D/8862

4E/8704

7E/3874

4C/5838

9E/7368

1F/8830

6F/7778

6G/9252

9G/7043

2H/3594

6H/1854

7H/9600

31/7878

61/5333

71/8502

71/8503

81/2712

81/8522

91/5675

5J/4679

5J/5623

5J/9305

8J/4374

8J/5904

8J/6129

8J/8853

2K/6289

2K/9099

3K/5112

4K/8181

7K/7899

1L/1616

2L/8181

5L/8132

7L/2162

7L/8024

9L/2103

9L/3330

9L/9906

3M/2465

3M/2719

5M/3275

6M/1627

6M/7777

6M/9572

7M/2868

7M/5833

9M/2841

9M/3041

9M/5681

9M/6534

3N/1637

3N/4163

3N/5098

3N/6900

6N/1187

9N/1145

9N/9706

1P/5218

1P/6809

2P/4232

2P/4786

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ အမှတ်(A-09)၊ သီရိကျော်စွာလမ်း၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။

ဆက်သွယ်ရန် ဖုန်း- ၀၆၇၃-၄၂၂၆၉၉ ၊ ၀၆၇၃-၄၂၂၅၈၁၊၀၆၇၃-၄၁၇၇၈၁၊ ၀၆၇၃-၂၄၃၀၉

အန္တာရာယ်ရှိတယ်
သတိထားကြပါ
ကားအုံနာဘုတ်မိတ္တူပြဿနာ (၁၅.၁.၂၀၂၅

31/03/2025

ရန်ကုန်.မန်းလေးလမ်းဟောင်းက အသွားရတယ်
အပြန်လမ်းမရပါ..
ကူမဲကိုင်တံတား ကြိုးနေပါတယ်
—————
ရန်ကုန် နေပြည်တော်

၀မိုင်မှ ၈၀မိုင်အထိ လမ်းပုံမှန်အတိုင်းကောင်း အရှိန်ပုံမှန်မောင်းနေကျအတိုင်းမောင်း၍ရပါသည်။

၈၀-၁၁၅ မိုင်ကြား တံတားအတက်များတွင် လမ်းမြင့်တက်နေသော နေရာများပြား ။ တံတားနေရာများအရှိန်လျှော့ရန်လိုအပ်။

၁၁၅ မိုင်တွင်ဖြူးသို့ဆင်းပီး လမ်းဟောင်းမှ မောင်းသင့်ပါသည်။ အမြန်လမ်းမှ တောင်ငူ အထိသွားရန်မလိုပါ။

ဖြူးမှတောင်ငူ လမ်းဟောင်း တော်တော်ကောင်းမွန်ပါသည်။ လမ်းပုခုံးများထိခိုက်မှုမရှိပါ။ အမြန်မောင်း၍ ကားကျော်၍ရပါသည်။

တောင်ငူ- ရေတာရှည်ကြားတွင် လမ်းတခြမ်းကွန်ကရစ်ခင်းနေပါသည်။ ကားကြီးများကျော်၍မရပါ။အချိန်ပေး၍မောင်းနှင်ရပါမည်။

ရေတာရှည်-ရေနီ-သာဝတ္ထိ လမ်းပုခုံးများ အနည်းငယ် ပျက်နေပါသည်။ ဘေးချကျော်မောင်း၍မရပါ။

နေပြည်တော် အဝင် ဧလာလမ်း ကောင်းပါသည်။

နေပြည်တော် မန်းလေး
၂၀၀-၂၁၀ ကြားတံတားနေရာများ မကောင်း။ ၂၁၀-၃၂၀ထိ အသွားအပြန်နှစ်ဖက်လုံး ကောင်း အမြန်မောင်းလို့ရ။ ကျန် ၃၂၀-မန်း​လေး လမ်းပိုင်းမသိပါ။

မနေ့ညက အထိအခြေအနေပါ။ ဒီမနက် မေးတဲ့သူတွေများလို့ လိုအပ်တဲ့သူများရှိရင် အကူညီရအောင်ပါ။


Credit to Owner

15/09/2024
12/09/2024
11/09/2024

ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။
💸💸💸💸💸

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ် ဝှီးတပ် မှန် / မမှန်
ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ် ။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။
အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

☑ ၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရ်ှဘုတ် ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

🇲🇲 ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ စျေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။

🇲🇲 သိသလောက် မှတ်သလောက် လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။
🚘🚘🚘🚘🚘

ကူးယူဖော်ပြသည်
Credit >>>
ကားချစ်သူ
Credit》》
Yan Naing

Unicode >>>

ကားတစ်စီးဝယ်တော့မယ်ဆိုရင်ဘာတွေ ကြည့်ရမလဲ။
💸💸💸💸💸

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက်အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်းခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ်ဝှီးတပ်မှန်/ မမှန်
ချက်စီ (Chassis)ဘောင်နှင့်မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာသေချာအောင်ကညနရုံးမှာ ကားမဝယ်ခင်သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ဈေးပါတည့်ပြီးမှ final အနေနှင့်လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ်။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frameတွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေရှော့ဘားဘောင်တွေသေသပ်ရမယ်။
အင်ဂျင်ဂီယာဘောက်စ်အားလုံးကြည့်ကောင်းနေရမယ်။
အင်ဂျင်ခန်းကအော်ဆေးဖြစ်ရမယ်။
Original Spotတွေ ချိတ်တွေဖြစ်ရမယ်။
ဘောနပ်အောက်ကချိတ်တွေဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန်နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ်။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ်RPM တက်တာမှန်လား။
ACအေးလားကြည့်မယ်။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင်ဂျိုးတွေရှိနေမယ်ဆို အင်ဂျင်cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည်အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော်ဆေးသားအရောင်လွဲတာ မညီတာလှိုင်းတွေလိုမျိုး ဖြစ်နေတာအရိုးအစစ်တွေမညီတာတွေကသေချာကြည့်ရင်မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spotတွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင်အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက်တစ်ဖက်နဲ့တစ်ဖက်တူလားကြည့်ပါ။တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင်ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်းအော်ဆေးဖြစ်ရမယ်။

☑ ၅။အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ်။အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေသေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင်ဒက်ရ်ှဘုတ်ထိုင်ခုံဘေးကာဗာတွေ အခြေအနေ။ စတီရာရင်ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ်( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံအောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင်ဘယ်လိုလဲ။ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ်( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင်)

🇲🇲 ကားများသည်brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ဈေးပေါ်မူတည်ပြီး ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည်ကားအားလုံးကောင်းပြီးဈေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက်အရှေ့ရော အနောက်ပါ တိုက်ထားပြီးဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီးသော်လည်း အင်ဂျင်ဂီယာဘောက်စ်အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံးပေါ့။

🇲🇲 သိသလောက်မှတ်သလောက်လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။
🚘🚘🚘🚘🚘

ကူးယူဖော်ပြသည်
Credit >>>
ကားချစ်သူ
Credit》》
Yan Naing

20/08/2024

ဆီ အခက်အခဲဖြစ်နေချိန်မှာ လက်ရှိကိုယ့်ကားထဲမှာရှိတဲ့ ဆီတွေ အလေအလွင့်နည်းစေမယ့် ကားမောင်းတဲ့ အမူအကျင့် နည်းလမ်းကောင်းလေးတွေကို ပြန်ပြီး မျှဝေပေးပါမယ်

အားလုံးသိထားတဲ့အတိုင်း ဒီအချိန်မှာ လီဗာကို သတိလေးနဲ့ထိန်းပြီး ဖြေးဖြေးမှန်မှန်ပဲနင်းပါ

မောင်းနေရင်း မလိုအပ်ဘဲ Brake ကို အတင်းဖမ်းတာမျိုးလည်း သတိထားပေးပါ

မောင်းနေစဥ် အတွင်းမှာလည်း ဖြေးဖြေးမှန်မှန် Speed ကို ထိန်းမောင်းပါ။

မလိုအပ်ဘဲ ကားရဲ့လျှပ်စစ်ပစ္စည်းတွေကို မဖွင့်ထားပါနဲ့။

ကားပေါ်မှာ မလိုအပ်တဲ့ Weight များစေတဲ့အရာတွေတင်ထားမိရင်လည်း ဒီအချိန်မှာ ချထားလိုက်ပါ။

Tyre Pressure, Engine Oil မကောင်းရင် ဆီစားတတ်လို့ စစ်ဆေးပေးပါ။

ကိုယ့်ကားမှာရှိထားတဲ့ ဆီကို အကျိုးရှိရှိသုံးစွဲနိုင်မယ့် နည်းလမ်းကောင်းတွေအပြင် အကုန်အကျပါသက်သာစေမယ့်နည်းလမ်းလေးတွေဖြစ်ပါတယ်။







19/08/2024

#ကား ဆီ မီးလင်းတဲ့အခါ ဘယ်လောက်ဝေးဝေးထိ သွားလို့ရသေးလဲ ...

ကားမောင်းနေကြလူတွေ ဒါမှမဟုတ် သက်တမ်းရင့်နေသူတွေ အတွက်တော့ ကားဆီကုန်သွားလို့ ထိုးရပ်သွားတယ်ဆိုတဲ့အဖြစ်မျိုးက ခပ်ရှားရှားလို့ဆိုရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ .. ကိုယ့်ကားထဲကို ဆီဘယ်လောက်ထည့်ထားတယ် ဘယ်လောက်သွားရင် ဘယ်လောက်ကုန်သွားမယ်ဆိုတာတွေကို ခန့်မှန်းတတ်ကြလို့ပါပဲ။ ဒါပေမဲ့ တခါတလေမှာတော့ ကျနော်တို့အနေနဲ့ ဒီလိုမှတ်သားမှုမျိုးတွေကို သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။ အဲဒီအခါမျိုးမှာ ကားရဲ့ ဆီဒိုင်ခွက်မှာ မီးလင်းလာတတ်တယ်။ ဒီလို မီးလင်းလာပြီဆိုရင် နောက်ထပ် ဘယ်လောက်အကွာအဝေးဆက်သွားလို့ရသေးလည်းဆိုတာ ကားအမျိုးအစားပေါ်မူတည်ပြီး တူညီမှုမျိုးတော့ ရှိနိုင်မှာ မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံမှာတော့ သူတို့ရဲ့ အရောင်းရဆုံး ကားအစီး ၅၀ ကို စစ်တမ်းပြုလုပ်ထားပြီး .. ကား ဆီ မီးလင်းလာတဲ့အခါ၊ ကားထဲမှာ ဆီဘယ်လောက်ကျန်ပြီး ဘယ်လောက် မိုင် အကွာအဝေးအထိ ဆက်သွားလို့ရသေးလည်းဆိုတာကို ထုတ်ပြန်ထားတာရှိပါတယ်။ ကားတစ်စီးနဲ့တစ်စီး အင်ဂျင်ပါဝါခြင်းမတူညီသလို ဆီစားနှုန်းခြင်းလည်း မတူညီတာကြောင့် ဒါတွေက တိတိကျကျကြီး မှန်ကန်တယ်လို့တော့ ကောက်ချက်ချလို့မရပါဘူး။ ဒါပေမဲ့ ဒါတွေကို သိထားမယ်ဆိုရင် ခရီးတစ်ခုသွားတဲ့အခါမှာ ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဘယ်လောက်ခပ်ဝေးဝေးသွားလို့ရသေးလည်းဆိုတာကို အကြမ်းဖျင်းတွက်ချက်နိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက ဒီစစ်တမ်းမှာ ပါဝင်တဲ့ ကားမော်ဒယ်တွေဟာ ၂၀၁၅ခုနှစ်ထုတ်တွေကို အခြေခံထားတာပဲ ဖြစ်ပါတယ်။

ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ တစ်စီးနဲ့တစ်စီး လက်ကျန် ဆီဂါလံက တူညီမှာ မဟုတ်ပါဘူး။ အချို့ကားတွေက ဆီလုံးဝနီးပါးမရှိတော့တာမျိုးဖြစ်သလို အချို့ကားတွေကတော့ ဆီဂါလံ အနည်းငယ်ကျန်ရှိနေတတ်ပါသေးတယ်။ ဒါဆိုရင် .. အမေရိကန်နိုင်ငံရဲ့ အရောင်းရဆုံး ကားအစီး ၅၀ ရဲ့ စစ်တမ်းတွေကို တစ်ချက်ကြည့်ကြည့်ရအောင် ..

ဒီစစ်တမ်းမှာ .. Ford , Chevrolet , Ram , Toyota , Nissan , Honda , Hyundai , Jeep , Chrysler , Subaru , Volkswagen , Kia , Mazda , GMC တို့ရဲ့ ကားတွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အမှတ်တံဆိပ်တစ်ခုချင်းစီရဲ့ .. ဆီ မီးလင်းလာတဲ့အခါ လက်ကျန်ဆီဂါလံနဲ့ ဆက်သွားနိုင်တဲ့ မိုင်အကွာအဝေးကိုဖော်ပြပေးရမယ်ဆိုရင်တော့ ..
Ford ကတော့ ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဆီတိုင်ကီထဲမှာ ၁၆ပုံ ၁ပုံလောက်တော့ ကျန်နေသေးတာပဲ ဖြစ်တယ်။ ဥပမာ .. ကိုယ့်ကားက ဂါလံ ၂၀ ဆန့်တဲ့ကားဆိုရင် .. ဆီ မီးလင်းလာတဲ့အခါ ၁ဂါလံကျော်ကျော်လေး ကျန်နေပါသေးတယ်။ Ford ကားတွေဖြစ်တဲ့ F-150 , Fusion , Escape , Explorer , Focus , Mustang , Edge , Transit , တို့ ကတော့ ၃၅မိုင်နဲ့ မိုင် ၈၀ ကြား သွားနိုင်ဦးမှာပါ။ Ford အနေနဲ့ သူတို့ထုတ်လုပ်တဲ့ကားတိုင်းနီးပါးကို ဆီ မီးလင်းတဲ့အခါ ဆီတိုင်ကီထဲမှာ ၁၆ပုံ ၁ပုံလောက်တော့ ကျန်နေသေးတယ်လို့ ဖော်ပြထားတာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့ မိုင်အကွာအဝေးကိုလည်း တပြေးတည်းသတ်မှတ်ပေးထားတယ်။ ဒါပေမဲ့ ၃၅ မိုင်နဲ့ မိုင် ၈၀ ကြားဖြစ်တဲ့အတွက် တစ်စီးနဲ့တစ်စီးတော့ တိတိကျကျကြီး တူညီနေမှာမဟုတ်ပါဘူး။
ဒီစစ်တမ်းမှာ ပါဝင်တဲ့ Toyota ရဲ့ ကားတွေထဲမှာ ဆီ မီးလင်းတဲ့အခါ လက်ကျန် ဆီဂါလံအနည်းဆုံးကတော့ Prius ပဲ ဖြစ်ပြီး သူကတော့ လက်ကျန် ဆီဂါလံ ၁.၆ဂါလံသာ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၇၆မိုင်နဲ့ ၈၁မိုင်ကြားပဲ ဖြစ်ပါတယ်။ အခြားကားတွေထဲမှာတော့ .. Camry ကတော့ လက်ကျန် ၂.၆ဂါလံ ကျန်ရှိနေဦးမှာဖြစ်ပြီး သွားနိုင်မယ့်အကွာအဝေးကတော့ ၆၅မိုင်နဲ့ ၉၁မိုင်ကြား၊ Corolla ကတော့ လက်ကျန် ၂ဂါလံနဲ့ မိုင် ၆၀နဲ့ ၈၄မိုင်ကြား၊ RAV4 ကတော့ လက်ကျန်၂.၄ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးက ၅၇မိုင်နဲ့ ၇၄မိုင်ကြား၊ Tacoma ကတော့ လက်ကျန် ၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေး ၆၃မိုင်နဲ့ ၇၅မိုင်ကြား၊ Highlander ကတော့ လက်ကျန် ၂.၉ဂါလံနဲ့ ဆက်သွားနိုင်မယ့် အကွာအဝေး ၅၈မိုင်နဲ့ ၇၂မိုင်ကြား၊ Sienna ကတော့ လက်ကျန် ၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၅၄မိုင်နဲ့ ၇၅မိုင်ကြား၊ Tundra ကတော့ လက်ကျန်ဂါလံအများဆုံးလို့ဆိုရမှာဖြစ်ပြီး ၄ဂါလံထိ ရှိပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ မိုင် ၆၀နဲ့ ၇၂မိုင်ကြားပါ။

Chevrolet ကတော့ သူ့ရဲ့ ကားတွေက ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန် ဆီနဲ့ ဆက်သွားနိုင်တဲ့ အကွာအဝေးက Ford လို တူညီနေတာမျိုးကိုမတွေ့ရဘူး။ Chevrolet ကားတွေဖြစ်တဲ့ Silverado နဲ့ Equinox တို့ကတော့ ဆီ မီးလင်းလာတဲ့အခါမှာ တိုင်ကီထဲမှာ ၁၆ပုံ ၁ပုံသာ ကျန်ရှိတော့တာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့အကွာအဝေးတွေကတော့ Silverado က နောက်ထပ် ၂၅မိုင်နဲ့ Equinox ကတော့ နောက်ထပ် မိုင် ၅၀အထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ Chevrolet ရဲ့ နောက်ထပ်မော်ဒယ်ဖြစ်တဲ့ Cruze , Malibu နဲ့ Impala တို့ ကတော့ ကား ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန် ၂ဂါလံ ကျန်ရှိမှာဖြစ်ပြီး Cruze က ၅၆မိုင်နဲ့ ၈၄မိုင် အကြားထိ သွားနိုင်သေးပြီး Malibu ကတော့ မိုင် ၅၀နဲ့ ၇၂မိုင်ကြား၊ Impala ကတော့ ၄၄မိုင်နဲ့ ၆၂မိုင်ကြား ဆက်သွားနိုင်သေးတယ်လို့ ဆိုထားတယ်။ Chevrolet ထဲမှာ ဆီ မီးလင်းလာတဲ့အခါ လက်ကျန်ဆီဂါလံအများဆုံးကတော့ Traverse ဖြစ်ပြီး သူက ၂.၅ ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်မိုင်ကတော့ ၄၂မိုင်နဲ့ မိုင် ၆၀ကြား ဖြစ်ပါတယ်။
နောက်ထပ် ဂျပန် Brand တစ်ခုဖြစ်တဲ့ Honda လည်း ဒီစစ်တမ်းမှာ ပါဝင်လာတာကို တွေ့ရတယ်။ ဒီစစ်တမ်းမှာ Honda ရဲ့ မော်ဒယ် ငါးမျိုးအထိပါဝင်ပြီး Accord , CR-V , Civic , Odyssey နဲ့ Pilot တို့ပဲ ဖြစ်တယ်။ ဆီ မီးလင်းလာတဲ့အခါမှာ Accord က ဆီလက်ကျန် ၂.၆ဂါလံနဲ့ ဆက်သွားနိုင်မယ့် မိုင်ကတော့ မိုင်၇၀နဲ့ ၉၃မိုင်ကြား၊ CR-V က ဆီလက်ကျန် ၂.၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်မိုင် ၆၂မိုင်နဲ့ ၇၈မိုင်ကြား၊ Civic က ဆီလက်ကျန် ၁.၉ဂါလံနဲ့ ဆက်သွားနိုင်မယ့်မိုင် ၅၉မိုင်နဲ့ မိုင်၈၀ကြား၊ Odyssey က လက်ကျန် ဆီ ၃ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၅၇မိုင်နဲ့၈၄မိုင်ကြားဖြစ်သလို၊ Pilot ကတော့ လက်ကျန် ဆီဂါလံ ၂.၅ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၄၅မိုင်နဲ့ ၆၂မိုင်ကြားပါ။ ဒီထဲမှာ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန်အနည်းဆုံးက Civic ဖြစ်ပြီး၊ ဆက်သွားနိုင်မယ့်မိုင်အနည်းဆုံးကားကတော့ Pilot ပဲ ဖြစ်ပါတယ်။

ဒီစစ်တမ်းမှာ Nissan ရဲ့ Altima , Rogue , Sentra , Versa မော်ဒယ် သုံးမျိုးပါဝင်နေတာကို တွေ့ရတယ်။ Altima ကတော့ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန် ၃ဂါလံကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့် မိုင်ကတော့ ၈၁မိုင်နဲ့ ၁၁၄မိုင်ကြားပဲ ဖြစ်ပါတယ်။ Rogue ကတော့ ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန်ဆီဂါလံက ၃ဂါလံကျန်ရှိနေမှာဖြစ်ပြီး ဆက်ပြီးသွားနိုင်မယ့်အကွာအဝေးကတော့ ၇၈မိုင်နဲ့ ၉၉မိုင်ကြားပဲ ဖြစ်တယ်။ Sentra ကတော့ လက်ကျန် ၂ဂါလံနဲ့ မိုင်၆၀နဲ့ မိုင်၈၀ကြား ဆက်လက်မောင်းနှင်နိုင်မှာဖြစ်ပြီး၊ Versa ကတော့ လက်ကျန်ဂါလံ ၂.၆ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်မိုင်ကတော့ ၆၅မိုင်နဲ့ ၈၅မိုင်ကြားပဲ ဖြစ်ပါတယ်။

Hyundai ကားတွေကတော့ ဆီလက်ကျန်ကို ဖော်ပြထားခြင်းမရှိဘဲ ဒီစစ်တမ်းမှာ မော်ဒယ်သုံးခုပါဝင်နေတယ်။ ပါဝင်တဲ့ မော်ဒယ်တွေကတော့ Elantra , Sonata , Santa Fe တို့ပါ။ သူတို့ဆက်သွားလို့ရမယ့် မိုင်အကွာအဝေးကို ကြည့်မယ်ဆိုရင် Elantra ကတော့ မိုင် ၃၀၊ Sonata နဲ့ Santa Fe တို့ကတော့ မိုင် ၄၀ထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Jeep အမှတ်တံဆိပ်ကလည်း ဒီစစ်တမ်းမှာ မော်ဒယ်လေးမျိုးပါဝင်ပါတယ်။ Cherokee , Wrangler , Gran Cherokee , Patriot တို့ပဲ ဖြစ်တယ်။ ဆီ မီးလင်းလာတဲ့အခါ သူတို့ရဲ့ လက်ကျန်ဆီဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကို ကြည့်မယ်ဆိုရင် Cherokee က ၃ဂါလံနဲ့ ၆၆မိုင်နဲ့ ၉၃မိုင်ကြား၊ Wrangler က ၂.၈ဂါလံနဲ့ ၄၇မိုင်နဲ့ ၅၈မိုင်ကြား၊ Gran Cherokee က ၃ဂါလံနဲ့ ၆၆မိုင်နဲ့မိုင်၉၀ကြား၊ Patriot ကတော့ ၂ဂါလံနဲ့ ၄၆မိုင်နဲ့မိုင်၆၀ကြားဆိုပြီး ဖော်ပြထားတာကို တွေ့ရတယ်။

Kia ကတော့ ဒီစစ်တမ်းမှာ သုံးစီးပါဝင်ပြီး Optima , Soul , Sorento , တို့ပဲ ဖြစ်တယ်။ အဆိုပါ သုံးစီးစလုံးဟာ ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန်ဆီဂါလံကို ဖော်ပြထားခြင်းမရှိဘဲ .. ဆက်လက်သွားနိုင်မယ့်အကွာအဝေးတွေကတော့ Optima နဲ့ Soul တို့က မိုင် ၃၀၊ Sorento ကတော့ မိုင်၄၀ အထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Mazda ကတော့ ဒီစစ်တမ်းမှာ နှစ်စီးပါဝင်ခဲ့ပြီး Mazda 3 နဲ့ CX-5 တို့ ပါ။ ဆီ မီးလင်းလာတဲ့အခါမှာ Mazda 3 ကတော့ လက်ကျန်ဆီဂါလံ ၂.၃ဂါလံကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၉မိုင်နဲ့ ၉၄မိုင်ကြားဖြစ်ကာ၊ CX-5 ကတော့ လက်ကျန် ၂.၆ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၇မိုင်နဲ့ ၉၁မိုင်ကြားပဲ ဖြစ်ပါတယ်။
Subaru ကတော့ Forester နဲ့ Outback နှစ်စီးပါဝင်ပြီး ဆီ မီးလင်းလာတဲ့အခါ Forester က လက်ကျန် ဆီဂါလံ ၂.၆ဂါလံကျန်ရှိပြီး ဆက်လက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၂မိုင်နဲ့ ၈၃မိုင်ကြားပါ။
Outback ကတော့ လက်ကျန် ဆီဂါလံ ၂.၆ဂါလံကျန်ရှိပြီး ဆက်လက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၅မိုင်နဲ့ ၈၅မိုင်ကြားပဲ ဖြစ်ပါတယ်။

GMC ကလည်း ဒီစစ်တမ်းမှာ နှစ်စီးပါဝင်တာကို တွေ့ရပြီး Sierra Delani နဲ့ Terrain တို့ပါ။ ဆီ မီးလင်းလာတဲ့အခါ Sierra Delani ကတော့ ဆီလက်ကျန် ၄ဂါလံကျန်ရှိပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၄မိုင်နဲ့ ၉၂မိုင်ကြားဖြစ်ကာ၊ Terrain ကတော့ ဆီလက်ကျန်ဖော်ပြထားခြင်းမရှိဘဲ ဆက်လက်သွားနိုင်မယ့်မိုင်ကတော့ မိုင် ၅၀ ပါ။

ဒီစစ်တမ်းမှာ တစ်စီးတည်းသာ ပါဝင်တဲ့ အမှတ်တံဆိပ်တွေကတော့ Ram , Chrysler , Volkswagen တို့ပါ။
Ram မော်ဒယ်ကတော့ Ram150 ပါ။ သူကတော့ ဆီ မီးလင်းလာတဲ့အခါ ၃ဂါလံထိ ကျန်ရှိနေမှာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့ မိုင်အကွာအဝေးကတော့ ၆၃မိုင်နဲ့ ၈၇မိုင်ကြားပဲ ဖြစ်ပါတယ်။
Chrysler ကတော့ Chrysler 200 ပါဝင်ပြီး ဆီ မီးလင်းလာတဲ့အခါ သူ့ရဲ့လက်ကျန်ဆီဂါလံက ၃ဂါလံနဲ့ ၆၉မိုင်နဲ့ ၁၀၈မိုင်ကြားအထိ ဆက်သွားနိုင်မှာပဲ ဖြစ်တယ်။
Volkswagen ကတော့ Jetta မော်ဒယ်ပါဝင်တာဖြစ်ပြီး ဆီ မီးလင်းလာတဲ့အခါမှာ သူ့ရဲ့လက်ကျန်ဂါလံကတော့ ၁.၈၅ ဂါလံဖြစ်ပြီး ဆက်လက်သွားနိင်မယ့်မိုင်ကတော့ ၅၇မိုင်နဲ့ ၈၅မိုင်ကြားပါ။

ဒီစာရင်းမှာ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန်ခြင်း တူညီနေရင်တော့ ဆက်သွားနိုင်မယ့်အကွာအဝေးမတူညီတာမျိုး၊ ဆီလက်ကျန်များပေမဲ့လည်း ဆက်သွားနိုင်မယ့်အကွာအဝေးက နည်းတာမျိုး၊ ဆီလက်ကျန်နည်းပေမဲ့လည်း ဆက်သွားနိုင်မယ့်အကွာအဝေးက အတိုင်းအတာတစ်ခုထိ ဝေးကွာတာမျိုးကို တွေ့ရမှာပါ။ ဒါကတော့ ကားတစ်စီးချင်းရဲ့ အင်ဂျင်ပါဝါ၊ အဆွဲအရုန်းတွေ၊ ဆီစားနှုန်းတွေပေါ်မူတည်ပြီး ကွာခြားသွားတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးကို ဖတ်ရှုပြီး ကိုယ့်ကားမှာ ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဆီကုန်သွားပြီဆိုပြီး အရမ်းကြီး စိုးရိမ်ပူပန်တာမျိုးတွေ ဖျောက်ပစ်လိုက်ပါ။ ဆီ မီးလင်းလာတဲ့အခါမျိုးမှာ အနီးဆုံး ဆီဆိုင်ကို ဘယ်လောက်အကွာအဝေးအထိ ရှာဖွေလို့ရသလည်းဆိုတာ ခန့်မှန်းလို့ရမှာပဲ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ၂၀၁၅မော်ဒယ်တွေကိုသာ အခြေခံတွက်ချက်ထားပေမဲ့ အင်ဂျင်ပါဝါတူ ကားတွေဆိုရင် တစ်စီးနဲ့တစ်စီးအရမ်းကြီး ကွာခြားတာမျိုးမရှိပါဘူး။ ဒီအစီးငါးဆယ်ထဲမှာ အနိမ့်ဆုံးအကွာဝေးသွားနိုင်မယ့် ကားဖြစ်တဲ့ Chevrolet ရဲ့ Silverado တောင် ဆီ မီးလင်းလာတဲ့အခါ ၂၅မိုင်အထိ ဆက်သွားနိုင်ပါသေးတယ်။
ဒါကြောင့် လမ်းမပေါ်မှာ မောင်းနှင်နေရင်း ကား ဆီ မီးလင်းလာတဲ့အခါ အနီးဆုံးဆီဆိုင်ကို မရောက်ရှိခင် မိုင် အနည်းငယ်ကိုတော့ မောင်းနှင်လို့ရသေးမှာပဲ ဖြစ်ပြီး ဆီ မီးလင်းတာနဲ့ ဆီဖြည့်ဖို့ကို ကြိုးစားရမှာပါ။ ဆီ မီးလင်းတာကို သတိမပြုမိဘဲ ဆက်မောင်းနေရင်း ဆီဆိုင်အလွယ်တကူရှာမတွေ့တဲ့နေရာမျိုးကျမှ ကားထိုးရပ်သွားတဲ့အခါ ဒုက္ခများတတ်ပါတယ်။ ဒါလေးကို သတိချပ်ဖို့ အကြံပြုလိုက်ပါရစေ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

06/08/2024

ကားဘက်ထရီ 🪫🪫
ခေါင်းဖြုတ်မိသောအခါ
သေချာပေါက်ကြုံကျရသော
ပါဝါဝင်းဒိုး ပြသာနာ
💥💥💥💥💥

🪫ကား ဘက်ထရီ ခေါင်းဖြုတ်မိသောအခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ်မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန် တံခါးပေါက် ၃ခုမှ မှန်များအား ယာဉ်မောင်းသူမှ အတင်အချ ပြုလုပ်၍ မရတော့ပါ။

ကျန် တံခါးပေါက် ၁ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်။

ဒီအချိန်မှာ မှန် အတင်အချ ခလုတ်မှာ ပါသော မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် သာ လင်းနေပါမယ် ...

🤔 ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင် သို့ ပြေးစရာ မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်ပါတယ် ..
👀 ကျနော်တို့အခေါ် အဝေါ်
ဆက်တင်ပြန်ချိန်ရ မယ် တို့ .. ဆော့ဝဲလ် သွင်း ရမယ် ဆိုပီး လူရှိန်အောင် ပြောရတာ ပေါ့ဗျာ 😁 ဒါမှ ပိုက်ဆံ ပေးရမယ်သူလည်း ပျော်၂ ကြီး ပေးမှ လေ ..

💭 ဘယ်လိုလုပ်ရမလဲ ?
🚘 ကားစက်နိုးထားပါ ...
ယာဉ်မောင်းသူမှ မှန်အတင်အချ ပြုလုပ်မရသော
တံခါးပေါက် ၁ခုမှ မှန်အတင်အချခလုတ်ကို နိပ်၍
မှန် ကို အဆုံးထိ တင်ပါ ...
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၃ စက္ကန့် လောက် ဆက် ' မ ' ထားပေးပါ..

🚘 ပြီးနောက် မှန်ကို အဆုံးထိချပါ
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၅ စက္ကန့် လောက် ဆက် ' ဖိ ' ထားပေးပါ..
ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ ။
(မသေချာမှာ စိုးလို့)
ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါ နည်း အတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ ..

🚘 ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ် သွားပါတယ် ...
ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ ။

မရသေး သော တံခါးပေါက် ကျန်ရှိနေပါက
အထက်ပါ နည်းအတိုင်း
ပြန်လည်ပြုလုပ်ပေးပါ ..
ရသွားပါလိမ့်မယ်...

🚨 သတိပေးချက် ။ ။
ဘက်ထရီ ခေါင်း ဖြုတ်ခြင်းကြောင့် အခြား ပြသာနာ များ (ဥပမာ tv မှ ဘက်ကင်မရာ ပျောက်ခြင်း map ခွေ တောင်းခြင်း code တောင်းခြင်း အခြား error များ) ဖြစ်တတ်ပါသဖြင့် ဘက်ထရီခေါင်းကို မဖြုတ်ကြပါနဲ့ ...
လိုအပ်လို့ဖြုတ်မယ်ဆိုရင်လည်း OBD 2 ပေါက်မှ ဘက်ထရီ ကျွေး ဖြုတ်ပါရန် အကြံပြုပါရစေ ...

မူလရေးသားပြုစုသူအား လေးစားစွာဖြင့် 🙏🏼🙏🏼🙏🏼

04/08/2024

၁။ fan motor လည်မလည်အရင်စစ်ဆေးပါ။
-------------------------------------------------------------------
ကားကို လမ်းဘေးခဏရပ်ပြီး စက်နှိုးလျက်သား
ရေတိုင်ကီထိပ်ကပန်ကာလည် မလည်ကြည့်ရမှာဖြစ်ပါတယ်။ မလည်ရင် မော်တာကိုသံ‌ချောင်းနဲ့ အနည်းငယ်ခေါက်ကြည့်ရမယ်၊ ဆော့ကဒ်တွေလွတ်နေရင်ပြန်စွပ်ပေးပါ။ ဝါယာပြတ်နေရင် ဆက်ပေးနိုင်ပါတယ်။

၂။ ရေအယိုအစိမ့်ကို ပတ်ပတ်လည်စစ်ဆေးပါ။
----------------------------------------------------------------------
ရေပိုက်အဆက်တွေ၊ ရေပြန်ဗူး၊ ရေလည်အုံနှင့် core plugတွေကနေ အများဆုံးယိုစိမ့်တတ်ပါတယ်။ အနည်းငယ်ယိုတာလောက်ဆိုရင် ရေထပ်ထပ်ဖြည့်ပြီး
မိုင်အနည်းငယ်ဆက်မောင်းသွားလို့ရပါတယ်။

၃။ ရေပြန်ဗူး/ရေတိုင်ကီမှာ ရေလျော့မလျော့။
-------------------------------------------------------------------
အင်ဂျင်ဟိတက်တဲ့အခါ ရေပြန်ဗူးကနေရေတွေအပြင်ကို လျှံကျသွားတတ်လို့ လိုအပ်ရင်ဖြည့်ပေးရပါမယ်။ အင်
ဂျင်အေးသွားပီဆိုရင်တော့ ရေတိုင်ကီဖုံးဖွင့်ပြီးတော့ ရေပြည့်အောင်ထည့်ပေးရပါမယ်။ ပူနေတဲ့အချိန်မှာ ရေတိုင်ကီဖုံး မဖွင့်မိပါစေနဲ့။

၅။ သာမိုစတက်ပွင့်မပွင့် အာရုံခံကြည့်ပါ။
---------------------------------------------------------------
စက်ရပ်ပြီးအင်ဂျင်အေးသွားတဲ့အထိစောင့်ပါ။ စက်နှိုးထားပြီးရေတိုင်ကီကနေ အင်ဂျင်နဲ့ဆက်သွယ်ထားတဲ့ရေပိုက်နှစ်ပိုက်ကို လက်နဲ့ကိုင်ကြည့်ပါ။ တစ်ပိုက်ကဖြည်းဖြည်းချင်းပူလာပါလိမ့်မယ်။ နောက်တစ်ပိုက်ကအတော်ကြာအောင်နှိုးထားပေမဲ့ နွေးရုံပဲနွေးတယ် ပူမလာဘူးဆိုရင်တော့ သာမိုစတက်မပွင့်လို့ ဟိတက်နေတာဖြစ်ပါတယ်။ လက်နက်ကိရိယာပါတယ်ဆိုရင် သာမိုစတက်ကို ဖြုတ်ပြီးပြန်‌မောင်းလို့ရပါပြီ။

၆။ ရေတိုင်ကီ/အင်ဂျင် ကနေ လေချူကြည့်ပါ။
----------------------------------------------------------------------
ရေသွားလမ်းကြောင်းများမှာ လေတွေတစ်ခံနေရင်လည်း
ကောင်းစွာမလည်ပတ်နိုင်တဲ့အတွက် ဟိတက်ပါတယ်။
ရေတိုင်ကီထိပ်နှင့် အင်ဂျင်အပေါ်ပိုင်းမှာ လေချူခေါင်းလေးတွေကနေ ဖွင့်ထုတ်ပေးရမှာဖြစ်ပါတယ်။ အဲ့တာလေးတွေမပါရင်လည်း ရေတိုင်ကီဖုံးကနေပဲချူနိုင်ပါတယ်။

လမ်းမှာအရေးပေါ်ဖြစ်တဲ့အခါ ကားမောင်းသူကိုယ်တိုင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ဘာကြောင့်ပဲ ဟိတက်ပါစေ ကြာကြာဆက်မမောင်းသင့်ပါဘူး။

Credit Original Uploader

Address

Yangon

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 21:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00

Telephone

+959678929175

Website

Alerts

Be the first to know and let us send you an email when ပန်းခင်းလမ်း ကားအငှား နှင့် ခရီးသွားဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပန်းခင်းလမ်း ကားအငှား နှင့် ခရီးသွားဝန်ဆောင်မှု:

Share