Paradiso Festival Travels & Tours

Paradiso Festival Travels & Tours We Guarantee The Difference And Make You Feel At Home While Away From Your Home Sweet Home. Tour Agency

Pageနဲ့မဆိုင်ပေမဲ့ လူထဲကလူတယောက်မို့ share သင့်တယ်ထင်လို့ share ပါတယ်။ကျားဖြန့်လုပ်ငန်းတွေနဲ့ တရားမဝင် online လောင်းကစား...
04/09/2025

Pageနဲ့မဆိုင်ပေမဲ့ လူထဲကလူတယောက်မို့ share သင့်တယ်ထင်လို့ share ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ တရားမဝင် online လောင်းကစား(slot game)လုပ်ငန်းတွေမှာ မြန်မာနိုင်ငံကဘဏ်အားလုံးပါဝင်လုပ်ကိုင်နေတယ်။ KBZ ဘဏ် permanent ဝန်းထမ်းအားလုံး Kpay ဖြစ်စေ mobile banking နဲ့ဖြစ်စေ အဲ့လောင်းကစားဘဏ်အကောင့် or kpay no ကိုငွေလွဲတာနဲ့ kbz bank က အဲ့ဝန်ထမ်းကိုခေါ်ယူသတိပေးတယ်။ အဲ့တော့ KBZ bank အနေနဲ့ ဘယ်နံပါတ် ဘယ်အကောင့်တွေသည် ကျားဖြန့် နဲ့ online လောင်းကစားတွေနဲ့ချိတ်ဆက်ထားလဲဆိုတာသူတို့ မသိလို့မဟုတ်ဘူး သူတို့ပါပါဝင်လုပ်ကိုင်နေကြတယ်ဆိုတာထင်သာမြင်သာရှိတယ်။

(ခေတ်ပျက်စနစ်ပျက်ကြီးမှာလူတွေပါမပျက်စေဖို့ ကျေးဇူးပြု၍shareပေးကြပါ၊ social media မှာအရမ်းပေါက်သွားမှ ဆင်ခြင်ကြ၊အရေးယူကြတာမို့ ကျေးဇူးပြု၍ဒီကိစ္စမှာပူးပေါင်းပါဝင်ပေးကြပါ။)

15/08/2025

သြဂုတ်လ ၁၃ရက်နေ့ခရီးစဥ်တစ်ခုမှာ လေဆိပ်မှားပြီး ဆင်းသက်ခဲ့တဲ့ Air Asia လေယာဥ်မှူး
သြဂုတ်လ ၁၃ရက်နေ့ ည ၈နာရီအချိန်လောက်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို သွားမယ့် လေကြောင်းခရီးစဥ်တစ်ခု လေဆိပ်မှားဆင်းသက်ခဲ့မှု ဖြစ်ပွာ:ခဲ့တယ်လို့ သိရပါတယ်.
လေယာဥ်ဟာ အင်ချွန်းလေဆိပ်ကို ရောက်ရှိပြီဖြစ်ကြောင်း လေယာဥ်မှူးရဲ့ ကြေငြာမှုအပြီး လေယာဥ်မယ်တွေက ခရီးသည်တွေကို အောက်ဆင်းဖို့ စီစဥ်ပေးခဲ့ကြပါတယ်. ဒါပေမယ့် တချို့က လေယာဥ်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ချိန် ဒါဟာ အင်ချွန်း လေဆိပ်မဟုတ်ဘူးဆိုတာ သိလိုက်ကြတာပါ. ဒီအခါမှာ လေယာဥ်မယ်ကို ဒါဟာ အင်ချွန်းလေဆိပ် မဟုတ်ပဲ ဂင်ပို လေဆိပ်သာ ဖြစ်ကြောင်း ပြောခဲ့တဲ့အခါ လေယာဥ်မယ်တွေက ဟုတ်လို့လားလို့ ပြန်မေးခဲ့ကြပါတယ်တဲ့. လေယာဥ်မယ်တစ်ယောက်ဆိုရင် ဟယ်ဟုတ်လား ဒါဆို အမေတို့ကို ဖုန်းဆက်လိုက်ဦးမယ် သူတို့က အင်ချွန်းလေဆိပ်မှာ လာစောင့်နေမှာလို့ ပြောခဲ့တာပါတဲ့.ကြည့်ရတာ သူတို့လည်း လေဆိပ်တွေ သေချာသိပုံမရဘူးလို့ ကိုရီးယား အင်ချွန်းက နေအိမ်ကို ပြန်လာတဲ့ ကိုရီးယားလူမျိုးအမျိုးသမီးတစ်ဦးက ဆိုပါတယ်.
ခရီးသည်တွေဟာ လေဆိပ်မှားမှန်းသိပြီးချိန်ကစပြီး လေယာဥ်ပေါ်မှာ ရှိနေခဲ့ရတာဖြစ်ပြီး ရေတစ်ဘူးလာမပေး ဘာကြောင့်ဆိုတာလည်း လာမတောင်းပန် အဆင်မပြေ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်. နောက်ဆုံ: ဂင်ပိုလေဆိပ်ကနေ အင်ချွန်းကို တစ်ခေါက် ပြန်သွားတဲ့အထိ ကျွန်မတို့ကို ဘာအကျိုးအကြောင်းမှ မပြောပဲ ဒီတိုင်းပဲ သွားကြမယ် ရောက်ပြီ လုပ်ခဲ့တာ လို့ ပြောခဲ့တာပါ.
အင်ချွန်းလေဆိပ်ကို ရောက်ချိန်မှာ ခရီးသည်တွေက အရမ်းညောင်း အရမ်းပင်ပန်းနေပြီဖြစ်ပေမယ့် လေကြောင်းလိုင်း တာဝန်ရှိသူတွေကတော့ ဘာမှမသိသလိုပါပဲတဲ့.
အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး Air Asia ဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်.

24/04/2025

🔴လေဆိပ်မှာ ပြန်လွှတ်ခံရရင် ဝယ်ထားတဲ့လက်မှတ်ကို ဘယ်လိုလုပ်မလဲ🔴
✈️ Airlines တွေထဲက နှစ်ခုဖြစ်တဲ့ MAI နဲ့ MNA Air Ticket တွေအတွက် လေကြောင်းလိုင်းဘက်က ဘယ်လိုအဆင်ပြေအောင် စီစဉ်ပေးထားလဲဆိုတာကို ဝေမျှပေးသွားပါမယ်။

📛MAI Offloaded Passengers များအတွက်📛

✈️MAI Airline နဲ့ လက်မှတ်ဖြတ်ထားတဲ့ ခရီးသည်တွေအနေနဲ့ လေဆိပ်် Check In ဝင်ပြီးနောက် စစ်ဆေးရေးအဖွဲ့ဆီကနေ ပြန်လွှတ်ခြင်းခံရတယ်ဆိုရင် -

🔹ဝယ်ထားတဲ့ခရီးသွားမယ့်ရက်နဲ့ နှစ်ပတ်(၁၄ရက်)အတွင်း Date Change လို့ရပါမယ်။
🔹Date Change ဖို့အတွက် No Show Fee ပေးဆောင်ရမှာ ဖြစ်ပြီး Date Change Fees နှင့် Fare Difference တွေတော့ ပေးဆောင်ဖို့ မလိုအပ်ပါဘူးရှင်။

🔹ဒီလိုမှမဟုတ်ရင် ပြန်လွှတ်ခံရတဲ့လက်မှတ်ကို တခြားတစ်ယောက်ဆီ Name Change ခွင့် ရှိပါတယ်။
🔹Name Change အတွက် Name Change Fees နဲ့ Fare Difference တွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ခြွင်းချက်အနေနဲ့ ဝယ်ထားတဲ့ခရီးသွားမည့်ရက်နဲ့ နှစ်ပတ်(၁၄ရက်)ကျော်တဲ့ရက်တွေကိုတော့ Date Change, Name Change ခွင့်ရမှာ မဟုတ်ပါဘူး။‼️

အထက်ပါ Chance တွေအားလုံးကို ခရီးသည်တွေအနေနဲ့ လေယာဉ်လက်မှတ် အသွားအပြန်၊ Hotel Booking၊ Show Money စတဲ့ အချက်အလက်များ ပြည့်စုံနေပါလျက် လေဆိပ်စစ်ဆေးရေးအဖွဲ့က ပြန်လွှတ်ခြင်းခံရမှသာ ရယူနိုင်မှာပါ။

Airline Check In ကောင်တာက ထုတ်ပေးလိုက်တဲ့ Boarding Pass ကို ဓာတ်ပုံရိုက်ပို့ပေးဖို့တော့ လိုအပ်ပါမယ်ရှင်။

📛MNA Offloaded Passengers များအတွက်📛

✈️MNA Airline (ပြည်ပ) လက်မှတ်ဖြတ်ထားတဲ့ ခရီးသည်များ လေဆိပ်် Check in ဝင်ပြီးနောက် စစ်ဆေးရေးအဖွဲ့ဆီကနေ ပြန်လွှတ်ခံရတဲ့အခါ -

🔹ပထမအကြိမ် - ပြန်လွှတ်ခံရပြီး တစ်ပတ်အတွင်း ခရီးသည်အနေနဲ့ ကိုယ်ပြန်သွားချင်တဲ့ရက်ကို Free Change ခွင့် ရပါမယ်။
Round Trip လက်မှတ်တွေအတွက် အသွားရောအပြန်ပါ တစ်ခါတည်း တစ်ကြိမ်သာ Free Change ခွင့် ရှိပါတယ်။

🔹ဒုတိယအကြိမ် - ပြန်လွှတ်ခံခဲ့ရပါက Airline ဘက်က No Show Status ဖြုတ်ပေးပြီး Before Depature အဖြစ်ထားပေးမှာဖြစ်တဲ့အတွက် ပုံမှန် Date Change Process အတိုင်း Date Change Fee + Fare Different တွေပေးပြီး Change ခွင့် ရပါမယ်။

🔹တတိယအကြိမ် - ပြန်လွှတ်ခြင်းခံခဲ့ရရင်တော့ လက်မှတ်က Date Change ခွင့်မရှိတော့ပဲ အဆုံးဖြစ်သွားပါမယ်ရှင်။

ပထမအကြိမ်နဲ့ ဒုတိယအကြိမ်အတွက် Chance တွေကို ခရီးသည်များ လေဆိပ်မှာ Check in ဝင်ပြီးနောက် စစ်ဆေးရေးအဖွဲ့ဆီကနေ ပြန်လွှတ်ခံရကြောင်း သေချာစေဖို့ Airline Check in ကောင်တာကို ပြန်လည်သွားရောက်ပြီး ပြန်လွှတ်ခံရကြောင်း Air Ticket မှာ Comment ထည့်ခိုင်းရပါမယ်။ အဲ့ဒါမှသာ ခံစားခွင့်ရှိမှာဖြစ်ပါတယ်နော်။

#မူရင်းရေးသားသူ Go & Sky Travel ကို လေးစားလျက် myanmar

ပေးဆိုမှတော့လဲပေးရမှာပေါ့ဗျာ😭😭😭ပေးပြီးရစ်ခံထိတော့လဲပိုရင်နာရရုံပေါ့ ဘယ်တတ်နိုင်မှာလဲ။
23/04/2025

ပေးဆိုမှတော့လဲပေးရမှာပေါ့ဗျာ😭😭😭
ပေးပြီးရစ်ခံထိတော့လဲပိုရင်နာရရုံပေါ့ ဘယ်တတ်နိုင်မှာလဲ။

ရန်ကုန်မြို့အထိ ရောက်လာတဲ့ အသွင်ပြောင်း ကျားဖြန့်..... ကျားဖြန့်....  ဒါက တရုတ်စကားပါ။ လိမ်လည်တာ၊ ငွေကြေးလိမ်လည်တာလို့ အ...
20/02/2025

ရန်ကုန်မြို့အထိ ရောက်လာတဲ့ အသွင်ပြောင်း ကျားဖြန့်..... ကျားဖြန့်.... ဒါက တရုတ်စကားပါ။ လိမ်လည်တာ၊ ငွေကြေးလိမ်လည်တာလို့ အဓိပ္ပါယ်ရပါတယ်။
ဒါပေမဲ့ တရုတ်အပါအဝင် အရှေ့တောင်အာရှမှာ‌တော့
အင်တာနက်ကနေ လိမ်လည်တာလို့ နားလည်ထားကြပါတယ်။

အဲဒီ အင်တာနက်ကနေ လိမ်လည်တဲ့လုပ်ငန်းကိုလုပ်ကိုင်ဖို့ မြန်မာနိုင်ငံထဲကို နိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းတဲ့
နိုင်ငံက နိုင်ငံခြားသားတွေ ဝင်ရောက်နေခဲ့တာပါ။
ထိုင်း၊ မလေး၊ လာအိုအပြင် ယူအေအီးကနေလည်း
လာရောက်ကြပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ကျားဖြန့်လုပ်ငန်း ၃၅ ခုကျော်၊ ထိုင်း-မြန်မာ နယ်စပ်မြို့တွေမှာတော့ လုပ်ငန်း ၅၀ ကျော်ရှိခဲ့ပါတယ်။ စာရင်းအရတောင် ဒီလောက်ရှိတယ်ဆိုရင် မြေပြင်မှာဆို ကျားဖြန့် လုပ်ငန်းပေါင်း ၁၀၀ ဝန်းကျင်လောက်တော့ အနည်းဆုံးရှိနေမှာပါ။

မကြာသေးခင်ပဲ တရုတ်နယ်စပ်နဲ ထိုင်းနယ်စပ်မှာ ဖမ်းဆီးအရေးယူပြလိုက်တဲ့သတင်းတွေ တရစပ် ပေါ်ထွက်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ကျားဖြန့်က အမြစ်မပြတ်သေးပါဘူး။
ကျူပင်ကို ခုတ်ပေမယ့် ကျူငုတ်က ကျန်နေသေးတာကြောင့် အဲ့ဒီဂယက်ရဲ့ရိုက်ခတ်မှုဟာ မြန်မာနိုင်ငံထဲ နည်းလမ်းပေါင်းစုံနဲ့ တည်ရှိနေဆဲပါ။

ကျားဖြန့်လုပ်ငန်းတွေ အမြစ်မပြတ်တဲ့အပြင် ရန်ကုန်လို
မြို့ကြီးကိုပါ အသွင်ပြောင်းပြီး ရောက်လာခဲ့ပါပြီ။
ဒီတော့ ကျားဖြန့်လုပ်ငန်းတွေ ဘယ်လိုဘယ်ပုံ အသွင်းပြောင်းပြီး ဆက်လက်ရပ်တည်နေလဲ ကြည့်လိုက်ရအောင်ပါ။

ကျားဖြန့်လိမ်နည်း (၁)

ဒါကတော့ ဈေးဝယ်ပေးရတာပါ။ ချောချောလှလှကောင်မလေးပုံတင်ထားတဲ့ Facebook Account နဲ့
လာ Add ပြီး ရင်းနှီးတဲ့အဆင့်ကိုရောက်ကာမှ လိမ်လည်တာမျိုးပါ။ ဒီလိုနဲ့ ခင်မင်ရင်းနှီးမှု ရရှိပြီဆိုရင် အဲ့ဒီမိန်းကလေးက “အခုလို ခက်ခဲနေတဲ့အချိန်မှာ ဘာတွေလုပ်နေသလဲ”ဆိုတာကနေစပြီး “ဒီနေ့မှာ သူ နေမကောင်းလို့ တစ်ခု ကူညီပေးပါ”လို့ အကူအညီ တောင်းလာပါလိမ့်မယ်။

ဖုန်းနံပါတ်နဲ့ Account တစ်ခုဖွင့်ခိုင်းလို့ ကိုယ်က အဲ့ဒီ Account ကို သူနဲ့ချိတ်ပြီး သူ့အတွက် ဈေးဝယ်ပေးတာမျိုး လုပ်လိုက်ရင် ကျားဖြန့်လိမ်နည်းက အသက်စဝင်ပါပြီ။
ဈေးဝယ်ပေးရတာက တစ်နေ့ကို အခု ၃၀ လောက် ရှိပါမယ်။ အဝယ်ပြရုံနဲ့ ကိုယ့်ဆီကို ကော်မရှင်ခတွေ ဝင်လာမှာပါ။
အဲ့ဒီမှာ Jackpot တွေ ဘာတွေ ထပွင့်ပြီဆိုရင် ကော်မရှင်ခက ၈ သိန်း ၉ သိန်းတွေအထိ ဖြစ်သွားတတ်ပါတယ်။
ဒါဆို ဘယ်နေရာမှာ ဘယ်လို လိမ်တာလဲလို့ မေးစရာရှိလာပါပြီ။

Account ဖွင့်ပြီးရင် ဈေးဝယ်ဖို့အတွက် ငွေကျပ် ၁၁၅,၀၀၀ ကို ကိုယ့်ဘက်က စသွင်းရပါတယ်။ ပြဿနာက Jackpot တွေပါ။ အစောပိုင်းမှာ ၃ ရက် ၄ ရက်လောက်နေမှ Jackpot က တစ်ခါလောက်ပဲ ပွင့်ပါတယ်။ နောက်ပိုင်းမှာတော့ နေ့စဉ်ရက်ဆက်ဆိုသလို ပွင့်လာတော့တာပါ။ အစောပိုင်းမှာ ရှစ်သောင်းတန်၊ တစ်သိန်းတန်လောက်လေးတွေ ပွင့်ပေမယ့် နောက်ပိုင်းမှာတော့ ခြောက်သိန်းတန်၊ ရှစ်သိန်းတန်တွေ ပွင့်လာပါတော့တယ်။ အဲ့ဒီအချိန်ရောက်ရင် အဲ့ဒီပစ္စည်းတွေကို ဝယ်နိုင်ဖို့အတွက် Jackpot ဘက်က သတ်မှတ်လိုက်တဲ့ ငွေကြေးကို Account ထဲ ထပ်ဖြည့်ရပါတယ်။ ဖြည့်နိုင်လို့ ဝယ်လိုက်နိုင်ရင် ကော်မရှင်ခက အများကြီး ရရှိပါတယ်။
လူကလည်း ငွေတွေရရှိလာတဲ့အခါ လောဘဇောတက်လာပါတော့တယ်။ ဒီတော့ ပိုပြီး ကစားပါတော့ တယ်။

အဆုံးသတ်ရောက်ရင်တော့ Jackpot က သိန်း ၅၀ တန်ကနေ သိန်း ရာနဲ့ချီတာတွေ ပွင့်လာပါတော့တယ်။ တစ်နေ့တည်းမှာ Jackpot က ၃ ကြိမ်လောက်ပွင့်လို့ ရှေ့က နှစ်ခုအတွက် ငွေဖြည့်ထားပြီးချိန် နောက်ဆုံးတစ်ခုအတွက် ငွေထပ်မဖြည့်နိုင်လို့ ရပ်လိုက်ရသူတွေ အများကြီးရှိသလို နောက်ဆုံးတစ်ခုအတွက် သိန်းရာချီ ထည့်လိုက်ပြီးမှ Account ပိတ်သိမ်းကာ ငွေပေးလိုက်ရသူတွေလည်း အများကြီးပါပဲ။ ဒါဆိုရင် အခုလို ကျားဖြန့်ရဲ့လုပ်ကွက်ကြောင့် ဘယ်သူတွေ ဘယ်လောက်နစ်နာသွားရလေမလဲဆိုတာကို လွယ်ကူစွာနဲ့ သဘောပေါက်နိုင်ပါပြီ။

ဒါကတော့ အထက်မှာပြောခဲ့တဲ့ အလိမ်ခံလိုက်ရတဲ့
မန္တလေးမြို့နေ ကိုတင်သန်းရဲ့ ဖွင့်ဟဝန်ခံချက်ပါ။
အခုတော့ ကျားဖြန့်ကြောင့် သူမှာ အကြွေးဝိုင်းနေပါပြီ။

“သူတို့က Facebook နဲ့ Viber ကို အဓိက ပစ်မှတ်ထားကြတယ်။ အကြီးကြီး၊ အချီကြီး လိမ်ကြတာ။ အရင်က တစ်ရက်ကို ၅ သိန်း၊ ၇ သိန်းတန် Jackpot တွေ ပွင့်တယ်။
ကိုယ်ကလည်း ဝယ်နိုင်တော့ ကော်မရှင်ခက မိနစ် ၂၀ လောက်အချိန်ပေးလိုက်တာနဲ့ တစ်သိန်း၊ တစ်သိန်းခွဲလောက်က ရနေပြီလေ။ အဲ့ဒီတော့ လောကတက်တာပေါ့”

လောဘတက်ပြီ ငွေထည့်လာတာနဲ့အမျှ Jackpot တွေကလည်းဆက်တိုက်ပွင့်လာတော့တာပါပဲဆိုပြီး သူက ဆက်ပြောပြပါတယ်။

“နောက်ပိုင်း ၁၇ သိန်းတန်တွေ၊ ၂၅ သိန်းတန်တွေ ပွင့်လာတယ်။ ကိုယ်ကလည်း နေ့တိုင်း ကော်မရှင်ခ ရနေတော့ သူတို့ကို ယုံကြည်နေပြီလေ။ ဟိုကဆွဲ၊ ဒီကဆွဲတွေနဲ့ ငွေရအောင်ဖြည့်ပြီး ဝယ်တာပေါ့။ ကော်မရှင်ခကလည်း ဆယ်ဂဏန်းနီးပါး ဖြစ်လာတော့ ချေးတဲ့လူတွေကို အပိုနဲ့တောင် မိနစ်ပိုင်းအတွင်း ပြန်ဆပ်လိုက်နိုင်တယ်လေ။ ဟိုလူတွေကလည်း သဘောကျပြီး မင်းဘာလုပ်တာလဲလို့ မေးတဲ့အခါ ကိုယ်က သင်ပေးပြီး လူစုပေးသလိုတောင် ဖြစ်သွားတယ်။
နောက်ပိုင်း သိန်း ၅၀ တန်တွေ၊ ၆၀ တန်တွေ Jackpot ပွင့်လာတော့ ရွှေတွေ ရောင်းပြီး ထည့်သေးတယ်။ အဲ့ဒါထက် ဆိုးတာက သိန်းရာချီတန်တွေ တစ်နေ့တည်းမှာ သုံးကြိမ်လောက်
ပွင့်လာတာပဲ။ ငွေလည်း မထည့်နိုင်တော့သလို
ရှေ့မှာ ထည့်မိတာတွေလည်း ပါသွားတယ်။ ငွေရအောင်ရှာပြီး လက်ကျန်တစ်ကြိမ်ကို ထည့်လိုက်တော့ Account ကို
ပိတ်သိမ်းလိုက်ပါပြီဆိုပြီး ပျောက်သွားတော့တာပဲ ”လို့
ကိုတင်သန်းက သူ့ကိုယ်တွေ့ကို ရှင်းပြပါတယ်။

ကျားဖြန့်လိမ်နည်း (၂)

Facebook လူမှုကွန်ရက်စာမျက်နှာထက် နောက်ထပ် တွင်ကျယ်နေတဲ့ ကျားဖြန့်လိမ်နည်းတစ်ခုကတော့ ဘယ်လောက်တန်တဲ့ပစ္စည်းကို ဘယ်နေရာမှာ ဘယ်လောက်အထိ ဈေးလျှော့ပေးထားတာတွေ့လို့ ဝယ်လာခဲ့ပြီဆိုတဲ့နည်းနဲ့ Post တွေ တင်ပြီး လိမ်တာပါပဲ။ အသေးစားလိမ်နည်းလို့ ပြောရင် ရမယ်ထင်ပါတယ်။

ဂျပန်နိုင်ငံထုတ် ဘယ်လိုပန်ကာကို၊ ဘယ်နိုင်ငံထုတ်
ဘယ်လိုရေမွှေးကို ဘယ်နေရာမှာ သိန်းချီပေးပြီး ဝယ်ခဲ့တာ အခုမှ ငွေကျပ် ခြောက်သောင်းလောက်နဲ့ ရောင်းနေတာတွေ့တော့ စိတ်ထိခိုက်ရတယ် စသဖြင့် စာတွေရေးပြီး ဝယ်ချင်ရင် ဒီလင့်ခ်ကနေ မှာလိုက်ပါ ဆိုတာတွေကလည်း ကျားဖြန့်လိမ်နည်းတွေပါပဲ။ အဲဒီလိုမျိုးရေးဖို့ Content Writer တွေ၊ Content Creator တွေကိုလည်း လစာကောင်းကောင်းပေးပြီး ခေါ်ထားပါသေးတယ်။ အဲဒီလိုအရေးအသားမျိုးကို
အွန်လိုင်း မှာ တွေ့လို့ ယုံကြည်ပြီး သွားဝယ်ကြရင် ငွေသာဆုံးပြီး ပစ္စည်းကတော့ ရမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်တည့်မစမ်းမိဖို့ လိုပါတယ်။

ကျားဖြန့် လိမ်နည်း (၃)

ဒါကတော့ ရွှေကုက္ကိုလ်တို့ လောက်ကိုင်မြို့တို့မှာ အသုံးတွင်ကျယ်တဲ့နည်းပါ။ အဲဒါက သူတို့ဖွင့်ပေးတဲ့ ငယ်ငယ်ချောချောအမျိုးသမီးအကောင့်တစ်ခုနဲ့ ဥရောပ၊ အမေရိကန်က ပစ်မှတ်တွေကို ရှာရပါတယ်။ ပြီးရင် ရင်းနှီးအောင်လုပ်။ စကားတွေပုံမှန်ပြော၊ ယုံကြည်မှုရပြီဆိုရင် ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်ရပါတယ်။ ဒီလိုပြောလို့ခပ်လွယ်လွယ် ရှောင်နိုင်လိမ့်မယ် မထင်ပါနဲ့။ ဘယ်စကားကို ဘယ်လိုအချိန်မှာ ဘယ်လိုပုံစံနဲ့ ပြောရမယ်ဆိုတာမျိုးကအစ အစီအစဉ်တကျ လိမ်လည်ဖို့ ပြင်ဆင်ထားတာဖြစ်လို့ ထင်သလောက် မရိုးရှင်းပါဘူး။

တကယ်လို့ ကိုယ်က ရင်းနှီးမြှုပ်နှံမိပြီဆိုရင်တော့ ကိုယ်ငွေကြေးတွေ ဆုံးရှုံးသွားမှာပါ။ ပြီးရင်တော့ သူတို့က
စည်တီး၊ လက်ခုပ်တွေတီးပြီး အောင်ပွဲခံကြပါလိမ့်မယ်။

လိမ်လည်တဲ့ဝန်ထမ်းတွေကလည်း သူတို့စကားမှားလို့
တဖက်က အယုံအကြည်မဲ့သွားရင် ၊ မသင်္ကာဖြစ်သွားရင် အသတ်ခံရတာမျိုးအထိ အန္တရာယ်ရှိနိုင်ပါတယ်။
အလိမ်ခံရမဲ့လူက ရိပ်မိသွားလို့ ဝန်ထမ်းကို သတ်ပစ်တာမျိုးအထိတောင် ရှိပါတယ်။၊

ကျားဖြန့်နွံထဲက တက်ခေတ်လူငယ်တွေ

ကျားဖြန့်လုပ်ငန်းရဲ့ သားကောင်က ပတ်လည်ရိုက် စနစ်
လို ပြောရပါမယ်။ လိမ်လည်ခံရသူက သားကောင်ပါ။ လိမ်လည်တဲ့ လူငယ်တွေကတော့ မုဆိုးပေါ့။ ဒါပေမဲ့ အဲဒီလူငယ်မုဆိုးတွေကလည်း ကျားဖြန့်လုပ်ငန်းထဲမှာ လှောင်ပိတ်ခံထားရတဲ့ သားကောင်တွေပါပဲ။ နောက်ဆုံးမုဆိုးတွေကတော့ ကျားဖြန့်လုပ်ငန်းပိုင်ရှင် ကိုယ်တိုင်ဖြစ်ပြီး ပါတနာတွေကတော့ ဝေစားမျှစား အာဏာပိုင်တွေပဲဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘယ်လောက်ပဲ အရေးယူတယ်၊ ဖမ်းဆီးတယ် ပြောပါစေ၊ ကျူငုတ်က ကျန်နေသေးလို့ ကျူပင်တွေ ပြန်ဖြစ်လာပြီး ကျားဖြန့်ဟာ နောက်ထပ်ပုံစံတစ်မျိူးနဲ့ အသက်ဝင်နေဆဲပဲလို့ ပြောရတာပါ။

မြန်မာလူငယ်တွေဆီကို ကျားဖြန့် ရောက်ရှိနေတဲ့နည်းလမ်းက ဝန်ထမ်းခေါ်ယူတာပဲဖြစ်ပါတယ်။ မြို့နေလူထုရဲ့အကြားမှာ အသိအမြင်တွေ ရလာခဲ့ပြီဆိုပေမယ့် ရရှိတဲ့အချက်အလက်တွေ၊ သတင်းပျံ့နှံ့မှုတွေက အားနည်းလွန်းဆဲပဲဖြစ်ပါတယ်။ ပြီးတော့ မက်လုံးပေးဆွဲဆောင်ထားတဲ့ သတင်းတု၊ သတင်းယောင်တွေပေါ့။

ဒါကြောင့်လည်း အဖမ်းအဆီးတွေရှိစဉ်အခိုက်မှာ နည်းနည်းလောက် ငြိမ်သွားပြီး အချိန်တစ်ခုလောက် ရောက်တာနဲ့
ခေါင်းပြန်ထောင်လာတာပါ။ အခုအချိန်မှာလည်း ခေတ်ကာလရဲ့အကျပ်အတည်းတွေကြောင့် ကျားဖြန့်ဟာ ပုံစံသစ်တွေ၊ ချဉ်းကပ်မှုပုံစံအသစ်တွေနဲ့အတူ မြန်မာလူငယ်တွေဆီကို တစိမ့်စိမ့် ပြန်ရောက်လာနေမြဲပဲ ဖြစ်ပါတယ်။

“အဖမ်းအဆီးပြလို့ နည်းနည်း ငြိမ်သွားတာပါ။ အပြီးသတ် ပျောက်ကွယ်သွားတာမျိုး မဟုတ်ဘူးလေ။ မုန်တိုင်းမလာခင်မှာ လေငြိမ်သွားတဲ့သဘောလောက်ပဲ ရှိပါတယ်။

မြို့ပေါ်ကလူငယ်တွေကို အရမ်းကြီး သိမ်းသွင်းလို့ မရတော့ပေမယ့် သူတို့အတွက် သားကောင်သစ်က အဆင်သင့်ရှိနေပြီ။ အဲ့ဒါကတော့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရတဲ့ လူငယ်လေးတွေပါပဲ။ ငွေလိုအပ်ချက်ကလည်း ရှိနေတယ်၊ ဒီ(ကျားဖြန့်)အကြောင်းတွေကိုလည်း သေသေချာချာ ဂဃဏန မသိတော့ ငွေအများကြီး ရမယ်ဆိုတဲ့ တစ်ချက်တည်းနဲ့တင် သူတို့ဆီ ရောက်သွားတော့တာပဲ။ နယ်တွေရွာတွေဘက်ကဆိုတော့ ကျားဖြန့်ဆိုတာ ဘာမှန်း သူတို့ သေချာမသိကြဘူးလေ။ အဲ့ဒါကို အခွင့်ကောင်းယူပြီး ပြန်လှုပ်ရှားတာတွေရှိတယ်ဗျ”
လို့ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုငွေမိုး က ပြောပြပါတယ်။

နယ်စပ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းခွင်တွေဆီကို ရောက်သွားရင်တော့ အဲ့ဒါဟာ လူငယ်တွေအတွက် ဘဝပျက်တာ၊ ငရဲကျတာနဲ့ အတူတူပါပဲ။ အဲ့ဒီက ပြန်လည်လွတ်မြောက်လာတဲ့ လူငယ်တွေဆီမှာ တသက်တာ ဖျောက်ဖျက် မရတော့တဲ့ စိတ်ဒဏ်ရာတွေ၊ ထရော်မာတွေ ပါလာတတ်လေ့ရှိပါတယ်။

သူတို့ဟာ ခေတ်သစ်ကျွန်စနစ်ထဲ ကျရောက်သွားသူတွေလို့တောင် ပြောလို့ရပါတယ်။ ကျွန်တစ်ယောက် သဖွယ်ဆက်ဆံခံရပြီး မိန်းကလေးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခံရတာတွေတောင် ပါတယ်။ သူတို့ဆီကို ရောက်သွားတာနဲ့ တစ်ကိုယ်စာ အခန်းကျဉ်းလေးတွေထဲမှာ သတ္တဝါတွေလို ပိတ်လှောင်ခံလိုက်ရပြီး အပြင်ထွက်ခွင့်ဆိုတာလည်း မရှိတော့ပါဘူး။

ဒီလိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကတော့ လူငယ်ခြေတက်လေးတွေရောက်လာပြီဆို Facility အပြည့်အစုံပေး၊ လေ့ကျင့်ပေးပါတော့တယ်။ ပြီးရင်တော့ Account တွေ ဖွင့်ခိုင်း၊ Google Translate နဲ့ ဘာသာပြန်ခိုင်းပြီး ဖောက်သည်တွေ ရှာခိုင်းပါတော့တယ်။

တစ်ရက်ကို အနိမ့်ဆုံးအဖြစ် သူတို့ဆီမှာ လောင်းကစားဖို့ ဒါမှမဟုတ် သူတို့ ကျားဖြန့်ကွန်ရက်ထဲမှာ စီးမျောဖို့ ဖောက်သည် ၅ ယောက်ကနေ ၇ ယောက်အထိ ရှာပေးရတတ်ပြီး အနိမ့်ဆုံးနေ့မျိုးမှာတောင် ၃ ယောက် ရှာပေးရတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဖောက်သည် ရှာမရတော့တဲ့နေ့မျိုးမှာဆိုရင် အချိန်ပိုကို အခမဲ့အဖြစ် ၂ နာရီကနေ ၄ နာရီကြား ထပ်ဆင်းပေးရတာရှိသလို အခန့်မသင့်ရင်၊ တစ်ခုခု လွဲချော်သွားရင်တော့ ထမင်းမစားရ၊ အစားမစားရဘူးလို့ အပြစ်ပေးခံရတာတွေလည်း ရှိတတ်ပါတယ်။

ဖောက်သည် မရှာနိုင်တာ ရက်တွေဆက်တိုက် ဖြစ်လာပြီဆိုရင်တော့ ကြိမ်လုံးနဲ့ ရိုက်နှက်တာ၊ ခါးပတ်နဲ့ ရိုက်နှက်တာတွေ ဖြစ်လာပြီး မိန်းကလေးတွေဆိုရင်တော့ အဲ့ဒီလို အပြစ်ပေးခံရတဲ့အပြင် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတာတွေပါ ဖြစ်လာပါတော့တယ်။ ဒါကြောင့်လည်း ကျားဖြန့်ရဲ့သားကောင်ဘဝကနေ လွတ်မြောက်လာသူတိုင်းမှာ စိတ်ဒဏ်ရာတွေ အများအပြား ပါလာတတ်တာပါ။

ဒီလိုအဖြစ်အပျက်နဲ့ပတ်သက်ပြီး တိုက်နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျခဲ့ဖူးတဲ့ ဒေါက်တာ ကျော်ကို(အမည်လွှဲ)က အခုလို ပြောပြပါတယ်။

“ကျွန်တော် နယ်မှာ တာဝန်ကျတုန်းက ကျွန်တော့်ဆီကို ကျားဖြန့်လုပ်ငန်းတွေထဲ ရောက်သွားခဲ့တဲ့ မိန်းကလေး နှစ်ယောက် နယ်စပ်ကနေ ပြန်လည်လွတ်မြောက်လာချိန်မှာ ဆေးလာကုဖူးတယ်။ သူတို့ရဲ့အကြောက်တရားကို တကယ်မြင်ဖူးမှ၊ တွေ့ဖူးမှပဲ သိနိုင်လိမ့်မယ်။ သူတို့ကို စကားလေးတစ်ခွန်း ပြောဖို့အတွက်တောင် မနည်းကြီး ဖျောင်းဖြစည်းရုံးရတာပါ။ အရာရာကို ကြောက်လန့်နေတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေကလည်း ပုံမှန် မဟုတ်တော့ပါဘူး။ အသံလေးတစ်သံ ကြားလိုက်ရင်၊ မမြင်ဖူးတဲ့လူစိမ်းတစ်ယောက် သူတို့ပတ်ဝန်းကျင် ရောက်လာရင်ကို သူတို့က အထိတ်တလန့် ဖြစ်နေတာပါ။ စိတ်ရောဂါအထူးကုနဲ့ ပြသကြည့်ဖို့အထိတောင် ကျွန်တော် လွှဲခဲ့ရဖူးပါတယ်”
အသွင်ပြောင်းကျားဖြန့်များ

အခုလည်း အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထဲမှာ
ကျားဖြန့်က ပုံစံမျိုးစုံနဲ့ ကိန်းဝပ်နေဆဲပါပဲ။

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ လူငယ်တွေကို
ဘဝပျက်တဲ့အထိ ဖျက်ဆီးနေတဲ့ ငါးပစ်ဂိမ်းတွေ၊ စလော့ဂိမ်းတွေ တွင်ကျယ်နေတုန်းပါပဲ။ ဒါကြောင့်လည်း ဒီဂိမ်းတွေနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ Account တိုင်းကို ကျားဖြန့်သံသယနဲ့ Facebook က စောင့်ကြည့်ပြီး အရေးယူမှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။

တချို့အကောင့်တွေကို သတိပေးတာ၊ တချို့အကောင့်တွေကို ဖြုတ်ချတာ၊ တချို့အကောင့်တွေကို အပြီးတိုင် ပိတ်သိမ်းပစ်တာ၊ ပြန်ဆယ်လို့ မရနိုင်အောင် လုပ်ပစ်လိုက်တာတွေက
ဒီသံသယကြောင့်ပါပဲ။ ဒါပေမဲ့ မြန်မာလူငယ်တွေအကြားမှာ
စလော့ဂိမ်းတွေက တွင်ကျယ်ကြီးစိုးနေဆဲဖြစ်သလို ဒီဂိမ်းတွေရဲ့နောက်ကွယ်မှာ ကျားဖြန့်တွေက တစ်နည်းနည်းနဲ့ ပတ်သက်ဆက်နွှယ်နေဆဲပါပဲ။

“ဘောလုံးပွဲ ဆော့တယ်။ နိုင်ရင် အဲ့ဒီငွေကို မထုတ်ကြဘူး။ တချို့က နိုင်တဲ့ငွေနဲ့ နှစ်လုံး သုံးလုံးဘက် ကူးပြီး ဆော့ကြတယ်။ တချို့ကျတော့ စလော့ဂိမ်းတွေ၊ ငါးပစ်ဂိမ်းတွေဘက် ရောက်လာကြတယ်။ ရှုံးရင်လည်း ရှုံးမဲ,မဲပြီး လိုက်ကြတယ်။ သူတို့ရှုံးလေ အေးဂျင့်က ကော်မရှင်ခ ပိုရလေပါပဲ။
စလော့ဂိမ်းတွေ၊ ငါးပစ်ဂိမ်းတွေဘက်မှာ ထိတဲ့လူက ပိုများတယ်။ ကိုယ်တွေကတော့ သူတို့ဆော့ဖြစ်အောင် ဆွယ်ရတာပေါ့လေ”လို့ အွန်လိုင်းဂိမ်း အေးဂျင့် တစ်ယောက် အဖြစ် အသက်မွေးနေသူ မသဒ္ဒါ (အမည်လွှဲ)က ပြောပြပါတယ်။

ဒီတော့ အဖမ်းအဆီးတွေ ပြလိုက်ရုံနဲ့ ကျားဖြန့် ပျောက်သွားပါသလားလို့ မေးခွန်းထုတ်စရာရှိလာပါပြီ။
ကျားဖြန့်ဟာ အခုအချိန်ထိ ပျောက်မသွားသေးပါဘူး။ အရှိန်အဟုန်တစ်ခုနဲ့အတူ ခေတ်ကျပ်ထဲမှာ အသွင်းပြောင်းကြီးထွားနေဆဲဖြစ်ပါတော့တယ်။

Credit.
Via -

19/02/2025

အလုပ်တွေအများကြီးပြန်လုပ်ချင်နေပါပြီ….
ဒါပေမဲ့ပေါ့နော် ……
Page လေးတော့ activeပြန်ဖြစ်ဖို့ ကြိုးစားပါ့မယ်…..။

အားလုံးဘဲ သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ။
🙏🙏🙏

30/01/2025

Country Code Zip Code Tsp Code just knowledge

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ
ဘယ်လိုဖြစ်လာသလဲ

ဟိုးတုန်းကတော့ ရန်ကုန်ဟာ
ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့
ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။

အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက
ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။
ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော
ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ
ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။
မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့
အဓိပ်ပါယျရပါတယျ။

၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ
ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍
စတင်ပြောင်းလဲခဲ့ပါတယ်။
အဲဒီနောက် ကုန်းဘောင်ခေတ် ၊
ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး
ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ
မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့
အဓိကအက်ဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။

ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊
စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့
ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
ထိုမြို့တွေရဲ့အမည် ဟာ ဘယ္ကေန
ဖြစ်ပေါ်လာပါသလဲ။ အမ်ားစုကေတာ့ မွန်နာမည်
အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။
မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ်
မျှဝေလိုက်ပါတယ်။

ကမာရွတ် -
မြန္ဘာသာ ဖြစ်ပြီး ကမာဆိုတာ ရေကန် ၊
ရွတ် ဆိုတာ ရတနာ ဖြစ်ပါတယ်။
ရတနာကန် ဆိုတဲ့ အဓိပ်ပါယျပေါ့။
အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။

ကျောက်တံတား -
ကုန်းဘောင်ခေတ်ဦးတုန်းက
ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့
နရောပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို
ကူးသွားနိုင်တဲ့ ကျောက်တံတားကြီးတစ်ခု
ရွိခဲ့ဖူးရာကေန ဒီနာမည် ဖြစ်လာပါသတဲ့။

ကြည့်မြင်တိုင် -
မွန်ဘာသာအမည် ကမနျဋျုငျက
ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့
အဓိပ်ပါယျရပါတယျ။

ကံဘဲ့ -
မွန်ဘာသာအမည် ခပင်း(ခပေင်) ကို
မြန်မာဘာသာနဲ့ ခေါ်ရာ ကေန ကန်ဘဲ့ ဆိုပြီး
ဖြစ်လာတာပါ။ အဓိပ်ပါယျက ကသစ်ပင် ဖြစ်ပါတယ်။

ကုက္ကိုင်း -
မြန္ဘာသာ ကော့ကောင်း က ဆင်းသက်
လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊
ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့
အစကေတာ့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။

စမ်းချောင်း -
စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်မလိုက် -
ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့်
ဆင်တွေဟာ အဲဒီနေရာရောက်ရင်
ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ
ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး
ဖြစ်လာပါသတဲ့။

တာမွေ -
မွန်အမည် တာမွေ ကေန တိုက်ရိုက်
ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့
အဓိပ်ပါယျဖွဈပါတယျ။

ပုဇွန်တောင် -
မြန္ဘာသာ ပုဇွန်ဒေ ကလာတာပါ။
တောင်ကုန်းငါးခု လို့ အဓိပ်ပါယျရပါတယျ။
အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊
သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့
ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။

ဗဟန်း -
ဗဟန်းဆိုတာကလည်း မြန္ဘာသာကေန
ဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့
အဓိပ်ပါယျရပါတယျ။ ရှေးအခါက ကန့်ထွက်တဲ့
အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။

ဘောက်ထော် -
မြန္ဘာသာ ပေါက်ထောကနေလာပြီး
ရွှေဟင်္သာလို့ အဓိပ်ပါယျရပါတယျ။

မင်္ဂလာဒုံ -
မွန်အမည် ဍုံဒရိုင်မငေ ကေန
ဆင်းသက်လာပါတယ်။ အဓိပ်ပါယျက
မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။
အဲဒီကေန မြန်မာဘာသာ တိုက်ရိုက်
ယူသုံးရာကေန မင်္ဂလာဒုံမြို့ဆိုပြီး ဖြစ်လာပါတယ်။

မြေနီကုန်း -
၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက်
အခုမြို့မကျောင်းနား က ကွင်းပြင်မှာ
အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ်
မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး
ဆိုတာ ပါ ပါတယ်။ အဲဒီတံခါးကေန ထွက်လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

လသာ -
ရန္ကုန္ကို အင်္ဂလိပ်တွေသိမ်းပြီး
မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို
သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့
ကတ်ပတိန်လတ္တာ (Capt.Lattar) ကို
ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။
လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ
လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။
အဲဒီနားတဝိုက်ကိုလည်း လသာရပ် ဆိုပြီး
ခေါ်ခဲ့ကြပါတယ်။

လမ်းမတော် -
သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သငေ်္ဘာဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့် တော်တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။

အင်းစိန် -
မြန္ဘာသာ အန်းစိန်(အင်စိင်)ကေန
ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ်ပါယျရပါတယျ။

Credit to : One Daily Media Knowledge

#𝙽𝚊𝚝𝚞𝚛𝚎 𝙱𝚎𝚊𝚞𝚝𝚢 𝙾𝚏 𝙼𝚢𝚊𝚗𝚖𝚊𝚛 မှ ပြန်လည်မျှဝေသည်

Address

No. 123, Pyay Road, 8. 5 Mile, Manyangone Township.
Yangon

Alerts

Be the first to know and let us send you an email when Paradiso Festival Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Paradiso Festival Travels & Tours:

Share

Category