Million Holiday

Call Directions Website Contact the business

Million Holiday Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Million Holiday, Travel Company, No. 8, Panchan Tower, Room-404, 4th Floor, Corner of Dhama Sayti Road & Bargayar Road, Myaynigone, Sanchaung Township, Yangon.
(1)

Trusted Travel Partner Since 2016 🌟

▪️ Private Holiday Packages
▪️ Private Free & Easy Tours

📄 Company
• Registration: 114612383
• UMTA No.2215 (ATCM)
• Outbound Lic: T/O(YGN)-1029
• Inbound Lic: T/I(YGN)-2045

For Booking 👇
beacons.ai/millionholiday

20/09/2026

ကြီးလာရင်အပီဖြဲမဲ့
ဘေဘီလေး🏍️😅

20/09/2026

ကုန်လား ရေလား အကာသလား
မင်းရွေးပါ ချစ်ကလေးရေ🤩

❤️Congratulations Singapore Airline 🇸🇬✈️Singapore Airlines က 2026 ခုနှစ်အတွက် World’s Best Airline – No.1 အဖြစ် ရွေးချယ်...
20/09/2026

❤️Congratulations Singapore Airline 🇸🇬

✈️Singapore Airlines က 2026 ခုနှစ်အတွက် World’s Best Airline – No.1 အဖြစ် ရွေးချယ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းဆုကို ၆ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

🌎ဒါ့အပြင် World’s Best Economy Class နဲ့ World’s Best Economy Class Onboard Catering ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ 🏆

🇶🇦ပြီးခဲ့တဲ့ 2025 ခုနှစ်က No.1 ဖြစ်ခဲ့တဲ့
Qatar Airways က ဒီနှစ်မှာ No.2 ရရှိခဲ့ပြီး Cathay Pacific, ANA All Nippon Airways နဲ့ Turkish Airlines တို့ကလည်း ထိပ်တန်းစာရင်းမှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။

🇹🇭 မြန်မာခရီးသွားတွေနဲ့ ရင်းနှီးတဲ့ Thai Airways ကလည်း 2025 ခုနှစ် No.29 ကနေ ဒီနှစ် No.20 အထိ အဆင့် ၉ ဆင့် တက်လာပြီး ကမ္ဘာ့ Top 20 Airlines စာရင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ✈️

✈️ထိုင်းနိုင်ငံအခြေစိုက် လေကြောင်းလိုင်းတွေထဲမှာလည်း AirAsia – No.26 နဲ့ Bangkok Airways – No.29 တို့ ပါဝင်ခဲ့ပါတယ်။

🎒Million Holiday ရဲ့ ခရီးသွားတွေထဲမှာတော့ Singapore Airlines ကို Singapore 🇸🇬, Maldives 🇲🇻, Bali 🇮🇩 နဲ့ Malaysia 🇲🇾 ခရီးစဉ်တွေမှာ ရွေးချယ်အသုံးပြုနိုင်ပြီး Singapore Changi Airport မှာ Transit လုပ်ရတဲ့ ခရီးစဉ်တွေအတွက်လည်း အဆင်ပြေတဲ့ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

✈️ ခရီးတစ်ခုမှာ Destination ကောင်းဖို့တင်မဟုတ်ဘဲ လေယာဉ်ပေါ်ကစပြီး ခရီးသွားအတွေ့အကြုံကောင်းဖို့လည်း အရေးကြီးပါတယ်။ ❤️

Million Holiday (Since 2016)

✈️ Never Stop Exploring 🌎

🎒 Travel with Million Holiday 🌎

၁၈မဝယ်ဘူးလားမေးနေကြလို့😅ဟောဒီမှာပါ🤩
19/09/2026

၁၈မဝယ်ဘူးလားမေးနေကြလို့😅

ဟောဒီမှာပါ🤩

🇹🇭⌚ Bangkok ရောက်မယ့် နာရီချစ်သူတွေအတွက် မလွတ်သင့်တဲ့ Event တစ်ခု✈️🎒ဒီ September မှာ Bangkok ကို အလည်အပတ်သွားဖို့ရှိပြီး...
19/09/2026

🇹🇭⌚ Bangkok ရောက်မယ့် နာရီချစ်သူတွေအတွက် မလွတ်သင့်တဲ့ Event တစ်ခု

✈️🎒ဒီ September မှာ Bangkok ကို အလည်အပတ်သွားဖို့ရှိပြီး Luxury Watches နဲ့ Watch Culture ကို စိတ်ဝင်စားတယ်ဆိုရင် Siam Paragon Bangkok Watch Week 2026 ကို ဝင်ရောက်လေ့လာကြည့်ဖို့ မမေ့ပါနဲ့ခင်ဗျ။

Bangkok မြို့လယ်က Siam Paragon မှာ ကျင်းပမယ့် ဒီပွဲမှာ နာရီချစ်သူတွေအတွက် စိတ်ဝင်စားစရာတွေ အများကြီးရှိပါတယ်။

🌟 ကမ္ဘာကျော် Fine Watchmaking Brands 45+
⌚ New & Rare Timepieces များ
🇹🇭Exhibitions, Watchmaking Experiences & Special Events များကို တစ်နေရာတည်းမှာ လေ့လာခံစားနိုင်မှာပါ။

🇹🇭ပွဲကျင်းပမည့်နေရာ — Siam Paragon, Bangkok
🗓️ ပွဲကျင်းပမည့်ရက် — 22–27 September 2026

✈️ Bangkok ကို အလည်အပတ်သွားရင်း Shopping လည်းလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့ ဒီလို Special Event လေးတွေကိုလည်း အချိန်ကိုက် ဝင်ရောက်လေ့လာဖြစ်တာက ခရီးတစ်ခေါက်ရဲ့ အမှတ်တရကောင်းတစ်ခု ဖြစ်စေမှာပါ။

⌚ ပွဲတက်ရောက်ဖို့ Registration ပြုလုပ်လိုသူများအတွက် Official Website —
Bangkok Watch Week 2026 Official Website⁠

Million Holiday (Since 2016)
✈️ Never Stop Exploring 🌎
🎒 Travel with Million Holiday 🌎

🇸🇬 စင်္ကာပူက ကျွန်တော်အတွက် သီးသန့်ခရီးစဉ်အနေနဲ့ သွားလည်ဖြစ်တာထက် တခြားနိုင်ငံတွေသွားရင်း Transit လုပ်ရင်း ဝင်လည်ဖြစ်တာမ...
18/09/2026

🇸🇬 စင်္ကာပူက ကျွန်တော်အတွက် သီးသန့်ခရီးစဉ်အနေနဲ့ သွားလည်ဖြစ်တာထက် တခြားနိုင်ငံတွေသွားရင်း Transit လုပ်ရင်း ဝင်လည်ဖြစ်တာများတဲ့ နိုင်ငံလေး တစ်နိုင်ငံပါ။

🇲🇲မြန်မာ Passport ကိုလည်း ခရီးသွားအနေနဲ့ Visa မလိုဘဲ ရက် ၃၀အထိ ဝင်ရောက်လည်ပတ်ခွင့်ရတာက စင်္ကာပူသွားဖို့ အဆင်ပြေစေတဲ့အချက်တစ်ခုပါ။ 🇲🇲✈️🇸🇬

🏛️🌇စင်္ကာပူက တိုးတက်ပြီး သန့်ရှင်းသပ်ရပ်သလို Public Transportation ကလည်း သွားလာရလွယ်ပါတယ်။

🏨ဒါပေမယ့် နေစရိတ်၊ စားစရိတ်ကနေ ရေ၊ ဘီယာ၊ အရက်အထိ တခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကုန်ကျစရိတ်မြင့်တဲ့နိုင်ငံထဲမှာတော့ ပါပါတယ်။ 😅

ဒါကြောင့် ကျွန်တော်လည်း စင်္ကာပူရောက်တိုင်း အကြာကြီးနေဖြစ်တာတော့ ရှားပါတယ်။

❤️ဒါပေမယ့် Changi Airport နဲ့ Singapore Airlines က ကျွန်တော်အကြိုက်ဆုံးတွေထဲမှာ ပါနေတာကြောင့် တခြားနိုင်ငံတွေသွားတဲ့အခါ Singapore Transit ကို မကြာခဏ ရွေးဖြစ်ပါတယ်။

🇮🇩 Bali သွားတုန်းကလည်း Singapore Transit
🇦🇪 Dubai သွားတုန်းကလည်း Singapore Transit
🇲🇻 Maldives သွားတုန်းကလည်း Singapore Transit

✈️ဒီလိုနဲ့ လမ်းကြုံရင်း ဝင်လည်လိုက်၊ စင်္ကာပူကိုပဲ သီးသန့်သွားလည်လိုက်နဲ့…

✍️ပြန်တွက်ကြည့်တော့ Singapore ကို ၆ ခေါက်လောက် ရောက်ဖူးသွားပြီ။ 🇸🇬❤️

✈️တစ်ခါတလေ ခရီးတစ်ခုရဲ့ အမှတ်တရဆိုတာ Destination တစ်ခုတည်းမှာပဲ ရှိတာမဟုတ်ပါဘူး။

🌎ခရီးသွားရင်း ဖြတ်သန်းခဲ့တဲ့ Airport တွေ၊ Transit လုပ်ခဲ့တဲ့ မြို့တွေ၊ လေယာဉ်ပေါ်က Experience တွေကလည်း ကိုယ့်ရဲ့ Travel Memories ထဲမှာ တစ်စိတ်တစ်ပိုင်းဖြစ်နေတတ်ပါတယ်။

🎒နောက်တစ်ခါ ခရီးဝေးထွက်ပြီး လမ်းကြုံရင်လည်း Singapore Transit ကို ထပ်ရွေးဖြစ်ဦးမယ်ထင်ပါတယ်။ ✈️🇸🇬

🇸🇬တစ်ခါတလေ Singapore က Destination မဟုတ်ပေမယ့် ကိုယ့်ရဲ့ နောက်ထပ်ခရီးတစ်ခုကို ဆက်သွားဖို့ အမြဲကြုံတွေ့ရတဲ့
Station လေးတစ်ခုလိုပါပဲ။ ❤️

🎒 Never Stop Exploring 🌎
✈️ Travel with Million Holiday

Million Holiday (Since 2016)

အစိမ်းရောင် Superrich Thailand (Central World) & Branch များရဲ့ ဒီနေ့ Update ငွေလဲလှယ်နူန်းထားများ🇺🇸၁ဒေါ်လာ = ၃၃.၁၆ဘတ် (...
18/09/2026

အစိမ်းရောင် Superrich Thailand (Central World) & Branch များရဲ့ ဒီနေ့ Update
ငွေလဲလှယ်နူန်းထားများ

🇺🇸၁ဒေါ်လာ = ၃၃.၁၆ဘတ် (ဝယ်စျေး)
🇺🇸၁ဒေါ်လာ = ၃၃.၂၅ဘတ် (ရောင်းစျေး)

🇸🇬၁စင်္ကာပူဒေါ် လာ = ၂၉.၄၀ဘတ်(ဝယ်စျေး)
🇸🇬၁စင်္ကာပူဒေါ် လာ = ၂၉.၇၀ဘတ်(ရောင်းစျေး)

🇲🇾၁ရင်းဂစ် = ၈.၀၄ဘတ် (ဝယ်စျေး)
🇲🇾၁ရင်းဂစ် = ၈.၁၂ဘတ် (ရောင်းစျေး)

Rates Updated By - 18.Sept.2026
(1:28)

⏰အချိန်နဲ့အမျှစျေးနူန်းပြောင်းလဲမူရှိန်ိုင်ပါသည်။

✈️ ထိုင်းနိုင်ငံအလည်အပတ်ကိုရောက်လို့
ငွေလဲရမယ်ဆိုရင် လေဆိပ်မှာလဲတာထပ်
အပြင်ဆိုင်တွေဖြစ်တဲ့

Superrich Thailand (အစိမ်းရောင်)Branchတွေ
မှာ လဲလှယ်ကြည့်ပါနော်
အခြား Branch တွေထပ် စျေးမှန်ပါတယ်။

🇹🇭ဘန်ကောက်သီးသန့်အလည်ပတ်
ပရိုမိုးရှင်းခရီးစဉ်လေးတွေက
၂ဦးကနေစ၍ မိသားစုလိုက် အဖွဲလိုက်
လည်ပတ်နိုင်ပါသည်။

✈️Million Holiday မှ ၂ဦးမှစတင်ပြီး
သီးသန့်လည်ပတ်လို့ရတဲ့ Private Free & Easy Trip နှင့် Private Family Packages Tour လည်ပတ်နိုင်သောခရီးစဉ်နိုင်ငံများမှာ

🔹ဘန်ကောက်

🔹ချင်းမိုင်

🔹ဖူးခက်ကမ်းခြေ

🔹ခရာဘီကမ်းခြေ

🔹ကော့စမွေကမ်းခြေ

🔹ပတ္တာယားကမ်းခြေ

🔹ကန်ချနဘူရီ

🔹အင်ဒိုနီးရှားပိုလာဘာလီ

🔹ဗီယက်နမ်

🔹လာအို

🔹ကမ္ဘောဒီးယား

🔹ဖိလစ်ပိုင်

🔹မလေးရှား

🔹ဒူဘိုင်း

🔹မော်ဒိုက်စ်ကမ်းခြေ

🔹တရုတ်နိုင်ငံ

🔋ဖေ့ဘုတ်လိုင်းအခက်ခဲ့ရှိရင် Million Holiday ရဲ့Official Viber & Telegram ကနေ ခရီးစဉ်များကို တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Official Viber +959 430 7776
+959 777 388 290

Telegram

https://t.me/MillionHoliday16

🌍၂၀၁၆မှစတင်ပြီး ယနေ့ထိတိုင်Million Holiday နဲ့ အတူ ၁၀နှစ်တာ ကာလပတ်လုံး ယုံကြည်စွာဖြင့်လည်ပတ်ခဲ့ကြသော ခရီးသွား
မိဘညီအကိုမောင်နှမများအားလုံးကိုလည်း
အထူးမှတ်တမ်းတင်ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

🎒Never Stop Exploring 🌎

✈️Travel with Million Holiday🌎

🇸🇬🎒 စင်္ကာပူကို ပထမဆုံးအကြိမ်လည်ပတ်ရင် ဘယ်တွေကို လည်ပတ်သင့်လဲ?🇸🇬နိုင်ငံသေးသေးလေးဖြစ်ပေမယ့် Modern City Life၊ Shopping၊ F...
18/09/2026

🇸🇬🎒 စင်္ကာပူကို ပထမဆုံးအကြိမ်လည်ပတ်ရင် ဘယ်တွေကို လည်ပတ်သင့်လဲ?

🇸🇬နိုင်ငံသေးသေးလေးဖြစ်ပေမယ့် Modern City Life၊ Shopping၊ Food၊ Theme Park နဲ့ လှပတဲ့ ညရှုခင်းတွေအထိ စုံစုံလင်လင် ခံစားလို့ရတဲ့ Singapore

✈️ပထမဆုံးအကြိမ် သွားမယ်ဆိုရင် 4 Days / 3 Nights ကနေ 5 Days / 4 Nights လောက်ထားပြီး အေးအေးဆေးဆေးလည်ပတ်တာ အဆင်ပြေပါတယ်။

🌿 01. Gardens by the Bay

Singapore ရောက်ရင် မလွတ်သင့်တဲ့နေရာပါ။

နာမည်ကြီး Supertree Grove ကို လည်ပတ်ပြီး Cloud Forest နဲ့ Flower Dome တွေကိုပါ အချိန်ပေးလည်နိုင်ပါတယ်။ ညဘက် Supertree တွေရဲ့ Light & Sound Show ကို ကြည့်ရတာလည်း Singapore ခရီးစဉ်ရဲ့ အမှတ်တရတစ်ခုပါ။

🌃 02. Marina Bay Area

Singapore ရဲ့ Iconic Skyline ကိုခံစားချင်ရင် Marina Bay တစ်ဝိုက်ကို ညနေပိုင်းလည်ပါ။

📍 Marina Bay Sands
📍 Merlion Park
📍 Helix Bridge
📍 Esplanade

တစ်ဝိုက်ကို လမ်းလျှောက်ရင်း ညရှုခင်းကြည့်ပြီး Photos လှလှလေးတွေ ရိုက်လို့ကောင်းပါတယ်။

🎡 03. Sentosa Island

Family နဲ့သွားသွား၊ Couple နဲ့သွားသွား တစ်ရက်လောက်အချိန်ပေးလို့ရတဲ့နေရာပါ။

🎢 Universal Studios Singapore
🐠 S.E.A. Aquarium
🚠 Singapore Cable Car
🏖️ Sentosa Beaches

ကိုယ်စိတ်ဝင်စားတဲ့ Attractions တွေကိုရွေးပြီး တစ်နေ့တာ စိတ်ကြိုက်လည်နိုင်ပါတယ်။

🏮 04. Chinatown

Singapore ရဲ့ Modern City Life နဲ့ မတူတဲ့ Local Atmosphere ကိုခံစားချင်ရင် Chinatown ကို သွားကြည့်ပါ။

လမ်းလျှောက်ရင်း Local Food စားမယ်၊ Souvenir ဝယ်မယ်၊ Buddha Tooth Relic Temple ကို ဝင်လည်မယ်ဆိုရင် အချိန်အများကြီးမကုန်ဘဲ Singapore ရဲ့ တခြားအရသာတစ်မျိုးကို ခံစားရပါတယ်။

🕌 05. Kampong Glam & Haji Lane

ရောင်စုံ Street Art တွေ၊ Café လှလှလေးတွေ၊ Boutique Shop လေးတွေနဲ့ Photos ရိုက်လို့ကောင်းတဲ့ Haji Lane ကိုလည်း ပထမဆုံး Singapore သွားသူတွေအတွက် ထည့်စေချင်ပါတယ်။

အနီးမှာရှိတဲ့ Sultan Mosque နဲ့ Arab Street ကိုလည်း တစ်ခါတည်း လည်နိုင်ပါတယ်။

🛍️ 06. Orchard Road

Shopping ကြိုက်ရင်တော့ Orchard Road ပါ။

Luxury Brand ကနေ International Fashion Brands တွေအထိ Shopping Mall တွေအများကြီးရှိတာကြောင့် နေ့ပူတဲ့အချိန် Shopping + Café Hopping လုပ်ရင်း အေးအေးဆေးဆေးလည်လို့ကောင်းပါတယ်။

🍜 07. Singapore Hawker Food Experience

Singapore ရောက်ပြီး Local Food မစားဘဲတော့ ပြန်လို့မဖြစ်ပါဘူး။

🍚 Hainanese Chicken Rice
🍜 Laksa
🦀 Chilli Crab
🥢 Char Kway Teow
🍞 Kaya Toast & Kopi

တို့ကို Hawker Centre တွေမှာ မြည်းစမ်းကြည့်ပါ။

✈️ 08. Jewel Changi Airport

Singapore ခရီးစဉ်ရဲ့ အစ သို့မဟုတ် အဆုံးမှာ Jewel Changi ကို အချိန်ပေးထားပါ။

ကမ္ဘာကျော် Rain Vortex ရေတံခွန်၊ Shopping၊ Restaurants နဲ့ Photo Spots တွေရှိလို့ Airport ကိုတောင် Attraction တစ်ခုလို လည်ပတ်နိုင်ပါတယ်။ ❤️

🇸🇬 ပထမဆုံး Singapore သွားမယ်ဆိုရင်…

ပထမခရီးမှာ နေရာအားလုံးကို အလျင်စလိုလိုက်မလည်ဘဲ Marina Bay + Gardens by the Bay + Sentosa + Chinatown + Local Food + Shopping ကို အဓိကထားပြီး လည်ပတ်တာ ပိုအဆင်ပြေပါတယ်။

Singapore ရဲ့ MRT System ကလည်း အသုံးပြုရလွယ်တာကြောင့် Free & Easy ခရီးစဉ် အနေနဲ့ ကိုယ်သွားချင်တဲ့နေရာကို ကိုယ်တိုင်လွတ်လွတ်လပ်လပ် လည်ပတ်ချင်သူတွေအတွက် အဆင်ပြေတဲ့ Destination တစ်ခုပါ။ 🚇❤️

✈️ Singapore Free & Easy / Couple / Family Private Trip များအတွက်လည်း ခရီးသွားမည့်ရက်၊ လူဦးရေနှင့် တည်းခိုလိုသည့်ညအရေအတွက်ကို Million Holiday Official Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Million Holiday (Since 2016)

✈️ Never Stop Exploring 🌎
🎒 Travel with Million Holiday 🌎

🇹🇭🌿 ပွင့်လင်းရာသီမှာ ချင်းမိုင်ကို လည်ပတ်ကြမယ်✈️ 🍃 အောက်တိုဘာလမှစတင်ပြီး ချင်းမိုင်မြို့ကို ရန်ကုန်နှင့် မန္တလေးမှ လေယာဉ...
17/09/2026

🇹🇭🌿 ပွင့်လင်းရာသီမှာ ချင်းမိုင်ကို လည်ပတ်ကြမယ်

✈️ 🍃 အောက်တိုဘာလမှစတင်ပြီး ချင်းမိုင်မြို့ကို ရန်ကုန်နှင့် မန္တလေးမှ လေယာဉ်ဖြင့် ၂ဦးကနေစတင်ပြီး ကိုယ်သွားချင်တဲ့ရက်ကို ကိုယ်တိုင်ရွေးချယ်ကာ Private Free & Easy ပုံစံ နဲ့ အေးအေးဆေးဆေး လည်ပတ်နိုင်ပါပြီ။

⛰️တောင်တန်းတွေ၊ သဘာဝရှုခင်းတွေ၊ ရေတံခွန်တွေနဲ့ ဘုရားကျောင်းလှလှတွေကို တစ်ခါတည်းခံစားရမယ့် Chiang Mai – Chiang Rai ၃ညအိပ်/၄ရက် ခရီးစဉ် ဖြစ်ပါတယ်။

✈️ Chiang Mai 4 Days / 3 Nights

ရန်ကုန် – ချင်းမိုင် – ရန်ကုန်
💰 တစ်ဦးလျှင် - USD 615

မန္တလေး – ချင်းမိုင် – မန္တလေး
💰 တစ်ဦးလျှင် - USD 660

👫 Minimum 2 Pax ကနေ စတင်ထွက်ခွာနိုင်ပြီး ကိုယ်နှစ်သက်ရာ
ခရီးသွားရက်ကို ရွေးချယ်နိုင်ပါတယ်။

🗓️ခရီးစဉ်အကျဉ်း

Day 1 — Arrival Chiang Mai 🌙
✈️ Chiang Mai Airport ရောက်ရှိပြီး Private Airport Pick-up
🏨 Hotel Check-in & Relax
🌿 ညနေပိုင်း Wat Umong (Tunnel Temple) လည်ပတ်မယ်
🙏 တောင်ပေါ်က နာမည်ကြီး Doi Suthep Temple ကိုလည်း ညရှုခင်းနဲ့အတူ သွားရောက်လည်ပတ်မယ်။

Day 2 — Doi Inthanon National Park 🌳⛰️
မနက်စာစားပြီး Chiang Mai ရဲ့ သဘာဝအလှတွေကို တစ်နေ့တာ အပြည့်ခံစားရမယ့် Doi Inthanon Full Day Join Tour ထွက်ပါမယ်။

💦 Wachirathan Waterfall
💦 Sirithan Waterfall
🏯 Grand Pagoda
🌿 Ang Ka Nature Trail
🏔️ Doi Inthanon National Park
🍽️ Lunch ပါဝင်ပါတယ်။

Day 3 — Chiang Rai Day Trip 🤍💙
Chiang Mai ကနေ Chiang Rai ကို တစ်နေ့တာ လည်ပတ်ပြီး—

♨️ Mae Kachan Hot Spring
🤍 နာမည်ကျော် White Temple
💙 Blue Temple – Wat Rong Suea Ten
🖤 Baan Dam Museum (Black House)
တို့ကို လည်ပတ်ပြီး Chiang Mai Hotel သို့ ပြန်လည်ပို့ဆောင်ပေးပါမယ်။ Lunch ပါဝင်ပါတယ်။

Day 4 — Chiang Mai ✈️ Home
မနက်ပိုင်းမှာ အေးအေးဆေးဆေး အနားယူ၊ နောက်ဆုံးအမှတ်တရလက်ဆောင်လေးတွေ Shopping ထွက်ပြီး Flight Time အလိုက် Private Airport Transfer နဲ့ Chiang Mai Airport သို့ ပို့ဆောင်ပေးပါမယ်။

✅ Package မှာ ပါဝင်တာတွေ

✈️ International Return Flight Tickets
🏨 Chiang Mai Old Town Area ရှိ 3★ Hotel 3 Nights + Breakfast
🚐 Airport ↔ Hotel Private Transfer 2 Ways
🌙 Doi Suthep + Wat Umong Night Tour with Driver
🏔️ Doi Inthanon National Park Full Day Join Tour + English-speaking Guide + Lunch
🤍💙 Chiang Rai White Temple + Blue Temple Day Tour + English-speaking Guide + Lunch
📱 Thailand Digital Online Arrival Form Service
✔️Travel Insurance & Travel Reports

✖️မပါဝင်တာ — ကိုယ်ပိုင်အသုံးစရိတ်နှင့် itinerary တွင် မဖော်ပြထားသော ဝန်ဆောင်မှုများ။

🍃 ချင်းမိုင်ရဲ့ အေးချမ်းတဲ့မြို့လေး၊ တောင်တန်းသဘာဝရှုခင်းတွေနဲ့ Chiang Rai ရဲ့ နာမည်ကြီး White & Blue Temple တွေကို တစ်ခေါက်တည်း အစုံလည်ပတ်ချင်သူတွေအတွက် သင့်တော်တဲ့ ၃ညအိပ်/၄ရက် Package လေးပါ။

📩 ကိုယ်သွားချင်တဲ့ ရက် + ခရီးသွားဦးရေ + Yangon / Mandalay Departure ကို Million Holiday Official Page Messenger မှာ ပေးပို့ပြီး စျေးနှုန်းနှင့် Flight Availability ကို
စုံစမ်းနိုင်ပါတယ်ခင်ဗျ။

မှတ်ချက် — လေယာဉ်လက်မှတ်၊ Hotel Room နှင့် Tour Availability ပေါ်မူတည်၍
Package Price အပြောင်းအလဲရှိနိုင်ပါတယ်။

Million Holiday (Since 2016)
🎒 Never Stop Exploring 🌎
✈️ Travel with Million Holiday 🇹🇭

Address

No. 8, Panchan Tower, Room-404, 4th Floor, Corner Of Dhama Sayti Road & Bargayar Road, Myaynigone, Sanchaung Township
Yangon
009

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

0943077769

Alerts

Be the first to know and let us send you an email when Million Holiday posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Million Holiday:

Shortcuts

Share

Category