HAYAI Car Rental Services & Tourism

HAYAI Car Rental Services & Tourism Working experience, since 2013

13/06/2026
09/06/2026

ရန်ကုန် မှ မန္တ​လေး
ရန်ကုန် မှ ပြင်ဦးလွင်
ရန်ကုန် မှ ​နေပြည်​တော်
​နေ့စဥ် အသွားအပြန်
စတင်​ပြေးဆွဲ ​ပေး​နေပါပြီ ခင်ဗျ
ကားစင်းလုံး ငှားလည်း
ယာဥ်​မောင်းအပါ ငှား​ပေးပါတယ် ခင်ဗျ
09-980 901 980
09-449 465 536 (Viber)

​Suzuki Ertiga Type 3
Toyota Alphard
Toyota Mark2
Toyota Hiace 14 Seater
💚💚💚💚💚💚💚💚💚
🙏🙏🙏🙏🙏🙏🙏🙏🙏

Yangon To MandalayMandalay To YangonYangon To Pyin Oo LwinPyin Oo Lwin To MandalayYangon To Nay Pyi TawNay Pyi Taw To Ya...
27/05/2026

Yangon To Mandalay
Mandalay To Yangon
Yangon To Pyin Oo Lwin
Pyin Oo Lwin To Mandalay
Yangon To Nay Pyi Taw
Nay Pyi Taw To Yangon
​နေ့စဥ် ​ပြေးဆွဲ ​ပေး​နေပါပြီ
🙏🙏🙏🙏🙏

09-449465536
09-980901980

23/05/2026

အားလုံးပဲ မဂ်လာပါ

ရန်ကုန် မှ မန္တ​လေးရန်ကုန် မှ ပြင်ဦးလွင်ရန်ကုန် မှ ​နေပြည်​တော်​နေ့စဥ် အသွားအပြန် စတင်​ပြေးဆွဲ ​ပေး​နေပါပြီ ခင်ဗျကားစင်...
21/05/2026

ရန်ကုန် မှ မန္တ​လေး
ရန်ကုန် မှ ပြင်ဦးလွင်
ရန်ကုန် မှ ​နေပြည်​တော်
​နေ့စဥ် အသွားအပြန်
စတင်​ပြေးဆွဲ ​ပေး​နေပါပြီ ခင်ဗျ
ကားစင်းလုံး ငှားလည်း
ယာဥ်​မောင်းအပါ ငှား​ပေးပါတယ် ခင်ဗျ
09-980 901 980
09-449 465 536 (Viber)

​Suzuki Ertiga Type 3
Toyota Alphard
Toyota Mark2
Toyota Hiace 14 Seater
💚💚💚💚💚💚💚💚💚
🙏🙏🙏🙏🙏🙏🙏🙏🙏

12/05/2026

ကြားသမျှ စကားလုံးတွေကို ခံစားမနေပါနဲ့

ဘဝမှာ ကြားသမျှ စကားလုံးတိုင်းဟာ
ကိုယ်နဲ့ သက်ဆိုင်သည်ဖြစ်စေ
မသက်ဆိုင်သည် ဖြစ်စေ
လိုက်ပြီး တုံ့ပြန်နေဖို့ မလိုသလို
ငုံ့ခံ နေဖို့လည်း မဟုတ်ပါဘူး။

ကြားသမျှ စကားလုံးတွေကို
လိုက်ပြီး တုံ့ပြန့်နေလို့ကတော့
မောရုံသာ ရှိပါလိမ့်မယ်။
စိတ်ပင်ပန်းရုံသာ ရှိပါလိမ့်မယ်။

တချို့သူတွေရဲ့ စကားလုံးတွေဟာ
ပြန်ပြီး တုံ့ပြန်စရာမလိုပဲ
သူ့အလိုလို ပြီးသွားတာတွေလည်း ရှိပါတယ်။
တခါတလေ တုံ့ပြန်လိုက်မှပဲ
ပိုရှုပ်သွားတာတွေ ဖြစ်လာတတ်ပါတယ်။

စကားလုံးတိုင်းကို ခံစားနေဖို့ မလိုဘူး။
ကိုယ့်ရဲ့အလုပ်ကို အာရုံစိုက်ပြီး
လုပ်ဆောင်နေဖို့ပဲ လိုပါတယ်။

အလုပ်မှန်ရင် တုံ့ပြန်စရာ မလိုပဲ
သင့်လုပ်ရပ်ကသာ ဖြေရှင်းပေးသွားပါလိမ့်မယ်။
မတုံ့ပြန်တာဟာ
ငုံ့ခံနေတာ မဟုတ်ဘူးဆိုတာကိုလည်း
နားလည်သဘောပေါက်ဖို့ လိုပါလိမ့်မယ်။
အပင်ပန်းခံပြီး မခံစားတော့တဲ့ သဘောပါ။

တချို့စကားတွေကျတော့ ပြန်ဖြေရှင်းဖို့လိုတယ်။
ဖြေရှင်းတာဟာ တုံ့ပြန်တာ မဟုတ်ဘူး။
ဒါကိုလည်း ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား
သိဖို့လိုပါလိမ့်မယ်။

ဖြေရှင်းမှသာ အမှန်ကို သိသွားမယ်။
နှစ်ဦးနှစ်ဖက် အကျိုမဲ့ခြင်းတွေ
မဖြစ်တော့ဘူး။
နားလည်မှုတွေ ရှိသွားမယ် ဆိုရင်
ဒါမျိုးကျတော့ ပြန်ပြီး
တုံ့ပြန်ဖို့ လိုပါလိမ့်မယ်။

ဒေါသနဲ့ တုံ့ပြန်မှုမျိုး မဟုတ်ပဲ
ကျိုးကြောင်းဆင်ခြင်ဉာဏ်ရယ်
အကျိုးလိုလားတဲ့ မေတ္တာတရားရယ်ကို
အခြေခံပြီး ပြန်ဖြေရှင်းရမယ်။

အဓိကကတော့
ဘယ်လို စကားလုံးပဲလာလာ
လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ။
လက်ခံတာဟာ ခံစားတာ မဟုတ်ဘူး။
ခံနိုင်ရည် ရှိလာတာ။

ကြားသမျှ အသံတွေအပေါ်မှာ
ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး
အကျိုးများတဲ့ စကားကို လက်ခံ
အကျိုးမရှိတဲ့ စကားလုံးကို
ခေါင်းထဲက ထုတ်လိုက်ဖို့ပါပဲ။

အကျိုးမရှိတဲ့ စကားလုံးတွေနဲ့
ခေါင်းရှုပ် မခံဖို့၊ စိတ်အပင်ပန်းမခံဖို့နဲ့
ခေါင်းလေး မနေဖို့ အဓိကပါပဲ။

လောကသဘာဝအရ လူအများစုဟာ
ကိုယ့်အတ္တကိုပဲ ဦးစားပေးတတ်ကြပါတယ်။
ဒါက ဖြစ်သင့်တယ် ဆိုပေမယ့်
အတ္တသိပ်ကြီးသွားရင်တော့ အဆင်မပြေပါဘူး။
အမှန်တရားနဲ့ ဝေးကွာ သွားစေနိုင်တယ်။

ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ်
ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကနေ
မလွတ်မြောက်နိုင်ပါဘူး။
ဒီလို ဝေဖန်သံတွေ ကြားတိုင်း
လိုက်တုံ့ပြန် နေမယ်ဆိုရင်
သင့်အတွက် တန်ဖိုးရှိတဲ့ အချိန်တွေကို
သက်သက်မဲ့ ဖြန်းတီးနေတာနဲ့တူတယ်။

တကယ်တော့ စကားလုံးတွေကို
လိုက်ခံစားနေတာကိုက ကိုယ့်အမှားပဲလေ။
အဲ့ဒီစကားလုံးတွေကို မခံစားတော့ဘူးဆိုရင်
ဘဝဟာ တကယ်ပဲ လွတ်လပ်ပေါ့ပါးလာလိမ့်မယ်။

12/05/2026

ဘောင်ဘင်ခတ်ပြီး တန်ဖိုး မလျော့စေနဲ့

ရေ ပြည်နေတဲ့အိုးလား.....?
ရေ မပြည့်တဲ့ အိုးလား.....?

ရေဆိုတာ အိုးထဲမှာ အပြည့်ရှိနေရင်
ငြိမ်သက်နေတတ်ပေမယ့်
ရေမပြည့်တဲ့အိုးကို ခေါင်းပေါ်ရွက်ပြီး
လျှောက်ကြည့်တဲ့ အခါမှာတော့

လှုပ်ခါပြီး ဘေးကို ဖိတ်စင်ရသလို
ငြိမ်အောင်ထိန်းဖို့
အင်မတန် ခက်ခဲလှပါတယ်။

ဒါကြောင့်လည်း " ရေ မပြည့်အိုးက
ဘောင်ဘင်ခတ်တယ်" လို့
ရှေးလူကြီးတွေ ဆိုခဲ့ကြတာပါ။

အဲ့ဒီလိုပါပဲ လောကမှာ
အသိပညာ ဗဟုသုတနဲ့ ဆင်ခြင်တုံတရား
မပြည့်စုံတဲ့သူတွေကို
ပေါင်းသင်းဆက်ဆံ ကြည့်တဲ့အခါမှာလည်း

ဘယ်လိုပဲ အကြောင်းပြချက်
ကောင်းကောင်းနဲ့ ပြောဆိုပါစေ
ဘယ်လို အချက်အလက်တွေနဲ့ပြောနေပါစေ
နားဝင်အောင် ရှင်းပြရတာဟာ
တကယ်ကို ခက်ခဲပင်ပန်းလှပါတယ်။

အဲ့ဒီသူတွေက သူတို့ရဲ့ မပြည့်စုံတဲ့
အသိပညာနဲ့ ဗဟုသုတွေကို လက်ကိုင်ထားပြီး
"ငါသာလျှင် အမှန်ဆုံး"ဆိုတဲ့ ဆင်ခြင်တုံတရားမဲ့စွာ
အတ္တတွေကြီးနေတတ်ကြပါတယ်။

အသိ မပြည့်တဲ့သူဟာ ရေမပြည့်တဲ့အိုးလိုပဲ
အမြဲတမ်း လှုပ်ခါယိမ်းထိုးနေပြီး
ကိုယ့်ရဲ့ စေတနာ စကားတွေကို လက်ခံဖို့ထက်
ကိုယ့်အတ္တနဲ့ကိုယ် ငြင်းခုံဖို့သာ
အားသန် နေတတ်ကြပါတယ်။

အဲဒီလိုလူမျိုးတွေနဲ့ ဆုံလာတဲ့အခါမှာ
ကိုယ့်ရဲ့ စိတ်အေးချမ်းသာမှုကိုပဲ ရှေ့တန်းတင်ပြီး
အတတ်နိုင်ဆုံး လျစ်လျူရှုနိုင်ဖို့
ကြိုးစားရမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုလူတွေနဲ့ ဘယ်သောအခါမှ ပြိုင်မငြင်းပါနဲ့။
သင့်တန်ဖိုးတက်လာမှာ မဟုတ်ဘူး။
တန်ဖိုးလျော့သွားဖို့သာ ရှိပါတယ်။

ဘဝမှာ အချိန်ဆိုတာ တန်ဖိုးရှိတာမို့
အသိတရားမဲ့သူတွေနဲ့ အငြင်းအခုံဖြစ်ပြီး
အချိန်ကုန်မယ့်အစား
ကိုယ့်ကိုယ်ကို ပိုမိုပြည့်စုံတဲ့
တနည်းအားဖြင့် ရေပြည့်နေတဲ့
အိုးတစ်လုံးဖြစ်အောင် တည်ဆောက်လိုက်ပါ။

ကိုယ်က ရေပြည့်နေတဲ့ အိုးဆိုလျှင်
ဘောင်ဘင်ခတ်စရာ မရှိတော့ဘူး။
ဒါကြောင့် ရေနဲ့တူတဲ့ ကိုယ့်ရဲ့တန်ဖိုးဆိုတာလည်း
မလျော့တော့ နိုင်တော့ဘူးလေ......။

Address

Yangon

Telephone

+959980901980

Website

Alerts

Be the first to know and let us send you an email when HAYAI Car Rental Services & Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HAYAI Car Rental Services & Tourism:

Shortcuts

Share

Category