20/10/2018
ခရီးသွားအေဂျင်စီတွေနဲ့ ခရီးသွားတာက ကောင်းလား။
အခုခေတ်မှာ ပြည်တွင်းပြည်ပခရီးသွားပြီး အပန်းဖြေတာ ဈေးဝယ်ထွက်တာက အဆန်းမဟုတ်တော့ပါဘူး။ မိမိသွားမယ့်နေရာပေါ်မူတည်ပြီး ကိုယ်တိုင်ပဲသွားမလား၊ ခရီးသွားအေဂျင်စီတွေနဲ့ပဲသွားမလား
ဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်ပေါ့နော်။ အရင်ဆုံးတော့ ခရီးသွားအေဂျင်စီ တွေနဲ့ ခရီးသွားတာ ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာ ပြောပြပေးမယ်နော်။
(၁) အချိန်ကုန်သက်သာတယ်။ ⏳⏳
မရောက်ဖူးတဲ့နေရာတစ်ခုကို သွားမယ်ဆိုရင် ဟိုတယ် (သို့) နေရာထိုင်ခင်းစီစဉ်ရတာတွေ၊ လည်ပတ်ဖို့နေရာတွေ ၊ သွားလာဖို့ ကား စီစဉ်တာတွေက ကိုယ်တိုင်လုပ်ဖို့ မလွယ်ကူပါဘူး။
အေးဂျင့်တွေနဲ့ဆိုရင်တော့ ဒီလိုအရာတွေကို စိတ်ရှုပ်စရာမလိုတော့ပဲ အချိန်ကုန်သက်သာစွာနဲ့ ခရီးသွားနိုင်ပြီပေါ့။
(၂) မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျော့ချနိုင်တယ်။ 💸💸
အေးဂျင့်တွေနဲ့ ခရီးသွားမယ်ဆိုရင် ပုံမှန်ကုန်ကျစရိတ်ပိုများတယ်လို့ ထင်ရပေမယ့် ကိုယ်တိုင်စီစဉ်တာထက်စာရင် ဈေးသက်သာတာတွေ့ရမှာပါ။
ဥပမာ... ဟိုတယ်မှာတည်းရင် မိမိကိုယ်တိုင်စီစဉ်တာထက် အေးဂျင့်တွေနဲ့ချိတ်ထားတဲ့ဟိုတယ်မှာဆိုရင်တော့ ပရိုမိုးရှင်းတွေ discount room rate တွေနဲ့ရနိုင်တာမျိုး၊ သွားလာစရိတ်က
အများနဲ့မို့ ကုန်ကျစရိတ်သက်သာသွားတာမျိုးတွေပါ။
(၃) သင့်လိုအပ်ချက်တွေကို အကြံကောင်းတွေပေးနိုင်တယ်။ 💫💫
အေးဂျင့်တွေက နယ်ပယ်ကျွမ်းကျင်မှုရှိတဲ့အတွက့် ဘယ်နေရာမှာ ဘာရှိတယ်၊ ဘယ်ဆိုင်မှာ ဘာအစားအသောက်တွေကောင်းတယ်ဆိုတာအထိ တိတိကျကျ ပြောပြနိုင်ပါတယ်။
တစ်ယောက်တည်းခရီးသွားမဲ့သူတွေအတွက်တော့ အရမ်းအဆင်ပြေတာပေါ့။
နောက်ပြီး မိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေအုပ်စုလိုက်သွားရင်ပဲဖြစ်ဖြစ်၊ ဟန်နီးမွန်းထွက်မဲ့ အသစ်စက်စက် ဇနီးမောင်နှံတွေအတွက်ပဲဖြစ်ဖြစ် ဘယ်လိုပျော်စရာတွေ စိတ်လှုပ်ရှားစရာတွေကို ဘယ်နေရာမှာ ဖန်တီးနိုင်လဲဆိုတာ အကြံပေးနိုင်ပါတယ်။
(၄) အရေးပေါ်ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်။ 🧐🧐
သင့်ခရီးစဉ်မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကြောင့် စိတ်ညစ်နေစရာမလိုပါဘူး။ သင့်ရဲ့ Travel agent က လက်မှတ်ကိစ္စတွေ၊ ခရီးစဉ်ကိုရက်ရွေ့ ဖို့ နောက်ဆက်တွဲကိစ္စတွေကို ပြန်ဘိုကင်ယူပြီး စီစဉ်ပေးပါလိမ့်မယ်။
သူငယ်ချင်းတို့ရော ခရီးတွေ ခဏခဏထွက်ဖြစ်လား ...