Zin Yaw Travels & Tours

Zin Yaw Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin Yaw Travels & Tours, Tour Agency, Yangon.

ပျော်ရွှင်ဖွယ် ခရီးများအတွက်ဇင်ယော်နဲ့အတူ ပျံသန်းစို့.................
29/04/2024

ပျော်ရွှင်ဖွယ် ခရီးများအတွက်
ဇင်ယော်နဲ့အတူ ပျံသန်းစို့.................

သစ်ပင်စိုက်ကြပါ ဆိုလို့.....အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်...
29/04/2024

သစ်ပင်စိုက်ကြပါ ဆိုလို့.....

အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်၊ ပရောဂျက်တွေရှာနဲ့ အတော် ဟော့ဖြစ်နေတဲ့ ကိစ္စပါ။ သစ်ပင်စိုက်ကြမယ်တဲ့...။
တချို့လဲ ကျွန်းစိုက်ကြတာပေါ့၊ တချို့က တခြားသစ်မာပင်ပေါ့၊ တချို့ကြတော့လဲ အပင်ဖြစ်ရင်ပြီးရော (ဘာပင်ဖြစ်ဖြစ် အောက်စီဂျင်ရရင် ပြီးတာဘဲဆိုတော့) စိုက်ကြပါတယ်။ ဒါလည်းကောင်းတဲ့ အချက်ပါဘဲ။ ဒီထက်လေးလေးနက်နက် ပြောရရင် အဲဒီလိုလုပ်တာဟာ မမှန်သေးဘူးဗျ။
ကျနော့်ဆရာ ဆရာသိန်းအောင် သင်ကြားပေးနေကြ အချက်လေး ဒီမှာပြောပြချင်လာတာပါဘဲ။ အပင်စိုက်ကြတယ်ဆိုတော့ ကြုံတဲ့အပင်စိုက်ရင် ဘာဖြစ်လာမလဲ..... ။ ဒီအချက်က စပြောကြတာပေါ့။ ဥပမာ ရန်ကုန်မြို့ တနေရာမှာ ကျွန်းပင်တွေ စိုက်ကြပြီဆိုပါတော့။ (၁) ကျွန်းပင်တွေ တကယ်ဖြစ်ထွန်းရဲ့လား.....။ ထင်သလောက်မဖြစ်ထွန်းဘူးနော်။ မြန်မာနိုင်ငံမှာ ကျွန်းသစ်အများဆုံးနဲ့ အကောင်းဆုံး မှတ်တမ်းတွေက ရိုးမတွေကဘဲ..အထူးသဖြင့် ပဲခူးရိုးမပေါ့။ ဘာဖြစ်လို့လဲ သူ့ပေါက်ရောက်ရာဒေသ သူ့ဖြစ်ထွန်းမှုဆိုတာကို လေ့လာသင့်တယ်။ ပြီးတေ့ာ စိုက်တော့ စိုက်ပါရဲ့ စိုက်ပြီး လှည့်မကြည့်တော့ဘူး။ သင်းသပ်မဲ့လူမရှိ သေချာစောင့်​ကြည့်မဲ့လူ မရှိမှတော့ စိုက်လဲ အလကားဘဲ ဖြစ်မှာပါ။
ဟုတ်ပြီ ကျွန်းအကြောင်း မပြောဘူး ထင်းရှူးပင်တွေအကြောင်းပြောရအောင်။ ကလောတို့ အောင်ပန်းတို့ ဘက်တွေမှာ ထင်ရှုးပင်တွေ စိုက်ကြတယ်။ တခုသတိမထားမိတာက ထင်းရှုးမျိုးရင်းတွေမဟုတ်ဘဲ အနောက်တိုင်းမျိုးတွေ ဖြစ်နေခဲ့တာဘဲ။ အဲဒီတော့ မေးစရာရှိလာပြီ။ ထင်းရှုးပင်ဖြစ်ရင် ပြီးရောပေါ့ကွာ၊ ဘာတွေ လိုနေသေးလို့လဲ ဆိုတာမျိုးပေါ့။
တကယ်အရေးအကြီးဆုံး အချက်ကို ဒီမှာပြောပါမယ်။ ကျနော်တို့တွေက နေရာဒေသတစ်ခုမှာ ကြုံအရာအပင်စိုက်လိုက်ရင် အဲဒီဒေသရဲ့ ဂေဟစနစ်တခုလုံး (eco system) ပြောင်းသွားနိုင်တာဘဲ၊ အဲဒီလို ပြောင်းသွားတာရဲ့ အကျိုးဆက်ကတော့ မကောင်းလှပါဘူး။ ဥပမာ အပင်မစိုက်ခင် အဲဒီဒေသမှာ ဘယ်လိုကျေးငှက်တွေ နေထိုင်ကျက်စားကြသလဲ၊ ဘယ်လို အင်းဆက်ပိုးတွေရှိတတ်ကြသလဲ၊ ဘယ်လိုတွားသွား၊ အသားစား၊ စသည်ဖြင့်နေထိုင်တတ်ကျလဲ အရင်လေ့လာပြီးမှ စိုက်သင့်ပါတယ်။ ဒီငှက်တွေဟာ ဟာဘယ်အပင်နဲ့ ​ဘယ်အသီးတွေကို စားသုံးပြီးရှင်သန်ကြသလဲ။ ဘယ်လိုအပင်မျိုးမှာ အသိုက်ဆောက်ကြသလဲ၊ ဒီမျောက်တွေဟာ ဘာအရွက်စားတာလဲ။ ဒီအသားစားအကောင်တွေကရော ဘာအသားစားပြီးရှင်သန်ကြတာလဲ လေ့လာပြီးမှ လိုအပ်တဲ့ အပင်ကို အဓိကထား စိုက်ရပါတယ်။ အဲဒီလို ဂေဟာစနစ်တခုသာ ပြောင်းသွားလိုက်ပြီဆိုရင် အဲဒီမှာ ရှင်သန်နေကြတဲ့ သက်ရှိမျိုးစိပ်တွေ အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းနိုင်ရင် မျိုးတုန်းသွားနိုင်ပါတယ်။
မျိုးတုန်းရင် ဘာဖြစ်သွားလဲ မေးလာမှာပေါ့။ အစာကွင်းဆက်ပြတ်ပြီဆိုတာနဲ့ ဥပမာ အင်းဆက်စားပင်တွေ မရှိရင်၊ အင်းဆက်မျိးတုန်းမယ်။ သူတို့မရှိရင် ဝတ်မှုန်ကူးပေးမဲ့ အကောင်မရှိတော့ဘူး။ အင်းဆက်မရှိရင် သူတို့ကိုစားပြီးရှင်သန်ရတဲ့ ငှက်လို(အခြားမျိုးစိတ်) တခု မျိုးတုန်းသွားနိုင်တယ်။ အဲဒီလို မျိုးတုန်းရင် ဂေဟစနစ်ပျက်ပြီဘဲ။ သူတို့မရှိတာနဲ့ အခြားအင်းစက်မျိုးစိပ်အသစ်ဖြစ် လူတွေ မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါဆိုရင် အန္တရာယ် ရှိလာပြီပေါ့။ အနီးဆုံး ဥပမာပေးရရင် တရုတ်ပြည်မှာ မြွေအရမ်စားလို့ မြွေမျိုးတုန်းတယ်။ မြွေမျိုးတုန်းတော့ လယ်ထဲမှာ ကြွက်တွေ ပိုပေါလာတယ်။ ကြွက်တွေက အပင်တွေကိုဖျက်ရုံမကလို့ ရောဂါပိုးပါသယ်လာတယ်။ နောက်ဆုံးမြွေတွေ လယ်ထဲ ပြန်လွှတ်ရတယ်။
နောက်ဥပမာတခုက မော်စီတုံးလက်ထက် အစားအသောက်ရှားတော့ လယ်ထဲက စပါးစားတဲ့ စာကလေးတွေကို ရှင်းခိုင်းတယ်။ စပါးချွေတာရာရောက်တာပေါ့။ ပြသနာက စာကလေးတွေလဲ မရှိတော့ရော စပါးခင်း ပိုးကျပြီး အကုန်ရှုံးပါလေရော။ စာကလေးတွေက စပါးဘဲစားတယ်ထင်နေတာ လယ်ထဲက အင်းဆက်ကိုပါ စားသွားတာ။ နောက်မှ အဲဒီလို အဖြစ်ကိုသိတော့ စာကလေးပြန်မွေးရတယ်။
နောက်ဥပမာပေးရရင် သဘာဝတောရိုင်းတွေရဲ့ ဂေဟစနစ်တိုင်းဟာ ကွင်းဆက်တွေချည်းဘဲ။ ဆင်တွေမရှိရင် တောပြုန်းနိုင်သလို၊ ကျားတွေမရှိရင်လဲ တောပျက်နိုင်တယ်။
ပြန်ပြီးချုပ်ရရင် တွေ့ကရာအပင်စိုက်တာထက် ဘာအပင်စိုက်သင့်တယ်ကို လေ့လာ(research)ပြီးမှ စိုက်သင့်ပါတယ်။ ထပ်ပြီးမေးလာမှာပေါ့ အပင်စိုက်ဖို့ကွာ အဲဒီလောက် အချိန်ကုန်စရာလား၊ ပညာရှင်တွေလိုလားပေါ့။ အဲလောက်ထိ တာမသွားလဲ ရပါတယ်။ ဥပမာ အဲဒီအပင်စိုက်မဲ့ ပတ်ဝန်းကျင်က အသက် ၆၀၊ ၇၀ ကျော်တွေကို သူတို့ငယ်ငယ်တုန်းက ဘာပင်တွေ တွေ့လဲ၊ ဘာငှက်တွေ တွေ့လဲ အဲဒီလိုမေးမြန်ပြီး စိုက်ရင်ကို၊ အမှားမများတဲ့ ဂေဟစနစ်တခုကို ပြန်လည် အစားထိုးရာကြတာပေါ့....။
စာများရင် မဖတ်ချင်ကြမှာဆိုးလို့ မေးစရာရှိရင်သာ လာမေးကြပါ၊ မိမိအတွေးရှည်သလောက် တွေးတောကြပါလို့ဘဲ ပြောပါရစေ။
Phot credit fb

Credit-မောင်သာယာ (မြန်အောင်)

ထိုင်းနိုင်ငံ မသွားခင်သိထားသင့်တဲ့ အချက်များ 🇹🇭1. Sim Card 📱တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim...
24/04/2024

ထိုင်းနိုင်ငံ မသွားခင်သိထားသင့်တဲ့ အချက်များ 🇹🇭

1. Sim Card 📱
တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Cardတွေကတော မရှိမဖြစ်လိုအပ်တဲ့ထဲမှာပါပါတယ်ရှင်။ Simcard ကို foreigner တွေအတွက်သီးသန့် လေဆိပ်မှာဝယ်လို့ရတဲ့ SimCard မျိုးမဟုတ်ဘဲ ထိုင်းဖုန်းSim card ဝယ်တာက အကောင်းဆုံးပါ။ AIS နဲ့ True Move ကိုတော့ အသုံးများကြပြီး Simcardတွေကို အလွယ်တကူ လမ်းက 7eleven မှာ(သို့) AIS , True Move showroom တွေမှာဝယ်နိုင်ပါတယ်ရှင် ။ ဘယ်မှာပဲဝယ်ဝယ် Simcard တွေ
မှတ်ပုံတင်ရမှာဖြစ်လို့ Passport ယူဆောင်သွားရပါတယ်ရှင်။ Passportမပါရင် လုံးဝမရောင်းပါဘူး။ Passport ပေးပြီးရင် မှတ်ပုံတင်မည့်သူရဲ့faceကို Scanပြီး ရပြီဆို ဆိုင်က ရနိုင်တဲ့Package planတွေပြပါတယ်။ အဲ့ထဲက ကိုယ်အဆင်ပြေတဲ့Package ကိုဝယ်ရင်ရပါပြီနော်။

2.Passport နဲ့ Visa 🛂
နောက်တစ်ချက်အနေနဲ့ကတော့ ထိုင်းကိုမသွားခင် Passport နဲ့ Visa ကိုစစ်ဆေးရမှာဖြစ်ပါတယ်ရှင်။ အားလုံးသိထားတဲ့အတိုင်း မြန်မာကနေဆိုရင်တော့ အလည်အပတ်ဆို (14) ရက်အတွင်းဆို Visa မပါပဲ Passport ကိုင်ဆောင်ထားတာနဲ့တင် ရပါတယ်ရှင်။ Passport ကအနည်းဆုံး ကုန်ဆုံးရန်ကျန်ရှိချိန် ၆လအထက်ဖြစ်နေရပါမယ်ရှင်။

3. Money Exchange 💵
Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့ ။
ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသလောက်ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။ အများစုကတော့ Superrich Thai Exchange နဲ့ Rattana Supply ကနေ ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။
ATM တွေလည်းတော်တော်များများရှိပါတယ် 🪪

4. Seasons (ရာသီဥတု)
မြန်မာနိုင်ငံလိုပဲ နွေ၊ မိုး၊ ဆောင်း ဆိုပြီး (၃)ရာသီရှိပါတယ်။ အထူးသဖြင့် မိုးရာသီတွေဆို ထိုင်းနိုင်ငံဟာ သွားရလာရတာ အဆင်မပြေလှပါဘူး။ ကားလမ်းမထက်တွေအထိပါ ရေတွေတက်တာ ရွာရင် ဝုန်းဒိုင်းဆိုပြီး ချက်ချင်းရွာတာ၊ ရေအိုင်တာတွေ၊ ရေတွေနဲ့ စိုစွတ်စွတ်ဖြစ်ရတဲ့ထဲ Traffic ကြောင့် လမ်းတွေပိတ်တာ စတာတွေကြောင့် ထိုင်းရောက်လို့ လှလှလေးဝတ်ပြီး ဘန်ကောက်ရဲ့ အသက်ဖြစ်တဲ့ မုန့်စျေးတန်းတွေ ၊ ရှုခင်းလှလှလေးတွေကို လျှောက်လည်မယ်ဆို မိုးရာသီဟာ အဆင်မပြေဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ထိုင်းကို လာရောက်လည်ပတ်မယ်ဆို ရာသီဥတုကို အဓိကထားပြီး စဉ်းစားရပါမယ်ရှင်။

ထိုင်းနိုင်ငံရှိရာသီဥတုများအနေနဲ့
☀️နွေရာသီ- မတ်လ ၊ဧပြီလ ၊ မေလ
🌧️မိုးရာသီ -ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ၊အောက်တိုဘာလ
❄️ဆောင်းရာသီ-နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ဇန်နဝါရီလ၊ဖေဖော်ဝါရီလတို့ပဲဖြစ်ပါတယ်ရှင်။

5. နာမည်ကြီးပွဲတော်များ🎊
နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင်
✅ Chaung Mai ပန်းပွဲတော် 🌸(2-4February)
✅ တရုတ်နှစ်ကူး (Feb လထဲ) 🧧
✅ သင်္ကြန်ပွဲတော် (13-15 April) 🔫
✅ သရဲပွဲတော် (23-25June)
✅ သပ်သပ်လွတ်ပွဲတော် (3-10 October) အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။
✅ မီးမျှောပွဲ (15Nov)🪔

6. သွားလာရေးအတွက် အသုံးပြုရမည့် App များ

✅ Indrive - https://bit.ly/3TTHNFm

✅ Bolt - https://bit.ly/49GCdN6

✅ Grab - https://bit.ly/49tZO31

✅ Via bus - https://bit.ly/3YzfoX9

အခြား မရှိမဖြစ် သုံးသင့်တဲ့ App များ

✅ Hotel ငှါးဖို့ဆို Agoda - https://bit.ly/4445iA1

✅ အိမ်ပြောင်းဖို့ဆို Lala Move App - https://bit.ly/3Unh8lT

✅ အိမ်ငှါးဖို့ဆို Renthub - https://bit.ly/4b1lhBr

✅ Online Shop ဆို ဆော့ဝဲနှစ်ခုဆို
1. Lazada - https://bit.ly/3vUCa1E
2. Shopee - https://bit.ly/3JmnYBH

#ထိုင်း

လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ ✈️✈️🌹🌹🌹🌹🌹1. Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်)ရက်...
18/04/2024

လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ ✈️✈️

🌹🌹🌹🌹🌹

1. Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်)ရက်နီးလေ ဈေးကြီးလေပါ

2. လေယာဉ်လက်မှတ် ကြိုဝယ်တဲ့ အခါ Kg 30/40 ပါတာမျိုးကို တခါတည်း ရွေးဝယ်ပါ လေဆိပ်ရောက်မှ Kg ဝယ်ရရင် အရမ်းဈေးကြီးပါတယ်

3. လေယာဉ်မထွက်မှီ International ဆို 3 နာရီ ကြိုရောက်အောင် သွားပါ / Local ဆို 2 နာရီ ကြိုသွားပါ
( ထိုင်ခုံနေရာ ကောင်းကောင်း ရွေးဖို့ အတွက်ပါ )

4. လေယာဉ်ကွင်း ရောက်တာနဲ့ Check In ဝင်ရပါမယ် Check in ဝင်တဲ့ အခါမှာ Luggage 24” & 29” & 32” တို့ကို တခါတည်း အပ်ပြီး Boarding Pass (လေယာဉ်လက်မှတ် ) ထုတ်ရမှာပါ

5. Check in ဝင်ရင်း ကိုယ်လိုချင်တဲ့ Seat Number ကို တခါတည်းပြောလို့ရပါတယ်

6. ပြတင်းပေါက် နားကို Window seat လို့ ခေါ်ပါတယ် တခါတည်း ပြောပြီး ရွေးပါ

7. (Check in ဘယ်နေရာမှာ ဝင်ရမှန်း မသိတဲ့သူတွေအတွက် --> online က ဖြတ်ထားတဲ့ E-ticket ကို Print ထုတ်သွားပါ / ကိုယ်သွားမယ့် လေယာဉ် နံပါတ် နဲ့ အချိန်ကို မှတ်ထားပြီး လေယာဉ်ကွင်းရှိ LED Board / TV screen မှာ လေယာဉ်လက်မှတ်ထုတ်ရမယ့်နေရာကို Check-In လို့ခေါ်ပြီး line no A,B,C, D စသည်ဖြင့် ရေးထားပါတယ် မျှားညွှန်တဲ့ အတိုင်း သွားရင် ရပါပြီ)

8. Check-in ဝင်ဖို့ မလိုတဲ့ ပစ္စည်းများ
✅ Laptop / Power Bank / Ph / Tablet / အခြား တကိုယ်ရေတကိုယ်ထ သယ်ချင်တဲ့ ပစ္စည်းများ

9.. Check-in မှာ ထားခဲ့စရာမလိုတဲ့ Luggage Size (လေယာဉ်ပေါ် သယ်သွားလို့ ရတဲ့ size)
📌ပြည်ပ ဆိုရင် 20”/ 22” (7kg)
📌ပြည်တွင်း ဆိုရင် 20” (5kg)

10. Check In ပြီးတာနဲ့ Immigration ဖြတ်ရပါမယ်ရှင့် ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ

11. Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ လေယာဉ်ရပ်ထားတဲ့ နေရာကို ဆင်းရပါမယ် အာ့ကို Gate လို့ ခေါ်ပါတယ်

12. Gate 8/9/10 စသည်ဖြင့် ရှိပါတယ် အာ့ကို ကြည့်ပြီး ထိုင်စောင့်ရုံပါပဲ

16. Gate open လုပ်တဲ့ အခါမှာ သက်ကြီးရွယ်အိုနဲ့ Business class ကို အရင်ခေါ်ပါတယ် အာ့နောက်မှာမှ Economy က ဝင်လို့ရတာပါ
ဒီအထိက Check in ဝင်ပြီး လေယာဉ်ပေါ် ရောက်တဲ့ အထိပါ။

လေယာဉ်ဆိုက်ရောက်တဲ့ အခါ ဘယ်လိုဆက်သွားရမလဲ
- ပထမဆုံး လေယာဉ်ပေါ်က ဆင်းဆင်းချင်း Baggage Claim No ကို သေချာမှတ်ပါ ( မမှတ်မိပါက ဓာတ်ပုံ ရိုက်ထားပါ) မင်မင်ဆို ပုံရိုက်ထားပါတယ်

- Immigration ဖြတ်ပါ ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
- Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ
- Immigration ပြီးတာနဲ့ Baggage Claim ဖို့ သွားပါ ( များသောအားဖြင့် လေယာဉ်ပေါ်က ဆင်းတာနဲ့ Baggage claim တဲ့ နေရာထိကို တနာရီ ဝန်းကျင်ကြာပါတယ်) အာ့မှာ ကိုယ်အပ်ထားတဲ့ Luggage ကို ထုတ်ပါ
- Luggage ထုတ်ပြီး သက်ဆိုင်ရာ Taxi / Bus / BTS စသည့်ဖြင့် အလွှာလိုက် ခွဲထားတဲ့နေရာကို သွားပါ ။

လွတ်လပ်စွာ Share နိုင်ပါတယ်။

အဆင်ပြေချောမွေ့ကြပါစေ 🙏

Crd_မူရင်းရေးသူ

တောင်ပေါ်ခရီးလည်း သွားချင်တယ်လေအေးအေးနဲလည်းကိစ္စပီးချင်တယ်ဆိုဒီနေရာလေး ရှိ 🤣🤣PhotoCrd 😅
16/04/2024

တောင်ပေါ်ခရီးလည်း သွားချင်တယ်
လေအေးအေးနဲလည်းကိစ္စပီးချင်တယ်ဆို
ဒီနေရာလေး ရှိ 🤣🤣

Photo
Crd 😅

ကော့သောင်းမှာကျွန်းစုပေါင်း၈၀၀ကျော်ရှိပါတယ်..ဒီကျွန်းနံပါတ်လေးက၁၁၅ပါဘဲ..စိမ်းပြာရောင်ရေတွေဖြစ်တည်နေမူ့နဲ့သဘာဝလေသန့်တွေကိ...
14/04/2024

ကော့သောင်းမှာကျွန်းစုပေါင်း၈၀၀ကျော်ရှိပါတယ်..
ဒီကျွန်းနံပါတ်လေးက၁၁၅ပါဘဲ..
စိမ်းပြာရောင်ရေတွေဖြစ်တည်နေမူ့နဲ့သဘာဝလေသန့်တွေကိုရူ့ခွင့်ရခဲ့ပြီးတခဏငြိမ်းအေးမှု့တွေရှိခဲ့တဲ့နေရာလေးပါ💙💙

Crd
#စိတ်ရောင်စုံ

ပြည်တွင်းပြည်ပ လေယာဥ်လက်မှတ်များကို စျေးနှုန်းချိုသာ မှန်ကန်စွာဖြင့်ဝယ်ယူရရှိနိုင်ပါပီရှင်....
12/04/2024

ပြည်တွင်းပြည်ပ လေယာဥ်လက်မှတ်များကို စျေးနှုန်းချိုသာ မှန်ကန်စွာဖြင့်ဝယ်ယူရရှိနိုင်ပါပီရှင်....

မြန်မာပြည်တွင်း ခရီးသွားသောအခါ.... 😄photo crd
12/04/2024

မြန်မာပြည်တွင်း ခရီးသွားသောအခါ.... 😄

photo crd

သတိထားပေးကြပါ FYI 📣📣📣ထိုင်းကိုလာရင် Tourist Visa  ယူလာခဲ့ပါ။ ထိုင်းရောက်ရင် Extension 1 လထပ်တိုးလို့ရပါတယ်လို့ Sharing လ...
11/04/2024

သတိထားပေးကြပါ FYI 📣📣📣

ထိုင်းကိုလာရင် Tourist Visa ယူလာခဲ့ပါ။ ထိုင်းရောက်ရင် Extension 1 လထပ်တိုးလို့ရပါတယ်လို့ Sharing လုပ်နေတာလေးတွေ တွေ့ရပါတယ်။

ထိုင်းမှာ Tourist Visa 2 လ + Extension 1 လထပ်တိုးပြီးရင် နောက်တစ်ကြိမ်ပြည်ဝင်ခွင့် ခက်ခဲပါတယ်။

မနေ့က မြန်မာပြည်ကနေထိုင်းကို Tourist Visa နဲ့ လာတဲ့ခလေးတစ်ယောက်လေဆိပ်မှာ ရစ်ခံရပါတယ်။ သူက ကျနော့မိတ်ဆွေ Hotel တစ်ခုမှာ 2 ရက် Book ထားပါတယ်။ Show Money $ 400 ပါပါတယ်။ ကျနော့မိတ်ဆွေ ရဲ့မိတ်ဆွေ သူရဲ့တူဖြစ်တဲ့အတွက် မဖြစ်မနေ လေဆိပ်အရာရှိနဲ့ မောင်စိုင်း ဘာသာပြန်ပေးခဲ့ရပါတယ်။

လေဆိပ်အရာရှိပြောတာက သူသည် ဟိုတယ်ဘိုကင် အထောက်အထားပါပါတယ်။ Tourist Visa နဲ့လာတယ် သို့ပေမဲ့ အလည်အပါတ်အတွက် ထိုင်းနိုင်ငံထဲမှာ ဘယ်
သွားမယ် ဘယ်လာမယ်စသဖြင့် တစ်လုံးမှမေးလို့မရသည့်အတွက် ပြည်ဝင်ခွင့်ပေးလို့မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ၄င်းကို ထိုင်းနိုင်ငံအတွင်း Package Tour တွေကို စီစဉ်ပြီးမည်သူကရောင်းချပေးပါသလဲ မည်သူကအာမခံပေးပါသလဲစသဖြင့်မေးပါတယ်။ ကျနော့ကို ဘာသာပြန်ပေးဖို့ အကူအညီတောင်းလာတဲ့ကျနော့မိတ်ဆွေရဲ့ ထိုင်းနိုင်ငံထဲက အလုပ်အကိုင်နဲ့ ကိုယ်ရေးရာဇဝင်ပါ မေးပါတယ်။

ကျနော့မိတ်ဆွေ ဒုက္ခရောက်နိုင်သည့်အတွက် စကားကိုထိမ်းထိမ်းသိမ်းသိမ်းပြောပြပြီး ကျနော့မိတ်ဆွေသည် Hotel ပိုင်ရှင်ဖြစ်ကြောင်း ၊ Package Tour များကို စီစဉ်ပြီးရောင်းချပေးခြင်းမဟုတ်ကြောင်း ၊ ရပ်ဆွေ ရပ်မျိုးဖြစ်သည့်အတွက် ၄င်း၏ ဟိုတယ်တွင် ၂ ညတာတည်းခိုမည့်အတွက်သာ အာမခံပေးနိုင်ပါကြောင်းစကားပြန်ပေးလိုက်ပါတယ်။ လေဆိပ်အရာရှိမှ ၄င်းကိုပြည်ဝင်ခွင့်ပေးဖို့မကိုက်ညီကြောင်းပြည်ဝင်ခွင့်မပေးနိုင်ကြောင်းမေတ္တာရပ်ခံပါတယ်။

ထိုင်းနိုင်ငံမှာ မသိပဲ တစ်ချို့လူကုန်ကူးမူ့ကို ပေါ်ပေါ်တင်တင်လုပ်ကိုင် နေကြတဲ့ ပွဲစားတွေတစ်ပုံကြီးရှိပါတယ်။ လေဆိပ်မှာ Video ရိုက် လူလုံးပြ ၊ မြန်မာပြည်ကနေ ထိုင်းကိုတက်ရင် အပြီးအစီးဘယ်၍ ဘယ်မျှ လေဆိပ်အကြိုအပို့ပါ ထည့်ပြီး စီစဉ်ပေးကြပါတယ်။ ဘေးကကြည့်ရတာအတော်အသဲယားဖို့ကောင်းပါတယ်။ တစ်ချို့ဆို Video ဖိုင်နဲ့အတိအကျ ကြိုလိုက်ပြီ / ပို့လိုက်ပြီ စသဖြင့် Social Media Platforms များကတစ်ဆင့် Marketing ဆင်းကြပါတယ်။

၄င်းတို့ရဲ့ တစ်ချို့ခရီးသည်များက အိုးနင်းခွက်နင်းနဲ့ ရေခဲသေတ္တာ ယူပြန်တဲ့ဧည့်သည်ကိုကြည့်မလား ၊ ဗြုတ်စဗျင်းတောင်းတွေအများကြီးတွေ့ နိုင်ပါတယ်။အမှိုက်ကအစပြသာဒ်မီးလောင်တတ်ပါတယ် ။ ဂရုစိုက်ကြပါ။ ထိုင်းနိုင်ငံလေဆိပ်များမှာ သတိထားမိသွားပါက အတော်လေးခက်ခဲနိုင်တာမို့ မိမိရဲ့အသက်မွေးဝမ်းကြောင်းအတွက် ကြိုတင်ပြင်ဆင်ထားကြပါလို့ အပြုသဘောဆောင်တိုက်တွန်းပါတယ်။

Crd
ဘန်ကောက်လမ်းညွန်ကိုစိုင်း

 #နှင်းဆီနက် ...... ပေါက်ရောက်ရာမြေ.....Crd
10/04/2024

#နှင်းဆီနက် ...... ပေါက်ရောက်ရာမြေ.....

Crd

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09444450202

Website

Alerts

Be the first to know and let us send you an email when Zin Yaw Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category