26/09/2024
♻️ နေပြည်တော် လှေခွင်းတောင် အနီးတဝိုက်ရှိ ...
ရေဘေးသင့် ကျေးရွာများအား လှူဒါန်းမည့် အလှူ
ခရီးစဉ်...
🔸အထက်ပါခရီးစဉ်ကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွား
ဝန်ဆောင်မှုအသင်း နှင့် သုံးပါးရတနာ လူမူကူညီရေး
ကော်မတီ တို့ ပူးပေါင်းရျ် ကူညီလှူဒါန်းမူပြုလုပ်သွား
မည်ဖြစ်ပါတယ်။
🔸ဧည့်သည်တော်များမှ လှူဒါန်းလိုသော ဆေးဝါးများ
လူသုံးကုန်ပစ္စည်းများ ၊ အဝတ်အထည်များ ၊ စား
သောက်ကုန်များအား ပေးပို့လှူဒါန်းနိုင်သလို ...လိုအပ်
ပါက လာရောက်သည်ဆောင်ပေးပါမယ်ခင်ဗျ။😊
🔸ကိုယ်တိုင်ကိုယ်ကျလိုက်ပါလှူဒါန်းခြင်သော ဧည့်သည်
တော်များအတွက် အလှူရံပုံငွေလက်မှတ်ရောင်းချပေး
သွားပါမယ်ခင်ဗျ။😊
🔸28.9.24 ညနေရန်ကုန်မှAir Con Express မော်တော်
ယာဉ်ကြီးများဖြင့် ထွက်ခွာမှာဖြစ်ပြီး လှူဒါန်းမှူပြုလုပ်
မည့်ရွာအနီး (၁) ညအိပ်မှာပါခင်ဗျ။29.9.24 နေ့တွင်
လှူဒါန်းမူများပြီးစီးသွားပါက ရန်ကုန်မြို့သို့ပြန်လည်
ရောက်ရှိပါမယ် ခင်ဗျ။
🔸အလှူရံပုံငွေ လက်မှတ် တစ်ဦးလျှင် - ၃၅,၀၀၀ ကျပ်
ပါ။
🔸အသင်းမှ ယာဉ်ပိုင်ရှင်များက ကားအကူညီများစွာကို
စေတနာ ၊ သဒ္ဒါတရားထက်သန်မူများစွာ မေတ္တာဖြင့်
ကူညီပေးမူများကြောင့် လက်မှတ်ရောင်းချငွေများကို
ဆီဖိုးသာလျှင်အသုံးပြုမှာဖြစ်ပြီး ကျန်ရှိသော လက်
မှတ်ရောင်းချငွေများကို ရေဘေးအလှူထဲထည့်ဝင်သုံး
ဆွဲရျ် လိုအပ်သလိုလှူဒါန်းသွားမှာပါခင်ဗျ။
🔸လိုက်ပါလှူဒါန်းသော ဧည့်သည်တော်များကိုလည်း
ကော်မတီမှ ကျေးဇူးတုံ့ပြန်သောအားဖြင့် ...
29.9.24 (နေ့လည်စာ ) ဖြင့်ဧည့်ခံမှာဖြစ်ပြီး၊နေပြည်
တော်ရှိ မာရဝိဇရ ရုပ်ပွားတော်ကြီး နှင့် ဥပါတသန္တိစေ
တီတော် တို့အား ဝင်ရောက်ပို့ဆောင်ပေးသွားမှာပါ
ခင်ဗျ။
🔸DPTOA မှအသင်းဝင်ဂိတ်များတွင်၊ မည်သည့်ဂိတ်
မှာမဆို ဆက်သွယ်လှူဒါန်း ၊ လက်မှတ်ဝယ်ယူနိုင်ပါ
တယ်ခင်ဗျ။
🔸 (မှတ်ချက်) - အလှူပစ္စည်းမပါဝင်ဘဲ ၊ ကားလက်မှတ်
သီးသန့်ဖြင့်လိုက်ပါမူများ မပြုလုပ်ကြပါရန် မေတ္တာ
ရပ်ခံအပ်ပါတယ်ခင်ဗျ။
ရုံးအုပ် - 09427788448 / 09267620551
Crd:DPTOA