Charmful Land Travels Co., Ltd.

Charmful Land Travels Co., Ltd. Inbound & Domestic Travel & Tours Co.,Ltd. Charmful Land Travels & Tours Co., Ltd.

formerly known as “Oriental Comet (Myanmar) Travels Co., Ltd.” established at Yangon since 1994 under the Ministry of Hotels and Tourism Co., Ltd.

FYI
22/04/2022

FYI

ထိုင်းနိုင်ငံမှာ မေလ ၁ ရက်နေ့မှစပြီး Test & Go ဖြုတ်လိုက်ပါပြီ

ကွါရန်တင်းမလိုတေါ့ပါဘူး ။ ကျန်းမာရေးစေါင့်ရှောက်မူ့အါမခံ Issuance နှင့် Edit - Thai Pass လိုပါအုံးမည်။

✅ PCR-Test မလိုအပ်တေါ့ပါ။

✅ Edit -💢 ( Thai Pass လိုပါသေးတယ် ) 💢

✅ စျေးကြီးတဲ့ SHA++ ဟိုတည်တည်းစရာမလိုတေါ့ပါ

✅ ကျန်းမာရေးစေါင့်ရှောက်မူ့အါမခံ ယခင် USD 20,000 မှ 10,000 အထိလျော့ချ ခဲ့ပါသည်။

လိုအပ်ရင်တေါ့ ATK Test စစ်ဆေးဖို့လိုအပ်မည်ဖြစ်ကြောင်းသိရပါသည်။

ထိုင်းနိုင်ငံသို့ယခင်လ်ို လါရောက်လည်ပါတ်နိုင်ပြီဖြစ်ကြောင်းသတင်းကေါင်းပါးအပ်ပါသည်။

Source- Khaosod English News

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

၁၉-၁-၂၀၂၁ နေ့ သတင်းအရပြည်နယ် နှင့် တိုင်းများရှိ ဖွင့်လှစ်ထားရှိသော ဟိုတယ်/တည်းခိုရိပ်သာများ စာရင်း  #နှစ်လိုဖွယ်မြေခရီး...
27/01/2021

၁၉-၁-၂၀၂၁ နေ့ သတင်းအရ

ပြည်နယ် နှင့် တိုင်းများရှိ ဖွင့်လှစ်ထားရှိသော ဟိုတယ်/တည်းခိုရိပ်သာများ စာရင်း


#နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်း

Happy Karen New Year
13/01/2021

Happy Karen New Year

🛫 ပြည်တွင်းခရီးသွားများအတွက် 🛬
14/12/2020

🛫 ပြည်တွင်းခရီးသွားများအတွက် 🛬

📣 ပြည်တွင်းခရီးသွားများအတွက် ခရီးသွားအသိပေးချက်

✈️ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေးဆွဲသွားမည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံ လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေကြောင်းလိုင်းများတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များ၊ လေကြောင်းလိုင်းဝန်ထမ်းများနှင့် လေဆိပ်ဝန်ထမ်းများအားလုံး လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တရားဝင်ထုတ်ပြန်ပေးသည်နှင့်တပြိုင်နက် လေဆိပ်အသုံးပြုသူများ အချိန်နှင့်တပြေးညီ သိရှိ နိုင်ပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တရားဝင်စာမျက်နှာများတွင် ပြန်လည်ဖော်ပြသွားပါမည်။

လေယာဉ်စီးနင်းမည့်ခရီးသည်များအနေဖြင့် MoHS မှ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို အစဉ် လိုက်နာပြီး မိမိတို့၏ခရီးစဉ်ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါ ရန် အကြုံပြုလိုပါသည်။

✅ တရားဝင်လေယာဉ်လက်မှတ်၊ ✅ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ✅ ၃၆ နာရီအတွင်း စစ်ဆေးထားသော Covid ကင်းရှင်းကြောင်း ဆေးစစ်ချက်တို့ကို လက်ဝယ်ကိုင်ဆောင်ထားသော ခရီးသည်များကိုသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး ဖော်ပြပါစာရွက်စာတမ်းများ ပြည့်စုံခိုင်လုံမှုမရှိသည့် ခရီးသည်များကို လေဆိပ်အဆောက် အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ပါ။

ခရီးသည်များအနေဖြင့် ပြည်တွင်းလေဆိပ်အဆောက်အအုံသို့ဝင်ရောက်ရန် ဂိတ်အမှတ် - ၄ ကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လိုအပ်သော လုံခြုံရေးစစ်ဆေးမှုများခံယူရပါမည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေဆိပ်အသုံးပြုသူများအတွက် လုံခြုံစိတ်ချမှုရှိပြီး သန့်ရှင်းသည့် ဝန်းကျင်တစ်ခု ဖြစ်စေရန် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလိုအပ်ချက်နှင့်လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်သွားပါမည်။

လေဆိပ်အသုံးပြုသူခရီးသည်များအနေဖြင့် ဖော်ပြပါအချက်အလက်များကို သိရှိလိုက်နာပြီး ဘေးကင်းလုံခြုံစိတ်ချမှုရှိသော ခရီးစဉ်များဖြစ်စေရန် ဆက်လက်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

************************************************

📣 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲

✈️ 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐅𝐥𝐢𝐠𝐡𝐭𝐬 𝐭𝐨 𝐫𝐞𝐬𝐮𝐦𝐞 𝐟𝐫𝐨𝐦 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 16

According to the notification issued by The National-Level Committee on Prevention, Control and Treatment of Coronavirus Disease 2019 (COVID-19), domestic Flights operations will recommence following the standard operating procedures starting from December 16, 2020.


Required health and safety procedures for passengers, airlines personnel and airport staffs will be issued by Ministry of Health and Sports and DCA, and YACL will release update information in a timely manner to airport users.

Domestic travellers are advised to follow the health and safety protocols from MoHS and contact with your respective airlines for the required travel arrangements.

The Terminal will be ONLY open to Passengers with all 3 documents: ✅ valid ticket, ✅ Identification, and ✅ 36 Hour Covid Test Result. Passengers will not be allowed in the Terminal if required documents are incomplete.

All Passengers are to enter Terminal 3 and proceed with security check via Gate 4.

Yangon International Airport will implement all necessary public health requirements and procedures, to provide a safe and clean environment for our airport users.

Thank you for your understanding, and we look forward to serving you again!

ဒီဇင်ဘာ ၁၆၊ ၂၀၂၀ နေ့ကစပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေ စတင် ပျံသန်းပြေးဆွဲတော့မည်။  #နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်း
12/12/2020

ဒီဇင်ဘာ ၁၆၊ ၂၀၂၀ နေ့ကစပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေ စတင် ပျံသန်းပြေးဆွဲတော့မည်။


#နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်း

တက္ကသိုလ် နှစ်တစ်ရာပြည့် ကလည်း စည်ချက် ....တန်ဆောင်တိုင်လပြည့်နေ့ကလည်း စည်ချက် ....အမိန့်ကြေငြာချက်ကတော့ ခရီးတွေထွက်ဖို့...
30/11/2020

တက္ကသိုလ် နှစ်တစ်ရာပြည့် ကလည်း စည်ချက် ....

တန်ဆောင်တိုင်လပြည့်နေ့ကလည်း စည်ချက် ....

အမိန့်ကြေငြာချက်ကတော့ ခရီးတွေထွက်ဖို့အတွက် ....

ဝေးနေဆဲပဲလား ...


#နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်း

28/11/2020
သီတင်းကျွတ်ရက်မြတ်အခါသမယနေ့တွင် ကျွန်တော်များ  #နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်းမှ ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကပ်ရောဂါဆိုးကြီ...
30/10/2020

သီတင်းကျွတ်ရက်မြတ်အခါသမယနေ့တွင် ကျွန်တော်များ #နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်းမှ ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးပြီး ငြိမ်းချမ်းသာယာစွာ အရာအားလုံးကို ကျော်ဖြတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည် ...။

#အဘိဓမ္မာအခါတော်နေ့

ဘုရားရှင်သည် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသည့်
သန္တုသိတ နတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူပါသည်။ ဆွမ်းဘုဉ်းပေးချိန်တွင် နိမ္မိတရုပ် ဖန်ဆင်း၍ အဘိဓမ္မာတရားတော်ကို
ဆက်လက်ဟောကြားစေပြီး ဘုရားရှင်သည် လူ့ပြည်ဆင်း၍ ဆွမ်းဘုဉ်းပေးရင်း
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား တာဝတိံသာ နတ်ပြည်တွင် ဟောကြားသည့်
အဘိဓမ္မာတရား အကျဉ်းချုပ်ကို ထပ်ဆင့် ဟောကြားပေးပါသည်။ ရှင်သာရိပုတ္တရာကလည်း
တပည့်ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်အားဖြင့် ဆက်လက်ဟောကြားပါသည်။
ဝါတွင်းသုံးလပြီးမြောက်၍ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားဟောကြားခြင်း
ပြီးဆုံးအောင်မြင်ပါသည်။ တာဝတိံသာ နတ်ပြည်တွင် အကျယ်ဟောကြားတော်မူသည့်
အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နည်းတူ လူ့ပြည်တွင် အရှင်သာရိပုတ္တရာအား
ဟောကြားတော်မူသည့် အဘိဓမ္မာအကျဉ်းချုပ် နှင့် ဆက်လက်ဟောကြားသည့်
မကျဉ်းမကျယ်တို့သည်လည်း ထို့နေ့တွင် ပြီးဆုံးအောင်မြင်ပါသည်။ သို့ဖြစ်ရာ
သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာတရားအောင်ပွဲ့နေ့ ဖြစ်ပါသည်။
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့ကို သီတင်းကျွတ်မီးထွန်းပွဲတော်
နည်းတူ အဘိဓမ္မာအခါတော်နေ့ အဖြစ်လည်း ကျင်းပပြုလုပ်ကြပါသည်။
ဝတ်အသင်းအဖွဲ့များသည် ဘုရားစေတီများသို့ အဖွဲ့လိုက်သွားရောက်၍ အဘိဓမ္မာပါဠိတော်များ၊
ပဋ္ဌာန်းပါဠိတော်များ ရွတ်ပွားခြင်း၊ အဘိဓမ္မာ အခါတော်နေ့အကြောင်း ဟောပြောခြင်း၊
ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်း စသည် ဆောင်ရွက်ကြပါသည်။

#ဝါကျွတ်ကန်တော့ပွဲ
ရဟန်းသံဃာတော်များ၏ ပဝါရဏာပွဲတွင် သံဃာအချင်းချင်း ဖိတ်ကြား
ပန်ကြားမှု အစဉ်အလာသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ လူနေမှုဘဝ မိသားစုဝင်များ၊
ဆရာ တပည့်များအတွင်း ကူးစက်ပုံဖော်ထားသည်မှာ ဝါကျွတ်ကန်တော့ပွဲ ဖြစ်ပါသည်။
ဆွေမျိုး မိသားစုတွင် ဘိုးဘွားမိဘများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းဌာန၊ ရုံးဌာနတွင်
ဆရာသမားနှင့် ဌာနအကြီးအကဲတို့အား မိသားစုဝင်များ တပည့်များက သီတင်းကျွတ်လပြည့်
ဝန်းကျင်တွင် မိမိတို့တတ်နိုင်သည့် ပစ္စည်းဝတ္တုများ၊ မုန့်သစ်သီး စားဖွယ်သောက်ဖွယ်များဖြင့်
တစ်ဦးချင်း တစ်ဖွဲ့ခြင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ကန့်တော့ကြသည်။
ဘုရားရှစ်ခိုး သြကာသကန်တော့ချိုးကို ရွတ်ဆို၍ဖြစ်စေ၊ ဦးသုံးကြိမ်ချ၍ဖြစ်စေ၊
အများစုဖြစ်လျှင် တစ်ဦးကတိုင်ပေးသည်ကို လိုက်ဆို၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊
မနောကံ ပြစ်မှားမှုများရှိပါက ခွင့်လွှတ်ပါမည့်အကြောင်း ကန့်တော့ကြသည်။
ကန်တော့ခံဘိုးဘွား မိဘများနှင့် ဆရာသမား အကြီးအကဲများက ဦးစွာတတ်သမျှမှတ်သမျှ
ဆုပေးကြပြီး ဆက်လက်၍ သြဝါဒ ဆုံးမစကား ချီးမြှင့်ပေးကြသည်။ ကန်တော့ပြီးပါက
ကန်တော့ခံသူများကလည်း မိမိတို့တတ်နိုင်သမျှ ငွေစကြေးစ ထုတ်၍ ကန်တော့ကြသူ
ကလေးသူငယ်များအား မုန့်ဖိုးဝေငှပေးကြသည်များလည်း ရှိလေသည်။ ကန်တော့လျှင်
မုန့်ဖိုးရ၍ ပျော်ရွှင်သွားသော သားငယ် သမီးငယ် မြေးငယ်လေးများအားကြည့်၍
ဘိုးဘွားမိဘများလည်း ပျော်ရွှင်သွားကြသဖြင့် မိသားစု စည်းလုံးမှုကို တိုးပွားစေသော
ဝါကျွတ်ကန်တော့ပွဲတစ်ခုလည်း ဖြစ်ပါသည်။
တင်အောင်ထွန်း (သုတေသန)

  #နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်း
27/10/2020


#နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်း

ပြည်တွင်း လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှု ယာယီရပ်ဆိုင်းခြင်းကို နိုဝင်ဘာလ (၁၅)ရက်နေ့အထိ ထပ်မံတိုးမြှင့် ...  #နှစ်...
27/10/2020

ပြည်တွင်း လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှု ယာယီရပ်ဆိုင်းခြင်းကို နိုဝင်ဘာလ (၁၅)ရက်နေ့အထိ ထပ်မံတိုးမြှင့် ...


#နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်း

 #အင်းလေးရေပေါ်ဈေး ဆယ်စုနှစ်တစ်ခုအကြာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ အင်းလေးရေပေါ်ဈေးဟာ Covid-19 ရောဂါကူးစက်ပြန့်ပွားခြင်းကိ...
08/10/2020

#အင်းလေးရေပေါ်ဈေး


ဆယ်စုနှစ်တစ်ခုအကြာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ အင်းလေးရေပေါ်ဈေးဟာ Covid-19 ရောဂါကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်တဲ့အနေနဲ့ အင်းလေးမှာရှိတဲ့ ဈေးတွေကို ယာယီရောင်းချခွင့်ပိတ်ထားတဲ့အချိန်မှာ ပြန်လည်ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်တယ်။

အင်းလေးဒေသရဲ့ အမွေအနှစ်တခုအဖြစ်ရပ်တည်ခဲ့တဲ့ ရေပေါ်ဈေးဟာ ပြည်ပဧည့်သည်များရဲ့ ဝင်ရောက်လည်ပတ်မှုနှုန်းများလာတဲ့အခါ ရှေးဟောင်းပစ္စည်းများနဲ့ အမှတ်တရပစ္စည်းများ ရောင်းချလာခြင်းကြောင့် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားခဲ့ရတဲ့ ရေပေါ်ဈေး ယခုတစ်ဖန် ပြန်လည်ပေါ်ပေါက်လာမှုဟာ အလွန်တရာကျေနပ်စရာ ကိစ္စရပ်တစ်ခုပါ။

ယခုအတိုင်း ဒေသထွက်သီးနှံနဲ့ လက်မှုပစ္စည်းများရောင်းချတဲ့ ရေ‌ပေါ်ဈေးကလေး ရေရှည်တည့်တံ့ဖို့အတွက် ဝိုင်းဝန်းကြိုးစားကြပါစို့လားခင်ဗျာ ...။

#နှစ်လိုဖွယ်မြေခရီးသွားလုပ်ငန်း

Address

No. 6, Myanmar ThiriLinka Rama Kyaung Street, Nat Chaung Ward, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959899446677

Alerts

Be the first to know and let us send you an email when Charmful Land Travels Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Charmful Land Travels Co., Ltd.:

Share

Category