Mile To Connect Myanmar Travel & Tours

Mile To Connect  Myanmar Travel & Tours Licensed Travel Agency under Ministry of Hotel & Tourism

ကမ္ဘာပါ်က မျက်ဝန်းလှလှတွေ နဲ့ မျက်လုံးချင်းဆုံ ရင်တွေခုန် 🤩
10/07/2020

ကမ္ဘာပါ်က မျက်ဝန်းလှလှတွေ နဲ့ မျက်လုံးချင်းဆုံ ရင်တွေခုန် 🤩

 # #ခရီးအတူတူသွားလို့ အ​ကောင်းဆုံး လူ ( ၁၀ )မျိုး  # ကပ်ကြီးပြီးရင် ခရီးတွေ သွားကြမယ်နော်.... #💃💃✈️✈️🚕🚕🚆🚆⛴🌎🌎ခရီးသွားတယ်ဆ...
23/05/2020

# #ခရီးအတူတူသွားလို့ အ​ကောင်းဆုံး လူ ( ၁၀ )မျိုး

# ကပ်ကြီးပြီးရင် ခရီးတွေ သွားကြမယ်နော်.... #💃💃✈️✈️🚕🚕🚆🚆⛴🌎🌎

ခရီးသွားတယ်ဆိုတာ လှပတဲ့ နေရာတွေ သွားတယ် ရောက်ခဲ့တယ်တင် မကပါဘူး …သင်ကိုယ်တိုင် နောင်တချိန်မှာသာမက တသက်တာလုံး ရင်းနှီးချစ်ခင်မှုကို ရသွားစေမဲ့ မိတ်ဆွေတွေ အမှတ်တရတွေကို ပိုင်ဆိုင်နိုင်ခြင်းလည်းဖြစ်ပါတယ် …

အခက်အခဲတွေ ရှိလာတဲ့အချိန်အတူတူဖြေရှင်းပေး ၊ ကူညီပေးမဲ့မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေကို အမြဲတမ်းရှာဖွေနေကြရတာပါပဲ…ခရီးသွားရင်းနဲ့လည်း မိတ်ဆွေကောင်းတွေ ကိုယ့်အတွက် အကောင်းဆုံးသူငယ်ချင်းတွေ မိတ်ဆွေတွေကြား ပိုပြီးရင်းနှီးမှုတွေကို ရရှိခံစားနိုင်စေပါတယ်..။ အပျော်ခရီး ၊ ရက်ရှည်ခရီးတွေ ထွက်ကြလို့ ကိုယ့်အတွက် ခရီးသွားဖော်ကောင်းတွေ ပါလာပြီဆိုရင် အဲဒီခရီးစဉ်ဟာ အလိုလို ပျော်စရာကောင်းပြီး ပိုပြီးလှပ နေတော့မှာ အသေအချာပါပဲ..။ကိုယ်မလေ့လာဖူးသေးတဲ့ မမြင်ဖူး မတွေ့ဖူးသေးတဲ့ နေရာတွေ မသိသေးတဲ့ အရာတွေ တစ်ခါမှ try မကြည့်ဖူူးသေးတဲ့ အရာတွေ(စသဖြင့်) ကမ္ဘာမှာ အများကြီး ရှိနေပါသေးတယ် ..။ခရီးတစ်ခုကို ၂ယောက်တည်းပဲ သွားသွား ၊ အဖွဲ့လိုက်ပဲ သွားသွား ကိုယ်နဲ့အတူတူသွားတဲ့ သူရဲ့ ခရီးသွားဖော်ဟာ ခရီးစဉ်တလျှောက် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ် ..။

အခု Admin က ခရီးအတူတူသွားလို့ အကောင်းဆုံး လူ ၁၀ မျိုးကို ပြောပြမယ်နော် ..။

အားလုံးဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာကြပါစေ....
10 People to Travel with
to Connect Travel & Tours

15/05/2020

အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ စတင်ပျံသန်းမည့်ရက်များ ဖြစ်ပါတယ်။

- ✈️ Myanmar National Airlines
ဇွန်လ ( ၁၆) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Vietnam Airlines
ဇူလိုင်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Korean Airlines
ဇွန်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Singapore Airlines
ဇူလိုင်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Fly Dubai
ဇူလိုင်လ ( ၂) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ All Nippon Airways
ဇွန်လ ( ၁၆) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Myanmar Airways International
လက်ရှိတွင် Relief flight များ ပျံသန်းပြေးဆွဲလျက်ရှိပြီးစတင်ပျံသန်းမည့်ရက်မသိရသေးပါ။

- ✈️ Nok Air
ဇူလိုင်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Air Asia
ဇွန်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Jet Star
ဇူလိုင်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Bangkok Airways
အောက်တိုဘာလ (၂၅) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Thai Airways
ဇူလိုင်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Malaysia Airlines
စက်တင်ဘာလ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ China Southern Airlines
ဇူလိုင်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ China Airlines
ဇွန်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

- ✈️ Cathay Dragon
ဇူလိုင်လ ( ၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပျံသန်းပြေးဆွဲမည်

Source : FB 🇲🇲

Update News ........​လေယာဥ်​ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်း တိုးမြှင့်ကာလDate : 14 May 2020 • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တ...
15/05/2020

Update News ........
​လေယာဥ်​ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်း တိုးမြှင့်ကာလ
Date : 14 May 2020

• ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ ကို မေလ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံ၍တိုးမြှင့်လိုက်ပြီ ဖြစ်ပါသည်။

ပြည်တွင်းခရီးစဉ်များအား လေကြောင်းလိုင်းအချို့မှ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိပါသည်။

ခရီးသည်များအနေဖြင့် မိမိတို့ လေကြောင်းခရီးစဉ်အား စီစဥ် ၊ ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများ၊ ခရီးသွားအေဂျင်စီများကို ဆက်သွယ်မေးမြန်းနိုင်ပါရန် အကြုံပြုလိုပါတယ်။

အသေးစိတ်သိရှိလိုပါက https://bit.ly/2Z3sgrC တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာ့နှစ်သစ်ဦး မေတ္တာစကားကမ္ဘာတဝှမ်းးနှင့်မြန်မာနိုင်ငံတော်အတွင်းမှီတင်း နေထိုင်ကြကုန်သောကမ္ဘာသူ ကမ္ဘာသားနိုင်ငံသူနိုင...
17/04/2020

မြန်မာ့နှစ်သစ်ဦး မေတ္တာစကား

ကမ္ဘာတဝှမ်းးနှင့်
မြန်မာနိုင်ငံတော်အတွင်း
မှီတင်း နေထိုင်ကြကုန်သော
ကမ္ဘာသူ ကမ္ဘာသား
နိုင်ငံသူနိုင်ငံသားအပေါင်းတို့

မိဘနဲ့ သားသမီး
ဆရာနှင့်တပည့်
လူကြီးနှင့် လူငယ်တို့သည်
တစ်ဦးကို တစ်ဦး
စောင့်ရှောက် လေးစားနိုင်ကြပါစေကုန်သတည်း။

ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတို့သည်လည်း
ရိုင်းပင်း ချစ်ခင်နိုင်ကြပါစေကုန်သတည်း။

အိမ်အနီးအနားချင်းတို့သည်လည်း
ရင်းနှီး ယုံကြည်နိုင်ကြပါစေကုန်သတည်း။

သဘာဝမတူ
အဖွဲ့ကွဲသူတို့သည်လည်း
အမြင်ကျယ်၍
လက်တွဲနိုင်ကြပါစေကုန်သတည်း။

သက်ဆိုင်ရာ ဘာသာတရား အသီးသီးတို့၏
ကောင်းမြတ်သော
အဆုံးအမအရိပ်အာဝါသ အောက်တွင်
အေးချမ်းပျော်ရွှင်စွာ
နေထိုင်နိုင်ကြပါစေကုန်သတည်း။

တစ်ဦးအပေါ် တစ်ဦး
ကြည်နူး ခင်မင်စွာ
မေတ္တာပေး မေတ္တာရယူကြပြီး
နားလည်မှု ကြီးမားစွာဖြင့်
အခက်အခဲများကို
ကျော်လွှားနိုင်ကြပြီး
ရည်မှန်းချက် ပန်းတိုင်ကို
အတူ လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။

ဓမ္မဒူတ အရှင်ဆေကိန္ဒ

ယနေ့ updateအထူးကိစ္စများမှလွဲ၍Passenger လေကြောင်းသွားလာရေးကို မတ် ၃၀ မှ ဧပြီ ၁၃ အထိ ပိတ်ထား
29/03/2020

ယနေ့ update
အထူးကိစ္စများမှလွဲ၍Passenger လေကြောင်းသွားလာရေးကို မတ် ၃၀ မှ ဧပြီ ၁၃ အထိ ပိတ်ထား

🗣️လက်ရှိကာလအတွင်း ခေတ္တရပ်နားမည့်လေကြောင်းလိုင်းခရီးစဉ်များနှင့်ရပ်နားမည့်အချိန်များ🗣️🛩️𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬🛩️ 🧳Yan...
22/03/2020

🗣️လက်ရှိကာလအတွင်း ခေတ္တရပ်နားမည့်လေကြောင်းလိုင်းခရီးစဉ်များနှင့်
ရပ်နားမည့်အချိန်များ🗣️

🛩️𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬🛩️

🧳Yangon-Bangkok-Yangon
UB-019 နှင့် UB-020 Morning Flight မျမတ်လ (၂၂) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိရပ်နားထားမည်။

🛩️𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬🛩️

🧳Yangon-Bangkok-Yangon
UB-019 နှင့် UB-020 Morning Flight များ မတ်လ (၂၂) ရက်မှ မတ်လ (၃၁) ရက်အထိရပ်နားထားမည်။

🛩️𝐓𝐡𝐚𝐢 𝐀𝐢𝐫𝐰𝐚𝐲𝐬 🛩️

🧳Yangon-Bangkok-Yangon
TG2301 နှင့် TG2302 (WE301/302) ခရီးစ်များ မတ်လ ၂၉ရက်နေ့မှစ၍ အောက်တိုဘာလ ၃၁ ရက်
နေ့အထိရပ်နားထားမည်။

🛩️𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 🛩️

🧳Myanmar- Vietnam ခရီးစဉ်အားလုံးမတ်လ ၂၂ရက်နေ့မှ ဧပြီလ ၃၀
ရက်နေ့အထိ ရပ်နားထားမည်။

🛩️𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐀𝐢𝐫𝐥𝐢𝐧𝐞𝐬 🛩️

🧳Yangon-Singapore-Yangon
SQ997 နှင့် SQ998 ခရီးစဉ်များ
မတ်လ (၂၃)ရက်မှ ဧပြီလ (၃၀) ရက်အထိတစ်ပတ်တွင် တနင်္လာ၊ဗုဒ္ဓဟူး နှင့် သောကြာ(၃)ရက်တွင်သာပျံသန်းပြေးဆွဲသွားမည်။

🛩️𝐐𝐚𝐭𝐚𝐫 𝐀𝐢𝐫𝐰𝐚𝐲𝐬🛩️

🧳Yangon-Doha-Yangon ခရီးစဉ်များ မတ်လ ၂၄-၂၆-၂၇-၂၉-၃၀-၃၁ ရက် နှင့်
ဧပြီ၊ မေလ (၂)လလုံးရပ်နားမည်။

🛩️𝐊𝐨𝐫𝐞𝐚𝐧 𝐀𝐢𝐫 🛩️

🧳ICN-RGN-ICN - KE471 နှင့် KE472 ခရီးစဉ်များမတ်လ (၉) ရက်မှ ဧပြီလ (၃၀)ရက်အထိထပ်တိုးရပ်နားသွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်းများမှ အသိပေးအကြောင်းကြားထားပါသည်။

Address

No 53 B, Myint Zu Street 1, 8 Ward, Parami, Yankin
Yangon

Alerts

Be the first to know and let us send you an email when Mile To Connect Myanmar Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mile To Connect Myanmar Travel & Tours:

Shortcuts

Share

Category