ISM Travel & Tours

ISM Travel & Tours Airtickets and Hotels

Intrepid Steps Myanmar Travel & Tours is one of the Tour Company in Yangon (Myanmar), providing comprehensive services for groups and individuals to our country.We only respect our client’s satisfactions.We are ready to serve you & let me take care your visit to Myanmar.

တကယ်လို့သင်ဟာ ခရီးသွားခရေဇီတစ်ယောက်ဆိုရင် အတတ်နိုင်ဆုံးငွေကုန်ပေါက်နည်းစေမယ့် ချွေတာရေးနည်းစဉ်တွေကို သိထားဖို့တော့လိုတာပ...
31/12/2023

တကယ်လို့သင်ဟာ ခရီးသွားခရေဇီတစ်ယောက်ဆိုရင်
အတတ်နိုင်ဆုံးငွေကုန်ပေါက်နည်းစေမယ့်
ချွေတာရေးနည်းစဉ်တွေကို
သိထားဖို့တော့လိုတာပေါ့။
အရင်ကမသိခဲ့လို့ မချွေတာဖြစ်ခဲ့ရင်တောင်
နောက်ချွေတာနိုင်ဖို့ ရှောင်သင့်တဲ့အကြံပြုချက်အချို့ကို
စုစည်းဖော်ပြပေးလိုက်ပါတယ်။ ။...🥰😘

အချစ်
31/12/2023

အချစ်

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မင်္ဂလာနှစ်သစ်ကလေးကို ပိုင်ဆိုင်နိုင်ကြပါစေ
31/12/2023

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ
မင်္ဂလာနှစ်သစ်ကလေးကို ပိုင်ဆိုင်နိုင်ကြပါစေ

တော်တော်လေးကို ရှုပ်ထွေးတဲ့ သိပ္ပံစီမံကိန်းတစ်ခု ဖြစ်လို့ သူတို့ အယောက် ၇၀ စလုံးက အလုပ်ထွက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။အလုပ်က...
29/12/2023

တော်တော်လေးကို ရှုပ်ထွေးတဲ့ သိပ္ပံစီမံကိန်းတစ်ခု ဖြစ်လို့ သူတို့ အယောက် ၇၀ စလုံးက အလုပ်ထွက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။

အလုပ်က နေ့မအား၊ ညမအား
နေ့လည်း မနားရ၊ ညလည်း မနားရ၊
ထမင်စားချိန်တောင် သတ်သတ်မှတ်မှတ်မရကြတဲ့ ဘ၀ဆိုတော့ လူတွေက ကြာတော့ ညစ်လာတယ်။ အလုပ်ထွက်ဖို့တော့ သူတို့အားလုံး ခေါင်းထဲမှာ ရှိပေမယ့် အဲဒီကိစ္စကိုတောင် တေ့တေ့ဆိုင်ဆိုင် မစဉ်းစားဖြစ်ကြသေးပါ။

တစ်နေ့တော့ သိပ္ပံပညာရှင်တစ်ယောက်က အရဲစွန့်ပြီး သူ့သူဌေးဆီကိုလာပြီးပြောတယ်။
" ဆရာ၊ ကျွန်တော့်ကလေးတွေကို မြို့ထဲမှာ ပြမယ့် ပြပွဲတစ်ခုကို ခေါ်သွားမယ်လို့ကတိပေးခဲ့တယ်။ အဲဒါကြောင့် ညနေ ၅ နာရီ ၃၀ လောက် ရုံးက ပြန်ချင်ပါတယ် ဗျာ " ဆိုပြီး ခွင့်တောင်းတယ်။
သူဌေး က ...
“ အိုကေ၊ သွားလေ၊ မင်း ဒီနေ့တော့ စောစောနားလိုက်ပေါ့ .." လို့ ပြန်ဖြေတယ်။
သူဌေးဖြစ်သူက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်ပျော်သွားတယ်။ အဲဒါနဲ့ပဲ သူ့အလုပ်ကို လက်စသတ်နိုင်အောင် စပြီး လုပ်တော့တာပါ။ အလုပ်ပြီးအောင်ဆိုပြီး နေ့လယ်စာတောင် ပြီးစလွယ်စားပြီး အလုပ်လုပ်တယ်။ အလုပ်ဟာ မြန်မြန်ပြီးအောင် တွန်းလုပ်လေ၊ သူ့ အလုပ်တွေက မပြီးလေ၊ မပြီးလေ တွန်းလုပ်လေ၊ အဲဒီလိုကြီးကို လုံးလည်ချာလည် ဖြစ်နေတယ်။ ဒီစိမံကိန်းမှာလည်း သူ့တာဝန်ဟာ ကြီးလေးတဲ့ အစိတ်အပိုင်းတစ်ခု၊ အရေးပါတဲ့ အခရာ တစ်ခုအနေနဲ့ ပါဝင်နေတဲ့အတွက် အမှားလည်း မဖြစ်ချင်ဘူး ။ ဒါကြောင့် ကြိုးစားပြီးလုပ်တယ်။ တစ်ချိန်ကျတော့ ပုံသေနည်းတစ်ခုကို စဉ်းစားရင်း အချိန်ကို ကြည့်လိုက်တော့ အချိန်က ည ၈း၃၀ ၊
" ဗုဒ္ဓေါ ..."
" ငါ ကလေးတွေကို ကတိပေးထားခဲ့တာပဲ၊ ဆရာကလည်း ခွင့်ပြုထားတာပဲ ။ ဒုက္ခပါပဲ "
သူ ဘယ်လိုမှ နေထိုင်လို့ မရတော့၊
အလုပ်လည်း ဆက်လုပ်လို့ မရတော့ဘူး။

သူဌေးကို ပြောပြဖို့ ရှာတော့ သူဌေးကို မတွေ့တော့ဘူး။
အဲဒါနဲ့ပဲ အလုပ်နားပြီး အိမ်ကို ပြန်သွားလိုက်တော့တယ်။
တစ်လမ်းလုံးလည်း ကလေးတွေကို ပေးခဲ့တဲ့ ကတိတွေကို ပြန်တွေးပြီး ကတိဖျက်ခဲ့ရသလို ဖြစ်တဲ့အတွက် စိတ်မကောင်းခြင်းကြီးစွာနဲ့ အပြစ်ရှိသလို ဝမ်းနည်းမိတယ်။

သူ အိမ်ပြန်ရောက်တော့
ကလေးတွေက အိမ်မှာ ရှိမနေပါ။

သူ့ အမျိုးသမီးကတော့ ဧည့်ခန်းမှာထိုင်ပြီး စာဖတ်နေတယ်။
နွမ်းတိနွမ်းလျဲ့ သူ့ပုံစံကို အကဲခတ်ကြည့်ပြီး ဇနီးက မေးတယ်။

" ကော်ဖီသောက်မလား ၊ တစ်ခုခု အရင်စားမလား "
" လုပ်ချင်တာ လုပ်ပါ၊ ကလေးတွေရော "
" အင် .. ၊ ရှင် မသိဘူးးလား "
အမျိုးသမီးက အံ့ဩသလို ကြောင်အအ ဖြစ်ပြီး ပြန်မေးတယ်။...
" ရှင် မသိဘူးလား။ ရှင့်သူဌေးလွှတ်လိုက်တာလေ၊ ရှင်တို့ရုံးက မန်နေဂျာက ကလေးတွေကို လာခေါ်သွားတယ်လေ။ မြို့ထဲက ပြပွဲ လိုက်ပြမလို့လေ "
" ..ဘာ ..ဘယ်လို "....
>> Intermission
( သူဌေး က ညနေ ၅း၀၀ နာရီရောက်တော့ သူအားထားရတဲ့ သူ့တပည့်ရဲ့ စကားကို အမှတ်ရသွားတယ်။ အဲဒါနဲ့ အလုပ်ရုံကို လာကြည့်တယ်။ ဇွဲနပဲ နဲ့ လုပ်နေတဲ့ သူ့တပည့်ကို မြင်တော့ ကျေကျေနပ်နပ်ကြီး ပြုံးမိတယ်။ တစ်လက်စတည်း သူ့တပည့် ခွင့်တောင်းထားတာကိုပါ သတိရမိတယ်။ တကယ်လို့ သူသာ ဒီအချိန်မှာ သွားနှုတ်ဆက်ပြီး ခွင့်ပေးလိုက်ရင် အားလုံးချောမွေ့သွားမှာ ဖြစ်ပေမယ့် အလုပ်ကတော့ အကောင်းဆုံးဖြစ်နိုင်မှာ မဟုတ်တော့ဘူး။ အလုပ်ထဲမှာ ဈာန်ဝင်နေတဲ့သူကို အနှောက်အယှက်ပေးရာ ရောက်သွားမယ်လို့ တွေးမိတယ်။.. ဒါနဲ့ပဲ တပည့်အိမ်ကို ဖုန်းဆက်တယ်။
တပည့်ရဲ့ ဇနီးကို အကျိုးအကြောင်းပြောပြပြီး
ကလးတွေကို ပြပွဲကို လိုက်ပြဖို့ သူ့မန်နေဂျာကို ခိုင်းစေလိုက်ခဲ့တာပါ.....).
ဒါကြောင့်လည်း Tumba မှာ ရှိတဲ့ သိပ္ပံပညာရှင်တိုင်းဟာ အလုပ်မှာ စိတ်ဖိစီးမှုတွေ များပြားလွန်းပေမယ့် အလုပ်ထွက်သွားခဲ့တဲ့ လူတစ်ယောက် မှ မရှိခဲ့ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ရဲ့သူဌေးဟာ အလုပ်ကို အလုပ်နဲ့တူအောင် ပြင်းပြင်းထန်ထန်လုပ်တတ်ပေမယ့် အတွင်းစိတ်မှာတော့ နူးညံ့တဲ့ နုလုံးသားပိုင်ဆိုင်ထားလို့ပါပဲ ။

ဒါနဲ့ စကားမစပ် ဒီ သူဌေး ဟာ ဘယ်သူလဲဆိုတာ ကို ခန့်မှန်းနိုင်ကြပါ့မလား။
သူတို့အားလုံးချစ်တဲ့၊ ဘော့စ်လို့ ခေါ်ကြသူ ဟာ Dr. APJ Abdul Kalam ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ သမ္မတပါ။
၂၀၀၂ ခုနှစ် ကနေ ၂၀၀၇ ခုနှစ်အထိ ရွေးကောက်ခံခဲ့ရတဲ့
အိန္ဒိယနိုင်ငံရဲ့ ၁၁ ယောက်မြာက် သမ္မတဖြစ်ခဲ့သူပါ။

နောက်ပြီးတော့ ဒီဖြစ်ရပ်ဟာ စိတ်ကူးယဉ်မဟုတ်သလို
ပုံပြင်လည်း မဟုတ်ပါဘူး။ သတင်းစာပို့သမားတစ်ယောက်ရဲ့ ဘ၀ကနေ ကမ္ဘာ့အင်အားကြိးနိုင်ငံတစ်ခု ရဲ့ သမ္မတဖြစ်လာခဲ့တဲ့ လူတစ်ယောက် ရဲ့
ကိုယ်ချင်းစာတရားလေး တစ်ခု အကြောင်းမျှသာ ဖြစ်ပါတယ်။....

သက်တန့်ရောင်လေးတွေ ဖြာထွက်နေသလိုမျိုး လှပလွန်းတဲ့ ဒီမြစ်ကို Rainbow River လို့ အလွယ်ခေါ်ကြလေ့ရှိပေမယ့် အမည်ရင်း က Cano C...
29/12/2023

သက်တန့်ရောင်လေးတွေ ဖြာထွက်နေသလိုမျိုး
လှပလွန်းတဲ့ ဒီမြစ်ကို Rainbow River လို့
အလွယ်ခေါ်ကြလေ့ရှိပေမယ့်
အမည်ရင်း က Cano Cristalesမြစ် ဖြစ်ပါတယ်။

ကိုလံဘီယာ မှာ ရှိတဲ့ သက်တန့်မြစ်ကို
တစ်ခါရောက်ဖူးရုံနဲ့ မြင်ရမယ့် မြင်ကွင်း က
ကိုယ့် ကိုအသက်ရှုရပ်သွားမတတ်ဖြစ်စေမယ့်
လှပတဲ့ မြစ်ဟာ အနီ၊အနက်၊အစိမ်း၊အပြာ၊အဝါအစရှိတဲ့
အရောင် ၅ ရောင် ဖြာထွက်လေ့ရှိပါတယ်။

ဒီလိုရောင်စုံဖြာထွက်နေတဲ့အလှကပဲ လာရောက်လည်ပတ်သူတွေရဲ့ စိတ်အစုံကို လွင့်ထွက်သွားစေနိုင်စွမ်းရှိတယ်လို့ သတင်းကြီးနေတာဖြစ်ပါတယ်။

အဲဒီမြစ်နဲ့ ပတ်သက်ပြီး
ကိုလမ်ဘီယာသတင်းထောက်တစ်ယောက်ကလည်း
"ကောင်းကင်ကနေခုန်ဆင်းလာသယောင် ဆန်းကြယ်လှပနေတဲ့ ကမ္ဘာပေါ်မှာ အလှပဆုံးမြစ်တစ်ခုပါ"လို့ ဆိုထားပါတယ်။
......

ခရီးသွားတဲ့အခါ.....
29/12/2023

ခရီးသွားတဲ့အခါ.....

ကျွန်မတို့ဟာ တစ်ခါတလေမှာ အမှားတွေကို သင်ခန်းစာယူပြုပြင်ဖို့ထက် အလားတူအမှားမျိုးကို ထပ်ခါထပ်ခါကျူးလွန်မိတတ်ကြပါတယ်။ပြီးခဲ...
27/12/2023

ကျွန်မတို့ဟာ တစ်ခါတလေမှာ အမှားတွေကို
သင်ခန်းစာယူပြုပြင်ဖို့ထက်
အလားတူအမှားမျိုးကို ထပ်ခါထပ်ခါကျူးလွန်မိတတ်ကြပါတယ်။

ပြီးခဲ့တာတွေ ထားလိုက်ပြီး
အခုလာမယ့် နှစ်သစ်မှာ ဒါလေးတွေကို ဆင်ခြင်ပြုပြင်ကြရအောင်နော် ..။

🔸 တာဝန်ယူတတ်ဖို့သင်ယူပါ!
ကျွန်မတို့နေ့စဉ်ဘဝမှာ ကြုံရတဲ့ အရာတိုု်င်းအတွက်
ကိုယ့်ဆီမှာပဲ တာဝန်ရှိတာကြောင့် သူတစ်ပါးကို အပြစ်ပုံချ၊ အပြစ်တင်ငြူစူနေတာထက် အပြည့်အဝ တာဝန်ယူလိုက်တာက အကောင်းဆုံးပါ။

🔸 လက်ခံတတ်ဖို့ကြိုးစားပါ!
လူတွေပြောင်းလဲတတ်တာဟာ သဘာဝမို့ သူတို့ရဲ့ပြောင်းလဲခြင်းအပေါ် သွားအပြစ်တင်နေတာထက်
လူ့သဘောသဘာဝကို လက်ခံတတ်ဖို့ပဲလိုပါတယ်။

🔸 လုပ်ရမယ့်အလုပ်ကို အချိန်ကိုက်လုပ်ဆောင်ပါ!
ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြန်လှည့်လို့မရသလို အရာအားလုံးဟာ အစီအစဉ်တကျသွားနေတာဖြစ်လို့ မလိုအပ်တဲ့အရာတွေအတွက်
အလုပ်ပျက်ခံ၊အချိန်ကုန်ခံပြီး စောင့်ဆိုင်းနေဖို့မသင့်ပါဘူး။

🔸 စိတ်ဓာတ်ကြံ့ခိုင်ပါ!
ဘဝမှာကိုယ့်ကိုလိုအပ်တဲ့သူတွေလည်း ရှိနေအုံးမှာပဲ။
သူတို့အတွက် ကိုယ်တိုင်ကအမြဲကြံ့ခိုင်နေဖို့ လိုပါတယ်။
ဒါဟာ သူတို့အတွက် ကြံ့ခိုင်တယ်ဆိုထက် ကိုယ့်အတွက် ကိုယ်ကြံ့ခိုင်တာပါပဲ။
အကြောင်းက သူတစ်ပါးရဲ့ အားကိုးခြင်းခံရတဲ့ဖီလင်၊ ကိုယ့်ကိုလိုအပ်နေတဲ့သူတွေ ရှိနေတယ်ဆိုတဲ့ ဖီလင်ဟာ ဘာနဲ့မှမတူဘူးလေ။

🔸 ချက်ချင်းဆုံးဖြတ်ချက်ချလိုက်တာထက် အကျိုးအကြောင်းအရင်ဆက်စပ်တွေးပါ!
ကျွန်မတို့ရဲ့အပြုအမူ၊လုပ်ဆောင်မှုတွေဟာ
နေ့စဉ် ကိုယ်တိုင်ရဲ့လူမှုဘဝကိုသော်လည်းကောင်း၊
အခြားသူတွေရဲ့ဘဝကိုသော်လည်းကောင်း
တနည်းတဖုံတော့ သက်ရောက်မှုရှိနေတတ်ပါတယ်။
ဘဝကိုစစ်တုရင်ကစားပွဲတစ်ခုလိုပဲ တွေးကြည့်အုံး ရလဒ်ကောင်းရဖို့အတွက် ဆက်စပ်တွေးတောမှုတွေ အများကြီးလုပ်ရပါတယ်။
ကိုယ် ဟာ အမြဲတမ်းမမှန်နိုင်ဘူးဆိုသော်ငြား
ဒီအကျင့်ကောင်းကို လက်ခံကျင့်သုံးတာဟာ မမှားပါဘူး။

🔸 ရဲရင့်သတ္တိရှိပါ!
ရင်ခုန်စရာကောင်းတဲ့ခံစားမှုဆိုတာ အချစ်မဟုတ်ပါဘူး။
ကိုယ်မှန်တယ်ထင်တဲ့အရာကို မကြောက်မရွံ့ပဲ ရဲဝံ့စွာလုပ်ဆောင်တတ်မှု၊ တာဝန်ယူတတ်မှု၊အမှားသိရင် အမှန်ပြင်နိုင်တဲ့စိတ်တို့ပဲဖြစ်ပါတယ်။ အဓိကက ကိုယ့်နှလုံးသားက ကိုယ့်ကို စကားပြောတဲ့အတိုင်း လုပ်ဆောင်ဖို့ပဲလိုတာပါ။

🔸 ကိုယ့်အတွက် အပြန်အလှန်ရှိတဲ့သူတွေကိုပဲ ရွေးချယ်ပေါင်းသင်းပါ!
ဘယ်အရာမဆို ကိုယ်ချည်း တစ်ဖက်သတ်ဖြစ်နေတယ်ဆိုတာ
ကြာရင် မကောင်းပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ ဝန်းရံပါ။သူငယ်ချင်းမိတ်ဆွေဆိုတာ ရွေးချယ်ပေါင်းသင်းလို့ရလျက်နဲ့
ဘာလို့များ ကိုယ့်ကိုမပျော်စေတဲ့သူ၊ ကိုယ့်ခံစားချက်တွေကို မအီမသာဖြစ်စေတဲ့သူ၊ကိုယ်ပျော်ဖို့အတွက် စိတ်အားမထက်သန်တဲ့သူတွေနဲ့ ဘာအကြောင်းကြောင့်များ ဆက်သွယ်နေအုံးမလဲ?
သူငယ်ချင်းမိတ်ဆွေဆိုတာ ရွေးချယ်ပေါင်းသင်းလို့ရပါတယ်။
ကိုယ့်ကိုရွေးချယ်ခဲ့သူတွေကိုပဲ ကိုယ်ရွေးချယ်ပါ။

🔸 ကိုယ် ဖြစ်ချင်တဲ့အရာ၊လုပ်ရမယ့်အရာတွေကို ဘယ်တော့မှမရွေ့ဆိုင်းပါနဲ့!
ကျွန်မတို့ဟာ အရေးကြီးတဲ့အရာတွေကို ဘယ်တော့မှမရောက်လာနိုင်တဲ့
'မနက်ဖြန်'ကိုပဲ ရွေ့ရွေ့ပစ်တတ်ကြသလို
ဘဝအတွက် အရေးကြီးတဲ့အခွင့်အရေးတွေကိုလည်း
ငြင်းဆန်တတ်ကြပါတယ်။
ဒီလိုနဲ့ ဘာကိုစောင့်လို့စောင့်မှန်းမသိလိုက်ခင်မှာပဲ အရွယ်တွေလွန်၊အချိန်တွေလွန်သွားတတ်ကြပါတယ်။....
🔸 နှစ်သစ်မှာ အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ

ဂျာမနီမှာ ပန်းတွေ ခင်းထားတဲ့ လမ်းမ လေး တစ်ခုရှိပါတယ်။ဆောင်းအကုန်နွေအကူးမှာ ဆိုရင် ဂျာမနီဘွန်းမြို့ Heerstraasse လမ်းမလေး...
27/12/2023

ဂျာမနီမှာ ပန်းတွေ ခင်းထားတဲ့ လမ်းမ လေး တစ်ခုရှိပါတယ်။
ဆောင်းအကုန်နွေအကူးမှာ ဆိုရင်
ဂျာမနီဘွန်းမြို့ Heerstraasse လမ်းမလေးဟာ
ချယ်ရီပန်းတွေ နဲ့ ပြည့်နှက်လို့ နေပြီး
လမ်းဘေးဘီဝဲယာ မှာ ချယ်ရီပင်လေးတွေ နဲ့
အရမ်းလှပြီး သဘာ၀ရဲ့ အလှတရား က ဆွဲဆောင်မှု ရှိလွန်းလို့
အလည်လာရောက်သူတွေ နဲ့ စည်ကားလေ့ရှိပါတယ်။ ....

အချစ်ဆိုတာ
26/12/2023

အချစ်ဆိုတာ

အခွင့်အလမ်းဆိုတာ
25/12/2023

အခွင့်အလမ်းဆိုတာ

နှလုံးသား ရဲ့ အလိုအတိုင်း......
24/12/2023

နှလုံးသား ရဲ့ အလိုအတိုင်း......

Address

No. 146, Anawyahta Road, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959420134433

Alerts

Be the first to know and let us send you an email when ISM Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ISM Travel & Tours:

Share

Category