Myanmar Real Image Travel & Tours

Myanmar Real Image Travel & Tours လူကြီးမင်းတို့ရဲ့အားလပ်ရက် ကို စိတ်လက်ပေါ့ပါးစွာခရီးသွားအပန်းဖြေလိုပါက ကျမတို့ Myanmar Real Image (MRI) နှင့်ဆက်သွယ်လိုက်ပါရှင်။

မော်လမြိုင် ဆွမ်းမျှောပွဲ (သို့) စတုဒီသာ ပွဲတော်နေ့---------------------------------------------------------------------...
29/09/2019

မော်လမြိုင် ဆွမ်းမျှောပွဲ (သို့) စတုဒီသာ ပွဲတော်နေ့
-----------------------------------------------------------------------------
အခုလို တန်ဆောင် တိုင် အချိန်ဆိုရင် မော်လမြိုင် မြို့မှာ ပွဲလမ်းသဘင်တွေ ပေါမှ ပေါပဲ။ ပျော်စရာလည်းကောင်းသလို လူလည်းစည်ကားတယ်။ စည်ကားဆို မွန်ပြည်နယ် နီးနီးဝေးဝေးက မြို၊ရွာတိုင်းလိုလိုကလည်း လာကြတာလေ။

တန်ဆောင်မုန်းလပြည့်နေ့ဆို နှစ်တိုင်းမော်လမြိုင် မြို့မှာ ရှင်ဥပဂုတ္တ ကို ပူဇော်တဲ့ အနေနဲ့ သံလွင် မြစ်ကြီးထဲမှာ ဆွမ်းအိုးလေးတွေကို မျှော ပြီး ပူဇော် ကန်တော့တဲ့ အလေ့အထ ရှိတယ်။ မနက် (၃) နာရီ လောက်ထဲက ဆွမ်းအိုးလေးတွေကိုင်ပြီး ရှင်ဥပဂုတ္တကို ပူဇော်ကြ ၊ ဆုတောင်းကြတာပါ။

ဒီဆွမ်းအိုးလေးတွေထဲမှာ သစ်သီးယိုစုံ (၉) မျိုး၊ ထမင်းနဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်လေးတွေထည့်ထားတယ်။ မော်လမြိုင် ကမ်းနားတစ်လျှောက်မှာ ဆွမ်းမျှောဖို့ စုရပ် ဆိပ်ခံတံတားလေးတွေ ရှိပြီး မနက် (၅) နာရီလောက်မှာတော့ ဆွမ်းအိုးလေးတွေကို မြစ်ထဲမှာ မျှောပြီး ပူဇော်ကြလေ့ရှိတယ်။ မြစ်ထဲမှာ ဆီမီးရောင်နဲ့ မျှောနေတဲ့ ဆွမ်းအိုးလေးတွေ က ဝေလီဝေလင်းချိန်မှာ လှမှလှပဲ။

ဆွမ်းမျှောပွဲနဲ့ တဆက်တည်း ကျင်းပလေ့ရှိတာကတော့ စတုဒီသာ ကျွေးမွေးတာပဲ ဖြစ်ပါတယ်။ မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက်၊ တောင်ရိုးတန်းနဲ့ ရပ်ကွက်တွေအလိုက် မနက် (၃) နာရီလောက်ထဲက စတုဒီသာတွေ စကျွေးနေကြပြီ။ ကျွေးတာတွေကတော့ မုန့်ဟင်းခါး၊ ကြာဇံချက်၊ ကော်ဖီ နှင့် မုန့်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် အမျိုးကို စုံရောပဲ။ စတုဒီသာ သာပြောပေမယ့် အရသာက စေတနာ ပါပါ ချက်ထားကြတဲ့ အတွက် အရမ်းကောင်းတယ်။ ဖိတ်ကျွေးတဲ့ သူတွေကလည်း သဘောအရမ်းကောင်းပြီး စားတဲ့ သူတွေကလည်း ပျော်ကြတာ ဆိုတော့ တကယ်ကို ပျော်စရာကောင်းတယ်။ တစ်မြို့လုံးမှာ စတုဒီသာ ကို ညဘက်ထိ ကျွေးတော့ တန်ဆောင်တိုင် လပြည့်နေ့ဆို အိမ်မှာ ဟင်းချက်စရာ မလိုလောက်အောင် စတုဒီသာ တွေ ပေါတဲ့ မော်လမြိုင် မြို့လေးပါ။ ကိုယ်တွေကတော့ မော်လမြိုင် တန်ဆောင်တိုင် ကို တည့်ကိုကြွေသွားတာ။

သူငယ်ချင်းတို့လည်း ကိုယ်သိထားတဲ့ ထူးခြားတဲ့ တန်ဆောင်တိုင်ပွဲကျင်းပတဲ့ နေရာလေးတွေ ရှိရင်လည်း အားလုံးသိအောင် ပြောပြခဲ့ပါဦး။

မော်လမြိုင်မြို့မှာရှိတဲ့ စားသောက်ဆိုင်ကောင်းလေးတွေကို ဒိုးမယ် မိုဘိုင်းအက်ပလီကေးရှင်း www.doemal.com/getdoemal မှာရှာလို့ရပြီနော်။



credit post

An Absorbing Visit _ To ' A Myint ' @ ' Sanctuary Of The Land 'စိတ်ဝင်စားစရာ သမိုင်းဝင် အဖိုးတန်ရတနာများနှင့်ရှေးဟောင်ြး...
07/05/2019

An Absorbing Visit _ To

' A Myint ' @ ' Sanctuary Of The Land '

စိတ်ဝင်စားစရာ သမိုင်းဝင် အဖိုးတန်ရတနာများနှင့်

ရှေးဟောင်းမြို့လေး ' အမြင့် '

> အမြင့် အကြောင်း <

- အမြင့် ဆိုတာ

- မြန်မာနိုင်ငံအထက်ပိုင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊
မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်အတွင်းရှိ
သမိုင်းဝင် ရှေးဟောင်း မြို့လေးတစ်မြို့ ဖြစ်ပါတယ်

- ပုဂံခေတ်မှစလို့ အင်းဝ ပင်းယ ညောင်ရမ်း ကုန်းဘောင် ခေတ်အဆက်ဆက် မှာ မြို့စားထားရလောက်တဲ့အထိ အစဉ်အဆက် စည်ပင်ဖွံ့ဖြိုးခဲ့သော ရှေးမြန်မာရွာတစ်ရွာဖြစ်ခဲ့ပါတယ် .

- မြန်မာ့သမိုင်းမှာ နာမည်ကြီးတဲ့ မင်းလက်ဝါး အုပ်ချုပ်ခဲ့တဲ့ ဒီမြို့လေးမှာ သခင်လေးမောင် , အိုးဝေဦးညိုမြ
ကဗျာဆရာကြီး မင်းသုဝဏ်၏ဇနီး စတဲ့ လေးစားစရာ ပုဂ္ဂိုလ်များပေါ်ထွက်ခဲ့ရုံသာမက အမြင့်ရွာဟာ အရီးတောင်းလက်ဖက်ရဲ့ သခင် ဦးကျော်သိန်းနဲ့ သမ္မတဟောင်းကြီး ဦးထင်ကျော်ရဲ့မိခင် ဒေါ်ကြည် စသူတို့ရဲ့ ဇာတိမြေလည်းဖြစ်ပါတယ် .

- ချင်းတွင်းမြစ်ကမ်းဘေးက မြို့လေးဖြစ်တဲ့အလျောက် နုံးတင်မြေနုပေါတဲ့အတွက် စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ရွာလေးပါ . ဒါ့အပြင် ဒေသခံတွေဟာ နှီး ဖျာ ရက်လုပ်ကြပြီး ခမောက် တောင်း ဖျာ စတဲ့ လက်မှုလုပ်ငန်းများစွာကို လုပ်ကိုင်ပြီး အသက်မွေးကြပါတယ် .

- ဒုတိယ ပုဂံလို့တောင် အများက ခေါ်ဝေါ်ထားကြသည်ကို အသိအမှတ်ပြုလောက်စရာကောင်းတဲ့ ဒီ အမြင့် ရှေးမြို့ဟောင်းလေးမှာ အင်းဝခေတ်ကတည်းက ခေတ်အဆက်ဆက် ယနေ့တိုင် ကြံ့ကြံ့ခံတည်ရှိခဲ့သော ရှေ့ဟောင်းစေတီပုထိုး ဘုရား ကျောင်း ကန် များစွာကို မြင်တွေ့ရမှာဖြစ်ပါတယ် .

နှမြောစရာကောင်းတာကတော့

အဟောင်းတွေကို အကောင်းအဖြစ်
သမိုင်းမပြတ်တည်မြဲအောင် ဆက်လက်ထိန်းသိမ်းဖို့

အမှန်တကယ် လိုအပ်နေတဲ့

အမြင့်ရွာက သမိုင်းဝင်ဘုရားစေတီပုထိုးများစွာ

ဒီတိုင်းသာ ကြာကြာ မျက်ကွယ်ပြုထားရင်

မကြာခင် ပျောက်ကွယ်သွားနိုင်ပါတယ် . 😢

ဒီလိုမပျောက်ကွယ်သွားအောင် ဝိုင်းဝန်းထိန်းသိမ်းပြီး

ဒီလို မြင့်မြတ်တဲ့ အဖိုးတန်ရတနာတွေကို

တန်ဖိုးထား မြတ်နိုးတတ်ဖို့

သင်တို့ တကယ်သွားသင့် ရောက်သင့်
လေ့လာသင့်တဲ့

နေရာကောင်းလေးတစ်ခုမို့
အရောက်သွားစေချင်ပါတယ်

( အထူးသဖြင့် မုံရွာက မြို့ခံလေးတွေ )

ဒါဆို . . .

> ဘယ်လိုသွားကြမလဲ <

မုံရွာမြို့ကနေ ၉ မိုင်နဲ့ ၂.၅ ဖာလုံခန့် ဝေးတဲ့

အမြင့်မြို့လေးကို

မုံရွာတောင် ညောင်ပင်စောက်ရွာကနေဖြတ်သွားပြီး

မုံရွာ-အမြင့် ကျေးလက်လမ်းခွဲမှစလို့

တောက်လျှာက်

ဆိုင်ကယ်နဲ့ဆို

၄၅ မိနစ်သာသာလောက်သာ မောင်းရပါတယ်

တကယ်ကို မဝေးတဲ့ ခရီးလေးပါ . . .

လမ်းလည်း တော်တော်လေးကောင်းပါတယ်

လမ်းတစ်လျှောက်မှာ ညောင်ပင်စောက် ထနောင်းတော နဂါးတွင်း ပေါက်ပင် ဘုဘ ညောင်ဖြူပင် . . . စတဲ့ ရွာပေါင်း ၁၀ ရွာကျော်ကျော်ကို ဖြတ်သွားရပါတယ်

ထိုဖြတ်သွားရတဲ့ ရွာလေးတွေကလည်း တစ်ရွာတစ်မျိုး

တလမ်းလုံး မပျင်းရအောင် မျက်စိပသာဒဖြစ်ရစေမှာ

အသေအချာပါ . . .

ကိုယ်ဆို တနေရာ တရွာ တမျိုး မရိုးအောင်

ဓာတ်ဆင်းဆင်းဖမ်းရတာ အမော 😸

အဲ့လို စိတ်ဝင်စားစရာ ကြည်နူးစရာ အပြည့်နဲ့

အမြင့် ဆိုတဲ့ Ancient City လေးကို

မရောက်ဖူးသေးသူလေးတွေ အရောက်သွားကြဖို့

တိုက်တွန်းပါတယ် ✌






https://m.facebook.com/story.php?story_fbid=478793855921855&id=100013737345437

07/05/2019
ဒီအချိန် ဝိတိုရိယတောင် တက်မယ်ဆိုရင် အရမ်းအေးမယ်။ တိမ်ပင်လယ်တွေမြင်ရမယ်။ တိမ်တွေကြား လမ်းလျှောက်လို့ရတယ်။ တောင်ဇလပ်တွေကတေ...
27/12/2018

ဒီအချိန် ဝိတိုရိယတောင် တက်မယ်ဆိုရင် အရမ်းအေးမယ်။ တိမ်ပင်လယ်တွေမြင်ရမယ်။ တိမ်တွေကြား လမ်းလျှောက်လို့ရတယ်။ တောင်ဇလပ်တွေကတော့ ခပ်ကျဲကျဲပဲပွင့်ပါသေးတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ယှဉ်ရင်အတော်နည်းသေးတယ်ပေါ့။ တောင်ဇလပ်ပွင့်ချိန်မဟုတ်သေးတော့ ပုံတွေထဲကလို တောင်ဇလပ်ရဲရဲနီနေတာမျိုး တွေ့ရမှာမဟုတ်ဘူး။

ခုရာသီက ချယ်ရီပွင့်ချိန်။ ချင်းပြည်နယ်မှာ ချယ်ရီပန်းတွေအများဆုံး အလှဆုံးပွင့်တဲ့အချိန်ပေါ့။ ဝိတိုရိယတောင်တဝိုက်တော့ ချယ်ရီပွင့်တာ ကျိုးတိုးကျဲတဲပဲ။ ဘာကြောင့်လည်းဆိုတော့ ကန်ပက်လက်ဘက်က ချယ်ရီအဖိုပင်များလို့ ပန်းသိပ်မပွင့်ဘူး။ ချယ်ရီပန်းတွေအများကြီးတွေ့ချင်ရင် မင်းတပ်ဘက်ကသွား အဲဒီဘက်က ချယ်ရီပွင့်တယ်။ ကန်ပက်လက်ဘက်ကတော့ ချယ်ရီအဖိုပင်တွေကို မီးပုံပွဲအတွက်အသုံးပြုကြတယ်။

ဝိတိုရိယတောင်တက်ရင်း တောင်ဇလပ်တွေရဲရဲနီတာ တွေ့ချင်တယ်။ တောင်ဇလပ်တွေနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်တော့ ဖေဖော်ဝါရီလကုန်ခါနီး ရက်များနဲ့ မတ်လအတွင်းသွားပါ။ တောင်ဇလပ်တွေတဝကြီးတွေ့ရမှာပါ။ အဲဒီအချိန်က တောင်ဇလပ်နီတွေ တစ်တောလုံး တစ်တောင်လုံးပွင့်တဲ့အချိန်ပါ။ သဘာဝတရားကို ချစ်မြတ်နိုးသူများ ကျေးဇူးပြု၍ တောင်ဇလပ်တွေ မခူးကြပါနဲ့။

ဧပရယ်ရောက်ရင်တော့ တောင်ဇလပ်အဖြူနဲ့အဝါတွေ စပွင့်ပါပြီ။ တောင်ဇလပ်အနီလောက်တော့ မပေါ်လွင်ပေမယ့် သူလည်းလှတာပဲ။ တိမ်ပင်လယ်တို့ အရမ်းအေးတာတို့က တောင်ထိပ်ဖြစ်တဲ့အတွက် ၁၂ရာသီအေးနေပါတယ်။

ဧပရယ်နဲ့မေမှာ သင်္ကြန်မိုးအပါအဝင် မိုးဖျောက်ဖျောက်ရွာတတ်ပါတယ်။ အေးကလည်းအေး မိုးကလည်းရွာဆိုတော့ ရေခဲရေနဲ့ဖြန်းနေသလိုပါပဲ။ အဲလိုအချိန် တောင်ထိပ်ပေါ် ကြာကြာမနေနိုင်ဘဲ ပြန်ပြေးဆင်းရပါတယ်။

ဇွန်လနောက်ပိုင်းကတော့ မိုးတွင်းကာလဖြစ်လို့ အသွားအလာနည်းသွားကြပါပြီ။ ဒေသခံတွေလောက်ပဲအသွားအလာရှိပါတယ်။ အောက်တိုဘာနဲ့နိုဝင်ဘာကနေ စပြီး မေလကျော်အထိ အသွားအလာရှိကြပါတယ်။

ဝိတိုရိယတောင်နဲ့ပတ်ဝန်းကျင်ရာသီဥတု တောင်ဇလပ်တွေပွင့်ချိန်တွေကို လေ့လာရင်း သိသလာက်မျှဝေတာပါ။ ကိုယ့်စိတ်ကြိုက် လ တွေရွေးချယ်ပြီးသွားနိုင်ပါတယ်။ ကိုယ်က တောင်ဇလပ်ကြည့်ချင်တာလား တိမ်ပင်လယ်ကြည့်ချင်တာလား ပေါ့။ အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။
HAPPY NEW YEAR

ရန်ကုန်ဆောင်း :P :P :P
13/12/2018

ရန်ကုန်ဆောင်း :P :P :P

Address

No. 690, Shin Theik Dad 12th Street, 7 Block, South Okkalapa Township
Yangon

Telephone

09253996570

Website

Alerts

Be the first to know and let us send you an email when Myanmar Real Image Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Real Image Travel & Tours:

Share

Category