Family Home Travel & Tours

Family Home Travel & Tours မကြာခင် ဓါတ်ပုံဆရာတွေနဲ့ တိုးတွေ စေ? A small family based travel and tour company which offer amazing inbound tour packages to keen tourists around the world.

We promote the uniqueness of our golden land, Myanmar and bring you to major tourist sites in Myanmar as well as custom-made tour for people who prefer something unconventional. We are also offering outbound tours as well as religious local tours to Myanmar nationality. We can ensure a tailored comfort at an economical package to make your experiences unforgettable with us.

လွိုင်ကော် ဒီမော့ဆိုး ပန်ပက် ဆင်ဖြူတောင် ခရီးစဉ် ပုံရိပ်များ(11/1 - 14-1 2019)(မိုးဗြဲ ... ကန်ခုနှစ်ဆင့် ... ထီးဖွင့်ကန်...
14/01/2019

လွိုင်ကော် ဒီမော့ဆိုး ပန်ပက် ဆင်ဖြူတောင် ခရီးစဉ် ပုံရိပ်များ(11/1 - 14-1 2019)

(မိုးဗြဲ ... ကန်ခုနှစ်ဆင့် ... ထီးဖွင့်ကန်... ငွေတောင်ဆည် ... ကြပ်ဂူ ... တောင်ကွဲစေတီ

ကယားဒေးပွဲခင်းဈေး ... လယ်တီတောင် အတော်တော့စုံသွားတယ်)

တောင်ငူ သံတောင်ကြီး နော်ဘူဘောတောင်နှင့် နှစ်သစ်ကူးတောင် ခရီးစဉ် ပုံရိပ်များးးး ( 26/12 - 28/12)
14/01/2019

တောင်ငူ သံတောင်ကြီး နော်ဘူဘောတောင်နှင့် နှစ်သစ်ကူးတောင် ခရီးစဉ်

ပုံရိပ်များးးး ( 26/12 - 28/12)

Family Home ခရီးသွားဝန်ဆောင်မှုရဲ့ သောကြာ ညထွက် စနေတစ်ညအိပ် တနင်္ဂနွေ ပြန်အရောက် ခရီးစဉ်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခရီးစ...
06/01/2019

Family Home ခရီးသွားဝန်ဆောင်မှုရဲ့ သောကြာ ညထွက် စနေတစ်ညအိပ်

တနင်္ဂနွေ ပြန်အရောက် ခရီးစဉ်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ခရီးစဉ်တစ်ခုလျှင် အနည်းဆုံး ၁၂ ဖြင့် စတင်ထွက်ခွာမည်ဖြစ်ပါသည်။

၁။ ပြည် တောင်တွင်းကြီး မကွေး မင်းဘူး ရွှေစက်တော် ရာဇဝင်မြို့ဟောင်းခရီးစဉ်
( ၁၂၀၀၀၀/- ကျပ်)

၂။ ဂေါ်ရင်ဂျီကျွန်း ခရီးစဉ် (၁၀၅၀၀၀/- ကျပ်)

၃။ Amazing လွိုင်ကော် ခရီးစဉ် (၁၆၀၀၀၀/- ကျပ်)

၎။ အပန်းလည်းပြေ ကံလည်းပြေတဲ့ ပြည်ဝင်ပြည်ထွက် ယတြာခရီးစဉ်
(၉၈၀၀၀/- ကျပ်)

၅။ ရှူ့ခင်းလှလှ လူလှလှနဲ့ ပုံတွေရမယ့် တောင်ငူ နော်ဘူဘောသံတောင်ကြီးခရီးစဉ်
(၇၈၀၀၀/- ကျပ်)

ပါဝင်သောဝန်ဆာင်မှုများ

(y) ဟိုတယ်တည်းမည့်နေရာ ဟိုတယ်၊ ရွှေစက်တော် တဲကျောင်း
(y) အဆာပြေ မုန့်နှင့်အအေး
(y) နံနက်စာ/ နေ့လည်စာ/ ညစာ
(y) အတွေ့အကြုံရှိ အပြောအဆိုပြေပြစ် အပြုံးချိုချို Tour Leader
(y) ခရီးစဉ် ၄ အတွက် ယတြာပစ္စည်းအပြည့်အစုံ
(y) ခရီးစဉ် ၅ အတွက် ရှု့ဒေါင့်လှလှလေးမှဓါတ်ပုံရိုက်တတ်သောသူ
(y) ရေသန့်၊ စနိုးတာဝါ၊ သွားတိုက်တံ သွားတိုက်ဆေး
(y) စက်လှေပါစက်လှေခ/ဝင်ကြေးပါ ဝင်ကြေး
(y) Air-con Transportation
(y) ကျန်းမာရေးအတွက် ဆေးဝါးများ
(y) စည်းကမ်းလိုက်နာသော ယာဉ်မောင်းများ ...................................................

ခရီးစဉ် ၃ , ၄ , ၅ အား Express ဖြင့်သွားလိုပါကလည်း စီစဉ်ပေးပါသည်။....................................................

ခရီးစဉ် အသေးစိတ်ကို သိရှိလိုပါက အမှတ် (၆၂)၊ (၃) လွှာ၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
Ph: 01-382459, 01-246819, 09-5159650, 09-796905238 များသို့
ဆက်သွယ် မေးမြန်နိုင်ပါသည်။

မကြာမှီတွင်လည်း

နေပြည်တော် လှေခွင်းတောင် ပေါင်းလောင်းချောင်း ခရီးစဉ် နှင့်

မုံရွာ ပခုက္ကူ အလောင်းတော်ကဿ ပ ခရီးစဉ်များလည်း

စတင်စီစဉ်ရောင်းချပါတော့မယ်နော်။

ပျော်ပျော်ပါးပါး ထူးထူးခြားခြား Family Home နဲ့ ခရီးသွားကျရအောင်ပါ။တောင်ငူ သံတောင်ကြီးတစ်ခေါက် အရောက်သွားပြီး ညရဲ့အေးချမ...
29/10/2018

ပျော်ပျော်ပါးပါး ထူးထူးခြားခြား Family Home နဲ့ ခရီးသွားကျရအောင်ပါ။

တောင်ငူ သံတောင်ကြီးတစ်ခေါက် အရောက်သွားပြီး ညရဲ့အေးချမ်းမှု

နေအထွက်ရဲ့လှပမှု ဒေသစာတွေရဲ့ အရသာရှိမှု သူငယ်ချင်းတွေရဲ့နွေးထွေးမှု

ကမ်းပင်းတဲလေးတွေနဲ့အိပ်စက်ရတဲ့ ချမ်းစိမ့်ထူးခြားမှုလေးတွေကို

ခံစားခရီးထွက်ဖို့ Family Home Travel and Tour ကနေ အပတ်စဉ်

တောင်ငူ သံတောင်ကြီး ခရီးစဉ်ကို စီစဉ်ရောင်းချပေးလိုက်ပါပြီ။

အပတ်စဉ် သောကြာနေ့ည အချိန် ရန်ကုန်မှ စတင်ထွက်ခွာပြီး

သံတောင်ကြီးမှာ တဲလေးတွေ ထိုးလို့ ညအိပ်အနားယူမှာပါ

နံနက်နေအထွက်ကို ခံစားပြီး တနင်္ဂနွေနေ့ ညနေပိုင်းမှာ ရန်ကုန်ကိုပြန်မှာပါ။

တစ်ဦးလျှင် ၇၀၀၀၀/- ကျပ် ကျသင့်မှာဖြစ်ပါတယ်။( ရန်ကုန်မှ ဆယ့်ငါးယောက်ကား

တစ်စီးစာဖြင့်ထွက်ခွာမှာ ဖြစ်ပါတယ်) ( တစ်ဦးနှစ်ဦးကို Express ကားနှင့်

သွားလိုလျှင်လည်း စီစဉ်ပေးပါတယ်နော် ဈေးနှုန်းနှင့်ပါဝင်သည်များ

ရောက်မည့်နေရာများမှာ အချိန်ကြောင့်မတူညီဘူးဖြစ်သွားပါ့မယ်)

မိမိတို့ အသင်းအဖွဲ့ သူငယ်ချင်းအုပ်စုများ စုဝေးသွားလိုလျှင်လည်း ဆယ့်နှစ်ယောက်

အတိရှိပါက သီးသန့်စီစဉ်ပေးပါတယ်။ မန္တလေးမှသွားလိုသာများလည်း သီးသန့်

စီစဉ်ပေးပါတယ်လို့ သတင်းကောင်းပါးလိုက်ပါရစေနော်။

(တဲထိုးဖို့နေရာ အခက်အခဲကြောင့် ခရီးစဉ်တစ်ခုလျှင် ဆယ့်နှစ်ယောက်သာ

လက်ခံရမှာဖြစ်သောကြောင့် ဖြစ်ပါတယ်။ )

ခရီးစဉ်ပါဝင်သည်များ

# ခရီးစဉ်တွင်ပါဝင်သည့် ဆယ့်ငါးယောက်စီးကားစရိတ်
# နံနက်စာ နှစ်ကြိမ် နေ့လည်စာနှစ်ကြိမ် ညစာတစ်ကြိမ် နှင့် ညဘက်
တောင်ပေါ်တွင် အဆာပြေ စားသောက်ရန် ကော်ဖီ ကွေကာနှင့် ခေါက်ဆွဲပြုတ်
# Professional ဓါတ်ပုံဆရာတစ်ယောက်
# တောင်ပေါ်တွင် ညအိပ်ရန် တဲများ၊ စောင် ခေါင်းဦး ဓါတ်မီးများ
# ခရီးစဉ်တစ်လျောက်ဝန်ဆောင်မှုပေးမည့်သူ တစ်ဦး

ခရီးစဉ်ရောက်ရှိမည့်နေရာများ

# တောင်ငူမြို့ရှိ မြတ်စောညီနောင်ဘုရား
# ပသီချောင်း
# သံတောင်ကြီး နော်ဘူဘောဆုတောင်းပြည့်တောင်တော်
# ညအိပ်စက်မည့် နှစ်သစ်ကူးတောင်တော်
# ဓါတ်ပုံရိုက်ရန် View Point

ဆက်သွယ်ရန်

အမှတ် ၆၂ တတိယထပ် (ယာ) မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)

ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ph- 01-382459, 01- 246819,

095159650, 09796905238.

ဘ၀မှာ မပြေလည်မှုတွေများနေရင် စိတ်သဘာဝအရ ပြေလည်ရာပြေလည်ကြောင်း ကောက်ရိုးတစ်မျှင်လောက်ပဲဖြစ်ဖြစ် ဆွဲတတ်ကြတယ်။ မပြေလည်မှုတွေအ...
20/08/2018

ဘ၀မှာ မပြေလည်မှုတွေများနေရင် စိတ်သဘာဝအရ ပြေလည်ရာပြေလည်ကြောင်း ကောက်ရိုးတစ်မျှင်လောက်ပဲဖြစ်ဖြစ် ဆွဲတတ်ကြတယ်။ မပြေလည်မှုတွေအတွက် ကောက်ရိုးတစ်မျှင်ဖြစ်တဲ့ ယတြာချေတာကို ပြုလုပ်တတ်ကျတယ်။ ယတြာအမျိုးမျိုးရှိတဲ့ အထဲမှာမှ ဝေပုလ္လဆရာတော်ကြီးရဲ့ ပြည်ဝင်ပြည်ထွက် ယတြာလေးကို
Family.Home ခရီးသွားလုပ်ငန်းမှ မိတ်ဆက်ပေးပါရစေ။
ဘုရားလည်းဖူး ခရီးလည်းထွက်ရပြီး ယတြာလည်း ခြေပြီးသားပါဖြစ်တဲ့အတွက် ဝေပုလ္လဆရာတော်ကြီးရဲ့ ပြည်ဝင်ပြည်ထွက် ယတြာခရီးစဉ်လေးကို Family Home ခရီးသွားလုပ်ငန်းမှ စီစဉ်ပေးလိုပါတယ်......

#... # ပြည်ဝင်ပြည်ထွက် ယတြာဆိုတာဘာလည်းးးးးး

ပြည်ဝင်ပြည်ထွက် ယတြာဆိုသည်မှာ အဆင့် (၂) ဆင့်ရှိပါတယ်....
• ပထမအဆင့်ကတော့ “ ပြည်ဝင်ယတြာ” နဲ့
• ဒုတိယအဆင့်ကတော့ “ပြည်ထွက်ယတြာ လေးဖြစ်ပါတယ်။
ဒီအဆင့်နှစ်ဆင့်ကို တစ်ရက်တည်း ပြီးအောင်လုပ်ရခြင်းဖြစ်ပါတယ်။

# လူတစ်ချို့အမှတ်မှားနေကြသည်မှာ ပြည်မြို့သို့သွားကာ ဘုရားဖူးလျှင် အသွားကို
ပြည်ဝင်ဟု မှတ်ပြီး ဘုရားဖူးပြန်လျှင် ပြည်ထွက်သည်ဟု မှတ်ယူကြခြင်းဖြစ်သည်။ တစ်ကယ်မှာအဲ့သည်လိုမဟုတ်ပါ ပြည်ဝင်ပြည်ထွက်ယတြာမှာ

# ပထမအဆင့် “ပြည်ဝင်ယတြာ” လေးအကြောင်းကို စပြီးပြောချင်ပါတယ်။
ပထမအဆင့် “ပြည်ဝင်ယတြာ” ဆိုသည်မှာတော့ ရန်ကုန်ကနေပြည်ကိုဝင်မယ်ဆိုရင် ပြည်မြို့ကိုတန်းပြီးဝင်ရမှာ မဟုတ်ပါပဲ ရွှေတောင်မြို့ ရွှေနတ်တောင်ဘုရားကနေ စတင်ရပါမယ်။ ရွှေနတ်တောင်ဘုရားကို ရောက်ပြီဆိုရင်လျှင် သက်ဆိုင်ရာ ဂြိုလ်ထောင့်အသီးသီးမှာ အောင်သပြေပန်းနှင့် သိဒ္ဓိဝင်ဂါထာကို ရွတ်ဖတ်ပူဇော်ရပါမည်။
ထိုမှတစ်ဖန် ရွှေနတ်တောင်ဘုရားမှ ရွှေဘုံသာဘုရားကို သွားရပါမည်။
ရွှေဘုံသာဘုရားကို ရောက်ပြီဆိုလျှင် ရွှေဘုံသာဘုရား ၏ သက်ဆိုင်ရာ ဂြိုလ်ထောင့်အသီးသီးတွင် သောက်တော်ရေ နှင့် အောင်သပြေပန်းများဆက်ကပ်ပြီး သိဒ္ဓိ၀င်ဂါထာကို ရွတ်ဖတ်ပူဇော်ပါမည်။ ပြည်ဝင်နောက်ဆုံး ဘုရားတစ်ဆူ အနေဖြင့် ရွှေဘုံသာဘုရားမှ ရွှေဆံတော်ဘုရားကို သွားရပါမည်။ ရွှေဆံတော်ဘုရားကိုရောက်ပြီဆိုလျှင် သက်ဆိုင်ရာ ဂြိုလ်ထောင့်အသီးသီးမှာ အောင်သပြေပန်းနှင့် သိဒ္ဓိဝင်ဂါထာကို ရွတ်ဖတ်ပူဇော်ရပါမည်။ ပြီးလျှင် ပြည်ဝင်ယတြာပြီးဆုံးပြီဖြစ်သောကြောင့် မိမိလိုရာဆုတစ်ခုတည်းကို တောင်းဆိုရပါမည်။

# ဒုတိယအဆင့် "ပြည်ထွက်ယတြာ" ကို ဆက်လက်ပြောဆိုရလျှင်
ပြည်ထွက်ယတြာဆိုသည်မှာ ပြည်မှရန်ကုန်သို့ ထွက်ခြင်းဖြစ်သော်လည်း ပထမအနေဖြင့် ပြည်မြို့ ရွှေဆံတော်ဘုရားမှ စတင်ရပါမည် ဖြစ်ပါတယ်။ ရွှေဆံတော်ဘုရားသို့ ရောက်လျှင် သက်ဆိုင်ရာ ဂြိုလ်ထောင့်အသီးသီးတွင် ဖယောင်းတိုင်နှင့် တံခွန်၊ယပ် များကပ်လှူပူဇော်ပြီး သိဒ္ဓိ၀င်ဂါထာကို ရွတ်ဖတ်ပူဇော်ပါမည်။ ထိုမှတစ်ဖန် ရွှေဆံတော်ဘုရားမှ ရွှေဘုံသာဘုရားသို့ သွားရပါမည်။ ရွှေဘုံသာဘုရားသို့ရောက်လျှင် သက်ဆိုင်ရာ ဂြိုလ်ထောင့်အသီးသီးတွင် ဖယောင်းတိုင်နှင့် တံခွန်၊ယပ် များကပ်လှူပူဇော်ပြီး သိဒ္ဓိ၀င်ဂါထာကို ရွတ်ဖတ်ပူဇော်ပါမည်။ ရွှေဘုံသာဘုရားမှပြီးလျှင် ပြည်ထွက် ယတြာ၏ နောက်ဆုံးဘုရားတစ်ဆူဖြစ်သော ရွှေနတ်တောင်ဘုရားကို သွားရပါမည်။ ရွှေနတ်တောင်ဘုရားသို့ရောက်လျှင် သက်ဆိုင်ရာ ဂြိုလ်ထောင့်အသီးသီးတွင် ဖယောင်းတိုင်နှင့် တံခွန်၊ယပ်များကပ်လှူပူဇော်ပြီး သိဒ္ဓိ၀င်ဂါထာကို ရွတ်ဖတ်ပူဇော်ပါမည်။ ပြီးပြီဆိုလျှင် ပြည်ထွက် ယတြာပြီးဆုံးပြီဖြစ်သောကြောင့်
မိမိလိုရာဆု တစ်ခုတည်းကို တောင်းဆိုရပါမည်။

# ပြည်ဝင်ပြည်ထွက်ယတြာဆောင်ရွက်ရာတွင် ဘယ်သူမဆို တစ်နေ့တည်းအပြီး ဆောင်ရွက်ရပါမည်။ ပြည်ဝင်ယတြာကို ဆောင်ရွက်ပြီး ပြည်ထွက်ယတြာကို ဆက်ပြီးမလုပ်လို့မရသောကြောင့် ပြည်ဝင်ယတြာကို ဆောင်ရွက်ပြီးလျှင် ပြည်ထွက်ယတြာကိုလည်း မဖြစ်မနေ ဆက်ပြီးဆောင်ရွက်ရပါမည်။
ထို့ကြောင့် ပြည်ဝင်ပြည်ထွက် ယတြာလေးများကို ပြုလုပ်ရင်း ပြည်မြို့ရှိ ဘုရားများ၊ ရွှေတောင်မြို့ရှိဘုရားများ ဖူးနိုင်မယ့် ခရီးသွားအစီအစဉ်လေးတစ်ခုကို Family Home ခရီးသွားလုပ်ငန်းမှ စီစဉ်ထားပါသည်။

# ခရီးစဉ်လေးကို အလုပ်ပိတ်ရက်လေးတွေမှာ သွားနိုင်ဖို့အတွက် စီစဉ်ထားသောကြောင့်

ခရီးစဉ် ၁ အနေနှင့် သောကြာနေ့ညနေဘက် ရန်ကုန်မှထွက်သော Express Bus
နှင့်သွားကာ စနေနေ့တွင် ယတြာများစတင်လုပ်ဆောင်ပြီး ရွှေတောင်ရှိ Motel တွင် အိပ်စက်အနားယူ၍ တနင်္ဂနွေနေ့နံနက် Express Bus ဖြင့် ရန်ကုန်မြို့သို့ ပြန်လာကြမည့် ခရီးစဉ်လေးနှင့်

ခရီးစဉ် ၂ အနေနှင့် သောကြာနေ့ ညဘက်ရန်ကုန်မှ ၁၅ယောက်စီး ခေါင်မြင့် အံစာတုံး ကားဖြင့်သွားကာ စနေနေ့တွင် ဘုရားများဖူးကာ ပြည်မြို့ရှိ Golden Guest Hotelတွင် အိပ်စက်အနားယူကာ တနင်္ဂနွေနေ့တွင် ယတြာများပြုလုပ်၍ ရန်ကုန်မြို့သို့ ပြန်လာကြမည့် ခရီးစဉ်လေးဖြစ်ပါသည်။

ယတြာလည်းချေမယ်...ဘုရားလည်းဖူးမယ်...အလုပ်နားရက်လေးကို လတ်ဆတ်တဲ့ လေကိုရှုရှိုက်ရင်း ဘဘာဝရှုခင်းတွေကိုလည်း ခံစားရင်းနဲ့ ပြည်ဝင်ပြည်ထွက် ယတြာလေးကိုလည်း Family Home နဲ့ အတူတူ ပြုလုပ်ဖို့ ခေါ်ပါတယ်။

ခရီးစရိတ် မှာ ခရီးစဉ် ၁ အတွက် ၈၀၀၀၀/- ကျသင့်မှာဖြစ်ပြီး
ခရီးစဉ် ၂အတွက် ၉၅၀၀၀/- ကျသင့်မှာဖြစ်ပါတယ်။

ခရီးစရိတ်တွင် ပါဝင်သည်များမှာ

# ပြည်ဝင်ပြည်ထွက် ယတြာချေရမည့်အောင်သပြေပန်း၊ တံခွန် ယပ်၊ဖယောင်းတိုင်၊ သောက်တော်ရေနဲ့ ရွတ်ဆိုရမယ့်ဂါထာ
# ပြည်ဝင်ပြည်ထွက် ယတြာကို ဂါထာရွတ်ဆိုဆက်ကပ်သည်မှတစ်ပါး မည်သည်မှ လုပ်ဆောင်ရန်မလိုအောင် ဝန်ဆောင်မှုပေးခြင်း
# Hotel/ Motel တစ်ညတာ တည်းခိုခွင့်
# ကားခများအားလုံး
# လမ်းခရီးတွင် ရပ်နားသည့်ဆိုင်မှတစ်ပါး နံနက်စာ နေ့လည်စာနှင့် အိမ်ချက်လက်ရာ ညစာ
# သောက်ရေသန့်နှင့် စနိုးတာဝါ

ခရီးစရိတ်တွင် မပါဝင်သည်များ

# ကိုယ်ပိုင်အသုံးစရိတ်များ

ခရီးစဉ်လေးအား စိတ်ဝင်စားလို့ ဆက်သွယ်လိုပါက
Facebook chatbox မှလည်းကောင်း၊
09-5159650၊ 09-796905238၊ 01-382459 စသည့်
ဖုန်းနံပါတ်များကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အညာဒေသ၏ ရာသီဥတုကို အံတုပြီး ဧရာဝတီအနောက်ဘက်ကမ်းက တန်ခိုးကြီးဘုရားများနှင့် သဘာဝတောတောင်အလှကို ခံစားရင်း ဘုရားဖူးခရီး ထွက...
02/02/2017

အညာဒေသ၏ ရာသီဥတုကို အံတုပြီး ဧရာဝတီအနောက်ဘက်ကမ်းက တန်ခိုးကြီးဘုရားများနှင့် သဘာဝတောတောင်အလှကို ခံစားရင်း ဘုရားဖူးခရီး ထွက်လိုသူများအတွက် အထူး(၃) ညအိပ် (၄) ရက် ခရီးစဉ်
----------------------
#ပခုက္ကူ -ဖိုလ်ဝင်းတောင်-အလောင်းတော်ကဿဿ ပ-မုံရွာ-စစ်ကိုင်း အထူးခရီးစဉ် 24 ရက်နေ့ထွက်ခွာ၍ March 27 ရက်ပြန်ရောက်မည်။ -con Express car, Win Unity Hotel, နံနက်စာ/နေ့လည်စာ/ညစာ၊ တောင်တက်ကားလေးခ အပါအ၀င် တစ်ဦးလျှင် (၁၃၅၀၀၀) ကျပ်တိတိ
---------------------------

27/11/2015
ဖေဖော်ဝါရီလ ဗုဒ္ဓဂါယာ ဘုရားဖူး အထူးခရီးစဉ်=================================မိသားစုအိမ် ( Family Home Travel & Tour ) ခရီး...
20/11/2015

ဖေဖော်ဝါရီလ ဗုဒ္ဓဂါယာ ဘုရားဖူး အထူးခရီးစဉ်
=================================

မိသားစုအိမ် ( Family Home Travel & Tour ) ခရီးသွားလုပ်ငန်း၏

တစ်နှစ်လျှင် အောက်တိုဘာလနှင့် ဖေဖေါ်ဝါရီလ နှစ်ကြိမ်သာ စီစဉ်တဲ့

ဗုဒ္ဓဂါယာ ခရီးစဉ်မှ ၂၀၁၆ ဖေဖော်ဝါရီ ခရီးစဉ်ကို မိသားစု ဘုရားဖူးသကဲ့သို့

သွားရောက်နိုင်ရန် စီစဉ်ထားတဲ့ အထူးခရီးစဉ်အနေနဲ့ ၁၄ ညအိပ် ၁၅ ရက်

ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာ

မည်ဖြစ်ပါသည်။ ခရီးစဉ်လိုက်ပါလိုပါက Passport မူရင်း၊

သန်းခေါင်စာရင်းမိတ္တူ၊ ကာလာဓာတ်ပုံ (၆) ပုံနှင့်အတူ

ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက

ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ - ၀၁-၃၈၂၄၅၉၊ ၀၁-၂၄၆၈၁၉၊ ၀၉-၅၁၅၉၆၅၀၊ ၀၉- ၇၃၀၅၀၇၂၆၊ ၀၉-၇၉၆၉၀၅၂၃၈ သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ် အထူးဝန်ဆောင်မှု=======================ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာ ခရီးစဉ်တစ်ခုဖြစ်သော ဗုဒ္ဓဂါယ...
18/11/2015

ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ် အထူးဝန်ဆောင်မှု
=======================

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာ ခရီးစဉ်တစ်ခုဖြစ်သော ဗုဒ္ဓဂါယာခရီးအား သွားရန်ဆန္ဒရှိသော ဘုရားဖူးဓမ္မမိတ်ဆွေများ အားလုံးကို 'မိသားစုအိမ်'ဘုရားဖူးခရီးသွားလုပ်ငန်း(Family Home Travel & Tour) မှတာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ကုမ္ပဏီ အဖွဲ့အစည်းများ၊ ဆရာဝန်များ ၊ ဆရာ ဆရာမများနှင့် အသင်းအဖွဲ့အစည်းများအားလုံးကို သင့်တော်သောဈေးနှုန်း၊ ကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများဖြင့် သွားရောက်နိုင်ရန်အတွက် မိသားစုအိမ် ဘုရားဖူးခရီးသွားလုပ်ငန်း (Family Home Travel & Tour) မှစေတနာကိုအရင်းခံပြီး မိသားစုကဲ့သို့ နွေးထွေးမှုအပြည့်ဖြင့် ပို့ဆောင်ပေးနေပြီဖြစ်ပါသဖြင့် မိသားစုအိမ် ဘုရားဖူး ခရီးသွားလုပ်ငန်းသို့ အမြန်ဆုံး ဆက်သွယ် လိုက်ကြပါစို့..............

မိမိသိရှိလိုသောအသေးစိတ်အချက်အလက်များကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည် ။

၀၁-၃၈၂၄၅၉၊ ၀၁-၂၄၆၈၁၉၊ ၀၉-၅၁၅၉၆၅၀၊ ၀၉-၇၃၀၅၀၇၂၆

နွေဦးရာသီတွင် အပန်းဖြေခရီးထွက်လိုသူများအတွက် Family Home မှ   =============================================           သ...
31/03/2015

နွေဦးရာသီတွင် အပန်းဖြေခရီးထွက်လိုသူများအတွက် Family Home မှ
=============================================
သာယာအေးမြသည့် လွိုင်ကော် - ကလော အထူးခရီးစဉ်
====================================

👇

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုးပြီးချိန် အပန်းဖြေခရီးထွက်လိုသူများအတွက် ================================================Fam...
11/02/2015

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုးပြီးချိန် အပန်းဖြေခရီးထွက်လိုသူများအတွက်
================================================
Family Home မှ လွိုင်ကော် အထူးခရီးစဉ်
============================

Address

Mahar Bandoola Garden Street, Near City Hall, Sule
Yangon

Alerts

Be the first to know and let us send you an email when Family Home Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Family Home Travel & Tours:

Share

Category