Ayuda Myanmar Travels & Tours Co. Ltd.

Ayuda Myanmar Travels & Tours Co. Ltd. Travel in Myanmar, Vietnam & Cambodia by Myanmar Travel Expert Team

We sell the package tours that include the visit to Myanmar, Vietnam and Cambodia in competitive price and we promise you will find great value for your money!

Explore Bagan and surrounding areas on 2 wheels with Ayuda Myanmar Travel bicycle tour expertshttps://myanmar-cycling.co...
10/02/2024

Explore Bagan and surrounding areas on 2 wheels with Ayuda Myanmar Travel bicycle tour experts
https://myanmar-cycling.com

သခင်ဖိုးလှကြီး လည်ပင်းက အမျိုးအမည် မသိခဲ့ရတဲ့ အရာဝတ္ထု တခု။ ပန်းပုဆရာကြီး ဦးဟန်တင် ထုလုပ်ခဲ့တဲ့ ချောက် GTI ကျောင်းရှေ့က ...
05/02/2024

သခင်ဖိုးလှကြီး လည်ပင်းက အမျိုးအမည် မသိခဲ့ရတဲ့ အရာဝတ္ထု တခု။
ပန်းပုဆရာကြီး ဦးဟန်တင် ထုလုပ်ခဲ့တဲ့ ချောက် GTI ကျောင်းရှေ့က သခင်ဖိုးလှကြီး ရုပ်ထုမှာ သံကြိုး ပါရှိတယ်လို့ သိရပါတယ်။ (ပုံ-၁)
ပန်းပုဆရာကြီးက ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလအတွင်းမှာ ရိုက်ခဲ့တဲ့ သတင်းစာက သခင်ဖိုးလှကြီး ဓါတ်ပုံကို ကြည့်ပြီး ထုလုပ်ခဲ့တာပါ။
အဲဒီပုံက နှောင်းခေတ် လူတွေရဲ့ အမြင်မှာ စွဲထင်နေတာ ကြာခဲ့ပြီပေါ့။မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က ထုတ်ဝေခဲ့တဲ့ (၄၅) ကျပ်တန် ငွေစက္ကူ မှာလည်း သခင် ဖိုးလှကြီးရဲ့ ရုပ်ပုံနဲ့ ထုတ်ဝေ ထားတာကို တွေ့ရပြန်တယ်။ (ပုံ-၂)
အဲဒီပုံကတော့ ပန်းပုဆရာကြီး ဦးဟန်တင် ထုလုပ်ထားတဲ့ သခင် ဖိုးလှကြီး ရဲ့ ရုပ်ထုပုံနဲ့ အတူတူပါပဲ။
အဲသလို မြင်ကွင်း တွေကြောင့် လည်း နှောင်းခေတ် လူတွေရဲ့အသိမှာ သခင် ဖိုးလှကြီး ဆိုရင် လည်ပင်းမှာ သံကြိုးကြီးတန်းလန်းနဲ့လို့ ထင်ယောင်ထင်မှား ဖြစ်ကုန်ကြတာပါ။
၇.၇.၂၀၁၃ နေ့တုန်းကလည်း ဒီလိုပဲ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အထိမ်းအမှတ် အနေနဲ့ သခင် ဖိုးလှကြီးရဲ့ ကြေးသွန်းရုပ်ထုကို ချောက်မှာရှိတဲ့ အလုပ်သမား မေဒေး ပန်းခြံမှာ စိုက်ထူကြမယ်ပေါ့။
တချို့ကလည်း အားမာန်အပြည့်နဲ့ သုံးရောင် ခြယ်အလံကို ကိုင်နေတဲ့ ပုံကို ထုလုပ်ချင်ကြတယ်။ တချို့ကလည်း ကုန်ကျစရိတ် နည်းမယ့် ကိုယ်တစ်ပိုင်းပုံကိုပဲ ထုလုပ်ချင်ကြတယ်။ နောက်ဆုံးတော့ ရန်ပုံငွေ အခြေအနေအရ သခင်ဖိုးလှကြီးရဲ့ ကိုယ်တစ်ပိုင်း ရုပ်ထုကိုပဲ ကြေးရုပ် လုပ်ကြမယ်ပေါ့။
ဒီမှာတင် ပြဿနာ ကမပြီးသေးဘူး။ သခင်ဖိုးလှကြီး ရဲ့ လည်မှာဆွဲထားတဲ့ သံကြိုး ကိုထည့်မလား၊ မထည့်ဘူးလား။ ထည့်မယ်ဆိုရင် ကလေးတွေ ပြောကြ၊ လှောင်ကြတဲ့ “သံကြိုးကြီး နဲ့ ဒရွတ် ဒရွတ်” ဆိုတာမျိုးဖြစ်မယ်။ မထည့်ဘူး ဆိုရင် မြင်နေကျ သခင်ဖိုးလှကြီး ရဲ့ ပုံနဲ့ကွဲပြား နေမယ်ပေါ့။
လူတွေရဲ့ အမြင်မှာ သခင်ဖိုးလှကြီး ဆိုရင် သံကြိုး ပါရမယ် လို့မြင်နေကြပြီလေ။ သံကြိုးမပါတဲ့ ပုံတော့ ရှိပါတယ်။ မောင့် ကျက်သရေ ခေါင်းပေါင်းနဲ့ပုံ၊ ဒီပုံကြတော့လည်း မာန်မပါ လို့ မသုံးချင်ကြဘူး။ (ပုံ-၃)
နောက်ဆုံးတော့ အရေးတော်ပုံကာလမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲက ပုံကိုပဲ သုံးကြမယ်လို့ ဆုံးဖြတ်လိုက် ကြတယ်။ အဲဒီပုံကလည်း (၄၅) ကျပ်တန် ငွေစက္ကူ ထဲကပုံနဲ့ ဆရာကြီး ဦးဟန်တင်ရဲ့ ပန်းပုပုံနဲ့ အတူတူပါပဲ။ (ပုံ-၄)
ဒါပေမဲ့ ဒီ သံကြိုးကြီး ကို ဘ၀င် မကျဖြစ်ရတယ်။ ဘာလို့ ပန်းပုရုပ်မှာ သံကြိုး ဖြစ်နေရတာလဲပေါ့။ သူတို့ ဆွဲခဲ့တဲ့၊ ထုလုပ်ခဲ့တဲ့ သံကြိုး က အခု အတော်စဉ်းစားရ ကျပ်နေပြီ။
ကံကောင်းတယ်လို့ ပြောရမလား။ ဒါမှမဟုတ် ကွယ်လွန် လေပြီးသော သခင်ဖိုးလှကြီးကများ စိတ်စွမ်းအင်တွေပေးပြီး ပြဿနာကို ဖြေရှင်းလိုက်လေသလား မသိဘူး။ ပြဿနာရဲ့ မူလ အဖြစ်မှန်ကို သိလိုက်ရတယ်။
ဒါဟာ သမိုင်းကို ပြန်လည်တည့်မတ် လိုက်ခြင်းဖြစ်လို့ သိပ်ပြီး တန်ဖိုးကြီးမားပါတယ်။ အဲသလို မဟုတ်ရင် တသက်လုံး သခင် ဖိုးလှကြီး ရဲ့ လည်မှာဆွဲထားတဲ့ သံကြိုးကြီး က ဘဝင် မကျစရာ ဖြစ်နေမှာ၊ အခုတော့ ရှင်းသွားပြီ။
ဖြစ်ပုံက ဒီလိုပါ ........
၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အခမ်းအနား ကျင်းပမယ်လို့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဖေ့စ်ဘွတ်ခ် တွေကနေပြီး သတင်းဖြန့်လိုက်တယ်။
ဒီမှာတင် သခင် ဖိုးလှကြီး ရဲ့ မျိုးဆက်သစ်တွေက စိတ်ဝင်စားသွားတယ်။ ချောက်မှာရှိတဲ့ သခင်ဖိုးလှကြီးရဲ့ မျိုးဆက် တချို့က ဒီ သံကြိုး ပြဿနာကို ထဲထဲဝင်ဝင် မသိကြပေမယ့် မန္တလေး မှာ ရောက်နေတဲ့ မျိုးဆက်သစ်တစ်ယောက်ကတော့ ဒီပြဿနာ ကိုသိထားတယ်။
သူ့ကိုမေးလာတဲ့ သံကြိုး ပြဿနာကိုလည်း လက်လှမ်းမီသလောက် ရှင်းပြခဲ့ ဖူးတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဘယ်ပြည့်စုံပါ့မလဲ။
၁၃၀၀ ပြည့် စိန်ရတု ကျင်းပရေးကော်မတီ အနေနဲ့ လည်း ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ သခင်၊ သခင် မကြီး တွေနဲ့ လက်လှမ်းမီသလောက် ဆက်သွယ်လိုက်တဲ့ အခါမှာတော့ သခင်ဖိုးလှကြီး ရဲ့ သမီး (ဒေါ်ကျင်ကျင်ဝေ) ဆိုတာ နတ်မောက် မှာရှိနေတဲ့ အကြောင်း သိလိုက် ရတယ်။
သူ့ဆီမှာ သမိုင်းဝင် ဓာတ်ပုံလည်း ရှိတယ်လို့ ကြားသိရတော့ ဆက်သွယ်လိုက်တယ်။ သခင် ဖိုးလှကြီး ရဲ့သား ဦးအောင်သန်း ကတော့ ကွယ်လွန်သွားပြီမို့ ကျန်ရစ်တဲ့ မိသားစုဆီက အထောက်အထား သိပ်မရဘူး။
ကံကောင်းချင်တော့ သခင် ဖိုးလှကြီးရယ်၊ သခင် သိန်းမောင် ကြီးရယ် စုပြီးရိုက်ထားတဲ့ ဘင်ခရာတီးဝိုင်း ဓာတ်ပုံကို နတ်မောက်မှာ ရောက်နေတဲ့ ဒုတိယသမီး ဒေါ်ကြင်ကြင်ဝေ ဆီက ရလိုက်တယ်။
ဒေါ်ကြင်ကြင်ဝေ အနေနဲ့ မန္တလေး မှာ ရောက်နေတဲ့ သူ့သမီး ဒေါ်ခင်အုန်းဝေကို ဖုန်းနဲ့ ဆက်ခေါ်ပြီး သူတို့မိသားစု ချောက်ကို ရောက်လာကြတယ်။ ကွဲကွာသွားခဲ့တဲ့ မွေးရပ်မြေ ကိုပြန်ပြီး ခြေချရတော့ သူတို့ရင်မှာ ပီတိတွေ လွှမ်းခြုံ နေတာပေါ့။
နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ ဆွေမျိုး သားချင်း တွေ ပြန်လည်ဆုံတွေ့ကြရလို့လည်း မျက်ရည်လည်ရွှဲ ဖြစ်နေကြ သေးတယ်။အချင်းချင်းတွေ့ကြ၊ ဆုံကြတဲ့ အခါမှာတော့ ငယ်ဘ၀တွေကို လွမ်းဆွတ်တမ်းတရင်း သူတို့ အဖေ၊ သူတို့အဘိုးကို သတိတရ နဲ့ ဂုဏ်ယူ နေကြတယ်။
အဲ့လိုနဲ့ ရှေးဟောင်းအောက်မေ့ဖွယ်တွေကို ပြောကြဆိုကြ ရင်းက သခင်ဖိုးလှကြီးရဲ့ လည်မှာဆွဲထားတဲ့ သံကြိုးကိစ္စကို ရောက်သွားတယ်။
သမီးဖြစ်သူ ဒေါ်ကြင်ကြင်ဝေကတော့ အသက်ကလည်း (၈၀) ကျော် နေပြီ။ သတိတွေကလည်း ချွတ်ယွင်းနေပြီမို့ စကားတောင် လေးလုံးကွဲအောင် မပြောနိုင် တော့ပါဘူး။ အတူတူပါလာတဲ့ သမီးဖြစ်သူ ဒေါ်ခင်အုန်းဝေ ကသာ ဦးဆောင်ပြီး ပြောသွားခဲ့တာပါ။
သခင်ဖိုးလှကြီးရဲ့ မြေးဖြစ်တဲ့ ဒေါ်ခင်အုန်းဝေဟာ သူ့အဘွား၊ ဒေါ်စောညွန့် ပြောပြ ခဲ့တဲ့ ၁၃၀၀ ပြည့် အိပ်မက်တွေကို အမှတ်တရ ပြောပြခဲ့ပါတယ်။
သခင် ဖိုးလှကြီးရဲ့ လည်ပင်းမှာ ဆွဲထားတာဟာ သံကြိုး မဟုတ်ပါဘူး .... ခရာကြိုးပါ။ သံကြိုး နဲ့တူနေရတာ ကတော့ သူ့အဘွား ဒေါ်စောညွန့် ထိုးပေးလိုက်တဲ့ သိုးမွှေးကြိုးဟာ ကွင်းဆက်ဖြစ်နေတာမို့ သံကြိုးနဲ့တူနေတာပါတဲ့။
ရန်ကုန်ကို ချီတက်တဲ့နေ့ အမီ အဲဒီ သံကြိုး ကွင်းဆက်ပုံ သိုးမွှေးကို ထိုးပေးလိုက်တာပါတဲ့။ သံကြိုး နဲ့တူသရောင် ရှိပေမယ့် ပေါ့ပါးတဲ့ .....ခရာကြိုး ..... ဖြစ်တဲ့အကြောင်း၊ တမာအိုင့်ရပ်ကွက်အရောက်မှာ အပြေးကလေး လိုက်ပေးရတာ ဖြစ်ပါတယ်လို့ သမိုင်းရဲ့ ကွက်လပ်တစ်ခုကိုပြောပြသွားခဲ့ပါတယ်။
သခင်ဖိုးလှကြီး ဓါတ်ပုံ
(ပုံ-၅)
Credit to : မူရင်း ရေးသားသူ

တစ်ချိန်က မြန်မာနိုင်ငံမှာ ဓါတ်ရထား ရှိခဲ့ဖူးပါတယ်၁၉၃၀ ဝန်းကျင်လောက်က ထင်ပါတယ်သူ့ကို လည်ပတ်ဖို့ ပြေးလမ်းတစ်လျှောက်မှာ အပ...
21/06/2023

တစ်ချိန်က မြန်မာနိုင်ငံမှာ ဓါတ်ရထား ရှိခဲ့ဖူးပါတယ်
၁၉၃၀ ဝန်းကျင်လောက်က ထင်ပါတယ်
သူ့ကို လည်ပတ်ဖို့ ပြေးလမ်းတစ်လျှောက်မှာ
အပေါ်က လျှပ်စစ်ကြိုးတန်း သွယ်ထားပေးရပါတယ်
(ဓါတ်ပုံထဲမှာ တွေ့နိုင်ပါတယ်)။
အဲ့ကြိုးတန်းက လျှပ်စစ်ကို ရထားကထွက်တဲ့
Pantograph လို့ခေါ်တဲ့ (ပလပ်ပေါက်ထိုးသလို)
အင်တနာတန်းနဲ့ ထိသွားပြီး လျှပ်စစ်ဓါတ်အားနဲ့
ရထားကပြေးတာပါ

Photo credit

♦သံပုံချိုင့်နဲ့ စိတ်ဝင်စားစရာစုံလင်ဦးဝိစာရလမ်းတခွင်ဦးဝိစာရလမ်းအထက်ဘက်ကို ၁၈၅၀ ပြည့်နှစ်တွေက ကျားရိုင်းများ လှည့်လည်ကျ...
06/11/2022

♦သံပုံချိုင့်နဲ့ စိတ်ဝင်စားစရာစုံလင်ဦးဝိစာရလမ်းတခွင်

ဦးဝိစာရလမ်းအထက်ဘက်ကို ၁၈၅၀ ပြည့်နှစ်တွေက ကျားရိုင်းများ လှည့်လည်ကျက်စားတဲ့အရပ်ဖြစ်တာကြောင့် Tiger Alley Road ကျားလမ်းကြား လို့ ခေါ်ဆိုခဲ့ပါတယ်။ ရှေးမြန်မာအခေါ်အရ ဆင်လမ်းပေါ့။ ခုခေတ်ဆိုရင်တော့ ရန်ကုန်မှာ ကျားရှိခဲ့တယ်ဆိုတာ ဟုတ်ပါ့မလားလို့ တွေးစရာပါ။ အဲ့ဒီအချိန်ကတော့ ရွှေတိဂုံစေတီတော်ကို ဗဟိုပြုပြီး ငါးထပ်ကြီးဘုရားဝန်းကျင်ကို အရှေ့တောရ၊ ဗားကရာချိုင့်ဝှမ်း နဲ့ ဗားကရာဘုန်းကြီးကျောင်းများရှိတဲ့အရပ်ကို အနောက်တောရ၊ ဤအရှေ့အနောက်ကို ဆက်သွယ်ရာလမ်းကို "ကြားတောရလမ်း" နဲ့ တောရနှစ်ခုအကြား လင့်ခ်လမ်းနဲ့ဓမ္မစေတီလမ်း (ယခင်ဘောင်ဒရီလမ်း) ဝန်းကျင်ကိုတော့ အလယ်တောရတဲ့။ ဒါ့ကြောင့် ရန်ကုန်ရဲဲ့ဒီအရပ်ဝန်းကျင်ဟာ တောတောင်ထူထပ်ပြီး ကျားရဲတိရစ္ဆာန်တို့ ကျင်လည်ကျက်စားလေ့ရှိတယ် လို့ ဆိုပါတယ်။ ပိုမိုခိုင်မာတဲ့အချက်ကတော့ ၁၉၀၃ ခုနှစ်မှာ ရွှေတိဂုံရင်ပြင်တော်ကို ကျားတစ်ကောင်တက်ခဲ့တဲ့ ဖြစ်စဥ်ပါပဲ။ သေနတ်နဲ့ပစ်ချနိုင်ခဲ့လို့ ဘုရားဖူးများတော့ အန္တရာယ်မရှိခဲ့ပါ။ ဒါဟာ ရွှေတိဂုံဝန်းကျင်မှာ နောက်ဆုံးအကြိမ် ကျားတွေ့ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းလည်းဖြစ်ပါလိမ့်မယ်။

ထိုအချိန်က လူနေရွာကြီးအဖြစ် ရှိနေပြီးဖြစ်တဲ့ ကြည့်မြင်တိုင်ရွာမှ ဘုရားဖူးလာကြလျှင် အသုံးပြုတဲ့လမ်းလို့ဆိုတဲ့ ကျားလမ်းကြားဟာ တောနက်တဲ့အပြင် ကျားရဲတိရစ္ဆာန်များရှိတော့ တစ်ဦးစနှစ်ဦးစနဲ့တော့ မလျှောက်ရဲ၊ မဖြတ်ရဲကြ။ လူစုလူဝေးနဲ့သာ စုစည်းသွားလာရလေ့ရှိတယ်။ ကျားလမ်းကြားနဲ့ ပတ်သတ်လို့ ပထမဆုံး ဓာတ်ပုံကို ၁၈၅၅ ခုနှစ်မှာ မင်းတုန်းမင်းထံ အခစားဝင်သော ဗြိတိသျှသံအဖွဲ့နဲ့အတူပါလာတဲ့ ဓာတ်ပုံဆရာ လင်းနရက်စ်ထရိုက်ပ် (Linnaeus Tripe) က ရိုက်ကူးခဲ့ပါတယ်။ ဓာတ်ပုံတွေမှာ တွေ့ရတဲ့သမိုင်းပုံရိပ်တချို့ဟာ ရန်ကုန်မြို့ရဲ့ ပြောင်းလဲလာပုံ​ကို များစွာသိမြင်မှတ်သားရစေပါတယ်။ ဦးဝိစာရလမ်းကို အကြိမ်ကြိမ်ပြန်လျှောက်ရင်းလည်း ပိုအတွေးပွားစေပါတယ်။

♦ဦးဝိစာရလမ်းသွယ်မှ ဒူပလီလမ်း(ယခု မြေနီကုန်းစျေးလမ်း) ဆီ

ဆရာကြီး B.R.Pearn ရဲ့ ရန်ကုန်သမိုင်းမှာဖော်ပြခဲ့တဲ့ Tiger Alley Road ကျားလမ်းကြားတနေရာဆိုပြီး လမ်းရယ်လို့ပီပီပြင်မရှိသေးဘဲ သစ်ပင်ကြီးကိုလှဲလျက်သား တံတားအဖြစ် ထိုးဆက်ထားတဲ့ ၁၈၅၅ ကပုံရယ်၊ ဒီနေရာကိုပဲ လူနေရွာကြီးအဖြစ်ပြောင်းလဲလာကာ ရွာလမ်းကြီးဖြူးနေပြီဖြစ်တဲ့ ၁၉၃၈ ကပုံရယ် ဒီနှစ်ပုံက တော်တော်ကွာခြားလွန်းပါတယ်။ လက်ရှိ ယနေ့ခေတ် ဦးဝိစာရလမ်းရဲ့ ဘယ်နေရာလဲဆိုတာကို မြင်လိုက်ရတော့ မျက်လှည့်ပြလိုက်သလိုပါပဲ။ Yangon Time Machine ရဲ့ ကိုးကားချက်သာမရရင် သိနိုင်ဖို့ခဲယဥ်းလေခြင်း။ YTM ရဲ့ ပုံပါရည်ညွှန်းရာအတိုင်း ဦးဝိစာရလမ်းပေါ်ကနေ စမ်းချောင်းဘက်အခြမ်းကို တလမ်းဝင်တလမ်းထွက်လိုက်ကြည့်မိတဲ့အခါ ထိုနေရာဝန်းကျင်ကို တွေ့ခဲ့ရပါတော့တယ်။

ဓမ္မစေတီလမ်းထောင့်က Strategy First အကျော် ဦးဝိစာရလမ်းပေါ်မှာ ဗားကရာတောရဆိုတဲ့ကျောင်းတိုက် ရှိပါတယ်။ ကပ်လျပ်လမ်းမှာ "ဦးဝိစာရလမ်းသွယ်" လို့ ရေးထားတဲ့ဆိုင်းဘုတ်ရှိပါတယ်။ လမ်းအတိုင်းဝင်သွားပြီး အဆုံးမှာညာချိုးကာ ဆက်လျှောက်လိုက်ရင် ကားတာယာဆိုင်တွေနဲ့အတူ မြေနီကုန်းစျေးလမ်းဆိုပြီး လမ်းဆုံလေးတွေ့ရမှာပါ။ ဒါကတော့ အထက်ကညွှန်းဆိုခဲ့တဲ့ ကျားလမ်းကြားတနေရာဆိုတဲ့ ကြည့်မြင်တိုင်ဘုရားဖူးများ ဖြတ်သန်းသွားလေ့ရှိတဲ့ တောတောင်ထူထပ်ရာ လမ်းကလေးပါတဲ့။ သြော် ပြောင်းလဲလာလိုက်ပုံများ အံ့သြစရာပါ။ ဒီလို​ပြောင်းလဲလာတဲ့ သမိုင်းပုံရိပ်သုံးပုံကို ရှေ့ဆင့်နောင်ဆင့် ခုနှစ်လေးတွေနဲ့ ဓာတ်ပုံ​တင်ပေးထားပါတယ်။

မြေနီကုန်းစျေးလမ်း လို့ ကျွန်တော်တို့အခုခေါ်ကြတဲ့လမ်းကို ကိုလိုနီခေတ်ကတော့ ဒူပလီလမ်း Doopley လမ်း ခေါ်ခဲ့ပါတယ်။ ယခု သိမ်ကြီးစျေးနေရာမှာရှိခဲ့တဲ့ စူရတီဘယားဘဇားစျေးကြီးအပါအဝင် စူရတီဆောက်လုပ်ရေးလုပ်ငန်းများရဲ့ ဒါရိုက်တာဖြစ်သူ မိုဟာမက် အီဘရာဟင် ဒူပလီ (Mohammed Imbrahim Doopley) ကို ရည်ညွှန်းခေါ်ဆိုခဲ့တာပါ။ နောက်ပိုင်းမှာတော့ လူနေရပ်ကွက်ကနေ တသီးတခြားဖြစ်နေတဲ့ စျေးရှိရာသွားတဲ့လမ်း မြေနီကုန်းစျေးလမ်းလို့ ပြောင်းလဲခေါ်ဆိုလာခဲ့ပါတယ်။

♦စံပြအမျိုးသမီးအထက်တန်းကျောင်း၊ မရမ်းခြံကျောင်း၊ အထက (၁) ကမာရွတ်

ဦးဝိစာရလမ်းအတိုင်း ဟံသာဝတီအဝိုင်းရှိရာ မြောက်ဘက်ဆက်သွားရင် အပင်တွေစိမ်းစိုအုံ့ဆိုင်းအေးမြနေတဲ့ အထက (၁) ကမာရွတ် ကျောင်းကိုတွေ့ရမှာပါ။ ချစ်ခင်လေးစားရတဲ့ အဆိုတော်ကြီးဒေါ်မာမာအေးရဲ့ ပြောစရာတွေလဲတပုံကြီးရှိသေးတယ် ဆိုတဲ့ ဆောင်းပါးမှာဖတ်ခဲ့ရတဲ့ စံပြအမျိုးသမီးအထက်တန်းကျောင်း တဖြစ်လဲ မရမ်းခြံကျောင်းလို့ ခေါ်ပါတယ်။ မရမ်းခြံကျောင်းလို့ခေါ်ရတာကတော့ မြင်ရုံနဲ့သိနိုင်မှာပါ။ ခုထိကို မရမ်းပင်တွေ အများကြီးရှိနေသေးတာ၊ ဟိုးယခင်ကတော့ ဒီ့​ထက်ပိုများနိုင်ဖွယ်ရှိတာပေါ့။ မင်းသမီးကြီးခင်ယုမေ တက်ခဲ့တဲ့ကျောင်းလို့လည်း ဆိုပါတယ်။ ခရမ်းရောင်လုံချည်ကို ကျောင်းယူနီဖောင်းအဖြစ် ဝတ်ဆင်ခဲ့ရပါတယ်။

"စံပြ အမျိုးသမီး အထက်တန်း ကျောင်း ရယ်လို့ ဦးဝိစာရလမ်းမကြီးပေါ်မှာ ဖွင့်လှစ်တော့မှ ပဉ္စမတန်းကျောင်းသူအဖြစ် တက်ရောက်ခဲ့ရပါတယ်။ မိခင်စိတ်အပြည့်နဲ့ လိုတဲ့အကွက်ဖြည့်ပေးတတ်တဲ့ ဆရာမတွေကြောင့် မိန်းမသားပီပြင်ခဲ့ရတာ အမှန်ပါဘဲရှင်။ ဆို တာကတော့ မိဘကြောင့် ရတာပါ။ ကတာ ခုန်တာ ကစားတာတွေက ကျောင်းရောက်မှလို့ ပြောရမှာပါ။ ဗိုလ်လိုရွတ်ရွတ် ဗမာလိုရွတ်ရွတ် – ဆုကို မလွတ်အောင် ဆောင်ရွက်နိုင်တဲ့ ကျောင်းတော်ကြီးဖြစ်ပါတယ်။ ခုတော့ အထက (၁) ကမာရွတ် လို့ ခေါ်မှာပေါ့ရှင်။ " လို့ ဒေါ်မာမာအေးအမှတ်တရ ပြောပြတဲ့ အားထားစရာ စံပြအမျိုးသမီးကျောင်းပါ။

ကျောင်းတည်ဆောက်တဲ့ခုနှစ်ကတော့ ခန့်မှန်းခြေ ၁၉၅၀ ခုနှစ်လောက်ဖြစ်လေမလားပဲ။ ကျောင်းနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးများ ရှာကြည့်တော့ ယနေ့ချိန်ထိ ဆရာကန်တော့ပွဲတွေလုပ်ကြတဲ့အခါ ဆရာမကြီးများနဲ့ကျောင်းသူဟောင်းများဟာ ကျောင်းသင်္ကေတခရမ်းရောင်ကို တမြတ်တနိုးဝတ်ဆင်နေကြဆဲတွေ့ရလို့ ဂုဏ်ယူစရာပါ။ ယခုထိလည်း အထက (၁) ကမာရွတ်အထက်တန်းကျောင်းအဖြစ် ရပ်တည်နေတဲ့ သမိုင်းကောင်းတဲ့ ဦးဝိစာရလမ်းပေါ်က အထင်ကရကျောင်းတစ်ကျောင်းပါပဲ။

♦စစ်ကြီးပြီးချိန်က သံပုံချိုင့်

ဟံသာဝတီအဝိုင်းဘက်ကနေ ရွှေတိဂုံရှိရာဆီလမ်းလျှောက်ရတာကို ကျွန်တော်ကြိုက်တယ်။ ခပ်ဝေးဝေးကကြည့်ရင် အနိမ့်ပိုင်းချိုင့်ဝှမ်းကနေ သိင်္ဂုတ္တရကုန်းတော်ပေါ်က ကြွားကြွားစွင့်စွင့် ရွှေတိဂုံစေတီတော်ကြီးကို ရှင်းကနဲလင်းကနဲ ဖူးမြင်ရတယ်မဟုတ်လား။ လျှောက်လိုက် ဘုရားရှိရာငေးလိုက်ပေါ့။ ဓမ္မစေတီလမ်းကို ဖြတ်ကူးပြီး ဆက်လျှောက်လာရင်တော့ ဘုရားပတ်လမ်း အာဇာနည်လမ်းက ကုန်းအမြင့်လေးပေါ်မှာရှိနေပြီး ယခု ရှင်ဥပဂုတ္တပန်းခြံဘက်အခြမ်းက ချိုင့်ဝှမ်းလေးဖြစ်နေပါတယ်။ ဒါကျွန်တော်တို့မမှီလိုက်ပေမယ့် အမြဲအမှတ်တရ ကောမန့်ဝင်ရေးပြောပြပေးကြတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အနောက်ဘက်မုခ် နဲ့ မြောက်ဘက်မုခ်ကြားမှာ ရှိခဲ့တဲ့ သံပုံချိုင့်လို့ခေါ်တဲ့ ချိုင့်ဝှမ်းပါ။ သံပုံချိုင့်ဆိုတဲ့ နာမည်နဲ့လိုက်အောင် သံတိုသံစတွေအစုံရှိတယ်၊ မလှမ်းမကမ်းမှာ ကုန်းကမူလေးတွေရှိတယ်လို့လည်း ဆရာမောင်ဝဏ္ဏရဲ့ ဆောင်းပါးမှာဖတ်ဖူးလို့ သံပုံချိုင့်ဆိုတဲ့နာမည်က ရင်းနှီးနေတာပါ။ စစ်ကြီးအပြီး စစ်လက်ကျန် ကားပစ္စည်းအဟောင်းတွေ၊ ဂျစ်ကားဘော်ဒီတွေ၊ ခေါင်းတို ကားဘော်ဒီတွေ၊ အင်ဂျင်တွေအပြင် သံချပ်ကား ချိန်းကြိုးအပြတ်ကြီးတချို့လည်း ရှိခဲ့တဲ့နေရာပါ။ ကားဖရိန်ဆိုလျှင် ၀ယ်ရန်မလို ထမ်းခပေးလျှင် ရွှေတိဂုံသံပုံချိုင့်မှာ သွားထမ်းရ၏ လို့လဲ ဖတ်ဖူးတယ်။ ဒါ့ကြောင့်လဲ သံပုံချိုင့် တွင်တာပါ။

သံပုံချိုင့်ရပ်ကွက် နဲ့ ကပ္ပလီကွက်သစ်က ဦးဝိစာရလမ်းရဲ့ တဖက်တချက်စီမှာ ရှိခဲ့တာပါ။ ကပ္ပလီကွက်သစ်ဆိုတာက ယခု​တော်လှန်​ရေးပန်းခြံ​နေရာဖြစ်ပြီး စစ်ကြီးပြီးခါစ နိုင်ငံခြားသားကပ္ပလီစစ်သား​တွေ စည်ကား​နေတဲ့အရပ်မို့ ထိုအမည်တွင်ခဲ့​တယ် ဆိုပါတယ်။ အဲ့ဒီကွက်သစ်အစပ်မှာ ကပ္ပလီ​စျေး​​လေးလည်း ရှိခဲ့ဖူးပါတယ်။ ကျွန်တော့်ပို့စ်ထဲက အန်ကယ်တစ်ယောက်ပြောပြတာ အခုအောင်သုခမြန်မာထမင်းဆိုင်ရှိတဲ့နေရာကိုတော့ အရင်က ပတ္တမြားချောင်လို့ ခေါ်ပါတယ်တဲ့။

♦မြို့သစ်များပေါ်ထွက်လာခြင်း

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ဘေးစစ်ဒဏ်ကြောင့် နယ်ဘက်တွေမှာ မလုံခြုံလို့ ပြေးလွှားရင်း ရောက်ရှိလာရသူအများစုလည်း ထိုခေတ်အခါက ဒီဝန်းကျင်မှာပဲ အဆင်ပြေရာတဲထိုး၊ အိမ်ဆောက်နေခဲ့ကြတာလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ခုခေတ်အခေါ်ကျူးပေါ့။ ရွှေတိဂုံအလယ်ပစ္စယာဆိုလည်း အ်ိမ်တွေစျေးဆိုင်ခန်းတွေ ဇရပ်တွေ တင်းကြမ်းပြည့်နေခဲ့ဖူးပါသတဲ့။ ယခု ကျားကူးသိမ်ရှိရာအရပ်မှာ ကျားကူးကွက်သစ်ဆိုပြီး လမ်းပေါ်ပလက်ဖောင်းအထိပါ အဖီချတဲထိုးနေထိုင်ခဲ့ကြသူများရှိသလို အစိုးရကဖျက်ခိုင်းလိုက်၊ နိိုင်ငံရေးပါတီတွေကပြန်ဆောက်ခွင့်ပေးလိုက်နဲ့ အစိုးရမင်းများတောင်မနိုင်လို့ မင်းမနိုင်ရပ်ကွက်ဆိုပြီး အမည်တွင်တာလည်း ရှိပါသေးတယ်၊ ခုတော့ ဦးဝိစာရအိမ်ယာပေါ့။ ထိုအချိန်က ရန်ကုန်မြို့ဟာ စစ်မဖြစ်ခင်ရှေ့ပိုင်း ၁၉၃၀ ဝန်းကျင်ရန်ကုန် နဲ့ အခြားနားကြီး ခြားနားလာခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလို ပြန့်ကျဲနေတဲ့ ရန်ကုန်မြို့ကြီးကို အိမ်စောင့်အစိုးရလက်ထက် ဗိုလ်မှူးကြီးထွန်းစိန်မြို့တော်ဝန်ဖြစ်ခဲ့စဥ် ၁၉၅၉-၆၀ မှာ သာကေတ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စတဲ့ မြို့သစ်များတည်ပြီး ပြောင်းရွှေ့နေရာချပေးခဲ့ပါတယ်။

ရွှေတိဂုံဝန်းကျင်ဟာ သမိုင်းအဖြစ်အပျက် နဲ့ စိတ်ဝင်စားစရာ သိမှတ်ဖွယ်အကြောင်းအရာ များပြားလွန်းပါတယ်။ ဆက်ရေးပါအုံးမယ်။ သိမှတ်စရာများလည်း မျှ​ဝေရေးသားပေးကြပါအုံးခဗျာ။

page မှ ရေးသားသည်။ လိုအပ်စရာ ပြင်ဆင်ဖြည့်စွက်စရာများရှိပါက ကူညီပြောကြားပြင်ဆင်ပေးပါခဗျာ။

ပို့စ်ကိုလွတ်လပ်စွာ မျှဝေနိုင်ပါသည်။
🚫ကော်ပီကူးယူခြင်း မပြုရန်သာ မေတ္တာရပ်ခံပါတယ်။

#ရွှေတိဂုံ
#ဦးဝိစာရလမ်း
#တော်လှန်ရေးပန်းခြံ
#ရန်ကုန်
#အမှတ်တရ

ကိုးကား
-Yangon Time Machine
-Tiger Alley Road ( Lost Footsteps)
-ဦးသိမ်းမောင် (ရန်ကုန်ရာဇဝင်သမိုင်း)
-မာမာအေး (ပြောစရာတွေလဲ တပုံကြီးရှိသေးတယ်)
-မောင်ဝဏ္ဏ (ရွှေတိဂုံဘုရားကျားတက်တာ ပေါ်ပြူလာဆောင်းပါး)
-သိမှတ်ဖွယ်ရာ ဗဟုသုတများကို အမြဲညွှန်ပြပြောဆိုပေးတဲ့ လူကြီးသူမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

အဲလိုမျိုးကိုရှာနေတာကြာပြီရှယ်ထားသင့်တယ်မြန်မာပြည်ရဲ့ထူးခြားတဲ့အကြောင်းဗဟုသုတတွေကို တစ်နေရာတည်း ဒီလိုတွေ့ရဖို့ဆိုတာ သိပ်...
08/07/2022

အဲလိုမျိုးကိုရှာနေတာကြာပြီ
ရှယ်ထားသင့်တယ်
မြန်မာပြည်ရဲ့ထူးခြားတဲ့
အကြောင်းဗဟုသုတတွေကို
တစ်နေရာတည်း ဒီလိုတွေ့ရဖို့ဆိုတာ
သိပ်ခက်ခဲလို့ပါ...
_______________________________
မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂ္ဂိုလ်များ
----------------------------------------------------
ပထမဆုံး ဗုဒ္ဓဘာသာ ထွန်းကားစေသူ အနော်ရထာမင်း
ပထမဆုံးမင်း တကောင်းအဘိရာဇာ
မြို့တော် ပုဂံ (အေဒီ ၁၀၄၄)
ပထမဆုံး ဝန်ကြီးချုပ် ဦးနု
ပထမဆုံး သမ္မတ စပ်ရွှေသိုက်
ပထမဆုံး အာဇာနည်နေ့ အခမ်းအနားဦးဆောင်ကျင်းပသူ
မြို့မ ဦးသန်းကြွယ်
ပထမဆုံး သိပ္ပံစာပေပြုစုသူ ယောမင်းကြီးဦးဘိုးလှိုင်
ပထမဆုံး အင်္ဂလိပ် မြန်မာ
အဘိဓာန် ရေးသားသူများ မက္ခရာမင်းသားနှင့် မစ္စတာလိန်း
(ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏
အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို)
ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သခင်ကိုယ်တော်မှိုင်း
ပထမဆုံး အနောက်တိုင်းဆေးဆရာ ဒေါက်တာရှောလူး
ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရသူ ဆရာကြီး ဦးရာဇာတ်
ပထမဆုံး အင်ဂျင်နီယာ ဖန်ချက်ဝန် ဦးရွှေအိုး
ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ ဆရာတော် ဦးဥတ္တမ
ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး ဒေါ်ဦးဇွန်း
ပထမဆုံး အမျိုးသမီးသံအမတ် ဒေါ်ခင်ကြည်
ပထမဆုံး ဘဏ်လုပ်ငန်းတည်ထောင်သူ ဦးရဲကျော်သူ
ပထမဆုံး ပန်းကန်စက်ပိုင်ရှင် ဦးသော်
ပထမဆူံးကျောက်စာဝန် တော်စိန်ခို
ပထမဆုံး ပြည်ထဲရေးဝန်ကြီး ဆာဦးခင်
ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် ဦးညီပု
ပထမဆုံး မြန်မာ့ရုပ်ရှင် ထူထောင်သူနှင့် ဒါရိုတ်တာ
လန်ဒန်အတ် ဦးအုန်းမောင်
ပထမဆုံး မြန်မာ့ရုပ်ရှင် ထူချွန်ဆုရ မင်းသား ကျော်စိုး
ပထမဆုံး ရုပ်ရှင်ထူချွန်ဆုရမင်းသမီး ကြည်ကြည်ဌေး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ
ကလေးသရုပ်ဆောင် အောင်ထွန်းလေး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ
ဇာတ်ပို့ ဆု အမျိုးသား ဦးကျောက်လုံး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု ဒေါ်မေနွဲ့
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆု ဦးသုခ
ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ စိန်ဗေဒါ
ပထမဆုံး သတင်းစာ ဆရာမ အင့်ဒီပင်ဒင့်ဒေါ်စန်း
ပထမဆုံး ရန်ကုန်တက္ကသိုလ်
အင်္ဂလိပ်စာကထိက ဒေါက်တာဘမော်
ပထမဆုံး အမျိုးသမီးမြန်မာစာပါမေက္ခ ဆရာမကြီးဒေါ်သန်းဆွေ
ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး
ပါမောက္ခ ဦးဖေမောင်တင်
ပထမဆုံး ဥပဒေပါမေက္ခ ဦးဖေအောင်
ပထမဆုံးမဟာဝိဇ္ဇာဘွဲ့ Dr. တီးသံပြာ
ပထမဆုံး အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း ( ICS) ရာထူးရသူဦးတင်ထွဋ်
ပထမဆုံး သမိုင်းကော်မရှင် ပညာမင်းကြီး စည်သူဦးကောင်း
ပထမဦးဆုံး အမျိုးသမီးဆရာဝန် ဒေါ်စောဆ
ပထမဆုံး ကာလပေါ်ဝတ္ထုစာရေးဆရာ ဂျိမ်းစ်လှကျော်
(မောင်ရင်မောင် မမယ်မဝတ္ထု)
ပထမဆုံး မြန်မာ့ကာတွန်းရှပ်ရှင်ဆရာ ဦးဘဂျမ်း
ပထမဆုံး စတီရီယို အဆိုတော် ထွန်းနောင်
ပထမဆုံး လေသူရဲ မီးပုံးပျံ ဦးကျော်ရင်
ပထမဆုံး စက်ရုပ်တီထွင်သူ ဦးကြည်
ပထမဆုံး နယ်လှည့် ဇာတ်သဘင် ဦးဖိုးစိန်
ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရား ဝန်ကြီးချုပ်
ဒေါက်တာ ဆာမြဘူး (၁၈၈၅ _ ၁၈၈၆)
ပထမဆုံး မြန်မာပါရဂူ ဒေါက်တာဘဟန် (၁၈၉၀_၁၉၆၉)
(ပြင်သစ်နှင့်ဂျာမနီပြန်)
ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာန တည်ထောင်သူ ဒေါက်တာတင်လှိုင်
ပထမဆုံး မြန်မာကာတွန်းဆရာ ဦးဘကလေး (ဦးရွှေကလေး)
ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ
ပညာမင်းကြီး စည်သူဦးကောင်း
ပထမဆုံး ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာ တင်မောင်
ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂ (ဗ က သ) ဥက္ကဋ္ဌ ဦးးရာရှစ်
ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသားသူ
စာရေးဆရာ ချစ်ဦးညို (၁၉၂၄_၁၉၈၇)
ပထမဆုံး လူမှုထူးချွန်ဆု ပထမဆင့် ရရှိသူ အမျိုးသမီး
ဟာဂျီမ ပျဉ်းမနား ဒေါ်ပု
ပထမဆုံး ဖလောရင့် နိုက်တင်ဂေး ဆုရရှိသူ ဒေါ်ခင်အုန်းမြ(ခ)
စာရေးဆရာမ မြမာလာ
ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် ဦးဝင်းမြင့်(မန္တလေး)
ပထမဆုံး မြန်မာကုလသမဂ္ဂအတွင်း ရေးမှုး ဦးသန့်
ပထမဆုံး အဂ္ဂမဟာသီရိသုဓမ္မာသိဂီဘွဲ့ရ နဂါးဒေါ်ဦး
နိုင်ငံရေး ပုဒ်မဖြင့်ထောင်အကျခံခဲ့ရသည့် အမျိုးသမီးကြီး
သခင်မကြီးဒေါ်သိန်းတင်
မြန်မာ မှတ်စရာများ

၄ ။ မြန်မာနိုင်ငံ၏ပထမဆုံးသော ရာဇဝင်ကျမ်း
ရှင်မဟာသီလဝံသ ၏ ရာဇဝင်ကျော်ကျမ်း

၉။မြန်မာနိုင်ငံအတွင်း စတင်ခဲ့သော ရှေးခေတ်မြိူ့ပြများ
(က) တကောင်း
(ခ) ဗီဿနိူး
(ဂ) ဟန်လင်း
(ဃ) သရေခေတ္တရာ
(င) ဝေသာလီ
(စ) သုဝဏ္ဏဘုမ္မိ

၁၀။ မြန်မာမင်းဆက်များ ။
(1) ပထမ တစ်ကောင်း (၃၃) ဆက်
(2) ဒုတိယ တစ်ကောင်း (၁၇ ) ဆက်
(3) သရေခေတ္တရာ မင်းဆက် (၂၇) ဆက်
(4) ပုဂံ မင်းဆက် ( ၅၈) ဆက်
(5) ပင်းယ မင်းဆက် ( ၆ ) ဆက်
(6) စစ်ကိုင်းမင်းဆက် (၇) ဆက်
(7) အင်းဝ မင်းဆက် ( ၁၇ )ဆက်
(8)တောင်ငူမင်းဆက် (၄) ဆက်
(9) ဟံသာဝတီ မင်းဆက် (၁၁)ဆက်
(10) ညောင်ရမ်းမင်းဆက် ( ၁၁) ဆက်
(11) ကုန်းဘောင်မင်းဆက် ( ၁၁ ) ဆက်

၁၁။မြန်မာနိုင်ငံ ပထဆုံး မင့့့့်းတကောင်းအဘိရာဇာ
၁၂။ ရုပ်ပွားတော်အများဆုံးရှိသော စေတီ့့
မိုးညှင်းသံမ္မုဒ္ဓေ ( ၅၈၂၂၅၇ )
၁၃။မြန်မာ ပထမ ဆုံးသော မြို့တော် ။
ပုဂံ (A.D.1044) တွင် အနော်ရထာ တည်ထောင်
၁၄။ မြန်မာ့ ပထဦးဆုံးဒေါက်တာ
မွန်လူမျိုး ဒေါက်တာ ရှောလူး (1839-1929)
၁၅။ မြန်မာ နန်းရင်းဝန်များ ။
(က) ဂဠုန်ဦးစော
(ခ) ဦးပု
(ဂ) ဒေါက်တာဘမော်
(ဃ) ဆာဂျေအေမောင်ကြီး

၁၆။မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင့့့်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ
၁၇။စစ်တောင်းတူးမြောင်း၏ အရှည် ( ၃၈)မိုင်
၁၈။တွံတေးတူးမြောင်း (၂၁) မိုင်

၁၉။မြန်မာ့ ပထမဦးဆုံး ကုလသမဂ္ဂအတွင်းရေးမူ့့့း
ဦးသန့် (1909- Jan-2) တွင်မွေးဖွား
(1974-Nov-25) တွင် ကွယ်လွန်

၂၀။မြန်မာ့ ပထမဦးဆုံး ဘဏ်သူဋ္ဌေး
ရခိူင်လူမျိုး ဦးရဲကျော်သူ (1833-1910)

၂၁။မြန်မာ့ ပထမဆုံးသော ခရစ်ယာန် သာသနာပြု
ယုဒဿန် (1788-Aug-9) U.S.A. နိူင်ငံ့့့
မက်ဆာချူးဆက်ပြည်နယ် မော်ဒန် မြိုတွင်မွေးဖွား
(12-April-1850) အမေရိကန် ကိုအပြန် သဘောင်္ပေါ်တွင် ကွယ်လွန်

၂၁။မြန်မာ ပထမ ဦးဆုံးသော ခရစ်ယာန်ဘာသာဝင်
ဦးနော (1919-Jun-27)
၂၂။မြန်မာပြည်၏ ထင်ပေါ်ကျော်ကြားသော တင် သုံးတင်
(က) နန်းတော်ရှင် ဆရာတင်
(ခ) သဟာယ ဆရာတင်
(ဂ) ဝိုင်အမ်ဘီ ဆရာတင်
၂၃။မြန်မာ ပထမဦးဆုံး ကာလပေါ်ဝတ္တုရေးသူ
ဂျိမ်းစ်လှကျော် (1866-Jun-21)မှ(Nov-17-1919)
ဝတ္တုအမည် ။ မောင်ရင်မောင် မမယ်မ
၂၄။မြန်မာ ပထမဦးဆုံး အမျိုးသမီး ပါဠိပါမောက္ခ
MA ဒေါ်အုန်း
၂၅။ မြန်မာ နိုင်ငံနဲ နယ်နိမိတ် ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ
၂၆။ မြန်မာနိုင်ံအတွင်းတောင်မှမြောက်စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်
၂၇။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအိုင့့်
အင်းတော်ကြီးအိုင် (ကချင်ပြည်နယ် )

၂၈။ မြန်မာ့ မြို့ရွာ များ၏ ရှေးဟောင်းအမည်/ အခေါ်

ရတနာသိင်္ခ/ရတနာသိင်္ဃ ။ ရွှေဘို
ဝေဘာရာ ဝေပုလ္လ ။ ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ ။ မြောက်ဦးအနီး
ဝိမဏု ။ ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ ။ ချင်းတွင်းမြစ်
သာကေတ ။ ရန်ကုန်
သာဂရ ။ ဆွာအနီး
သာယာဝတီ ။ သုံးဆယ်အနီး
သိရီခေတ္တရာ ။ မော်ဇာ
သိရီပစ္စရာ ။ ပုဂံအနီး
သိင်္ဂုတ္တရ ။ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ။ ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ။ သထုံ
သုဝဏ္ဏဘူမိ ။ တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ ။ တကောင်း
ဟရိပုဉ္စ ။ မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ ။ ပဲခူး
အမရပူရ ။ တောင်မြို့
အရိမဒ္ဒနပူရ ။ ပုဂံ
အသီတဉ္စန ။ ရန်ကုန်
အလ္လကပ္ပ ။ စစ်ကိုင်းအနီး
အာဠဝတီ ။ မြစ်ကြီး
သွရဿိ ။ ပဲခူး
ဥက္ကလာပ ။ ရန်ကုန်
ကန်တာရ၀တီ ။ ကယား
ကမ္ဘောဇ ။ ရှမ်း
ကုသိနာဂရ ။ ပုသိမ်
ကေတုမတီ ။တောင်ငူ
ကေလာသတောင် ။ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ။ ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ ။ ကျိုင်းတုံ
ခေါသန္တီ ။ မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ။ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ ။ စလင်းအနောက်ဘက်
စိနရဋ္ဌ ။ ကချင်ပြည်နယ်
စန္ဒပူရ ။ မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ။ သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန ။ တောင်ငူနယ်
ဇေယျပူရ ။ စစ်ကိုင်း
ဇောတိနုဂရ ။ ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ ၁၂ နယ်
တတ္ထဒေသ ။ ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ ။ ဧရာဝတီမြောက်ပိုင်း
ဓညဝတီ ။မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ။ မြစ်ငယ်
ဒွာရာဝတီ ။သံတွဲ
နဂရာဇာ ။ နဂရစ်
ပဉ္စာလရာဇ် ။တကောင်း
ပဌမနဂရ ။ မကွေးတောင်ဘက်
ပေါက္ကရ၀တီ ။ ရန်ကုန်
မဟာနဂရ ။ မွန်ငယ်
မစ္ဆဂီရိ ။ ချင်းတောင်တန်း
မေဃဝတီ ။ မာန်အောင်
မိတ်ထီလာ ။ မိတ်ထီလာ
ယက်ခပုရ ။ သထုံ
ယောနက ။ ယော
ရတနပုရ ။ အင်းဝ
ရတနာပုံ ။ မန္တလေး
ရာဇဂြီဟ ။ ကလေးအနီး
ရာမညဒေဝ. ။ မွန်ပြည်နယ်
ရမ်မာဝတီ ။ ရမျးဗွဲ

၂၉။ မြန်မာနိုင်ငံအရှည်ဆုံးမြစ့့့် ( ဧရာဝတီ )
၃၀။ မြန်မာနိုင်ငံ အတိုဆုံးမြစ်… {စစ်တောင်း)
၃၁။ အင်္ဂလိပ်လက်အောက် မကျခဲ့သောပြည်နယ် (ကယားပြည်နယ် )
၃၂။ မြန်မာနိုင်ငံ ၏ဒုတိယ အကြီးဆုံးရေအိုင်
အင်းလေးအိုင် (ရှမ်းပြည် )
၃၃။ မြန်မာနိုင်ငံ ၏အစွန်ကျဆုံးသော မြစ်များ
(က) အရှေဘက် မဲခေါင်မြစ်
(ခ) အနောက်ဘက် နတ်မြစ်
(ဂ)တောင်ဘက် ပါချန်မြစ်
(ဃ)မြောက်ဘက် မေခမလိခ မြစ်
၃၄။မြန်မာနိုင်ငံ၏ အမြင်ဆုံးသောမြို့ …[ချင်းပြည်နယ်ဖလမ်းမြို့]
၃၅။ မြန်မာနိုင်ငံ၏အကြီးဆုံးဆည် …[ သဖန်းဆိပ်ဆည် ]
၃၆။ မြန်မာ့နိူင်ငံ၏ ၂၀၁၄သန်းခေါင်စာရင်းအရ လက်ရှီလူဦးရေ အရေအတွက် ……… [ ၅၁.၄၉ ] သန်း

၃၇။ မြန်မာနိုင်ငံ လူဦးရေအထူထပ်ဆုံးသော တိုင်း
ရန်ကုန်တိုင်း (၁၂)သန်း
၃၈။ မြန်မာနိုင်ငံ ၏ လူဦးရေ အနည်းဆုံးသော ပြည်နယ်
ကယားပြည်နယ် ( ၄ )သိန်း
၃၉။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးပြည်နယ်… (ရှမ်းပြည်နယ်)
၄၀။မြန်မာနိုင်ငံ၏ အကျဉ်းဆုံးပြည်နယ်… (ကယားပြည်နယ်)
၄၁။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးတိုင်း … ( စစ်ကိုင်းတိုင်း)
၄၂။ လူဦးရေအများဆုံးတိုင်းဒေသ ကြီး ……(ဧရာဝတီတိုင်း)
၄၃။ လူဦးရေ အများဆုံးပြည်နယ် …(ရှမ်းပြည်နယ်)
၄၄။ မြန်မာနိုင်ငံတွင်းပညာရေးကောလိပ် အရေအတွက်
( 20)

၄၅။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည်…( ၂၆၁၂၂၈ )မိုင်
၄၆။ မြိုတော်မှာ … ယခင် ရန်ကုန် ယခု နေပြည်တော်
၄၇။ မြန်မာနိုင်ငံတွင်းအမြင့်ဆုံးတောင်…
ခါကာဘိုရာဇီ ( 19296) ပေ ရှိကာ ကချင်ပြည်နယ် နောင်မွန်းတွင်တည်ရှိသည်။
၄၈။ မြန်မာနိုင်ငံတွင်း ရိုးမများ
(က) ပဲခူးရိုးမ
(ခ) ရခိုင်ရိုးမ
(ဂ) ရှမ်းရိုးမ
(ဃ) တနင်္လာရီ ရိုးမ
၄၉။ မြန်မာနိုင်ငံ ကမ်းရိုးတန်းမိုင် …[ 1385 ]
၅၀။ မြန်မာနိုင်ငံ အစွန်ဆုံးမြို့များ
(က)မြောက်ဘက် … ပန်းနန်းဒင် မြို့
(ခ)တောင်ဘက် … ကော့သောင်း
(ဂ)အရှေ့ဘက် … မိုင်းယောင်း
(ဃ) အနောက်ဘက် … မောင်းတော

၅၁။ မြန်မာပထမ ဦးဆုံးဝန်ကြီးချုပ် … ( ဦးနု )
၅၂။ မြန်မာ ပထမဦးဆုံး အမျိုးသမီးလေယဉ်ပိုင်းလော့
နှင်းဦးဝေ

၅၃။ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ဦးရေ
[က ] ထေရဝါဒ ။ ၅၃၄၂၅၈၀၃
[ ခ ] ခရစ်ယာန် ။ ၂၉၈၁၂၉၁
[ ဂ ] အစ္ဓလာမ် ။ ၂၂၇၆၈၈၀
[ဃ ] ဟိန္ဓူ ။ ၃၀၅၇၆၅
[ င ] နတ် နဲ ဘာသာမဲ့ ။ ၇၉၀၅၈၀
၅၄ ။မြန်မာနိုင်ငံ၏ အလယ်ဗဟို ။
ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်
မြသုခ ကျေးရွာ ပြက္ခရွှေတောင်ပေါ်
တိုင်းတာသု ။ ဘိုးတော် ဦးဝိုင်း

၅၅။ မြန်မာနိုင်ငံ၏ ရေမိုင် 1247.77 ကျွန်စုပေါင်း 1212
၅၆။ မြန်မာတိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး
ရခိုင် ၇ မျို ုး
ရှမ်း ၃၃ မျို ုး
ကချင် ၁၂ မျို ုး
ကယား ၉ မျို ုး
ကရင် ၁၁ မျို ုး
ချင်း ၅၃ မျို ုး
ဗမာ ၉ မျို ုး
မွန် ၁ မျိ ုး
၅၇။မြန်မာ နိူင်ငံတစ်ဝန်းကျေး ရွာပေါင်း … ( ၆၄၉၁၇ )
၅၈။မြန်မာနိုင်ငံတစ်ဝန်း မြို့ ပေါင်း … ( ၃၆၆ )
၅၉။မြန်မာနိုင်ငံတစ်ဝန်းဘုန်ကြီးကျောင်းပေါင်း… ( ၆၁၃၀၂ )
၆၀။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင်ကျောင်းပေါင်း…[ ၃၈၈၁ ]
၆၁။ မြန်မာနိုင်ငံတစ်ဝန်း ရဟန်းပေါင်း … [ ၂၇၂၉၂၇ ]
၆၂။ မြန်မာနိုင်ငံတစ်ဝန်းရှင်သာမဏေ ပေါင်း …[ ၂၈၇၈၁၈ ]
၆၃။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင် ပေါင်း …[ ၅၀၅၅၃ ]

၆၄။ မြန်မာထီ့့့(1938) ခုနှစ်တွင် အိန္ဒိယရူးပီးဖြင့်စတင်
၆၅။ မြန်မာပထမဆုံးလေကြောင်းတိုက်ပွဲ့့့
( 1961-Feb-13) ရွှေတြိဂံ နယ်မြေမှာဖြစ်
၆၆။ ရန်ကုန်မြိုလယ်ကောင် ဆူးလေစေတီကို ဖြိုဖျက်ရန်စီစဉ်သောအခါ ကာကွယ်သူ ( ဦးချန်ထွန်း )
၆၇။ ပြည်လမ်း၏ အဆုံးသတ်နေရာ ( ဗဟိုစာတိုက်ကြီး)
၆၈။ မြန်မာ့ဆိုက်ကားကို စွန့်ဦးတီထွင်သူ …
မန္တလေးမြို့မှ ကားဘော်ဒီဆရာ
ဆရာညို (1938) တွင်စတင်တီထွင်
၆၉။မြန်မာပထမဦးဆုံး ရုပ်မြင်သံကြားထုတ်လွှင့်ရက်စွဲ
(1980-June -3)
၇၀။မြန်မာ့ ပထမဆုံး Robbot တီထွင်သူ ( ဦးကြည် )

၇၁။မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဗုဒ္ဓသာသနာကိုထွန်းကားစေသူ …(အနော်ရထာ )
၇၂။ ကိုလိုနီခတ် စေတီကျောင်းကန် သာသနာနယ်မြေအတွင်း
မျက်နှာဖြူအပါအဝငိ မည်သူမျှ ဖိနပ်မစီးရ ဆိုင်းဘုတ်ထောင်ခဲ့သူ … ဦးသိမ်းမောင် (1890-1975)
၇၃။မြန်မာပထမ ဦးဆုံး အမျိုးသမီးသတင်းစာ ဆရာမ …
အင်ဒီပင့်ဒန့် ဒေါ်စန်း [ 1886-1950)
၇၄။ကိုလိုနီခေတ် တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းခွင့်
သင်ကြားခွင့်ရအောင် ဆောင်ရွက်ခဲ့သူ
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်
ဦးဖေမောင်တင် [1888 မှ 1973 ]
၇၅။မြန်မာ့ပထမဆုံး ဥပဒေပညာ ရှင် အမျိုးသမီး
မဖွားအုန်း (1927)
၇၆။မြန်မာပထမဆုံးလေတပ်ဦးစီးချုပ်…စောဆင်မြူရယ်ရီရှီး
၇၇။မြန်မာပထမဆုံး သတင်းထောက်ဟူသော ဝေါဟာရအား
စတင်တီထွင်အသုံးပြုခဲ့သောသူ…
သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိူင် [1930) ဝန်းကျင်
၇၈။မြန်မာပထမဦးဆုံး နိူင်ငံရေးအစ…YMBA [1906]
၇၉။မြန်မာနိူင်ငံတော် သီချင်းကိုရေးစပ်သူ …
ဝိုင်အမ်ဘီ ဆရာတင် (1930-July-20]
ရွှေတိဂုံဘုရားရာဟုထောင့်တွင် ပထမဆုံးသီဆို
၈၀။မြို့တော်ခန်းမ၏ ဗီသုကာပညာရှင် … စည်သူဦးတင်
၈၁။ဝဏ္ဏကျော်ထင်ဘွဲရ သရုပ်ဆောင်… ဖိုးပါကြီး
၈၂။မြန်မာပထမဦးဆုံး အင်္ဂလန်သိုသွားရောက်ခဲ့သည် သံအဖွဲ့
(က) ဦးဘေဖ
(ခ)ဦးပု
(ဂ)ဦးထွန်းရှိန်
၈၃။မြန်မာ့ ဗုဒ္ဓဝင် အဋ္ဌာကထါ ကို မြန်မာလို ပထမဦးဆုံး
ဘာသာပြန်ရေးသားသော ပုဂ္ဂိုလ် ……
အရှင်ဗုဒ္ဓဒ္ဒတ္တ သီဟိုဠ် ရဟန်းတော့့့့်
၈၄။အဋ္ဌကထါ အား ပထမဆုံး ကျမ်းအဖြစ်ပြုစုခဲ့သူ့့
ကျီးသဲလေးထပ်ဆရား (ဇိနတ္တပကာသနီကျမ်း)

၈၅။ပုဂံ ပြည်၏ နောက်ဆုံးသောမင့့့့်း့(စောမွန်နစ်)
၈၆။တောင်ငူနောက်ဆုံးမင်းဆက်…… [ နတ်သျှင်နောင် ]
၈၇။ကုန်းဘောင်နောက်ဆုံးမင်းဆက်… [သီပေါမင်း ]
၈၈။ ပုဂံပထမဆုံးမင်း … … [ သမုဒရာဇ် ]
၈၉။ တောင်ငူပထမဆုံးမင်း …[ မင်းကြီးညို ]
၉၀။ကုန်းဘောင်ပထမဆုံးမင်း… … [အလောင်းဘုရား]

၉၁။ မြန်မာ့ပထမဆုံး သတင်းစာ…[ မြန်မာအဆွေ ]
၉၂။မြန်မာပထမဆုံးသော အဂ်လိပ်ဘုရင်ခံ…[လော့ဒပ်ဖရင်]
၉၂။ ဒုတိယဘုရင်ခံ … [ ဂရက်ဒေါက် ]
၉၃။ နောက်ဆုံးဘုရင်ခံ …[ ဆာဟူးဘတ်ရင့်စ်]

၉၄။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
စစ်ကိုင်းမင်းလက်ထက် (1824) ကုန်းဘောင်ခေတ်
၉၅။ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
ပုဂံမင်းလက်ထက် [ 1852 ]
၉၆။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအစ့့့့
[၁၈၈၅] နိုဝင်ဘာ 14 သီပေါဘုရင်လက်ထက့့့်
သူကျွန်လုံးလုံးဖြစ်…

၉၇။ မြန်မာ့ အကြီးဆုံး ကျွန်း… [ ရမ်းဗြဲကျွန်း ]
၉၈။မြန်မာ့ ပထမဆုံး ကမ္ဘာအသိအမှတ်ပြု သိပ္ပံပညာရှင်…
[ ဘိုးတော်ဘုရားသားတော် မက္ခရာမင်းသား]
၉၉။မြန်မာ့ပထမဦးဆုံး ထိုးကွင်းမှင်ကြောင်ကိုစတင်သူ
ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်
[ထောင်မင်းကြီးသား မောင်ကံ ]
၁၀၀။Burma ဟူသော English အမည်မှ
Myanmar ဟူသော English အမည်ကို
[1998-June -18] မှာစတင်ပြောင်းလဲခေါ်ဆို
၁၀၁။ ပုဂံခေတ် တရုတ်ပြည်ကိုဦးဆောင်သွားခဲ့တဲ့
သံအဖွဲ့ခေါင်းဆောင် … [ ရှင်ဒိသာပါမောက် ]
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်
၁၀၂။မြန်မာ့ ပထမဆုံး စတန့်မင်းသား
စာရေးဆရာ ပန်းချီငို [1923-May] လ မှာ
နဖူးစာရွာလည် အမည်ရှိတဲ့ ဇတ်ကားနဲ
ယခုစကော့စျေး(ဗိုလ်ချုပ်အောင်ဆန်းစျေး) နေရာတွင်ရှိသော
စီနီမာဒီပဲရစ် ရုံတွင် ပြသခဲ့ ……
၁၀၃။ [27-1-1947] မှာချုပ်ဆိုခဲ့တဲ့
အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်ထိုးဖို
ငြင်းဆိုခဲ့သူ နှစ်ဦး … …(ဂဠုန်ဦးစော နဲ သခင်ဗစိန် )
၁၀၃။ကမ္ဘာကျော်နိုဗယ်ဆုရှင် ကဗျာဆရာ ရော်ဘင်ဒြာနတ်တဂိုး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့
ခုနှစ်တွေကတော့့့့[ 1916-May-7မှ9] ထိတစ်ကြိမ်
[1923-March-23မှ27] ထိတစ်ကြိမ်
၁၀၄။မြန်မာ့ပထမဆုံး အဂလိပ်မြန်မာ အဘိဓါန်ပြုစုသူ
[ မက္ခရာမင်းသား ]
၁၀၅။မြန်မာ ပထမဆုံး အင်္ဂလိပ် Dictionary ကို
1755 မှာ စရေးခဲ့
၁၀၆။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကိုလိုနီခေတ် မြန်မာနိုင်ငံသား ဘုရင်ခံ့့့့့[ဆာဂျေအေမောင်ကြီး]
၁၀၇။မြန်မာ ပထမဦးဆုံး ရေနက်ဆိပ်ကမ်းရုံးစိုက်ရာမြို့…
[ထားဝယ် မြို့ ]
၁၀၈။မြန်မာနိုင်ငံ၏ အထင်ရှားဆုံးဘုရင်မ…(ရှင်စောပု)
၁၀၉။မြန်မာနိုင်ငံ၏ ရှင်ဘုရင်လက်ထက် မင်းဆက်သုံးဆက်တိုင်အောင် မိဖုရားမြောက်ခံရသူ့့
[ မိဖုရား ဖွာစော ]
၁၁၀။ မင်းငါးဆက် မိဖုရားမြောက်ခံရသူ…{ရှင်ဘို့မယ် )

၁၁၁။ မြန်မာနိုင်ငံတွင်းရှိ မြို့အရေအတွက် ……
2010ပြည့်နှစ်စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းတွင့့်
မြို့ပေါင်း [ 366 ] ရှိပြီးတော့့့့
Capital (မြို့တော်အဆင့် ) က သုံးမြို့သာရှိပြီး
ရုံးစိုက်ရာ [ 282] မြို့ နဲ အထွေထွေ
ရုံးစိုက်ရာ [ 81] တိုဖြစ်တယ်

၁၁၂။ ကမ္ဘာက သတ်မှတ်ထားတဲ့ အတော်ဆုံးသိပ္ပံပညာရှင်
အယောက် (100) စာရင်းမှာ မြန်မာနိုင်ငံသား နာနိုပညာရှင်
ဒေါက်တာစောလှဝေလည်း ပါဝင်…

၁၁၃။ ဟစ်တလာ လာ ကြည့်ခဲ့တဲ့ ပွဲမှာ
ယှဉ်ပြိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား …
ကိုလိုနီခေတ် အိန္ဒိယ နိုင်ငံ ကိုယ်စားပြု အနေနဲ
ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူသန်ကြီးဦးဇော်ဝိတ်ပဲဖြစ်ပါတယ်

၁၁၄။ကိုလိုနီခေတ် အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ
အသေထိုပြီး အနိူင်ယူခဲ့သည့် မြန်မာနိုင်ငံသာ့့့း
မောင်သောင်း [1917-Dec-16]
၁၁၅။၁၃၀၀ ပြည့် ရေနံမြေသပိတ်ကို ဦးဆောင်ခဲသူ
[ အာဠာဝက သခင်ဖိုးလှကြီး ]

၁၁၆။ တက္ကသိုလ် ဟူသော စကားလုံးအပြင် ကျောင်းတော် ။
သိပ္ပံ ။ ဓါတု ။ ဇီဝ ။ ရူပ ။ ဝီဇ္စာ ဆိုတဲ့ စကားလုံးများနဲ
တိရိစ္ဆာန် အမည်အတော်များများကိုပင် မြန်မာ စကားအဖြစ် တီထွင်ဖန်တီးပေးသွားခဲ့သူ ကတော့့့့့
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့အပြင်
ပထမဆုံးသော မြန်မာပါမောက္ခ ဖြစ်တဲ့
[ ဆရာကြီး ဦးဖေမောင်ပဲဖြစ်ပါတယ့့့့်]

၁၁၇။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်ပတွင်
သွားရောက်ဖျော်ဖြေခဲ့ရသည့် ဆိုင်းပညာရှင်
[ နေမျိုးဗလကျော်သူဘွဲရ စိန်ဗေဒါ ]

၁၁၈။ မြန်မာ ပထမ ဦးဆုံးသော သက်ကြီးရွယ်အို လူအိုရုံများကို စတင်ဖွင့်လှစ်ကာ ဘိုးဘွားရိပ်သာ မျိုးစေ့ကို
စတင်စိုက်ပျိုးခဲ့သူ့့့့့့[ ဒေါ်ဦးဇွန် ]

၁၁၉။ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည် ကျောင်းသားခေါင်းဆောင် ………[ ဗိုလ်အောင်ကျော် ]

၁၂၀။ ရွှေတိဂုံဘုရားရှိ သိဂုင်္တ္တရ ပန်းခြံနေရာအား လှူဒါနိးခဲ့သော အမျိုးသမီး …
စမ်းချောင်းမြိုနယ် ယခု မကြီးကြီးလမ်း
အမည်ပိုင်ရှင် ဒေါ်ကြီးကြီး ဖြစ်တယ်

၁၂၁။ဂျူဗလီဟော ဘယ်မှာ …………¿
အာဇာနည် ကိုးဦးရဲ့ စျာပနကိုကျင်းပခဲ့တဲ့ ဂျူဗလီဟော ဆိုတာ
ဝိတိုရိယ ဘုရင်မ ကြီးနန်းသက် (60) ပြည့် အထိမ်းအမှတ်နဲ
မဟာဝန်ရှင်တော်မင်းကြီးမက်ကင်ဇီက အုတ်မြစ်ချကာ
1895 မှာ တည်ဆောက်ကာ 1897 မှာပြီးစီးခဲ့တဲ့
အဆောက်အဦးပဲဖြစ်ပါတယ့့့်
ဂျူဗလီဟော ဟာ အလံပြဘုရားလမ်းနဲ
ဦးဝိစာရ လမ်းကြား စိန်ရောင်ခြည် ဘုရားနဲ မျက်နှာချင်းဆိုင်
ယခု စစ်သမိုင်းပြတိုက် တည်ဆောက်ထားတဲ့
နေရာမှာ ရှိခဲ့တာပါ…
မြန်မာနိုင်ငံ
အရှည်ဆုံးထင်ရှားသော မြစ်များ
(က) ဧရာ၀တီမြစ် ( ၁၂၃၈ မိုင် )
( ခ ) သံလွင် ( ၇၉၆ မိုင် )
( ဂ ) ချင်းတွင်း ( ၆၉၁ )
(ဃ) စစ်တောင်း ( ၁၈၆ )
ဧရာဝတီမြစ် ၏
မြစ်လက်တက်ခွဲများ
(က) ပုသိမ်မြစ်
(ခ) ရွေးမြစ်
(ဂ) ဖျာပုံမြစ်
(ဃ)သက်ကယ်သောင်မြစ်
(င) ပြန်မလော့မြစ်
(စ) ဘိုကလေးမြစ်
(ဆ)တိုးမြစ်
(ဇ) သံဒိမြစ်
(စျ) ပြင်စလူမြစ်
ချင်းတွင်းမြစ်၏ မြစ်လက်တက်ခွဲများ
(က)မြစ်သာမြစ်
(ခ) ယူးမြစ်
(ဂ) ဥရုမြစ်
စစ်တောင်းမြစ်အတွင်းစီးဝင်သော ချောင်းများ
(က)ခပေါင်းချောင်းမြစ်
(ခ)ရွှေကျင်မြစ်
(ဂ) ရဲနွယ်ချောင်း
(ဃ) ငလိုက်ချောင်း
(င) ဆင်သေချောင်း
(စ)ရေဆင်းချောင်း
ရုပ်ပွားတော်အများဆုံးရှိသော စေတီ
မိုးညှင်းသံမ္မုဒ္ဓေ ( ၅၈၂၂၅၇ )
မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ
စစ်တောင်းတူးမြောင်း၏
အရှည် ( ၃၈)မိုင်
တွံတေးတူးမြောင်း အရှည် (၂၁) မိုင်
မြန်မာနိုင်ငံနှင့် နယ်နိမိတ်
ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ
မြန်မာနိုင်အတွင်းတောင်မှမြောက်စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်
မြန်မာနိုင်ငံ၏ အကျယ်အဝန်း
( ၂၆၁၂၂၈ )စတုရရန်းမိုင်
မြန်မာနိုင်ငံတွင်းအမြင့်ဆုံးတောင်…
ခါကာဘိုရာဇီ (၁၉၂၉၆) ပေ ရှိကာ ကချင်ပြည်နယ် နောင်မွန်းတွင်တည်ရှိသည်။
မြန်မာနိုင်ငံတွင်း ရိုးမများ
(က) ပဲခူးရိုးမ
(ခ) ရခိုင်ရိုးမ
(ဂ) ရှမ်းရိုးမ
(ဃ) တနင်္လာရီ ရိုးမ
မြန်မာနိုင်ငံ ကမ်းရိုးတန်းမိုင် …[ ၁၃၈၅ ] မိုင်
မြန်မာနိုင်ငံ အစွန်ဆုံးမြို့များ
(က)မြောက်ဘက် … နောင်မွန်း
(ခ)တောင်ဘက် … ကော့သောင်း
(ဂ)အရှေ့ဘက် … မိုင်းယောင်း
(ဃ) အနောက်ဘက် … မောင်းတော…
သင့်အတွက် ဗဟုသု
=================
၁။ မြန်မာနိုင်ငံမှာ ပထမဆုံးဒေါက်တာဘွဲ့ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးမှာ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားဖြစ်ပါတယ် ။
၂။ ရန်ကုန်တက္ကသိုလ်အား ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။
၃။ သင်္ကြန်အခါတွင် မဏ္ဍပ်များဆောက်၍ ရေကစားခြင်းသည် ပုဂံခေတ် နရသီဟကတေ့မင်း လက်ထက်ကစတင်ခဲ့တာပါ ။
၄။ရန်ကုန်ကောလိပ်မှ ပထမဆုံး သိပ္ပံဘွဲ့ရရှိခဲ့သူမှာ ဒဗလျူမာတင်ဖြစ်ပါတယ် ။
၅။ ကြေးမုံသတင်းစာကို ၁၉၅၇ ဧပြီလ ၁ ရက်နေမှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။
၆။ ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက ၁၇၅၅ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ် ။
၇။ မြန်မာအက္ခရာနှင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီးဦးဘိုးလှိုင်က စတင်တီထွင်ခဲ့ပါတယ် ။
၈။ မြန်မာနိုင်ငံတွင် ဆည်ရေသောက်စပါးကို အနော်ရထာမင်းလက်ထက်က ကျေက်ဆည်ခရိုင် တွင် စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ် ။
၉။ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့သော အနောက်နိုင်းငံမှ နယ်ချဲ့များကို ပထမဆုံးချေမူန်းခဲ့သူမှာ အနောက်ဘက်လွန်မင်း
ဖြစ်ပါတယ် ။
၁၀။ ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့တာပါ။
၁၁။ မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးရောက်ရှိလာခဲ့သော ဥရောပတိုက်သားမှာ
အီတလီလူမျိုး ဗင်းနစ်မြို့သား နီကိုဒီကွန်တီ ဖြစ်ပါတယ် ။
၁၂။ မြန်မာ့ပထမဆုံးလွှတ်တော်သည်
သက္ကရဇ် ၅၇၃ ခုနှစ် ဇေယျာသင်္ခမင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့တာပါ ။
၁၃။ ဆူးလေစေတီကို သာသနာတော်နှစ်
၂၃၅ ခုနှစ်က တည်ခဲ့တာပါ ။
၁၄။ မြန်မာနိုင်ငံမှာ ပါဠိပထမပြန်စာမေးပွဲကို ၁၈၇၅ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ် ။
၁၅။ မြန်မာ့ပထမဆုံးသူနာပြုသင်တန်းကျောင်းကို ရန်ကုန်ဆေးရုံကြီးတွင် ၁၈၇၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ ။
၁၆။ မြန်မာနိုင်ငံတွင် ရုပ်ရှင်အကယ်ဒမီ
ရွှေစင်ဆုကို ၁၉၅၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
၁၇။ လေယာဉ်ပြန်စီးပြီးရိုက်ကူးသည့်
မြန်မာ့ပထမဆုံးရုပ်ရှင်မှာ" လူစွမ်းကောင်း"ဖြစ်ပါတယ်။
၁၈။ မြန်မာ့ပထမဆုံးကသံလွှင့်ဇတ်(Radio Player )မှာ ဆရာဇော်ဂျီ၏
" စိန်တစ်လုံး ဇတ်လမ်းဖြစ်ပါတယ် ။
၁၉။ မြန်မာ့ပထမဆုံး မီးခြစ်စက်ရုံကို
ဒုတိယကမ္ဘာစစ်မဖြစ်မီက တွံတေးမြို့နယ် ခနောင်တိုကျေးရွာမှာ တည်ထောင်ခဲ့တာပါ ။
၂၀။ မြန်မာ့ပထမဆုံးမြို့တော်မှာ အနော်ရထာမင်း ( ၁၀၄၄ အေဒီ) က တည်ထောင်ခဲ့သော ပုဂံမြို့ဖြစ်ပါတယ် ။
၂၁။ မြန်မာ့ပထမဆုံးယက်ကန်းကျောင်းမှာ အမရပူရမှ " ဆောင်းဒါးစ် " ယက်ကန်းကျောင်းဖြစ်ပါတယ် ။
၂၂။ Mary Chapman နားမကြားခလေးများကျောင်း၏ ပထမဆုံး ကျောင်းသားမှာ ဟင်္သာတမြို့မှ ၇ နှစ်သားလေး "မောင်ဘိုဘို " ဖြစ်ပါတယ် ။
၂၃ ။ စန္ဒယားကို မြန်မာသံစဉ်ဖြင့် ပထမဆုံးတီခတ်သူမှာ ဆရာညွှန့် ဖြစ်ပြီး
၁၉၁၀ ပြည့်နှစ်တွင် စတင်တီးခတ်ခဲ့သည် ။
၂၄။ ဆရာကြီးပီမိုးနင်း၏ ပထမဆုံး ဝတ္ထုမှာ ဘီအေမောင်မောင်တင့် နှင့် ကချေသည်မယ်မြင့်ဖြစ်ပြီး ၁၉၁၅ ခုနှစ် ဧပြီလကထုတ်ဝေခဲ့တာပါ ။
၂၅။ အမည်တစ်လုံးတည်းပါဝင်သော ပထမဆုံးမြန်မာ့ရုပ်ရှင်မှာ ၁၉၄၇ ခုနှစ်က ဆွေဗမာဖလင်မှ ရိုက်ကူးသည်း " အား " ဖြစ်ပါတယ်။
၂၆။ မြန်မာနိုင်ငံတွင် လက်ဗွေပုံစံယူခြင်းစနစ်ကို ၁၉၀၀ ပြည့်နှစ်မှ စတင်အသုံးပြုခဲ့သည် ။
၂၇။ ပထမဆုံးမြန်မာ့ ရုပ်ရှင်မင်းသားမှာ ဦးညီပုဖြစ်ပြီး ပထမဆုံးရုပ်ရှင် မင်းသမီးမှာ မအေးကြည်ပါတဲ့။
၂၈။ ပထမဆုံးမြန်မာဇတ်ညွှန်းမှာ philip မိုးနင်း ( ပီမိုးနင်း ) ဖြစ်ပြီး ပထမဆုံးမြန်မာဒါရိုက်တာမှာ ဦးတုတ်ကြီး ဖြစ်ပါတယ် ။
၂၉။ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ဇန်နဝါရီ ၈ ရက်နေ့က သမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ခဲ့တာပါ ။
၃၀။ ပထမဆုံး ကာတွန်းရုပ်ရှင်မှာ " ကြက်တောင်ကွ " 1934 ဖြစ်တယ်တဲ့။
၃၁။ပထမဆုံးနိုင်ငံခြားတွင်ရိုက်ကူးသော မြန်မာ့ရုပ်ရှင်မှာ " ဂျပန်ရင်သွေး "
1936 ဂျပန်နိုင်ငံမှာ ရိုက်ကူးတာပါ
၃၂။ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်မှာ ကိုဘတင့် " ခင်ခင့်မှာပုံတော် 1920
ဖြစ်ပါတယ် ။
၃၃။ မြန်မာ့ပထမဆုံးရုပ်ရှင်ရုံ တည်ထောင်သူမှာ ဆရာဦးသွင်ပါ ။
၃၄ ။ မြန်မာ့ပထမဆုံး အကယ်ဒမီရမင်းသားမှာ ဦးကျော်ဝင်း ချစ်သက်ဝေဇတ်ကား ၁၉၄၅ ဖြစ်ပြီး အကယ်ဒမီရမင်းသမီးမှာ ဒေါ်ကြည်ကြည်ဌေး ချစ်သက်ဝေဖြစ်ပါတယ် ။
၃၅။ ပထမဆုံးမြန်မာ တာဇံကားမှာ
ရဂုံမြိုင် " ဒါရိုက်တာ ဆရာမြင့်ဖြစ်ပါတယ် ။
၃၆။ မြန်မာနိုင်ငံမှာ ပထမဆုံး Camera woman မှာ
ဒေါ်ခင်ခင်ပါ ။
၃၇။ ပထမဆုံးရုပ်ရှင်ဟာသသရုပ်ဆောင်မှာ " ပေါစံကြီးဖြစ်ပါတယ် ။
၃၈။ ပထမဆုံး မြန်မာ့ DVD ဇတ်ကားမှာ
ဒါရိုက်တာမီးပွားရိုက်တဲ့ " အချစ်၏ တန်ခိုးများ " ဖြစ်ပါတယ် ။
၃၉။ မင်း ၃ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ "မိဖုရားဖွားစော" ဖြစ်ပါတယ်
၄၀။ မင်း ၅ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ " ရှင်ဘို့မယ် " ဖြစ်ပါတယ် ။
၄၁။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသတင်းစာမှာ " မြန်မာ့အဆွေ" သတင်းစာဖြစ်ပါတယ် ။
၄၂။ တောင်ငူမင်းနောက်ဆုံးမင်းမှာ " နတ်သျှင်နောင် " ဖြစ်ပါတယ် ။
၄၃။ မြစေတီကျောက်စာ ရေးထိုးသောခုနှစ်မှာ "ခရစ်နှစ် ၁၀၇၇ ဖြစ်ပါတယ်။
၄၄ ။ ပြည်သူ့အရေးတော်ပုံ ပါတီခေါင်းဆောင်များမှာ " သခင်မြ ၊ သခင်အောင်ဆန်း တို့ဖြစ်ပါတယ် ။
၄၅။ ပထမဆုံးသွားတိုက်တံကို ၁၄၉၈ ခုနှစ်မှာ တီထွင်ခဲ့တာပါ ။
၄၆ ။ ပထမဆုံး အင်္ဂလိပ် ဒေရှင်နရီ ကို
၁၇၅၅ ခုနှစ်တွင် ရေးသားခဲ့တာတဲ့ ။
၄၇။ ဗိုလ်ချုပ်အောင်ဆန်းအား အင်္ဂလိပ်တွေပေးသော သင်္ဘောအမည်မှာ "စစ်ရေယာဉ်မေယု " ဖြစ်ပါတယ် ။
၄၈ ။ ဂျပန်ကမြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသောနေ့မှာ "1-8-1943 ဖြစ်ပါတယ် ။
၄၉။ ရဲဘော်သုံးကျိပ်တွင် စစ်ပညာမသင်ပဲ
အုပ်ချုရေးပညာသာသင်သူမှာ " သခင်ထွန်းအုပ် " ဖြစ်ပါတယ် ။
၅၀။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်နှင့်တိုက်ခဲ့သော မွန်ဘုရင် အမည်မှာ " သုရှင်တကာရွတ်ပိ" ဖြစ်ပါတယ် ။
သုတအဖြာဖြာ ( ၂)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆
၁။ နာမည်ကျော်သီချင်းနှစ်ပုဒ်ဖြစ်သော
" နဂါးနီ နှင့် လွတ်လပ်ရေး ဟူသောသီချင်းနှစ်ပုစ်၏စာသားကိုရေးခဲ့သူမှာ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု " ဖြစ်ပါတယ်။
၂။ စာပေလောကထဲမှ ပထမဆုံး မြန်မာ စတန့်မင်းသားဟာ စာရေးဆရာကြီး
" ဦးပဂျီငို "ဖြစ်ပြီး " နဖူးစာရွာလည် "စတန့်ဇတ်ကြမ်းကို ၁၉၂၃ ခုနှစ် မေလအတွင်း( ယခုဗိုလ်ချုပ်အောင်ဆန်းစျေး နေရာ)
"စီနီမာဒီပဲရစ်"ရုပ်ရှင်ရုံတွင်ပြသခဲ့တာတဲ့ ။
၃။ အောင်ဆန်းအက်တလီစာချုပ် ၂၇-၁-၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးစဉ်က မြန်မာကိုယ်စားလှယ် နှစ်ဦးက
လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တယ်တဲ့
အဲ့ဒီနှစ်ဦးဟာ "ဂဠုန်ဦးစော နဲ့ သခင်ဘစိန်" တို့ဖြစ်ပါတယ်။
၄။ မြန်မာနိုင်ငံ၏ ဗဟိုချက်ဟာ မြစ်သားမြို့နယ်၊ကူမဲမြို့ အရှေ့တောင်ဘက် ပြက္ခရွှေတောင်ပေါ်မှာဖြစ်ပါတယ် " မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်ကျောက်တိုင်" ကို မြန်မာနိုင် ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားပါတယ်တဲ့ ။
၅။ ထိုင်းဘုရင် ဗြနရဇ်(ခရစ်နှစ် ၁၅၅၅-၁၆၀၅) ဟာ ဘုရင့်နောင်နဲ့ယောက်ဖတော်စပ်တယ်တဲ့ ဗြနရဇ်၏ အစ်မတော်"အမျိုးရုံမင်းသမီး"သည် ဘုရင့်နောင်၏ မိဖုရားဖြစ်တယ်တဲ့ ။
၆။ နာမည်ကျော်ကဗျာဆရာကြီး ရာဘင်ဒြာ နာ့သ်တဂိုး ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့တယ်တဲ့ (၁၉၁၆ခုနှစ်၊ မေလ ၊၇ ရက်မှ ၉ ရက်ထိ တစ်ကြိမ် ) (၁၉၂၃ ခုနှစ်၊ မတ်လ ၂၄ရက်မှ ၂၇ ရက်နေထိ ) တစ်ကြိမ်
၇။ အင်္ဂလိပ်အမည်နဲ့ ပုဂံဘုရားတစ်ဆူရှိပါတယ် ပုဂံဓမ္မာရုံကြီး လမ်းခွဲအနီးမှာ "စကိုဗယ် ပေါ်တော်မူ" ဘုရားဖြစ်ပါတယ် ။
၈။ သိပ္ပံမောင်ဝ ( အမည်ရင်း -ဦးစိန်တင်)၏ ကလောင်ခွဲဟာ ၅၁ ခုရှိတယ်တဲ့ ။
၉။ အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကို မှာယူပြီး မြန်မာသက္ကရဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့မှာ ပြည်တွင်းသုံး ငွေဒင်္ဂါးအဖြစ် ထုတ်ပြန်ကြေငြာသုံးစွဲခဲ့ပါတယ်တဲ့ ။
၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတမှာ ရှမ်းလူမျိုး စဝ်ရွှေသိုက် (၁၈၈၆- ၁၉၆၂ ) ဖြစ်သည်။
၁၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ကို ဘိုးတော်ဘုရားလက်ထက် ထောင်းမင်းကြီးသား မောင်ကံ ဆိုသူက စထွင်ခဲ့တာပါတဲ့ ။
၁၂။ မြန်မာနိုင်ငံအား " ဗားမား" ဟူသောအင်္ဂလိပ်အမည်မှ"မြန်မာ" ဟူသော အင်္ဂလိပ်အမည်သစ်သို့၁၉၈၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ စတင်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်တဲ့။
၁၃။ မြန်မာနိုင်ငံတော် သီချင်းကို
ဝိုင်-အမ်-ဘီ ဆရာတင်ကရေးစပ်ပြီး
၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်နေ့

Address

Room No. 31, Building No. 5, Wai Punla Housing Complex, Khay Mar Thi Road, North Okkapala Township
Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9519692499

Alerts

Be the first to know and let us send you an email when Ayuda Myanmar Travels & Tours Co. Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayuda Myanmar Travels & Tours Co. Ltd.:

Share

Category