HTL Travel & Tour

HTL Travel & Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTL Travel & Tour, Travel Agency, Yangon.

ကျိုက်​ထီးရိုးဘုရားသွားရင်​ တည်းခိုခန်းဖုန်းနံပါက်များ*********************************ရင်ပြင်တော်မှာရှိတဲ့ တည်းခိုခန်းေ...
13/12/2018

ကျိုက်​ထီးရိုးဘုရားသွားရင်​ တည်းခိုခန်းဖုန်းနံပါက်များ
*********************************

ရင်ပြင်တော်မှာရှိတဲ့ တည်းခိုခန်းတွေရဲ့အမည်နဲ့ ဆက်သွယ်လို့ရနိုင်မဲ့ ဖုန်းနံပါတ်လေးတွေကို စုဆောင်းပြီး တင်ပေးလိုက်ပါတယ်။

တောင်ပေါ်ကိုရောက်တာနဲ့ စတွေ့မဲ့နေရာက ရေးတာနော်...။

၁။ mountain top ဟိုတယ်
09-8718392/01-502479

၂။ ကျိုက်ထိုဟိုတယ်
01 4410336,01 4410723,09 8721086 .09-49819189/

၃။ ရိုးရိုးလေးတည်းခိုခန်း (1)
09-8723601

၎။အကျဉ်းဦးစီးဓမ္မာရုံ

၅။ ဆောက်လုပ်ရေးဓမ္မာရုံ
09-31580756/09-425264713

၆။ ရိုးရိုးလေးတည်းခိုခန်း(၂)
09-8723601

၇။ သုံးထပ်ဓမ္မာရုံ
09-49819689

၈။ ပေ ၄၀ တိုးချဲ့ဓမ္မရုံ

၉။ ပြည့်စုံ ဓမ္မာရုံ

၁၀။ တိသ ဆောင်
09-49818705

၁၁ ။ ရင်ပြင်ဘုန်းတော်ကြီးကျောင်း(အခမဲ့)

၁၂။ ဆီမီးကိုးထောင် ဓမ္မာရုံ (အခမဲ့)

၁၃။ ရိုးရိုးလေး(3)ကျီးကန်းပါစပ်လမ်း
09-49576444/ 09-8723082

၁၄။ ကြူ ကြူ ၀င်းတည်းခိုခန်း
09-250086720

၁၅။ ပွင့်ထူး တည်းခိုခန်း
09-8723127/ 425263502

၁၆။ အောက်ပြည့်စုံ (အခမဲ့)
တို့ဖြစ်ပါတယ်။ ထမင်းဆိုင်တွေမှာလည်း တည်းလို့ရပါတယ်။

ပြီးတော့လည်း ဘယ်တည်းခိုခန်းက ကောင်းသလဲ ဆိုတာလဲ
မေးတက်ပါသေးတယ်၊
ဘယ်တည်းခိုခန်းက ကောင်းပါတယ်ဆိုတာကိုတော့ မကြေငြာပါဘူးနော် ။

သူငယ်ချင်းတို့ရေ
ကဲ ရှယ်ကြပါအုံးနော် နီးစပ်ရာကို

creadit > ကင်မွန်းစခန်းကသတင်းအလန်း
________________________________________

#ကျိုက်​ထီးရိုး ဘုရားဖူးသွားမယ်​ဆို ဒါ​လေးရှိ​နေရင်​ ပိုအဆင်​​ပြေတာ​ပေါ့။
လိုအပ်​ရင်​ Share လုပ်​ထားနိုင်ပါတယ်​​နော်။😘😘😘😘😘

ကျိုက်​ထီးရိုး ဘုရားရှိ ဖုန်းနံပါတ်​ များ

The Eternity Resort
09-5007342၊ 09-43075350၊ 09-8721086

ရိုးရိုး​လေး အဆင့်​မြင့်​တည်းခိုခန်း (၁)
09-8625177၊ 09-425316888

ရိုးရိုး​လေး အဆင့်​မြင့်​တည်းခိုခန်း (၂)
09-8723601 ၊ 09-401580555

ရိုးရိုး​လေး Hotel
09-8723082 ၊ 09-8625144 ၊ 09-49576444

ရိုးရိုး​လေး
01-544916 ၊ 09-8636855 ၊ 09-799875297 ၊ 09-799875298

09-425288143 ၊ 09-31184738

Happy Motel
057-60576၊ 09-425285111၊ 09-961514111၊ 09-961519111

ကျိုက်​ထီးရိုး ​ပေ ၄၀ တိုးချဲ့ ဓမ္မာရုံ
09-8723073 ။

သုံးထပ်​ ဓမ္မာရုံ
09-49819689

ပွင့်​ထူး တည်းခိုခန်း
09-8723127၊ 09-425263502

Thuwunna Bumi Taungtantha Hotel
09-49819640 ၊09-49818688 ၊ 09-8620722 ၊ 01-551237 ၊ 01-551238 ။

Teik Tha Saung Guest House
(Reservations ။ ။ 09-49818715) ၊ 09-8723289 ၊ 057-60159 ။

Seesar Guest House
Reservations ။ ။ 09-49818854 ၊ 09-8723288) ၊ 09-425355911 ။

Sane Lae Tin Garden Hotel
09-8723123 ၊ 09-8723124 ၊ 09-8552595 ။01-500952 ၊ 01-514101

Pan Myo Thu Guest House
09-49818038 ၊ 09-449249498 ၊ 057-60285

ကျိုက်​ထို Hotel
09-49819196၊ 09-49810221
01-2306035၊ 01-2306036၊ 01-536003၊

Mountain Top Guest House
09-8718392
01-502479၊ 01-536553၊ 01-536174

Golden Sunrise Hotel
09-8723301 ၊ 09-425332637
01-701027 ၊01- 500351 ။

Golden Rock Hotel
09-8718391။
01-502479 ၊ 536553 ၊ 536174။

Bawga Theddhi Hotel
09-49216464 ၊ 09-49299899 ၊09-450033577 ၊ 09-49216433 (YGN)

Emerald Villa Hotel
09-8516000 ၊ 09-401601114 ၊09-40160115 ၊ 09-49384603။

Shwe Hin Thar Hotel
09-49344089၊ 09-8723233

Shwe Hin Thar Hotel ( Lotus Dadar Hotel )
09-420093888

Credit

ဗျဝိဗျတ္တဒဏ္ဍာရီနှင့် မနူဟာဘုရား--------------------------------------သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကို မဖြစ်လို ဟူသော ဆု...
03/12/2018

ဗျဝိဗျတ္တဒဏ္ဍာရီနှင့် မနူဟာဘုရား
--------------------------------------
သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကို မဖြစ်လို ဟူသော ဆုတောင်းနှင့်အတူ ဂန္ဓကုဋီတိုက်အတွင်း မဆန့်မပြဲသော ဆင်းတုတော် တစ်ဆူကို တည်ကာ အကျဉ်းချခံရသောနန်းကျ ဘုရင်တစ်ဦး၏ ဘဝသည် မည်မျှမွန်းကြပ်ပင်ပန်းလှ ကြောင်းကို ထုတ်ဖော်ပြသည့် ဘုရားတစ်ဆူ ပုဂံတွင် ရှိသည်။
ထိုဘုရားဒကာသည် အခြားမဟုတ် ပုဂံနေပြည်တော်အတွက် ပိဋကတ် (၃) ပုံ တောင်းခံ ခြင်းကိစ္စမှ အခြေတင်ဖြစ်ကာ စစ်မက်ဖြစ်ပွားခဲ့ရပြီး စစ်ရှုံးသဖြင့် ဖမ်းစီးခေါ်ဆောင်ခြင်းခံရကာ သထုံဘုရင်မနူဟာမင်းဖြစ်ပေ သည်။

မနူဟာမင်းအကြောင်းအနည်းငယ်ပြောရမည်ဆိုလျှင် …
မွန်ဘုရင် မနူဟာသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု (၇) ခုအနက် မွန်မျိုးနွယ်စုကြီးမှ ဆင်းသက်ပေါက်ဖွားလာသည့် သထုံမင်းဆက် (၂၅) ဆက်မြောက်မင်းဖြစ်သည်။

ပရိယတ္တိ သာသနာ တော်ရှိမှ သာသနာခရီးဆက်နိုင် မည်ဟူသော ရှင်အရဟံ၏ မိန့်ကြားမှုအရ အနော်ရထာမင်းသည် ပိဋကတ် တော်များကို တောင်းယူရန် သထုံပြည်သို့ အပြောအဆို ကောင်းမွန်ပြီး လိမ္မာသော အမတ်တစ်ဦးကို လက်ဆောင်ပဏ္ဏာများနှင့်အတူ စေလွတ်လိုက် သည်။
မနူဟာဘုရင်သည် ပုဂံ၏တောင်းဆိုချက်များကို မချေမငံ ငြင်းဆန် သဖြင့် အနော်ရထာသည် သက္ကရဇ် ( 1057 ) တွင် သထုံသို့ ကြည်းတပ်၊ ရေတပ် တို့ဖြင့် စေလွတ်သည်။ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး တို့အား ရှေ့မှချီတက်စေကာ မိမိက နောက်မ တပ်မနှင့် လိုက်လေသည်။ မနူဟာသည် မြို့တံခါးကို လုံခြုံအောင် အစီအရင် ဖြင့် ပိတ်ကာ သေချာခုခံ သဖြင့် အချိန်ကြာသည်အထိ လုပ်ကြံမရဘဲ ရှိလေသည်။

လုပ်ကြံမရသော အကြောင်းတရားများတစ်ခုတွင် ဗျဝိအား သတ်ကာ မြို့စောင့်အဖြစ် ထားရှိ ခြင်းဖြစ်ကြောင်း သိရသည်။ ဤနေရာ တွင် ဗျဝိ၊ဗျတ္တညီနောင် အကြောင်းကို အနည်းငယ် ပြောရပေတော့မည်။

မှန်နန်းရာဇဝင်အရ သထုံပြည် ဗားမဲ့ဆရာတော်သည် သဘောင်္ပျက်၍ ဗျတ်နှင့်အတူ ရေမြောလာသော ကုလားညီနောင် နှစ်ဦးကို ခေါ်ယူမွေးစားကာ သူတို့ကိုလည်း ဗျဝိ၊ ဗျတ္တဟု အမည်ပေးခဲ့သည်။
ကပ္ပိယကျောင်းသားများအဖြစ် ဆရာတော် ကျောင်းတွင် နေထိုင်ရင်း တစ်နေ့တွင် ဆရာတော်သည် တောအတွင်း မှ ဇော်ဂျီဖိုဝင်တစ်ဦးကို ကောက်ရလာသည်။

ဆရာတော်က ထိုဇော်ဂျီသား ကို ဘုရင်အားဆက်သရန် ညီနောင်နှစ်ဦအား မီးကင်စေကာ အပြင်ထွက်သွား ခဲ့သည်။ ထိုအခါ ဇော်ဂျီဖိုဝင်သား သည် အလွန်မွေးကြိုင် သဖြင့်ထိုညီနောင် (၂) ဦးမှာ မနေနိုင်တော့ဘဲ ယူငင် စားပစ်ကြသည်။
ထိုအချိန် ၄င်းတို့တွင် သာမာန်နှင့်မတူသော စွမ်းအား များရရှိလာကြသည်။ မြေလျှိုးမိုးပျံ ၊ လွန်စွာခွန် အား ကြီးမားစွာ ရလေသည်။ ဆရာတော်ပြန်ရောက်လာသည့်အချိန်တွင် ဇော်ဂျီသားစားလိုက် သည့် ညီနောင် (၂) ဦးအား လိုက်ရိုက်ရာ မမှီသည့်အပြင် ကျောင်းကိုပါ ဇောက်ထိုးမိုးမျှော်ပြုလုပ်ပစ်ကြသည်။

ဆရာတော်မှ မနိုင် ၊ ရပ်မနိုင် ရွာမနိုင် ဖြစ်လာလေသော် ထိုညီနောင်တို့ကို ဖမ်းရန် အခြေနေ ရောက်သွားလေသည်။ ဗျဝိသည် သထုံမြို့ဝန်၏ သမီး မအိုစာနှင့် ချစ်ကြိုက် မိခဲ့သည်။ တစ်နေ့ တွင် ဗျဝိသည် မအိုစာအခန်းအတွင်းထိ ဝင်ရောက်သော် အမျိုးသမီးတို့၏ ထမီ အစရှိသော ဘုန်းနိမ့်စေသောအရာများကို တံခါးပေါ်ထား၇်ျ ဖမ်းသောအခါ ဗျတ်ဝိ၏ အစွမ်းများ ပျောက်ဆုံးပြီး အလွယ်တကူ မိလေသည်။

ဗျတ္တလည်း အခြေနေမဟန်တော့သည်ကို သိရသဖြင့် ပုဂံသို့ပြေးကာခိုလှုံလေတော့သည်။ အနော်ရထာမင်းသည် ပုဂံအား အင်အားကြီးနိုင်ငံအဖြစ် တည်ထောင်ရာတွင် လူစွမ်း ကောင်း များလိုအပ်သဖြင့် ဗျတ္တကို လက်ခံခဲ့သည်။
တချိန်တည်းမှာပင် သထုံမြို့ဝန်သည် နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းမိထားသောဗျတ်ဝိအား သေဒဏ်ပေး ခဲ့ရာ နဂို ကတည်းက အစွမ်းထက်သူဖြစ်သဖြင့် ကွပ်မျက်သော် လည်း မသေနိုင်ချေ။

နောက်ဆုံး မအိုစာ၏ ရေတစ်မုတ်နှင့် ကွမ်းတစ်ယာကို စားခွင့်ရကာ စိတ်လျှော့လိုက်သည့်အခိုက် သတ်လိုက် မှ သေလေသည်။ (မယ်အိုစာရဲ့ ကွမ်းတယာ ရေတမုတ်ဟာ အဆိပ်ဆိုလည်းမငြင်း မျက်မြင်မှာ မန်တင်း …)
သူသေပြီးလျှင် ၄င်း၏အရိုး၊ အရေ ၊ သွေးတို့အား မြို့တံတိုင်း နေရာအနံ့ ဖြန်းကာ မြို့စောင့်နတ်အဖြစ် ထားရှိခဲ့သဖြင့် ယခု ပုဂံတပ်တို့ မည်သို့တိုက်ခိုက်သော်လည်း မြို့အတွင်း ဝင်ရောက်နိုင်ခြင်းမရှိချေ။

နတ်ဖြစ် လေသော ဗျဝိသည် မြို့တံခါးမှ ဝင်ရောက်နိုင်ရန် အတွက် ကြက်မတစ်ဝတ်စာ နေရာ အတွက် မိမိ၏ အသွေးသားနှင့် လွတ်သောနေရာရှိကြောင်း အိပ်မက် ပေးခဲ့သည်။ ဗျတ္တသည် ထိုနေရာမှ ဝင်ရောက်ကာ မြို့တံခါးကို ဖွင့်ပေးသော် သထုံ မြို့တော် ကျဆုံးလေတော့သည်။

အနော်ရထာသည် ပိဋကတ် ( ၃ ) ပုံအပါအဝင် သထုံတော်ဝင် မိသားစု နှင့်တကွမှူးမတ်များ၊ သရီရ ဓါတ်တော်၊ ဆင်ဖြူတော်များ၊ ကျမ်းကန်တတ် ရဟန်းတော်များ၊ ပညာရှင်များကို ပုဂံသို့ခေါ်ဆောင် ကာ အစုအကွက်ချ နေထိုင်စေသည်။
မနူဟာမင်း ကိုလည်း မြင်းကပါ အရပ်တွင် အလုပ်အကျွေး နှင့်အတူ နေထိုင်စေ သည်။ မနူဟာ အာနုဘော်သည် စကားပြောသော အခါတွင် ခံတွင်းမှ စက်ပြောင် ပြောင် ထွက်လျက်ရှိသည်။
အနော်ရထာ မင်းအား လာရောက်ဖူးမျှော် စဉ် အနော်ရထာမင်းသည် ထိုအရာကိုမြင်သော် ကြက်သီးမွေးညှင်း ထကာ ထိပ်လန့်လေသည်။ ထိုဘုန်းတန်ခိုး အာနုဘော်ကို ညံ့စေရန် မနောလင်ပန်းနှင့် စားတော်ပြင်ကာ ဘုရားတင်ပြီး ထိုစားတော်ကို မပြတ် ကျွေးသဖြင့်ကြာလာသော် စက်ရောင်တို့ ကွယ်လေသည်။

ထို စက်ရောင်ကွယ်ရာမှ ငါကြံသော်လည်း မဖြစ်နိုင်ရာဟူရာဟု နှလုံးချလေသည်။ ယင်းသို့ သံဝေဂ ရရှိရာမှ သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကို မဖြစ်လိုဟူသော ဆုတောင်းနှင့်အတူ ဘုရားတည်ရန် ကြံလေသည်။
ထို့နောက် အနော်ရထာမင်းအား ဘုရားတည်ရန်ခွင့်တောင်းသဖြင့် အနော်ရထာက ကြည်ဖြူစွာ ခွင့်ပြုခဲ့သည်။ မိမိပိုင်လက်စွပ်ကို ရောင်းချ ကာ ရရှိသော ငွေဖြင့် ဘုရားတည်ခဲ့သည်။

မနူဟာဘုရားကို အမိုးအကာမပါဘဲတည်ထား ကာ နောက်ပိုင်းမှ ဂန္ဓကုဋီတိုက် ပြန်ဆောက်သည်ဟု ပညာရှင်တို့က ယူဆသည်။
ဆင်းတုတော်၏ အနောက် ဖက်တွင် လျောင်းတော်မူကိုယ်တော် နှင့် အရှေ့ရှိ ကျောက်သပိတ်သည် အကျယ် ( ၃ပေ ၁၀ လက်မ) ၊ အမြင့် ( ၃ ပေ ၁၁ လက်မ) ရှိသည် ဆွမ်းဆန် စိမ်း ( ၁၇ ) တင်းဆန့်ကာ တုရင်တောင်မှ ကျောက်ဖြင့် ထုလုပ်ထားသည်ဟု အဆိုရှိကြသည်။
ထိုသပိတ်တွင်း ဆွမ်းအပြည့်လှူသော သူသည် ငတ်မွတ်ခြင်းမှ ကင်းဝေးသည် ဟု အယူရှိသဖြင့် အပြည့်လောင်းလှူလေ့ရှိသည်။

မနူဟာဘုရားသည် အမှု အခင်းဖြစ် နေသာသူတို့ လာရောက်ကာ ဘုရားတွင်ရင်ဖွင့် တတ်ကြသည်။
နှစ်စဉ် စက်တင်ဘာလအတွင်းကျင်းပလေ့ရှိသော မနူဟာဗုဒ္ဓပူဇနိယ ပွဲတော် သည်လည်း ဆန်းသည်။ အရုပ်သွင်းပွဲ သို့မဟုတ် အသွင်းဟု ခေါ်ဆိုကြသည်။
ဇတ်တော်လာရုပ်၊ နတ်ရုပ် နိုင်ငံ့ခေါင်းဆောင်ရုပ် များပြုလုပ်ကာ ယှဉ်ပြိုင်သော ပွဲဖြစ်ကာ အကောင်းဆုံးအရုပ်များကို ဆုပေးသည်။

သံသရာဝယ် ကျင်လည် နေသရွေ့ သူနိုင်သည်ကိုမဖြစ်လို ဟုဆုတောင်းကာ ပုဂံတွင် သက်ဆုံးတိုင် နေထိုင်ရင်း မိမိ၏မွန်းကြပ် လှသော နန်းကျဘုရင်ဘဝ ကို ဖော်ပြရာ ယနေ့ ချိန်ထိ ထိုဘုရား ရောက်လေတိုင်း ဤခံစားချက် များကို လူတိုင်းတွေ့ရှိခံစား ကြရမည်ပေသည်။

🎅🎅နှစ်တနှစ်ရဲ့ နောက်ဆုံးလလည်းဖြစ် မြူနှင်းဝေတဲ့ချမ်းအေးလှတဲ့ဆောင်းရာသီလေးမှာ ချစ်သူ ခင်သူ သူငယ်ချင်းများနဲ့ ခရီးသွားချင်...
30/11/2018

🎅🎅နှစ်တနှစ်ရဲ့ နောက်ဆုံးလလည်းဖြစ် မြူနှင်းဝေတဲ့ချမ်းအေးလှတဲ့ဆောင်းရာသီလေးမှာ ချစ်သူ ခင်သူ
သူငယ်ချင်းများနဲ့ ခရီးသွားချင်သူများအတွက်
ခရီးစဉ်လေးတစ်ခုကို မိတ်ဆက်ပေးပါရစေ 🎅🎅

Dec 14 ရက်နေ့ မတိုင်ခင်ကြိုတင်ဘိုကင်တင်ဝယ်ယူမယ်ဆိုရင် 5% dis အစီအစဉ်လေးလည်းရှိ
တယ်နော်...

👉👉 မန္တလေး - ပြင်ဦးလွင် (ပန်းပွဲတော်) (3ညအိပ် 4ရက်ခရီး ) 👈👈

🤗 တစ်ဦးနှုန်း --- 95000 ကျပ်
🤗 10ဦးဝယ် - 1ဦးလက်ဆောင်

ခရီးစဉ် ထွက်ရှိမည့် ရက်များကတော🗒🗒
Dec 21, 29

💖💖💖 ပါဝင်သောဝန်ဆောင်မှုများ 💖💖💖

💠 Air Con Express 15 / 33 / 45 Seaters
💠 နံနက်စာ / နေလည်စာ / ညစာ
💠 Hotel တစ်ညတာ
💠 သွားတိုက်တံနှင့် သွားတိုက်ဆေး
💠 ရေသန့် ၊ စနိုးတာဝါ
💠 အဆာပြေမုန့် များ
💠 ခရီးသွားအာမခံ
💠 မျက်နှာသုတ်ပဝါ
💠 ပျော်ရွှင်ဖွယ်ကံစမ်းမဲ game အစီအစဉ်များ
💠 အခြေခံဆေးဝါးအထောကအကူပြုပစ္စည်းများ

လည်ပတ်မည့်နေရာများကတော့
🙏🙏 မန္တလေးမြို့ မှာကတော့ ...

👉 မန္တလေးမဟာမြတ်မုနိဘုရား
👉 မန္တလေးတောင်
👉 အတုမရှိကျောင်း
👉 ရွှေကျောင်း
👉 ကုသိုလ်တော်ဘုရား
👉 ဦးပိန်တံတား
👉 ကျောက်စိမ်းစေတီ

🎈🎈ပြင်ဦးလွင်မြို့ မှာကတော့....

👉 မဟာအံထူးကံသာ
👉 အမျိုးသားကန်တော်ကြီးဥယျာဉ်
👉 ပွဲကောက်ရေတံခွန်
👉 ပိတ်ချင်းမြောင်လှိုဏ်ဂူ
👉 တရုတ်ဘုံကျောင်း
👉 အိမ်အပြန်လက်ဆောင်ဝယ်ရန်ဆွယ်တာတန်း

👍👍 အပြီးအစီး Tour Packagesခရီးစဉ်ဖြစ်၍
လမ်းတွင် မည်သည့်ငွေကြေးမှ ကောက်ခံခြင်းမရှိ❌❌

👩‍⚖️👨‍⚖️ထိုင်ခုံနေရာ ကောင်းလေးတွေနဲ့  ခရီးသွားချင်
တယ်ဆိုရင်တော ဘိုကင်ကြိုတင်စာရင်းပေးလိုက်တော့နော်...👌👌👌

📰 လက်မှတ်များမှာယူချင်တယ်ဆိုရင်တော့ 
☎ဖုန်းလေးတချက် ဆက်လိုက်ယုံနဲ့ အိမ်တိုင်ရာ
ရောက် Door to Door စနစ်ဖြင့် ပို့ ဆောင်ပေးနေပါ
ပီနော် 😊😊

🚌🚌🚌 ကားစုရပ်နေရာများကတော့ တာမွေအဝိုင်း၊
မြေနီကုန်း ၊ လှည်းတန်း၊ 8မိုင် ၊ စော်ဘွားကြီးကုန်း

အသေးစိတ်သိချင်တာရှိရင် ...
Ph no.09-957467156 / 09-764080644 သို့
တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ် ။

ဆက်သွယ်ရန်လိပ်စာလေးကတော့ ...
📝📝(16) အရှေ့ရွှေဂုံတိုင်လမ်း ၊ ဗဟန်းမြိုနယ် ၊
ရန်ကုန်မြို့ ။

😊😊😊 ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးဖန်တီးဖို့  "HTL" နဲ့ ခရီးသွားကြစို့  😊😊😊

ဓာတ်ပုံပိုင်ရှင်အား credit ပေးပါသည်

🏞🏞 ချမ်းအေးလှတဲ့ ဒီဇင်ဘာလလေးအတွက် အရမ်း တန်တဲ Promotion လေးလာပီနော် ...အရင်ဈေး 95000 ကျပ်ကနေ အခု Promotion 85000 ကျပ်ဆိ...
27/11/2018

🏞🏞 ချမ်းအေးလှတဲ့ ဒီဇင်ဘာလလေးအတွက်
အရမ်း တန်တဲ Promotion လေးလာပီနော် ...

အရင်ဈေး 95000 ကျပ်ကနေ အခု Promotion 85000 ကျပ်ဆိုတော့  တန်မှတန်ဘဲပေါ့...

🙏🙏🙏 ပုဂံ -ညောင်ဦး -ပုပ္ပါး (3ညအိပ် 4ရက်)
ခရီးစဉ်လေးပါ 🙏🙏

ဒီဇင်ဘာလ 10ရက်နေ့ မတိုင်ခင် ကြိုတင်ဘိုကင်
တင်ဝယ်ယူမယ်ဆို တယောက် ကိုလျှော့ဈေး 85,000 ကျပ်နှင့် ရရှိမည့် အပြင်

👭👬 ၉ယောက်လိုက်မယ်ဆို ၁ယောက် Free
လိုက်ခွင့် Discount လည်းရှိသေးတယ်နော် 👭👬

ခရီးစဉ် ထွက်ရှိမည့် ရက်များကတော🗒🗒
Dec 14, 21, 28 & 29 (Happy New Year)

💖💖💖 ပါဝင်သောဝန်ဆောင်မှုများ 💖💖💖

💠 Air Con Express 15 / 33 / 45 Seaters
💠 ဘူဖေးဆိုင်များတွင် တည်ခင်းသုံးဆောင်ခွင့်
(စုစုပေါင်း 6နပ်)
💠 Bagan ရှိ 3Star Hotel တစ်ညတာ
💠 သွားတိုက်တံနှင့် သွားတိုက်ဆေး
💠 ရေသန့် ၊ စနိုးတာဝါ
💠 အဆာပြေမုန့် များ
💠 ခရီးသွားအာမခံ
💠 မျက်နှာသုတ်ပဝါ
💠 လက်ပန်းချီ အခမဲ့  ဆွဲပေးမဲ့ အစီအစဉ်များ
💠 ပျော်ရွှင်ဖွယ်ကံစမ်းမဲ game အစီအစဉ်များ
💠 တစ်ဆင့်သွားစက်လှေခ / တောင်တက်ကားခ
💠 အခြေခံဆေးဝါးအထောက်အကူပြုပစ္စည်းများ
💠 ယဉ်ကျေးပျူဌာပီး ပုဂံသမိုင်းအကြောင်းရှင်းပြပေးမဲ့
Tour leader ကိုကိုများ

Promotion ဆိုတော့ ဘိုကင်ပြည့်တာ မြန်တတ်လို့
မြန်မြန် ဖုန်းဆက်မေးလိုက်တော့နော် 👌👌👌

🙏🙏🙏 သွားရောက်လည်ပတ်မည့်နေရာများကတော့

👉 နတ်တို့ စံပျော်ရာ ပုပ္ပါးတောင်ကလပ်
👉 အလိုတော်ပြည့်ဘုရား၊
👉 မနူဟာ ဘုရား ၊
👉 ထီးလိုမင်းလို ဘုရား
👉 မြစေတီ ၊
👉 ဗူးဘုရား ၊
👉 ရွှေဆံတော် ၊
👉 ဓမ္မရံကြီးဘုရား ၊
👉 သဗ္ဗေညု ဘုရား
👉 အာနန္ဒာဘုရား၊
👉 ကန်တော့ပလ္လင် ၊
👉 ငှက်ပစ်တောင် ၊
👉 စူဠာမဏိ ဘုရား စသည့်ပုဂံရှိ တန်ခိုးကြီးဘုရားများကိုသွားရောက်ဖူးမျှော်ပါမည် ။
👉လက်ပန်းချီဆွဲရန်ပို့ပေးခြင်း၊
👉 ကျောက်ပန်းတောင်အာလူးကြော်၊ ပုန်းရည်ကြီး
အစရှိသော လက်ဆောင်ပစ္စည်းများဝယ်ယူရန်
ညောင်ဦးမြို့ ရှိ အညာလက်ဆောင်ထန်းတောတန်း
စသည့် ၀န်ဆောင်မှုများ ...

👍👍 အပြီးအစီး Tour Packagesခရီးစဉ်ဖြစ်၍
လမ်းတွင် မည်သည့်ငွေကြေးမှ ကောက်ခံခြင်းမရှိ❌❌

👩‍⚖️👨‍⚖️ထိုင်ခုံနေရာ ကောင်းလေးတွေနဲ့  ခရီးသွားချင်
တယ်ဆိုရင်တော ဘိုကင်ကြိုတင်စာရင်းပေးလိုက်တော့နော်...👌👌👌

📰 လက်မှတ်များမှာယူချင်တယ်ဆိုရင်တော့ 
☎ဖုန်းလေးတချက် ဆက်လိုက်ယုံနဲ့ အိမ်တိုင်ရာ
ရောက် Door to Door စနစ်ဖြင့် ပို့ ဆောင်ပေးနေပါ
ပီနော် 😊😊

🚌🚌🚌 ကားစုရပ်နေရာများကတော့ တာမွေအဝိုင်း၊
မြေနီကုန်း ၊ လှည်းတန်း၊ 8မိုင် ၊ စော်ဘွားကြီးကုန်း

အသေးစိတ်သိချင်တာရှိရင် ...
Ph no.09-957467156 / 09-764080644 သို့
တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ် ။

ဆက်သွယ်ရန်လိပ်စာလေးကတော့ ...
📝📝(16) အရှေ့ရွှေဂုံတိုင်လမ်း ၊ ဗဟန်းမြိုနယ် ၊
ရန်ကုန်မြို့ ။

😊😊😊 ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးဖန်တီးဖို့  "HTL" နဲ့ ခရီးသွားကြစို့  😊😊😊

(20.11.2018) ကထွက်ခဲ့ တဲ့ ခရီးမှတ်တမ်းလေးတင်ပေးလိုက်ပီနော်.. နောက်ထပ် ထွက်ရှိမဲ့ ခရီးစဉ်အသစ်လေး တွေကိုလည်း ထပ်မံ လိုက်ခဲ...
23/11/2018

(20.11.2018) ကထွက်ခဲ့ တဲ့ ခရီးမှတ်တမ်းလေးတင်
ပေးလိုက်ပီနော်.. နောက်ထပ် ထွက်ရှိမဲ့ ခရီးစဉ်အသစ်
လေး တွေကိုလည်း ထပ်မံ လိုက်ခဲ့ ပါဦး ဖိတ်ခေါ်အပ်ပါတယ် 🙂🙂🙂

HTL ရဲ့  ခြေလှမ်းလေး 👍👍👍
21/11/2018

HTL ရဲ့  ခြေလှမ်းလေး 👍👍👍

19/11/2018
ပုဂံဘုရားများအကြောင်း ဗဟုသုတရရန်အတွက် ဒီတစ်ခါမှာတော့ ထုမှာ ဓမ္မရံကြီးလို့ နာမည်ကြီးတဲ့  #ဓမ္မရံကြီးဘုရား အကြောင်း မျှဝေပေး...
15/11/2018

ပုဂံဘုရားများအကြောင်း ဗဟုသုတရရန်အတွက် ဒီတစ်ခါမှာတော့ ထုမှာ ဓမ္မရံကြီးလို့ နာမည်ကြီးတဲ့ #ဓမ္မရံကြီးဘုရား အကြောင်း မျှဝေပေးလိုက်ပါတယ်နော်။

ထုမှာဆို ဓမ္မရံကြီးဘုရား...
အဆောက်အဦးကအတော်လှပေမဲ့ အရက်စက်ဆုံးမင်းကတည်ထားခဲ့တာပါ ( AD 1167-1170 )

နရသူသည်​ ထီးနန်းရရန်​အတွက်​ ခမည်း​တော်​အ​လောင်းစည်​သူ မင်းကြီးအား ​ရွှေဂူကြီးဘုရားအတွင်း၌ ​ခေါင်းအုံးဖြင့်​ဖိသတ်​ခဲ့သည်​။

အ​လောင်းစည်​သူမင်း နတ်​ရွာစံ​တော်​အခါ ​နောင်​​တော်​မင်းရှင်​​စော သည်​ မင်းပြုရန်​အတွက်​ ​ရေတပ်အား၊ကြည်းတပ်အားဖြင့်​ ချီတက်​​တော်​မူလာရာ ပြည်ထဲအရေးဖြစ်လာမည်ကို နရသူက ကြိုတွေးပြီး
သာသနဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်မြတ်ကိုအယုံသွင်းပြီး "နောင်တော်ကို ဓားတစ်စင်း၊မြင်းတစ်စီးဖြင့်သာကြွတော်မူစေရန် "လျှောက်ရာ ''ငါ ခေါ်၍ ရောက်သောအခါ မင်းမမြှောက်လျှင် ငါ အပြစ်ဖြစ်အံ့ ထို့ကြောင့် သင့်ကို ငါမယုံ'' ဟု မိန့်တော်မူသည်။
ထိုအခါ " ကျွန်တော်မျိုးကိုယ်တိုင်နောင်တော် ရောက်လျှင် နောင်တော့်ဓားကိုထမ်းပြီး နန်းတင်ပါမည်''ဟုသစ္စာကြီးစွာပြုလေသည်။
ပံ့သကူမထေရ်မြတ်သည် နရသူ၏ သစ္စာ စကားကို ယုံပြီး မင်းရှင်စောကို ဖျောင်းဖြလေသည်။ မင်းရှင်စောလည်း မထေရ်မြတ်စကားကို ယုံပြီး ပံသကူမထေရ်မြတ်နှင့်အတူ နန်းတော်သို့လိုက်လေသည်။ လက်ပံဆိပ်သို့ရောက်လျှင် နရသူလည်း သစ္စာပြုသည့်အတိုင်း လှေသို့ဆင်း၍ နောင်တော်ဓားကိုထမ်းပြီး နန်းတင်လေသည်။
ဘိသိက်သွန်းပြီး ထိုညတွင် စားတော်၌ ဆေးခတ်သောကြောင့် မင်းရှင်စော အနိစ္စ ရောက်လေသည်။ မင်းရှင်စော အနိစ္စရောက်သော် နရသူ နန်းတက်လေသည်။
နရသူ ဆေးခတ်၍ အနိစ္စ ရောက်ကြောင်း ပံသကူမထေရ်မြတ် ကြားလျှင် နန်းတော်သို့သွား၍
"မင်းဆိုး၊မင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့သောမကောင်းမူကိုမကြောက်၊ဤစည်းစိမ်ကိုရလျှင် နင်၏ခန္ဓာကိုယ်သည်မအို၊မသေပြီလား"
ဟူ၍ "မှတ်သည်လော၊လောကတွင်နင့်ထက်ပျက်သော မင်းမည်သည်ကား မရှိ "ဟူ၍ မိန့်တော်မူလေသည်။ နရသူလည်း
'' အရှင်မြတ်တို့ထံ သစ္စာခံသည့်အတိုင်း နန်းတက်ပါသည် '' ဟုပြန်လည် လျှောက်တင်လေသည်။ ပံ့သကူမထေရ်မြတ်လည်း
''လူ့ပြည်တွင် နင့်ထက် ဆိုးရွား ညစ်ညမ်းသော သူ မရှိ ''
ဟုမိန့်တော်မူပြီးသိန်းခိုကျွန်းသို့ကြွလေသည်။

မင်းရှင်​​စော အနိစ္စ​ရောက်​​သော်​ နရသူသည်​ နန်းတက်​​လေသည်​။ နရသူသည်​ ရက်​စက်​ ကြမ်းကြုပ်​​သော မင်းဖြစ်​​လေသည်​။ မှူးမတ်​ အ​ပေါင်းလဲ​ကြောက်​ရွံ ကြကုန်​၏။ သန်စွမ်းပျိုရွယ်​ ​သောရဟန်းတို့ကို လူထွက်​ခိုင်းပြီး စစ်​ထဲဝင်​ ​စေ၏။ နရသူသည်​ ရက်​စစ်​ကြမ်းကြုတ်​စွာ အုတ်​ချုပ်​ရင်း (၁၁၇၀)ခုနစ်​တွင်​ ​ကောင်းမှု​တော်​(​ခေါ်)ဓမ္မရံကြီးကို တည်​ခဲ့သည်​။ သူတည်​​သောဘုရားသည်​ ပုဂံတွင်​ထုထည်​အကြီးမားဆုံး ဖြစ်​​စေချင်​ ​သော​ကြောင့်​ နရသူကိုယ်​တိုင်​ ကြပ်​မက်​၏။ ဘုရားတွင်း အုတ်နံရံတွင်ဓားစီခုတရ(အုတ်များကို သရွတ်နှင့် မစိမိဓားဖြင့် ရွှေ့ခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များညှပ်စီ၍စီထားသည်။ ဘုရား၏ နံရံထောင့်ချိုးတွင် ကျင်တွယ်ပုံထောင့်ချုပ်ကျောက်တုံးများ နံရံနှစ်ခုပေါင်းစပ်နေစေရန် ထောင့်ချုပ်ပေါင်းကူးများဖြင့် အခိုင်အမာတည်ဆောက်ထားသည်။ ထို့ကြောင့်ငလျင်ဒဏ်အကြိမ်ကြိမ်ခံရသော်လဲ ထိခိုက်ပျက်စည်းမှုနည်းသည်။ထုထည်ကြီးမားသည့်အတွက် ငလျင်ဒဏ်ကြောင့် အထက်စေတီနှင့် အထွဋ်သာ ပျက်စီးပြီး အတွင်းပိုင်းမှာ နဂိုအတိုင်းတည်ရှိနေပါသည်။ နသူမင်းသည်​ အုတ်​တချက်​နှင့်​တချက်​ ကြားတွင်​အပ်​နှင့်​ထိုးကြည့်​၍ အပ်​တ​ချောင်း ဝင်​လျှင်​ထို​နေရာကို တာဝန်​ယူ​သော ပန်းရံဆရာကိုသတ်​ပစ်​​လေသည်​။ ပန်းရံဆရာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရသဖြင့် (၃) နှစ်ကြာသော်လည်း ဘုရားကြီးမပြီးနိုင်ဘဲရှိခဲ့လေသည်။
ဘုရား၏ အ​နောက်​ဘက်​တွင်​ မိမိအကုသိုလ်​ ​ကျေ​စေရန်​ ရည်​ရွယ်​ချက်​ဖြင့်​ ပလ္လင်​တစ်​ခု ထဲ​ပေါ်တွင်​ ဘုရားနှစ်​ဆူတည်​ခဲ့သည်​။
နရသူသည်​ ဖခင်​အ​လောင်းစည်​သူမင်းကြီး အားဆက်​သသည့်​ #ပဋိက္ခရာမင်းသမီး ကိုလည်းသိမ်းပိုက်​ခဲ့သည်။ ထို့နောက် နရသူသည် အခင်းကြီးသွားပြီး သန့်သက်ရေ မသုံးသဖြင့် ရွံရှာ၍
မင်းသမီးက မခစားသည့်အခါ ကွက်မျက်ခဲ့သည်။
ထိုအ​ကြောင်းကို ပဋိက္ခရာမင်းသမီး၏ခမည်း​တော်​(ကုလားမင်းကြီး) ကြား​သော်​ ကုလားသူရဲ​ကောင်း ရှစ်​​ယောက်​ကို ပုဏ္ဏား အ​ယောင်​​ဆောင်​၍သတ်​​စေဟု လွှတ်​ကာ နရသူအားလုပ်​ကြံ​စေသည်​။
ကုလားတို့သတ်​၍​သေလွန်​​သော်​ ​နောင်​တွင်​ကုလားကျမင်းဟု အမည်​တွင်​ ​လေသည်​။
နရသူမင်းနတ်ရွာစံသော် တည်ဆောက်ဆဲဖြစ်သော ဘုရားကြီးအား အမည်မပေးရသေးပေ၊ (ကုလားတို့လုပ်ကြံ၍ ဓါးမရံမိ၍သေသည်ကိုအစွဲပြု၍ ဓါးမရံမိသည်ကို နှောင်းလူတို့က ဓမ္မရံ ဟူ၍သော်လည်းကောင်း ဓမ္မရံသီ ဆိုသော ပါဋ္ဌိစကားမှဆင်းသက်လာသည်ဟူ၍လည်းကောင်း ဘုရား၏ အနောက်ဘက်အနီးတွင် ဓမ္မရံသီအရှင်သူမြတ်သီတင်းသုံးနေထိုင်သည်ကို အစွဲပြု၍လည်းကောင်း ) ဓမ္မရံကြီးဘုရားဟု အမည်တွင်လေသည်။
ဘုရားကြီးဝင်း အတွင်းတွင်​ လိုဏ်​ပတ်​လမ်း(၂) ခုရှိ​သော်လည်း အတွင်း လိုဏ်​ပတ်​လမ်းကို အဘယ်​​ကြောင့်​ ပိတ်​ခဲ့သနည်း ဆိုသည်​မှာကား မည်​သူမျှ မသိနိုင်​ဘဲ ရှိ​နေပါသည်​......။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when HTL Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category