Dhamma Piti - ဓမၼပီတိ

Dhamma Piti - ဓမၼပီတိ ဗုဒ္ဓဂယာ နှင့် သီရိလင်္ကာ ဘုရားဖူးအဖွဲ့

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ နှင့် မတ်လ တွင်ထွက်ရှိမည့် ဗုဒ္ဓဂယာ ခရီးစဉ် ရက်လေးတွေပါရှင်(၈)   ရက် ခရီးစဉ် = (22.2.2025 - 1....
05/02/2025

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ နှင့် မတ်လ တွင်
ထွက်ရှိမည့် ဗုဒ္ဓဂယာ ခရီးစဉ် ရက်လေးတွေပါရှင်

(၈) ရက် ခရီးစဉ် = (22.2.2025 - 1.3.2025)

(၁၅) ရက် ခရီးစဉ် = (1.3.2025 - 15.3.2025)

ဆက်သွယ်စုံစမ်းရန် = 09 795536914

အရှင်ဇေယျပဏ္ဍိတ(ပိုင်းလော့ဆရာတော်ဘုရားကြီး) ၏ဗုဒ္ဓဂယာ တရားစခန်း နှင့်ဘုရားဖူး ခရီးစဉ်ကို၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလတွင်ထွက်ခ...
22/09/2024

အရှင်ဇေယျပဏ္ဍိတ
(ပိုင်းလော့ဆရာတော်ဘုရားကြီး) ၏

ဗုဒ္ဓဂယာ တရားစခန်း နှင့်
ဘုရားဖူး ခရီးစဉ်ကို
၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလတွင်
ထွက်ခွါမည် ဖြစ်ပါသည်။

လိုက်ပါ ဖူးမြော် လိုသော ဓမ္မမိတ်ဆွေများ
ဓမ္မပီတိ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့သို့
ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်ရှင့်။

ဓမ္မပီတိ ဘုရားဖူးအဖွဲ့
အမှတ်(၃၂)၊ ပထမထပ်(က)၊ ကျွန်းတောလမ်း၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။
၀၉ ၇၉၅၅၃၆၉၁၄ ၊ ၀၉ ၇၉၅၅၃၆၉၁၅

မဟာသဒ္ဓမ္မ ဇောတိကဓဇဆရာကြီး Dr ဦးစိုးလွင် (မန္တလေး) ဦးဆောင်သောဝိသုဒ္ဓိမဂ် - ဓမ္မလမ်း ဝိပဿနာ အဖွဲ့ ၏၂၀၂၄ ခုနှစ် ၊ ဗုဒ္ဓဂယာ...
13/09/2024

မဟာသဒ္ဓမ္မ ဇောတိကဓဇ
ဆရာကြီး Dr ဦးစိုးလွင် (မန္တလေး) ဦးဆောင်သော
ဝိသုဒ္ဓိမဂ် - ဓမ္မလမ်း ဝိပဿနာ အဖွဲ့ ၏

၂၀၂၄ ခုနှစ် ၊ ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ကို
(၁၂.၁၀.၂၀၂၄ - ၂၃.၁၀.၂၀၂၄)(၁၂ ရက်ခရီး)
ထွက်ခွါမည် ဖြစ်ပါသည်။

လိုက်ပါ ဖူးမြော် လိုသော ဓမ္မမိတ်ဆွေများ
ဓမ္မပီတိ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့သို့
ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်ရှင့်။

ဓမ္မပီတိ ဘုရားဖူးအဖွဲ့
အမှတ်(၃၂)၊ ပထမထပ်(က)၊ ကျွန်းတောလမ်း၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။
၀၉ ၇၉၅၅၃၆၉၁၄ ၊ ၀၉ ၇၉၅၅၃၆၉၁၅

02/09/2024
ဓမ္မပီတိ ဗုဒ္ဓဂယာ နှင့် သီရိလင်္ကာ အထူးဘုရားဖူးအဖွဲဲ့ရုံးခန်း လိပ်စာအမှတ် (၃၂) ၊ ပထမထပ် ၊ ကျွန်းတောလမ်း ၊စမ်းချောင်းမြို...
24/08/2024

ဓမ္မပီတိ ဗုဒ္ဓဂယာ နှင့် သီရိလင်္ကာ အထူးဘုရားဖူးအဖွဲဲ့

ရုံးခန်း လိပ်စာ
အမှတ် (၃၂) ၊ ပထမထပ် ၊ ကျွန်းတောလမ်း ၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။
ဖုန်းနံပါတ်
၀၉ ၇၉ ၅၅ ၃၆၉ ၁၄
၀၉ ၇၉ ၅၅ ၃၆၉ ၁၅
၀၉ ၈၈၈ ၉၁၈ ၄၀၀
၀၉ ၈၈၈ ၉၁၈ ၅၀၀
၀၉ ၈၈၈ ၉၁၈ ၆၀၀
၀၉ ၈၈၈ ၉၁၈ ၇၀၀
#ဓမ်မပီတိ

#ဗုဒ္ဓဂယာ

#ဘုရားဖူးအဖွဲ့

စွယ်တော်တိုက်သီရိလင်္ကာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားစရာ အကြောင်း ၂ ရပ်ရှိပါသည်။ ၎င်းတို့မှာ ၊ ၁။ ဗုဒ္ဓမြတ်စွ...
23/08/2024

စွယ်တော်တိုက်

သီရိလင်္ကာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားစရာ အကြောင်း ၂ ရပ်ရှိပါသည်။ ၎င်းတို့မှာ ၊
၁။ ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ကို ပိုင်ဆိုင်ခွင့်ရခြင်းနှင့်
၂။ ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးနှင့် တန်ခိုးအကြီးမားဆုံး ဒက္ခိဏသာခါ မဟာဗောဓိပင်တို့ကို ပိုင်ဆိုင်ခွင့်ရရှိခြင်းတို့ပင် ဖြစ်ပါသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ၊
(က) အစိပ်စိပ်မကွဲသော အဝိပ္ပကိဏ္ဏဓာတ်တော် (အသမ္ဘိန္နဓာတ်တော်)နှင့်
(ခ) အစိပ်စိပ်အဆူဆူကွဲပြားသော ဝိပ္ပကိဏ္ဏခေါ် သမ္ဘိန္နဓာတ်တော် ဟူ၍ ဓာတ်တော် ၂ မျိုးကြွင်းပါသည်။
အစိပ်စိပ်မကွဲ သော အဝိပ္ပကိဏ္ဏဓာတ်တော်သည် (၇) ဆူကြွင်းပါသည်။
၎င်းတို့မှာ - စွယ်တော် ၄ ဆူ
- ညှပ်ရိုးတော် ၂ ဆူ
- နဖူးသင်းကျစ်တော် ၁ ဆူတို့ဖြစ်ပါသည်။
စွယ်တော် (၄) ဆူတွင် လက်ဝဲအောက်စွယ်တော်ကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး
တေဇောဓာတ်လောင်ကျွမ်းနေစဉ် ခေမာရဟန္တာမှ တန်ခိုးတော်ဖြင့် ယူဆောင်ပြီးလျှင် ကလိင်္ဂတိုင်း (အိန္ဒိယပြည်) ဗြဟ္မဒတ်မင်းထံ အပ်နှင်းထားရာ နှစ်ပေါင်း ၆၀၀ ကျော်တိုင်အောင်ဗြဟ္မဒတ်မင်းအဆက်ဆက်တို့ ထိန်းသိမ်းပူဇော်ခဲ့ကြပါသည်။နောက်ဆုံး ဗြဟ္မဒတ်မင်းဖြစ်သော ဂုဟသီဝမင်းလက်ထက်တွင် စွယ်တော်ကို ရန်သူတို့ လာရောက်တိုက်ခိုက် လုယူကြပါသည်။ ထိုစစ်ပွဲတွင် မင်းကြီးစစ်ရှုံးသောကြောင့် မင်းကြီး၏သမီးတော် ဟေမမာလာမင်းသမီးသည် စွယ်တော်ကို ဆံထုံးတော်အတွင်းဝှက်ကာ ခင်ပွန်းသည် ဒန္တမင်းသားနှင့်အတူ ဘေးကင်းရာသို့ ထွက်ပြေးကြရာ သီဟိုဠ်သို့ဆိုက်ရောက်လာတော့သည်။ သီဟိုဠ်သို့ ရောက်သောအခါ စွယ်တော်ကို ဦးစွာ အနုရာဓပူရမြို့တွင် ပူဇော်ထားရှိခဲ့ပါသည်။ နှစ်ပေါင်း ၈၀၀ ခန့်ပူဇော်ပြီးနောက် ပေါလောနာရုဝကျရှုံးချိန်တွင် အဆင့်ဆင့် ပြောင်းရွှေ့ခဲ့ရာ ၁၅၆၆ ခုနှစ်တွင် ယခုသီတင်းသုံးရာ ကန္ဒီမြို့သို့ ရောက်ရှိခဲ့ပါသည်။ ၁၀၀၅ ခုနှစ်တွင် လေပြင်းမုန်တိုင်းနှင့်အတူ ပေါ်တူဂီတို့ သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာချိန်မှစ၍ သီဟိုဠ်ကျွန်းသည် နယ်ချဲ့လက်အောက်သို့ စတင်၍ တဖြည်းဖြည်း ကျရောက်လာခဲ့ပါတော့သည်။ ပေါ်တူဂီနောက် ဒတ်(ချ်) နှင့်နောက်ဆုံး အင်္ဂလိပ်တို့ရောက်ရှိလာချိန်တွင် သီဟိုဠ်တစ်ကျွန်းလုံး ကိုလိုနီလက်အောက်ခံ ဖြစ်သွားခဲ့ပါတော့သည်။

စွယ်တော်လှည့်ပွဲကို ၄ ရာစုမှစ၍ ကျင်းပပြုလုပ်ခဲ့ရာ အလွန်စည်ကားလှသဖြင့် အင်္ဂလိပ်အစိုးရလက်ထက်တွင် စိုးရိမ်ပြီး ပိတ်လိုက်ပါတော့သည်။ ထိုအခါ နှစ်နှစ်ဆက်တိုက် မိုးခေါင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ခက်ခဲလာသောကြောင့် စွယ်တော်လှည့်ပွဲကိုပြန်၍ခွင့်ပြုရန်တောင်းဆိုရာ ခွင့်ပြုသဖြင့် စွယ်တော်လှည့်ပွဲကို ပြန်လည်ကျင်းပကြပါသည်။ ထိုသို့ စွယ်တော်လှည့်ပွဲကို ပြန်လည်ကျင်းပသည့်ညတွင် နှစ်နှစ်ဆက်တိုက်ခေါင်နေသော မိုးကြီးသည် သီဟိုဠ်တစ်ကျွန်းလုံးအကြီးအကျယ်ရွာသွန်းရာ အင်္ဂလိပ်တို့ လွန်စွာအံ့ဩပြီး ထိုမိုးကြီးအကြောင်းကို မှတ်တမ်းတင်ရေးသားသည့် စာပေများ ပေါ်ထွက်ခဲ့ပါသည်။

ထိုအခါမှစ၍ စွယ်တော်လှည့်ပွဲကို ကျင်းပခဲ့ရာ ယနေ့တိုင်ပင်ဖြစ်ပါသည်။ နှစ်စဉ် ဩဂုတ်လတွင် ကျင်းပပါသည်။ ၁၀ ရက်ကျင်းပရာ ပထမနေ့တွင် ဆင်ကောင်ရေ ၁၀ ကောင်ခန့်နှင့် စတင်လှည့်လည်ပြီး တစ်နေ့ထက်တစ်နေ့ ဆင်အကောင်ရေတိုးလာရာ ၁၀ ရက်မြောက်နေ့တွင် ဆင်ကောင်ရေ ၁၀၀ အထိရှိပါသည်။

စွယ်တော်လှည့်ပွဲသည် စင်စစ် မိုးခေါ်ပွဲပင်ဖြစ်ပါသည်။ ရှေ့ဆုံးမှ ကြာပွတ်အကအဖွဲ့သည် ကြာပွတ်ကြီးကို လှည့်ပတ်ရိုက်ကာ မိုးခေါ်ပါသည်။ ကြာပွတ်သံသည် မိုးခြိမ်းသံကို ကိုယ်စားပြုပါသည်။ ကြာပွတ်ရိုက်သူမှာ တစ်ဦးတည်းဖြစ်ပါသည်။ ကြာပွတ်ကြီးမှာ ၁၀ ပေခန့်ရှိပါသည်။ သူ၏နောက်တွင် လူ ၁၀၀ ခန့်ရှိသော အကနှင့်တီးဝိုင်းအဖွဲ့များလိုက်ပါပြီး နောက်ဆုံးတွင်ဆင်ကြီး ၃ကောင်နှင့် ဆင်ထိန်းများ လိုက်ပါကြပါသည်။ ဤသည်မှာ အဖွဲ့တစ်ဖွဲ့ဖြစ်၍ ထိုသို့သော အဖွဲ့ပေါင်းများစွာ ပါဝင်ပါသည်။ စွယ်တော်ပွဲအတွက် လူအင်အား မြောက်မြားစွာ သုံးထားပါသည်။

ဆင်ကြီးများသည် အလွန်ကြီးမားကြံ့ခိုင်ကြပြီး အချို့မှာ စွယ်စုံဆင်ကြီးများဖြစ်၍ အလွန်ခန့်ငြားလှပါသည်။ ဆင်ကြီးများအားလုံးကို စီးကွင့်များထိုးထားသော ပိုး၊ဖဲ၊ကတ္တီပါ တို့ဖြင့် လွှမ်းခြုံထားပါသည်။ နားရွက်၊နှာမောင်းနှင့်ဦးကင်းတို့တွင် ပိုး၊ဖဲ၊ကတ္တီပါများ၏ အနားစွန်းတလျှောက် ရောင်စုံမီးသီးလေးများ တပ်ဆင်ထားပါသည်။ လမ်းဘေးလျှပ်စစ်မီးရောင်များ၊ နေအိမ်များမှ ထွန်းညှိထားသော လျှပ်စစ်မီးရောင်စုံများအပြင် ကြီးမားလှသော ဆီမီးတုတ်ကြီးများ ဘေးမှတောက်လျှောက်လိုက်ပါ ထွန်းညှိပေးနေသဖြင့် စွယ်တော်လှည့်ပွဲကြီးသည် ဆီမီးရောင်များနှင့် ထိန်ထိန်ညီး၍ နေပါတော့သည်။

အကအဖွဲ့ပေါင်းများစွာ၏ နောက်တွင်မှ စွယ်တော်ကြွလာပါသည်။ စွယ်တော်ပင့်ဆောင်ရန် ကိုယ်ထည်အကြီးဆုံးဆင်ကြီးကို ရွေးချယ်ထားပါသည်။ စွယ်တော်လှည့်ပွဲတွင် အသုံးပြုသောစွယ်တော်ကြုတ်မှာ သေးပါသည်။ စွယ်တော်တိုက်တွင် ကိန်းဝပ်နေသော စွယ်တော်ကြုတ်မှာ ကြီးမားပါသည်။ အောက်ခြေ ၃ ပေအကျယ်ရှိ၍ ထီးတော်အထိ အမြင့် ၅ ပေခန့်ရှိပါသည်။ အောက်ခြေ ၃ ပေအကျယ်ရှိ၍ ထီးတော်အထိ အမြင့် ၅ ပေခန့်ရှိပါသည်။ ကြုတ်ကို ရွှေအတိဖြင့် ပြုလုပ်ထားပြီး ကြုတ်တစ်ခုလုံးပေါ်တွင် သဒ္ဓါထက်သန်စွာ လှူဒါန်းထားသော စိန်ဆွဲကြိုး၊ စိန်ဘယက်၊ စိန်နားကပ်၊ စိန်လက်ကောက်၊ စိန်လော့ကက်များနှင့် ပြည့်နေပါသည်။

ရွှေဘုံသာလမ်းမှ စိန်ကုန်သည်အဖွဲ့တို့ ဘုရားဖူးလာရောက်ခဲ့စဉ်က ကုန်သည်တစ်ဦးက ပြောဖူးသည်မှာ ဤမျှအရည်အသွေးကောင်းသော အဖိုးတန်စိန်များ မိမိတစ်သက်တာတွင် တစ်ခါမျှမမြင်ခဲ့ဖူးပါဟု ဆိုပါသည်။ စွယ်တော်ကြုတ်သည် စိန်နှင့်အတိ ပြီး၏။

စွယ်တော်သည် စွယ်တော်တိုက်မှ ညဉီးယံတွင် စတင်ကြွချီလာရာ အစည်ကားဆုံးဖြစ်သည့် ၁၀ ရက်မြောက်နေ့တွင် သန်းခေါင်ကျော်မှ စွယ်တော်တိုက်သို့ ပြန်ရောက်ပါသည်။ စွယ်တော်ကြွချီရာ လမ်းတစ်လျှောက် လမ်းဘေးဝဲယာတို့တွင် သီဟိုဠ်တစ်ကျွန်းလုံးမှ လာရောက်ဖူးမျှော်သူများသည် နံနက်ကပင် တဖွဲဖွဲရောက်ရှိလာကြပြီး နေရာဦးကာ စားသောက်၍ အေးအေးဆေးဆေးပင် ထိုင်စောင့်နေကြပါသည်။ စွယ်တော်ကြွလာသောအခါ အားလုံးမတ်တပ်ရပ်၍ လက်အုပ်ချီကာ ရှိခိုးပူဇော်ကြပါသည်။ စွယ်တော်ကြွရာလမ်းတလျှောက် နိုင်ငံခြားသားများအတွက် ကုလားထိုင်များ ခင်းကျင်းပေးထားပြီး ကုလားထိုင် ၁ လုံးလျှင် ဒေါ်လာ ၅၀ နှင့်ဝယ်ရပါသည်။ ကြိုတင်ဝယ်ယူထားရခြင်း ဖြစ်ပါသည်။

စွယ်တော်ကြုတ်ကို အလျင်းသင့်သလိုဖွင့်လှစ်၍ ဖူးမျှော်ခွင့်ပေးသောကြောင့် စွယ်တော်ကိုဖူးမျှော်ရန်မှာ မိမိ၏ကံတရားသာဖြစ်ပါသည်။ ယခုမဖွင့်သည်မှာ ၆ နှစ်ကျော်ရှိပါပြီ။ စွယ်တော်ပုံတော်များ ၊ စွယ်တော်ပွားများကို စွယ်တော်တိုက်အပြင်ဘက်တွင် ရောင်းသော်လည်း ကိုလံဘိုမြန်မာကျောင်းတွင် ကြိုမှာထားပြီး ဝယ်ယူခြင်းက ဈေးထက်ဝက် သက်သာပါသည်။ စွယ်တော်တိုက်အတွင်းဝင်သော လမ်းကြောင်းများကို အကွေ့အကောက်၊အဝင်အထွက်၊ အတက်အဆင်းများစွာဖြင့် စွယ်တော်ကို အလွယ်တကူ ခိုးယူထွက်ပြေးခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်ထားပါသည်။

စွယ်တော်တိုက်၏ တိုးချဲ့ဆောင်များကို ၁၉၃၈ ခုနှစ်တွင် ကိုလံဘိုမြန်မာကျောင်းဆရာတော် ဦးဝီရိယဦးစီး၍ မြန်မာနိုင်ငံမှ အလှူရှင်များကောင်းမှုဖြင့် ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်ပါသည်။

ကန္ဒီမြန်မာကျောင်းနှင့်စွယ်တော်တိုက်သည် မဝေးလှပါ။ လမ်းတွင် Queen’s Hotel ရှိပါသည်။ ထိုဟိုတယ်မှာ ဗိုလ်ချုပ်အောင်ဆန်းကိစ္စတစ်ခုဖြင့် ကန္ဒီသို့လာစဉ်က တည်းခိုသွားသော ဟိုတယ်ဖြစ်ပါသည်။

သီဟိုဠ်နိုင်ငံသူ နိုင်ငံသားတို့သည် ဘုရားသွားကျောင်းတက်အဖြူရောင်များသာ ဝတ်လေ့ရှိသောကြောင့် မြန်မာနိုင်ငံဘုရားဖူးများသည် စွယ်တော်တိုက်သို့သွားလျှင် အထက်အောက် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ခြင်းက ပို၍ သင့်တော်လှပါသည်။

( သွားကြပါစို့ လင်္ကာဒီပကျွန်းဆီသို့
အေးအေးမာ (ဆေး -၁)
စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်)

Photo - (Own)

ဓမ္မပီတိ ဗုဒ္ဓဂယာ နှင့် သီရိလင်္ကာ အထူးဘုရားဖူးအဖွဲ့

ရုံးခန်း လိပ်စာ
အမှတ် (၃၂) ၊ ပထမထပ် ၊ ကျွန်းတောလမ်း ၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ်
၀၉ ၇၉ ၅၅ ၃၆၉ ၁၄
၀၉ ၇၉ ၅၅ ၃၆၉ ၁၅
၀၉ ၈၈၈ ၉၁၈ ၄၀၀
၀၉ ၈၈၈ ၉၁၈ ၅၀၀
၀၉ ၈၈၈ ၉၁၈ ၆၀၀
၀၉ ၈၈၈ ၉၁၈ ၇၀၀

#ဓမ်မပီတိ

#ဗုဒ္ဓဂယာ

#ဘုရားဖူးအဖွဲ့

မူလဂန္ဓကုဋီဝိဟာရတရားဦးဟောကြားရာဒေသကို လှည့်လည်ဖူးမြော်ပြီးပါက ပြန်ထွက်၍ ကားဖြင့်ဆက်သွားလျှင် မူလဂန္ဓကုဋီဝိဟာရသို့ ရောက်ပ...
23/08/2024

မူလဂန္ဓကုဋီဝိဟာရ

တရားဦးဟောကြားရာဒေသကို လှည့်လည်ဖူးမြော်ပြီးပါက ပြန်ထွက်၍ ကားဖြင့်ဆက်သွားလျှင် မူလဂန္ဓကုဋီဝိဟာရသို့ ရောက်ပါမည်။ မဟာဗောဓိအသင်းတည်ထောင်သူ သူတော်စင် သီဟိုဠ်သား အနာဂါရိက ဓမ္မပါလက ၁၉၃၁ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တောင်မြောက်အလျားလိုက်တည်ရှိ၍ ပေ ၁၁၀ မြင့်ပါသည်။ ဤကျောင်းတော်အတွက် ရန်ပုံငွေအများစုကို အနာဂါရိက ဓမ္မပါလ၏ နာယကဖြစ်သူ အမေရိကန်လူမျိုး မစ္စစ်အေရီဖော်စတာက လှူဒါန်းခဲ့ပါသည်။ စေတီတော်ကြီး၏ ပတ်လည်နံရံများတွင် အင်္ဂတေပန်းချီများရှိပြီး ထိုပန်းချီကားများကို ဂျပန်လူမျိုးပန်းချီဆရာ ကိုဆေ့ဆုနိုဆုက ရေးဆွဲခြင်းဖြစ်ပါသည်။ ထိုမူလဂန္ဓကုဋိဝိဟာရအတွင်းရှေ့ထိပ်တွင် ဓမ္မစကြာဟောကြားတော်မူနေပုံ ရုပ်ပွားတော်ရှိပြီး မူလပုံတော်မှာမူ ပြတိုက်ထဲ၌ ရှိသည်ဟု ဆိုပါသည်။ မူလဂန္ဓကုဋိဝဟာရတွင် မြတ်ဗုဒ္ဓဓာတ်တော်များရှိပြီး ဓာတ်တော်ကြုတ်ကို မြန်မာနိုင်ငံမှ ဒေါ်ဂွမ်းက လှူဒါန်းခဲ့ပါသည်။ ဓာတ်တော်ဖွင့်ပွဲကို နှစ်စဉ် တန်တောင်မုန်းလပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပါသည်။

(မဇ္ဈိမဒေသ ဘုရားဖူးလမ်းညွှန် စာအုပ်မှ ထုတ်နုတ်ပူဇော်ပါသည်။)

Photo - (Google Crd)

ဓမ္မပီတိ ဗုဒ္ဓဂယာ နှင့် သီရိလင်္ကာ အထူးဘုရားဖူးအဖွဲ့

ရုံးခန်း လိပ်စာ
အမှတ် (၃၂) ၊ ပထမထပ် ၊ ကျွန်းတောလမ်း ၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ်
၀၉ ၇၉ ၅၅ ၃၆၉ ၁၄
၀၉ ၇၉ ၅၅ ၃၆၉ ၁၅
၀၉ ၈၈၈ ၉၁၈ ၄၀၀
၀၉ ၈၈၈ ၉၁၈ ၅၀၀
၀၉ ၈၈၈ ၉၁၈ ၆၀၀
၀၉ ၈၈၈ ၉၁၈ ၇၀၀

#ဓမ်မပီတိ

#ဗုဒ္ဓဂယာ

#ဘုရားဖူးအဖွဲ့

ကန္ဒီမြို့ကန္ဒီမြို့သည် သီဟိုဠ်ကျွန်း၏ အလယ်ဗဟိုတွင် တည်ရှိ၍ ကိုလံဘိုမှ ၁၁၇ ကီလိုမီတာကွာဝေးပါသည်။ တောင်ပေါ်မြို့တစ်မြို့ဖ...
22/08/2024

ကန္ဒီမြို့

ကန္ဒီမြို့သည် သီဟိုဠ်ကျွန်း၏ အလယ်ဗဟိုတွင် တည်ရှိ၍ ကိုလံဘိုမှ ၁၁၇ ကီလိုမီတာကွာဝေးပါသည်။ တောင်ပေါ်မြို့တစ်မြို့ဖြစ်၍ ရာသီဥတုမှာ အေးချမ်းသာယာပြီး အလွန်နေချင်စဖွယ် ကောင်းလှပါပေသည်။ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ စွယ်တော်တိုက်သည် ကန္ဒီမြို့၏ အလယ်ဗဟိုတွင် တည်ရှိပါသည်။ ကန္ဒီတွင် မြန်မာဘုန်းတော်ကြီးကျောင်းရှိသဖြင့် တည်းခိုမှုမှအစ စားရေး၊ သောက်ရေး၊ လှူရေးတန်းရေး အကုန် အဆင်ပြေလှပါသည်။

( သွားကြပါစို့ လင်္ကာဒီပကျွန်းဆီသို့
အေးအေးမာ (ဆေး -၁)
စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်)

Photo - (Own)

ဓမ္မပီတိ ဗုဒ္ဓဂယာ နှင့် သီရိလင်္ကာ အထူးဘုရားဖူးအဖွဲ့

ရုံးခန်း လိပ်စာ
အမှတ် (၃၂) ၊ ပထမထပ် ၊ ကျွန်းတောလမ်း ၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ်
၀၉ ၇၉ ၅၅ ၃၆၉ ၁၄
၀၉ ၇၉ ၅၅ ၃၆၉ ၁၅
၀၉ ၈၈၈ ၉၁၈ ၄၀၀
၀၉ ၈၈၈ ၉၁၈ ၅၀၀
၀၉ ၈၈၈ ၉၁၈ ၆၀၀
၀၉ ၈၈၈ ၉၁၈ ၇၀၀

#ဓမ်မပီတိ

#ဗုဒ္ဓဂယာ

#ဘုရားဖူးအဖွဲ့

အာလုဝိဟာရ သို့မဟုတ် အာလောကလှိုဏ်ဂူအာလုဝိဟာရ ခေါ် အာလောကလှိုဏ်ဂူသည် ကန္ဒီမြို့၏ မြောက်ဘက် ၃၂ ကီလိုမီတာအကွာ အနုရာဓပူရသို့ ...
22/08/2024

အာလုဝိဟာရ သို့မဟုတ် အာလောကလှိုဏ်ဂူ
အာလုဝိဟာရ ခေါ် အာလောကလှိုဏ်ဂူသည် ကန္ဒီမြို့၏ မြောက်ဘက် ၃၂ ကီလိုမီတာအကွာ အနုရာဓပူရသို့ သွားသောလမ်းတွင် တည်ရှိပါသည်။ အနုရာဓပူရမှ ၆၈ မိုင်ဝေးပါသည်။ ရှေးက မလယအရပ်ဟုခေါ်တွင်၍ ယခုအခါ မာတလေ့ဟု အမည်ရသော ထိုနေရာသည် စတုတ္ထသံဂါယနာတင်ခဲ့ရာ နေရာဖြစ်ပါသည်။

ဝဋ္ဋဂါမဏိမင်းကြီးလက်ထက် သီဟိုဠ်တစ်ကျွန်းလုံး သူပုန်ဘေးကြီးဆိုက်ရောက်စဉ် ၇၀၀ မျှသော ရဟန်းတော်တို့သည်လည်း ဆွမ်းအာဟာရများ မမျှတရုံသာမက ဘေးအန္တရာယ်များပါ ကျရောက်လာကြသဖြင့် ရဟန်းအများစုသည် အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြလေသည်။ ခြောက်ကျိပ်သောရဟန်းတို့သည် သေလိုကသေပါစေတော့ သီဟိုဠ်၌နေတော့မည်ဟု ဆုံးဖြတ်ကာ လုံခြုံရာအရပ်တို့သို့ လှည့်လည်သွားလာနေရလေသည်။ ထိုစဉ်က မလယအရပ်သည် တောတောင်ထူထပ်သော နေရာဒေသ ဖြစ်ပါသည်။ပိဋကတ်တော်တို့မှာလည်း နှုတ်ဖြင့်သာ ဆောင်ထားနိုင်သေး၏။ စာရွက်ပေရွက်ပေါ်တွင် အနည်းငယ်မျှသာ ရှိ၏။ ထိုစာရွက်ပေရွက်ပေါ်တို့တွင် စီးပွားရေးအကြောင်းအရာများသာ ရေးခြစ်ထားလေ့ရှိကြ၏။
သူပုန်ဘေးကြီးအတွင်း ရဟန်းတော်တို့သည် ဆွမ်းအာဟာတို့လုံးဝ မရကြသဖြင့် သစ်ရွက်၊ သစ်ခေါက်၊ သစ်ဥ များကိုသာ ဘုန်းပေးကြရသည်။ လူတို့တွင်လည်း လူရိုင်းများမှာ လူသားများပင် စားနေကြသဖြင့် အချို့ရဟန်းတော်တို့သည် ထိုလူရိုင်းများနှင့်တွေ့ကာ ပျံလွန်တော်မူကြရှာလေသည်။ ခန္ဓာကိုယ်ပင်ပမ်းနွမ်းလျသောအခါ သဲစိုပုံကြီးကိုဝိုင်းထိုင်ပြီး ခေါင်းချင်းဆိုင်၍ ပိဋကတ်တော်တို့ကို နှလုံးသွင်းကာ ထိမ်းသိမ်းနေရလေသည်။

မဇ္ဈိမဒေသရောက် ရဟန်းတော်များလည်း ပိဋကတ်တော်ကို ရွတ်အံသရဇ္ဈာယ်ကာ စောင့်ရှောက်ရင်း အာဟာရမမျှတ၍ ဝမ်းမီး ပူသောအခါ ဂင်္ဂါမြစ်ကမ်းနံဘေးတွင်လျောင်း၍ သဲစိုများကို ဝမ်းဗိုက်နှင့် ရင်ဘတ်ပေါ်တင်လျက် ပိဋကတ်တော်များကို တစ်လုံးတစ်ပါဒမျှ မေ့ကျန်လွဲချော်ြခင်း မရှိရလေအောင် စုပေါင်းရွတ်ဆိုကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါသည်။
ယင်းသည် သာသနာ့သမိုင်းတွင် မည်သို့မျှမေ့မရနိုင်ဖွယ် သံဃာတော်တို့၏ ကြီးမားလွန်းလှသော ကျေးဇူးကြီးပင် ဖြစ်ပါတော့သည်။
၁၄ နှစ် ၇ လကြာသောအခါ သူပုန်းဘေးကြီးငြိမ်၍ ဝဋ္ဋဂါမဏိမင်းကြီး ဒုတိယအကြိမ် နန်းတက်လေသည်။ ထိုအခါ တိုင်းပြည်လည်း တစ်စတစ်စ ငြိမ်းအေးလာပြီဖြစ်သောကြောင့် ရဟန်းတော်တို့သည် မိမိတို့မူလနေရပ်သို့ တဖွဲဖွဲ ပြန်လည်ရောက်ရှိလာကြရာ မဏ္ဍလာရာမကျောင်းတိုက်ကြီး၌ အားလုံးနီးပါး ပြန်လည်ဆုံဆည်းမိကြလေသည်။ ထိုအခါ ပိဋကတ် ၃ ပုံကို နှုတ်တိုက်ညှိနှိုင်းတိုက်ဆိုင်ကြည့်ကြရာ တစ်လုံးတစ်ပါဒမျှ မှားယွင်းချွတ်ချော်ြခင်း မရှိသည်ကို တွေ့ရလေသည်။

မြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်များကို သက်စွန့်ဆံဖျားထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပုံမှာ အံ့ဖွယ်သူရဲပင်ဖြစ်ပါသည်။ အာဂရဟန်းတော်တို့ပါပေတည်း။

ထိုသို့ အာဂုံဆောင်ကာ ထိန်းသိမ်းစောင့်ရှောက်ထားကြသော်လည်း မြတ်စွာဘုရားသာသနာ နောင်အရှည်တည်တံ့စေခြင်းငှာ စတုတ္ထသံဂါယနာတင်ပြီးလျှင် ပိဋကတ်တော်တို့ကိုလည်း ပေထက်အက္ခရာတင်ထားရန် တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်လိုက်ကြလေသည်။

ထို့နောက် မာတလေ့မြို့အနီး ဖိုခနောက်ဆိုင်သဖွယ်ဖြစ်သော ကျောက်တောင်များတည်ရှိရာ တောင်နှစ်လုံးတို့နံပါး အာလောကလှိုဏ်ဂူ၌ သာသနာတော်နှစ် ၄၅၅ ခုနှစ်တွင် စတုတ္ထသံဂါယနာတင်ကာ ပိဋကတ်တော်များကို ပေထက်အက္ခရာတင်ရာ တစ်နှစ်တိတိ ကြာမြင့်ခဲ့ပါသည်။

စတုတ္ထသံဂါယနာသည် ဝဋ္ဋဂါမဏိမင်းကြီးလက်ထက်တွင် တင်လှူခြင်းဖြစ်ရကား စတုတ္ထသံဂါယနာအကြောင်းပြောလျှင် ဝဋ္ဋဂါမဏိမင်းကြီး၏ အမည်ပါလာရလေသည်။

ထို့ကြောင့် စတုတ္ထသံဂါယနာမှီ၍ ဝဋ္ဋဂါမဏိမင်းကြီး၏ အမည်သည် ထင်ရှားခဲ့ရသော်လည်း ဝဋ္ဋဂါမဏိမင်းကြီးသည် စင်စစ်မှာမူ သံဂါယနာဒါယကာမဟုတ်ရုံမျှမက မဟာဝိဟာရဂိုဏ်းကိုလည်း အားပေးချီးမြှောကိခြင်းမရှိ။အဘယဂိရိဂိုဏ်းကိုသာလျှင် အားပေးချီးမြောက်သောကြောင့် သံဂါယနာတင်ရဟန်းတို့သည် နယ်မြေအကြီးအကဲတို့၏ အကူအညီကိုသာရယူ၍ ကိုယ်ဒူးကိုယ်ချွန် ကြိုးစားခဲ့ရခြင်းသာ ဖြစ်ပါသည်။

အာလောကဆိုသည်မှာ အလင်းရောင်ဟု အဓိပ္ပာယ်ရပါသည်။ အာလောကလှိုဏ်ဂူဟုဆိုရခြင်းမှာ တရာအလင်းရောက်ပေးသည့် လှိုဏ်ဂူဖြစ်သောကြောင့်ပင်တည်း။

အာလောကဆိုသည်မှာ အလင်းရောင်ဟု အဓိပ္ပာယ်ရပါသည်။ အာလောကလှိုဏ်ဂူဟုဆိုရခြင်းမှာ တရားအလင်းရောင်ပေးသည့် လှိုဏ်ဂူဖြစ်သောကြောင့်ပင်တည်း။

ထိုအာလောကလှိုဏ်ဂူတွင် အရှင်မဟာဓမ္မရက္ခိတမထေရ်ကို အမှူးထား၍ ရဟန္တာပေါင်း ၅၀၀၀ ဖြင့် စတုတ္ထသံဂါယနာတင်ခဲ့ခြင်းဖြစ်ပါသည်။

အာလောကလှိုဏ်ဂူရှိရာ တောင်နံပါးတွင် မျက်နှာချင်းဆိုင် တောင်ကမ်းပါးနှစ်ခုတို့သည် ယခင်ကတစ်ဆက်တည်း ဖြစ်၍ တောင်တစ်လုံးတည်းသာဖြစ်ပါသည်။ စတုတ္ထသံဂါယနာတင်ခါနီးမှ ညီညာစွာ ကွဲထွက်သွားခြင်းဖြစ်သည်ဟု
ပြောကြပါသည်။

ဖိုခုံလောက်ဆိုင် ကျောက်တောင် ၃ ခုအတွင်း မြောက်ဘက်ရှိလှိုဏ်ဂူသည် အာလောကလှိုဏ်ဂူဖြစ်ပါသည်။ ကျန်လှိုဏ်ဂူများလည်းတွေ့ရပါသည်။ ဒီဃနိကာယ်၊ ခုဒ္ဒကနိကာယ်စသည်ဖြင့် ဂူလေးများထဲတွင် သူ့အဖွဲ့နှင့်သူ သံဂါယနာတင်ခြင်းဖြစ်ပါသည်။
အာလောကလှိုဏ်ဂူ၏ညာဘက်တွင် ကျမ်းပြုအကျော် အရှင်မဟာဗုဒ္ဓဃောသ၏ ကြေးရုပ်ထုတော် ရှိပါသည်။ ဗုဓ် ၃ ဗုဓ်တွင် ပထမဗုဓ်သည် ဗုဒ္ဓမြတ်စွာဘုရား၊ ဒုတိယဗုဓ်သည် အရှင်မဟာဗုဒ္ဓဃောသဖြစ်ပြီး မဟာနာမမင်းလက်ထက် အေဒီ ၄ ရာစုတွင် သီဟိုဠ်သို့ရောက်ရှိခဲ့ပါသည်။ အရှင်မဟာဗုဒ္ဓဃောသသည် ဝိသုဒ္ဓိမဂ်ကျမ်းကြီး၏ ကျမ်းပြုအကျော်လည်းဖြစ်ပါသည်။ ဝိသုဒ္ဓိကျမ်းကြီးသည် ပိဋကတ်သုံးပုံ၏ အဆီအနှစ်ဖြစ်၍ ပိဋကတ်သုံးပုံကို မလေ့လာနိုင်သူများ ဤကျမ်းတစ်ကျမ်းဖြင့် ခြုံငုံသိရှိနိုင်လေသည်။ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ ၁၉၅၀ ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ပါသည်။ ဤအာလောကလှိုဏ်ဂူသည် အရှင်မဟာဗုဒ္ဓဃောသ၏ ကျမ်းပေါင်းများစွာတို့ ထွက်ပေါ်ခဲ့ရာ ထူးမြတ်သော နေရာလည်းဖြစ်ပါသည်။

ပေထက်အက္ခရာတင်ခြင်းသည် ယခုအခါတွင်လည်း ဇာတာဖွဲ့ခြင်း စသည်တို့တွင် အသုံးပြုပါသေးသည်။ ရှေးကနှင့် လုပ်ပုံလုပ်နည်းမကွာလှပါ။

‌ရှေးဦးစွာနုသောပေရွက်များကိုပြုတ်၍ ဖြန့်ပြီးလျှင် ပြားသွားအောင်ဖိထားရပါသည်။ ထို့နောက် လိုအပ်သော အရွယ်အစား အတိုင်းဖြတ်ပြီး ချောမွတ်နေသောကျောက်တုံးဖြင့် ပေရွက်များပြောင်လက်လာသည်အထိ တိုက်ရပါသည်။ ထို့နောက် သံကညစ်ဖြင့် စာလုံးများရေးရပါသည်။ စာလုံးထင်အောင် ဖိ၍ရေးရသော်လည်း ဖိအားများပြန်လျှင်လည်း တစ်ဖက်သို့ပေါက်ထွက်သွားပါသည်။ ရေးခါစတွင် မင်မပါသောကြောင့် စာလုံးများမထင်ရကား မိမိရေးသောစာလုံးများကို အထူးဂရုစိုက်ကြည့်ရပါသည်။ အလွန်တရာစိတ်ရှည်ရပြီး လက်ဝင်လှပါသည်။ စာများရေးပြီးသောအခါမှ အစေးတစ်မျိုးဖြင့် ပွတ်တိုက်လိုက်သောအခါ စာလုံးများ ထင်ရှားလာပါတော့သည်။ ထို့နောက် လေမထိအောင် ဆီသုတ်လိမ်းပေးခြင်းဖြင့် ပိုးမွှားများအန္တရာယ်ကို ကာကွယ်ရပါသည်။

အကြောင်းအရာ တစ်ဖြတ်ရေးပြီးလျှင် ပေရွက်၏တစ်ဖက်တစ်ချက်စီတွင် အပေါက်ဖောက်၍ ကြိုးဖြင့်သီထားကာ အစပေရွက်နှင့်အဆုံးပေရွက် တစ်ဘက်စီတွင် ပျဉ်းပြားဖြင့် အဖုံးသဖွယ် ကာရံထားသောအခါ ပေစာတစ်ထုပ်ဖြစ်သွားပါတော့သည်။ ထိုသို့ သေချာကျနစွာ ပြုလုပ်ထားသော ပေစာထုပ်သည် နှစ်ပေါင်းရာပေါင်းများစွာ တာရှည်ခံပါသည်။

သီရိလင်္ကာ၏ ရှေးအကျဆုံး ပေစာထုပ်မှာ ၁၃ ရာစုမှ ပေစာထုပ်ဖြစ်၍ ကိုလံဘို အမျိုးသားပြတိုက်တွင် ယနေ့တိုင် ပြသထားပါသည်။ ထိုပေစာလုပ်ပုံအဆင့်ဆင့်ကိုလည်း အာလောကလှိုဏ်ဂူအနီးရှိ ကျောင်းတိုက်တွင် ပြသထားပါသည်။

( သွားကြပါစို့ လင်္ကာဒီပကျွန်းဆီသို့
အေးအေးမာ (ဆေး -၁)
စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်)

Photo - (Own)

ဓမ္မပီတိ ဗုဒ္ဓဂယာ နှင့် သီရိလင်္ကာ အထူးဘုရားဖူးအဖွဲ့

ရုံးခန်း လိပ်စာ
အမှတ် (၃၂) ၊ ပထမထပ် ၊ ကျွန်းတောလမ်း ၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ်
၀၉ ၇၉ ၅၅ ၃၆၉ ၁၄
၀၉ ၇၉ ၅၅ ၃၆၉ ၁၅
၀၉ ၈၈၈ ၉၁၈ ၄၀၀
၀၉ ၈၈၈ ၉၁၈ ၅၀၀
၀၉ ၈၈၈ ၉၁၈ ၆၀၀
၀၉ ၈၈၈ ၉၁၈ ၇၀၀

#ဓမ်မပီတိ

#ဗုဒ္ဓဂယာ

#ဘုရားဖူးအဖွဲ့

ကုမာရဒေဝီကျောင်းတော်ရာဓမ္မရာဇိက စေတီအုတ်ခုံရာကျော်လွန်ပြီး နန္ဒိယသူကြွယ်ကျောင်းကို တဖန်ဖြတ်ကျော်သွားလျှင် ဓမ္မစကြဇိနဝိဟာ...
21/08/2024

ကုမာရဒေဝီကျောင်းတော်ရာ

ဓမ္မရာဇိက စေတီအုတ်ခုံရာကျော်လွန်ပြီး နန္ဒိယသူကြွယ်ကျောင်းကို တဖန်ဖြတ်ကျော်သွားလျှင် ဓမ္မစကြဇိနဝိဟာရ ခေါ် ကုမာရဒေဝီလှူထားသော ကျောင်းတော်ရာကို တွေ့မြင်နိုင်ပါသည်။ ကုမာရဒေဝီမှာ ဟိန္ဒူဘာသာဝင် ကနောဇဘုရင်ကြီး ‌ဂေါဝိန္ဒစန္ဒြ၏ မိဖုရားဖြစ်ပြီး ကျောင်းတော်ကို အေဒီ ၁၁၃၆ - ခုနှစ်က တည်ဆောက်ခဲ့ပြီး အေဒီ -၁၁၉၄ ခုနှစ်တွင် ဖျက်ဆီးခံခဲ့ရသည်ဆိုပါသည်။ ကုမာရဒေဝီ၏ ကျောင်းနားတွင် ဘိက္ခုနီများ မိဂသမ္ပဒါမြစ်သို့ ရေချိုးရန်သွားရာတွင် အရှက်အကြောက်လုံခြုံစေရန် မြေအောက်ဖြတ်လမ်းဖြစ်သည့် ကျောက်ပြားများဖုံးအုပ်ထားသော ကုမာရဒေဝီရေချိုးဆပ်ကို တွေ့မြင်နိုင်ပါသည်။ ရှေ့တွင် သားသမင်များ ဘေးမဲ့ပေးထားသော ဥယျာဉ်တော်ကြီးကဲ့သို့ ယခုလည်း သားသမင်များဘေးမဲ့ပေးရာ ပန်းခြံတွင်းမှ သမင်များကို အစာကျွေးနိုင်ပါသေးသည်။

(မဇ္ဈိမဒေသ ဘုရားဖူးလမ်းညွှန် စာအုပ်မှ ထုတ်နုတ်ပူဇော်ပါသည်။)

Photo - (Crd)

ဓမ္မပီတိ ဗုဒ္ဓဂယာ နှင့် သီရိလင်္ကာ အထူးဘုရားဖူးအဖွဲ့

ရုံးခန်း လိပ်စာ
အမှတ် (၃၂) ၊ ပထမထပ် ၊ ကျွန်းတောလမ်း ၊
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ်
၀၉ ၇၉ ၅၅ ၃၆၉ ၁၄
၀၉ ၇၉ ၅၅ ၃၆၉ ၁၅
၀၉ ၈၈၈ ၉၁၈ ၄၀၀
၀၉ ၈၈၈ ၉၁၈ ၅၀၀
၀၉ ၈၈၈ ၉၁၈ ၆၀၀
၀၉ ၈၈၈ ၉၁၈ ၇၀၀

#ဓမ်မပီတိ

#ဗုဒ္ဓဂယာ

#ဘုရားဖူးအဖွဲ့

Address

No. 32, First Floor, Kyun Taw Street, Sanchaung
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959795536914

Website

Alerts

Be the first to know and let us send you an email when Dhamma Piti - ဓမၼပီတိ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category