16/03/2021
(English and Japanese versions are below )
◆ COVID-19 ရောဂါကင်းစင်ကြောင်းထောက်ခံစာမရှိသူများ ဂျပန်နိုင်ငံသို့ ဝင်ရောက်ရာတွင် လိုအပ်မည့် ဂျပန်သံရုံး ကောင်စစ်ဌာနမှ ထောက်ခံစာ (Consular Letter) နှင့် ပတ်သက်၍
◆ Regarding the Consular letter required when entering Japan without COVID-19 negative certificate
◆陰性証明書を持たない場合の日本入国に必要な領事レターについて
********************
●COVID-19 ရောဂါကင်းစင်ကြောင်းထောက်ခံစာမရှိသူများ ဂျပန်နိုင်ငံသို့ ဝင်ရောက်ရာတွင် လိုအပ်မည့် ဂျပန်သံရုံး ကောင်စစ်ဌာနမှ ထောက်ခံစာ (Consular Letter) နှင့် ပတ်သက်၍
မြန်မာနိုင်ငံသားများသို့
၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်
မတ်လ ၉ ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရက COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကိုထပ်မံတိုးမြှင့်ချမှတ်ကြောင်းကြေညာချက်ထုတ်ပြန်လိုက်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့နှင့် ထိုရက်နောက်ပိုင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်ရာတွင် COVID-19 ရောဂါကင်းစင်ကြောင်းထောက်ခံစာ မတင်ပြနိုင်ပါက ဂျပန်နိုင်ငံ၏ Quarantine ဥပဒေအရ ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါ။
(https://www.mhlw.go.jp/content/000753086.pdf)
သို့သော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကင်းစင်ကြောင်းထောက်ခံစာ ရရှိရန် အခက်အခဲရှိသူများသည် ဂျပန်သံရုံးက ထုတ်ပေးမည့် ကောင်စစ်ဌာနမှ ထောက်ခံစာ「Consular Letter」ကို ယူဆောင်သွားခြင်းဖြင့် လေယာဥ်စီးနင်းလိုက်ပါခွင့်ငြင်းပယ်ခံရမည်မဟုတ်ဘဲ ဂျပန်နိုင်ငံသို့ ပြည်ဝင်ခြင်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
【https://www.mm.emb-japan.go.jp/profile/Japanese/news/2021/new-71.html】
(မှတ်ချက်) ANA လေကြောင်းလိုင်းမှ ဂျပန်နိုင်ငံသို့ တိုက်ရိုက်လေယာဥ်ဖြင့် စီးနင်းလိုက်ပါမည့်သူများအတွက် ဂျပန်သံရုံးက လေကြောင်းလိုင်းသို့ ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ပါသဖြင့် Consular Letter ရယူရန်မလိုအပ်ပါ။ တစ်ဆင့်ပြောင်းစီးလေယာဥ် (Transit Flight) ဖြင့် လိုက်ပါစီးနင်းမည့်သူများသာ Consular Letter ရယူရန်လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ ဂျပန်သံရုံးကထုတ်ပေးမည့် ကောင်စစ်ဌာနမှ ထောက်ခံစာ「Consular Letter」နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
「Consular Letter」လျှောက်ထားရန်အတွက် ဂျပန်နိုင်ငံသို့ စီးနင်းလိုက်ပါမည့် လေကြောင်းလိုင်း အတိအကျမသတ်မှတ်ရသေးသော်လည်း စီစဥ်ထားသော လေကြောင်းလိုင်းရှိပါက「Consular Letter」ကို ထုတ်ပေးမည်ဖြစ်ပါသည်။
*လျှောက်ထားရန်နည်းလမ်း :
ဂျပန်သံရုံး ကောင်စစ်ဌာနသို့ အီးမေးလ် ([email protected]) မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
အီးမေးလ်၏ အကြောင်းအရာ (Subject) နေရာတွင် 「Consular Letter လျှောက်ထားခြင်းနှင့် ပတ်သက်၍」ဟု ဖြည့်စွက်ပါ။
*လက်ခံချိန် :
လေယာဥ် မစီးမီ ၂ ရက်မတိုင်ခင်အထိ
(တနင်္လာနေ့မှ သောကြာနေ့အထိ)
*ပူးတွဲပေးပို့ရမည့် စာရွက်စာတမ်း :
နိုင်ငံကူးလက်မှတ် (ဓာတ်ပုံပါသော စာမျက်နှာ မိတ္တူ)
လေယာဥ်နံပါတ် (တစ်ဆင့်ပြောင်းစီးမည့် လေယာဥ်နံပါတ်အပါအဝင်)
လေကြောင်းလိုင်း အတိအကျ မသတ်မှတ်ရသေးပါက ဂျပန်နိုင်ငံသို့ သွားရောက်မည့်ကာလကို ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံပါသည်။
*ထုတ်ပေးမည့်ရက် :
လျှောက်လွှာလက်ခံရက်၏ နောက်တစ်ရက်
*နှုန်းထား :
ကောက်ခံခြင်းမရှိပါ
**********
●Regarding the Consular letter required when entering Japan without COVID-19 negative certificate
16 March 2021
On March 9, 2021 the government of Japan announced that it has decided to further strengthen its border measures and if those who enter Japan on or after March 19, 2021 are unable to submit the inspection certificate, you will not be allowed to enter Japan based on the Quarantine Law.
�https://www.mhlw.go.jp/content/000753086.pdf 】
However, due to the current situation, those who have difficulty to obtain a COVID-19 negative certificate will not be subject to boarding refusal and will be able to enter Japan by possessing the "Consular Letter" issued by the Embassy.
【https://www.mm.emb-japan.go.jp/profile/japanese/news/2021/new-71.html】
(Note)If you are boarding an ANA direct flight, you do not need to obtain a consular letter as the procedures will be carried out by the Embassy. Only those who board a transit flight need to obtain a consular letter.
Therefore, we would like to inform you that the "Consular Letter" issued by the Embassy will be handled as follows.
The application of the "Consular Letter" will be accepted even if the flight is not confirmed.
*How to apply: Please apply by email ([email protected]) to the Consular Section of the Embassy.
Please write “Application for a consular letter” in the subject line of the email.
*Reception Period: Until two days before boarding (Monday to Friday)
*Attachment:
Passport (A copy of the face photo page)
Flight number (All including transit flights)
※If your flight has not been confirmed yet, please indicate approximate date when you will enter Japan.
*Delivery Date:
Business day following the date of receipt
*Fee:
Free of charge
**********
●陰性証明書を持たない場合の日本入国に必要な領事レターについて
在留邦人の皆様へ
当地滞在中の皆様へ
2021年3月16日
【3月10日、当館領事メールでお伝えしたとおり、】当地でPCR検査の受検が困難ではない状況になるまでの間、陰性証明書をお持ちでない方が、ミャンマーから経由便に搭乗して(注)日本へ帰国・入国する場合において、特例措置として、当館が発行する「領事レター」を所持することで、搭乗拒否の対象外となり、帰国、入国が可能となります。
【https://www.mm.emb-japan.go.jp/profile/japanese/news/2021/new-71.html】
(注)ANAの直行便に搭乗される方は、当館でまとめて手続をとりますので、領事レターの取得は必要ありません。経由便に搭乗される方のみ、領事レターの取得が必要です。
つきましては、当館が発行する「領事レター」につきまして、以下のとおり取り扱うこととしましたので、お知らせします。
なお、申請は帰国便が確定していなくても、帰国を予定されている方にも発行可能です。
記
*申請方法:当館領事班あてにメール([email protected])にてご申請ください
メールの件名には「領事レターの申請について」とご記載ください
*受付期間:搭乗2日前まで(月曜日から金曜日)
*添付資料:
パスポート(顔写真のページの写し)
フライトナンバー(経由便を含めた全て)
※未定の方は、帰国時期を記載願います。
*交付日:受信日の翌業務日
*手数料:無料
3月5日、「新たな水際対策措置(9)」( https://www.anzen.mofa.go.jp/info/pcwideareaspecificinfo_2021C040.html )が決定されました。