07/03/2021
ကျည်လွတ်အောင်ပြေးနည်း
US Navy Seals က အငြိမ်းစား တစ်ယောက်အကြံပေးထားတဲ့ သေနတ်ပစ်ခတ်နေတဲ့ကြားမှာ လွတ်အောင်ပြေးနည်းကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
၁။ သေနတ်သံကြားတာနဲ့ တန်းမပြေးဘဲ ဝပ် သို့ ထိုင်ချလိုက်ပါ။
၂။ ပြီးတာနဲ့ သေနတ်သံဘယ်ကလာလဲ ရှာဖွေပါ။ ရုတ်တရက်ဆို သေနတ်သံက ကိုယ်ထင်တဲ့ အရပ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် စက္ကန့်ပိုင်းလောက် ဘယ်က ပစ်လဲ ဆင်ခြင်ကြည့်ပါ။
၃။ သေနတ်သံနဲ့ ဆန့်ကျင်ဘက်ကို ပြေးပါ။ ပြေးလမ်းများကို ကြိုတင်ကြည့်ထားပါ။အကာအကွယ်ရနိုင်တဲ့နေရာများကို မှတ်သားထားပါ။
၄။ ပြေးရာတွင် zig-zag ပုံစံပြေးပါ။ ခေါင်းငုံ့
ကိုယ်ကို နှိမ့်ပြီး ခါးကိုင်း ပြေးပါ။ ရင်ဘတ်ကို အတည့်မထားဘဲ ပုခုံးစောင်းပြီး ပြေးပါ။ ဒါမှ ချိန်ပစ်တဲ့သူအတွက် target က ကျဉ်းမှာပါ။ Photo က ကိုယ်နေဟန်ထားကို ကြည့်ပါ။
၅။ ပြေးရာမှာ လူခွဲ ပြေးပါ။ လူစုလူဝေးလိုက် မပြေးရ။
၆။ အပြေးပြိုင်ပွဲလို တောက်လျောက်မပြေးရ။ အနားမှာရှိတဲ့ အကာအကွယ်ယူလို့ရတဲ့ အရာတွေကို အကာအကွယ်ယူရင်း ပြေးပါ။ ဒီနေရာမှာ အကာအကွယ်ဆိုတာ ကျည်ကာဖို့ထက် ပစ်ခတ်သူ့ရဲ့ မြင်ကွင်းကနေ ပုန်းတဲ့ သဘောပါ။
ရ။ ကျည်ကာနိုင်မဲ့ ထုထည်နဲ့ အကာအကွယ်ရှိရင် ဝင်ပုန်းပါ။ ပုန်းလို့ရမဲ့ နေရာတွေကို ကြိုတင်လေ့လာထားပါ။
၈။ အလုံပိတ်နေရာတွေ ဝင်မပုန်းရ။ ထွက်ပေါက်တစ်ခု ရှိပါစေ။
ဒိုင်းတွေက ကျည်မကာနိုင်လို့ သေနတ်ပစ်ဖြိုခွင်းလျင် ဒိုင်းလွတ်ချပြီး ပြေးပါ။ မပြေးနိုင်တော့ဘူး ယူဆလျင် ဝမ်းလျားမှောက်ချပြီး နေပါ။
အခုနည်းလမ်းကို ကိုယ်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေအောင် တွေးဆ အသုံးပြုကြည့်ကြပါ။
ကော်ပီယူပြီးတင်ပေးပါ။
#သေနတ်ဘေးအန္တရာယ်မှကင်းဝေးပြီးအရေးတော်ပုံအောင်ရမည်။