Green Explorer Travels (GET)

Green Explorer Travels (GET) Inbound travel Agency: Hotels, Flights, Car, Cruises, Tours, Attractions and Activities.
#53/55, 52nd Street., Botahtaung

With our efficient team of motivated and experienced travel specialists, we cater for all your Myanmar vacation and touring requirements. We provide all kinds of tours and travel services to our customers and offer a wide range of travel package designed from cultural and leisure opportunities to special interest tours and business trips.

06/08/2025

ခရီးသွားမိတ်ဆွေတို့ရေ

ဒီတစ်ခေါက်မှာတော့ ၃-ညအိပ် ခရီးစဉ်တစ်ခုတည်းနဲ့ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက အထင်ရှားဆုံးနေရာတွေကို အချိန်တိုအတွင်းမှာ တဝကြီး ခံစားရအောင်။
သွားရောက် လည်ပတ်မယ့်နေရာတွေကတော့ ဒါနန်း မြို့ – ဘာနာတောင် – ဟွိုင်အန်းမြို့ဟောင်း – ခမ်ထန်းရွာ (Cam Thanh village) – ဟန်မြစ် - ဒါနန်း နဲ့ မီခဲ ကမ်းခြေတွေ အဓိကပါဝင်ပါတယ်။

ဒီခရီးစဉ် မှာ အမှတ်တရ အနေနဲ့
 အေးမြပြီး အနားယူဖို့ ကောင်းတဲ့ ဒါနန်းနဲ့ မီခဲ ပင်လယ်ကမ်းခြေများ
 ကမ္ဘာကျော် Golden Hand Bridge ရှိတဲ့နေရာကို cable car စီးသွားရမယ့် ဘာနာတောင်
 အုန်းတောထဲက ခမ်ထန်းရွာမှာ အပျော်စီးစရာ ခြင်းတောင်းလှေလေးတွေ
 ထူးခြားတဲ့ ထုံးကျောက်တောင် ဂူကြီးတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေရှိရာ နာမည်ကျော် Marble Mountains
 လင်းတောက်နေတဲ့ မီးအိမ်လေးတွေနဲ့ နှစ်လိုဖွယ်ရာ Hoi An မြို့ဟောင်းလေးရဲ့ အလှ
 မိသားစု အားလုံး အကြိုက် Fantasy Park ထဲက စိတ်လှုပ်ရှားဖွယ် အပန်းဖြေကစားကွင်း
 နာမည်ကျော် Dragon Bridge ရဲ့ နဂါးမီးမှုတ်အလှပြပွဲကို အနီးကပ် ကြည့်ရှုခံစားနိုင်မယ့် ဟန်မြစ်ပေါ်က သင်္ဘောခရီးစဉ်
 တန်ခိုးကြီး Linh Ung ကွမ်ရင် မယ်တော်နဲ့ ဗုဒ္ဓဆင်းတုတော်များရှိရာ Son Tra ပင်လယ်ကမ်းစပ်
 အိမ်အပြန် အမှတ်တရလက်ဆောင်တွေ ဝယ်ယူဖို့ တစ်ထောက်နားမယ့် Han Market တို့ဖြစ်ပါတယ်

ခရီးစဉ်မှာ ပါဝင်မယ့် ဝန်ဆောင်မှုတွေကတော့
✔ လေကြောင်းလက်မှတ်
✔ ဟိုတယ်နေစရိတ်
✔ နေ့စဉ် နေ့လည်စာ၊ ညစာ
✔ မြန်မာဘာသာပြော ဧည့်လမ်းညွှန်
✔ စိတ်ချရတဲ့ သီးသန့် private tour
✔ ဝင်ကြေးများ၊ attraction လက်မှတ်များ အားလုံး
မြန်မာဘာသာပြော ဧည့်လမ်းညွှန်နှင့်အတူ သွားရောက်လည်ပတ်နိုင်မယ့် အထူးအစီအစဉ် ဖြစ်တဲ့ အပြင် ခရီးစဉ်တစ်လျှောက်မှာ အရသာလည်းရှိ၊ အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဗီယက်နမ် အစားအစာများကိုပါ ထည့်သွင်းစီစဉ်ထားတာ ဖြစ်လို့ အားလုံး အကြိုက်တွေ့ ကြမှာ သေချာပါတယ်။
ဒီခရီးစဉ်လေးက လစဉ်လတိုင်းစီစဉ်နေတဲ့ package ဖြစ်တာကြောင့် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဗီယက်နမ်ရဲ့ အလှအပတွေကို အပြည့်အဝခံစားဖို့အတွက် အခွင့်အလမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ အားလုံး အတူ လိုက်ပါဖို့ ဖိတ်ခေါ်ပါရစေနော်။
အသေးစိတ်သိလိုပါက messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

06/11/2017

The impressive gokteik viaduct, revisited 2017!

Novice Initiation, a donation in the countryside of Bagan, February 2017
25/03/2017

Novice Initiation, a donation in the countryside of Bagan, February 2017

21/10/2014



:) Dear valued partners,

We serve as your reliable local operator in Myanmar, providing the best travel solutions to your customers’ tips. We offer a full range of travel packages designed from cultural and leisure opportunities to special interest tours and business travels. Our efficient team of experienced local travel specialists is assisting you craft ideal journeys at the best competitive price.

Working with our locally run company, you are geting the benefits of direct information and services from destination and help boost the local economy at the same time.

မိုးညှင်း သမ္ဗုဒ္ဓေဘုရား (မုံရွာမြို့ )
15/10/2014

မိုးညှင်း သမ္ဗုဒ္ဓေဘုရား (မုံရွာမြို့ )

14/10/2014

မြန်မာတွေ လာမယ့်ခရီးသွား ရာသီမှာ ဘယ်နိုင်ငံတွေ သွားမလဲ
=================================

မြန်မာ နိုင်ငံသားတွေဟာ ပြည်တွင်းခရီးစဉ် တွေကိုသာ အဓိကထား အသွားများခဲ့ ကြပါတယ်။ ယခုအခါမှာတော့ အလုပ်လုပ်ကိုင်ဖို့ အတွက်သာ ပြည်ပနိုင်ငံတွေကို သွားလာ ခဲ့ကြရာကနေ အလည်အပတ်သွားလာတာတွေ၊ ပညာသင်သွားရောက်တာတွေ၊ ဆေးကုသမှု အတွက်တွေပါ သွားလာကြတာ ရှိလာပါတယ်။ ပြည်ပကို ခရီးထွက်ဖို့ စိတ်ဝင်စားမှုနည်းခဲ့တဲ့ မြန်မာနိုင်ငံသားတွေ ဟာ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းကစပြီး ပြည်ပ ခရီးစဉ်တွေ သွားလာမှုကို စိတ်ဝင်စားမှု မြင့်တက် လာခဲ့ပါတယ်။
နောက်ပိုင်း ကာလတွေမှာ အိမ်နီးချင်း နိုင်ငံတွေကို ဈေးဝယ်ထွက်ဖို့ သွားလာမှုတွေ ရှိလာပါတယ်။

အထူးသဖြင့်တော့ ပွဲတော်ရက်၊ ကျောင်းပိတ်ရက်နဲ့ ခရီးသွားရာသီတွေမှာ အဓိက သွားလာ ကြပါတယ်။ ပြည်ပခရီးသွား အများစု အတွက်သာ စီစဉ်ပေးရတဲ့ ခရီးသွား လုပ်ငန်းတွေဟာ ပြည်တွင်း ခရီးသွားများ ပါရှိလာတဲ့ အတွက် ဝန်ဆောင်မှု ကောင်းတွေပေးပြီး ယှဉ်ပြိုင် လာကြပါတယ်။ အလားတူပါပဲ လေကြောင်းလိုင်းတွေကလည်း နွေရာသီ ကျောင်းပိတ်ရက်တွေနဲ့ ပွဲတော်ရက် ကာလတွေမှာ ပြည်တွင်းခရီးသွားတွေ အတွက် Pageloge တွေ စီစဉ် ပေးလာခဲ့ကြပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရားဖူးသွား ရောက်သူ များပြားလာတဲ့ အတွက်လည်း အခုနောက်ပိုင်းမှာ မြန်မာဘုရားဖူးများအတွက် ဆိုက်ရောက် ဗီဇာများ ထုတ်ပေးနေတာကလည်း ဘုရားဖူး လုပ်ငန်းများကို ပိုမို ဖွံ့ဖြိုး တိုးတက် လာစေ ပါတယ်။
ဒါ့အပြင်အရှေ့တောင် အာရှခရီးစဉ်တွေ ဖြစ်တဲ့ ဗန်ကောက်၊ အန်ကောဝပ်၊ ကွာလာလမ်ပူနဲ့ စင်ကာပူ ခရီးစဉ်များကိုလည်း မြန်မာနိုင်ငံသားတွေ အသွား များကြပါတယ်။ အလားတူ ဟောင်ကောင်၊ မကာအို၊ စိမ်းကြိမ့်ကို ငါးညအိပ် ခြောက်ရက် ခရီး သွားမယ် ဆိုရင်လည်း အမေရိကန်ဒေါ်လာ ၁၃ဝဝ ခန့်သာ ကျသင့်တာကြောင့် သွားရောက်သူ များပြား ပါတယ်။ ဒီခရီးစဉ်တွေမှာ ဟိုတယ်၊ လေယာဉ်လက်မှတ်နဲ့ စားစရိတ်တွေပါ အပြီးအစီး ဖြစ်တာကြောင့် မြန်မာတို့ သဘောကျကြပါတယ်။

ပြည်ပ ခရီးသွား လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရတော့ ၂ဝ၁၃ ခုနှစ်ကနေစပြီး အမေရိကန် နိုင်ငံ အပါအဝင် ဥရောပနိုင်ငံတွေကိုလည်း မြန်မာနိုင်ငံသားများ လည်ပတ်မှုရှိလာတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံခရီးစဉ်တွေမှာ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်၊ ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ လပ်စ်ဗီးဂတ်စ်၊ ဂရန်းလန်ကျွန်း စတဲ့ခရီးစဉ်တွေ မြန်မာ နိုင်ငံသားတွေအတော် စိတ်ဝင်စားကြပါတယ်။ ဒီခရီးစဉ် တွေအတွက်ကို စီစဉ်ပေးထားရာမှာ ၁၄ ညအိပ် ၁၅ ရက်ခရီးစဉ် ဖြစ်ပြီး ခရီးစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၇၃ဝဝ ခန့်ကုန် ကျတယ်လို့ သိရပါတယ်။ ခရီးစဉ်အတွက် စရိတ်ငြိမ်းလို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ပြည်ပခရီးသွားရောက်မှုတွေ နှစ်စဉ်တိုးတက်လာနေတာ ကြောင့်လည်း လေယာဉ်ပြေးဆွဲမှု အပိုင်းတွေမှာ ယခင်က စီးနင်းလိုက်ပါသူ နည်းပါးခဲ့လို့ အရှုံး ပေါ်ပြီး အချို့ခရီးစဉ်တွေ ရပ်နားခဲ့ရာက ယခုအခါခရီးစဉ်များ အပါအဝင် လေယာဉ်များကိုပါ တိုးချဲ့ လာကြပါတယ်။ အလည်အပတ် အနေနဲ့ မြန်မာနိုင်ငံသားတွေ အသွားအလာများတဲ့ နိုင်ငံကတော့ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံအတွင်းမှာ ရှိတဲ့ ခရီးသွား အေဂျင်စီများ ဝန်ဆောင်စရိတ် သက်သာစွာနဲ့ ဈေးကွက် တစ်ခု အနေနဲ့ ယှဉ်ပြိုင် လာကြပါတယ်။ ဒီနှစ်မှာ ခရီးသွား လုပ်ငန်း ပေါ်လစီ အရ မြန်မာ နိုင်ငံ သားတွေ ပြည်ပကို သွားရောက်တဲ့အခါ ရွေးချယ်စရာ ခရီးစဉ်များ လာပါတယ်။
ပြည်ပခရီးစဉ် သွားရောက်တဲ့ အခါ လေကြောင်းနဲ့ တစ်ဆင့် သွားလာကြသလို နယ်စပ်မှာ ဖွင့်လှစ် ထားတဲ့ နယ်စပ်ဂိတ်တွေကလည်း အလည်အပတ် ခရီးစဉ်တွေ သွားကြပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ အပန်းဖြေခရီးစဉ်တွေ များစွာရှိနေပေမယ့်လည်း ပြည်ပကို သွားရောက်တဲ့ စရိတ်နဲ့ အချို့သော ပြည်တွင်းခရီးစဉ်များမှာ တူညီနေတာကို တွေ့ရပါတယ်။
မြန်မာလူမျိုးတွေ ပြည်ပခရီးစဉ်တွေကို သွားလာမှု များပြား လာခြင်းက အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုင်းတွေမှာ ပိုမိုကောင်းမွန်မှု ရှိလာတယ် ဆိုတာကို ပြ သနေတာပါပဲ။ ပြည်တွင်း ခရီးသွားတွေ ခရီးသွားလာမှု တိုးတက် လာစေရေးဟာ ခရီးသွား လုပ်ငန်းတွေ တိုးတက်မှုနဲ့ စရိတ် သက်သာတဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ အခြေအနေတွေရှိလာမှ ဖြစ်မှာပါ။ မြန်မာ ခရီးသွားတွေ ပြည်ပကို သွားတယ် ဆိုပေမယ့် သွားနိုင်သူဦးရေကတော့ နည်းနေပါတယ်။ အထူးသဖြင့် အားကစား ပွဲတွေမှာ မြန်မာနိုင်ငံက ပြည်ပအထိ လိုက်ပါ အားပေးနိုင်မှု နည်းတာကို တွေ့ရပါတယ်။ အဓိက ကတော့စရိတ် ကြီးမြင့်မှုကြောင့်ပါ။

ဒါကြောင့်လည်း ယခုလာမယ့် ခရီးသွားရာသီမှာ ပြည်ပခရီးစဉ်တွေ ရွေးချယ်စရာ များလာတာနဲ့ အလျောက် သွားလာနိုင်မှု ဦးရေ တိုးတက် လာအောင်လည်း လုပ်ဆောင် ရပါမယ်။ ပြည်ပနိုင်ငံတွေမှာ နိုင်ငံသားများအတွက် ပြည်ပခရီးစဉ်သွားရောက်ရာမှာ လွယ်လင့်တကူ လုပ်ဆောင် နိုင်ပေမယ့် မြန်မာနိုင်ငံမှာ လုပ်ဆောင်ပေးနိုင်ခြင်းမရှိ သေးပါဘူး။ ဒါကလည်း အခြေအနေ အရပ်ရပ်တွေကြောင့်သာ ဖြစ်ပြီး နောက်ပိုင်းကာလတွေမှာ နိုင်ငံတကာနည်းတူ လုပ်ပေးနိုင်လာ လိမ့်မယ်လို့ ထင်ပါတယ်။ ဒီအချိန်ကာလတွေမှာ မြန်မာ ခရီးသွားတွေ ပြည်ပသွားရောက်မှုဟာ ယခုကာလ တိုးတက်မှုထက် ပိုလာမယ်ဆိုတာ မလွဲပါဘူး။

ဒီနှစ် ခရီးသွား ရာသီမှာတော့ မြန်မာနိုင်ငံသားတွေ ဘယ်နိုင်ငံကို ဈေးဝယ် ထွက်မယ်၊ ဘယ်နိုင်ငံကို အပန်းဖြေ သွားမယ်၊ ဘယ်နိုင်ငံကို သွားရောက်လေ့လာမယ် ဆိုပြီး သွားလာ မှုတွေ ပိုလာမယ်လို့တော့ သုံးသပ်မိပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံသားတွေ ယခု ခရီးသွား ရာသီမှာ ဘယ်နိုင်ငံကို ခရီး ထွက်ကြမလဲဆိုတာ ဒီဆောင်းပါးနဲ့ မေးခွန်း ထုတ်လိုက် ပါရစေ။ ။

Credit to>>မြ၀တီ | စိုးမိုး

:) အာဆီယံအဖွဲ့ ဝင် နိုင်ငံတွေအားလုံးရဲ့  Passport ပုံလေးတွေပါ။Credit to - Hotel & Tourism News in Myanmar
13/10/2014

:) အာဆီယံအဖွဲ့ ဝင် နိုင်ငံတွေအားလုံးရဲ့  Passport ပုံလေးတွေပါ။

Credit to - Hotel & Tourism News in Myanmar

Kalaw @ Shan state
11/10/2014

Kalaw @ Shan state

 :) Fascinating Inle Lake - 2Night/3Day***********************************************The 2night holiday with scenic boa...
10/10/2014



:) Fascinating Inle Lake - 2Night/3Day
***********************************************

The 2night holiday with scenic boat tours on the shallow waters around Inle Lake present you unique opportunities to see more than a few marvelous sites with spectacular scenery.

This package includes a visit to Red Mountain vineyard for afternoon delight with the local wine selection and a day trip to Sagar village that is sure to you a taste of the 'real' Inle Lake. 108 old sunken stupas that is the main attraction of the village and the natural beauty along the serene waterways, friendly people and local lifestyles will warm your heart and leave you with unforgettable memories.

The famous Inle Lake, which lies as an expanse of the massive body of 14.5 km in length and 6.44 km in breadth of sapphire blue water beautifully framed by the hazy Shan mountain ranges at 900 meters above sea level, is not only an attractive haven for the eco-tourists, but also a thriving life-worl…

ပျော်ရွှင်စွာနွှဲပျော် သီတင်းကျွတ်မီးထွန်းပွဲတော်**************************************************သီတင်းကျွတ်မီးထွန်းပွဲေ...
08/10/2014

ပျော်ရွှင်စွာနွှဲပျော် သီတင်းကျွတ်မီးထွန်းပွဲတော်
**************************************************

သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြန်မာနိုင်ငံမှာ ပုဂံခေတ်ကစတင်ပြီး ကျင်းပလာခဲ့ကြတယ်လို့ ပညာရှင်တွေက ယူဆကြပါသည်။

သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်ကို BC-582၊ လွန်ခဲ့သော ၂၅၉၄ နှစ်လောက်က မြတ်ဗုဒ္ဓအဖြစ်၏ (၄၅)နှစ်တာ ကာလအတွင်း သမိုင်းမှတ်တိုင် တစ်ခုဖြစ်တဲ့ တုသိတာနတ်ပြည်မှာ မယ်တော်မိ သန္တုဿိတ နတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား ၀ါတွင်း(၃)လ ကာလ အဘိဓမ္မာတရားတော်များကို မရပ်မနား ဟောကြားတော်မူပြီး (သင်္ကဿနဂို) လူပြည်သို့ စောင်းတန်းသုံးသွယ်ဖြင့် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် သက်ဆင်းတော်မူ လာသောကြောင့် လူ့ပြည်မှ ပန်း ဆီမီးတို့ဖြင့် ပူဇော်ကြိုဆိုကြခြင်းကို အစွဲပြုပြီး ကျင်းပလာခဲ့ကြတာ ဖြစ်ပါသည်။

သီတင်းကျွတ် မီးထွန်းပွဲတော် အထိမ်းအမှတ်နှင့် အစဉ်အလာသည် ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ ပြယုဂ်တစ်ခု ဖြစ်ပါသည်။

နောက်ထပ် အနှစ်သာရှိသော ယဉ်ကျေးမှုတစ်ခုအနေဖြင့် မိဘ ဘိုးဘွား လူကြီးသူမ/ဆရာမ တို့ကို ရှိခိုးကန်တော့ခြင်း၊တိရစ္ဆာန်တို့အား ဘေးမဲ့ဘေးခြင်း တို့ကို ပြုလုပ် ကြပါသည်။

သီတင်းလပြည့် အဘိဓမ္မာအခါတော်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားရာ အများပြည်သူလုထု၏အခါကြီးရက်ရှည် အားလက်ရက်ဖြစ်သည်နှင့် အညီ သီတင်းကျွတ် အခါသမယမှာ ကြိုတင်၍ ဗျောက်အိုးများ ဖောက်ခြင်း၊ မီးရှုး/မီးပန်းများအလှကို ရင်ခုန် ခံစားခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်စီစဉ်ခြင်းစသည်ဖြင့် နေရာ အနံ့ အပြားတွင် ပြည်သူများက ပျော်ရွှင်စွာ ဆင်နွှဲကြပါသည်။

Credit>>ဧရာဝတီမြစ်ဖျားဆီက Blog

ရှုခင်းကြည့် လေယာဉ်ခရီးစဉ်များ ပြေးဆွဲမည်=============================Credit >> TheVoiceမြန်မာနိုင်ငံရှိ အထင်ကရနေရာများြ...
03/10/2014

ရှုခင်းကြည့် လေယာဉ်ခရီးစဉ်များ ပြေးဆွဲမည်
=============================
Credit >> TheVoice

မြန်မာနိုင်ငံရှိ အထင်ကရနေရာများ ဖြစ်သည့် ပုသိမ်၊ ငွေဆောင်၊ ပုဂံ၊ မုံရွာ၊ ပြင်ဦးလွင်၊ တောင်ကြီးမြို့တို့ကို ၁၀ ယောက်စီး လေယာဉ်ဖြင့် ပျံသန်းရင်း ကြည့်ရှုနိုင်မည့် ခရီးစဉ်များကို အောက်တိုဘာလ ၁၁ ရက်တွင် စတင်ပျံသန်းရန် စီစဉ်နေကြောင်း မြန်မာ့လေကြောင်း စီးပွားရေးဌာနမှ လေယာဉ်မှူးကြီး ဦးထင်လင်းက ပြောကြားသည်။

“လေကြောင်းဦးစီးဌာနကို ခွင့်ပြုချက် တောင်းနေတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့လောက်တော့ စနိုင်မှာပါ။ ဘယ်ခရီးစဉ်ဖြစ်ဖြစ် တိမ်တွေရှင်းနိုင်တဲ့ မနက် ၉ နာရီခွဲလောက်မှာ စမယ်။ သက်ကြီးရွယ်အိုတွေ၊ ဆရာတော်တွေ၊ လေယာဉ်မစီးဖူးတဲ့ သူတွေပါ စီးနိုင်သွားမယ်။ အားလုံးအတွက် Safe ဖြစ်အောင် စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ပျံသန်းမည့် လမ်းကြောင်းများမှာ ပုသိမ်အခြေပြု၍ ငွေဆောင်-ချောင်းသာ၊ ငွေဆောင်-မော်တင်စွန်း၊ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် အခြေပြုပြီး ပုဂံ-ပုပ္ပါး၊ မုံရွာ၊ ပြင်ဦးလွင်-ဂုတ်ထိပ်၊ ပင်းတယ-တောင်ကြီး-အင်းလေး ခရီးစဉ်များ၊ နေပြည်တော်ကို အခြေပြု၍ ပုပ္ပါး-ညောင်ဦး-ပုဂံ ခရီးစဉ်များကို Grand Caraven ၁၀ ယောက်စီး လေယာဉ်များဖြင့် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ များတွင် ပြေးဆွဲရန် စီစဉ်ထားသော်လည်း စီးသူဦးရေပေါ် မူတည်၍ နေ့ထပ် တိုးကာ ပျံသန်းပေးမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်းထံမှ သိရသည်။

“ဒီလေယာဉ်တွေက ပျံသန်းချိန် တစ်နာရီကို ခုနစ်သိန်းကျော်လောက် ကျတယ်။ အမြတ်အစွန်းကြည့်ပြီး စီစဉ်တာ မဟုတ်လို့ ငွေက အများကြီးကျမှာ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်က Promotion တွေ လုပ်ပေးသွားမှာပါ” ဟု ဦးထင်လင်းက ဆက်လက်ပြောဆိုသည်။

ရှုခင်းကြည့် ဧရိယာများသို့ ရောက်ရှိပါက လေယာဉ်ကို အမြင့်ပေ ၁၀၀၀ မှ ပျံဝဲကာ ပြသမည်ဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါမည့် လေယာဉ်မယ် မရှိသဖြင့် လိုက်နာရမည့် ညွှန်ကြားချက်၊ သတ်မှတ်ချက်များအတွက် မပျံသန်းခင် နာရီဝက်ခန့် ကြိုတင် ပြောကြားပေးမည် ဖြစ်သည်။

“Service ကတော့ အသစ်အဆန်းပဲ။ ခရီးစဉ်က ခရီးသွားလုပ်ငန်းမှာ ထုတ်ကုန်အသစ် ဖြစ်နေတယ်။ ရေရှည်လုပ်ဖို့တော့ လိုတယ်။ တစ်လလောက် လုပ်ပြီး တောင်းဆိုမှုမရှိရင် ရပ်ထားတာမျိုးတော့ မကောင်းဘူး။ ရာသီချိန်မှာ အချိန်ဇယားတစ်ခုနဲ့ ပုံမှန်ဆောင်ရွက်ရင် ကျွန်တော်တို့ဘက်ကလည်း Offer လုပ်ပေးချင်ပါတယ်” ဟု All Asia Exclusive ခရီးသွားကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုးဝေရာဇာက မှတ်ချက်ပြု ပြောဆိုသည်။

Photo Credit: The Myawady Daily

Address

Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+95-9-5011 287

Alerts

Be the first to know and let us send you an email when Green Explorer Travels (GET) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Explorer Travels (GET):

Share

Category