18/09/2026
EV (လျှပ်စစ်ကား) တင်သွင်းရန် စည်းကမ်းချက်များကိုလေ့လာမိတာက
Europe / USA မှ အပ်မည့်ကား ဖြစ်ပါက
SUV (Wagon): Europe/USA သို့မဟုတ် Asia ထုတ် EV ကားအမျိုးအစား အားလုံး (SUV, Saloon, Hatchback) တင်သွင်းခွင့်ရှိသည်။
Saloon: Europe/USA ထုတ် Saloon နှင့် Hatchback၊ Asia ထုတ် Saloon နှင့် Hatchback တို့ကို တင်သွင်းခွင့်ရှိသည်။
Hatchback: Europe/USA ထုတ် Hatchback နှင့် Asia ထုတ် Hatchback တို့ကိုသာ တင်သွင်းခွင့်ရှိသည်။
Asia (Japan, China, Korea, etc.) မှ အပ်မည့်ကား ဖြစ်ပါက
SUV (Wagon): Asia ထုတ် EV ကားအမျိုးအစား အားလုံး (SUV, Saloon, Hatchback) တင်သွင်းခွင့်ရှိသည်။
Saloon: Asia ထုတ် Saloon နှင့် Hatchback တို့ကို တင်သွင်းခွင့်ရှိသည်။
Hatchback: Asia ထုတ် Hatchback ကိုသာ တင်သွင်းခွင့်ရှိသည်။
အဓိက စည်းကမ်းချက် (၂) ချက်
ဈေးနှုန်း သတ်မှတ်ချက်: တင်သွင်းမည့် EV ကားဈေးသည် အပ်ကား၏ မူရင်းစက်ရုံထုတ်ဈေးပေါ် မူတည်မည် ဖြစ်ပြီး ၁၀% ထက် ပိုလျှင် ခွင့်မပြုပါ။
ဥပမာ - $20,000 တန် ကားအပ်ပြီး $30,000 တန် ကားအား ပေးသွင်းမည်မဟုတ်ပါ။
အရွယ်အစား သတ်မှတ်ချက်: တင်သွင်းမည့် EV ကားအရွယ်အစားသည် အပ်ကား၏ အရွယ်အစားနှင့် နီးနီးစပ်စပ် တူရမည် ဖြစ်ပြီး ၁၀% အထက် ပိုကြီးပါက ခွင့်မပြုပါ။ ဥပမာ - ၁၅ ပေ အရှည်ရှိသော ကားအပ်ပြီး ၁၇ ပေ အရှည်ရှိသော ကားအား ပေးသွင်းမည်မဟုတ်ပါ။
Credit - Aung Myint moe