Leo Golden Tours

Leo Golden Tours Michael's creation : package tours to provide different tastes and aspects of the world.

ဗုဒ္ဓမြတ်စွယ်တော် ဆင်မြင်းဗိုလ်ပါ အခြံအရံများဖြင့် ကြွချီမလာမီ ရှေ့ပြေးအကအလှများကို ခံစားကြည့်ရှုရင်း ကန်ဒီမြို့အထင်ကရ T...
03/08/2025

ဗုဒ္ဓမြတ်စွယ်တော် ဆင်မြင်းဗိုလ်ပါ အခြံအရံများဖြင့် ကြွချီမလာမီ ရှေ့ပြေးအကအလှများကို ခံစားကြည့်ရှုရင်း ကန်ဒီမြို့အထင်ကရ The Queen's Hotel မှာ စောင့်ဆိုင်းအားခဲနေကြတဲ့ ဧည့်သည်တော်များ ပုံရိပ်များ မျှဝေလိုက်ပါရစေ ...

03/08/2025

ယနေ့ည ဗုဒ္ဓမြတ်စွယ်တော် ကြွချီလာချိန် မှတ်တမ်းများကို အားလုံးဖူးမြော်နိုင်ရန် မှတ်တမ်းများ တင်ဆက်လိုက်ပါရစေ၊ ကုသိုလ်ထပ်တူ ရကြပါစေကြောင်း ... #ဗုဒ္ဓမြတ်စွယ်တော် #ကန်ဒီ #စွယ်တော်လှည့်လည်အပူဇော်ခံပွဲ

သီရိလင်္ကာရောက် ဧည့်သည်တော်များ ရဲ့ စီဂီရိယ တောင်တက်ခရီး အောင်မြင်စွာပြီးစီးလို့ တောင်ထိပ်သို့လန်းဆန်းပျော်ရွှင်စွာ ရောက...
02/08/2025

သီရိလင်္ကာရောက် ဧည့်သည်တော်များ ရဲ့ စီဂီရိယ တောင်တက်ခရီး အောင်မြင်စွာပြီးစီးလို့ တောင်ထိပ်သို့လန်းဆန်းပျော်ရွှင်စွာ ရောက်ရှိခဲ့ပုံများကို ယနေ့ အမှတ်တရအဖြစ် မျှဝေလိုက်ပါရစေ ခင်ဗျာ..

ရုံးပိတ်ရက် ကြေငြာအပ်ပါသည်။
18/07/2025

ရုံးပိတ်ရက် ကြေငြာအပ်ပါသည်။

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ဝယ် ကုသိုလ်အသွယ်သွယ် ကုံလုံကြွယ်၍ စိတ်မယ် အေးချမ်းကြပါစေကြောင်း မေတ္တာပို့သ အပ်ပါသည်။
08/07/2025

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ဝယ် ကုသိုလ်အသွယ်သွယ် ကုံလုံကြွယ်၍ စိတ်မယ် အေးချမ်းကြပါစေကြောင်း မေတ္တာပို့သ အပ်ပါသည်။

◼️ဘာသာရေး ခရီးသက်သက် မဟုတ်ဘဲ ◼️အပန်းဖြေစရာ သဘာဝအလှရှုခင်းတွေရယ်၊ ◼️ကမ်းခြေတွေရယ်နဲ့ ◼️ဟိုတယ်အကောင်းစားတွေမှာ နားနေပြီး ◼...
07/06/2025

◼️ဘာသာရေး ခရီးသက်သက် မဟုတ်ဘဲ
◼️အပန်းဖြေစရာ သဘာဝအလှရှုခင်းတွေရယ်၊ ◼️ကမ်းခြေတွေရယ်နဲ့ ◼️ဟိုတယ်အကောင်းစားတွေမှာ နားနေပြီး
◼️လေ့လာစရာ ဒေသန္တရ ဗဟုသုတများစွာပါဝင်လို့◼️လူငယ်ရော လူကြီးများပါ အမှတ်ရစရာ ခရီးတစ်ခု
◼️ဖြစ်မယ့် နေရာ ညွှန်းပါဆိုရင် ....

🔶31 July ~ 05 August မှာ ထွက်ခွာမယ့် သီရိလင်္ကာ စွယ်တော်ဖူး အထူး ခရီးစဉ်ကို ညွှန်းဆိုပါရစေ ခင်ဗျာ။

🔶တစ်ဦးကို USD 1750 ဆိုပေမဲ့ ...

🔶10 June အတွင်း စရန်ပေးချေသူ ဧည့်သည်တော်တိုင်းကို USD 30 စီ လျှော့ပေးမယ့် ပရိုမိုးရှင်းရှိတာမို့ အမြန်ဆုံး စာရင်းသွင်းလိုက်ကြပါစို့နော်။

☎️ 096 8283 5666
☎️ 09 765 38 8882

📭 112. 33လမ်း၊ ကျောက်တံတား၊ ဆူးလေ

06/06/2025

သီရိလင်္ကာနိုင်ငံရဲ့ အထင်ကရ စီဂီရိယ ခြင်္သေ့တောင် ရှူခင်း အလှကို အတူတူ ခံစား လေ့လာကြရအောင် ...

04/06/2025

များမကြာမီ သီရိလင်္ကာမှာ ဖူးမြော်ကြရမယ့် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံ လှည့်လည်ပွဲ ကို အာရုံပြု ကြည်ညိုကာ သဒ္ဓါပွားများနိုင်ဖို့အတွက် မျှဝေလိုက်ပါတယ်။

LEO GOLDEN TOURS ရဲ့ သည်နှစ်အတွက် ထွက်ခွာရက်ကတော့ " 31 July - 05 Aug 2025" ပဲဖြစ်ပါတယ် ခင်ဗျာ။

အချိန်မီ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြပါပြီ။

ဘာပဲလိုလို မေးကြည့်လိုက်ရုံပါပဲနော် ...
04/06/2025

ဘာပဲလိုလို မေးကြည့်လိုက်ရုံပါပဲနော် ...

ကြုံတောင့်ကြုံခဲ မြတ်စွယ်တော် လှည့်လည်ပွဲ ကို ဖူးမြော်ကြည်ညိုရင်း အနားယူအပန်းဖြေနိုင်ဖို့ Resort Hotel များနဲ့ စီစဉ်ထားတ...
02/06/2025

ကြုံတောင့်ကြုံခဲ မြတ်စွယ်တော် လှည့်လည်ပွဲ ကို ဖူးမြော်ကြည်ညိုရင်း အနားယူအပန်းဖြေနိုင်ဖို့ Resort Hotel များနဲ့ စီစဉ်ထားတဲ့ 𝐋𝐞𝐨 𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐨𝐮𝐫𝐬 ရဲ့ သီရိလင်္ကာခရီးစဉ် ရှိပါတယ်။

5 star Airlines ဖြစ်တဲ့ Singapore Airlines ကို အသုံးပြုထားပြီး စွယ်တော် လှည့်လည်ပွဲကို မပင်မပန်းဘဲ မိမိတို့ တည်းခိုရာ နေရာကနေ အေးအေးဆေးဆေး ကြည်ညိုနိုင်အောင် သမိုင်းဝင် Queen’s Hotel မှာ နားနေရမှာပါ။

လူဦးရေ 15 မှ 20 သာ ကန့်သတ်ထားတာမို့ 𝐋𝐞𝐨 𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐨𝐮𝐫𝐬 ရဲ့ ဆောင်ပုဒ်အတိုင်း “ အေးအေးဆေးဆေး နွေးနွေးထွေးထွေး” ခရီးစဉ်ဖြစ်တာကြောင့် အမြန်ဆုံး စာရင်းပေးလိုက်ကြရအောင်ပါ။

◼️ တစ်ဦးလျှင် - 𝓤𝓢𝓓 1750
◼️ ထွက်ခွာရက် - 30 𝓙𝓾𝓵𝔂 - 05 𝓐𝓾𝓰 2025

ဆက်သွယ်စုံစမ်းရန်

𝐋𝐞𝐨 𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐨𝐮𝐫𝐬
112.033rd Street. Sule. Yangon
09 765 35 8882/ 8887

ပြည်တွင်း/ ပြည်ပ လေယာဉ်လက်မှတ်များကို စုံစမ်းမေးမြန်းနိုင်ပါပြီ။ 𝐋𝐞𝐨 𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐨𝐮𝐫𝐬☎️ 09765358882/ 8887 🏢 112. 33rd Street...
26/05/2025

ပြည်တွင်း/ ပြည်ပ လေယာဉ်လက်မှတ်များကို စုံစမ်းမေးမြန်းနိုင်ပါပြီ။

𝐋𝐞𝐨 𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐨𝐮𝐫𝐬
☎️ 09765358882/ 8887
🏢 112. 33rd Street. Sule. Yangon

သီရိလင်္ကာ မှာ ဘာတွေ မျှော်လင့်ထားရမလဲ?၁ ) သီရိလင်္ကာမှာ တစ်ဦးကို တစ်ဦး လက်အုပ်ချီပြီး “အာယုဘိုဝမ်” လို့ နှုတ်ဆက်ကြပါတယ်...
22/05/2025

သီရိလင်္ကာ မှာ ဘာတွေ မျှော်လင့်ထားရမလဲ?

၁ ) သီရိလင်္ကာမှာ တစ်ဦးကို တစ်ဦး လက်အုပ်ချီပြီး “အာယုဘိုဝမ်” လို့ နှုတ်ဆက်ကြပါတယ်။ “အာယု ဘဝန္တု” ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာြဖစ်ပြီး “ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း ပြည့်စုံပါစေ” လို့ မေတ္တာပို့သတဲ့ အဓိပ္ပါယ် ရပါတယ်။ အသံထွက်လည်း မခက်ခဲတဲ့အပြင် အနှစ်သာရရှိတဲ့ နှုတ်ဆက်ခြင်းမျိုးမို့ အလည်ရောက်တဲ့အခိုက်မှာ သူတို့လိုပဲ နှုတ်ဆက်ဖို့ အလွတ်ကျက်ထားသင့်ပါတယ်။

၂ ) ဘာသာစကားအနေနဲ့ ဆက်ပြောရရင် သူတို့ရဲ့ မိခင်ဘာသာစကားက ဆင်းဟလိ ဘာသာနဲ့ တမီလ် ဘာသာ ဖြစ်ပေမယ့် တစ်နိုင်ငံလုံး အင်္ဂလိပ်လို နားလည်း လည်သလို ပြောလည်း ပြောတတ်ပါတယ်။ ဒါကြောင့် သီရိလင်္ကာဟာ သွားရလာရ ပြောရဆိုရ ခက်ခဲတဲ့ နိုင်ငံမျိုး မဟုတ်ပါဘူး။

၃ ) သီရိလင်္ကာနိုင်ငံသားတွေက ဖော်လည်းဖော်ရွေတတ်ပြီး နိုင်ငံရပ်ခြားက လာလည်တာပဲဖြစ်ဖြစ် ဘုရားလာဖူးတာပဲဖြစ်ဖြစ် လာတဲ့ ဧည့်သည်တွေကို “ ဘယ်နိုင်ငံက လာတာလဲ၊ ဘယ်နှစ်ရက်လောက် နေဖြစ်မလဲ၊ ဘယ်ဘုရားတွေဖူးမှာလဲ” စသဖြင့် စကားစမြည် မိတ်ဖွဲ့ရတာ ဝါသနာပါပါတယ်။ ကျောင်းသားအရွယ် ကလေးတွေဆို သူတို့ အင်္ဂလိပ်စာ ဖွံ့ဖြိုးဖို့အတွက် စကားပြော လေ့ကျင့်တဲ့အနေအထားနဲ့ နှုတ်ဆက်တတ်ပါတယ်။ တော်ရုံ စကားပြောရုံနဲ့ အန္တရာယ်မရှိလို့ ကြောက်စရာမလိုပါဘူး။ ရင်းရင်းနှီးနှီး ပြန်ဖြေလို့ နှုတ်ဆက်လို့ ရပါတယ်။

၄) သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ စီးပွားပျက်ကပ်ဆိုက်ပြီး ဒေဝါလီခံလိုက်ရတဲ့အတွက် ခက်ခဲတဲ့အချိန်တွေ ရင်ဆိုင်ရတယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဝရုန်းသုန်းကားဖြစ်ပြီး လုယက်နေတဲ့အနေအထားမျိုး တော့ မဟုတ်ပါဘူး။ ၂၀၂၃ မှာတော့ ပြန်ပြီး ထူထူထောင်ထောင်ဖြစ်လာတဲ့အပြင် ခရီးသွားကဏ္ဌကနေ ဝင်ငွေတွေဟာ ပြန်လည်ထူထောင်တဲ့နေရာမှာ တစ်တပ်တစ်အား ဖြစ်စေခဲ့တာမို့ ခုချိန်မှာ ခရီးသွားဧည့်သည်တွေကို အထူး ကြိုဆိုလျက်ရှိပါတယ်။

၅) သီရိလင်္ကာနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အပြင် အများအားဖြင့် စိတ်နှလုံး‌ကောင်း ရှိကြလို့ တစ်ဦးနဲ့တစ်ဦး သိသိ၊ မသိသိ အမြင်မတော်ရင် အကူအညီ ပေးတတ်ကြပါတယ်။

သို့သော် အခကြေးငွေနဲ့ ဝန်ဆောင်မှု ပေးတဲ့ စားသောက်ဆိုင်ဝန်ထမ်းတွေ၊ ဟိုတယ်ဝန်ထမ်းတွေ စတာတွေကိုတော့ တစ်ခုခု ကူညီခိုင်းထားတာ ရှိရင်တော့ tipping ( မုန့်ဖိုး ) ပေးဖို့တော့ မမေ့နဲ့ပေါ့နော်၊ “ ငါပိုက်ဆံပေးတာ ရိုင်းများ ရိုင်းသွားမလား မတွေးပါနဲ့၊ မပေးမှ ရိုင်းတာပါ ”။ နောက်တစ်ခုက သည်အလေ့အထဟာ ကမ္ဘာ့ယဥ်ကျေးမှု ဖြစ်တဲ့အတွက် ကမ္ဘာအနှံ့ဖြစ်စေ၊ မြန်မာပြည်တွင်းပဲဖြစ်စေ ဘယ်ကိုသွားသွား သက်ဆိုင်ပါတယ်။

၆) သီရိလင်္ကာဟာ တောတောင်ရေမြေနဲ့ သစ်သီးဝလံ ပေါကြွယ်ဝတဲ့ ကျွန်းနိုင်ငံလေး ဖြစ်ပါတယ်။ သကြား မပါဘဲနဲ့တောင် ချိုဆိမ့်လှတဲ့ လတ်လတ်ဆတ်ဆတ် ထောပတ်သီးတွေနဲ့ အမောပြေ အုန်းရည်တွေဟာ ခရီးသွားတွေကို လန်းဆန်းသွားစေမှာပါ။ ထို့အတူပဲ တောတွေ၊ တောင်တွေ ပေါများတဲ့အလျောက် ကုန်းမြင့်အပေါ်မှာ ကြည်ညိုဖွယ်ရာ စေတီ၊ ပုထိုး၊ ရုပ်ပွားတော်ကြီးများကို ဖူးမြော်ရမှာပါ။

သို့သော် တောင်ပေါ်က ဘုရား၊စေတီကို တောင်ပေါ်တက်မှ ရောက်မှာဖြစ်တဲ့အတွက် ကိုယ့်သက်လုံ ပေါ်မူတည်ပြီး အေးအေးဆေးဆေး ခြေလျင် တက်ရောက်ကြည်ညိုရမှာပါ။ တောတောင်‌ ရေမြေအလှကို သဘာဝကျကျ ခံစားတတ်မှ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သဒ္ဓါ ဦးစီးတဲ့ ဘုရားဖူးခရီး အရသာကို ခံစားနိုင်မှာပါ။

၇) သီရိလင်္ကာနိုင်ငံသားတွေဟာ ဘုရားရှင်ရုပ်ပွားတော်ကို အနောက်မှာထားလို့ ကျောပေးပြီးဖြစ်စေ၊ ဘေးတိုက်ယှဉ်လျက်ဖြစ်စေ ဓာတ်ပုံရိုက်လေ့မရှိပါဘူး၊ ဘုရားရှင်ကို ကျောပေးပြီး ဖြစ်စေ၊ ဘေးချင်း ပုံခုံးချင်းယှဉ်ပြီးဖြစ်စေ ဓာတ်ပုံရိုက်တာဟာ ဗုဒ္ဓအဂါဝရ ( ဘုရားရှင်ကို မရိုသေရာ ရောက်တာ ) ဖြစ်တယ်လို့ ခံယူထားတဲ့အတွက် ဖြစ်ပါတယ်။ သည်အတွက် လာ‌ရောက်ကြတဲ့ ဧည့်သည်တိုင်း ( ဗုဒ္ဓဘာသာဝင် ဖြစ်ဖြစ်၊ အခြား ဘာသာဝင်ဖြစ်ဖြစ် ) သည်ယဉ်ကျေးမှုကို လိုက်နာကြရပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာဝင် အတော်များများကတော့ ဘုရားဆင်းတုတော်နဲ့ ပုခုံးချင်းယှဉ်လျက် ရိုက်ကူးလေ့မရှိပေမယ့် ရုပ်ပွားတော်ကို နောက်ခံအဖြစ် ရိုက်ကူးလေ့တော့ ရှိကြပါတယ်၊ သီရိလင်္ကာက ဗုဒ္ဓဘာသာဝင်တွေကတော့ နောက်ခံအနေနဲ့တောင် မရိုက်ကြပါဘူး။ ခြွင်းချက်တစ်ခုတော့ ရှိပါတယ်။ ရုပ်ပွားတော်၊ စေတီတော်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်မှတ်တမ်းတင်တဲ့အခါ နောက်ခံဖြစ်နေပေမယ့် ရုပ်ပွားတော်၊ စေတီတော်က ကိုယ့်ရဲ့ ဦးခေါင်းအထက်မှာ ဆိုရင်တော့ ရပါတယ်တဲ့။

၈) ဆက်စပ်ပြီး ပြောရရင်တော့ သီရိလင်္ကာမှာ ဘုရားဖူးခရီးထွက်ရတဲ့အခါ ယောဂီဝတ်စုံချည်း အမြဲဝတ်ပြီး သွားလာရမှာမျိုး မဟုတ်ပါဘူး၊ လွတ်လပ်စွာ ဝတ်ဆင်နိုင်ပါတယ်။

သို့သော် သီရီလင်္ကာ နိုင်ငံသားတွေ ဘုရားဖူးထွက်ရင် အပေါ်အောက် အဖြူထည် လေးတွေ ကိုယ်စီ နဲ့ စီရရီ ဖူးကြပါတယ်။ ဘောင်းဘီ၊ စာရီ၊ ဂါဝန် ကို နှစ်သက်သလို ဝတ်ကြပေမယ့် ဘုရားဖူးလာတဲ့အခါ လက်ပြတ်၊ ဇာအပါး အကျီ နဲ့ ဒူးပေါ် ဘောင်းဘီမျိုး ကို ရှောင်ရှားကြပါတယ်။ ရောမ‌ရောက်ရင် ရောမလိုကျင့်ဆိုတဲ့အတိုင်း ကိုယ်တွေလည်း သူတို့နိုင်ငံသွားတဲ့ အခါ အဖြူများများ ဝတ်ဆင်သင့်ပါတယ်။

အထူးသဖြင့်တော့ ဗုဒ္ဓမြတ်စွယ်တော်ကို ဝပ်တွားဖူးမြော်ရမယ့် နေ့၊ စွယ်တော်တိုက်ကျောင်းကို ဝင်‌ရောက်ရတော့မယ့်အခါမျိုးမှာတော့ အမြင့်ဆုံးဂါဝရ ထားပြီး အဖြူဝမ်းဆက် ဝတ်နိုင်ရင် အကောင်းဆုံးပါပဲ၊ ဒါမှမဟုတ် ယောဂီဝတ်စုံလည်း အဆင်ပြေပါတယ်။ နောက်ဆုံးအဆင့် အောက်ပိုင်းဝတ်ဆင်ထားတာ အဖြူမဟုတ်ခဲ့ရင်တောင် အပေါ်အင်္ကျီက အဖြူဆွတ်ဆွတ် ဖြစ်သင့်ပါတယ်။

လက်ပြတ်၊ ဇာအပါး အကျီ နဲ့ ဒူးပေါ် ဘောင်းဘီမျိုးကို ရှောင်ဝတ်ရမှာကတော့ သီရိလင်္ကာမှာမှ မဟုတ်ပါဘူး၊ ကိုယ့်ပြည်တွင်းမှာ ဘုရားဖူးထွက်ရင်လည်း ဆင်ခြင်နိုင်ရင် အကောင်းဆုံးပါပဲ။

စိတ်ချမ်းမြေ့ဖွယ် ခရီးစဉ်များ ပိုင်ဆိုင်နိုင်ကြပါစေ..

Address

Sule Road
Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09765358882/ 8887

Website

Alerts

Be the first to know and let us send you an email when Leo Golden Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Leo Golden Tours:

Share

Category

Our Mission & Vision

Mission ; We package the local/ global tours for the serious travelers and the luxurious tourists, providing easier access to and better understanding on local/ worldwide destinations, and same time, serve individual needs such as ticket reservation, hotel reservation, and attraction tickets.

Vision ; We aim to develop as a part of the nation to contribute global/ local exposure and knowledge via tourism platform, and by that, we facilitate learning good systems and observing social practice in order that we, the people, will grow together, building a well developed nation.