08/07/2026
အောက်တိုဘာလအတွင်း ထွက်ခွါမည့် တရုတ်နိုင်ငံရဲ့ အလှဆုံးမြို့ကြီးတွေဖြစ်တဲ့ Chongqing - Wulong - Zhangjiajie (၈ ညအိပ် ၉ ရက်) ခရီးစဉ် !!!
ဆန်းပြားလွန်းတဲ့ နည်းပညာတွေ၊ တိမ်ပေါ်က မိုးပျံတိုက်တွေနဲ့ သဘာဝတရားကြီးရဲ့ အံ့မခန်း အလှတရားတွေကို တစ်နေရာတည်းမှာ တစ်ဝကြီး ခံစားချင်ပါသလား? 😍
တရုတ်နိုင်ငံရဲ့ နာမည်ကြီး Cyberpunk မြို့တော် Chongqing၊ သဘာဝတောင်တန်းကြီးတွေ ရှိရာ Wulong နဲ့ Avatar ရုပ်ရှင်ထဲကလို မှော်ဆန်တဲ့ တောင်နံရံကြီးတွေရှိတဲ့ Zhangjiajie ခရီးစဉ်က သင့်ကို စောင့်ကြိုနေပါပြီ။
စိတ်လှုပ်ရှားစရာ အပြည့်နဲ့ လည်ပတ်ရမယ့် ၈ ရက်တာ အစီအစဉ်တွေက ဘာတွေဖြစ်မလဲ 👇
တရုတ်နိုင်ငံရဲ့ အစည်ကားဆုံးနဲ့ အဆန်းပြားဆုံးမီးရောင်စုံတွေနဲ့ ကြိုဆိုမယ့် Chongqing မြို့တော် 🌃
မြို့ပြထဲက အံ့ဖွယ်မြင်ကွင်းများ 🚊
Liziba: တိုက်အဆောက်အဦထဲကို ဖောက်ဝင်ပြေးဆွဲနေတဲ့ မိုးပျံရထားလိုင်းကို ကိုယ်တိုင် မြင်တွေ့ရမယ့်နေရာ။
Hongya Cave: ညဘက်ဆိုရင် မီးရောင်စုံတွေနဲ့ မှော်ဆန်ပြီး ကာတွန်းကားထဲကလို လှပတဲ့ ရှေးဟောင်းအဆောက်အဦကြီး။
ရှေးဟောင်းနဲ့ ခေတ်သစ် အလှတရားများ ပေါင်းစပ်ထားရာနေရာ🛍️
Jiefangbei Pedestrian Street: အဆင့်မြင့် Shopping ထွက်လို့ကောင်းတဲ့ မြို့လယ်လမ်းမကြီး။
Mountain City Lane & Eighteen Ladder: တောင်ကုန်းတောင်စောင်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ ရိုးရာစတိုင် လှေကားထစ် လမ်းလေးများ။
Wulong ရဲ့ အံ့ဖွယ်သဘာဝကမ္ဘာ 🌲
Wulong Karst National Geopark: Transformer မင်းသားကြီးတို့ ရိုက်ကူးသွားတဲ့ ဧရာမ ကျောက်တောင်ကြီးတွေကြားထဲ ကေဘယ်ကား စီးရင်း သဘာဝတောတောင်အလှကို အပေါ်စီးကနေ ကြည့်ရှုမယ်။
Sansheng Bridge: သဘာဝအတိုင်း ဖြစ်တည်နေတဲ့ အံ့မခန်း ကျောက်တံတားကြီး ၃ စင်း။
72 Wonders Tower: ညဘက်ဆိုရင် မီးရောင်စုံတွေ၊ ဖျော်ဖြေပွဲတွေနဲ့ အလွန်စည်ကားပြီး လှပနေတဲ့ အထပ် ၇၂ ထပ်ရှိ မှော်ဆန်တဲ့ တာဝါကြီးကို အပြင်ကနေ ရှုစားမယ်။
Avatar ရုပ်ရှင်ထဲက အိမ်မက်ကမ္ဘာ ⛰️
Zhangjiajie National Forest Park: ကမ္ဘာကျော် Avatar ရုပ်ရှင်ထဲကလို ကောင်းကင်မှာ လွင့်မျောနေသလို ထင်ရမယ့် ဧရာမ ကျောက်တောင်တန်းကြီးများ။
စိမ့်ကနဲ ဖြစ်သွားမယ့် မှန်တံတားကြီးပေါ်မှာ အမှတ်တရ ဓါတ်ဖမ်းကြမယ်🌉
ဒီလိုမျိုး လည်ပတ်စရာအစုံအလင်ကို သက်သာတဲ့နှုန်းထား တစ်ဦးလျှင် $1,690 ဖြင့် ၂၀၂၆ အောက်တိုဘာ ၂၄ တွင် စတင်ထွက်ခွာမှာ ဖြစ်တဲ့အတွက် အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။